မဟာတန်ခိုးရှင်ကြီး၏ ပြန်ရောက်လာမှု
Vol. 9 Ch. 128
ဟာ့!
ဖုန့်လင်း လေထဲသို့ ခုန်တက်လိုက်ပြီး လေထဲတွင် ကျွမ်းထိုးကာ တစ်ချက်တည်းဖြင့် မီတာ ၃၀ ကျော်အမြင့်သို့ ရောက်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ၁၈၀ ဒီဂရီ လှည့်ပတ်သွားပြီး ဥက္ကာခဲတစ်စင်းကဲ့သို့ အောက်သို့ထိုးဆင်းလာကာ၊ သူ့အနားရှိ လေစီးကြောင်းများကို တွန့်လိမ်သွားစေခဲ့သည်။
ထိပ်ဆုံးရှိတိမ်များဆီမှ မဟာတန်ခိုးရှင်ကြီး ပြန်ရောက်လာခဲ့ပြီး သေမျိုးလောကသို့ ဆင်းသက်လာခဲ့သည်။
လက်သီးတစ်ချက်တည်းဖြင့် အောက်ရှိ မြေပြင်မှာ လုံးဝကွဲထွက်သွားမည့်အလား ခံစားလိုက်ရသည်။
ဖောက်! ဖောက်! ဖောက်!
နီရဲနေသော အလင်းတန်းရောင်ခြည်များစွာ ပစ်ခတ်လာခဲ့သည်။
ဖုန့်လင်း အသွင်မဲ့ စိတ်စွမ်းအားကို အသုံးပြု၍ အနီးအနားရှိ ရေငွေ့များကို ကြေးမုံကဲ့သို့သော အရာတစ်ခုအဖြစ် စုစည်းလိုက်ပြီး၊ အလင်းတန်းများကို တန်ပြန်စေလိုက်ကာ တိုက်တန်အား ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။
စိတ်စွမ်းအား ဗီဇ အသက်ဝင်လာခဲ့လေပြီ!
ဤသည်မှာ စိတ်စွမ်းအားကို ပစ်လွှတ်နိုင်ပြီး၊ ဤပုံသဏ္ဍာန်မရှိသော စွမ်းအင်ကို အဝေးမှထိန်းချုပ်နိုင်သည့် ဗီဇတစ်မျိုးဖြစ်ပြီး အလွန်အမင်း ထူးခြားဆန်းကြယ်သည့် စွမ်းအားတစ်ခုပင်။
စိတ်စွမ်းအားသည် မူလက စိတ်စွမ်းအင်မှ ပြောင်းလဲလာခြင်းဖြစ်ပြီး၊ ပုံသဏ္ဍာန်မရှိသော စိတ်စွမ်းအင်ကို လက်တွေ့အသုံးချနိုင်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲစေသည်။
သို့သော် ၎င်း၏ပုံသဏ္ဍာန်မရှိသော သဘောသဘာဝကြောင့်၊ ၎င်း၏စွမ်းအားမှာ အလွန်အမင်းအားနည်းပြီး အခြားသူများကို အနှောင့်အယှက်ပေးရုံသာ ဖြစ်နိုင်ခဲ့သည်ါ အသုံးပြုသူ၏ဆန္ဒအတိုင်း သေစေနိုင်သော ထိရောက်သည့် စွမ်းအားတစ်ခု မဖြစ်နိုင်ခဲ့ပေ။
ယခင်က ပုံရိပ်ယောင်သိုင်းစေတီတွင် ဖုန့်လင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ကြယ်တာရာကျင့်ကြံသူမှာ ဤကဲ့သို့ပင်ဖြစ်သည်။ ထိုပြိုင်ဘက်၏ စိတ်စွမ်းအားကို အားကောင်းသည်ဟု မဆိုနိုင်ပေ။
သို့သော် ဖုန့်လင်းအတွက်မူ ကိစ္စမှာ မတူပေ။ သူ၏ စိတ်ဗီဇသည် အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိခဲ့ပြီး ကန့်သတ်ချက်များကိုပင် ကျော်လွန်နေခဲ့သည်။ ၎င်းသည် စိတ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်နှင့် အဆုံးမရှိ စီးဆင်းနေသော ဒီရေလှိုင်းများကဲ့သို့ ဖြစ်လာပြီး အာကာသဟင်းလင်းပြင်ကိုပင် လှုပ်ခါစေနိုင်သည်။
ကျောက်တုံးမျောက်ဗီဇနဲ့ စိတ်အမျိုးအစား ဗီဇတစ်ခုခုရဲ့ စွမ်းအား ပေါင်းစပ်လိုက်ရင် အဒါက ဘယ်လောက်တောင် အားကောင်းလိုက်မလဲ?
