← Chapters

အခန်း (၁၃၂၁-၁၃၂၃)

Vol. 89 Ch. 1321-1323

အခန်း (၁၃၂၁-၁၃၂၃)

Vol. 89 Ch. 1321-1323

အခန်း(၁၃၂၁)

"အထွတ်အထိပ် အကြီးအကဲ.. ကျန်းချန်က စန်းယွဲ့သူတော်စင်နယ်မြေကို ပြဿနာရှာဖို့ ရည်ရွယ်ပြီး‌‌ရောက်လာတာ မဟုတ်ပါဘူး.. ဒီကိစ္စတွေအားလုံးက ကျွန်မရဲ့တပည့် မုန့်ချင်းရွှယ်ကြောင့်ပါ"

ထိုမြင်ကွင်းကိုမြင်လျှင် ယွဲ့ချန်ယင်သည် မနေနိုင်တော့ဘဲ ရှေ့တက်ကာ အဖြစ်အပျက် အားလုံးကို ပြောပြလိုက်သည်။

"ကိစ္စတွေကတော့ ဒီလိုမျိုးဖြစ်ခဲ့တာပါ အကြီးအကဲ မင်ကျန့်.. မျှမျှတတ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်"

ယွဲ့ချန်ယင်က ဆံဖြူအမျိုးသမီးကို ဦးညွှတ်ကာ ပြောလိုက်သည်။

"မင်းတို့ရဲ့ကိစ္စကို ငါတရားမျှမျှတတ ဆောင်ရွက်ပေးပါ့မယ်.. ဒါပေမဲ့ ဒီကောင်လေးက စန်းယွဲ့ သူတော်စင်နယ်မြေကို အကြီးအကျယ် ဒုက္ခပေးခဲ့တာ ငြင်းမရတဲ့ အမှန်တရားတစ်ခုပဲ"

ဆံဖြူအမျိုးသမီးက ပြောလိုက်သည်။

"ယွဲ့ချန်ယင်.. ဒီနေ့ မင်းတို့ကို ငါက ထွက်သွားခွင့်ပြုလိုက်ရင် ငါတို့ စန်းယွဲ့သူတော်စင်နယ်မြေကို တခြားလူတွေက လှောင်ရယ်ကြတော့မှာပဲ"

အထွတ်အထိပ် အကြီးအကဲတစ်ဦး အနေဖြင့် မည်သို့ပင်ဖြစ်စေ၊ သူမသည် စန်းယွဲ့သူတော်စင်နယ်မြေ၏ ဂုဏ်သတင်းကို ကာကွယ်ရလိမ့်မည် ဖြစ်သည်။

ထို့အပြင် သူမ၏ အမြင်တွင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်က မုန့်ချင်းရွှယ်ကို စတေးကာ စန်းယွဲ့ သူတော်စင်နယ်မြေ၏ သူတော်စင်သမီးတော်ကို ကယ်တင်ရန်ဆုံးဖြတ်ချက်သည် မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုမဟုတ်ပေ။

သူမသာ ဆိုလျှင်လည်း ထိုကဲ့သို့သာ လုပ်ဆောင်လိမ့်မည်ဖြစ်၏။

ဆံဖြူအမျိုးသမီး၏ စကားကိုကြားလျှင် ယွဲ့ချန်ယင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

သူမက ထပ်မံ ဖျောင်းဖျရန် ပြင်လိုက်စဥ်မှာပင် ကျန်းချန်က သူမကို ပြောလိုက်သည်။

"အကြီးအကဲချန်ယင်.. လေကုန်မခံပါနဲ့တော့"

ထို့နောက်တွင် ကျန်းချန်က လေထဲရှိ ဆံဖြူအမျိုးသမီးကို တိုက်ရိုက် စိုက်ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"အကြီးအကဲကို ကြည့်ရတာ ကျွန်တော့်ကို သင်ခန်းစာပေးဖို့ သေချာပေါက် ဆုံးဖြတ်ထားတဲ့ပုံပဲ"

"ဒီနေ့ ကိစ္စအတွက် စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ အရေးယူတာကို မင်း ခံယူရမယ်.. ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ နှစ်ပေါင်းထောင်ချီ ဂုဏ်သတင်းက ငါ့ရဲ့လက်ထက်မှာ ပျက်စီးသွားလို့ မဖြစ်ဘူး"

ထိုစကားကို ပြောနေစဥ် ဆံဖြူအမျိုးသမီး၏ မျက်ဝန်းထဲ၌ အေးစက်စက် သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။

သူ့ရှေ့မှ ကောင်လေးသည် ဟောင်ထျန်း သူတော်စင်နယ်မြေမှ ရှားယွမ်ဟောင်ထက်ပင် ပို၍ ကြောက်စရာကောင်းသည့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင် ဖြစ်သည်။

ဤကဲ့သို့သော ပါရမီရှင်သည် မည်မျှပင် ကြောက်စရာကောင်းမှန်း ဆံဖြူအမျိုးသမီး ကောင်းစွာသိ၏။

ထိုပါရမီဖြင့်သာဆိုလျှင် အချိန်တိုအတွင်း သူကဲ့သို့ နှစ်ပေါင်း (၁၀၀၀)ကျော် အသက်ရှင်နေထိုင်လာခဲ့သည့် မွန်းစတားကြီးများပင် ဖိနှိပ်ရန် ခက်ခဲသည့် အဆင့်အတန်းသို့ ‌ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

စန်းယွဲ့ သူတော်စင်နယ်မြေ အနေဖြင့် ထိုကောင်လေးနှင့် ရန်သူဖြစ်ရန် ရွေးချယ်ခဲ့ပြီးပြီ ဖြစ်ရာ မည်သည့်နည်းနှင့်မဆို အပြတ်ရှင်းပစ်ရပေမည်။

သို့မဟုတ်လျှင် ထိုကောင်လေး ကြီးပြင်းလာသည်နှင့်အမျှ စန်းယွဲ့ သူတော်စင်နယ်မြေအတွက် ဘေးအန္တရာယ်ဖြစ်လာနိုင်သည် မဟုတ်ပါလော။

ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ဆံဖြူအမျိုးသမီးသည် တုံ့ဆိုင်းမနေတော့ဘဲ လက်ဟန်တစ်ခုကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် မှော်ဆန်သောလဝန်း၏ နေရာလွတ်ကနေ ကြည်လင်တောက်ပသော လရောင်နတ်အလင်း တစ်ခုသည် ရုတ်တရက် ကျဆင်းလာခဲ့သည်။

ထိုလရောင်နတ်အလင်းသည် လေထုထဲကနေ ကောင်းကင်ဓားတစ်စင်းကဲ့သို့ပင် ကျဆင်းလာ၏။

ဆံဖြူအမျိုးသမီး၏ တိုက်ခိုက်မှုအောက်တွင် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ အာကာပြင်ပင် ပြိုကျသွားခဲ့သည်။

ကျန်းချန်၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့ပြီး ချက်ချင်းပင် နယ်မြေလေးခုကို ထုတ်ဖော်ကာ နယ်မြေလေးခုထပ်ဆင့် စွမ်းအားဖြင့် ဆံဖြူအမျိုးသမီး၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

"ဝုန်း.."

