← Chapters

ကောင်းကင်နဲ့မြေကြီးက ငါ့ကိုမွေးဖွားပေးခဲ့တယ် စွန်းဝူခုန်း

Vol. 9 Ch. 126

ကောင်းကင်နဲ့မြေကြီးက ငါ့ကိုမွေးဖွားပေးခဲ့တယ် စွန်းဝူခုန်း

Vol. 9 Ch. 126

ထိုနေရာတွင် အန္တရာယ်များသောတောင်များရှိသည့် သီးခြားကျွန်းတစ်ခုရှိ၏။ တောင်ထိပ်တွင် အလွန်သာမာန်ဆန်သော တောင်ပေါ်ကျောက်တုံး တစ်တုံးရှိသည်။

တိမ်တိုက်များနှင့် မြူခိုးများက နေရာတစ်ခုလုံးအပြည့်ပင်။ ရေလှိုင်းများက ကမ်းစပ်ကိုရိုက်ခတ်နေပြီး ထပ်ခါတလဲလဲ အသံမြည်နေသည်။

အချိန်များ တိတ်တဆိတ် ကုန်ဆုံးသွားပြီး နှစ်ပေါင်း၁၀၀၀ နှစ်ပေါင်း၁၀၀၀၀ က စီးဆင်းသွားသောရေကဲ့သို့ ဖြတ်သန်းသွားသည်။

လူသူမဲ့ကျွန်းက မြက်ပင်တစ်ပင် သစ်ပင်တစ်ပင်မျှမရှိဘဲ ခြောက်ကပ်နေ၏။ သို့သော်လည်း စိမ်းစိုနေသော‌ နေရာတစ်ခုက မြက်ပင်များနှင့်သစ်ပင်များ ကြီးထွားလာပြီး နေရာကိုစတင်ဖုံးလွှမ်းလာသည်။ များပြားလှသောငှက်များက ပင်လယ်တွေမှ ပျံသန်းလာပြီး သတ္တဝါအများအပြားကလည်း ဤကျွန်းပေါ်တွင် စတင်နေထိုင်လာကြ၏။ မျောက်များကလည်း မက်မွန်တောတစ်လျှောက် ခုန်လွှားနေကြသည်။

အရာအားလုံးက တိတ်တဆိတ်လျင်မြန်စွာ ပြောင်းလဲလာချေပြီ။ လူသူမဲ့ကျွန်း၏ပုံသဏ္ဍာန်က ကြီးမားသည့်ပြောင်းလဲမှု ဖြစ်သွားခဲ့ပြီး တေးသီဆိုနေသည့်ငှက်များ၊ ဖူးပွင့်နေသည့်ပန်းရနံ့များဖြင့် ပြည့်နှက်နေသော ပန်းမာလာတောင်အဖြစ်သို့ပင်။

ထိုကျောက်တုံးသည် အမည်မသိတောင်ထွတ်တွင် ရပ်နေပြီး နေနှင့်လမှ အနှစ်အရသာကို စုပ်ယူနေပြီး နှစ်ပေါင်းများစွာ လေဒဏ်မိုးဒဏ်ကို ခံယူကာ ဖြည်းဖြည်းချင်း မသိစိတ်ကဖွံ့ဖြိုးလာလေ၏။

ထိုအရာက မျက်လုံးမရှိ နှာခေါင်းမရှိ နားရွက်မရှိပေ။ သို့သော် ၎င်းသည် အသိဉာဏ်နှင့် မွေးဖွားလာပြီး၊ ထိုအသိဉာဏ်က မရင်းနှီးသည့်ကမ္ဘာကြီးကို သိရှိနိုင်ကာ အဆုံးမဲ့ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။ ထိုအရာက သူ့နှလုံးသားထဲတွင် သူ့ကိုယ်သူ စတင်မေးမြန်းလာ၏။

''ငါ ဘယ်သူလဲ?’’

