← Chapters

အပိုင်း (၆၂၁)

Vol. 42 Ch. 621

အပိုင်း (၆၂၁)

Vol. 42 Ch. 621

“အမ်.. ဘယ်သူလဲ”

ကျိုးကလန်၏ ဘိုးဘေးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်သည် ထိုသူ့ကို လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် နှစ်ယောက်လုံးက တုန်လှုပ်သွားခဲ့၏။

“ကျေးဇူးရှင်”

“စီနီယာတိုင်ချူး”

တိုင်ချူး ရုတ်တရက် ပေါ်ပေါက်လာခြင်းသည် ကျိုးကလန်၏ ဘိုးဘေးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ် တို့အား အံ့အားသင့်စေခဲ့၏။ တိုင်ချူးတစ်ယောက် ဤကဲ့သို့သော ပုံစံမျိုးနှင့် သူတို့၏ရှေ့သို့ ရောက်ရှိလာ လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

“ဘယ်လိုဖြစ်တာလဲ ကျေးဇူးရှင်”

ကျိုးကလန်၏ ဘိုးဘေးသည် ခန္ဓာကိုယ်ကို ကွေးညွတ်ကာဖြင့် ဆေးလုံးတစ်ခုကို ထုတ်ယူကာ တိုင်းချူး၏ ပါးစပ်ထဲသို့ ထည့်သွင်းလိုက်၏။ ပြီးနောက် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်၏။

လက်ရှိအချိန်မှာတော့ တိုင်ချူးသည် အသိစိတ် အနည်းငယ်တော့ ရှိနေသေး၏။ ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်ပြီးသည့်နောက် သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ခက်ခက်ခဲခဲဖြင့် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ “အဆင်ပြေပါတယ်”

“စီနီယာ.. ဘာတွေဖြစ်ခဲ့တာလဲ” ထာဝရ အစစ်အမှန် အင်မော်တယ်သည် တိုင်ချူးကို မတ်တပ်ရပ်နိုင်ရန်အတွက် ကူညီပေးလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ အမူအရာများက ဖြစ်တည်နေ၏။

တိုင်ချူး ပြန်မပြောခင်မှာပဲ ဘေးတစ်ဖက်တွင် ရှိနေသည့် ကျိုးကလန်၏ ဘိုးဘေးက လေးလေးနက်နက်ဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ “ကျေးဇူးရှင်ကြီးက ထျန်းမင်တောင်သခင်နဲ့ တိုက်ခိုက်ခဲ့တာလေ။ ကြည့်ရတာ အခြေအနေက တော်တော်ဆိုးပုံပဲ”

သူသည် သက်ပြင်းကို အသာချလိုက်၏။ အခြေအနေသည် တကယ်ပင် ဆိုးရွားခဲ့၏။ တိုင်ချူး အနေနှင့် သေဆုံးသွားခဲ့မည် ဆိုလျှင် ဤနေရာ၌ ပေါ်ပေါက်လာလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤကဲ့သို့ ပေါ်ပေါက်လာခဲ့ခြင်းကသာလျှင် ကျေးဇူးတင်ဖို့ ကောင်းနေပြီဖြစ်၏။

“ထျန်းမင်တောင်သခင်က ဘယ်လောက် အားကောင်းလိုက်လဲ” ထာဝရ အစစ်အမှန် အင်မော်တယ်၏ မျက်နှာက လေးနက်တည်ကြည်သွား၏။ သူသည် ထျန်းမင်တောင်သခင်နှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို သိရှိပြီး ဖြစ်သော်လည်း အတည်မပြုရဲခဲ့ချေ။ ယခု ကျိုးကလန် ဘိုးဘေးဆီမှ ရရှိခဲ့သည့် သတင်းအချက်အလက်များ ကို သိရချိန်မှာတော့ တိုင်ချူးပင်လျှင် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။