မှော်ဆန်သော လရောင်နတ်အလင်းသည် ကျန်းချန်၏နယ်မြေအတားအဆီးပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို ကျန်းချန်သည် ဆယ်ပေကျော် အကွာအဝေးအထိ နောက်ဆုတ်လိုက်ရသည်။

သူက ခေါင်းမော့ကာ လေထုထဲကို ကြည့်လိုက်၏။

သူ၏မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်သည် သူထင်ထားသည်ထက်ပင် ပိုမို၍ အားကောင်းနေခဲ့သည်။

ယခုအခါတွင် တိမ်တိုက်ဝါးမျိုနည်းစနစ်၏ မြှင့်တင်မှုနှင့်အတူ သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

နတ်သန္ဓေ အင်ပါယာနယ်ပယ် ပဉ္စမအဆင့် ခွန်အားဖြင့် နယ်မြေထပ်ဆင့် စွမ်းအားကို အသုံးပြုခဲ့သည့်တိုင် ဆံဖြူအမျိုးသမီး၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံမျှသာ တတ်နိုင်ခဲ့၏။

ဤကဲ့သို့ ခွန်အားများကို အပြည့်အဝ ထုတ်သုံး၍ တိုက်ခိုက်ခဲ့သော အခြေအနေတွင် ဆံဖြူအမျိုးသမီးကို ရင်ဆိုင်နိုင်ရုံမျှသာ တတ်နိုင်ခဲ့ပြီး အနိုင်ရရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

"ငါ့ရဲ့တိုက်ကွက်ကို မင်းတားဆီးနိုင်လိမ့်မယ်လို့ တကယ် မထင်ထားမိဘူး.. ဒီတစ်ချက်တည်းနဲ့တင် မင်းက ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ နံပါတ်(၁)ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်"

ဆံဖြူအမျိုးသမီးက ကျန်းချန်ကို ပေ့ါပါးစွာကြည့်၍ ပြောလိုက်သည်။

"ဒါပေမဲ့ မင်းအနေနဲ့ ငါ့ရဲ့နောက်ထပ်တိုက်ကွက်ကိုတော့ ရင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူး"

ဆံဖြူအမျိုးသမီး၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာခဲ့သည်။

အစောပိုင်းက ထိုးနှက်ချက်တွင် ဆံဖြူအမျိုးသမီးသည် ကျန်းချန် အပေါ် ညှာတာခဲ့ခြင်းမရှိပေ။

သို့သော်လည်း သူမ၏ အင်အားအပြည့်ဖြင့် ထိုးနှက်ချက်ကို ထိုကောင်လေးသည် နယ်မြေလေးခု ထပ်ဆင့်စွမ်းအားဖြင့် ခုခံနိုင်ခဲ့သည်။

အသက်(၂၀)အရွယ် နို့နံ့ပင် မစင်သေးသည့် ကောင်လေးတစ်ယောက်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့်ကို ‌‌ရောက်ရှိနေခဲ့ပြီး နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို နယ်ပယ်အဆင့်ငါးဆင့် ကျော်ဖြတ်ကာ တိုက်ခိုက်နိုင်ခဲ့သည်။

ဤကဲ့သို့သော မွန်းစတားမျိုးကို သူမ တစ်ခါမှ မကြားဖူးပေ။

ဤကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်ကိုသာ ရောက်လျှင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်မှာ သူမအနေဖြင့် စိတ်ကူးဖြင့်ပင် မတွေးဝံ့ချေ။

ထိုအချိန်သို့ ရောက်လျှင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းမှ ထိပ်ဆုံး(၁၀)ဦးပင် ထိုကောင်လေး၏ ပြိုင်ဘက် မဖြစ်နိုင်တော့ဟု ထင်ရ၏။

"ဟားဟား အထွတ်အထိပ်အကြီးအကဲ.. ငါက မင်းတို့ စန်းယွဲ့သူတော်စင်နယ်မြေကို ကြောက်နေမယ်လို့ တကယ်ပဲ ထင်နေတာလား.. ငါဒီနေ့ မင်းတို့ စန်းယွဲ့ သူတော်စင်နယ်မြေနဲ့ ပြဿနာမတက်ချင်ခဲ့ဘူး.. ဒါပေမဲ့ မင်းတို့က ငါ့ကို အတင်းအကျပ် ဖိအားပေးခဲ့တယ်.. မင်းတို့တွေက တိုက်ခိုက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းချင်တယ် ဆိုမှတော့ ငါကျန်းချန်က မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏လက်တစ်ဖက်ကိုလှုပ်ရှားလိုက်ရာ တောက်ပသော ရွှေရောင်တံဆိပ်ပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

ထိုရွှေရောင်တံဆိပ်ပြား ပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် လေထုထဲတွင် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။

ကျန်းချန်က ရွှေရောင်တံဆိပ်ပြားကို လက်ထဲတွင် ကိုင်ထားရင်း ဆံဖြူအမျိုးသမီးကို အေးစက်စက် စိုက်ကြည့်လိုက်၏။

"အထွတ်အထိပ် အကြီးအကဲ...ငါဒီတံဆိပ်ပြားကို‌ ချေဖျက်လိုက်တာနဲ့ လူသားဧကရာဇ်နန်းတော်နဲ့ စန်းယွဲ့သူတော်စင်နယ်မြေကြားမှာ တိုက်ပွဲ ဖြစ်လာလိမ့်မယ်.. အကြီးအကဲအသေအချာ ပြန်စဥ်းစားပါ"

ဆံဖြူအမျိုးသမီးသည် အလွန်တရာပင် အင်အားကောင်းသောကြောင့် ထိုအမျိုးသမီးကို အနိုင်တိုက်ပြီး မုန့်ချင်းရွှယ်ကို ခေါ်သွားရန်မှာ မဖြစ်နိုင်ပေ။

အချိန်ထပ်ဆွဲနေလျှင် တိမ်တိုက်ဝါးမျို နည်းစနစ်၏ စွမ်းအားက ပျောက်ကွယ်သွားပြီး သူ့အနေဖြင့် ပို၍ ဒုက္ခတွေ့လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်က ယဲ့ချန်ကျွင်း ပေးလိုက်သည့် ရွှေရောင် တံဆိပ်ပြားကို တိုက်ရိုက် ထုတ်ယူကာ စန်းယွဲ့သူတော်စင်နယ်မြေကို ခြိမ်းခြောက်လိုက်သည်။