တိတ်ဆိတ်နေသည့် ကန်ကိုဖြတ်၍ တိုက်ခတ်လာသော လေပြည်လေညင်းများက မရပ်မနားတိုးဝင်လာသည့် လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။

ထိုအရာ၏စိတ်က စတင်တက်ကြွလာပြီး အသက်ဝင်လာပေ၏။

သူ အဖြေကိုမသိပေ၊ ထို့နောက် ကောင်းကင် ပင်လယ် မြေပြင်တို့ကို တိတ်ဆိတ်စွာကြည့်နေပြီး အဖြေကိုရှာနေလေသည်။

သို့သော် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးနောက် အတွေးတစ်ခုက သူ့အတွေးထဲတွင် ဖြတ်ခနဲ ပေါ်လာပြီး သူ့ကိုယ်သူ ဒုတိယမေးခွန်းတစ်ခု မေးလိုက်သည်။

''ငါ ဘယ်မှာလဲ?’’

လေနှင်တိမ်က စုစည်းလာပြီး ကမ္ဘာကြီးက ကသောင်းကနင်းဖြစ်လာသည်။ နေရောင်ခြည်က တိမ်မည်းများကို တွန်းဖယ်လိုက်ပြီး အရှေ့ဘက်လမ်းကို တောက်ပစေသကဲ့သို့ပင်။

သူ့စိတ်ထဲရှိအတွေးက ပိုမိုပြင်းပြလာပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးက ပိုမိုရှင်းလင်းလာသည်။ အရာအားလုံးကို ခံစားမိလာနိုင်သည်။

ဤအချိန်မှာတော့ အချိန်အကြာကြီး ဆက်မဖြုန်းနိုင်ချေ။

နောက်ထပ် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြန်လေပြီး။

တတိယမေးခွန်းကို မေးခဲ့ပြီး နောက်ဆုံးမေးခွန်းလည်း ‌ဖြစ်ပေသည်။

''ငါ ဘယ်ကလာတာလဲ?’’

သူ့အတိတ်ကို ပြန်လည်သတိရလာ၏။

မြေပြင်မှ ပန်းများပေါက်လာပြီး ဥခွံထဲမှ ထွက်လာသော ငှက်များနှင့် သူတို့မိခင်၏ပွေ့ဖက်မှုမှ ကြီးပြင်းလာသော မျောက်များကို သူတွေ့လိုက်ရ၍ပင်…

ဘယ်ကလာသည်ကို စတင်စဉ်းစားလလိုက်သည်။

ကောင်းကင်မိုးကြိုးများ ဟိန်းဟောက်လာခဲ့ကာ ပရမ်းပတာဖြစ်ခြင်းကို ခွဲထုတ်ကာ သန့်စင်မှုကို ညစ်‌ညမ်းမှုမှ ခွဲခြားလိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားလိုက်သည်။ ကမ္ဘာပေါ်ရှိ အရာအားလုံး ကွဲပြားသွားသည်။

ကြိုတင်သတ်မှတ်ထားပုံပေါ်သည့် ထိုမေးခွန်းသုံးခုကို မေးပြီးကတည်းက ဘဝသည် အဓိပ္ပါယ်ရှိလာပုံပေါ်သည်။

ထိုကျောက်တုံးတွင် နှလုံးခုန်သံတစ်ခု စတင်လာပြီး ကောင်းကင်သန္ဓေသားတစ်ခု စတင်မွေးဖွားလားသည်။ ၎င်းတွင် ဒွာရခုနစ်ပေါက်နှင့် ဝင်ပေါက်ရှစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို အမှန်တကယ် သိရှိလာနိုင်ခဲ့သည်။

ထို့ကြောင့် လေညင်းများက အလွန်နူးညံ့ပျော့ပျောင်းလာပြီး ငှက်လေးများ၏ တေးဆိုသံက ရွှင်မြူးလာကာ ပန်းရနံ့များက အလွန်မွှေးပျံ့နေလေ၏…

ယခင်က ကွဲပြားရုံမျှသာ ခံစားရပြီး ယခုတွင်မူ အာရုံငါးပါးဖြင့် ခံစားနိုင်နေပြီ။

ကျောက်နှင့်ပြုလုပ်ထားသည့် ၎င်း၏နှလုံးသားသည် သန်စွမ်းလာပြီး သွေးများစတင်စီးဆင်းလာ၏။ ပြင်းထန်စွာ နှလုံးခုန်လာပြီး အသစ်စက်စက် မကြုံစဖူးသော ဘဝတစ်ခုက မွေးဖွားလာသည်။

