← Chapters

ခေါက်သိမ်းနိုင်သော အာကာသလွန်းပျံယာဉ်

Vol. 9 Ch. 121

ခေါက်သိမ်းနိုင်သော အာကာသလွန်းပျံယာဉ်

Vol. 9 Ch. 121

ဖရန့်အတောင်ပံတစ်ဖက်မှာ ဆွဲဖဲ့ခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်၏ ဟန်ချက်ညီမှု ရုတ်တရက် ကျိုးပျက်သွားပြီး ဖရန့် လေထဲကနေ အလျင်အမြန် ပြုတ်ကျလာခဲ့သည်။

သူ့နောက်ကျောတွင် ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ ပိုပြီးရှက်စရာကောင်းတာက ဖုန့်​လင်းက မြင်းစီးနေသလို သူ့အပေါ်က စီးနေတာပါပဲ။

သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်နှင့် အပြင်းအထန် ထိမိသွားပြီး အတောင်ပံတစ်ဖက် လုံးဝဆွဲဖြုတ်ခံလိုက်ရသည့်နေရာတွင် သွေးထွက်လွန်နေသည့်ဒဏ်ရာကြီးတစ်ခု ဖြစ်သွားခဲ့သည်။ အခြားအတောင်ပံတစ်ဖက်မှာလည်း ထိခိုက်မှု၏ သက်ရောက်မှုကြောင့် ကျိုးသွားခဲ့သည်။

သူအနေနဲ့ တမန်တော်နတ်သားတစ်ပါးဖြစ်ပေမယ့် အတောင်ပံတွေကျိုးပြီး ဖုန့်လင်းလက်ချက်နဲ့ မြေပေါ် ပြုတ်ကျသွားတဲ့အတွက် သူ့ကိုယ်သူ အထင်ကြီးစိတ်လည်း မရှိတော့ပါဘူး။

ဘွမ်း၊ ဘွမ်း၊ ဘွမ်း!

လေးလံသည့် အသက်ရှုသံများ မြည်လာခဲ့ပြီး အစိမ်းရောင် ဧရာမပုံရိပ်တစ်ခုမှာ ဖုန့်လင်းနောက်တွင် ရပ်လာခဲ့၏။ ဤသည်မှာ အစောပိုင်းက အစိမ်းရောင် လူသန်ကြီးမှ လွဲ၍ မည်သူမှ မဟုတ်ပေ။

ဖရန့်အနေနှင့် လူသန်ကြီးကို အမိန့်များ မပေးတော့သည့်အတွက် ဖုန့်လင်းမှာ နောက်ဆုံးတွင် ​အစိမ်းရောင် လူသန်ကြီးကို အပြည့်အဝ စိတ်ညှို့နိုင်သွားပြီး သူ့စိတ်တိုင်းကျ ထိန်းချုပ်နိုင်သွားသည်။

"အာကာသလွန်းပျံယာဉ်ကို လက်လွှဲပေးပါ၊ ခင်ဗျားအသက်ကို ကျုပ် ချမ်းသာပေးမယ်" ဖုန့်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။ ဖရန့်က သူ့ကိုလှည့်စားခဲ့တယ်ဆိုပေမယ့် ဖုန့်လင်းအနေနဲ့ ဧရာမဆေးဝါးကုမ္ပဏီထဲကို ဝင်ရောက်ခြင်းကနေလည်း အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်ဆိုတာ အမှန်ပါပဲ။

ဖရန့်ကို သူ အသက်ချမ်းသာပေးဖို့ဆိုရင် ဖရန့်အနေနဲ့ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ချင်လား မလုပ်ချင်ဘူးလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ဖုန့်လင်းသာ ဖရန့်ကို အရမ်းဖိအားပေးမိရင် ပိုက်ကွန်လည်းပျက်ပြီး ငါးလည်းသေသွားနိုင်ပါတယ်။ ဖုန့်လင်းအနေနဲ့ ဘာတစ်ခုမှ ရမှာမဟုတ်ပါဘူး။

"အဟွတ် အဟွတ်!" ဖရန့်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားခဲ့ပြီး အကြီးအကျယ် ချောင်းဆိုးနေခဲ့ကာ သွေးများအန်နေခဲ့တော့၏။

သူ ခေါင်းငုံ့ပြီး ခပ်တိုးတိုးရယ်လိုက်သည်။ "မင်းတကယ်ပဲ နိုင်ပြီလို့ ထင်နေတာလား?"