အကယ်၍ စန်းယွဲ့ သူတော်စင်နယ်မြေက ရှေ့ဆက်တိုးမည်ဆိုလျှင် သူ့အနေဖြင့် တံဆိပ်ပြားကို ချေဖျက်ပြီး နိဗ္ဗာန်မြို့တော်၏ ယခင်မြို့သခင် ယဲ့ထျန်းကျီကို ဆင့်ခေါ်ရန် ကြိုးစားကြည့်ရုံသာ ရှိတော့၏။

"မင်းရဲ့ ရွှေရောင်တံဆိပ်ပြားက နိဗ္ဗာန်မြို့တော်ကလား"

ဆံဖြူအမျိုးသမီးက ကျန်းချန် လက်ထဲမှ ရွှေရောင်တံဆိပ်ပြားကို စိုက်ကြည့်ရင်း မျက်လုံးများ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ဤရွှေရောင်တံဆိပ်ပြားပေါ်မှ အရှိန်အဝါနှင့် ပတ်သက်၍ ဆံဖြူအမျိုးသမီးသည် လုံးဝ မစိမ်းပေ။

လွန်ခဲ့သည့် နှစ်(၅၀၀)ခန့်က ဆံဖြူ အမျိုးသမီးသည် စန်းယွဲ့သူတော်စင်နယ်မြေတွင် သာမန် အကြီးအကဲတစ်ဦးသာ ဖြစ်သည်။

ထိုအချိန်က စန်းယွဲ့ သူတော်စင်နယ်မြေသည် ပြိုင်ဘက်ကင်းကျင့်ကြံသူ တစ်ဦးကို စော်ကားမိခဲ့သောကြောင့် ထိုကျင့်ကြံသည် စန်းယွဲ့သူတော်စင်နယ်မြေထိ ရောက်ရှိလာခဲ့သည်။

ထိုအချိန်က စန်းယွဲ့ သူတော်စင်နယ်မြေ၏ အကြီးအကဲများနှင့် သူတော်စင်သခင်တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သော်လည်း ထိုကျင့်ကြံသူကို ရှုံးနိမ့်ခဲ့ရသည်။

နောက်ပိုင်းတွင် ဆံဖြူ အမျိုးသမီးသည် ထိုလူ၏ နာမည်က ယဲ့ထျန်းကျီ ဖြစ်ပြီး နိဗ္ဗာန်မြို့တော်မှ ဖြစ်ကာ အထွတ်အထိပ်နတ်သန္ဓေအင်ပါယာ စာရင်း၌ အဆင့်(၂၁)နေရာတွင် ရှိကြောင်း သိရှိခဲ့ရသည်။

ယခု ထိုကောင်လေး ကိုင်ထားသည့် ရွှေရောင်တံဆိပ်ပြားပေါ်မှ အရှိန်အဝါသည် ထိုလူ၏ အရှိန်အဝါနှင့် အတိအကျပင် တူညီနေခဲ့၏။

"ကျွန်တော့်လက်ထဲက တံဆိပ်ပြားရဲ့ ဇစ်မြစ်ကို အကြီးအကဲမှန်းဆမိပြီ မဟုတ်လား.. ဘာလို့ ထပ်မေးနေသေးတာလဲ"

ဆံဖြူအမျိုးသမီး၏ တုံ့ပြန်မှုကိုကြည့်ကာ ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

နိဗ္ဗာန်မြို့တော်၏ မြို့သခင်ဟောင်း ယဲ့ထျန်းကျီသည် လျှို့ဝှက်နယ်မြေ ရှစ်ခုတွင် အလွန် ထိတ်လန့်စရာကောင်းသော သက်တမ်းရင့် မွန်းစတားတစ်ကောင် ဖြစ်သည်။

ဆံဖြူအမျိုးသမီးက တစ်ခဏမျှ လေးလေးနက်နက် စဥ်းစားလိုက်ပြီးနောက်တွင် အဆုံးသတ်၌ သက်ပြင်းကို လေးလံစွာချကာ ပြောလိုက်၏။

"မင်းအနိုင်ရသွားပြီ.. သူတို့ကို ခေါ်သွားလိုက်တော့"

အခန်း(၁၃၂၁)ပြီး၏။

အခန်း(၁၃၂၂)

ဆံဖြူအမျိုးသမီး၏ စကားကိုကြားလျှင် ကြီးမားသော ရင်ပြင် တစ်ခုလုံးသည် ချက်ချင်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဤအချိန်တွင် စန်းယွဲ့ သူတော်စင်နယ်မြေမှ အကြီးအကဲများနှင့် တပည့်များအပြင် သူရိန် သူတော်စင်နယ်မြေမှ သူတော်စင်သားတော် ယန်ယောင်ပါမကျန် မှင်တက်နေခဲ့ကြ၏။

ယွဲ့ချန်ယင်နှင့် မုန့်ချင်းရွှယ်တို့ပင် အချိန်အတော်ကြာ မှင်တက်နေခဲ့ကြ၏။

ဆံဖြူအမျိုးသမီးသည် စန်းယွဲ့ သူတော်စင်နယ်မြေ၏ အထွတ်အထိပ် အကြီးအကဲ ဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သို့သော်လည်း သူမသည် ကျန်းချန်ကို အလျှော့ပေးရန် ရွေးချယ်ခဲ့ရ၏။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စန်းယွဲ့သူတော်စင်နယ်မြေသခင်သည် ဆံဖြူ အမျိုးသမီး၏ စကားကိုကြားလျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"အထွတ်အထိပ် အကြီးအကဲ.."

သို့သော်လည်း သူမ၏ စကားမဆုံးခင်မှာပင် ဆံဖြူအမျိုးသမီးက တိုက်ရိုက်ပင် ဖြတ်ပြောလိုက်၏။

"ဒါက ငါ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ.. ဘာမှထပ်ပြောစရာမလိုတော့ဘူး"

"ချင်းရွှယ် ငါတို့တွေ သွားကြစို့"

ဆံဖြူအမျိုးသမီးက အလျှော့ပေးရန် ရွေးချယ်လိုက်သည်ကိုမြင်လျှင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။

သူက မှင်တက်နေဆဲဖြစ်သည့် မုန့်ချင်းရွှယ်တို့ နှစ်ဦးကို ခေါ်ကာ စန်းယွဲ့ သူတော်စင်နယ်မြေကနေ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့သည်။

ကျန်းချန်တို့ သုံးဦး ပျောက်ကွယ်သွားသော လမ်းကြောင်းကို ကြည့်ရင်း စန်းယွဲ့ သူတော်စင်နယ်မြေမှ တပည့်များစွာသည် အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေခဲ့ကြသည်။

