အင်္ဂါဂြိုဟ်မှ ထွက်ခွာခြင်း
Vol. 9 Ch. 132
"ဒီနေရာဖြစ်သင့်တယ်!"
ဥမင်လိုဏ်ခေါင်းသည် အလွန်နက်ရှိုင်းပြီး မည်သည့်နေရာသို့ ဦးတည်နေမှန်း မသိရပေ။
အမှားအယွင်းမရှိကြောင်း အထပ်ထပ်အတည်ပြုပြီးနောက် ဖုန့်လင်း ဆေးမီးဖိုကို လှေတစ်စင်းသဖွယ် အသုံးပြုကာ ဥမင်ထဲသို့ ဝင်ရောက်လိုက်သည်။
ပူပြင်းလှသော ချော်ရည်များမှာ သူ့အနားတစ်ဝိုက်တွင် ဆူပွက်လျက်ရှိပြီး ပင်လယ်ရေလှိုင်းများကဲ့သို့ ဖြစ်နေကာ ဆေးမီးဖိုကို ရှေ့သို့တွန်းပို့နေခဲ့သည်။
"အမြန် ကြည့်စမ်း၊ သတ္တုလုံးကြီး ပြေးနေပြီ!"
"မကောင်းတော့ဘူး၊ ရှေးဟောင်းဒဏ္ဍာရီလာ အပျက်အယွင်းတွေရဲ့ လျှို့ဝှက်ချက်တွေအားလုံးက အဲ့ထဲမှာပဲ!"
"အင်္ဂါဂြိုဟ်က အရမ်းကြီးတယ်၊ အဲ့ဒီအလုံးရဲ့ တည်နေရာကို ငါ့အတွက် အမြန်မှတ်ပေးစမ်း!"
...
ယခုလေးတင်ရောက်ရှိလာသည့် မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏ စစ်သားများ ကျွဲမြီးတိုနေပြီး စူးစူးဝါးဝါး အော်ဟစ်နေစဉ် ဖုန့်လင်းမှာမူ ဆေးမီးဖိုကို ထိန်းချုပ်ကာ အဝေးသို့ ပြေးသွားပြီဖြစ်သည်။
ဆေးမီးဖိုကို လှေအဖြစ်အသုံးပြုပြီး ချော်ရည်များကို သမုဒ္ဒရာလှိုင်းများသဖွယ် သဘောထားလိုက်သည်။
မြေအောက်လိုဏ်ခေါင်းမှာ ဘယ်ညာကွေ့ကောက်နေပြီး အလွန်အမင်းရှုပ်ထွေးနေခဲ့သည်။
သို့သော် ဆေးမီးဖိုမှာ လိုဏ်ခေါင်းကို ဖြတ်၍ အတင်းတိုးဝင်ကာ လမ်းတွင် ပိတ်ဆို့နေသော ကျောက်တိုင်များကို အစိတ်စိတ်အမွှာမွှာ ခွဲချေလိုက်သည်။ ထို့နောက် အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ဆီသို့ ဦးတည်ရင်း ၎င်း၏ အရှိန်နှုန်းကို မြှင့်တင်လိုက်သည်။
ဖုန့်လင်းမှာ သမုဒ္ဒရာလှိုင်းများပေါ်တွင် လှိုင်းစီးနေရသကဲ့သို့ စိတ်လှုပ်ရှားဖွယ်ခံစားချက်မျိုးကို ခံစားမိနေခဲ့သည်...