ဖုန့်လင်း၏ အသက်စွမ်းအင်မှာ ပေါက်ကွဲသည့်အလား တစ်ဟုန်ထိုးထွက်လာပြီး၊ တိုက်တန်၏ အသက်စွမ်းအင်အညွှန်းကိန်းမှဖိအားကို သူ မခံစားရတော့ပေ။
"ဒီတော့ ဒီတိုက်တန်က ဒီအဆင့်လောက်ပဲလား?"
မဟာတန်ခိုးရှင်ကြီး၏ စိတ်ဆန္ဒသည် ရဲစွမ်းသတ္တိနှင့် အကြောက်အရွံ့ကင်းမှုကို ကိုယ်စားပြုသည့်လက္ခဏာပင်။ မဟာတန်ခိုးရှင်ကြီး ကိုယ်တိုင်ပင် ကောင်းကင်ဘုံခုံရုံးကို ဗြောင်းဆန်အောင် ဖျက်ဆီးရဲခဲ့သူဖြစ်ပြီး၊ လုံးဝ လွတ်လပ်သည့် စိတ်ရှိသူဖြစ်သည်။
အသက်နှင့် ကံကြမ္မာကို ထိန်းချုပ်နိုင်သည့် မြင့်မြတ်သော နတ်ဘုရားများကိုပင်၊ မဟာတန်ခိုးရှင်ကြီးသည် ဖုန်မှုန့်အဖြစ် ကွယ်ပျောက်သွားအောင် လုပ်ရဲခဲ့ပြီး၊ လောကသုံးပါးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့သည်။
တိုက်တန်များမှာ ရိုးရှင်းစွာပင် ၎င်းတို့၏ဒဏ္ဍာရီထဲတွင် ဂရိနတ်ဘုရားများကြောင့် နတ်ပလ္လင်ထက်မှ ဖယ်ရှားခံခဲ့ရသော ကျရှုံးသူများသာ ဖြစ်သည်။ ''မဟာတန်ခိုးရှင်ကြီးက သူတို့ကို ဘာလို့ကြောက်ရမှာလဲ?''
ဖုန့်လင်း မဟာတန်ခိုးရှင်ကြီး၏ စိတ်ဆန္ဒကို ခံစားခဲ့ရပြီး ယခုအချိန်တွင်၊ သူပုံစံမှာ မဟာတန်ခိုးရှင်ကြီး၏ ပြယုဂ်တစ်ခုနှင့် တူနေခဲ့သည်။ သူ ခံစားနေရသော ခံစားချက်များထဲတွင်၊ ကြောက်ရွံ့မှု မပါဝင်ပေ။
ဟေ့!
ငါ့လက်သီးကို စားလိုက်!
သူ့ခန္ဓာကိုယ်မှာ လေထဲရှိ အမြင့်တစ်နေရာမှ ကျဆင်းလာခဲ့သည်။ ကမ္ဘာမြေဆွဲအား၏ အရှိန်အဟုန်ကို အသုံးပြုလိုက်ပြီး သူ့လက်သီးများထဲတွင် ခွန်အားအကုန်လုံးကို စုစည်းလိုက်သည်။ သူ့လက်သီးများမှာ ယခုအခါတွင် ကောင်းကင်ကိုပင် မှောက်လှန်ပစ်နိုင်သည့် တူများကဲ့သို့ ဖြစ်နေပြီး၊ ကြမ်းတမ်းစွာဖြင့် အောက်သို့ ထုချလိုက်သည်။
"ငါ့အတွက် ကွဲသွားစမ်း!"