ကျုံးကျိုးကုန်းမြေ၏ လျှို့ဝှက်နယ်မြေ ရှစ်ခုထဲမှ တစ်ခုဖြစ်သော စန်းယွဲ့ သူတော်စင်နယ်မြေသည် ကျန်းချန် ဟူသော ကောင်လေးတစ်ယောက်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။

ထိုကဲ့သို့ သူတော်စင် နယ်မြေတစ်ခုလုံးကို အနိုင်ယူရန်မှာ ရှန်းဝူတိုက်ကြီး တစ်ခုလုံးမှာပင် လူအနည်းငယ်မျှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

"အထွတ်အထိပ် အကြီးအကဲ.. လနတ်ကြမ္မာခန္ဓာကိုယ်က စန်းယွဲ့ သူတော်စင်နယ်မြေနဲ့ ကျွန်တော်တို့ သူရိန် နယ်မြေကြားက အပေးအယူ အခြေအနေတစ်ခုပဲ.. အခု အကြီးအကဲက ကျန်းချန်ကို ခေါ်သွားခွင့် ပြုလိုက်တာဆိုတော့ စာချုပ်ကို ချိုးဖောက်လိုက်တဲ့ သဘောလား"

ဤအချိန်တွင် သူရိန်နယ်မြေမှ သူတော်စင်သားတော် ယန်ယောင်သည် မျက်နှာသည် သိပ်မကောင်းတော့ပေ။

သူက သူရိန်နယ်မြေမှ အဂ္ဂိရတ် အကြီးအကဲ ယွမ်ခိုင်ကို စန်းယွဲ့ သူတော်စင်နယ်မြေဆီ ခေါ်လာခဲ့ပြီး သူတော်စင် သမီးတော် ယွဲ့ချင်းရွှယ်၏ ပြဿနာကို ဖြေရှင်းရန်နှင့် သူမကို နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်သို့ ထိုးဖောက်ရန် ကူညီခဲ့သည့် ရည်ရွယ်ချက်မှာ လနတ်ကြမ္မာ ခန္ဓာကိုယ်ကို အလိုရှိ၍ ဖြစ်သည်။

ယခု လနတ်ကြမ္မာ ခန္ဓာကိုယ်ကို ကျန်းချန်က ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် အလဟဿ အပင်ပန်းခံလိုက်ရသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။

"ဒီကိစ္စမှာ ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေက တကယ်ပဲလိုအပ်ချက်တွေ ရှိခဲ့ပါတယ်"

ဆံဖြူအမျိုးသမီးက ပြောလိုက်သည်။

"သူတော်စင်သားတော် အနေနဲ့ သူရိန်နယ်မြေကို အရင်ပြန်နှင့်ပါ.. ကျွန်မ ကိုယ်တိုင် ရက်အနည်းငယ်အတွင်း သူရိန်နယ်မြေကို လာပြီး ကျေနပ်လောက်တဲ့ ရှင်းပြချက်ကို ပေးပါ့မယ်"

"ကောင်းပါပြီ အကြီးအကဲ ရောက်လာမှာကို သူရိန်နယ်မြေကပဲ စောင့်နေပါ့မယ်"

အထွတ်အထိပ် အကြီးအကဲ၏ စကားကိုကြားလျှင် ယန်ယောင်သည် ဘာမှ ထပ်မပြောနိုင်တော့ပေ။

သူက အထွတ်အထိပ် အကြီးအကဲကို လက်သီးဆုပ်ကာ ဂါဝရပြုလိုက်ပြီး ချက်ချင်းဆိုသလို သူ၏နံဘေးရှိ အဘိုးအိုကို‌ ခေါ်ကာ စန်းယွဲ့ သူတော်စင်နယ်မြေကနေ ထွက်ခွာသွားခဲ့သည်။

"အထွတ်အထိပ် အကြီးအကဲ.. ကျန်းချန်ရဲ့လက်ထဲက ရွှေရောင်တံဆိပ်ပြားက ဘာပစ္စည်းမို့လို့လဲ"

ယန်ယောင်တို့နှစ်ဦး ထွက်ခွာသွားပြီးနောက်တွင် စန်းယွဲ့သူတော်စင် နယ်မြေသခင်သည် အဆုံးသတ်၌ သူ၏ စိတ်ထဲမှ သံသယကို မမေးဘဲ မနေနိုင်တော့ပေ။

အထွတ်အထိပ် အကြီးအကဲ၏ သဘောထား လျင်မြန်စွာ ပြောင်းလဲသွားရခြင်းသည် ကျန်းချန် ထုတ်ယူခဲ့သည့် ရွှေရောင် တံဆိပ်ပြားကြောင့် ဖြစ်သည်မှာ သိသာနေသည်မဟုတ်ပါလော။

ရွှေရောင်တံဆိပ်ပြား တစ်ခုသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် အကြီးအကဲကို ဤမျှအထိ ကြောက်လန့်စေနိုင်သည်မှာ စန်းယွဲ့ သူတော်စင်နယ်မြေသခင်အတွက် အနည်းငယ် မယုံနိုင်စရာ ဖြစ်နေခဲ့သည်။

အထွတ်အထိပ် အကြီးအကဲက လေးနက်သော အမူအရာဖြင့် ရှင်းပြလိုက်၏။

"ဒီတံဆိပ်ပြားကနေ ထွက်ပေါ်လာတဲ့အရှိန်အဝါက နိဗ္ဗာန်မြို့တော်ရဲ့ မြို့သခင်ဟောင်း ယဲ့ထျန်းကျီရဲ့ အရှိန်အဝါပဲ.. ကျန်းချန်က အဲဒီ တံဆိပ်ပြားကို ချေဖျက်လိုက်တာနဲ့ ယဲ့ထျန်းကျီကို ဆင့်ခေါ်နိုင်လိမ့်မယ်"

"နိဗ္ဗာန်မြို့တော်ရဲ့ မြို့သခင်ဟောင်း ယဲ့ထျန်းကျီလား"

စန်းယွဲ့ သူတော်စင်နယ်မြေသခင်က တုန်လှုပ်သွားခဲ့သည်။

"ဒါဆို အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ အဆင့်(၂၁)မှာရှိတဲ့ ယဲ့ထျန်းကျီပေါ့"

"အဲဒါက လွန်ခဲ့တဲ့ နှစ်(၅၀၀)က အဆင့်သတ်မှတ်ချက်ပါ.. ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေမှာ လွန်ခဲ့တဲ့ နှစ်(၅၀၀)ခန့်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို မင်းကြားဖူးမှာပေါ့.. သူက ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေကို ဖိနှိပ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ"

အထွတ်အထိပ် အကြီးအကဲ၏ စကားကိုကြားလျှင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် အသက်ရှုကြပ်သလိုပင် ရုတ်တရက် ခံစားလိုက်ရသည်။