ရုတ်တရက် သူ ကျယ်လောင်စွာ အော်လိုက်သည်။ "တီတာနဲ! (တိုက်တန်ကို ဂျာမန်ဘာသာစကားဖြင့်)"

သူ့အသံအတက်အကျထဲတွင် စည်းချက်ညီသည့်သံစဉ်များပါနေခဲ့ပြီး သူ့စကားလုံးများမှာ ကြောက်မက်ဖွယ် ဖြစ်တည်မှု တစ်ခုကို နိုးထစေရန် ကြိုးပမ်းနေသည့် ရှေးဟောင်းကျိန်စာတစ်ခုလိုပင်။

ခရက် ခရက်!

ဖုန့်လင်း အကြည့်ကို ရွှေ့လိုက်ရာ တိုက်တန်၏ ကျောက်ဆစ်ရုပ်ကဲ့သို့ခန္ဓာကိုယ်စတင် လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။ သူ့မျက်ခွံများမှာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့ပြီး အတွင်းတွင် နတ်ဘုရားအလင်းတစ်ခု လင်းလက်နေခဲ့သည်။ ဒါက အလျင်အမြန် နိုးထနေခဲ့ပါတယ်။

ဖုန့်လင်း အကြီးအကျယ် ရှော့ရသွားတော့သည်။

ဒီမတိုင်ခင်က စမ်းသပ်ခံတစ်ယောက်က လေနဲ့မိုးကြိုးတောင်ပံတွေ နိုးထပြီး ကြယ်တာရာကျင့်ကြံသူအဆင့်ကို ရောက်သွားခဲ့ပေမယ့် အဒီစမ်းသပ်ခံအနေနဲ့ တိုက်တန်လက်ချက်နဲ့ ချက်ချင်းသေသွားခဲ့ပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ဒီတိုက်တန်ရဲ့ စွမ်းအားအဆင့်က လက်ရွေးစင် ကျင့်ကြံသူတွေရဲ့ အဆင့်ကိုတောင် ရောက်နေနိုင်ပါတယ်။ ဒီတိုက်တန်က အရည်အသွေးနိမ့်တဲ့ထုတ်ကုန်ဖြစ်နေတယ်ဆိုရင်တောင် အခုအချိန်မှာ ဖန်းလင်း အနိုင်ယူနိုင်တဲ့အရာ မဟုတ်ပါဘူး။

ဒါပေမယ့် ဖရန့်အနေနဲ့ အရင်က တိုက်တန်ကို မသုံးခဲ့တာကိုထောက်ရင် ဒါကို နိုးထစေဖို့က မရိုးရှင်းဘူးလို့ ဆိုလိုတာပါ။ ဒီနေရာမှာ အချိန်နဲ့ လုပ်ထုံးလုပ်နည်းတစ်ခု လိုအပ်ပါလိမ့်မယ်။

ဖရန့် ထပ်မံ ဟိန်းဟောက်လိုက်သည်။၊ "အော့ဖ်~ (ထစမ်း!)"

ဖရန့် အော်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲက ဗီဇစွမ်းအင်တွေ တိုက်တန်ဆီကို စီးဆင်းသွားပြီး တိုက်တန်ရဲ့ ပင်ကိုယ်အသက်ဓာတ်ကို နိုးထစေဖို့ ကြိုးစားနေတာကို ဖုန့်လင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။

ဖုန့်လင်းအနေနဲ့ ဖရန့်ရဲ့လုပ်ထုံးလုပ်နည်းပြီး​တဲ့ထိ စောင့်နေရလောက်အောင် မတုံးသေးပါဘူး။ သူ့လက်ကို တစ်ချက်ညှစ်လိုက်တာနဲ့ အော်သံတွေ ရုတ်တရက် တိုးသွားပြီး ဖရန့်ရဲ့ မေးရိုးကို ဖိအားပေး၍ အဆစ်လွဲသွားစေခဲ့သည်။ ဖရန့် နောက်ထပ်စကားပြောနိုင်မှာ မဟုတ်တော့ပါဘူး။ သူ့မျက်လုံးများကိုသာ လိမ့်နေခဲ့ပြီး စိုးရိမ်မှုတို့ဖြင့် ပြည့်နေခဲ့သည်။