လက်သီးချက်၏အားမှာ တောင်များကိုပင် ကြေမွစေနိုင်ပြီး၊ ဖိနှိပ်နေသည့် ခံစားချက်တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
တိုက်တန်၏ မျက်လုံးများတွင် ဒေါသမီးလျှံများ တဖွားဖွားထွက်နေခဲ့ပြီး၊ ဂရိဒဏ္ဍာရီထဲရှိ ကောင်းကင်ကို ကျောပေါ်တွင် သယ်ဆောင်ထားသည့် ဧရာမနတ်ဘုရားကြီးနှင့် တူနေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ကောင်းကင်တိုင်လုံးတစ်လုံးကဲ့သို့ ဖြစ်နေပြီး၊ သူသည်လည်း လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။
လက်သီးနှစ်လုံး တိုက်မိသွားသည်။
ဖုန့်လင်းမှာ တိုက်မိသည့်အားသက်ရောက်မှုကြောင့် လေထဲသို့ လွှင့်သွားပြီး၊ အကြိမ်များစွာ ကျွမ်းထိုးပြီးမှသာ ဟန်ချက်ပြန်ညှိနိုင်ခဲ့သည်။ တိုက်တန်၏ ခန္ဓာကိုယ်မှာမူ ကြမ်းတမ်းစွာ တုန်ခါသွားခဲ့သည်။
ဖုန့်လင်း ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
၁၅ မီတာ အမြင့်ရှိသော တိုက်တန်၏ရှေ့တွင်၊ သူအနေနှင့် ပိုးကောင်လေးတစ်ကောင်ကဲ့သို့ သေးငယ်ပြီး အရေးမပါဟု ထင်ရသော်လည်း၊ ယခုအခါတွင်မူ သူတို့နှစ်ဦးသား၏ အင်အားမှာ တူညီလုနီးပါး ဖြစ်နေပြီပင်။
တိုက်တန်ဗီဇသည် အထွတ်အထိပ်ဗီဇတစ်ခုဖြစ်ပြီး၊ ၎င်းကို နိုးထစေသူအား ကြီးမားသော စွမ်းအား၊ သံမဏိကဲ့သို့ မာကျောသော ခန္ဓာကိုယ်နှင့် မတူညီသော စွမ်းအင်တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်သည့်စွမ်းရည်ကို ပေးစွမ်းနိုင်သည်။ ပကတိအားဖြင့် အားနည်းချက်မရှိဟု ထင်ရပြီး၊ နယ်ပယ်တိုင်းတွင် အားကောင်းနေခဲ့သည်။
သို့သော် စကြာဝဠာရှိ မည်သည့်စွမ်းအားမျိုးမဆို၊ နယ်ပယ်တိုင်းတွင် အားကောင်းရန်မှာ မဖြစ်နိုင်ပေ။
ဤကမ္ဘာပေါ်တွင် မလွှမ်းမိုးနိုင်သည့် မျိုးနွယ်ဟူ၍ မည်သည့်မျိုးနွယ်မျှ မရှိသကဲ့သို့ အလားတူပင် မလွှမ်းမိုးနိုင်သော ရန်သူဟူ၍လည်း မရှိပေ။ သဘာဝအတိုင်းပင် ဤသဘောတရားအရ မလွှမ်းမိုးနိုင်သည့် ဗီဇဆိုသည်မှာလည်း မရှိနိုင်ပေ။
တိုက်တန်ဗီဇသည် နယ်ပယ်အားလုံးတွင် တူညီစွာ အားကောင်းနိုင်သော်လည်း၊ ၎င်း၏စွမ်းရည်တစ်ခုချင်းစီမှာမူ ထိပ်ဆုံးအဆင့်သို့ မရောက်သေးပေ။
ဥပမာအားဖြင့် - ကျောက်တုံးမျောက်ဗီဇသည် ရှေးဦးအဆင့်ဗီဇသာဖြစ်ပြီး တိုက်တန်ဗီဇနှင့်ယှဥ်လျှင် အဆင့်တစ်ခုနိမ့်သည်။ သို့သော် ခန္ဓာကိုယ်ကို သန်မာအားကောင်းစေသည့် ရှုထောင့်မှကြည့်လျှင်၊ ၎င်းသည် တိုက်တန်ဗီဇထက် ပိုမိုကောင်းမွန်သည်။ ဥပမာ - ဓားလှံများဖြင့် မထိုးဖောက်နိုင်ခြင်း၊ မီးနှင့်ရေဖြင့် မထိခိုက်နိုင်ခြင်း...