ယခုအခါတွင် သူမသည် အထွတ်အထိပ် အကြီးအကဲက ကျန်းချန်ကို အလျှော့ပေးရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သလဲ ဆိုသည်ကို နားလည်သွားခဲ့၏။

ယဲ့ထျန်းကျီသည် လွန်ခဲ့သောနှစ်(၅၀၀)ခန့်ကတည်းကပင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၂၁)နေရာတွင် ရှိနေခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် ယဲ့ထျန်းကျီသည် အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းမှ ထိပ်ဆုံးဆယ်ဦးဝင် နတ်သန္ဓေအင်ပါယာများနှင့်ပင် ယှဥ်နိုင်နေလောက်ပြီ ဖြစ်သည်။

သူတို့ စန်းယွဲ့ သူတော်စင်နယ်မြေကို မပြောနှင့်၊ ဟောင်ထျန်း သူတော်စင်နယ်မြေပင် ထိုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ကို ရင်ဆိုင်ရလျှင် ခေါင်းငုံ့ရလိမ့်မည်သာ။

"နိဗ္ဗာန်မြို့တော်က နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိပြီး ကျုံးကျိုးကုန်းမြေက မရေမတွက်နိုင်တဲ့ အင်အားစုတွေ ကြောက်ရွံ့ရတဲ့ မြို့တော်တစ်ခုပဲ.. ဒီကောင်လေးမှာ ယဲ့ထျန်းကျီရဲ့ တံဆိပ်ပြားတောင် ရှိနေတယ်ဆိုတော့ နိဗ္ဗာန်မြို့တော်က တကယ်ပဲ သူ့လက်အောက်မှာ သိမ်းသွင်းခံလိုက်ရတာ ဖြစ်နိုင်တယ်.. အခုအချိန်ကစပြီး စန်းယွဲ့ သူတော်စင်နယ်မြေကလူတွေအနေနဲ့ လူသားဧကရာဇ် နန်းတော်က ကျင့်ကြံသူတွေကို မစော်ကားမိအောင် ဂရုစိုက်ကြပါ"

ထိုစကားကို ပြောပြီးသည်နှင့် အထွတ်အထိပ် အကြီးအကဲ၏ ပုံရိပ်သည် ချက်ချင်းပင် လေထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် အထွတ်အထိပ်အကြီးအကဲ ပျောက်ကွယ်သွားသောနေရာကို ကြည့်နေရင်း စိတ်ထဲတွင် မပြုံးဘဲ မနေနိုင်တော့ပေ။

မူလက သူမသည် မြောက်ပိုင်း တောရိုင်းဒေသမှ ရောက်လာသော မုန့်ချင်းရွှယ်ကို စွန့်လွှတ်ခြင်းက ကြီးမားသောကိစ္စ တစ်ခု မဟုတ်ဟု ထင်ခဲ့သည်။

သို့သော်လည်း အဆုံးသတ်တွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကို တံခါးဝထိ ခေါ်လာမိမည်မှန်း မည်သူက ကြိုတင် သိနိုင်ပါမည်နည်း။

ဤတစ်ကြိမ်တွင် သူမ တကယ်ပဲ မှားယွင်းသွားခဲ့ချေပြီ။

စန်းယွဲ့ သူတော်စင်နယ်မြေ၏ အပြင်ဘက်ရှိ တောင်တန်းတစ်ခုတွင် ယွဲ့စစ်ချင်းနှင့် ယွဲ့စစ်ယွင်တို့သည် ပုန်းအောင်း၍ ရှိနေကြသည်။

သူမတို့၏ အကြည့်သည် စန်းယွဲ့ သူတော်စင်နယ်မြေ၏ ဝင်ပေါက်ဆီသို့ ရောက်ရှိနေခဲ့ကြ၏။

"အစ်မ.. အစ်ကိုကြီးကျန်းချန်က အစ်မမုန့်ချင်းရွှယ်ကို ခေါ်ပြီး စန်းယွဲ့ သူတော်စင်နယ်မြေကနေ ထွက်လာနိုင်ပါ့မလား"

ယွဲ့စစ်ယွင်က သူမနံဘေးရှိ ယွဲ့စစ်ချင်းကို ကြည့်ကာ မေးလိုက်သည်။

သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် စိုးရိမ်ပူပန်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"မစိုးရိမ်ပါနဲ့.. သခင်လေးကျန်းက လူကောင်းပါ ဘာမှမဖြစ်လောက်ပါဘူး"

ယွဲ့စစ်ချင်းက သူမ၏ ညီမလေးကို နှစ်သိမ့်ပေးလိုက်သည်။

သူမက နှုတ်ကနေသာ ဤကဲ့သို့ နှစ်သိမ့်နေသော်လည်း စိတ်ထဲကမူ မသိမသာ သက်ပြင်းချမိလိုက်၏။

သခင်လေးကျန်းက အလွန်တရာ သန်မာပြီး ထူးခြားသောပါရမီရှင်တစ်ယောက် ဖြစ်သည်။

သို့သော်လည်း စန်းယွဲ့ သူတော်စင်နယ်မြေသည် ကျုံးကျိုးကုန်းမြေ၏ လျှို့ဝှက်နယ်မြေ ရှစ်ခုထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး အင်အားမှာ ခန့်မှန်းရခက်ခဲသည်။

သခင်လေးကျန်းချန်၏ ပါရမီက ကောင်းကင်ကိုပင် ဆန့်ကျင်နေလျှင်ပင် စန်းယွဲ့ သူတော်စင်နယ်မြေကို ရင်ဆိုင်ရန်မှာ ခက်ခဲလိမ့်မည်ဟု သူမ ထင်မိ၏။

ယွဲ့စစ်ချင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်စဥ်မှာပင် စန်းယွဲ့ သူတော်စင်နယ်မြေ၏ ဝင်ပေါက်ကနေ အာကာပြင်လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ပုံရိပ်သုံးခုသည် ထိုအာကာပြင်လှိုင်းထဲကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။

"အစ်ကိုကြီး ကျန်းချန်လား"

အာကာပြင်လှိုင်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာသည့် ပုံရိပ်ကိုမြင်လျှင် ယွဲ့စစ်ယွင်၏ လှပသော မျက်ဝန်းလေးတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"သူ..သူ တကယ်ပဲ လုပ်နိုင်ခဲ့တယ်လား"

ဤအချိန်တွင် ယွဲ့စစ်ချင်းသည် လေထုထဲမှ ကျန်းချန်ကိုကြည့်ကာ သူမ၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