“ထျန်းမင်တောင်သခင်က ရှေးစွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ပဲလေ။ နှစ်ပေါင်းများစွာ စည်းခတ်ခြင်း ခံထားရတယ်ဆိုပေမဲ့ သူ့ရဲ့ အားအင်အဆင့်က ကျိန်းသေပေါက် အားကောင်းတဲ့ အခြေအနေမှာရှိတယ်။ နန်းဆောင်သခင်သာ ကိုယ်တိုင်ဝင်ပြီး မလှုပ်ရှားဘူးဆိုရင် ဒါမှမဟုတ် .....” တိုင်ချုးသည် တီးတိုးပြောလိုက်၏။ သူသည် အကူအညီမဲ့လို့နေသည်။

ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ပြီးသည့်နောက် တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ရာ ကောင်းမှုကို သူက နားလည်ခဲ့၏။ တိုင်ချူးသည် ရှိရှိသမျှသော ဝှက်ဖဲများကို ထုတ်ဖော်ကာ အသုံးပြုသည်ဆိုလျှင်တောင်မှ တစ်ဖက်လူကို ဒဏ်ရာတချို့ ရအောင်သာ ပြုလုပ်နိုင်ခဲ့၏။ ထို့အပြင် ထိုဒဏ်ရာများသည် ဘာမှ သိသာလှသည် မဟုတ်ချေ။ တစ်ဖက်လူက ချက်ချင်းပဲ ပျောက်ကင်းအောင် ကုသသွားခဲ့၏။

“စီနီယာနန်းဆောင်သခင်က အသင်္ချေ များပြားတဲ့ လောကအသီးသီးက ကိစ္စတွေကို ပါဝင်ပတ်သက်မှာ မဟုတ်ဘူး” ထာဝရ အစစ်အမှန် အင်မော်တယ်က လေးလေးနက်နက် ပြောလိုက်သည်။

နန်းဆောင်သခင်သည်သာ ဝင်ရောက်လှုပ်ရှားချင်သည်ဆိုပါက ထျန်းမင်တောင်သခင်သည် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်အောင် ပြုလုပ်ရန် အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ချေ။

“ဒါက”

ကျိုးကလန်၏ ဘိုးဘေးသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ကျေးဇူးရှင်ကြီး တစ်ယောက်တည်းနဲ့ ထျန်းမင်တောင်သခင်ကို ယှဉ်ပြိုင်ဖို့က မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ အင်မော်တယ်ဘုရင်တွေ အများကြီး ရှိနေတယ်။ ဒါဆိုရင် သူ့ကို ဖိနှိပ်လို့ မရနိုင်ဘူးလား”

“အင်း.. ပြောတာထက် လုပ်ရတာ ခက်တယ်” တိုင်ချူးက ခေါင်းကို ခါယမ်းလိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာရန် ကုန်ကျစရိတ်သည် တခြားသော အင်အားစုများ လက်ခံနိုင်လောက်သည့် ပမာဏမျိုး မဟုတ်ချေ။ အင်မော်တယ်ဘုရင် တော်တော်များများ ကို ရရှိဖို့ဆိုလျှင် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပေးအပ်ရမှာ သေချာသည်။

ထို့အပြင် ထျန်းမင်တောင်သခင် ကဲ့သို့သော လူတစ်ယောက်ကို ရင်ဆိုင်သည့် နေရာတွင် ယခုမှ အသစ် ဖြစ်တည်လာခဲ့သော အင်မော်တယ်ဘုရင် တစ်ယောက်၊ နှစ်ယောက်လောက်နှင့် ဝိုင်းဝန်းတိုက်ခိုက်၍ မဖြစ်နိုင်ချေ။ တစ်ဖက်လူသည် နှစ်ပေါင်းများစွာတည်းက အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်လာခဲ့သူ ဖြစ်၏။ ထို့အပြင် မည်သည့်လက်နက်မှ မရှိဘဲ နေမည်မဟုတ်ချေ။ ယခု တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ၌ တစ်ဖက်လူသည် လက်နက် ကိုပင် ထုတ်ဖော် မတိုက်ခိုက်ခဲ့ချေ။

