← Chapters

နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခြင်း

Vol. 9 Ch. 129

နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခြင်း

Vol. 9 Ch. 129

တိုက်တန်၏ ဧရာမလက်ဝါးနှင့် လက်ငါးချောင်းမှာ အတိတ်တွင် ဗုဒ္ဓအရှင် တထာဂတက စွန်းဝူခုန်းကို ချိပ်ပိတ်လိုနေသကဲ့သို့ ဖုန့်လင်းအား ထာဝရ ပြန်မလာနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဖုန့်လင်း ခေါင်းကို စောင်းလိုက်သည်။ သူ၏နှလုံးသားအတွင်းမှ ​အန္တရာယ်ရှိသည့် ချီဓာတ်မှာ လှိုင်းထနေပြီး မီးတောင်အတွင်းရှိ လှုပ်ရှားထကြွနေသော ချော်ရည်များကဲ့သို့ အမျက်ဒေါသများ ပေါ်ထွက်လာပြီး လူသားကမ္ဘာရှိ အရာအားလုံးကို မီးလောင်တိုက်သွင်းပစ်လိုနေခဲ့သည်။

''မင်းက တိုက်တန်လေးပါပဲ၊ မင်းကိုယ်မင်း ဗုဒ္ဓအရှင် တထာဂတလို့ တကယ်ကြီး ထင်နေတာလား?''

ဖုန့်လင်း၏ နှလုံးသားမှာ ဒေါသဖြင့် ပြည့်နေခဲ့သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေခဲတုံးကဲ့သို့ ဖြစ်နေပြီး လှုပ်ရှား၍မရနိုင်တော့ပေ။ တိုက်တန်၏လက်ဝါးသည် သူ့ကို အပြည့်အဝ လွှမ်းခြုံသွားပြီး ရက်စက်စွာ ဖိချလိုက်ကာ ပြားချပ်သွားစေလိုနေခဲ့သည်။

ဤတိုက်တန်မှာ သူ၏ လှည့်ကွက်များကို ပြန်သုံးပြီး အစိမ်းရောင်ဘီလူးကို ပြုလုပ်ခဲ့သကဲ့သို့ ဖုန့်လင်းကို တစ်လုတ်တည်း မဝါးမျိုချခင် ဖိခြေလိုနေခဲ့သည်။

တကျွိကျွိမြည်သံများ ပဲ့တင်ထပ်လာခဲ့သည်။

တိုက်တန် ပိုမိုအားစိုက်လိုက်သောအခါ ဖုန့်လင်း၏အရိုးများကို ကျိုးလုနီးပါးဖြစ်စေခဲ့သည်။ အရိုးများမှာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ခါနီးအခြေအနေသို့ ရောက်နေသည်ဟု ခံစားနေရသည်။

ဖုန့်လင်း မချိမဆံ့နာကျင်မှုဝေဒနာကို တောင့်ခံနေခဲ့ရသည်။ သူ၏အန္တရာယ်ဖြစ်စေနိုင်သည့် အော်ရာမှာ မီးလျှံကဲ့သို့ တောက်လောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်စီးဆင်းမှုကို လှုံ့ဆော်ပေးနေခဲ့သည်။

''သူ ဘယ်လိုလုပ် အစိမ်းရောင်ဘီလူးလိုဖြစ်ရမဲ့ ကံကြမ္မာကို ကြုံဖို့ ဆန္ဒရှိလိမ့်မလဲ?''

"ပွင့်စမ်း!" သူ့မျက်နှာမှာ ရှုံ့မဲ့သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ထိုအားသည် ပုံဆောင်ခဲကဲ့သို့ အရာများကို အပိုင်းအစများအဖြစ် ချိုးဖြတ်နိုင်ခဲ့သည်။ သူ့အတွင်းမှ ဆန်းကြယ်သည့် အားတစ်ခု ပေါ်ထွက်လာပြီး တိုက်တန်၏လက်ကို အဝေးသို့ တွန်းထုတ်နိုင်ခဲ့သည်။

ထို့နောက် ဖုန့်လင်း၏လက်များမှာ တိုက်တန်၏ တိုင်လုံးကဲ့သို့ ထူထဲသောလက်ချောင်းတစ်ချောင်းကို ပွေ့ပိုက်လိုက်ပြီး အားစိုက်၍ ဆွဲဖြုတ်လိုက်သည်။

ဂျွတ်!

