← Chapters

ကြယ်တာရာ နည်းပညာ

Vol. 9 Ch. 133

ကြယ်တာရာ နည်းပညာ

Vol. 9 Ch. 133

လွန်းပျံယာဉ်သည် နီရဲနေသည့် ရောင်ခြည်တန်းများထုတ်လွှတ်ကာ ငွေရောင်မျဉ်းတစ်​ကြောင်းအဖြစ် ပြောင်းလဲသွားပြီး အာကာသနေရာလပ်၏ အမှောင်ထုကို အလျင်အမြန်ဖြတ်သန်းသွားသည်။ ၎င်းသည် မိုးပြာရောင် ဂြိုဟ်ကြီးဆီသို့ အမြန်ဆုံးအရှိန်နှုန်းဖြင့် ဦးတည်နေခဲ့သည်။

ဤလွန်းပျံယာဉ်၏ အရှိန်မှာ မြန်ဆန်လွန်းလှပြီး အင်္ဂါဂြိုဟ်မှ ကမ္ဘာမြေသို့ ရောက်ရှိရန် သုံးနာရီခန့်သာ ကြာမြင့်သည်။ ဖုန့်လင်း အင်္ဂါဂြိုဟ်သို့ စီးနင်းခဲ့သော ဟာလေ-989 ခရီးသည်တင် အာကာသလွန်းပျံယာဉ်နှင့်စာပါက နှစ်ဆကျော် ပိုမိုမြန်ဆန်နေခဲ့သည်။

ထို့အပြင် ယာဉ်သည် အလွန်အမင်း တည်ငြိမ်လှပြီး မသက်မသာခံစားရမှု လုံးဝရှိမနေပေ။

ဖုန့်လင်း ယာဥ်မောင်းထိုင်ခုံတွင် ထိုင်နေရင်း ကြယ်တာရာခေတ်၏ နည်းပညာကို တိတ်တဆိတ် အံ့အားသင့်နေမိသည်။

သိပ္ပံနှင့်နည်းပညာများ ပိုမိုတိုးတက်လာလေလေ လူသားတို့၏ ထူးကဲသော ​စွမ်းရည်များနှင့် ယှဉ်ပြိုင်နိုင်လာလေပင်။

ဤသည်မှာ ပြင်ပအရာဝတ္ထုများမှတစ်ဆင့် စကြဝဠာ၏နိယာမများကို ထိတွေ့နိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ သိပ္ပံနှင့်နည်းပညာသည် လူသားများ၏ အခြေခံသဘောသဘာဝကို မပြောင်းလဲနိုင်သော်လည်း မွေးရာပါ ပါရမီဖြင့် ကန့်သတ်ခံရမည် မဟုတ်ပေ။ အရင်းအမြစ်များစွာ စုဆောင်းပြီး သိပ္ပံနှင့်နည်းပညာကို လုံလုံလောက်လောက် ဖွံ့ဖြိုးအောင်လုပ်နိုင်ပါက ၎င်း၏စွမ်းအားသည်လည်း ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေနိုင်သည်။ တစ်ယောက်အနေနှင့် စွမ်းအားအရာတွင် အကန့်အသတ် မရှိနိုင်ပေ။

ကြယ်တာရာခေတ်၏ လူ့အဖွဲ့အစည်းသည် သိပ္ပံနှင့်နည်းပညာတွင် ယခင်က မရှိခဲ့ဖူးသော အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး မရေမတွက်နိုင်သော သိပ္ပံဆိုင်ရာ အံ့ဖွယ်များကို မွေးဖွားလာစေ​နိုင်ခဲ့သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ နေအဖွဲ့အစည်းသည် ခေတ်နောက်ကျနေသော ဖရိုဖရဲ ကြယ်နယ်မြေ တစ်ခုသာ ဖြစ်သည်။ စစ်မှန်သည့် အထွတ်အထိပ်နည်းပညာများကို အထွတ်အထိပ် ကြယ်တာရာ အင်ပါယာများတွင်သာ တွေ့နိုင်သည်။

ဖုန့်လင်း ဤအကြောင်းကို အရင်က ကြားဖူးခဲ့သော်လည်း မမြင်ဖူးခဲ့ပေ။ ဥပမာအားဖြင့် ဘလက်ဟိုးလ် အမြောက်များ၊ ဒိုင်မန်းရှင်း ပဲ့ထိန်းတပ်ဒုံးများ၊ လေဟာနယ် လှိုင်း တည်ဆောက်ပုံများ...