၎င်းသည် အလွန်အမင်း သိချင်စိတ်ပြင်းပြနေပြီး ကမ္ဘာအသစ်ကို ဆက်လက်အာရုံခံနေ၏။

အချိန်မည်မျှကြာသွားမှန်း မသိပေ။ အချိန်အလွန်ကြာသွားပြီး ဘဝအသစ်သည် အပတ်တိုင်း ထပ်တလဲလဲဖြစ်ပေါ်နေသည့် နေဝင်နေထွက်ချိန်ကိုသာ မှတ်မိနိုင်ပေသည်။ ၎င်းသည် အချိန်၏တည်ရှိမှုကိုတောင် မေ့သွားခဲ့၏။

၎င်းက ကျွန်းများ ပင်လယ်များ တိမ်များနှင့် ကောင်းကင်ကြီးကို မြင်လိုက်ရသည်။

သို့သော် ထူထဲသောကျောက်ခွံက ၎င်းကို ကန့်သတ်ထား၏။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ဖြတ်ကျော်သွားခဲ့သော်လည်း ခြေတစ်လှမ်းမှ မလှမ်းခဲ့ပေ။

သဲများနှင့်မြေကြီးများက စုပုံလာပြီး တောင်တန်းများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်လာကာ ၎င်း၏ခန္ဓာကိုယ်ကို တဖြည်းဖြည်း မြင့်တက်လာစေသည်။

မြင်ရသည့်မြင်ကွင်းက ပို၍တိုးလာသည်။

၎င်းသည် တစ်ခုတည်းသော တောင်ထွတ်၏ ချောက်ကမ်းပါးပေါ်တွင် တည်ရှိနေသည်ကို ရှာတွေ့လိုက်၏။ ပတ်ပတ်လည်တွင် ချောက်ကမ်းပါးများအားလုံးပင်။

တောင်တန်းသည် ကျွန်းတစ်ခုဖြစ်ပြီး ကျွန်းသည်လည်း တောင်တန်းဖြစ်ပေသည်။

ကျွန်းအပြင်ဘက်တွင် အဆုံးမရှိသော သမုဒ္ဒရာများရှိသည်။ ဝေလငါးများနှင့် စင်ရော်များက ရွှင်မြူးစွာ အော်ဟစ်နေခဲ့ကြသည်...

သို့သော်လည်း ၎င်းအနေဖြင့် လုံး၀မလှုပ်ရှားနိုင်သေးပေ။

ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည်ကို မြင်လိုက်ရသောအခါတွင် ပြင်းထန်သော ဒေါသစိတ်သည် သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။

'ဘာကြောင့်လဲ?’

သူလည်းပဲ တစ်ခြားသက်ရှိများကဲ့သို့ ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ ကျယ်ပြောသောမြေကြီးပေါ်တွင် ပြေးလွှားချင်သည်။

သူ ဘယ်တုန်းကမှ မရှင်သန်ခဲ့ဟု ခံစားလိုက်ရ၏။ သူ ရှင်သန်ချင်ခဲ့သည်။

သို့သော် ရိုးရှင်းသော အသိစိတ်ဖြင့် ထိုသို့ပြုလုပ်ရန် နည်းလမ်းရှာမတွေ့ချေ။

ထိုဒေါသသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ၎င်း၏နှလုံးသားကို ရက်စက်မှုအဖြစ်သို့ ပြောင်းလဲသွား‌စေသည်။ ဤကျောက်ခွံကို ချိုးဖျက်ပြီး ကမ္ဘာကြီးကို ကသောင်းကနင်းဖြစ်အောင် ပြောင်းလဲပစ်ဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။

သူ့နှလုံးသားထဲတွင် ရက်စက်ကြမ်းကြုတ်မှုများကို သယ်ဆောင်ထားရင်း ချည်နှောင်ထားသည့် လှောင်အိမ်ထဲမှ ရုန်းမထွက်နိုင်သေးပေ။

အရေအတွက်မသိနိုင်သည့် နှစ်ပေါင်းများစွာ ကျော်ဖြတ်သွားခဲ့ပြီး တစ်နေ့တွင် မျောက်တစ်ကောင် တောင်စောင်းသို့ ရောက်လာသည်။