တိုက်တန်၏ လှုပ်ရှားမှုများမှာလည်း တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။

ထို့နောက် သူ အားသုံးပြီး ဖရန့်မေးရိုးကို မူလနေရာရောက်အောင် ပြန်တည့်ပေးလိုက်သည်။

"အော့ဖ်ဖွာဟန်! (နိုးထစမ်း!)" ဖရန့် ဟိန်းဟောက်လိုက်သည်! တိုက်တန်မှာ ထပ်မံလှုပ်ရှားလာခဲ့ပြီး မျက်လုံးများမှာ အလင်းတစ်ခုဖြင့် ဝင်းလက်နေခဲ့သည်။

နောက်ထပ်ဖျစ်ညစ်မှုတစ်ခုဖြင့် ဖုန့်လင်းမှာ ဖရန့်၏ မေးရိုးကို အဆစ်ပြန်လွဲသွားစေခဲ့သည်။ ဖရန့် ဘယ်လောက်ထိ ခေါင်းမာသလဲဆိုတာ မြင်လိုက်ရတော့ ဖုန့်လင်း စကားများမနေတော့ပါဘူး။ ဖရန့်ရဲ့ မေးရိုးကို ပြန်တည့်ပေးပြီး ဖရန့် ထပ်အော်ဖို့ ပြင်နေတာကို မြင်တာနဲ့ နောက်တစ်ခါ အဆစ်ပြန်လွဲသွားစေခဲ့ပါတယ်။

ဒီဟာက အကြိမ်အနည်းငယ်လောက် ထပ်ခါထပ်ခါ ဖြစ်လာတော့ ဖရန့်ရဲ့ ပါးစပ်နားတစ်ဝိုက်က အရမ်းရောင်နေပြီ။ သူ့အတွက် တိုက်တန်ကို နိုးထစေဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိလိုက်ရသည်နှင့် ရုန်းကန်နေတာကို ရပ်လိုက်တော့သည်။

"ခင်ဗျား နောက်ဆုံးတော့ ဘယ်လို နာခံရမယ်ဆိုတာ သင်ပြီးပြီပေါ့?" ဖုန့်လင်း ဖရန့်ရဲ့ မေးရိုးကို နောက်တစ်ခါ ပြန်တည့်ပေးပြီး သူ့မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်ပါတယ်။ "အာကာသလွန်းပျံယာဉ်ကို ကျုပ်ကိုပေး၊ ခင်ဗျားကို ဒီကနေ ထွက်သွားခွင့်ပေးမယ်!"

ဖရန့် ဆိတ်ဆိတ်သာနေခဲ့သည်။ သူ ဖုန့်လင်းကို ရက်ရက်စက်စက် စိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးများတွင် အငြိုးအာဃာတနှင့် အမုန်းတရားများ ပြည့်နေခဲ့သည်။

အာကာသလွန်းပျံယာဉ်နဲ့ပတ်သက်တဲ့ အသိပညာတွေ၊ အချက်အလက်တွေနဲ့ ပစ္စည်းတွေက ဧရာမဆေးဝါးကုမ္ပဏီရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါ။ သူ ဘယ်လိုလုပ် ထုတ်ပေးချင်မှာလဲ?