ဆေးမီးဖို၏ အရှိန်မှာ အံ့သြဖွယ်ကောင်လောက်အောင် မြန်ဆန်လွန်းလှသည်။ မည်မျှကြာအောင် ခရီးနှင်ခဲ့ရသည်ကို မသိရသော်လည်း ဖုန့်လင်းမှာ အင်္ဂါဂြိုဟ်၏မျက်နှာပြင်နှင့် သူ အလွန်နီးကပ်နေပြီဟု အာရုံခံမိလိုက်သည်။
နောက်ဆုံးတွင်မူ သူ့ရှေ့တွင် အလင်းရောင်ပေါ်ထွက်လာခဲ့သည်။
မီးလျှံများ ပေါက်ကွဲထွက်လာပြီး ချော်ရည်များ ဆူပွက်လာကာ အနက်ရောင် မှိုပုံသဏ္ဌာန် တိမ်များ ဖြစ်ပေါ်လာသည်။
အယ်လ်ခမီဆေးမီဖိုအိုးတစ်လုံးမှာ ပေါက်ကွဲမှု၏အားကြောင့် လေထဲသို့ မြင့်တက်သွားပြီး ချော်ရည်နှင့် မီးခိုးများ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ပေါက်ကွဲမှုမှ အရှိန်ကုန်သွားသည်နှင့် ဆေးဖိုမှာ လေထဲမှ အလျင်အမြန် ကျဆင်းလာရင်း အလွန်မြန်ဆန်သော အရှိန်ကြောင့် လေထုနှင့် ပွတ်တိုက်မှုများဖြစ်ပေါ်နေကာ မီးပွားများစွာ ထွက်လာခဲ့သည်။ ၎င်းမှာ ကောင်းကင်မှ ကျဆင်းလာသော ရဲရဲတောက်နေသည့် ဥက္ကာပျံတစ်လုံးနှင့် တူနေခဲ့သည်။
ဘွမ်း!
အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မီးခိုးနှင့်ဖုန်မှုန့်များ နေရာအနှံ့တွင် ထွက်ပေါ်လာခဲ့သည်။
မီးတောင်ခြေရင်းတွင် သဲနှင့် မြေစာများ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားသည့် အကျိုးသက်ရောက်မှုကြောင့် ကြီးမားသည့် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာတော့၏။
အချိန်အတန်ကြာမှသာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည့် မျက်နှာတစ်ခု ထိုနေရာမှ တက်လာခဲ့သည်။
မီတာ ၂၀၀၀၀ အမြင့်မှ ကျဆင်းလာခြင်းကို ဖုန့်လင်း သူ့ခန္ဓာကိုယ်ဖြင့်ပင် မခံနိုင်ခဲ့ပေ။ သူ အလွန်မူးဝေနေသကဲ့သို့ ခံစားနေရပြီး အချိန်အတော်ကြာမှသာ သက်သာလာခဲ့သည်။
သူ့ခေါင်းကို ပြန်လှည့်ကြည့်လိုက်သည်နှင့် ကောင်းကင်ဘုံတိုင်လုံးတစ်လုံးအလား မီးတောင်ကြီးတစ်လုံးကိုသာ မြင်လိုက်ရသည်။ ဤမီးတောင်သည် မယှဥ်သာလောက်အောင် ကြီးကျယ်ခမ်းနားပြီး တစ်ယောက်၏ စိတ်နှလုံးကို မွှေနှောက်နိုင်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
ဤမီးတောင်သည် အင်္ဂါဂြိုဟ်ပေါ်ရှိ အမြင့်ဆုံးမီးတောင်ဖြစ်သော ''အိုလံပတ်''တောင်ဖြစ်ပြီး အနည်းဆုံး မီတာ ၂၀၀၀၀ အမြင့်ရှိကာ ကမ္ဘာပေါ်ရှိ ဧဝရက်တောင်ထက် နှစ်ဆပိုမြင့်သည်။
သို့သော် မည်သူပင်ဖြစ်စေ ဤနေရာတွင် မြေအောက်သို့ သွားရောက်နိုင်သော လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေသည်ဟု စိတ်ကူးမိလိမ့်မည် မဟုတ်ပေ။
သို့သော် အင်္ဂါဂြိုဟ်သည် ဤမျှသာကမ္ဘာမြေအရွယ အကြမ်းဖျင်းအားဖြင့် ကမ္ဘာမြေအရွယ်အစား၏ ကိုးပုံတစ်ပုံခန့်သာ ရှိသည်။ လက်ရှိခေတ်၏ နည်းပညာဖြင့် အရာအားလုံးကို အီလက်ထရွန်းနစ်စကန်ဖတ်စက်မှတစ်ဆင့် အလွယ်တကူ ထုတ်ဖော်နိုင်သည်။
သူ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရမည်ဖြစ်သည်။
မဟုတ်ပါက မားစ်ဂြိုဟ်တော်လှန်ရေးတပ် ဤနေရာသို့ ရောက်ရှိလာလျှင် သူ့အတွက် လွတ်မြောက်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။