လက်ချောင်း ကျိုးသွားခဲ့သည်။

ဖုန့်လင်းနှင့် တိုက်တန်ကြားရှိ အင်အားကွာခြားမှုမှာ ထိုမျှ မများပေ။ ထို့အပြင် ယခုအချိန်တွင် ဖုန့်လင်းမှာ သူ၏ အင်အားအလုံးစုံကို တိုက်တန်၏ လက်ချောင်းတစ်ချောင်းတည်းအပေါ် ပစ်မှတ်ထား၍ စုစည်းထားခဲ့သည်။ ''ဒီအခြေအနေမှာ တိုက်တန် ဒါကို ဘယ်လိုခုခံနိုင်မှာတဲ့လဲ?''

တိုက်တန် သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး ကျိုးနေသောလက်ချောင်းကို ဆုပ်ကာ အလွန်အမင်း နာကျင်မှုကြောင့် အော်ဟစ်နေခဲ့သည်။ ဒဏ်ရာမှ ကျဆင်းလာသော အနီရောင်သွေးစက်များမှာ နွေဦးစမ်းရေများ စီးထွက်နေသည့်ပုံအတိုင်းပင်။

ထိရောက်တယ်ဟ!

အကျိုးသက်ရောက်မှုရှိသွားပြီဖြစ်သည့်အတွက် ဖုန့်လင် ဤနည်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ဖုန့်လင်း ရက်စက်စွာနှင့် တိုက်တန်၏ ဘယ်ဘက်လက်ရှိ ကျန်လက်ချောင်းလေးချောင်းကိုပါ သူ၏အင်အားအကုန်လုံးကို သုံး၍ ဆက်ချိုးပစ်လိုက်သည်။

တိုက်တန် ပြင်းပြင်းထန်ထန် နာကျင်နေခဲ့သည်။ သူ့လက်ဝါးကို အပြင်းအထန် လှုပ်ယမ်းလိုက်ပြီး ဖုန့်လင်းကို အောက်သို့ ခါချလိုနေခဲ့သည်။

သို့သော်... ဧည့်သည်ကို ဖိတ်ခေါ်ရန်လွယ်၍ နှင်ထုတ်ရန်မှာမူ ခက်ခဲလှသည်!

ဖုန့်လင်း သူ့ကိုယ်သူ တည်ငြိမ်စေကာ တိုက်တန်၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ပွေ့ပိုက်ထားလိုက်သည်။ သူ လွယ်လွယ်နှင့် လွတ်ပေးရန် ဆန္ဒမရှိပေ။

"ငါ့ကို စောစောက ဖမ်းထားပြီးမှ ဒီလောက်လွယ်လွယ်ကူကူ မောင်းထုတ်နိုင်မယ်လို့ ထင်နေတာလား?"

"မင်းက နတ်ဘုရားဂျူလင်းလို့တောင် ယူဆလို့ မရသေးဘဲ ဗုဒ္ဓအရှင် တထာဂတ ဖြစ်ချင်နေတာလား? လက်ငါးချောင်းတောင် လက်ဝါးကိုတောင် သုံးနေတယ်ပေါ့?"

"ဒါဆိုရင်... ဒီနေ့ မင်းလက်ချောင်းတွေအကုန်လုံးကို ငါ ချိုးပစ်မယ်!"

ဖုန့်လင်း လေထဲသို့ မြင့်မားစွာ ခုန်တက်ကာ တိုက်တန်၏ ဘယ်ဘက်လက်မှ ညာဘက်လက်ဆီသို့ ခုန်ကူးလိုက်သည်။ ထို့နောက် သူ၏ စွမ်းအားအကုန်လုံးဖြင့် ရိုက်နှက်လိုက်ပြီး တိုက်တန်၏ ညာဘက်လက်ရှိ လက်ခလယ်နှင့် လက်သူကြွယ်ကို ပစ်မှတ်ထား၍ တစ်ချက်တည်းနှင့် ချိုးချလိုက်ကာ သွေးများကို ရေတံခွန်ကဲ့သို့ စီးဆင်းလာစေခဲ့သည်။

တိုက်တန်မှာ လက်ချောင်းများ တစ်ချောင်းပြီးတစ်ချောင်း လျင်မြန်စွာ ချိုးဖဲ့ခံနေရပြီး မချိမဆံ့ဝေဒနာကြောင့် အော်ဟစ်ညည်းညူနေခဲ့ရသည်။

