တိုက်တန်၏ စွမ်းအား
Vol. 9 Ch. 123
တိုက်တန်များမှာ မွေးရာပါနတ်ဘုရားများဖြစ်ကြပြီး ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များသည် ဖုန့်လင်းခန့်မှန်းချက်ထက် အဆပေါင်းများစွာသာလွန်နေကြသည်။
ဖုန့်လင်း၏ စိတ်ညှို့မှုမှာ တိုက်တန်ကို မထိခိုက်နိုင်ခဲ့သည့်အပြင် သူ့ဘက်သို့ပင် ပြန်ကန်လာကာ ခေါင်းကို ပုဆိန်ဖြင့် ခွဲခံရသကဲ့သို့ ပြင်းထန်သော ခေါင်းကိုက်မှုကို ခံစားလိုက်ရသည်။
စိတ်ညှို့ခြင်းမှာ လုံးလုံး ရှုံးနိမ့်သွားခဲ့သော်လည်း အရာရာ ပြီးဆုံးသွားခြင်း မဟုတ်ပေ။
တိုက်တန်များမှာ ဒဏ္ဍာရီထဲမှ ဘီလူးနတ်ဘုရားများပင်...
တိုက်တန်၏ စွမ်းအားကန့်သတ်ချက်များ တဖြည်းဖြည်း ပြေလျော့လာသည်နှင့်အမျှ ၎င်း၏ နဂိုမူလဧရာမခန္ဓာကိုယ်ကြီးမှာ ကြောက်ခမန်းလိလိ ကြီးမားလာကာ ၁၀ မီတာကျော် အမြင့် အထိ ရောက်သွားခဲ့ပြီး ယခုအချိန်တွင် ဤတိုက်တန်မှာ သေးငယ်သော တောင်တစ်ခုနှင့် တူနေခဲ့ကာ ဖုန့်လင်းအနားသို့ ရောက်မလာသေးသော်လည်း ၎င်းထံမှ ထိတ်လန့်ဖွယ် ဖိအားတစ်ခု ဖြာထွက်နေခဲ့သည်။
ဖုန့်လင်း သူ့စွမ်းအင်များကို စုစည်းလိုက်နေရင်း ကျောရိုးတစ်လျှောက်တွင် စိမ့်သွားသည်ဟု ခံစားလိုက်ရကာ လှုပ်ရှားမှုများ အေးခဲသွားခဲ့သည်။
ဤသည်မှာ အသက်စွမ်းအားကွာဟမှုကြောင့် ဖြစ်ပေါ်လာသော ဖိနှိပ်မှုတစ်ခုဖြစ်ပြီး ကြွက်တစ်ကောင် ကြောင်နှင့် ရင်ဆိုင်တွေ့နေသကဲ့သို့ သို့မဟုတ် ယုန်တစ်ကောင် ရက်စက်ကြမ်းကြုတ်သောကျားနှင့်ရင်ဆိုင်တွေ့နေသကဲ့သို့ပင်ဖြစ်သည်။ သားရဲကြီးများအနားသို့ မရောက်မီ ၎င်းတို့၏ နှလုံးသားမှ ကြောက်ရွံ့မှုကြောင့် တုန်နေသကဲ့သို့ပင်။
"ခွင့်ပြုချက်ရရှိထားသော ပိုင်ရှင်ကို သတ်ဖြတ်သူ သေရမယ်!"
တိုက်တန်ထံမှ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်ခု ထွက်လာခဲ့သည်။
တိုက်တန် ပိုအားကောင်းလာသည်နှင့်အမျှ ၎င်း၏ သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မှာလည်း ပိုမိုပြင်းထန်လာကာ ဖုန့်လင်းအား နှင်း နှင့် ရေခဲများဖြင့် ဖုံးလွှမ်းထားသော ကုန်းမြေတစ်ခုတွင် မြုပ်နှံထားသကဲ့သို့ ခံစားရစေပြီး မလှုပ်ရှားနိုင်ဖြစ်သွားစေခဲ့သည်။
သို့သော် အစိမ်းရောင် ဘီလူးမှာမူ ကမ္ဘာကြီးကို လုံးဝဂရုမစိုက်ဘဲ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ မူလကတည်းက ဤအစိမ်းရောင် ဘီလူးမှာ အလိုအလျောက်တုံ့ပြန်မှုအတိုင်း လုပ်ဆောင်သော လူသားပုံစံ သားရဲတစ်ကောင်ဖြစ်ပြီး တိုက်ခိုက်မှုကြာလာသည်နှင့်အမျှ ၎င်း၏ အပြုအမူများမှာ ပိုမိုရိုင်းစိုင်းလာကာ ကျိုးကြောင်းဆင်ခြင်နိုင်သည့် အသိစိတ်များ ဆုံးရှုံးသွားသည်။
ကြောက်ရွံ့မှုလား? အဲဒါ ဘာလဲ?