"ပြန်သိမ်းစမ်း" ဖုန့်လင်း သူ၏ ဆေးမီးဖိုကို ကြည့်လိုက်ပြီး ယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။
သူ၏ အသွင်မဲ့စိတ်စွမ်းအင်များမှာ စိတ်အမှတ်အသားထဲသို့ စီးဝင်သွားကာ ဆေးမီးဖိုကို ပြင်းထန်စွာ တုန်ခါသွားစေပြီး အရွယ်အစား သေးသွားစေခဲ့သည်။ ချက်ချင်းပင် မူလက တောင်တစ်လုံးအရွယ် ကြီးမားသော ဆေးမီးဖိုမှာ နံ့သာအိုးတစ်လုံးအရွယ်သို့ သေးသွားခဲ့သည်။ ထို့နောက်တွင် ထပ်မံသေးငယ်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး ဖုန့်လင်းလက်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူ့လက်ဖြင့် ထိလိုက်သည်နှင့် ၎င်းမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော ဆေးမီးဖိုအိုးပုံ ဆေးမင်ကြောင်တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။
သို့သော်... ဆန္ဒပြုလိုက်သည်နှင့် ဖုန့်လင်းမှာ သူ့လက်ထဲရှိ ဆေးမီးဖိုကို ရှင်းလင်းစွာ ခံစားနိုင်ခဲ့သည်။ ဆေးမီးဖိုသည် သူနှင့်အတူ ပေါင်းစပ်သွားပြီဖြစ်ကာ ဤအချက်ကို သူတိတ်ဆိတ်စွာ အံ့အားသင့်နေမိသည်။
ရှေးဟောင်းဒဏ္ဍာရီလာ အံ့ဖွယ်ရတနာသည် မျှော်လင့်ထားသည့်အတိုင်းပင်၊ လူ့ခန္ဓာကိုယ်နှင့်အတူ ပေါင်းစပ်နိုင်သည့်အပြင် စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သော စွမ်းရည်များလည်း ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ဤဆေးမီးဖို၏ စွမ်းရည်များကို အတိအကျသိနိုင်ရန်မှာမူ အနာဂတ်တွင် သူ ဖြည်းဖြည်းချင်း ရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။
"ခေါက်သိမ်းနိုင်သော အာကာသလွန်းပျံယာဉ်၊ အသက်ဝင်စမ်း!" ဖုန့်လင်း သူ့လက်ချောင်းပေါ်ရှိ လက်စွပ်ကို ထိလိုက်ရင်း လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
လက်စွပ်မှာ လင်းလက်လာကာ ပို၍ပို၍ တောက်ပလာခဲ့သည်။ ရုတ်တရက် အလင်းတန်းတစ်ခု ရှေ့သို့ ပစ်လွှတ်လိုက်သည်။ အာကာသနေရာလပ်မှာ တွန့်လိမ်သွားပြီး မြူများကဲ့သို့ ကွဲထွက်သွားကာ ငွေရောင်လွန်းပျံယာဉ်တစ်စင်း သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ ဤလွန်းပျံယာဉ်သည် အလျား ၁၀၀၀ မီတာခန့်ရှိပြီး ၎င်းတွင် လေခွင်းအားကောင်းသော ပုံသဏ္ဍာန်နှင့် နည်းပညာ၏ လှပမှုဖြင့် ပြည့်နှက်နေခဲ့သည်။
"ကြိုဆိုပါတယ် ကပ္ပတိန်! 'မြင့်မြတ်တဲ့ သန္နိဋ္ဌာန်' လွန်းပျံယာဉ် အသင့်ဖြစ်ပါပြီ၊ ကျွန်မတို့ ဘယ်အချိန်မဆို ပျံတက်နိုင်တယ်!" အမျိုးသမီးအသံတစ်ခု မြည်လာခဲ့ပြီး ဤသည်မှာ လွန်းပျံယာဉ်၏ AI ဖြစ်သည်။
လွန်းပျံယာဉ်၏ AI သည် အဆင့်မြင့်ဆုံးသော AI တစ်ခုဖြစ်ပြီး အလိုအလျောက်မောင်းနှင်မှုစနစ်ဖြင့် အာကာသထဲရှိ ရှုပ်ထွေးသည့် အခြေအနေ အများစုကို အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိသည်။
ဖုန့်လင်း တစ်ယောက်တည်းသာရှိသော်လည်း လွန်းပျံယာဉ်ကို အလွယ်တကူ မောင်းနှင်နိုင်သည်။
ကမ္ဘာသို့ ပြန်ရန်အချိန်တန်ပြီပင်!