သိထားရမည်မှာ စန်းယွဲ့ သူတော်စင်နယ်မြေသည် မုန့်ချင်းရွှယ်ကို အသုံးချပြီး သူရိန်နယ်မြေနှင့် သဘောတူညီမှု တစ်ခုကို ရယူထားခဲ့သည်။

သို့ဖြစ်၍ သခင်လေး ကျန်းချန်သည် မုန့်ချင်းရွှယ်ကို အလွယ်တကူ ခေါ်ထုတ်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို စန်းယွဲ့ သူတော်စင်နယ်မြေကနေ ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့သည်။

စန်းယွဲ့ သူတော်စင်နယ်မြေသည် သူရိန်နယ်မြေနှင့် သဘောတူညီမှုကို ချိုးဖျက်ကာ သခင်လေး ကျန်းချန်ကို မုန့်ချင်းရွှယ်အား ခေါ်သွားခွင့်ပြုခဲ့ပါသလော။

သခင်လေး ကျန်းချန် မည်ကဲ့သို့ လုပ်ဆောင်ခဲ့သလဲ ဆိုသည်ကို သူမ ဘယ်လိုမှ တွေးမရခဲ့ပေ။

"အစ်ကိုကြီးကျန်းချန် အစ်မမုန့်ချင်းရွှယ်ကို ကယ်နိုင်ခဲ့ပြီပေ့ါ"

ကျန်းချန်တို့ သုံးယောက် စန်းယွဲ့ သူတော်စင်နယ်မြေကနေ ထွက်လာသည်ကို မြင်လျှင် ယွဲ့စစ်ယွင်သည် ပုန်းကွယ်နေရာကနေ ထွက်လာခဲ့ပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

"စစ်ယွင်.. မင်းကို ဒီနေရာကနေ ဝေးဝေးကို ထွက်သွားလို့ ငါမှာခဲ့တယ် မဟုတ်လား.. ဘာလို့ဒီမှာရှိနေသေးတာလဲ.. လာ ငါနဲ့အတူ လူသားဧကရာဇ် နန်းတော်ကို တစ်ခါတည်း လိုက်လာခဲ့တော့"

ကျန်းချန်က ယွဲ့စစ်ယွင်ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။

ယွဲ့စစ်ယွင်တို့ မောင်နှမနှစ်ယောက်သည် ယခုအခါတွင် စန်းယွဲ့ သူတော်စင်နယ်မြေကို ပြန်မသွားနိုင်တော့ပေ။

ထို့ကြောင့် သူမတို့ ထံတွင် ကျန်းချန်၏ အဆိုပြုချက်နှင့်ပတ်သက်၍ ဘာမှ ကန့်ကွက်စရာမရှိပေ။

ရလဒ်အနေဖြင့် သူတို့ ငါးဦးအဖွဲ့သည် သူတို့ အရှေ့ရှိ တောင်တန်းများထဲသို့ တိုးဝင်ကာ အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၁၃၂၂)ပြီး၏။

အခန်း(၁၃၂၃)

လူသားဧကရာဇ်နန်းတော်၏ လျှို့ဝှက်ခန်းမ တစ်ခုတွင် ကျန်းချန်နှင့် မုန့်ချင်းရွှယ်တို့သည် တင်ပျဥ်ခွေ၍ မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။

ကျန်းချန်က အနည်းငယ် စိတ်လှုပ်ရှားနေပုံရသော မုန့်ချင်းရွှယ်ကို ကြည့်ကာ ပြောလိုက်၏။

"ချင်းရွှယ် ဘာမှမစိုးရိမ်နဲ့.. ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး.. မင်းရဲ့လနတ်ကြမ္မာခန္ဓာကိုယ်ကို လုံးဝ နိုးထစေမှာသေချာပါတယ်"

လနတ်ကြမ္မာခန္ဓာကိုယ်သည် ရှန်းဝူတိုက်ကြီးတွင် အလွန်ရှားပါးသော ရှေးဟောင်းနတ်ခန္ဓာကိုယ်တစ်ခု ဖြစ်ပြီး နိုးထရန် အလွန်ပင် ခက်ခဲ၏။

မုန့်ချင်းရွှယ်ကို ပထမဦးဆုံး တွေ့ဆုံစဥ်က ကျန်းချန်၏ ခွန်အားသည် အလွန်ပင် နိမ့်ကျနေခဲ့သည်။

ထိုအချိန်က ကျန်းချန်သည် အဆ၁၀၀စနစ်၏ အကူအညီဖြင့် လနတ်ကြမ္မာခန္ဓာကိုယ်ကို နိုးထစေနိုင်သည့် နည်းလမ်းအား သိရှိခဲ့ပြီး လနတ်ကြမ္မာခန္ဓာကိုယ်ကို ထိန်းချုပ်ကာ မုန့်ချင်းရွှယ်၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ သူ၏ခွန်အားသည် ယခင်ကနှင့်မတူတော့ပေ။

သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ်ကို လုံးဝ နိုးထစေရန် အပြည့်အဝ ကူညီနိုင်တော့မည် ဖြစ်၏။

ထို့ကြောင့် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို လူသားဧကရာဇ်နန်းတော်သို့ ပြန်ခေါ်လာပြီးနောက်တွင် လိုအပ်သည့်ပစ္စည်းများကို စတင် စုဆောင်းခဲ့သည်။

ငါးရက်၊ခြောက်ရက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် သူလိုအပ်သည့် ပစ္စည်းများအားလုံးကို အဆုံးသတ်၌ စုဆောင်းနိုင်ခဲ့ပြီး မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ်ကို နိုးထအောင်လုပ်ရန် အသင့် ဖြစ်နေခဲ့၏။

"ကျန်းချန် ကျွန်မရဲ့ဆရာကလည်း လနတ်ကြမ္မာခန္ဓာကိုယ်ပိုင်ရှင်ပဲ.. ဘာလို့ သူ့ကို အရင် နိုးထအောင် မလုပ်ပေးတာလဲ"

မုန့်ချင်းရွှယ်က အနည်းငယ် တုံ့ဆိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။

မုန့်ချင်းရွှယ်၏ အမြင်တွင် သူမ၏ ဆရာ ယွဲ့ချန်ယင်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၍ လနတ်ကြမ္မာခန္ဓာကိုယ်သာ အပြည့်အဝ နိုးထလာနိုင်ခဲ့လျှင် ခွန်အားက အဆများစွာ တိုးမြှင့်လာမည်မှာ သေချာသလောက်ပင်။

သူမ၏ဆရာသာ ခွန်အား မြင့်မားလာခဲ့လျှင် လူသားဧကရာဇ်နန်းတော် အတွက်လည်း ပိုမို၍ အထောက်အကူ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