အစိမ်းရောင် ဘီလူး၏ စိတ်ထဲတွင် ထိုကဲ့သို့သော အယူအဆမျိုး လုံးဝမရှိပေ။
အစိမ်းရောင် ဘီလူး မြေပြင်ကို အပြင်းအထန် ဆောင့်နင်းလိုက်သည်နှင့် မြေပြင်ကိုတုန်လှုပ်သွားစေခဲ့သည်။ သူ့တစ်ကိုယ်လုံး လေထဲသို့ မြောက်တက်သွားပြီး ၎င်း၏ လက်သီးနှစ်ဖက်ကို ထုချလိုက်သည်မှာ ကောင်းကင်ပေါ်မှ ကျလာသော ဧရာမတူကြီးသဖွယ်ဖြစ်နေခဲ့ပြီး တိုက်ခိုက်မှုမှာ တိုက်တန်၏ ခေါင်းကို ချိန်ရွယ်ထားခဲ့သည်။
သို့သော် တိုက်တန်၏ မျက်လုံးများတွင် အေးစက်သည့် အလင်းတစ်ခု မှိတ်တုတ်မှိတ်တုတ်ဖြစ်လာကာ ၎င်း၏ ဧရာမလက်ကြီးများကိုသုံး၍ အံ့သြလောက်သည့် အမြန်နှုန်းဖြင့် ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်ကာ အစိမ်းရောင်ဘီလူးကို ဖမ်းမိသွားသည်။ တိုက်တန်မှာ ဘီလူးကို လက်ထဲတွင်ကိုင်ထားပြီး အဆက်မပြတ် ထိုးနှက်နေသည်မှာ အရွယ်ရောက်ပြီးသားလူတစ်ဦးက ကလေးငယ်တစ်ဦးကို အနိုင်ကျင့်နေသကဲ့သို့ပင်။
အစိမ်းရောင် ဘီလူး၏ မျက်နှာထက်တွင် မုန်းတီးနေသည့် အမူအရာတစ်ခုရှိနေခဲ့ပြီး ဆုပ်ကိုင်ထးသည်မှ လွတ်မြောက်ရန် အရူးအမူး ရုန်းကန်နေကာ ခုခံရန်အတွက်လည်း အသင့်ပြင်ထားသည်။
တိုက်တန်မှာ လက်နှစ်ဖက်လုံးကို ဖိထားပြီး အစိမ်းရောင် ဘီလူးကို သေသည်အထိ ညှစ်သတ်လိုနေခဲ့ကာ အစိမ်းရောင် ဘီလူး၏ ခန္ဓာကိုယ်မှ ကျိုးပဲ့သံများ ထွက်ပေါ်လာပြီး အစိမ်းရောင်ဘီလူးကို မချိမဆံ့နာကျင်မှုကြောင့် စူးစူးဝါးဝါးအော်နေစေခဲ့တော့သည်။ အသားပြားတစ်ခုအဖြစ် ဖိသိပ်ခံရမည့် အခြေအနေသို့ ရောက်ရှိလာသည်။
တစ်ချိန်တည်းမှာပင် တိုက်တန်၏ မျက်လုံးများမှ မီးလျှံကဲ့သို့အနီရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီး အလွန်မြင့်မားသော အပူချိန်ဖြင့် အစိမ်းရောင် ဘီလူးကို မီးကင်ချင်နေခဲ့သည်။
သို့သော် အစိမ်းရောင် ဘီလူး၏ အရေပြားမှာ မရပ်မနား လူးလွန့်နေခဲ့ပြီး ရေဒီယိုသတ္တိကြွမှုဖြင့် ပြည့်နေသော အနီရောင်အလင်းကို စုပ်ယူကာ ၎င်း၏ခန္ဓာကိုယ်မှာ ကြွက်သားများ ပြန့်ကားလာသည်နှင့်အမျှ ပိုမိုကြီးမားလာခဲ့တော့၏။ အစိမ်းရောင် သွေးကြောများ တဒုတ်ဒုတ်နှင့် အရူးအမူး ခုန်လာသည်နှင့်အမျှ အင်အားများ ပိုမိုတိုးလာခဲ့ပြီး တိုက်တန်၏ ဆုပ်ကိုင်မှုမှ တဖြည်းဖြည်း လွတ်မြောက်လာနိုင်ခဲ့သည်။
"ဟမ်?"