ဤလွန်းပျံယာဉ်မှာ အလွန်အဆင့်မြင့်သော နည်းပညာထုတ်ကုန်တစ်ခုဖြစ်ပြီး နေအဖွဲ့အစည်းတွင် ရှိသင့်သည့်အရာ မဟုတ်ပေ။

ကမ္ဘာမြေသို့ရောက်ရန် နှစ်နာရီခန့်ကျန်နေသေးသည်။ ဖုန့်လင်း လွန်းပျံယာဉ်ကို စတင်လေ့လာလိုက်ပြီး ပို၍များသော အချက်အလက်များကို ရှာဖွေလိုနေခဲ့သည်။

ဤလွန်းပျံယာဉ်သည် ဧရာမဆေးဝါးကုမ္ပဏီ၏ နောက်ဆုံးဝှက်ဖဲဖြစ်ပြီး ကုမ္ပဏီ၏ ကျန်ရှိနေသည့် အခြေခံအုတ်မြစ်အားလုံးကို ပိုင်ဆိုင်ထားသည်။ ဧရာမဆေးဝါးကုမ္ပဏီ၏ နည်းပညာနှင့် ပိုင်ဆိုင်မှုများ၏ အဓိကအနှစ်ချုပ်အားလုံးသည် ယခုလွန်းပျံယာဉ်အတွင်း၌ ရှိနေသင့်သည်။ ရိုးရှင်းစွာပင် ဤသည်မှာ အလွန်တန်ဖိုးကြီးသော ရတနာသိုက်တစ်ခုပင်။

ယခုအခါ... ဤအရာအားလုံးသည် ဖုန့်လင်း၏ ပိုင်ဆိုင်မှုဖြစ်နေခဲ့လေပြီ!

ပိုင်ရှင်တစ်ဦးအနေနှင့် ဖုန့်လင်း သူ၏ပိုင်ဆိုင်မှုများကို စာရင်းပြုစုရန် လိုအပ်သည် မဟုတ်လော?

ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော နှလုံးသားဖြင့် ဖုန့်လင်း လွန်းပျံယာဉ်အတွင်းပိုင်းဧရိယာကို စတင် လှည့်လည်လိုက်ပြီး ဘယ်၊ ညာ ကြည့်နေခဲ့သည်။ သူ့ပုံစံမှာ မြို့ကြီးသို့ ပထမဆုံးအကြိမ် ရောက်လာသည့် တောသားတစ်ဦးနှင့် တူနေကာ သူ့အတွက် အရာအားလုံးမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး အသစ်စက်စက် ဖြစ်နေခဲ့သည်။

သူ၏ပုံမှန်ပင်ကိုယ်စရိုက်မှာ အေးဆေးတည်ငြိမ်သော်လည်း ယခုအခါတွင်မူ ဤမျှ ကြီးမားသည့် ရတနာစုဆောင်းမှုကို မြင်လိုက်ရသည့်အတွက် အတန်ငယ် မူးဝေသွားသလို ခံစားနေရသည်။

"AI၊ ငါ ဒီလွန်းပျံယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို လိုချင်တယ်" ဖုန့်လင်း ပြောလိုက်သည်။

စီစီစီ~

သူ့မျက်စိရှေ့တွင် အလင်းလှိုင်းတစ်ခု ဖြာဆင်းကျလာပြီး အစစ်အမှန်နှင့်တူသည့် ပုံရိပ်ယောင် လူသားပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ထိုပုံရိပ်ယောင် အရိပ်မှာ ဖုန့်လင်းရှေ့တွင် ရပ်လိုက်သည်။

ဤပုံရိပ်မှာ ဖွံထွားသည့် ရင်သားနှင့် တင်ပါးရှိသည့် နှစ်လိုဖွယ် အမျိုးသမီးငယ်တစ်ဦး၏ ပုံရိပ်ဖြစ်သည်။ သူမ၏ ရုပ်သွင်မှာ 'S' ပုံသဏ္ဍာန် ခန္ဓာကိုယ်ရှိကာ အလွန့်အလွန် ညို့ယူဖမ်းစားနိုင်နေခဲ့သည်။

သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်မှာ ရွှေအချိုးအစားနှင့်အညီ ဖြစ်နေခဲ့သည်။ သူမ၏ နှာတံလေးမှာ ဖြောင့်စင်းနေကာ မျက်လုံးများ၏ အနက်မှာလည်း နက်ရှိုင်းလှသည့် ရေအိုင်တစ်ခုကဲ့သို့ပင်။ သူမသည် ဂရိဒဏ္ဍာရီမှ အလှနတ်ဘုရားမ ဗီးနပ်စ် သေမျိုးကမ္ဘာ အတွင်းသို့ ဆင်းသက်လာသည်နှင့် တူနေခဲ့သည်။

သူမ၏ အလှတရားနှင့် ပတ်သက်၍ တစ်ခုတည်းသော ပြစ်ချက်မှာ ဤပုံရိပ်ယောင် ပုံရိပ်သည် ရွှေရောင်ဆံပင်နှင့် မိုးပြာရောင်မျက်လုံးရှိသော အနောက်တိုင်းအမျိုးသမီးပုံစံဖြစ်နေခြင်းပင်။

AI မှာ ဖုန့်လင်း၏ မကျေနပ်သည့် မျက်နှာအမူအရာကို အထင်အရှား သတိပြုမိလိုက်ပြီး ချိန်ညှိမှုများ စတင် ပြုလုပ်လိုက်သည်။

"ကပ္ပတိန်ရဲ့ တောင်းဆိုချက်အရ ပုံရိပ်ယောင် ပုံရိပ်ကို အခု ချိန်ညှိနေပါတယ်!" ရွှေရောင်ဆံပင်နှင့် မိုးပြာရောင်မျက်လုံးရှိသော မိန်းကလေးမှာ အနက်ရောင် ဆံပင်နှင့် မျက်လုံးများရှိသော အရှေ့တိုင်း အလှလေးတစ်ယောက် ချက်ချင်း ဖြစ်လာခဲ့သည်။ သူမ၏ မျက်လုံးများမှာ ကြည်လင်သော ရေကဲ့သို့ဖြစ်နေပြီး မျက်နှာသည်လည်း နူးညံ့သိမ်မွေ့နေခဲ့သည်။ သူမသည် ခရမ်းရောင်တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားကာ အရှေ့တိုင်းမိန်းမပျိုတစ်ယောက်၏ တင့်တယ်ကြော့ရှင်းသည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။

ဖုန့်လင်း ခေါင်းညိတ်လိုက်သည်။ သူ အကူအညီမဲ့နေသော်လည်း ယခုအခါ ပုံရိပ်မှာ ယခင်ကထက် ပိုမိုကောင်းမွန်နေသည်ကို သူ သဘောတူမိလိုက်သည်။

ဖုန့်လင်း၏ ကျေနပ်မှုကို သတိပြုမိသော အရှေ့တိုင်းသူ အလှလေးမှာ ပြုံးလိုက်သည်။ "မြင့်မြတ်တဲ့ သန္နိဋ္ဌာန် ရဲ့ AI 'အန်နာ' မှ ကပ္ပတိန်အား ဝန်ဆောင်မှုပေးရန် အသင့်ပါ"

ဖုန့်လင်း မျက်မှောင်ကြုပ်လိုက်မိသည်။ ဤသည်မှာ အရှေ့တိုင်းသူ အလှလေးဖြစ်မှန်း ရှင်းနေသော်လည်း သူမ၏ အမည်မှာ "အန်နာ" ဖြစ်နေခဲ့သည်။ ဤသည်မှာ ရှေ့နောက်ညီမနေခဲ့ပေ။

"မင်းရဲ့နာမည်ကို ပြောင်းလို့ရမလား? လွန်းပျံယာဉ်နဲ့ မင်းရဲ့နာမည် နှစ်ခုစလုံးကို ငါ ပြောင်းချင်တယ်။ ဘာလဲ မြင့်မြတ်တဲ့သန္နိဋ္ဌာန်၊ ဘာလဲ အန်နာ? အခုဒီလွန်းပျံယာဉ်က ငါ့ဟာဖြစ်နေပြီ၊ အနောက်တိုင်းနာမည်တွေ ဘာလို့သုံးနေရမှာလဲ?" သူ၏စကားလုံးများမှာ အလွန်အမင်း အထက်စီးဆန်နေခဲ့သည်။

"သဘောအတိုင်းပါပဲ" AI အလှလေး လူသားတစ်ဦးကဲ့သို့ ပြုံးလိုက်သည်။ "ကျေးဇူးပြု၍ ကျွန်မကို အမိန့်ပေးပါ"