ထိုမျောက်မှာ အရမ်းအရမ်းအသက်ကြီးသည်။ ၎င်း၏ဆံပင်အားလုံးသည် ဖြူ‌ဖွေးနေကာ မြေကြီးပေါ်ထိရှည်လျားသော မုတ်ဆိတ်ရှည်ကြီးရှိ၏။

ကျောက်တုံးသည် ဤမျောက်အိုကြီးထံမှ ထွက်ပေါ်လာသော သေခြင်းတရား၏ ပြင်းထန်သော ခံစားချက်ကို ခံစားလိုက်ရသော်လည်း ၎င်း၏ အသက်စွမ်းအင်လှိုင်းများက အလွန်ပြင်းထန်သောကြောင့် ကျောက်တုံးကို အလွန်ဆန့်ကျင်ဘက်ဖြစ်သော ခံစားချက်ကို ခံစားရစေသည်။

ဤသည်မှာ မျောက်ဟုခေါ်သော သက်ရှိသတ္တဝါဖြစ်သည်။ ကျောက်တုံးသည် မက်မွန်တောအုပ်တွင် သူတို့နေထိုင်သည်ကို မကြာခဏတွေ့ဖူးသည်။ သူတို့သည် မက်မွန်သီးကို မကြာခဏ အစာအတွက် စားသုံးကြပြီး ဆယ်နှစ် သို့မဟုတ် ထိုအောက်သာ သက်တမ်းရှိသည်။

သို့သော် ဤမျောက်အိုကြီးက မတူပေ။ နောက်ခဏတွင် ဤမျောက်အိုကြီး အသက်ရှုရပ်သွားသည်ဟု ခံစားလိုက်ရသည်အထိ အလွန့်အလွန်အသက်ကြီးနေပြီဖြစ်သည်။ သို့သော်လည်း မျောက်အိုကြီးသည် ဆက်လက်၍ ပြင်းထန်စွာ တောင့်ခံနေခဲ့သည်။

ကျောက်တုံးသည် ထိုကဲ့သို့သော မျောက်အိုတစ်ကောင်ကို တစ်ခါမျှမတွေ့ဖူးပေ။ ဤမျောက်အိုကြီးက နှစ်ပေါင်း၁၀၀ကျော် အသက်ရှင်ခဲ့သည်ဟု ခံစားခဲ့ရသည်။

''မျောက်အိုကြီးက ဒါကို ဘယ်လိုအောင်မြင်ခဲ့တာလဲ?’’

မျောက်အိုကြီးအပေါ်သို့ စူးစူးရဲရဲ သိချင်စိတ်က သူ့နှလုံးသားထဲတွင် မြင့်တက်လာသည်။

''ဒမျောက်အိုကြီးက သူ့​ကံကြမ္မာထဲက ဘယ်လိုဖောက်ထွက်ခဲ့တာလဲ?'' ဘဝရဲ့ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး...

ဤမျောက်အိုကြီး၏ လျှို့ဝှက်ချက်ကို လေ့လာနိုင်ခဲ့လျှင် ဤကျောက်တုံးခွံမှ ဖောက်ထွက်ပြီး စစ်မှန်သည့် သက်ရှိဖြစ်လာနိုင်သည်ဟု ကျောက်တုံးက အလိုလိုခံစားမိသွား၏။

နောက်အခိုက်အတန့်တွင် ကျောက်တုံး၏ မျက်လုံးများပွင့်လာသည်။

လမင်းသည် တောက်ပနေပြီး ကောင်းကင်တွင် ကြယ်အနည်းငယ်သာရှိသည်။

မျောက်အိုကြီးက ကောင်းကင်ကိုမော့ကြည့်ပြီး ဟစ်အော်လိုက်သည်။ သူ တစ်ခုသော တောင်ထိပ်တွင်ရပ်နေပြီး ကြယ်ရောင်များကြားတွင် ရေချိုးနေခဲ့သည်။

ကြယ်ရောင်များသည် ပင်လယ်ဆီသို့ စီးဆင်းသွားသော များပြားလှသည့် မြစ်များကဲ့သို့ စုစည်းကာ မျောက်အိုကြီး၏ အမွေးဖြူများမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ၎င်း၏အသက်စွမ်းအင်ကို အားကောင်းစေသည်။

မျောက်အိုကြီးသည် တွင်းနက်တစ်ခုကဲ့သို့ ဝန်းရံနေသောလရောင်ကို ဝါးမြိုကာ ကမ္ဘာကြီးကို မှောင်မိုက်သွားစေခဲ့သည်။

နေနှင့်လ၏အနှစ်သာရကို ဝါးမြိုနေခြင်းပင်!