“ကျုပ်ရဲ့နောက်မှာရှိတဲ့ ကျိုးကလန်က နောက်ခံအနည်းငယ်တော့ရှိတယ်။ ပြီးတော့ ကျုပ်တို့နဲ့ ရင်းနှီးတဲ့ ဂိုဏ်းဂဏ အသီးသီးမှာလည်း အင်မော်တယ်ဘုရင်အဆင့်ကို ကျင့်ကြံမယ့် တာအိုရောင်းရင်းတွေ ရှိနေကြတယ်”

အဘိုးအိုက တီးတိုးရေရွတ်လိုက်၏။ “တကယ်လို့ အင်အားစု တော်တော်များများသာ စုပေါင်းမိသွားပြီဆိုရင် အင်မော်တယ်ဘုရင် တစ်ယောက်၊ နှစ်ယောက်လောက်ကိုတော့ ပြုစုပျိုးထောင်ပေးနိုင်မယ် ထင်တယ်”

တစ်ယောက်၊ နှစ်ယောက် အပေါင်း တိုင်ချူး - ထိုသို့ဆိုလျှင် အင်မော်တယ်ဘုရင် နှစ်ယောက်၊ သုံးယောက် ဖြစ်သွားပေလိမ့်မည်။ ထျန်းမင်တောင်သခင်ကို မယှဉ်ပြိုင်နိုင်ဘူးဆိုလျှင်တောင်မှ ကျိန်းသေပေါက် ကြီးမားသည့် အန္တရာယ်တော့ ကြုံရလိမ့်မည် မဟုတ်ချေ။

ပြောဆိုပြီးသည့်နောက် ကျိုးကလန်၏ ဘိုးဘေးသည် နောင်တရသလိုပင် သက်ပြင်းချလိုက်မိ၏။ “ရှောင်ကလန်ရဲ့ ပဉ္စမအကြီးအကဲသာ တောင်သခင်ရဲ့ သတ်ဖြတ်မှုကို မခံရဘူးဆိုရင် ကျိန်းသေပေါက် အခုအချိန် ကျုပ်တို့ဘက်မှာ အင်မော်တယ်ဘုရင်နှစ်ယောက် ရှိနေလောက်ပြီ”

အများကြီး မဟုတ်ချေ။ အင်မော်တယ်ဘုရင် နှစ်ယောက်ဆိုလျှင် လျစ်လျှူရှု၍ ရသည့်အရာမျိုး မဟုတ်တော့ချေ။ အနည်းဆုံး လက်ရှိအခြေအနေကို ကာကွယ်နိုင်စွမ်းတော့ ရှိနေသည်။

“အရင်းအမြစ်တွေကို ရှာဖွေတဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုရင် ကျုပ်တို့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး” ထာဝရ အစစ်အမှန် အင်မော်တယ်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်၏။ အင်မော်တယ် ဘုရင်အဆင့်ကို ချိုးဖြတ်ဖို့ ဆိုသည်မှာ လုံလောက်သည့် အရင်းအမြစ်များ တည်ရှိရန် လိုအပ်၏။ ထျန်းမင်တောင် သခင်ကို အနိုင်မယူနိုင်သည်ဆိုပါက ထိုအရင်းအမြစ်များကို သုံးခဲ့ခြင်းသည် ဖြုန်းတီးခြင်း ဖြစ်ပေမည်။

“တာအိုရောင်းရင်းရဲ့ စိတ်ကောင်းမွန်ကောင်းကတော့ တကယ့်ကို အသိအမှတ်ပြုသင့်ပါတယ်။ ဒါပေမဲ့ အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်လာဖို့ အရင်းအမြစ်တွေ အများကြီးလိုအပ်တယ်။ ကျုပ် စိုးရိမ်တာ ... ” ကျိုးကလန် ဘိုးဘေးသည် ခေါင်းကို ခါယမ်းလိုက်မိ၏။