တိုက်တန် မျက်မှောင်ကြုပ်လိုက်ပြီး လူသားသဘာဝနှင့်ဆင်တူသော ဒေါသထွက်နေသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
၎င်းတွင် မည်သည့် စိတ်ခံစားမှုမျှမရှိသော်လည်း ဗီဇစက်မှုပညာရပ်၏ အထွတ်အထိပ် ဖန်တီးမှုဖြစ်သော ဤအတုအယောင် နတ်ဘုရားမှာ သာမန်လူသားများထက် အသိဉာဏ်အရာတွင် အဆများစွာ သာလွန်နေသည်။
တဒင်္ဂအတွင်းပင် တိုက်တန်အနေဖြင့် အစိမ်းရောင် ဘီလူးသည် ရေဒီယိုသတ္တိကြွမှုကို စုပ်ယူကာ သူ့ကိုယ်ပိုင်အင်အားကို တိုးရန်လုပ်နိုင်ကြောင်း သိရှိသွားသည်။ ရှင်းလင်းစွာပင် ဤအစိမ်းရောင်ပိုးကောင်လေးအတွက် အကျိုးရှိနိုင်မည့် မိုက်မဲသော အရာများကို သူ ထပ်မလုပ်တော့ပေ။
ချီ၊ ချီ၊ ချီ!
ထို့နောက်တွင် တိုက်တန်၏ မျက်လုံးများမှ လျှပ်စီးကြောင်းတစ်ခု ပစ်လွှတ်လိုက်ကာ အစိမ်းရောင် ဘီလူးကို ထိမှန်စေခဲ့သည်။ ဗို့အားမြင့်လျှပ်စီးမှာ အစိမ်းရောင် ဘီလူး၏ ခန္ဓာကိုယ်ကို အမည်းရောင် ပြောင်းသွားစေခဲ့ပြီး စူးစူးဝါးဝါးအော်ဟစ်စေခဲ့သည်။
ဤသည်မှာ အစိမ်းရောင် ဘီလူးဗီဇသည် ကျောက်တုံးမျောက်ဗီဇထက် နိမ့်ကျသည့်နေရာပင်ဖြစ်ပြီး အစိမ်းရောင်ဘီလူးမှာ ရေဒီယိုသတ္တိကြွစွမ်းအင်ကို စုပ်ယူ၍ ကိုယ့်ကိုယ်ကို အားဖြည့်နိုင်သော်လည်း စွမ်းအင်ကာကွယ်မှုနှင့် ခုခံနိုင်မှုမှာ ကျောက်တုံးမျောက်ဗီဇ၏ အောက်တွင်ရှိနေခဲ့သည်။
နှစ်ခုစလုံး အထွတ်အထိပ်ဗီဇများဖြစ်သော်လည်း အစိမ်းရောင် ဘီလူးမှာ တိုက်တန်၏ စွမ်းအားကို ခုခံနိုင်စွမ်းမရှိခဲ့ဘဲ လူကြီးတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်နေရသော ကလေးငယ်တစ်ဦးနှင့် တူနေခဲ့သည်။
ဖုန့်လင်းအကြည့်များမှာ တည်ငြိမ်အေးဆေးသွားခဲ့သည်။ ဒီအစိမ်းရောင် ဘီလူးက အလယ်အလတ်အဆင့် အထွတ်အထိပ်ဗီဇဖြစ်ပြီး ဒီတိုက်တန်ကလည်း အထွတ်အထိပ်ဗီဇပါပဲ။ ဒါပေမယ့် ကွာခြားချက်က ဘာလို့ ဒီလောက်ကြီးနေရတာလဲ? ဗီဇအဆင့်ကွာခြားမှုက ဒီလောက်ကြီးတဲ့ အင်အားကွာဟချက်ကို ဖြစ်စေနိုင်တာလား? တိုက်တန်ဗီဇက အဆင့်မြင့်အဆင့် အထွတ်အထိပ်ဗီဇ ဖြစ်နေတာလား?
