← Chapters

ပုံရိပ်ယောင်စကြဝဠာ၏ ဖခင်ကြီး

Vol. 9 Ch. 134

ပုံရိပ်ယောင်စကြဝဠာ၏ ဖခင်ကြီး

Vol. 9 Ch. 134

လူသားမျိုးနွယ် ကြယ်များကိုဖြတ်ကျော်၍ ချဲ့ထွင်လာသည့်အချိန်မှစ၍ ၎င်းတို့၏ခြေလှမ်းများ မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ မစ်ကီဝေး ဂလက်ဆီတစ်ခုလုံးကို မရပ်မနား ဖြန့်ကျက်နေသည့် ကျိုင်းကောင်များကဲ့သို့ ပိုမိုဝေးလံစွာ စူးစမ်းရှာဖွေလာခဲ့ကြသည်။

မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ ဂြိုဟ်တစ်ခုတွင် အရင်းအမြစ်များ ကြွယ်ဝနေပါက လူသားများသည် ချက်ချင်းပင် အမြစ်တွယ်နေထိုင်ကာ ထိုဂြိုဟ်ကို ကိုလိုနီပြုလုပ်ကြသည်။

'ဘာလဲ?'

''ဂြိုဟ်ပေါ်မှာ မူလနေထိုင်သူတွေ ရှိနေရင် ဘာတွေဖြစ်နိုင်မလဲ?''

'ဟီးဟီး?'

''ဘာဖြစ်မယ်လို့ မင်းထင်လဲ? ဒီမေးခွန်းကို မေးဖို့တောင် လိုသေးလား?...''

ကြယ်တာရာခေတ်လူသားများသည် ၎င်းတို့၏ ဂုဏ်ကျက်သရေကို ချဲ့ကားထားဟန်ရှိပြီး အလွန်အမင်း တိုးတက်ကြီးပွားစွာ ပေါ်ပေါက်လာပုံရသော်လည်း အမှန်တရားသည်ကား ထိုဂုဏ်ကျက်သရေ၏ နောက်ကွယ်တွင် အရာအားလုံးသည် လတ်ဆတ်သည့် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ကြီးကျယ်ခမ်းနားမှု မည်မျှပင်မြင့်မားစေကာမူ နောက်ကွယ်တွင် ပိုမိုရက်စက်ပြီး အကြင်နာတရားကင်းမဲ့သည့် အမှုကိစ္စများကို ပြုလုပ်ခဲ့ကြသည်။

စကြဝဠာ၏ ရက်စက်သော တောရိုင်းဥပဒေသအရ မတူညီသောမျိုးနွယ်များအကြား သွေးထွက်သံယိုစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ နယ်မြေနှင့် နေထိုင်ရာနေရာအတွက် အားနည်းသူများသည် သန်မာသူများ၏ စားသုံးမှုကို ခံကြရသည်။

ရှေးဟောင်းခေတ် ကမ္ဘာမြေ၏ အရှင်သခင်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုကဲ့သို့ပင်။ ၎င်းတို့အနေနှင့် အဖိုးတန်ကုန်းမြေများကို ရရှိရန်အတွက် အစပိုင်းတွင် အိန္ဒိယလူမျိုးများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည် မဟုတ်လော?

အပြင်ပန်းအားဖြင့် ယဉ်ကျေးသော မျိုးနွယ်တစ်စုသည်ပင် အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလာပါက အလွန်ရက်စက်ကြမ်းကြုတ်လာနိုင်မည်ဖြစ်ပြီး တောရိုင်း သားရဲများထက်ပင် ပိုမိုရက်စက်နိုင်သည်။

အဆုံးတွင် ဗိုက်ပြည့်နေသော သားရဲတစ်ကောင်သည် အခြားတိရစ္ဆာန်များကို လိုက်လံဖမ်းဆီးခြင်း မပြုလုပ်တော့ပေ။

သို့သော် လူသားကဲ့သို့သော အသိဉာဏ်ရှိသည့် သက်ရှိများအတွက်မူ ၎င်းတို့သည် အလားအလာရှိသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေခဲ့သည်။ အကျိုးအမြတ်ရရှိမည်ဆိုပါက ရန်သူဖြစ်​​ခြင်း၊ မဖြစ်ခြင်းကို မရွေးဘဲ မျိုးတုံးအောင် အစုလိုက်အပြုံလိုက် သုတ်သင်ပစ်နိုင်သည်။