ဖုန့်လင်း မရပ်တန့်ခဲ့ပေ။ တိုက်တန် မည်သို့ပင် တားဆီးရန် ကြိုးစားစေကာမူ သူ ရက်စက်စွာနှင့် ပြတ်သားစွာ ဆက်လက်တိုက်ခိုက်လိုက်ကာ တိုက်တန်၏ လက်ချောင်းဆယ်ချောင်းစလုံးကို ချိုးဖဲ့ပစ်လိုက်သည်။

ယခုအခါတွင် လက်နှစ်ဖက်စလုံး မသန်မစွမ်းဖြစ်သွားသောကြောင့် တိုက်တန်၏ တိုက်ခိုက်နိုင်စွမ်းမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

အခြေအနေမှာ လုံးဝပြောင်းလဲသွားခဲ့ချေပြီ။

တိုက်တန်၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးမားလွန်းပြီး သူ၏ လှုပ်ရှားမှုများမှာလည်း အလွန်နှေးကွေးနေခဲ့သည်။ ဖုန့်လင်းကဲ့သို့ သေးငယ်သော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းအနေနှင့် အလွန်အကျွံ အရေးနိမ့်နေခဲ့သည်။

ဖုန့်လင်း ဤအားသာချက်ကို အသုံးချကာ တိုက်တန်ကို ဒဏ်ရာရစေနိုင်မည်ဖြစ်ပြီး သေးငယ်သော ဒဏ်ရာများ အလုံအလောက် စုပုံလာသည့်အခါ တိုက်တန်ကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေပြီး တစ်ချက်တည်းဖြင့် သေဆုံးစေနိုင်မည်ဖြစ်သည်။

ယခုမူ ဖုန့်လင်းတွင် အစီအစဉ်ရှိပြီဖြစ်၍ သူ၏ နှုတ်ခမ်းတွင် အေးစက်နေသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"တိုက်တန်က တကယ်ပဲ နတ်ဘုရားဖြစ်နေရင်တောင် ဘာဖြစ်လဲ?"

''ဒီကမ္ဘာမှာ နတ်ဘုရားတွေ ရှိနေတယ်ဆိုရင်တောင်... ဒီနေ့ ငါ နတ်ဘုရားတစ်ပါးကို သတ်ရလိမ့်မယ်!"

အချိန်မဖြုန်းတော့ဘဲ ဖုန့်လင်း သနားညှာတာမှုကင်းမဲ့စွာ လုပ်ဆောင်လိုက်သည်။ သူ တိုက်တန်၏ လည်ချောင်း၊ နားထင်နှင့် နားစည်ကဲ့သို့သော အရေးကြီးသည့်နေရာများကို ပစ်မှတ်ထားလိုက်ပြီး တိုက်ခိုက်မှုများကို စတင်ဖော်ထုတ်လိုက်သည်။

ဗာဂျရာရွှေနဂါးလက်သည်း!

ထိုက်ချိအမြောက်လက်သီး!

မိုးကောင်းကင် မှောက်လှန်သည့် တူတံဆိပ်တော်!

...

ဖုန့်လင်း သူ၏ နည်းလမ်းအားလုံးကို ထုတ်လွှတ်၍ တိုက်ခိုက်နေစဉ်၊ တိုက်တန်မှာ ဒဏ်ရာများ ပိုပိုရလာပြီး ဒေါသဖြင့် စူးရှစွာ အော်နေခဲ့သည်။

ဒဏ်ရာများမှာ သေးငယ်သော်လည်း နာကျင်မှုကမူ အလွန်ပြင်းထန်ပြီး၊ ဤအရာက တိုက်တန်ကို ပိုမိုကြမ်းတမ်းလာစေခဲ့သည်။

သို့သော် တိုက်တန်၏ လှုပ်ရှားမှုများမှာ ကိုးယိုးကားယားဖြစ်နေပြီး ဖုန့်လင်းကို ဖမ်းယူနိုင်စွမ်း မရှိခဲ့ပေ။ ဖုန့်လင်းမှာ တိုက်တန်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည့် ယင်ကောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ တိုက်တန်အနေနှင့် ဘာမှမလုပ်နိုင်ခဲ့ပေ။

သို့သော်လည်း ဖုန့်လင်း စိတ်မကျေနပ်သေးပေ။ နေ့တစ်ဝက်လုံးနီးပါး တိုက်ခိုက်ပြီးသည့်နောက်မှာပင် ဤတိုက်တန်မှာ နဂါးတစ်ကောင် (သို့) ကျားတစ်ကောင်ကဲ့သို့ အားအင်ပြည့်ဝနေဆဲပင်။