ဖြစ်နိုင်ခြေရှိတာမဟုတ်ပါဘူး။ အနည်းဆုံး ပြောင်းလဲခြင်းအဆင့်က ဒါမှမဟုတ် ပြီးပြည့်စုံအဆင့်က အထွတ်အထိပ်ဗီဇတောင် ဖြစ်နိုင်ပါတယ်။!
ဖုန့်လင်းမှာ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဘယ်လိုရှုထောင့်ကပဲ ကြည့်ကြည့်၊ ဒီတိုက်တန်က သူ့ထက် အဆင့်အတန်း မြင့်နေပါတယ်။ ဒီတိုက်တန်က သူနဲ့ရင်ဆိုင်မိသူတိုင်းကို မလွဲမသွေ မျှော်လင့်ချက်မဲ့ပြီး အကူအညီမဲ့စေတဲ့ ခံစားချက်မျိုးကို ရစေနိုင်လောက်တဲ့ အရာမျိုးပါ။
ဒါပေမာ့် ဖုန့်လင်းကလည်း အလွယ်တကူ လက်လျှော့တဲ့သူမျိုး မဟုတ်ပါဘူး။ နောက်ဆုံးအချိန်ထိ သူ ဘယ်တော့မှ အရှုံးမပေးပါဘူး။
အစိမ်းရောင် ဘီလူးက တိုက်တန်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေမယ့် ကံကောင်းစွာနဲ့ ဖုန့်လင်းအတွက် အချိန်အနည်းငယ် ဆွဲပေးနိုင်ခဲ့ပါတယ်။
ဖုန်လင်း ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့်အရာတစ်ခုကဲ့သို့ တင်းမာနေခဲ့ပြီး ကျောက်တုံးမျောက်ဗီဇ၏ ဗီဇစွမ်းရည်များကို အဆုံးစွန်အထိ ထုတ်လွှတ်လိုက်သည်။
သူ့အော်ရာတစ်ခုလုံး ကြီးမားစွာ ပြောင်းသွားခဲ့ပြီး စွမ်းအားများကို ဖိနှိပ်ထားသည့် မီးတောင်တစ်လုံးနှင့် တူနေခဲ့သည်။ သူ့စွမ်းအားမှာ ထကြွလှုပ်ရှားနေသော ချော်ရည်ပူများကဲ့သို့ဖြစ်နေပြီး မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်ပြီး သူ့မျက်စိရှေ့ရှိ အရာအားလုံးကို ဝါးမျိုရန် အသင့်ဖြစ်နေခဲ့သည်။
ဤကဲ့သို့သော အလွန်အမင်း အန္တရာယ်များသည့် အချိန်မျိုးတွင် သူ တစ်ခုခုကိုသာ ထိန်ချန်ထားမိလျှင် သေမင်းကို လက်ယပ်ခေါ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်!
"ဟာ့!"
ဖုန့်လင်း အသက်ရှုထုတ်လိုက်ကာ မိုးကောင်းကင် မှောက်လှန်ခြင်း တူတံဆိပ်တော်ကို ထုတ်လွှတ်လိုက်ပြီး အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဤအချိန်တွင် တိုက်တန်မှာ အေးစက်သောအကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ ၎င်း၏ ထောင်လွှားပြီး မောက်မာသော အကြည့်မှာ မိမိ၏ခွန်အားကို အလွန်အမင်း အထင်ကြီးကာ ဆင်ကြီးတစ်ကောင်ကို ဆန့်ကျင်ရန် ကြိုးစားနေသော နိမ့်ကျသည့် ပိုးကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။
၎င်း၏လက်တစ်ဖက်တည်းဖြင့် လက်ထဲတွင် ဖမ်းထားသော အစိမ်းရောင် ဘီလူးကို ဖျစ်ညှစ်လိုက်ပြီး တစ်စုံတစ်ယောက် အသားများကို အသားလုံးဖြစ်အောင် ဖျစ်ညစ်နေသည်နှင့်တူသော အသံများ ထွက်ပေါ်လာခဲ့သည်။
ကျန်လက်တစ်ဖက်ကမူ သိပ်အလေးထားခြင်း မရှိဘဲ ဖုန့်လင်းဆီသို့ သာမန်ကာလျှံကာ လက်သီးတစ်ချက်သာ ထိုးလိုက်သည်။
ဘွမ်း!