လူသားများ အခြားဂြိုဟ်များကို ကိုလိုနီပြုသည့်အခါ အသုံးပြုလေ့ရှိသော ကိရိယာမှာ ကိုလိုနီလွန်းပျံယာဉ်ပင်ဖြစ်သည်။ ကိုလိုနီလွန်းပျံယာဉ်ကို အခြေစိုက်စခန်းလွန်းပျံယာဉ်ဟုလည်း ခေါ်ကြသည်။

ဤလွန်းပျံယာဉ်မျိုးသည် သာမန်လွန်းပျံယာဉ်များထက် တန်ဖိုးပိုမိုကြီးမားသည်။ အလင်းအလျင်ဖြင့် ခရီးသွားနိုင်ပြီး တွင်းနက်များကိုဖြတ်၍ နက္ခတ္တဗေဒဆိုင်ရာ အကွာအဝေးများကို ဖြတ်ကျော်နိုင်သည်။

လွန်းပျံယာဉ်သည် ဂြိုဟ်တစ်ခုပေါ်သို့ ဆင်းသက်သည်နှင့် အလိုအလျောက် အခြေစိုက်စခန်းမုဒ်သို့ ပြောင်းလဲသွားကာ လူသားများနေထိုင်ရန် သင့်လျော်သော အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးပြီး ဂြိုဟ်သစ်တွင် အမြစ်တွယ်စေသည်။

ကိုလိုနီလွန်းပျံယာဉ်တိုင်းတွင် လူသားမျိုးနွယ်၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာအားလုံးပါဝင်သည်။ ထို့အပြင် အတွင်းပိုင်းဂေဟစက်ဝိုင်းစနစ်တစ်ခုလုံးကိုလည်း အလိုအလျောက်ဖွဲ့စည်းပေးနိုင်သည်။

လူသားများ ဂြိုဟ်သစ်တစ်ခုသို့ ရောက်ရှိပြီး ကိုလိုနီပြုရန် ဆုံးဖြတ်လိုက်ပါက လွန်းပျံယာဉ်၏ AI ကို ထိန်းချုပ်၍ စက်ရုပ်များဖြင့် သဘာဝအရင်းအမြစ်များကို ရှာဖွေကာ လိုအပ်သော ပစ္စည်းနှင့် အထောက်အပံ့များကို ထုတ်လုပ်နိုင်သည်။ ထို့နောက် လူသားများနေထိုင်နိုင်သော အခြေစိုက် စခန်းတစ်ခုကို အလျင်အမြန်တည်ဆောက်နိုင်မည်ဖြစ်သည်။

ထို့နောက် AI သည် စွမ်းအင်အရင်းအမြစ်များကို သုံး၍ ရေနှင့်မြေဆီလွှာကို သန့်စင်ပေးပြီး လွန်းပျံယာဉ်တွင်သိမ်းဆည်းထားသော အပင်မျိုးစေ့များကို စတင်စိုက်ပျိုးနိုင်ကာ မျိုးဥများကို အသုံးပြု၍ တိရစ္ဆာန်များကိုပင် မွေးမြူနိုင်သည်။

ဤအတိုင်း ဆက်သွားပါက လူသားမျိုးနွယ်၏အခြေစိုက်စခန်း မလွဲဧကန်ဖြစ်လာရင်း တဖြည်းဖြည်းချဲ့ထွင်လာပြီး သဘာဝကိုပြုပြင်ကာ ဂြိုဟ်တစ်ခုလုံးကို လူသားများနေထိုင်နိုင်သော နေရာတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်သည်။

ကိုလိုနီလွန်းပျံယာဉ်တိုင်းသည် လူသားများ၏ သိပ္ပံနှင့်နည်းပညာ၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။ ၎င်းတို့တွင် အမျိုးအသော လုပ်ဆောင်ချက်ကဏ္ဍများ ပါရှိနေခဲ့သည်။