ခန္ဓာကိုယ်ကို သန်မာအားကောင်းစေသည့် ရှုထောင့်မှ ပြောလျှင်မူ ကျောက်တုံးမျောက်ဗီဇသည် မည်သည့်ဗီဇထက်မှ အဆင့်မနိမ့်ပေ။
ဖုန့်လင်း ထပ်မံ တိုက်ခိုက်လိုက်ပြီး၊ သူ၏ လျင်မြန်မှုနှင့် အလွန်အမင်း ကြီးမားသော အင်အားကို အသုံးပြုကာ၊ တိုက်တန်၏ တိုက်ခိုက်မှုကို အချိန်အတန်ကြာ တောင့်ခံနိုင်ခဲ့သည်။
"ဘာလဲ?" တိုက်တန် ရှော့ရသွားပြီး ဒေါသထွက်သွားသည်။ သူ့မျက်လုံးရှေ့ရှိ ဤသေးငယ်သော ပိုးကောင်လေးမှာ ယခုအချိန်တွင် ကွဲပြားနေသည်ကို သတိထားမိလိုက်သည်။ ဤပိုးကောင်၏ သေးငယ်သော ခန္ဓာကိုယ်ထဲတွင်၊ လူများကို ကြောက်ရွံ့ထိတ်လန့်စေနိုင်သည့် ကြီးမားသော စွမ်းအားတစ်ခု ရှိနေသည်ကို သူ အာရုံခံမိခဲ့သည်။
ထို့အပြင် ဤအရာအားလုံးမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။
''ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီပိုးကောင်လေးက ဘယ်လိုမျိုး ကမ္ဘာတုန်လောက်တဲ့ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ခဲ့တာလဲ?''
တိုက်တန်မှာ ဗီဇစက်မှုပညာ၏ အထွတ်အထိပ်ဖြစ်တည်မှုတစ်ခုဖြစ်သော်လည်း၊ ဤအရာကို လုံးဝနားလည်နိုင်ခြင်း မရှိပေ။
သို့သော်၊ တိုက်တန် ဤအရာကို နားမလည်နိုင်ခြင်းကို နားလည်ပေး၍ရသည်။
''သူတို့ ဒဏ္ဍာရီလာဗီဇတွေရဲ့ အခြေခံချင်း နှိုင်းယှဉ်ကြည့်ရင်၊ တိုက်တန်အနေနဲ့ ကောင်းကင်ဘုံနဲ့ ညီမျှတဲ့ မဟာတန်ခိုးရှင်ကြီးနဲ့ ဘယ်လိုယှဉ်နိုင်မှာတဲ့လဲ? တိုက်တန်ရဲ့အဖြစ်က လီဗီယာသန်ငါးကြီးနဲ့ ရော့ငှက်ကြီးရဲ့ ကြီးမားမှုကို နားလည်ချင်နေတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်နဲ့ တူနေမှာပေါ့။''
တိုက်တန်၏ တစ်ဖက်တည်းသော မျက်လုံးမှ ရောင်ခြည်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ကို သိမ်းကျုံးလှည်းကျင်းသွားခဲ့ပြီး ဖြတ်သွားသည့် နေရာတိုင်းတွင် အပျက်အဆီးများ ဖြစ်ပေါ်စေခဲ့သည်။
ဖုန့်လင်း၏ မျက်လုံးများမှာ စူးရှစွာ တောက်ပလာပြီး၊ သူ၏ စိတ်စွမ်းအားသည် ပြင်းထန်စွာ စီးထွက်လာကာ၊ အာကာသနေရာလပ်ကို ရစ်လိမ်သွားစေခဲ့ပြီး၊ ရောင်ခြည်အလင်းတန်းကို ဝါးမျိုသည့် ဝဲတစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။ ရောင်ခြည်အလင်းတန်းမှာ ဖုန့်လင်းကို မည်သို့မျှ ထိခိုက်စေနိုင်ခြင်း မရှိတော့ပေ။
မီးလျှံများ၊ လေပြင်းများနှင့် မိုးကြိုးလျှပ်စီးများမှာ အပြင်းအထန် ပေါက်ကွဲနေခဲ့သည်...