လက်သီးနှစ်ခု တိုက်မိသည်နှင့် တစ်ပြိုင်နက် စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့သည်။
၁၀ မီတာကျော်အမြင့်ရှိသော တိုက်တန်၏ ဧရာမခန္ဓာကိုယ်ကြီးမှာ အမှန်ပင် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ပြီးတော့... နောက်ထပ် ဘာမှ ဖြစ်မလာခဲ့ပေ...
ဖုန့်လင်းမှာမူ ထိမိသည့်အားကြောင့် နောက်သို့ပြန်လွင့်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိမိသွားခဲ့သည်။
"အာ?"
နောက်ဆုံးတွင် တိုက်တန်ဆီမှဆုံးအကြိမ် အသံထွက်လာခဲ့ပြီး အံသြစရာတစ်ခုကို စဥ်းစားနေသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤနိမ့်ကျသည့် ပိုးကောင်လေးသည် သူ့ကို လှုပ်ခါစေနိုင်ခဲ့သည်။ ဤအကြောင်းကြောင့် သူ ပိုးကောင်လေးကို ထပ်ကြည့်လိုက်မိသော်လည်း ဤသည်မှာ အကြည့်တစ်ချက် ထပ်ပေါင်းရုံမျှသာဖြစ်သည်။
သို့သော် အခြားသော အစိမ်းရောင် ပိုးကောင်ကြီးမှာမူ အနည်းငယ် ဒုက္ခပေးနိုင်သည်!
တိုက်တန်အနေနှင့် ဖုန့်လင်းကို ဂရုမစိုက်ပေ။ အစောပိုင်းက ဖုန့်လင်း၏ စွမ်းအားပေါက်ကွဲမှုသည် ၎င်းအတွက် မျှော်လင့်မထားသော ဖြစ်ရပ်ငယ်လေးတစ်ခုသာဖြစ်သည်။
တိုက်တန်၏ အာရုံစိုက်မှုသည် အစိမ်းရောင် ဘီလူးပေါ်တွင်သာ ဆက်လက်ရှိနေဆဲဖြစ်သည်။
အစိမ်းရောင် ဘီလူးမှာ ဗီဇဆေးဝါးများဖြင့် ဖန်တီးထားသော အရည်အသွေးနိမ့်ထုတ်ကုန်သာဖြစ်သော်လည်း သာမန်ထက် ထူးခြားသော သက်ရှိမျိုးစိတ်တစ်ခုဖြစ်ပြီး တိုက်တန်အတွက် အခက်အခဲအနည်းငယ်ဖြစ်စေခဲ့သည်။
တိုက်တန်မှာ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အစိမ်းရောင် ဘီလူးကို ထပ်ခါထပ်ခါ ထိုးနှက်နေခဲ့ပြီး အသားပြားဖြစ်အောင် ရိုက်နှက်လိုနေခဲ့သည်။
အစိမ်းရောင် ဘီလူး၏ အရူးအမူးဖြစ်မှုမှာမူ လျော့ကျမသွားခဲ့ပေ။ သူ ဒေါသတကြီး ဟစ်ကြွေးကာ အပြင်းအထန် ရုန်းကန်နေဆဲဖြစ်သည်။
တိုက်တန်မှာ ဒေါသထွက်လာကာ လေအေးများကို ပါးစပ်မှ မှုတ်ထုတ်လိုက်ပြီး အစိမ်းရောင် ဧရာမလူသားကို မီးတောက်များသုံးပြီး မကင်ခင် အရင်ဆုံး အေးခဲနေလိုခဲ့၏။ နောက်ဆုံးတွင် လျှပ်စစ်စွမ်းအားကို ဆင့်ခေါ်ကာ သူ့ပစ်မှတ်ကို ရှော့တိုက်လိုက်ပြီး အစိမ်းရောင် ဘီလူးကို မီးသွေးခဲများအဖြစ် ပြောင်းပြစ်ချင်နေခဲ့သည်။...