ဖုန့်လင်း အင်္ဂါဂြိုဟ်သို့ ရောက်ရှိနေသည်မှာ အတော်ကြာပြီဖြစ်ကာ အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသည်နှင့်ပတ်သက်၍ တိတ်တဆိတ် ပြန်ပြောင်းစဥ်းစားနေမိသည်။ ဤအရာသည် ကမ္ဘာပေါ်တွင် နောက်ဆုံးရှိခဲ့သည့်အချိန်မှစ၍ ဘဝတစ်ခုစာမျှ ကွာဟသွားသကဲ့သို့ ခံစားချက်ကို သူ့အား ပေးနေခဲ့သည်။ ပြန်ရန်အချိန်တန်ပြီဖြစ်သည်!
သူ့ကလန်နှင့်ပတ်သက်၍ ပြဿနာအချို့ ကျန်ရှိနေသေးသည်ကို သူ မမေ့ခဲ့ပေ။
ဘဏ္ဍာစိုးချုပ်ကြီးအနေနှင့် လက်ရှိသူ့ကို မည်ကဲ့သို့မြင်မည်မှန်း သူမသိပေ။ အရင်ကလို မောက်မာတဲ့ သဘောထားကို ဆက်ထိန်းထားဦးမှာလား?
ဖုန့်လင်း၏ နှုတ်ခမ်းတွင် အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသော်လည်း နှလုံးသားထဲတွင်မူ မထိန်းနိုင်သော လွမ်းဆွတ်မှုများ ပေါ်ပေါက်လာခဲ့သည်။
သူ အနီးသို့ လျှောက်
သွားသည်နှင့် အခန်းငယ်လေး၏ တံခါးမှာ အလိုအလျောက်ပွင့်သွားပြီး သူ ဝင်သွားလိုက်သည်။
မကြာမီပင် လွန်းပျံယာဉ်၏နောက်မှ နီရဲနေသည့်ရောင်ခြည်အလင်းများ ပစ်လွှတ်လိုက်ရင်း ကြီးမားသော တွန်းကန်အားဖြင့် ကြယ်တာရာ အာကာသထဲသို့ တွန်းပို့လိုက်ကာ ငွေရောင်မျဉ်းတစ်ကြောင်း အဖြစ် အလျင်အမြန်ပြောင်းလဲသွားပြီး မိုးကုပ်စက်ဝိုင်းအတွင်းသို့ ပျောက်ကွယ်သွားသည်။
ဖုန့်လင်း ထွက်ခွာပြီးမကြာမီပင် လွန်းပျံယာဉ်သုံးစင်းမှာ သူ ယခင်က ရှိခဲ့သည့်နေရာသို့ ချဉ်းကပ်လာခဲ့သည်။ မားစ်ဂြိုဟ်တော်လှန်ရေးတပ်၏ ယူနီဖောင်းဝတ်ဆင်ထားသော စစ်သားတစ်အုပ်မှာ နေရာတစ်ခုလုံးကို အပြည့်အဝ ဝိုင်းရံလိုက်သည်။
"ဒီမှာ အာကာသလွန်းပျံယာဉ်တစ်စင်းရဲ့ သဲလွန်စတွေရှိတယ်။ ဧရာမဆေးဝါးကုမ္ပဏီက ရွံစရာကောင်းတဲ့ သတ္တဝါတစ်ကောင်ရဲ့ လက်ချက်ဖြစ်ဖို့ အလားအလာများတယ်။"
"ငါတို့ သူ့ကိုရှာရမယ်။ သံသယဖြစ်စရာ ပစ်မှတ်ကို လွတ်သွားစေတာထက် မှားယွင်းသတ်မိတာက ပိုကောင်းတယ်!"