တိုက်တန်၏ တစ်ဖက်တည်းသော မျက်လုံးမှာ တောက်ပစွာ လင်းလက်နေရင်း သူ၏ ကျွမ်းကျင်မှုအားလုံးကို ထုတ်လွှတ်လိုက်သည်။ အမျိုးမျိုးသော စွမ်းအင်ပုံစံများ ရှေ့သို့ စီးထွက်လာပြီး ဖုန့်လင်းကို ဝန်းရံလိုက်သည်။
ဖုန့်လင်း မရှောင်ခဲ့ဘဲ ဤစီးထွက်လာသည့် ဒီရေလှိုင်းကဲ့သို့သော တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်လိုက်ပြီး၊ သူ၏နှုတ်ခမ်းတွင် အေးစက်သည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
''တိုက်တန်က ဒီလောက်လေးပဲ အားကောင်းတာလား?''
ဒဏ္ဍာရီများထဲတွင် မဟာတန်ခိုးရှင်ကြီးမှာ မြေလျှိုးမိုးပျံနိုင်သည်။ သူသည် ဓားတောင်များကို တက်နိုင်ပြီး၊ မီးပင်လယ်ထဲသို့လည်း ဆင်းနိုင်သည်။ သူ့တွင် အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသည်။
တိုက်တန် ထုတ်လွှတ်နေသော စွမ်းအင်မုန်တိုင်းမှာ အားကောင်းသည်ဟု ထင်ရသော်လည်း၊ ပြင်းထန်မှုအဆင့်မှာမူ အလွန်မြင့်မားခြင်း မရှိပေ။
ဖုန့်လင်း၏ ကျောက်တုံးမျောက်ဗီဇသည် အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိပြီးဖြစ်၍ မီးနှင့်ရေတို့ဖြင့် မထိခိုက်နိုင်သည့်စွမ်းရည်မှာ အလွန်တရာ အားကောင်းလာခဲ့ပြီဖြစ်သည်။ သူ့အနေနှင့် စွမ်းအင်တိုက်ခိုက်မှုများထံမှ မည်သည့်ဖိအားကိုမျှ မခံစားခဲ့ရပေ။
သူ စွမ်းအင်မုန်တိုင်းထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ လုံးဝမရှိဘဲ သူ၏မျက်နှာထက်တွင်မူ စိတ်ဝင်စားမှု လျော့နည်းသွားသည့် အမူအရာတစ်ခုရှိနေခဲ့သည်။
သူ့အနေဖြင့် အစပိုင်းတွင် တိုက်တန်ကို အားကောင်းသည့် ရန်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း၊ အမှန်တရားကမူ အပြင်ပန်းတွင်သာ သန်မာနေခြင်းဖြစ်ပြီး လက်တွေ့တွင် အားနည်းနေခဲ့သည်။
သို့သော် ဤတိုက်တန်မှာ ဗီဇစက်မှုပညာဖြင့် ဖန်တီးထားခြင်းသာဖြစ်ပြီး ၎င်း၏စွမ်းအားများကို ကျင့်ကြံခြင်းမှ ရရှိထားခြင်း မဟုတ်ပေ။ ဤတိုက်တန်၏ စွမ်းရည်များကို အသုံးပြုသည့်ပုံမှာ အလွန်ရိုးစင်းပြီး အရိုင်းဆန်ကာ အဆင့်နိမ့်နေခဲ့သည်။