မားစ်ဂြိုဟ်တော်လှန်ရေးတပ်က ဧရာမဆေးဝါးကုမ္ပဏီရဲ့လက်ရှိအခြေစိုက်စခန်းကို ဖျက်ဆီးခဲ့တာဆိုရင်၊ ဖုန့်လင်းကိုတော့ ဧရာမဆေးဝါးကုမ္ပဏီ ပြန်လည်ရှင်သန်ဖို့ နောက်ဆုံးမျှော်လင့်ချက်ကို ဖျက်ဆီးခဲ့တဲ့သူလို့ ဆိုနိုင်ပါတယ်။

သူ့နှလုံးသားထဲမှာ ဖုန့်လင်းအပေါ် ပြင်းထန်တဲ့ အမုန်းတရားတွေပဲ ရှိနေပြီး ဘာတစ်ခုမှ ဖွင့်ပြောချင်စိတ် မရှိပါဘူး။

"ခင်ဗျား စကားမပြောချင်ဘူးလား?" ဖုန့်လင်း အေးစက်စွာ ရယ်လိုက်သည်ါ "ဒီကိစ္စမှာ ခင်ဗျားမှာ ရွေးချယ်စရာမရှိဘူး။"

သူ ရုတ်တရက် သူ့လက်ချောင်းများဖြင့် လက်ဟန်များ လုပ်လိုက်ပြီး ပုံသဏ္ဍာန်မရှိသည့် လှိုင်းတစ်ခု သူ့ဆီမှ ဖြာထွက်လာကာ ဖရန့်ဦးနှောက်ထဲသို့ စီးဝင်သွားခဲ့တော့၏။

ဖရန့်မျက်နှာထက်တွင် ထိတ်လန့်နေသည့်အကြည့်တစ်ခု ပေါ်လာခဲ့သည်။ ဖုန့်လင်း စိတ်ညှို့ပညာမှာ ကျွမ်းကျင်တယ်ဆိုတဲ့ အချက်ကို သူမေ့နေခဲ့ပါတယ်။

ဖုန့်လင်း၏ လက်ဟန်များမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး နတ်ဘုရားရိုက်နှက်ခြင်း ကျာပွတ်တံဆိပ်တော်အဖြစ် ပြောင်းသွားသည်။

ဟာ့!

ဖုန့်လင်း အသက်ရှုထုတ်လိုက်သည်။ သူ၏ ရက်စက်လှသော ကျာပွတ်ရိုက်ချက်မှ ထုတ်လွှတ်လိုက်သည့် စွမ်းအားမှာ အလွန်အမင်း ဖိနှိပ်နိုင်စွမ်း ရှိနေခဲ့ပြီး ဤတံဆိပ်တော်ထဲသို့ သူ စီးဆင်းစေခဲ့သည့် စိတ်စွမ်းအင်မှာ ရုပ်ပိုင်းဆိုင်ရာအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဖရန့်မျက်နှာမှာ တွန့်လိမ်သွားခဲ့သည်။ ကျာပွတ်ရိုက်ချက်အောက်တွင် သူ၏ စိတ်အကာအကွယ်များ ပြိုကွဲသွားပြီး သူ့စိတ်မှာ ဖရိုဖရဲအခြေအနေထဲသို့ ကျဆင်းသွားသည်ဟု ခံစားနေရတော့၏။

ထို့နောက် ဖုန့်လင်းလက်ဟန်မှာ ယင်-ယန် ကြေးမုံတံဆိပ်တော်အဖြစ် ပြောင်းလဲသွားပြီး ဤတံဆိပ်တော်မှာ ကြည့်မိသည့်လူများကို တွေဝေမိန်းမောသွားစေကာ ပုံရိပ်ယောင်တစ်ခုထဲသို့ ကျရောက်သွားစေသည်။

ဖရန့်မျက်လုံးထဲရှိ အလင်းမှာ တဖြည်းဖြည်း နောက်ကျိလာပြီး သူ ထုံထိုင်းသွားခဲ့သည်။

ဖုန့်လင်း ယင်-ယန် ကြေးမုံတံဆိပ်တော်ကို သုံးပြီး ဖရန့်ကို အပြည့်အဝ စိတ်မညှို့ခင် အရင်ဆုံး နတ်ဘုရားရိုက်နှက်ခြင်း ကျာပွတ်တံဆိပ်တော်ကို သုံးပြီး ဖရန့်ရဲ့ စိတ်အကာအကွယ်တွေကို ဖျက်ဆီးလိုက်ပါတယ်။

"အာကာသလွန်းပျံယာဉ်က ဘယ်မှာလဲ?" ဖုန့်လင်း လေသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"ငါ့ဆီမှာ!" ဖရန့် ဗလုံးဗထွေး ရေရွတ်လိုက်သည်။

"ခင်ဗျားဆီမှာလား?" ဖုန့်လင်း တုန်လှုပ်သွားသည်။ ဒါက ဘယ်လိုအခြေအနေမျိုးလဲ?