အလွန်ရှားပါးသော လွန်းပျံယာဉ်တစ်စင်းနှင့် ထိုက်တန်စွာပင်။ AI အသိစိတ်မှာ အမှန်ပင် မြင့်မားလှပြီး လူသားတစ်ဦး၏ထက် မညံ့ပေ။

ဖုန့်လင်း တိတ်တဆိတ် အံ့အားသင့်နေမိပြီး ရုတ်တရက် သူ၏မျက်လုံးများတွင် အလင်းတစ်ချက် လက်သွားသည်။

စွန်းဝူခုန်း၏ လမ်းစဉ်ကို လျှောက်လှမ်းလိုကတည်းက အနာဂတ်တွင် ဤလွန်းပျံယာဉ်သည် သူ့လုပ်ငန်းများ၏ အခြေစိုက်စခန်းဖြစ်လာမည်ဖြစ်သည်။ ''ဒါဆို ဒီယာဉ်ကို "ပန်းမာလာတောင်" လို့ ဘာလို့ နာမည်မပေးရမှာလဲ?'' "ဒီနေ့ကစပြီး ဒီလွန်းပျံယာဉ်ကို 'ပန်းမာလာတောင်' လို့ နာမည်ပေးလိုက်မယ်!" ဖုန့်လင်း အတည်ပြုသည့်အနေဖြင့် အမည်ကို ထပ်လောင်းပြောလိုက်သည်။

"မင်းနာမည်ကို 'ဇီရှား' လို့ခေါ်မယ်" ဖုန့်လင်းက အချိန်သိပ်မဖြုန်းဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"နာမည်ပြောင်းလဲမှု အောင်မြင်ပါပြီ! ကပ္ပတိန် ဖုန့်လင်း၊ 'ပန်းမာလာတောင်' လွန်းပျံယာဉ်၏ AI 'ဇီရှား' မှ သင့်အား ဝန်ဆောင်မှုပေးရန် အသင့်ပါ" အရှေ့တိုင်းအလှလေး၏ မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေပြီး အစစ်အမှန် လူသားတစ်ဦးနှင့်တူနေခဲ့သည်။

"အင်း" ဖုန့်လင်းက ခေါင်းညိတ်ရင်း တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်၊ "လွန်းပျံယာဉ်ရဲ့ တည်ဆောက်ပုံနဲ့ အစီအစဥ်တွေကို ငါ့ကို ပြပါ"

"ကပ္ပတိန်၊ ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါ" AI အလှလေးမှာ လွန်းပျံယာဉ်၏ အတွင်းပိုင်းဆီသို့ စတင် ဦးဆောင်သွားရင်း ပတ်ဝန်းကျင်ကို မိတ်ဆက်ပေးလိုက်သည်။

လွန်းပျံယာဉ်၏ အတွင်းပိုင်းမှာ အလွန်ကြီးမာသည်။ ၎င်းကို အလွှာများစွာနှင့် အခန်းများစွာ ခွဲထားပြီး ဓာတ်ခွဲခန်း၊ ကျင့်ကြံခြင်းအခန်း၊ အနားယူခန်း စသည့် အခန်းမျိုးစုံ ရှိနေခဲ့သည်။ အခြေအနေများမှာ အမှန်တကယ်ပင် အထက်တန်းဆန်ကာ သက်တောင့်သက်သာရှိသည်ဟု ခံစားခဲ့ရသည်။

ထို့နောက် ပစ္စည်းကိရိယာဇုံတွင် ဖုန့်လင်း သေနတ်အမျိုးမျိုး၊ ဗုံးများ၊ အမြောက်များနှင့် ကျည်ဆန်များကို တွေ့ခဲ့ရပြီး မော်ဒယ်မျိုးစုံ ရှိနေခဲ့သည်။

ဖုန့်လင်း ဤလက်နက်များကို ရင်းနှီးမနေခဲ့ပေ။ ရှင်းလင်းစွာပင် ဤလက်နက်များကို အထွတ်အထိပ်ကြယ်တာရာ အင်ပါယာများ၏ လက်ရွေးစင် လက်နက်များဟု သတ်မှတ်နိုင်ပြီး နေအဖွဲ့အစည်းရှိ နိမ့်ကျသည့် လက်နက်များ မဖြစ်နိုင်ပေ။

ထို့အပြင် အရွယ်ရောက် လူကြီးတစ်ဦး အရွယ်အစားရှိသော စက်ရုပ် သုံးရုပ်ကိုပင် သူ တွေ့ခဲ့ရသည်။ ၎င်းတို့ကို သတ္တုစပ်များဖြင့် ပြုလုပ်ထားပြီး သိပ္ပံနှင့် နည်းပညာ၏ တင့်တယ်ကြော့ရှင်းမှုဖြင့် ဖြာထွက်နေခဲ့သည်။