တိုက်တန် အမျိုးမျိုးသော စွမ်းအင်တိုက်ခိုက်မှုများကို သုံးလိုက်သည်။ အစိမ်းရောင် ဘီလူးမှာ ဆိုးသွမ်းသော ကလေးငယ်တစ်ယောက်၏ လက်ထဲသို့ ရောက်သွားသော အစိမ်းရောင် ဖားတစ်ကောင်ကဲ့သို့ ခံစားနေရပြီး နှိပ်စက်ညှဉ်းပန်းမှုအမျိုးမျိုးကို ခံနေရကာ အစိမ်းရောင် ဘီလူး၏ အသက်စွမ်းအင်အညွှန်းကိန်း မည်မျှပင်မြင့်မားစေကာမူ မကြာမီပင် ဤဒဏ်ကို တောင့်မခံနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်မှာ စတင် အားနည်းလာပြီး ခုခံနိုင်စွမ်းလည်း ကျဆင်းလာခဲ့သည်။
ဘေးမှ စောင့်ကြည့်နေသူ ဖုန့်လင်းမှာ အလွန်အမင်း အံ့အားသင့်နေခဲ့သည်။ တိုက်တန်၏ သူ့အပေါ် အထင်သေးသည့် အကြည့်နှင့် သူကိုယ်တိုင်၏ အကူအညီမဲ့နေမှု နှစ်ခုစလုံးတို့က သူ့ကို ဒေါသထွက်စေခဲ့သည်။
ဤတိုက်တန်မှာ စွမ်းအင်တိုက်ခိုက်မှုမျိုးစုံကို အလွယ်တကူ သုံးနိုင်စွမ်းရှိပြီး မရေမတွက်နိုင်သော နည်းလမ်းများရှိနေခဲ့သည်။ ထို့အပြင် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာလည်း အလွန်မာကျောပြီး အားနည်းချက်လုံးဝမရှိဘဲ ပြီးပြည့်စုံသည်ဟုပင် ဆိုနိုင်သည်။
ဖုန့်လင်းနှလုံးသားထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်မှုမှာ အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။
ဒါပေမယ် သူ အနိုင်ရရပါမယ်! ဒီနေရာမှာသေဖို့ သူ ထိုင်စောင့်မနေနိုင်ပါဘူး!
ဖုန့်လင်းမှာ တိုက်တန်၏ မျက်လုံးများအပေါ် အာရုံစိုက်လိုက်သည်။ အလွန်မာကျောသော ကြွက်သားခန္ဓာကိုယ်ရှိသည့် သတ္တဝါများအတွက် နူးညံ့သော မျက်လုံးများသည် အမြဲတစေပင် အဓိက အားနည်းချက်ဖြစ်နေတတ်သည်။
သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် အပြင်းအထန် မြောက်တက်သွားပြီး နောက်ချန်ပုံရိပ်အတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တိုက်တန်ဆီသို့ ဦးတည်ရွေ့လျားလိုက်သည်။
အစိမ်းရောင် ဘီလူးမှာလည်း ဂရုစိုက်ခြင်းမရှိဘဲ လက်သီးများဖြင့် တိုက်တန်ကို ချိန်ရွယ်ကာ ထိုးနှက်နေခဲ့သည်။
ပါကွရှစ်ကွက် လှည့်ပတ်ခြင်း လက်ဝါး!
ဖုန့်လင်း ပါကွရှစ်ကွက်၏ အနေအထားအတိုင်း ရွေ့လျားကာ ဆက်စပ်နေသည့်အစက်များပေါ်တွင် လှမ်းရင်း သူ့ကိုယ်ကို လှည့်လိုက်ကာ တိုက်တန်၏ တိုက်ခိုက်မှုများကို ရှောင်လိုက်ပြီး တိုက်တန်လက်မောင်းပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူ့ခြေထောက်များ လျင်မြန်စွာ လှုပ်ရှားသွားပြီး လက်မောင်းပေါ်တွင် ခုန်ပေါက်ပြေးနေခဲ့သည်။
တိုက်တန်၏မျက်နှာပေါ်တွင် ခံစားချက်ကင်းမဲ့နေသည့် အကြည့်တစ်ခုရှိနေကာ အခြားလက်တစ်ဖက်ဖြင့် ရိုက်ချလိုက်ခဲ့ပြီး ရွံစရာ ယင်ကောင်တစ်ကောင်ကို ရိုက်ရန် ကြိုးစားနေသကဲ့သို့ပင်။
ဖုန့်လင်း ခန္ဓာကိုယ်ကို ဘေးသို့လှည့်ကာ ရှောင်တိမ်းလိုက်ပြီး တိုက်တန်၏လက်ပေါ်တွင် ဆက်ပြေးနေခဲ့ကာ ဦးခေါင်းပိုင်းဆီသို့ ရွေ့လျားလိုက်သည်။
အင်မော်တယ်သတ် ဓားတံဆိပ်တော်!