ဧရာမအာကာသလွန်းပျံယာဉ်ကြီးကို လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုဝှက်ထားနိုင်တာလဲ?

သို့သော်လည်း ဖရန့်မှာ လုံးဝ စိတ်ညှို့ခံထားရပြီး အမိန့်အားလုံးကို ကျိုးနွံစွာ လိုက်နာနေပြီဖြစ်ကာ သူ့အတွက် လိမ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။

ဖုန့်လင်းမျက်လုံးများ ဝင်းလက်သွားခဲ့ပြီး အသေးစိတ် ထပ်မေးလိုက်သည်၊ "အတိအကျ ဘယ်နေရာမှာလဲ?"

ဖရန့် လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းတစ်ခုပေါ်တွင် နည်းပညာဆန်သည့်အငွေ့အသက်များ ထုတ်လွှတ်နေသော ကြယ်သီးအရွယ်လက်စွပ်တစ်ကွင်း ရှိနေခဲ့သည်။

"ဒါ ငါ့ရဲ့အာကာသလွန်းပျံယာဉ် လက်စွပ်ပဲ! ဒီဟာက ခေါက်သိမ်းထားနိုင်တဲ့ အာကာသယာဉ်ပဲ။ မင်း ဒါကိုဝတ်လိုက်ရင် မင်းရဲ့ဗီဇအချက်အလက်တွေကို ယာဥ်နဲ့ အလိုအလျောက်ချိတ်ဆက်ပေးလိမ့်မယ်။ မင်း မှန်ကန်တဲ့စကားဝှက်ကိုထည့်လိုက်တာနဲ့ အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာရသွားလိမ့်မယ်။ စကားဝှက်က wycwds20181210..."

ဖရန့်မှာ ခုခံခြင်းကို လုံးဝရပ်တန့်ထားပြီး စကားဝှက်အပြည့်အစုံကို ဖော်ပြလိုက်ကာ ဘာကိုမှ မဖုံးကွယ်ခဲ့ပေ။

ဖုန့်လင်း ဖရန့်လက်ချောင်းမှ လက်စွပ်ကိုယူ၍ ကိုယ်တိုင်ဝတ်လိုက်ပြီး လက်စွပ်မှ အပ်လေးများ သူ့ကိုစူးသွားသည်ကို ခံစားလိုက်ရသည်။ သူ ထိုအပ်လေးများကို ကြည့်လိုက်မိသည်။ ထိုအပ်လေးများမှာ အဆင့်မြင့်နည်းပညာကိုသုံး၍ အရာဝတ္ထုများကို ယင်း၏ အသုံးပြုသူနှင့် ချိတ်ဆက်ပေးသည့် ဗီဇဆိုင်ရာသက်သေများဖြစ်ပြီး ဤအရာမှာ သာမန်ပင်။

သူ့ဗီဇစွမ်းရည်ကို အသုံးမပြုဘဲနေခဲ့သည်။ ခဏအတွင်းပင် လက်စွပ်မှာ သူ၏ဗီဇဆိုင်ရာအချက်အလက်များကို လက်ခံယူလိုက်သည်။

"ဗီဇဆိုင်ရာ​ချိတ်ဆက်မှု အောင်မြင်ပါပြီ!" ချိတ်ဆက်မှုအောင်မြင်ပြီးနောက် ဖုန့်လင်းမှာ အမြင့်ဆုံးအဆင့် အခွင့်အာဏာ ရရှိရန် စကားဝှက်ကိုထည့်လိုက်ပြီး ထို့နောက်တွင် သူ့မျက်လုံးရှေ့၌ အချက်အလက်စီးကြောင်းများ ချက်ချင်း ပေါ်လာခဲ့တော့၏။

ဖုန့်လင်းမျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ဖရန့် အမှန်ပင် မလိမ်ခဲ့ကြောင်း သူ နားလည်လိုက်သည်။ ဤအရာသည် ခေါက်သိမ်းထားနိုင်သော အာကာသလွန်းပျံယာဉ်ပင်။