"တပ်ဆင်ပါ" ဖုန့်လင်းက အသက်သွင်းသည့်ခလုတ်ကို နှိပ်လိုက်သည်။

ထိုစက်ရုပ်များဆီမှ အငွေ့များထွက်လာကာ ဖုန့်လင်းဆီသို့ ပျံသန်းလာရင်း ၎င်းတို့ကိုယ်ကို အစိတ်အပိုင်းများ အလျင်အမြန် တပ်ဆင်ခဲ့သည်။ ခဏအတွင်းပင် သံမဏိလူသားကဲ့သို့ စက်ရုပ်သုံးရုပ် ပေါ်ထွက်လာခဲ့သည်။

ဖုန့်လင်း ရှေ့တက်ကာ ၎င်းတို့ကို စိတ်ဝင်တစား လေ့လာနေခဲ့သည်။

စက်ရုပ်များကို အလွန်ရှားပါးသော ပစ္စည်းများအဖြစ် သတ်မှတ်နိုင်သည်။ ဤသည်မှာ ဖုန့်လင်း၏ ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။

သူ စက်ရုပ်၏လုပ်ဆောင်ချက်များကို စတင်စမ်းသပ်လိုက်သည်။ သူ့လက်ချောင်းများဖြင့် သတ္တုစပ်အခွံပေါ်တွင် ခေါက်နေခဲ့ပြီး ရုတ်တရက် အားအနည်းငယ် စိုက်လိုက်သည်။

ဂျွတ်...ဂျွတ်...

သတ္တုစပ်၏ ခံနိုင်စွမ်းထက် ကျော်လွန်သွားသည့်အသံများ ပဲ့တင်ထပ်လာကာ ရှင်းလင်းသော လက်ဗွေရာတစ်ခုကို မြင်နိုင်ခဲ့သည်။

အခြေအနေမှာ ကိုးရိုးကားယား ဖြစ်သွားသည်...

ဖုန့်လင်း တိတ်တဆိတ် သူ့လက်များကို ရုပ်သိမ်းလိုက်ပြီး သူ့နှလုံးသားထဲတွင် ပြောစရာစကားမဲ့နေခဲ့သည်။

ဘယ်လိုတောင် အထိမခံတာလဲ...

'စက်ရုပ်တွေကို အရမ်းမာတဲ့ သတ္တုစပ်တွေနဲ့ လုပ်ထားတာ မဟုတ်ဘူးလား?'

'ငါ ဘာအားမှ သိပ်မသုံးဘဲနဲ့ စက်ရုပ်ဝတ်စုံ ဘာလို့ပျက်စီးသွားရတာလဲ?'

ဖုန့်လင်း အလွန်အမင်း စိတ်ဓာတ်ကျမှုကို ခံစားလိုက်ရသည်။

ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် စက်ရုပ်ဝတ်စုံကို ဝတ်ဆင်ကြည့်ခြင်းဖြစ်သော်လည်း ၎င်း၏မာကျောမှုသည် သူ့ခန္ဓာကိုယ်ထက် နိမ့်ကျနေသည်ကို တွေ့လိုက်ရသည်။ ဒါကြီးက...

စက်ရုပ်များတွင်လည်း သဘာဝအတိုင်း အဆင့်အမျိုးမျိုး ရှိသည်။ ၌စက်ရုပ်များမှာ အများဆုံး အဆင့်နိမ့်သိုင်း အဆင့်သာ ရှိသည်။ အခြားသော ကြယ်တာရာကျင့်ကြံသူများအတွက် အသုံးဝင်ကောင်းဝင်နိုင်သော်လည်း ဖုန့်လင်းအတွက်မူ သိပ်အသုံးမဝင်ပေ။

စက်ရုပ်များသည် သူ၏အသားထက်ပင် မမာနေပေ။ အကယ်၍ သူ ဝတ်ဆင်ပါလိုက်က အသုံးမဝင်သော သတ္တုစပ်အလွှာတစ်ခုသာ ဖြစ်နေမည်ဖြစ်ပြီး ၎င်း၏ အလေးချိန်သည်ပင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပေလိမ့်မည်။

အံ့အားသင့်စွာပင် ဖုန့်လင်းအနေနှင့် နားမလည်နိုင်သေးဘဲ သူ၏လက်ရှိကျင့်ကြံမှုအခြေခံမှာ အလွန်မြင့်မားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

အခြားသူများအတွက် အလွန်တန်ဖိုးကြီးသည်ဟု ယူဆကြသော ကျင့်ကြံခြင်း အရင်းအမြစ်များသည် သူ့အတွက် အကျိုးသက်ရောက်မှု မရှိတော့ပေ။

"ငါ အရမ်းကို အားကောင်းနေပြီပဲ!"

