← Chapters

အပိုင်း (၆၂၇)

Vol. 42 Ch. 627

အပိုင်း (၆၂၇)

Vol. 42 Ch. 627

“ဘယ်လိုလုပ်ကြမလဲ” ကျိုးကလန်၏ ဘိုးဘေးက သက်ပြင်းချလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ သူတို့ ရောက်ရှိပြီး ဖြစ်၏။ ထို့ကြောင့် သတင်းအချက်အလက်များကို မဝယ်ယူ၍ မဖြစ်တော့ချေ။ သတင်းအချက်အလက်များသာ မရှိသည်ဆိုပါက သူတို့ ထျန်းမင်တောင်ကို မည်ကဲ့သို့ ခုခံမည်နည်း။ သို့ပေမဲ့ ဝယ်ယူပြီးသည်ဆိုလျှင်တောင်မှ ထျန်းမင်တောင်၏ လက်တွင်းသို့ သက်ရောက်သွားနိုင်၏။

ကောင်းမွန်သည့် အခွင့်အရေးများကို ဝယ်ယူရသည် ဆိုသည်မှာ ကောင်းမွန်သည့်အရာပင်ဖြစ်၏။ သို့ပေမဲ့ ကုန်ကျစရိတ်က ကြီးမားလွန်းလှ၏။ ထိုကဲ့သို့ ကုန်ကျစရိတ်များကို အသုံးပြု၍ ဝယ်ယူပြီး အင်မော်တယ်ဘုရင် ဖြစ်လာနိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်ဆိုလျှင်တောင်မှ တစ်ဖက်လူသည် ထိုအရာကို လာရောက်ကာ ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

“ကျုပ်တို့ လာရင်းရည်ရွယ်ချက်ကို ဘာလို့ စီနီယာဆီ မမေးကြတာလဲ” ကျိုးကလန်၏ ဘိုးဘေးက အကြံပြုလိုက်၏။ သူတို့ အဘယ့်ကြောင့်လာခဲ့သည် ဖြစ်ကြောင်းကို သိရှိခဲ့ပြီးပြီဖြစ်၏။ သူတို့အနေနှင့် စီစဉ်ဆောင်ရွက်စရာ ရှိသည်များကို မေးမြန်းနိုင်၏။ ထို့အပြင် သူတို့၌ အင်မော်တယ်ဘုရင် တစ်ယောက်လည်း တည်ရှိလို့နေ၏။ တိုက်ခိုက်ရာတွင် မယှဉ်နိုင်ဘူးဆိုလျှင်တောင်မှ ထွက်ပြေးဖို့ ဆိုသည်မှာတော့ ဖြစ်နိုင်၏။

“ဒါက”

တိုင်ချူးက တွန့်ဆုတ်သွားမိ၏။ ဤနည်းလမ်းသည် သင့်လျော်သည့်အရာ မဟုတ်ကြောင်းကို သူ ခံစားမိ၏။ တခြားတစ်ဖက်၌ အင်မော်တယ်ဘုရင်နှစ်ယောက် တည်ရှိ၏။ ထိုသူတို့သည် သူတို့ဆီမှာရှိနေသည့် အခွင့်အရေးများကို လုယူရန် ကြိုးစားကြပေလိမ့်မည်။ ဤအရာသည် သူတို့အတွက် စိန်ခေါ်မှု တစ်ခုလိုပင်။

ထို့အပြင် ဤနှစ်ယောက် လာရသည့် ရည်ရွယ်ချက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာခြင်းဟုတ်သလားဆိုသည်မှာ မရှင်းလင်းချေ။ စွမ်းအင်အဆင့်အရလား သို့မဟုတ် တခြားသော ကိစ္စများအတွက်လား မသိနိုင်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စိတ်ဆန္ဒအခြေအနေကို လာရောက်ကာ စမ်းသပ် စစ်ဆေးခြင်းလည်း ဖြစ်နိုင်၏။ ပြောရမည်ဆိုလျှင် ဘာမှရေရေရာရာ သိရှိလှသည့်အရာမျိုး မဟုတ်သောကြောင့် သူတို့သည် တွေဝေငေးငိုင်လျက် ရှိလို့နေသည်။

“အင်း... မသင့်လျော်ဘူး” တိုင်ချူးသည် ခေါင်းကို ယမ်းခါကာဖြင့် သက်ပြင်းချလိုက်၏။

“ကျုပ်တို့ အားအင်အဆင့်ကို ချက်ချင်း တိုးမြှင့်နိုင်မယ့်ကိစ္စကို စဉ်းစားရမယ်။ ထျန်းမင်တောင် သခင်က ဒီနေရာကို ရောက်လာပြီ။ ဒီတော့ကျုပ်တို့အနေနဲ့ မသေချာမရေရာတဲ့ အရာပေါင်းများစွာကို ရင်ဆိုင်ရတော့မယ်”