တိုက်တန်၏ ခန္ဓာကိုယ် ကြီးမားလာသော်လည်း ပေးဆပ်ရသည့် တန်ဖိုးမှာ လှုပ်ရှားမှုများ နှေးကွေးသွားခြင်းဖြစ်ပြီး ခံနိုင်ရည်နှင့် ခုခံအားတို့မှာမူ ပိုများလာခဲ့သည်။

အစောပိုင်းက ဖုန့်လင်း၏ အတွေးများမှာ မမှားပေ။ သူအနေဖြင့် တိုက်တန်ကို တစ်ချက်တည်း အဆုံးမသတ်ခင် သေးငယ်သည့် ဒဏ်ရာများကို စုပုံလာစေလိုနေခဲ့သည်။

သို့သော် သူ မေ့သွားသည့်အချက်တစ်ခုရှိနေသည်။ သူ့တွင် အချိန်လုံလုံလောက်လောက် မရှိဘဲ ဤသည်မှာ အရေးအကြီးဆုံးအချက်ပင်!

ပေ ၅၀ ကျော်ရှည်တဲ့ ဒီတိုက်တန်ကြီး လဲကျသွားဖို့ သေးငယ်တဲ့ဒဏ်ရာတွေ လုံလောက်အောင် ဘယ်လောက်ကြာကြာ စုဖို့လိုမလဲ?

တစ်နာရီလား? တစ်ရက်လား? ဒါမှမဟုတ် သုံးရက်သုံးညလား?...

ဤအစီအစဉ်မှာ အဆုံးတွင် အောင်မြင်ကောင်းအောင်မြင်နိုင်သော်လည်း ဖုန့်လင်းတွင် ထိုမျှလောက် အချိန်မရှိပေ။

ဧရာမဆေးဝါးကုမ္ပဏီမှာ ပြိုလဲသွားပြီဖြစ်သည်။ အပြင်ဘက်တွင်လည်း စစ်မီးများ နေရာအနှံ့ လောင်ကျွမ်းနေခဲ့သည်။ မားစ်ဂြိုဟ်တော်လှန်ရေးတပ်မှာလည်း မကြာခင်ပင် ဤနေရာကိုရောက်လာနိုင်ပြီး ထိုသို့ဖြစ်လာခဲ့လျှင် သူ့အတွက် အလွန်အန္တရာယ်များလာမည်ဖြစ်သည်။

သူ တတ်နိုင်သမျှ အမြန်ဆုံး ကိစ္စဖြတ်ရန် လိုအပ်သည်။

ဖုန့်​လင်း သူ့တွင် ဖြုန်းတီးရန် မည့်သည့် အချိန်မျှ မရှိကြောင်း သိထားသည်။ သူ့အတွေးများ အလျင်အမြန်လည်ပတ်လာကာ အဖြေရှာရန် ကြိုးစားနေခဲ့တော့သည်။

ရုတ်တရတ် ဖုန့်လင်း၏ နှလုံးသား လှုပ်ခတ်သွားသည်။ ''သူ စဉ်းစားနေမိတာက စွန်းဝူခုန်းသာဆိုရင် ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်မလဲ?''

အဆုံးတွင် ဒဏ္ဍာရီထဲမှ စွန်းဝူခုန်းသည် လောကသုံးပါး၌ စစ်ပွဲများ မရေမတွက်နိုင်အောင် ဆင်နွှဲခဲ့သည့် စစ်နတ်ဘုရားတစ်ပါးပင်။ 'သူ မကြုံဖူးတဲ့ အခြေအနေဆိုတာ ရှိနိုင်မှာလား?'

'''စွန်းဝူခုန်းရဲ့ ဇာတ်လမ်းတွေထဲကနေ အကြံတစ်ခုခု သူ ရနိုင်မလား။''

"အဲ?" ဖုန့်လင်း တိုက်တန်၏ ဧရာမခန္ဓာကိုယ်နှင့် ဟနေသည့် ပါးစပ်ကြီးကို စိုက်ကြည့်မိလိုက်သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် အကြံစည်တစ်ခု ဝင်းလက်သွားသည်။

သူ့အရိပ်မှာ လျှပ်တပြက်ရွေ့သွားပြီး ကျိုးပဲ့နေသည့် လက်ချောင်းတစ်ချောင်းဆီသို့ ရောက်သွားခဲ့သည်။ ထို့နောက် ရက်စက်စွာ ဆွဲဖြုတ်လိုက်သည်နှင့် တိုက်တန်၏ လက်ချောင်းကို အလွယ်တကူ ပြုတ်ထွက်သွားစေခဲ့သည်။