ကျောက်တုံးသည် အကြောင်းတစ်ခုခုကြောင့် ဤအချက်ကို နားလည်နိုင်ခဲ့ပြီး ထူးဆန်းသောအခြေအနေသို့ နစ်မြုပ်သွားခဲ့သည်။ နေထွက်ချိန်တွင် မျောက်အိုကြီး တိတ်တဆိတ် ထွက်ခွာသွားသည်ကိုပင် မသိလိုက်ပေ။

ထို့နောက် မျောက်အိုကြီး ဘယ်တော့မှ ပြန်မလာခဲ့သော်လည်း ထိုမျောက်အိုကြီး၏အသွင်အပြင်က သူ့နှလုံးသားထဲတွင် နစ်မြုပ်နေခဲ့ပြီး ဘယ်တော့မှ မမေ့နိုင်ခဲ့ပေ။

၎င်းသည် မျောက်အိုကြီး၏လုပ်ရပ်ကို အတုယူပြီး နေနှင့် လတို့မှ အနှစ်သာရကို စုပ်ယူလိုက်သည်။

နေက တောက်လောင်နေပြီး လက အေးမြနေသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင်နှစ်မျိုးရှိနေပြီး ထိုအလင်းရောင်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ထူးဆန်းသည့် စီးကြောင်းအဖြစ် ပြောင်းလဲသွား၏။

၎င်းက အလွန်ပျော်သွားသည်။ ၎င်းသည် ၎င်း၏ခန္ဓာကိုယ်ရှိစွမ်းအားများ ပိုမိုအားကောင်းလာသည်ကို ထင်ရှားစွာခံစားရပြီး ၎င်း၏ဉာဏ်ရည်သည် မြင့်မားလာသည်။ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဤလှောင်အိမ်ထဲကနေ ရုန်းထွက်နိုင်မယ့် တစ်ရက်သို့ ရောက်လာလိမ့်မည်ဖြစ်သည်။

အလွန်ရှားပါးသောတွေ့ဆုံမှုတစ်ခုက ၎င်းအား ဘဝ၏ကြိုးစတစ်စကို ပေးအပ်ခဲ့သည်။

ဒီရေတက်လာပြီး ကျသွားသည်၊ နေထွက်လာပြီး ပြန်ဝင်သွားသည်။

မရေမတွက်နိုင်သောနှစ်များ ကုန်လွန်သွားခဲ့သည်။

မုတ်ဆိတ်ဖြူမျောက်အိုကြီးသည် ဖုန်မှုန့်နှင့်ပြာများအဖြစ်သို့ ပြောင်းသွားသည်မှာ ကြာပေပြီ။

သို့သော်လည်း အထီးကျန်‌နေသော ကျောက်တုံးသည် နေနှင့်လ၏ အနှစ်သာရကို အဆက်မပြတ် စွဲလန်းနေဆဲဖြစ်သည်။ ကျောက်တုံးကြီးထဲမှ ထွက်သွားမည့်နေ့ကို စောင့်မျှော်ရင်း သူ့စိတ်မှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။

တစ်နေ့တွင် တောင်ခြေရင်း၌ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မျောက်အော်သံ၊ ကျားဟိန်းသံ၊ ငှက်အော်သံများ ထွက်ပေါ်လာပြီး...ဧရာမကျွန်းကြီးသည် နေရာတိုင်းတွင် အလွန်ဖရိုဖရဲဖြစ်နေကာ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။

၎င်းက အံ့အားသင့်စွာ လှမ်းကြည့်လိုက်ရာ ကောင်းကင်ပေါ်သို့ အနီရောင်အလင်းတန်းများ ထိုးတက်သွားသည်ကို တွေ့လိုက်ရသည်။