၎င်းသည် စွမ်းအင်ကို မျက်ကန်းထုတ်သုံးရုံသာ သိပြီး မတူညီသော စွမ်းအင်အမျိုးအစားများ၏ အပြန်အလှန်ဖြည့်စွက်မှု သို့မဟုတ် ဆန့်ကျင်မှုကို နားမလည်ပေ။ လေနှင့်မီးသည် အရာအားလုံးကို ဝါးမျိုနိုင်သည်။ လျှပ်စီးနှင့်မီးသည် ကောင်းကင်မှ ရွာသွန်းလာမည်ဖြစ်သည်။ လေနှင့်မိုးကြိုးသည် မုန်တိုင်းတစ်ခုအဖြစ် စုစည်းနိုင်သည်... မည်သည့်ပေါင်းစပ်မှုကို ရွေးချယ်သည်ဖြစ်စေ၊ စွမ်းအင်နှစ်မျိုး ပေါင်းစည်းထားသည့် အကျိုးသက်ရောက်မှုသည် စွမ်းအင်အမျိုးအစား တစ်မျိုးတည်းထက် များစွာသာလွန်မည်ဖြစ်သည်။
ဤမတိုင်မီက သူ၏ အင်အားကို မှီခို၍ ဖုန့်လင်းအား ဖိနှိိပ်နိုင်ခဲ့ပြီး မလွှမ်းမိုးနိုင်သည့်ပုံစံ ဖြစ်နေခဲ့သည်။ ယခုအချိန်တွင်မူ ဖုန့်လင်း၏ အသက်စွမ်းအင်အညွှန်းကိန်းသည် သူနှင့် သိပ်မကွာတော့သည့်အဆင့်သို့ ရောက်ရှိလာသောအခါ၊ တိုက်တန်၏ တိုက်ခိုက်ရေးနည်းလမ်းများမှာ အလွန်အမင်းနိမ့်ကျလာသည့်ပုံပေါ်နေခဲ့သည်။
မျောက်လက်သီး!
ဖုန့်လင်း သူ၏ ရွေ့လျားမှုနည်းစနစ်များကို ပြသလိုက်ပြီး တိုက်တန်၏ တိုက်ခိုက်မှုကို ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်သည်။
သာမန်မျောက်လက်သီးသာ ဖြစ်သော်လည်း၊ သူ့လက်ထဲတွင်မူ ပုပ်သိုးဆွေးမြေ့နေသည့်အရာမှ အံ့သြဖွယ်ရာတစ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ မယုံနိုင်လောက်အောင် လျင်မြန်ပြီး ချောမွေ့နေပုံရသည်။ သူ ရုတ်တရက် တိုက်တန်၏ ဧရာမခန္ဓာကိုယ်ကြီးပေါ်သို့ ခုန်တက်ကာ စတင်ပြေးလွှားလိုက်သည်။
မဟာတန်ခိုးရှင်ကြီးသည် မျောက်မျိုးနွယ်စုအားလုံး၏ ဘိုးဘေးဖြစ်သည်။ ဤကဲ့သို့သော မဟာတန်ခိုးရှင်ကြီး၏ စိတ်ဆန္ဒကို နားလည်ပြီးနောက်၊ ဖုန့်လင်း၏ မျောက်လက်သီးအပေါ် နားလည်မှုသည် မှန်းဆ၍မရနိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ယခုအချိန်တွင် သူသည် လူပုံသဏ္ဍာန်ရှိသော မျောက်တစ်ကောင်နှင့် မခြားပင်ဖြစ်နေလေပြီ။
"ငါ တကယ်ပဲ မျောက်ဖြစ်မယ့် လမ်းကြောင်းကို လိုက်နေမိတာလား?..."