နာကျင်မှုဒဏ်ကြောင့် တိုက်တန်၏ပါးစပ်မှာ ပိုမိုကျယ်လာကာ စူးစူးဝါးဝါးအော်တစ်ခုထွက်ပေါ်နေခဲ့သည်။ ထိုအချိန်တွင် သူ၏ပါးစပ်မှာ တွင်းနက်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေပြီး ပူပြင်းသောလေများမှာ အပြင်သို့ ထွက်နေလျက်ရှိသည်။

အခွင့်ကောင်းပဲ!

ဖုန့်လင်း နောက်မဆုတ်ဘဲ ထိုအစား ရှေ့သို့ဆက်တိုးရန် ရွေးချယ်လိုက်ကာ တိုက်တန်၏ ပွင့်နေသောပါးစပ်ထဲသို့ ခုန်ဝင်လိုက်သည်။

ဂလောက် ဂလောက် မြည်သံများ ထွက်လာခဲ့သည်။ သူ့လည်ချောင်းထဲသို့ ပြင်ပအရာဝတ္ထုတစ်ခု ဝင်ရောက်လာသည်ကို သတိပြုမိလိုက်သောအခါ တိုက်တန်၏ မျက်နှာအမူအရာမှာ စိုးရိမ်သည့်ပုံဟ ပြောင်းသွားသည်။ သူ ချက်ချင်းပင် သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ညှစ်လိုက်ပြီး ချောင်းဟက်ထုတ်လိုက်သည်။

သူ့လည်ချောင်းတွင်း၌ ပြင်းထန်သည့်နာကျင်မှုတစ်ခုကို ခံစားနေရပြီး သူ့ ခေါင်းကို အနောက်သို့ပစ်ကာ မီးတောင်မှထွက်လာသော ချော်ရည်ကဲ့သို့ပူပြင်းသည့် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။

ဤအချိန်တွင် ဖုန့်လင်းမှာ အနည်းငယ်နွေးပြီး စိုစွတ်သည့် လမ်းကြောင်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ကြွက်သားနံရံများ တဆတ်ဆတ်လှုပ်ဖြစ်နေပြီး စေးကပ်သောအရည်များထံမှ အနံ့ဆိုးများမှာ လေထုထဲတွင် ပြည့်နှက်နေကာ သူ့အပေါ်သို့ တစ်စက်စက် ကျဆင်းလျက်ရှိသည်။ ထိုအရည်များတွင် အလွန်အားကောင်းသည့် တိုက်စားနိုင်စွမ်း ပါဝင်နေခဲ့သည်။

ပုပ်သိုးနေသည့် အနံ့ဆိုးများကို လေထဲတွင် အနံ့ရနေခဲ့သည်။

ဖုန့်လင်း အသက်အောင့်ထားလိုက်ပြီး သူ တိုက်တန်၏ လည်ချောင်းပိုင်းအတွင်း ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။

"မင်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းက အပြင်က အရေပြားလောက် မာလိမ့်မယ်လို့ ငါမယုံဘူး!"

မည်သည့်သက်ရှိမဆို ၎င်းတို့၏ အတွင်းအင်္ဂါများသည် အမြဲတစေ အားနည်းသည့် အချက်ပင်ဖြစ်သည်။

ဖုန့်လင်း၏ မျက်လုံးများမှာ ရေခဲကဲ့သို့ အေးစက်နေပြီး သူ၏ ဆေဘာဓားပုံစံ လက်ဖြင့် ရှေ့သို့ ထိုးစိုက်လိုက်သည်။

အသွင်မဲ့လေအားများမှာ တဟုန်ထိုး ပေါက်ကွဲထွက်လာကာ ဓားအိမ်မှ ပျံထွက်လာသော နတ်ဓားများကဲ့သို့ စူးရှချွန်ထက်သော လေဓားသွားများအဖြစ် ပြောင်းလဲသွားပြီး အသားနံရံအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။

"အိ!"