"အမှန်ပဲ၊ သူ့မှာ ဒဏ္ဍာရီလာ အပျက်အယွင်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေနိုင်တယ်။ အဒီလျှို့ဝှက်ချက်တွေက ဧရာမဆေးဝါးကုမ္ပဏီရဲ့ အစစ်အမှန် ရတနာတွေပဲ။ ငါတို့ ဘယ်လိုနည်းနဲ့မဆို ရရမယ်!"
...
ဤအချိန်တွင် မားစ်ဂြိုဟ်တော်လှန်ရေးတပ်မှ စစ်သားများ ဖုန့်လင်းကို အသည်းအသန် ရှာဖွေနေစဉ်၊ လွန်းပျံယာဉ်တစ်စင်းသည် အင်္ဂါဂြိုဟ်၏ လေထုအလွှာကို ဖြတ်ကျော်ကာ အဝေးရှိ မိုးပြာရောင် ဂြိုဟ်တစ်ခုဆီသို့ အလျင်အမြန် ဦးတည်ပျံသန်းနေခဲ့ပြီဖြစ်သည်။
လွန်းပျံယာဉ်အတွင်းမှ စက်ခန်းရှိ ဖန်သားပြင်မှတစ်ဆင့် ဖုန့်လင်းမှာ မီးလျှံကဲ့သို့နီရဲနေသည့်ဂြိုဟ်တစ်လုံးဖြစ်သော မားစ်ဂြိုဟ်ကို မြင်နိုင်ခဲ့ပြီး ၎င်းသည် အလျင်အမြန်ပင် ပိုမိုသေးငယ်လာကာ တဖြည်းဖြည်းနှင့် အလွန်သေးငယ်သော အနီရောင် အစက်တစ်ခုသဖွယ် ပြောင်းသွားခဲ့သည်။
ဖုန့်လင်း၏ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်နေပြီး ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှုများပင်။
အင်္ဂါဂြိုဟ်သို့ ဤခရီးစဉ်တွင် မထင်မှတ်ထားသည့် အန္တရာယ်များစွာနှင့်အတားအဆီးများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ပြန်ရခဲ့သည်များကလည်း မနည်းလှပေ။ သူ မည်သည့်ဆိုးကျိုးမှ မခံစားခဲ့ရပေ။
ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်၊ ဆအယ်လ်ခမီပညာရပ်များ၊ ဒဏ္ဍာရီလာ အပျက်အယွင်းများ...
တစ်ခုချင်းစီတိုင်းသည် နောက်တစ်ခုစီထက် တန်ဖိုးပိုကြီးသည်။ သူ တစ်ခုချင်းစီကို ထုတ်ပြလိုက်လျှင် အခြားသော ကျင့်ကြံသူများအား မနာလိုစိတ်ဖြင့် ရူးသွပ်သွားစေရန် လုံလောက်နေခဲ့သည်။
ယခုအချိန်တွင်မူ ဖုန့်လင်းမှာ ဤအရာအားလုံးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်!
''သိုင်းပညာရပ်တွေ၊ လျှို့ဝှက်နည်းစနစ်တွေ၊ ကံကောင်းတာ... ငါအားလုံးလိုချင်တယ်!''
''ရင်းနှီးမြှပ်နှံမှု မရှိဘဲ ဘယ်လိုလုပ် အကျိုးအမြတ်ရနိုင်မှာလဲ?''
စွန့်စားမှု ပိုကြီးလေလေ၊ ဆုလာဘ်များ ပိုများလေလေပင်!