သူ နီးသထက်နီးလာခဲ့ပြီး အကွာအဝေးကို လျှော့ချနေခဲ့သည်။
ဘောလုံးအရွယ် မျက်လုံးများမှာ နောက်ဆုံးတွင် သူ့မျက်စိရှေ့သို့ ရောက်လာခဲ့သည်။ ဖုန့်လင်း လက်ချောင်းများကို ဓားအဖြစ် အသုံးပြုကာ ရှေးခေတ်အချိန်များက ရန်သူများကို သတ်ဖြတ်ရန် ဓားပျံများစီးနင်းထားသော ဓားအင်မော်တယ်တစ်ပါးကဲ့သို့ ရက်စက်စွာ တိုက်ခိုက်လိုက်သည်။
လက်ချောင်းတွေ၊ လက်တွေ၊ ပြီးတော့ ခန္ဓာကိုယ်...
သူ့တစ်ကိုယ်လုံးမှာ ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ် ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ရက်စက်စွာ ထိုးဖောက်လိုက်သည်။
ဖူး!
သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။
ဖုန့်လင်း၏ ဓားလက်ချောင်းများမှာ တိုက်တန်၏ မျက်လုံးအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး များပြားလှသော သွေးများ စီးထွက်လာခဲ့သည်။
တိုက်တန်အနေနှင့် နောက်ဆုံးတွင် သူ၏ ဂရုမစိုက်မှုအတွက် တန်ဖိုးတစ်ခု ပေးဆပ်လိုက်ရပြီး မျက်လုံးတစ်ဖက် ကန်းသွားခဲ့သည်။
ဧရာမလက်ဝါးကြီးတစ်ခုသည် ချက်ချင်းပင် သူ့ဆီသို့ ရိုက်ချလာသည်။
သူ့တိုက်ခိုက်မှုကို ဖော်ထုတ်ပြီးသည်နှင့် ဖုန့်လင်း လက်ဦးမှုယူရန် ကိစ္စကို အလျင်အမြန် လက်လျော့လိုက်ပြီး မြန်မြန်ဆန်ဆန် နောက်သို့ဆုတ်ရန် ရွေးချယ်လိုက်သည်။
ပြင်းထန်သောနာကျင်မှုက တိုက်တန်ကို ပိုမိုရူးသွပ်သွားစေခဲ့သည်။ ယခုအချိန်တွင် ၎င်းမှာ လုံးဝ ဒေါသထွက်နေပြီး လက်ထဲတွင်ရှိနေသည့် အစိမ်းရောင် ဘီလူးကို တစ်လုတ်တည်း မျိုချလိုက်သည်။ ၎င်း၏ပါးစပ်မှာ တကျွတ်ကျွတ်ဝါးနေခဲ့ပြီး ကြေမွသွားသည့်အသံများနှင့်အတူ ငါးညှီနံ့ပါသော အစိမ်းပုပ်ရောင် သွေးများ စီးကျလာခဲ့သည်။
ဖုန့်လင်း ရှော့ရသွားသည် - တိုက်တန်၏ မျက်လုံးတစ်ဖက် ကန်းသွားသော်လည်း ၎င်း၏ အသက်စွမ်းအင်အတက်အကျမှာ အနည်းငယ်မျှ မလျော့ကျသည်ကို တွေ့လိုက်ရသည်။ အမှန်တော့ ယခုအချိန်မှာ ပိုကြောက်စရာကောင်းနေပါပြီ!
သူ့နှလုံးသားမှာ ချိုင့်ဝှမ်းထဲသို့ နက်ရှိုင်းစွာ နစ်သွားတော့သည်။
သူ နောက်ထပ် နားလည်လိုက်သည်မှာ - ယခုအချိန်မှစ၍ သူ အသက်ရှင်ရန် မျှော်လင့်ချက်မရှိသော အခြေအနေကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။