ဖုန့်လင်း၏မျက်နှာမှာ အားစိုက်ရမှုကြောင့် နီရဲလာသော်လည်း သူ မရပ်တန့်ခဲ့ပေ။ သူ့လက်မှာ နောက်တစ်ကြိမ် ဆေဘာတစ်လက်ပုံစံဖြစ်သွားပြီး ပိုင်းဖြတ်လိုက်သည်။ ဆေဘာအား ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ရှိနေသော အသားနံရံတိုင်းတွင် ဆိုးရွားသည့် ဒဏ်ရာများ ဖြစ်ပေါ်လာကာ သွေးများ ဒရဟော စီးဆင်းစေခဲ့သည်။

ဖုန့်လင်း ပူချစ်​နေသောသွေးများကို တောင့်ခံကာ ဒဏ်ရာအတွင်းသို့ နက်ရှိုင်းစွာ တူးဝင်သွားပြီး တိုက်တန်၏ အတွင်းပိုင်းတွင် ပိုမိုပျက်စီးစေရန်အတွက် ဆက်လက်ထိုးဖောက်ရန် ရည်ရွယ်ထားသည်။

ဘန်း! ဘန်း! ဘန်း!

တိုက်တန်၏ ဒွာရခုနစ်ပေါက်တွင် သွေးများထွက်နေခဲ့သည်။ ပြင်းထန်သောနာကျင်မှုသည် တိုက်တန်ကို ရူးသွပ်သွားစေခဲ့ပြီး သူ့ဘေးပတ်လည်ရှိ နေရာကို ရိုက်ခွဲနေကာ မိုးခြိန်းသံကဲ့သို့သော အသံများ မြည်ဟည်းစေခဲ့သည်။

တိုက်တန်၏ ရင်ဘတ်မှာ နိမ့်ချည် မြင့်ချည်ဖြစ်နေကာ အသားအိတ်ကြီးနှင့်တူနေပြီး အထဲတွင် ကြွက်တစ်ကောင် လှည့်ပတ်၍ လှုပ်ရှားနေသကဲ့သို့ ပုံပေါ်နေခဲ့သည်။ တစ်ခါတစ်ရံ ထိုကြွက်မှာ အဆုတ်ထဲ၊ထို့နောက် အသဲ၊ထို့နောက် အစာအိမ်ထဲ သို့ ရွေ့လျားနေခဲ့သည်...

ကိုယ်တွင်းအင်္ဂါတိုင်းမှာ ''ကြွက်''၏ လည်ပတ်သွားလာခြင်းကို ခံနေရသည်။ တိုက်တန်မှာ သွေးအန်နေရင်း နာကျင်မှုဒဏ်ကြောင့် ငိုကြွေးနေရသည်။ သူ၏ အစပိုင်းက အားကောင်းသည့် အော်ရာမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

တိုက်တန် သေလုနီးပါးဖြစ်နေချိန်တွင် သူ၏မျက်နှာမှာ ရုတ်တရက် နီရဲလာပြီး သေမင်းအော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ခဏအကြာတွင် အသက်ဓာတ်လက္ခဏာအားလုံး ကွယ်ပျောက်သွားခဲ့ရင်း တိုက်တန်မှာလည်း မလှုပ်ရှားတော့ပေ။

ဘွမ်း!

တိုက်တန်၏ အလောင်း ပေါက်ကွဲသွားပြီး သွေးများရွှဲရွှဲစိုနေသည့် လူသားတစ်ဦး ထွက်လာခဲ့သည်။ သူ၏ လက်တစ်ဖက်တွင် အနီရောင် တလက်လက်တောက်နေသည့် စက်လုံးတစ်လုံးကို ကိုင်ထားပြီး ထိုစက်လုံးမှာ ထုထည် မီတာဝက်ခန့် ရှိမည့်ပုံပေါ်သည်။

ဘွမ်း! ဘွမ်း! ဘွမ်း!

စည်းချက်များမှာ ဒရမ်မှပဲ့တင်သံနှင့်တူနေပြီး မိုးကြိုးကဲ့သို့ ပဲ့တင်ရိုက်နေခဲ့သည်။ အံ့သြဖွယ်ကောင်းစွာပင် ထိုစက်လုံးမှာ နှလုံးသားတစ်ခုနှင့် တူနေပြီး အားပြင်းပြင်းနှင့် ခုန်နေခဲ့သည်။

ဖုန့်လင်းတစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေပြီး သူ၏ မူလအသွင်အပြင်ကို လုံးဝမမြင်ရတော့ပေ။ သူ့မျက်လုံးများကသာ ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။

"တိုက်တန်က နတ်ဘုရားတစ်ပါးဆိုရင်တောင် ဘာဖြစ်လဲ?"

"နောက်ဆုံးတော့ ငါ့လက်ချက်နဲ့ သေရတာပဲ မဟုတ်လား?!"

All Chapters