အကြောင်းရင်းအချို့ကြောင့် ဖုန့်လင်းစိတ်ထဲတွင် ရုတ်တရက် စိတ်သောကရောက်နေပြီး မခံမရပ်နိုင်ဖြစ်နေသည့် ခံစားချက်များ ဝင်လာခဲ့သည်။ သို့သော် သူ၏ လှုပ်ရှားမှုများမှာမူ နှေးကွေးသွားခြင်း မရှိပေ။
သူ၏ လက်သီးအားမှာ မိုးကြိုးကဲ့သို့ ပြင်းထန်နေပြီး တိုက်တန်၏ ချိုင်း၊ လည်ချောင်း၊ ရင်ဘတ် အစရှိသော အရေးကြီးနေရာများကို ပစ်မှတ်ထားတိုက်ခိုက်လိုက်ကာ ထိမှန်သည့်အခါတိုင်း ပေါက်ကွဲသံများ မြည်ဟည်းလာခဲ့သည်။
တိုက်တန် သူ့လက်များဖြင့် အဆက်မပြတ် ရိုက်နှက်နေခဲ့ပြီး၊ ဖုန့်လင်းကို အသားနှစ်အဖြစ် ကြိတ်ချေပစ်လိုနေခဲ့သည်။
သို့သော်၊ ဖုန့်လင်း၏ လှုပ်ရှားမှုများမှာ အလွန်ချောမွေ့နေပြီး၊ နေရာအနှံ့သို့ အဆက်မပြတ် ရှောင်တိမ်းကာ၊ တိုက်ခိုက်ရန် အခွင့်အလမ်းများကို ရှာဖွေနေခဲ့သည်။
တိုက်တန်၏ ခန္ဓာကိုယ်ကြီးမှာ တောင်တစ်လုံးနှင့် တူနေခဲ့သည်။ ထိုအရွယ်အစားကြောင့်ပင် ဖုန့်လင်းအား သူ၏ လျင်မြန်မှုကို ပြသရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်နေခဲ့ပြီး သူ့အနေနှင့် လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်သောကြောင့်၊ တိုက်တန်၏ တိုက်ခိုက်မှုများစွာကို အလွယ်တကူ ရှောင်တိမ်းနိုင်နေခဲ့သည်။
တိုက်တန်၏ မျက်နှာမှာ အလွန်အမျက်ထွက်နေသည့် ပုံဖြစ်နေခဲ့သည်။ သူ ခံစားနေရသည်မှာ ဖုန့်လင်းသည် ကြုံရာကျပန်း ခုန်နေသော သန်းတစ်ကောင်နှင့် တူနေပြီး၊ သူ့အနေဖြင့် ဖမ်းဆီးနိုင်ရန် နည်းလမ်းမရှိသကဲ့သို့ ဖြစ်နေခဲ့သည်။
အချိန်အတန်ကြာသည်အထိ သူတို့နှစ်ဦးလုံး မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်နေခဲ့သည်။
သို့သော်၊ တိုက်တန်မှာ မမိုက်မဲပေ။ သူသည် လူလုပ်ဖန်တီးထားသော သက်ရှိဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံ မရှိသော်လည်း၊ သူ၏ ဉာဏ်ရည်မှာ နိမ့်ကျသည်မဟုတ်ပေ။ မကြာမီပင် ဖုန့်လင်းကို ကိုင်တွယ်ဖြေရှင်းလိုလျှင် ပထမဆုံးလုပ်ရမည်မှာ ဖုန့်လင်း၏ လှုပ်လျားမှုများကို ကန့်သတ်ရမည်ဆိုသည်ကို သူ သဘောပေါက်လာခဲ့သည်။