ထာဝရ အစစ်အမှန် အင်မော်တယ်သည် များပြားသည့် အရင်းအမြစ်များ ပိုင်ဆိုင်၏။ သို့ပေမဲ့ အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာရန်အတွက် နှိုင်းယှဉ်ရမည်ဆိုလျှင် ရေပုံးထဲမှ ရေတစ်စက်ကဲ့သို့ပင် ဖြစ်၏။ တခြားသော လူများနှင့် ပေါင်းစပ်မည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ရုန်းကန်ရပေမည်။

“ကျုပ်တို့ နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်ကို သုတ်သင်ရှင်းလင်းခဲ့တဲ့ အချိန်တုန်းက တာအိုရောင်းရင်း မုန့်က တော်တော်များများ ရရှိခဲ့တယ်။ ကံဆိုးစွာနဲ့ သူက ဒီမှာ မရှိဘူး။ သူသာ ရှိတယ်ဆိုရင် သူ့ရဲ့အထင်ကို ကျုပ်တို့ မေးမြန်းလို့ ရနိုင်မယ်”

ထာဝရ အစစ်အမှန် အင်မော်တယ်က တီးတိုးရေရွတ်လိုက်၏။ တစ်စုံတစ်ခုကို ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် အသာ သက်ပြင်းချကာ ပြောလိုက်သည်။ “တာအိုရောင်းရင်းမုန့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအရ ဆိုရင် ဒါ နည်းနည်း ခက်လိမ့်မယ်နဲ့ တူတယ်”

မုန့်ရှင်းကျီသည် ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် တိုင်ချူးတို့နှစ်ယောက် မြင်ခဲ့ရသည့် လူတစ်ယောက် ဖြစ်၏။ ပြောရမည်ဆိုလျှင် မုန့်ရှင်းကျီသည် လောဘကြီးလွန်း၏။ အရင်းအမြစ်များကို စုစည်းသည့် နေရာတွင် သူတို့ကို တစ်ချက်ကလေးမှပင် လှည့်မကြည့်ခဲ့ချေ။ အသက်နှင့်ရင်းကာ စွန့်စားရသည့် အခြေအနေကြားတွင် အကျိုးအမြတ် ရယူချင်စိတ်ရှိသည့် လူတစ်ယောက်လည်းဖြစ်၏။

၎င်းသည် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ကျင့်ကြံနိုင်ရန် အလားအလာ တည်ရှိ၏။ သို့ပေမဲ့ မုန့်ရှင်းကျီသည် သတ်မှတ်ထားသည့် အရင်းအမြစ်များကို ပေးအပ်ချင်စိတ် ရှိပါ့မည်လား မသေချာချေ။ သူတို့အနေနှင့် များပြားသည့် အရင်းအမြစ်များကို စုဆောင်းကာ အကျိုးအမြတ်များကို ရရှိရန် ဝေစုခွဲသည့် နေရာတွင် မုန့်ရှင်းကျီက ပါ ပါ့မည်လား။

အဖြေက မရှင်းလင်းလှချေ။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ရန် ကြိုးစားမည့် အရင်းအမြစ်များကို ဝယ်ယူရသည့် အချိန်၌ မုန့်ရှင်းကျီသည် တော်ဝင်အင်ပါယာ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူက အဘယ်နည်းကြောင့် ဝေစုကို ထည့်သွင်းမည်နည်း။

“တာအိုရောင်းရင်းမုန့်က ကောင်းကင်မူလလောကကြီးထဲကို ပြန်မရောက်သေးဘူး မဟုတ်လား” တိုင်ချူးက အသာ ပြောလိုက်၏။

ထိုစကားစု ထွက်ပေါ်လာပြီး လမ်း၏ အဆုံးဘက်၌ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက် အသာလှမ်းလျှောက်လာသည် ကို သူသတိပြုလိုက်မိသည်။

မုန့်ရှင်းကျီ၏ မျက်နှာက ပျက်ရွင်းလျက်ရှိသည်။ နတ်ဘုရားသိစိတ်ကို အသုံးပြုစရာ မလိုဘဲနှင့် ထိုသူများ၏ ပြောစကားများကို ကြားနေရ၏။

All Chapters