အမှတ်တမဲ့ အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ အနီရောင် ဒီရေလှိုင်းကြီး တက်လာပြီး ကျွန်းဆီသို့ လှိမ့်ဝင်သွားသည်။ ကမ္ဘာတစ်ခုလုံးကို လုံးလုံးလျားလျား လွှမ်းခြုံချင်သလို ပြင်းထန်သည့်အရှိန်ဖြင့် ရောက်ရှိလာသည်။

ကောင်းကင်တွင် အနီရောင်နှင့်ပြည့်လျှံနေခဲ့ပြီး ကမ္ဘာကြီး ကသောင်းကနင်း ဖြစ်သွားသည်။ ကမ္ဘာပျက်သည့်နေ့သို့ ရောက်လာသလိုပင်။

အနီရောင် ဒီရေလှိုင်းဖြတ်သွားတိုင်း သက်ရှိသတ္တဝါအားလုံး သုတ်သင်ရှင်းလင်းခံရလိမ့်မည်ဖြစ်သည်။ မြက်ပင်များနှင့် သစ်ပင်များက ညှိုးနွမ်းကာ အသက်နှင့်ခွန်အားများ ပြည့်နှက်နေသော ကမ္ဘာကြီးသည် သေလမျောပါး အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

ငှက်များနှင့် တိရိစ္ဆာန်များမှာ အရပ်ရပ်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။

''သို့သော် ဤကျွန်းသည် သီးခြားကျွန်းဖြစ်နေခဲ့သည်။ သူတို့ ဘယ်နေရာကို လွတ်မြောက်နိုင်မှာလဲ?''

သိပ်မကြာခင်မှာပင် အနီရောင်ဒီရေလှိုင်းများ ကမ်းခြေကို ရောက်လာခဲ့တောသည်။ သူတို့ဖြတ်သွားသည့် နေရာတိုင်းတွင် ငှက်များနှင့် တိရစ္ဆာန်များအားလုံး ခိုကိုးရာမဲ့ ရုန်းကန်ရင်း နစ်မြှုပ်သွားကာ အရိုးဖြူများသာ ကျန်ရှိတော့သည်။

သုခဘုံနင့်တူသောကျွန်းသည် ရုတ်တရက် ရှင်သန်နေသောငရဲအဖြစ်သို့ ပြောင်းလဲသွာခဲ့သည်။

အနီရောင်ဒီရေလှိုင်းများသည် မတ်စောက်သော ချောက်ကမ်းပါးပေါ်ရှိ တစ်ခုတည်းသော ကျောက်ဆောင်ဆီသို့ ဦးတည်သွားနေပုံရသည်။ သူတို့က ထပ်ခါတလဲလဲ အဆက်မပြတ် ရောက်လာကြသည်။

သူ့စိတ်ကို ကျူးကျော်လာပြီး သူ့အသိစိတ်ကို သိမ်းပိုက်လိုသော ကြီးစိုးချယ်လှယ်သည့် ဆန္ဒတစ်ခုပင် ရှိလာခဲ့သည်။

သူ့စိတ်က ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရပြီး ဒေါသများပျံ့နှံ့လာ၏။ အဆုံးမဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက သူ့နှလုံးသားထဲတွင် ရုတ်ချည်း ပေါက်ကွဲထွက်လာသည်။

သေစမ်း!

''ဒီကျောက်တုံးအခွံကို ငါ မ‌ချိုးဖောက်နိုင်ဘူး ဒါတောင် ဒီအမှိုက်က ငါ့စိတ်ကို နှောင့်ယှက်ဖို့ ကြိုးစားနေတာလား?’’