ဖုန့်လင်း တိတ်တဆိတ် သူ့ကိုယ်သူ ချီးကျူးမိလိုက်သည်။ သူ၏ အင်အားများ အလွန်လျင်မြန်စွာ တိုးတက်လာပြီး ဖြစ်နိုင်သည်မှာ မကြာခင် သူ့ကိုယ်သူပင် မမှတ်မိနိုင်လောက်တော့ပေ။

ကလန်၏ ခေါင်းပုံဖြတ်မှုမှ ထွက်ပြေးခဲ့သော ထိုလူငယ်လေးမှာ မသိလိုက်ဘဲ ပျောက်ကွယ်သွားပြီဖြစ်ကာ ရင့်ကျက်သည့် ယောက်ျားတစ်ဦးက အစားထိုးခဲ့သည်။

ဖုန့်လင်း သူခံစားနေရသည့် စိတ်ဓာတ်ကျမှုကို ဖိနှိပ်လိုက်ပြီး လွန်းပျံယာဉ်အတွင်းရှိ ပစ္စည်းများကို ဆက်လက်၍ ဝေ့ကြည့်လိုက်သည်။

ဤနေရာတွင် အပင်မျိုးစေ့များမှသည် မျိုးစပ်ထားသော တိရစ္ဆာန်မျိုးဥများအထိ ထူးဆန်းသောပစ္စည်းမျိုးစုံ ရှိနေခဲ့သည်။ စနစ်အတွင်းတွင် သိပ္ပံပညာဆိုင်ရာ မှတ်တမ်းများစွာရှိပြီး အခြေခံအဆင့် သိပ္ပံဆိုင်ရာ အသိပညာများဖြစ်သည်။

တောရိုင်းထဲတွင် မည်ကဲ့သို့ ရှင်သန်နိုင်မည်ဟူသည့် အချက်အလက်များကိုပင် ဖုန့်လင်း တွေ့ခဲ့ရသည်။

"ဒါတွေက ဘာတွေလဲ? လူတွေကို ဘီယား ဂရေးလ်စ် ဘယ်လိုဖြစ်ရမလဲ သင်ပေးနေတာလား? ဘီယား ဂရေးလ်စ်ဆိုရင်တောင် ပျက်စီးနေတဲ့ ဂြိုဟ်တစ်ခုမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလေ ၊ဟုတ်တယ်ဟုတ်?" ဖုန့်လင်း မျက်နှာထက်တွင် ထူးဆန်းသည့် အကြည့်တစ်ခု ရှိနေခဲ့သည်။ 'ဒီအသိပညာတွေ အကုန်လုံးက ဘာအတွက်လဲ?'

ထို့နောက် သူ လွန်းပျံယာဉ်၏ သိုလှောင်ခန်းသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် အမှတ်အသားများပါနေသည့် စက်လုံးပုံစံ စက်ရုပ်ပေါင်း တစ်သောင်းကျော် အထပ်လိုက်ပုံနေသည်ကို တွေ့ခဲ့ရသည်။

''ဟာကျူလီ-198 မော်ဒယ် စက်ရုပ်အလုပ်သမား!"

ဖုန့်လင်းသည် တစ်စုံတစ်ခုကို စဉ်းစားမိသကဲ့သို့ ဖြစ်သွားပြီး 'ပန်းမာလာတောင်' လွန်းပျံယာဉ်ကို ရှော့ရစွာ ကြည့်နေမိခဲ့သည်။

ဒါက ကိုလိုနီလွန်းပျံယာဉ်တစ်စင်း ဖြစ်နိုင်သလား?

---

ဘာသာပြန်မှတ်ချက် - ဇီရှား ဆိုသည်မှာ ခရမ်းရောင် တိမ်ကို ရည်ညွှန်းသည်။

ဘီးယား ဂရေးလ်စ် အကြောင်းပါ။ https://en.wikipedia.org/wiki/Bear_Grylls

All Chapters