"ငါက မင်းရဲ့ဆရာကို မကူညီချင်တာ မဟုတ်ပါဘူး.. တကယ်တော့ မင်း ဆရာရဲ့ ခန္ဓာကိုယ်က လနတ်ကြမ္မာ ခန္ဓာကိုယ်အစစ် မဟုတ်ဘူး.. သူမရဲ့ခန္ဓာကိုယ်က စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ အင်ပါယာသွေးစွမ်းအား ပြောင်းလဲသွားရာကနေ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ပဲ.. ဒီခန္ဓာကိုယ်က လနတ်ကြမ္မာခန္ဓာကိုယ်နဲ့ အတော်ပဲဆင်တူတယ်.. စန်းယွဲ့ သူတော်စင်နယ်မြေက ဒီခန္ဓာကိုယ်ကို လနတ်ကြမ္မာ ခန္ဓာကိုယ်လို့ မှားယွင်း သတ်မှတ်ခဲ့တာပဲ"

ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

မုန့်ချင်းရွှယ်ကို အဆုံးမဲ့ပင်လယ်ထဲတွင် အခြားသော လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင်က ကယ်တင်ခဲ့သည်ကို သိရှိလိုက်ရကတည်းကပင် ကျန်းချန်၏ စိတ်ထဲတွင် သံသယများ ရှိနှင့်နေခဲ့ပြီးသား ဖြစ်သည်။

ဆိုရလျှင် လနတ်ကြမ္မာခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ခန္ဓာကိုယ်တစ်ခု ဖြစ်ပြီး ခေတ်တစ်ခေတ်တွင် လနတ်ကြမ္မာခန္ဓာကိုယ် နှစ်ခု မွေးဖွားနိုင်စွမ်းမှာ ဖြစ်နိုင်ခြေ အလွန်နည်း၏။

ထို့အပြင် လနတ်ကြမ္မာ ခန္ဓာကိုယ်အား နိုးထစေနိုင်သည့် နည်းလမ်းအား မသိရှိလျှင် ခန္ဓာကိုယ်ပိုင်ရှင်သည် မည်သည့်နည်းနှင့်မှ အသက်ရှင်နိုင်မည် မဟုတ်ပေ။

ကျန်းချန်သည် စန်းယွဲ့ သူတော်စင်နယ်မြေတွင် ယွဲ့ချန်ယင်ကို မြင်လိုက်သည့် အခိုက်မှာပင် တစ်ချက် ကြည့်ရုံဖြင့် လနတ်ကြမ္မာခန္ဓာကိုယ် အစစ်မဟုတ်မှန်း သိရှိခဲ့သည်။

စန်းယွဲ့ သူတော်စင်နယ်မြေသည် ယွဲ့ချန်ယင်၏ ခန္ဓာကိုယ်အကြောင်း မှားယွင်းစွာ တွက်ချက်မိခဲ့ပြီး မုန့်ချင်းရွှယ်လို လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင်ကို တန်ဖိုးမထားခဲ့ဘဲ သူတော်စင်သမီးတော်ကို ကယ်တင်ရန် အတွက် အပေးအယူလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

စင်စစ် စန်းယွဲ့ သူတော်စင်နယ်မြေသည် လနတ်ကြမ္မာခန္ဓာကိုယ်က မည်မျှ ကြောက်မက်စရာကောင်းမှန်း မသိခဲ့ပေ။

ဆိုရလျှင် လျှို့ဝှက်နယ်မြေရှစ်ခုရှိ ကြယ်ကိုးပွင့် သွေးစွမ်းအားပိုင်ရှင်များပင် လနတ်ကြမ္မာခန္ဓာကိုယ်ပိုင်ရှင်နှင့် နှိုင်းယှဥ်၍ မရချေ။

စစ်မှန်သော လနတ်ကြမ္မာ ခန္ဓာကိုယ်သည် အင်ပါယာခန္ဓာကိုယ်နှင့်ပင် နှိုင်းယှဥ်နိုင်၏။

မုန့်ချင်းရွှယ်သာ လနတ်ကြမ္မာ ခန္ဓာကိုယ်ကို လုံးဝ နိုးထနိုင်ခဲ့လျှင် အချိန်တိုအတွင်း သူမသည် ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်သည့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။

"အခု ဘာလုပ်ရမလဲ"

သူမ၏ ဆရာက လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင် အစစ်မဟုတ်မှန်း သိလျှင် မုန့်ချင်းရွှယ်သည် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"စိတ်အေးအေးထားပါ.. ကျန်တဲ့ကိစ္စအားလုံး ငါ့ကိုသာလွှဲထားလိုက်"

စကားဆုံးသည်နှင့် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သောလက်ဟန်များကို အလျင်အမြန် ပြုလုပ်ကာ မုန့်ချင်းရွှယ်ကို သက်ရောက်စေလိုက်သည်။

လနတ်ကြမ္မာခန္ဓာကိုယ်သည် နတ်ခန္ဓာကိုယ်တစ်ခု ဖြစ်သော်လည်း အေးခဲအဆိပ်နှင့် တွဲဖက်နေသော ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။

ယခင်က ကျန်းချန်သည် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ထဲမှ သေစေနိုင်သော အေးခဲအဆိပ်ကို ပိတ်ဆို့ရုံသာ တတ်နိုင်ခဲ့ပြီး လနတ်ကြမ္မာ ခန္ဓာကိုယ်၏ ပြဿနာကို လုံးလုံးလျားလျား မဖြေရှင်းနိုင်ခဲ့ပေ။

လနတ်ကြမ္မာခန္ဓာကိုယ်ကို လုံးဝ နိုးထစေရန်အတွက် ကျန်းချန် လုပ်ရမည့်အရာမှာ အေးခဲအဆိပ်ကို ပိတ်ဆို့ကာ မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ထဲကနေ လုံးဝဖယ်ရှားပစ်ရန်ပင်။

ကျန်းချန်၏ စွမ်းအားများက မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ထဲကနေ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

အအေးဓာတ်က ချက်ချင်းဆိုသလိုပင် ခန်းမကို ပြည့်နှက်သွားခဲ့ပြီး ခန်းမတစ်ခုလုံး၏ အပူချိန်ကိုပင် အနည်းငယ်လျော့ကျသွားစေခဲ့သည်။

ထို့နောက်တွင် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ကို ကြည်လင်တောက်ပသော ရေခဲခရစ္စတယ်က ဖုံးအုပ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် မုန့်ချင်းရွှယ်ကို ရေခဲပန်းပုရုပ် တစ်ရုပ်နှယ် ဖြစ်စေခဲ့၏။

မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ကနေ အေးခဲအဆိပ် ထွက်ပေါ်လာသည်ကို မြင်သည်နှင့် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ မီးနယ်မြေကို ထုတ်ဖော်ကာ ခန်းမထဲရှိ အအေးဓာတ်ကို ဖိနှိပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ လက်ဖဝါးကနေ သွေးနီရောင် သစ်သား အပိုင်းအစတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ မီးနယ်မြေထက်ပင် ပိုမိုပူပြင်းသည့် အရှိန်အဝါတစ်ခုသည် ထိုသွေးနီရောင် သစ်သားကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။