ကျောက်တုံးမှာ ဒေါသထွက်လာ၊ စိတ်တိုလာကာ၊ အလျော့မပေးခဲ့ပေ။... ဤသောက်ကျောက်တုံးအခွံကို ချိုးဖောက်ရန် ၎င်း၏လက်သီးများကိုသုံးရန် ပြင်းပြသည့်ဆန္ဒရှိခဲ့ပြီး ဤကမ္ဘာကြီးကို ဖရိုဖရဲဖြစ်အောင် ပြောင်းလဲစေခဲ့သည်။

ပြင်းထန်သော စွမ်းအင်များသည် ၎င်း၏ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်ကာ ကောင်းကင်သို့ပျံတက်သွားပြီး မမြင်နိုင်သော သတ္တုတုတ်တစ်ချောင်းကဲ့သို့ ကောင်းကင်ကို ထိုးဖောက်ကာ လေနှင့်တိမ်များကို မွှေနှောက်လိုက်၏။

ထိုအနီရောင် ဒီရေလှိုင်းများမှာ ကြီးမားသော တုန်လှုပ်ချောက်ချားမှုတစ်ခုကို ဖြတ်သန်းသွားရပုံ‌ပေါ်ပြီး ၎င်းတို့၏ ကံကြမ္မာဆိုးကို ရင်ဆိုင်ရသကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

'သို့သော် ၎င်း၏နှလုံးသားထဲတွင် ဆိုးရွားသောစွမ်းအင်များ မြင့်တက်လာနေပြီဖြစ်သည်၊ ထို့ကြောင့် အနီရောင် ဒီရေလှိုင်းများကို မည်ကဲ့သို့ အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း?’

၎င်းသည် သူ၏လက်သီးများကို ဆုပ်လိုက်ပြီး ကျောက်တုံးအခွံကို အပြင်းအထန် ရိုက်ခွဲလိုက်သည်။

ဒီကောင်းကင်ကြီးက ငါ့မျက်လုံးတွေကို ဖုံးကွယ်ထားတာကို မလိုချင်ဘူး!

'ကမ္ဘာမြေကြီးက ငါ့နှလုံးသားကို မြှုပ်နှံထားတာကို မလိုချင်တော့ဘူး!’

…

ဘွမ်း!

ကမ္ဘာကြီး ပြိုကွဲသွားသည်။

ရွှေရောင် အလင်းတန်းတိုက်လုံးကြီးတစ်ခုမှာ တိမ်များကို ဖြတ်ကျော်သွားပြီး စိတ်စွမ်းအင်များမှာ ကမ္ဘာတစ်ခွင်လုံးတွင် ပြည့်နှက်သွားကာ လောကသုံးပါးကို တုန်လှုပ်စေခဲ့သည်။

မာန်မာနထောင်လွှားနေသော အသံတစ်ခု သက်ရှိသတ္တဝါတိုင်း၏ နှလုံးသားထဲတွင် မြည်ဟီးလာခဲ့သည်။ ဤအသံသည် မွေးဖွားလာမည့် ဘဝအသစ်တစ်ခုအတွက် ဝမ်းသာ၍ငိုကြွေးသံပင်ဖြစ်သည်။

ကောင်းကင်!

မြေကြီး!

မွေးဖွားပေးခဲ့တယ်!

ငါ့ကို!

စွန်း!

ဝူ!

ခုန်း!

​သေးငယ်ပြီးယိုင်တိယိုင်တိုင်ဖြစိနေသော ကျောက်တုံးမျောက်လေး တစ်ကောင် လှောင်အိမ်မှ ထိုးထွက်လာကာ ထိတ်လန့်တကြီး ဆုတ်ခွာနေသော အနီရောင် ဒီရေလှိုင်းကြီးများကို သွားဖြဲပြလိုက်သည်။ ရုတ်တရက် ကျောက်တုံးမျောက်မှာ ပါးစပ်ဟကာ ထိုလှိုင်းများကို စုပ်ယူလိုက်သည်။

အဆုံးမရှိသော စုပ်ယူမှုအားကြောင့် အနီရောင် ဒီရေလှိုင်းများသည်အနီရောင်မျဉ်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျောက်တုံးမျောက်၏ ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် မျိုချခံလိုက်ရသည်။

ထို့နောက် လေနှင့် မီးခိုးငွေ့များ ကင်းစင်သွားကာ လောကကြီးမှာ အေးချမ်းသာယာမှုဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဂေ့!

ကျောက်တုံးမျောက်မှာ လုံးဝန်းနေသော ဗိုက်ကို ပွတ်သပ်နေခဲ့သည်။ သူ ဗိုက်ပြည့်သွားပြီဖြစ်သည်။

သို့သော် အကြောင်းအချို့ကြောင့်...