ပြောနေတုန်းမှာပဲ တိုင်ချူးသည် လီယွင်ကို လှမ်းကြည့်လိုက်၏။ သူ ရည်ညွှန်း ပြောဆိုနေသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်မှလွဲ၍ တခြားသူမဟုတ်ချေ။ အတွေးတစ်ချက်နှင့်ပင် စီနီယာသည် လောကကြီး တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိသော လူတစ်ယောက်ပင် ဖြစ်၏။

လက်ရှိအချိန်တွင် စီနီယာသည် မည်သည့်ဘက်တွင် ရပ်မည် ဖြစ်ကြောင်း သေသေချာချာ မသိရှိချေ။ ဤအရာသည် သူတို့အတွက် ကောင်းခြင်းလား၊ ဆိုးခြင်းလားသာ မသိသေးသည့် သဘောပင်။ နန်းဆောင်သခင်သည်သာ မည်သည့်ဘက်ကိုမှ အခွင့်အရေးမပေးဘဲ ကြားလူအဖြစ် နေထိုင်သည်ဆိုပါက ကျိန်းသေပေါက် သူတို့အတွက် ပြဿနာများ ပေလိမ့်မည်။

“စီနီယာ... ဘာအကြံရှိလဲ။ ကျေးဇူးပြုပြီး ပြောပါအုံး” ထာဝရ အစစ်အမှန် အင်မော်တယ်သည် စိုးရိမ်ပူပန်စွာဖြင့် လှမ်းကာ ဆော်ဩလိုက်၏။

ထျန်းမင်တောင်မှ လူများက ရောက်ရှိလာပေတော့မည်။ သူတို့အနေနှင့် တော်ဝင်သဲကန္တာရမြို့မှ ထွက်ခွာသွားနိုင်မည်လား။ ထွက်ခွာမသွားနိုင်ဘူးလားက မသေချာပေ။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် တွေဝေငေးငိုင်ခြင်းသည် အချိန်ဖြုန်းခြင်း တစ်ခုသာလျှင်ဖြစ်သည်။

“အရင်တုန်းက ငရဲလောကကြီးက ကောင်းကင်နဲ့ မြေပြင်တစ်ခုလုံးကို ဖြန့်ကျက်ပြီး လွှမ်းခြုံထားနိုင်စွမ်း ရှိတယ်။ ရှေးမိသားစုတွေ တော်တော်များများမှာ အဲအကြောင်းအရာနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့တယ်”

တိုင်ချူးက တိုက်ရိုက်ဆိုသလိုပဲ ပြောလိုက်၏။ “ကျုပ်တွေးနေတာ ငရဲလောကကြီး အကောင်အထည် ပြန်လည်ဖြစ်တည်နေပြီ ဆိုတဲ့သတင်းကို အသင်္ချေ များပြားတဲ့ လောကအသီးသီးကို ပေးပို့လိုက်ဖို့ပဲ”

“ဟင်” ကျိုးကလန်၏ဘိုးဘေးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့၏ မျက်နှာများက ဝင်းလက် သွားခဲ့၏။ သူတို့၏ အားအင်အဆင့်သည် သိသာထင်ရှားလောက်အောင် အားမကောင်းပေ။ ထို့ကြောင့် ထျန်းမင်တောင်နှင့် တူညီသည့် အရင်းအမြစ်များကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။ သတင်း အချက်အလက်သည်သာ တခြားသော လောကများဆီသို့ ပျံ့နှံ့သွားသည်ဆိုပါက အခြေအနေက ပြောင်းလဲသွားမှာ သေချာသည်။

ရှုပ်ထွေးသည့် အခြေအနေကြားတွင် အားကောင်းသော လောကကြီးတစ်ခုကို ရှာဖွေပြီး ငရဲလောကကြီး ပြန်လည် ဖြစ်တည်လာပြီဆိုသည့် သတင်းအချက်အလက်ကို ပေးပို့လိုက်မည် ဆိုလျှင် ခန့်မှန်း၍ မရအောင် အားကောင်းလှသော ဂိုဏ်းကဏ္ဍ အသီးသီးတို့ကို ဆွဲဆောင်သလို ဖြစ်ပေလိမ့်မည်။ အားနည်းသည့် လောကများကို ရှာဖွေနိုင်သည်ဆိုလျှင်လည်း အခွင့်အရေး ရှိနေသေး၏။ ၎င်းတို့အားလုံးသည် ၎င်းတို့နှင့် နီးစပ်ရာ အဖွဲ့အစည်းများအားလုံးကို လှမ်းကာ သတင်းပေးပို့မှာ သေချာ၏။