ထိုသွေးနီရောင်သစ်သားသည် နိဗ္ဗာန်မြို့တော်၏ ဘဏ္ဍာတိုက်ထဲကနေ ကျန်းချန် ရှာတွေ့ခဲ့သည့် ဖီးနစ်သွေး နတ်သစ်သား ဖြစ်သည်။

ဒဏ္ဍာရီအရ ဖီးနစ်သွေး နတ်သစ်ပင်သည် ဖီးနစ်နတ်သားရဲ သေဆုံးချိန်တွင် ၎င်း၏ သွေးအိုင်ကနေ ပေါက်လာခဲ့သော သစ်ပင်တစ်ပင် ဖြစ်သည်။

ထို့ကြောင့် ဖီးနစ်သွေး နတ်သစ်ပင်သည် လနတ်ကြမ္မာခန္ဓာကိုယ်ကို ဖြေရှင်းရန် အတွက် အကောင်းဆုံး ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဖီးနစ်သွေးနတ်သစ်သားကို တိုက်ရိုက် ထိန်းချုပ်ကာ မုန့်ချင်းရွှယ် ဆီသို့ လက်ညှိုးဖြင့် ညွှန်လိုက်သည်။

ဖီးနစ်သွေးနတ်သစ်သားသည် ချက်ချင်းပင် အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး မုန့်ချင်းရွှယ်၏ ဦးခေါင်းအထက်တွင် လွင့်မျောနေခဲ့၏။

ကျန်းချန်၏ လက်ဟန်များ အဆက်မပြတ် ပြောင်းလဲလာသည်နှင့်အမျှ ဖီးနစ်သွေးနတ်သစ်ပင် ပေါ်တွင် သွေးနီရောင်အရည်များ ဖြစ်ပေါ်လာခဲ့ပြီး အောက်ဘက်ရှိ မုန့်ချင်းရွှယ်ဆီသို့ ကျဆင်းသွားခဲ့သည်။

သွေးနီရောင် အရည်များသည် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီးနောက်တွင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

သွေးနီရောင် အရည်များ ဆက်တိုက်ဆိုသလို ကျဆင်းလာသည်နှင့်အမျှ မုန့်ချင်းရွှယ်၏ ဖြူဖျော့သော မျက်နှာသည် အဆုံးသတ်တွင် တဖြည်းဖြည်း ပန်းရောင်သမ်းလာခဲ့၏။

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စုဖွဲ့နေသည့် ထူထဲသော ရေခဲ ခရစ္စတယ်များသည်လည်း မျက်စိဖြင့် မြင်နိုင်လောက်‌သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

"ဖီးနစ်သွေးနတ်သစ်ပင်နဲ့ ဆိုတော့ ဒီသေစေနိုင်တဲ့ အေးခဲအဆိပ်က ပြဿနာမရှိတော့ဘူး.. နောက်တစ်ဆင့်အနေနဲ့ လနတ်ကြမ္မာ ခန္ဓာကိုယ်ကို လုံးဝ နိုးထစေဖို့အတွက် အစီအရင်ဖွဲ့စည်းပြီး ကောင်းကင်၊ မြေကြီး၊ နေ၊ လတို့ရဲ့ အဆီအနှစ်တွေကို အသုံးပြုရမယ်"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို အစီအရင်ဖွဲ့စည်းရန် အတွက် ပစ္စည်းများကို ထုတ်ယူကာ မုန့်ချင်းရွှယ်၏ ပတ်ဝန်းကျင်တွင် အစီအရင်များကို ဖွဲ့စည်းလိုက်သည်။

ထို့နောက်တွင် ကျန်းချန် ဖွဲ့စည်းလိုက်သည့် အစီအရင်ကနေ အစီအရင် သင်္ကေတများ ဖြစ်ပေါ်လာခဲ့ပြီး မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆယ်မီတာ အရွယ်အစားရှိသည့် ပိုးချည်လုံးကဲ့သို့ ဖုံးအုပ်သွားခဲ့သည်။

"နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ"

ထိုအရာကို လုပ်ဆောင်ပြီးနောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ သက်ပြင်းချလိုက်၏။

ယခုအခါတွင် သူက အေးခဲအဆိပ်ကို ဖြေရှင်းခဲ့ပြီး လနတ်ကြမ္မာခန္ဓာကိုယ်ကို အသက်သွင်းရန် အစီအရင်ကိုလည်း ဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်ရာ အရာအားလုံးသည် မုန့်ချင်းရွှယ် အပေါ်တွင်သာ မူတည်တော့သည်။

မုန့်ချင်းရွှယ်သည် အစီအရင်၏ အကူအညီဖြင့် ကောင်းကင်၊မြေကြီး၊ နေ၊ လတို့၏ အဆီအနှစ်ကို စုပ်ယူနိုင်သရွေ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ပိုးချည်များကို ဖြိုခွင်းကာ စစ်မှန်သော လနတ်ကြမ္မာ ခန္ဓာကိုယ်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ဤလုပ်ငန်းစဥ်က အလွန်ကြာမြင့်သည့် လုပ်ငန်းစဥ်မှန်း ကောင်းစွာသိခဲ့သည်။

ဆိုရလျှင် လနတ်ကြမ္မာ ခန္ဓာကိုယ်ကို အပြည့်အဝနိုးထရန်အတွက် အနည်းဆုံး နှစ်ဝက်မျှ ကြာမြင့်လိမ့်မည် ဖြစ်၏။

အကယ်၍သာ လနတ်ကျောက်တုံးကို ရှာတွေ့ခဲ့လျှင် လနတ်ကြမ္မာ ခန္ဓာကိုယ်ကို နိုးထနိုင်မည့်အချိန်အား များစွာ လျော့ချနိုင်လိမ့်မည် ဖြစ်သည်။

ထိုလနတ်ကျောက်တုံးသည် လနတ်ကြမ္မာ ခန္ဓာကိုယ်ကဲ့သို့ပင် ရှားပါးပြီး ရှာဖွေရါမလွယ်ကူပေ။

ယဲ့ချန်ကျွင်းဆီမှာ လနတ်ကျောက်တုံးနဲ့ ပတ်သက်တဲ့ သတင်းများ ရှိနေမလားမသိဘူး.. အပြင်ထွက်ပြီး မေးမြန်းကြည့်ရမယ်"

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် လျှို့ဝှက်ခန်းထဲကနေ ထွက်သွားခဲ့သည်။

အခန်း(၁၃၂၃)ပြီး၏။

All Chapters