သူ ခေါင်းငုံ့ကို ငုံ့လိုက်ပြီး ဇဝေဇဝါဖြစ်နေခဲ့သည်။

ငါ့မှာ ဘာလို့ နာမည်ရှိနေရတာလဲ?

''ငါ့ကိုယ်ငါ စွန်းဝူခုန်းလို့ ဘာကြောင့် ခေါ်နေမိရတာလဲ?’’

ကျောက်တုံးမျောက်မှာ ၎င်း၏မှတ်ဉာဏ်များထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့သည်။ တစ်စုံတစ်ခုကို သတိရသလိုလို ခံစားရသော်လည်း ဘာတစ်ခုမှ မမှတ်မိနိုင်ခဲ့ပေ။

ရုတ်တရက်၊ ဤကျယ်ပြန့်လှသော လောကကြီးထဲတွင် သူတစ်ဦးတည်း အထီးကျန်စွာ ရပ်တည်နေရသကဲ့သို့ ခံစားလိုက်ရသည်။ အဆုံးမရှိသော ညှိုးငယ်မှုထဲသို့ နစ်မြုပ်သွားခဲ့ရသည်။

ဟူး~~~

လေတိုက်သောအခါ ကမ္ဘာကြီးက ပိုအေးလာခဲ့၏။

ကမ္ဘာကြီး...

လုံးဝရပ်တန့်သွားသည်!

...

ဘန်း!

ဖုန့်လင်း၏မျက်လုံးများမှာ ရုတ်ခြည်း ပွင့်လာပြီး လျှပ်စီးလျှပ်သကဲ့သို့ ကောင်းကင်ကိုဖြတ်ကျော်ကာ အမှောင်ထုကို ဖယ်ရှားလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်သို့ ကျောက်တုံးအပိုင်းအစများ ပြုတ်ကျလာသည်။

သူ မတ်တပ်ထရပ်ပြီး လှောင်အိမ်ထဲမှ ရုန်းထွက်လာကာ ယခင်ကနှင့် လုံးဝ မတူတော့ချေ။

သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို ဖိနှိပ်မထားနိုင်ဘဲ လှိုင်းလုံးများကဲ့သို့ ပေါက်ကွဲထွက်လာ၏။ လေထုသည်ပင် ပုံပျက်သော အခြေအနေအထိ ဖြစ်သွားပြီး လှိုင်းဂယက်များသည် ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။

ဖုန့်လင်း ရပ်နေသည့်နေရာသည် ဟင်းလင်းပြင်ကို နှိုးဆော်သည့် ကြီးမားသောရေဝဲဖြစ်လာခဲ့သည်။

ကမ္ဘာကိုတုန်လှုပ်စေသော ပြောင်းလဲမှုတစ်ခုကို သူကိုယ်တိုင် တွေ့ကြုံခံစားလိုက်ရသည်။ သူ အရပ် ၁.၉၈ မီတာအထိ မြင့်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ရှိ ဗီဇများသည် အဆက်မပြတ် တောက်ပနေခဲ့သည်။

ကျောက်တုံးမျောက်ဗီဇ +၁၊ +၁၊ +၁.

စိတ်စွမ်းအားဗီဇ နိုးထလာသည်၊ +၁၊ +၁၊ +၁...

ဝိညာဉ်ရေးရာဗီဇ နိုးထလာသည်၊ +၁၊ +၁၊ +၁...

နောက်ဆုံးတွင် ဖုန့်လင်း၏ အရည်အသွေးများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

=======

နာမည်- ဖုန့်လင်း

အသက်စွမ်းအင်- 88.9

ရှေးဦးဗီဇ - ကျောက်တုံးမျောက်ဗီ​ဇ - 10

အခြေခံဗီဇများ - မျောက်ဗီဇ: 10၊ ကျောက်တုံး: - 10၊ အဒရီနလင် ဗီဇ: 1၊ စိတ်ဗီဇ: - 9၊ စိတ်စွမ်းအားဗီဇ: - 4၊ ဝိညာဉ်ရေးရာဗီဇ: - 3

ဗီဇအလားအလာစွမ်းရည် - 18%

All Chapters