အာကာသဟင်းလင်းပြင်ကို ခေါက်ထားနိုင်သည့် အဆင့်မြင့်နည်းပညာဖြင့် ဤယာဉ်ကို ခေါက်ထားသည့် အာကာသအတွင်း ထည့်သွင်းထားပြီး မည်သည့်နေရာကိုမဆို သယ်ဆောင်သွားနိုင်သည်။ ပုံမှန်အားဖြင့် ဤနည်းပညာကို စက်ရုပ်များနှင့် အာကာသလွန်းပျံယာဉ်ကဲ့သို့သော အရွယ်အစားကြိီးသည့် နည်းပညာမြင့်ပစ္စည်းများတွင်သာ အသုံးပြုလေ့ရှိသည်။

ဤကဲ့သို့သော နည်းပညာသည် နေအဖွဲ့အစည်းကဲ့သို့ ခေတ်နောက်ကျနေသောနေရာမျိုးတွင် မရှိနေသင့်ပေ!

ဧရာမဆေးဝါးကုမ္ပဏီမှာ တခြားလျှို့ဝှက်ချက်တွေ ရှိနေသေးတာ ဖြစ်နိုင်လား? သူတို့အနေနဲ့ အထွတ်အထိပ်ကြယ်တာရာအင်ပါယာတစ်ခုရဲ့ အထောက်အပံ့ကို ရထားတာလား?

ဖုန့်လင်း သံသယများ ဝင်လာခဲ့ပြီး ထပ်မေးရန် ပြင်နေစဉ် အသံတစ်ခု ကြားလိုက်ရသည်။

ဖုန့်လင်း အကြည့်ရွှေ့လိုက်ရာ ဖရန့်ပါးစပ်ထဲတွင် သွေးများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့လျှာကိုသူ ကိုက်ဖြတ်လိုက်ခြင်းပင်။

ကြယ်တာရာကျင့်ကြံသူတစ်ဦးအနေနှင့် မည်မျှအားကောင်းသည့် စိတ်ညှို့ပညာဖြစ်စေကာမူ နောက်ဆုံးတွင် သူ့ပင်ကိုယ်သိစိတ်သည် ဆိုးဆိုးရွားရွားဖြစ်မလာခင် အချိန်မနှောင်းမီ သူ့ကို သတိပေးမည်သာဖြစ်သည်။ ထို့ကြောင့် သူ ဤရက်စက်သောနည်းလမ်းအရ သူ့ကိုယ်သူ နိုးထလာစေလိုက်သည်။

"မင်း တကယ်ပဲ အနိုင်ရပြီလို့ ထင်နေသလား? ငါ မင်းကို သေစေချင်တယ်!"

ဖရန့် စကားတစ်လုံးချင်းစီ ပြောလိုက်ပြီး သူ့မျက်နှာပေါ်တွင် ပြင်းထန်သည့် အမုန်းတရားများ ပေါ်နေခဲ့သည်။

ဝုန်း ဝုန်း~!

တိုက်တန်း၏ မျက်လုံးများမှာ အလင်းတစ်ခုဖြင့် ပြန်လည်တောက်ပလာပြီး ရုတ်တရက် အသက်ဝင်လာခဲ့သည်။ သူ၏ ဧရာမလက်သီးများဖြင့် ဖန်လုံခန်းကို ရိုက်ခွဲကာ အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။

"ခွင့်ပြုချက်ရရှိထားသော ပိုင်ရှင် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသည်။ နိုးထသည့်ဖြစ်စဥ်မှာ အလိုအလျောက်စနစ်​ဖြစ်သွားပါပြီ။"

ဖုန့်လင်း အကြီးကျယ် ရှော့ရသွားခဲ့သည်။ တိုက်တန်ကို နိုးထစေရန် ဒုတိယနည်းလမ်းတစ်ခု ရှိနေမည်ကို သူ မမျှော်လင့်ထားခဲ့ပေ။ သူ အတွက်မှားသွားသည်!

ဤအတုအယောင် ​နတ်ဘုရားမှာ အသက်ဝင်လာခဲ့လေပြီ!

All Chapters