တိုက်တန်၏ တစ်ဖက်တည်းသော မျက်လုံးမှ အလင်းတစ်ခု လျှပ်တစ်ပြက်လင်းလက်လာခဲ့သည်။ သူ၏ အရေပြားပေါ်တွင် များပြားလှသညွ ပုံဆောင်ခဲများ အလျှင်အမြန် ဖုံးလွှမ်းလာပြီး သံချပ်ကာဝတ်စုံတစ်စုံကဲ့သို့ ဖြစ်လာခဲ့သည်။
"ဘာ?!" ဖုန့်လင်း အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။ ထိုပုံဆောင်ခဲများမှာ သူ၏ ကိုယ်ပေါ်သို့ ကပ်ညိသွားကာ စက္ကန့်ပိုင်းအတွင်း သူ့ကို လုံးလုံးလျားလျား ဖုံးအုပ်သွားပြီး ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းသွားစေကာ လှုပ်ရှား၍မရတော့ပေ။
သူ လွတ်မြောက်နိုင်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။
"မင်းကို ဖမ်းမိပြီ။ အခု သေစမ်း!" တိုက်တန် အရူးအမူးဖြစ်နေသကဲ့သို့ ရယ်သံတစ်ခု ထုတ်လွှတ်လိုက်ကာ သူ၏ လက်ဝါးကို ဖုန့်လင်းအပေါ်သို့ အားပြင်းစွာ ရိုက်ချလိုက်ရင်း သူ၏ မျက်နှာထက်တွင် ရက်စက်သည့် အမူအရာတစ်ခု ပေါ်လာခဲ့ပြီး ဖုန့်လင်းကို မဝါးမျိုခင် ကြိတ်ချေပစ်လိုနေခဲ့သည်။
ဖုန့်လင်း ခေါင်းကို မြှောက်ရန် ရုန်းကန်လိုက်ပြီး တိုက်တန်၏ လက်ဝါးသည် လက်ငါးချောင်းတောင်နှင့် ဆင်တူနေကာ သူ့ဆီသို့ အလျင်အမြန် နီးကပ်လာသည်ကို မြင်လိုက်ရသည်။
သူ၏မျက်နှာထားမှာ ငေးတိငေးမောဖြစ်နေခဲ့သည်။ ဤမြင်ကွင်းကို သူ ယခင်က တစ်ကြိမ်မြင်ဖူးသကဲ့သို့ ခံစားနေရပြီး သူ့ကို လုံးဝမျှော်လင့်ချက်ကင်းမဲ့စေခဲ့သော မြင်ကွင်းတစ်ခုပင်!
ဖုန့်လင်း၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေခဲ့သည်။ အချိန်များကုန်လွန်သွားခဲ့သော်လည်း ငြိမ်းသတ်ရန် မးမဖြစ်နိုင်သော ခြိမ်းခြောက်နိုင်သည့် အော်ရာတစ်ခု သူ့နှလုံးသားအတွင်းမှ ပေါ်ထွက်လာခဲ့သည်။ နောက်ဆုံးတွင် သူ၏ ပါးစပ်မှ အလွန်အမင်း ဒေါသထွက်နေသည့် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်းကိုယ်မင်း ဗုဒ္ဓအရှင် တထာဂတလို့ ထင်နေတာလား?!"
---
မှတ်ချက်: ဝတ္ထု ဇာတ်လမ်းများတွင် ဗုဒ္ဓအရှင် တထာဂတသည် ကောင်းကင်ဘုံနှင့်ညီမျှသော မဟာတန်ခိုးရှင်ကြီးကို လက်ဝါးတစ်ချက်တည်းဖြင့် ဖိနှိပ်ခဲ့ပြီး လက်ငါးချောင်းတောင်အောက်တွင် မလှုပ်နိုင်အောင် ချုပ်ထားခဲ့သည်။