“စီနီယာ... နက်နဲမီးတောက်လောကကြီးထက် ပိုမိုပြီး အားကောင်းတဲ့ လောကတစ်ခုခုကို သိပါသလား” ကျိုးကလန်၏ ဘိုးဘေးသည် အားတက်သရော မေးမြန်းလိုက်သည်။

“ဟား ဟား ဟား”

လီယွင်က ရယ်မောပြီးသည့်နောက် ကျိုးကလန်၏ဘိုးဘေးကို ကြည့်ရှုလိုက်၏။ ပြီးနောက် စကားတစ်ခွန်းကို ပြောဆိုလိုက်၏။“မသိစရာလား”

ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိလာသည့်အချိန်တွင် တခြားသော လောကများလည်း လာရောက် ပေါင်းစပ်လျက် ရှိ၏။ ထိုအရာသည် လီယွင်တစ်ယောက်တည်း ပြုလုပ်ထားသည့်အရာဖြစ်၏။ ယခု ကျိုးကလန်မှ ဘိုးဘေးကြီး၏ မေးခွန်းသည် မေးနေစရာပင် မလိုအပ်သည့်‌ မေးခွန်းမျိုး မဟုတ်ချေ။

လက်ရှိအခြေအနေမှာတော့ တိုင်ချူးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့သည် ရှက်ရွံ့သလိုပင် ခံစားနေမိကြ၏။ တိုင်ချူး၏ အဆိုပြုချက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လုပ်နိုင်စွမ်းကို နားလည်သောကြောင့် အဆိုပြုခဲ့ခြင်းဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာ တခြား အားကောင်းသည့်လောကကြီးများကို သတင်းပေးပို့နိုင်သည် ဆိုပါက ကျိန်းသေပေါက် သူတို့အတွက် ကောင်းမွန်သည့် အရာပင်။ သို့ပေမဲ့ ငြင်းပယ်ခဲ့သည် ဆိုပါက သူတို့သည် မည်ကဲ့သို့ ဆက်လက် ပြုလုပ်ရမည်ဖြစ်ကြောင်း လမ်းညွှန်ချက်တစ်ခု တောင်းခံရပေလိမ့်မည်။

“နက်နဲမီးတောက်လောကကြီးထက် ပိုပြီးအားကောင်းတဲ့ လောကက နတ်ဆိုးလောက၊ ဝိညာဉ်လောက၊ သီးခြားလောက ဒီလိုမျိုးပေါ့။ ပိုပြီးအားကောင်းတဲ့ လောကတွေ အများကြီးရှိတယ်။ နတ်ဘုရားလောကနဲ့ အင်မော်တယ်လောကတွေလိုပေါ့”

လီယွင်သည် မျက်ခုံးကိုပင့်ပြီးသည့်နောက် ကြည့်လိုက်၏။ ပြီးနောက်‌ ပြောလိုက်၏။ “ဘယ်လောကကြီးရဲ့ အကြောင်းကို ခင်ဗျားတို့ သိချင်တာလဲ”

“အဲလောက် များတာလား” တိုင်ချူးနှင့် တခြားသောသူများသည် ရုတ်တရက် ထကာအော်မိလိုက်ကြ၏။ နက်နဲမီးတောက်လောကကြီးသည် အရမ်း အားကောင်းသည့် လောကကြီးတစ်ခုဖြစ်ကြောင်း သူတို့က သိရှိ၏။ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်ဆိုလျှင်တောင်မှ အန္တိမထိပ်ဆုံးအဆင့် ကျင့်ကြံသူပေါင်းများစွာ တည်ရှိလို့နေသည်။

သို့ပေမဲ့ သူတို့သည် ထိုနက်နဲမီးတောက်လောကကြီးထက် ပိုမိုကာ အားကောင်းသည့်လောက အများအပြား တည်ရှိနေလိမ့်မည်ကို မထင်မှတ်ခဲ့ချေ။ ထိုလောကများကို စုစည်းနိုင်သည်ဆိုပါက သူတို့သည် ကျိန်းသေပေါက် ထျန်းမင်တောင်ကို လွယ်လွယ်ကူကူနှင့် ဖိနှိပ်နိုင်မှာ သေချာ၏။

All Chapters