သူ့အနေနှင့် ကြီးမားသော စွန့်စားမှု များစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အပြန်အလှန်အနေဖြင့် မယှဥ်သာနိုင်လောက်အောင် များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်ခဲ့သည်။
ဤအချက်ကိုကြည့်၍ တစ်ယောက်အနေဖြင့် သူ၏ ကျင့်ကြံခြင်းလမ်းစဥ်အပေါ်တွင် အနာဂတ်ကာလ၌ အချိန်မည်မျှ ပေးရမည်ကို မှန်းဆနိုင်သည်။
အနာဂတ်တစ်ချိန်တွင် သူ ရင့်ကျက်လာသည့်အခါ ယခု ရထားသော အကျိုးကျေးဇူးများမှာ မဖြစ်စလောက် ဖြစ်သွားပေလိမ့်မည်။
သို့သော် ဖုန့်လင်းအနေဖြင့် ဤအတွေ့အကြုံသည် သူ၏နှလုံးသားအတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားမည်ကို ရှင်းလင်းစွာ သိနေခဲ့သည်။
ဤသည်မှာ သူ့အတွက်,တက်သစ်စ လူငယ် ကျင့်ကြံသူတစ်ယောက်အတွက် အလုံးစုံပြောင်းလဲမှုဖြစ်ပြီး သန်မာလာမည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခြင်းပင်!
ဤသည်ကို အတွေ့အကြုံ တိုးပွားလာမှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ထိုအရာကြောင့်ပင် သူ ရင့်ကျက်ခဲ့ပြီး ဤအတွေ့အကြုံသည် အမှန်တကယ်ပင် အဖိုးတန်လှသည်။
ဖုန့်လင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အစောပိုင်းက သူ၏ တင်းမာနေခဲ့သော ခန္ဓာကိုယ်မှာ ယခုအခါ လုံးဝပြေလျော့သွားပြီး ထိုင်ခုံနောက်မှီပေါ်တွင် မှီလိုက်သည်။ ဤမတိုင်မီက သူ၏စိတ်သည် အလွန်အမင်း တင်းမာနေခဲ့ရသည်။ ယခုမူ သူ နောက်ဆုံးတွင် ယာယီအနားယူနိုင်လေပြီ။
သူ လေကို နက်ရှိုင်းစွာ ရှူသွင်းလိုက်သည်။ ဤသည်မှာ ကျင့်ကြံခြင်းတွင် ပြောထားသည့် အသက်ရှူနည်းစနစ်အတွက် မဟုတ်ပေ။ သူသက်သောင့်သက်သာရှိရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ခြင်းမျှသာ။
ဖုန့်လင်း နောက်ဆုံးအကြိမ်အဖြစ် အင်္ဂါဂြိုဟ်ကို လှည့်ကြည့်လိုက်သည်။ ယခုအခါ သူ့မျက်လုံးများထဲတွင် အင်္ဂါဂြိုဟ်သည် ဖျော့တော့သော အနီရောင်အစက်ငယ်တစ်ခုအဖြစ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီဖြစ်သည်။
နှုတ်ဆက်ပါတယ်၊ အင်္ဂါဂြိုဟ်ရေ!
သူ နောက်ထပ် လှည့်မကြည့်တော့ပေ။ သူ့မျက်လုံးများမှာ တောက်ပသောအလင်းရောင်တစ်ခုဖြင့် လင်းလက်လာကာ အဝေးရှိ မိုပြာရောင် ဂြိုဟ်ကြီးဆီသို့ စိုက်ကြည့်လိုက်သည်။
''ကမ္ဘာမြေကြီးရေ၊ ငါပြန်လာပြီကွ!''
လွန်းပျံယာဉ်မှာ မှောင်မိုက်သော ကြယ်တာရာအပြည့်နှင့် ကောင်းကင်ယံတွင် မီးလျှံကဲ့သို့ တောက်ပသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပြီး အဝေးသို့ ဦးတည်ထွက်သွားခဲ့သည်။
လူသားတစ်ဦး၊ လွန်းပျံယာဉ်တစ်စင်း... ဤသည်မှာ အိမ်မှ ကြာမြင့်စွာ ခွဲခွာခဲ့ရသူတစ်ဦး နောက်ဆုံးတွင် ပြန်လာသကဲ့သို့ပင်။ ဖုန့်လင်း နှလုံးသားထဲရှိ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများနှင့်အတူ ရှေ့ဆက်ပျံသန်းနေခဲ့သည်!