ထိုသို့သော လွန်းပျံယာဉ်တစ်စင်း ပိုင်ဆိုင်ထားပါက စကြဝဠာကြီး မည်မျှပင်ကျယ်ပြောစေကာမူ တစ်ယောက်အနေဖြင့် သွားလိုသည့် မည်သည့်နေရာကိုမဆို သွားရောက်နိုင်မည်ဖြစ်သည်။ ၎င်းတွင် အပြည့်အဝ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိသည်။

ဧရာမဆေးဝါးကုမ္ပဏီကမှ လူများအနေနှင့် အင်္ဂါဂြိုဟ်မှ ထွက်ခွာပြီးနောက် ပြန်လည်ထူထောင်နိုင်ရန် ယုံကြည်ချက်ရှိခဲ့ခြင်းမှာ အံ့အားသင့်စရာမဟုတ်တော့ပေ။ ၎င်းတို့လက်ထဲတွင် ဤကဲ့သို့သော အန္တိမအကွက် ရှိနေခဲ့သည်။

ဖုန့်လင်း ခေါင်းညိတ်လိုက်ကာ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုတို့ကို ခံစားနေရသည်။

သာမန်လွန်းပျံယာဉ်များနှင့်စာပါက ကိုလိုနီလွန်းပျံယာဉ်၏ တန်ဖိုးမှာ ပို၍ ပို၍ အဆမတန်မြင့်မားသည်။ ထိုအရာအတွက် ဝယ်လိုအားများသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရောင်းချလိုချင်း ​မရှိဟုပင် ဆိုနိုင်သည်။

ဖုန့်လင်းကိုယ်တိုင်လည်း ဤကဲ့သို့သော အကျိုးအမြတ်ကို ရရှိလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

'ပန်းမာလာတောင်' လွန်းပျံယာဉ်နှင့်ဆိုလျှင် အာကာသထဲတွင် သူ သွားလိုသည့် မည်သည့်နေရာကိုမဆို စိတ်ချလက်ချ သွားရောက်နိုင်မည်ဖြစ်သည်။ ကျယ်ပြန့်လှသော စကြဝဠာကြီးအတွင်း တစ်ကိုယ်တည်း ကန့်သတ်ချက်များမရှိဘဲ ရှင်သန်နိုင်မည်ဖြစ်ပြီး သူ၏ လွတ်လပ်မှုအဆင့်မှာလည်း အလွန်တိုးတက်လာမည်ဖြစ်သည်။

ဖု​န့်လင်းပုံစံမှာ သူ၏နယ်မြေကို စစ်ဆေးနေသည့် အင်ပါယာတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။ AI အလှလေး၏ လမ်းညွှန်မှုဖြင့် လွန်းပျံယာဉ်အတွင်းတွင် သူ အမြန်လှည့်ပတ်ကြည့်ရှုလိုက်သည်။

အကြမ်းဖျင်း တစ်ပတ်လှည့်လည်ပြီးနောက် သူ နောက်ဆုံးတွင် ကျေနပ်သွားခဲ့သည်။ လူမွဲဘဝမှ ရုတ်တရတ် ချမ်းသာလာသူတစ်ဦး၏ ပျော်ရွှင်မှုမျိုးကို သူ ခံစားနေရသည်။

လူတိုင်း ရုတ်တရက် ချမ်းသာလာသူများကို မုန်းတီးတတ်ကြသည်!

သို့သော် ထိုကဲ့သို့ဖြစ်လာရန် ငြင်းဆန်မည့်သူ အဘယ်မှာရှိလိမ့်မည်နည်း?

ဖုန့်လင်း၏ စိတ်နေစိတ်ထားကို တည်ငြိမ်သည်ဟု ဆိုနိုင်သော်လည်း သူသည်လည်း လူသားတစ်ဦးပင်။ ဤအချိန်တွင် သူ့အနေဖြင့် အကူအညီမဲ့နေသော်လည်း ပျော်ရွှင်မှုကို ခံစားနေခဲ့ရသည်။

"ဇီရှား၊ ဒါတွေပဲလား?" လွန်းပျံယာဉ်မှာ အလွန်ကြီးမားပြီး ချန်ထားမိခဲ့သော အသေးစိတ်အချက်အလက်အချို့ ကျန်ရှိနေနိုင်သည်။ ထို့ကြောင့် သူ ဤမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။

"ရုပ်ဝတ္ထုပစ္စည်းအားလုံးကို စစ်ဆေးပြီးပါပြီ။ ပုံရိပ်ယောင်ပစ္စည်းတစ်ခု ကျန်နေပါသေးတယ်!" ဇီရှား ပြန်ဖြေလာခဲ့သည်။

"ပုံရိပ်ယောင်ပစ္စည်း?" ဖန်းလင်း၏ နှလုံးသား တဒိန်းဒိန်း ခုန်လာခဲ့သည်။ "ငါ့ကို အဲဒီနေရာကို ခေါ်သွားပါ!"

"ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါ!" AI ဇီရှား ပြုံးကာ လမ်းကို ဦးဆောင်လိုက်ပြီး ဖုန့်လင်းကို အလုံပိတ်ထားသော ဂိမ်းအခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ "ကပ္ပတိန်၊ ဒီနေရာကနေ ပုံရိပ်ယောင်စကြဝဠာထဲကို ဝင်နိုင်ပါတယ်။ ဝင်ပြီးရင် ပုံရိပ်ယောင်စကြဝဠာထဲမှာ ဧရာမဆေးဝါးကုမ္ပဏီ ပိုင်ဆိုင်ခဲ့တဲ့ ထိန်းချုပ်ခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ သူတို့ပိုင်ဆိုင်ခဲ့တဲ့ ပုံရိပ်ယောင်ဂြိုဟ်ရဲ့ ထိန်းချုပ်ခွင့်ကို ရှင် ရလာပါလိမ့်မယ်။"

'ပုံရိပ်ယောင်ဂြိုဟ်လား?'

ဖုန့်လင်း စိတ်ခံစားချက်များ လှုပ်ရှားသွားသည်ကို ခံစားခဲ့ရသည်။

အစစ်အမှန်စကြဝဠာတွင် လူသားများ၏ နယ်မြေအများစုကို အထွတ်အထိပ်ကြယ်တာရာအင်ပါယာများက သိမ်းပိုက်ထားသော်လည်း ဒုတိယစကြဝဠာဖြစ်သော ပုံရိပ်ယောင်စကြဝဠာမှာမူ ခြွင်းချက်ဖြစ်သည်။

နှစ်ပေါင်း ၃၀၀၀ ကျော်က ပုံရိပ်ယောင်စကြဝဠာ၏ ဖခင်ကြီး ဆီဇာ လီ သည် အထွတ်အထိပ်ကြယ်တာရာအင်ပါယာများက လူသားများအတွက် လွတ်လပ်သောနယ်မြေများ မချန်ထားဘဲ လူသားနယ်မြေအများစုကို သိမ်းပိုက်ထားသည့် အချက်ကို မကျေနပ်ခဲ့ပေ။

သူ၏ရည်မှန်းချက်မှာ လူတိုင်းတန်းတူညီမျှပြီး မည်သူတစ်ဦးတစ်ယောက်မျှ အစိုးရ၏ တင်စီးဖိနှိပ်မှုကို မခံစားရဘဲ လုံးဝလွတ်လပ်မှုရှိသော ဒုတိယစကြဝဠာတစ်ခုကို တည်ဆောက်ရန်ဖြစ်သည်။

မည်သူမဆို ကြိုးစားရန် ဆန္ဒရှိပါက အကန့်အသတ်မရှိသောဖြစ်နိုင်ခြေများနှင့်ပြည့်နေသည့် ဘဝတစ်ခုကို ထိုနေရာတွင် တွေ့ရှိနိုင်မည်ဖြစ်သည်။

နောက်ဆုံးတွင် နှစ်ပေါင်းတစ်ရာအချိန်ကုန်လွန်ခဲ့ပြီးမှ သူသည် အထွတ်အထိပ်ကြယ်တာရာအင်ပါယာများ၏ ထိန်းချုပ်မှုမှ ကင်းလွတ်သော AI ဆာဗာတစ်ခုကို အောင်မြင်စွာ တည်ဆောက်ရန် စီမံနိုင်ခဲ့ပြီး ဤဆာဗာသည် ကြယ်တာရာ အာကာသတစ်ခွင်လုံးကို ချိတ်ဆက်ပေးသည့် ပုံရိပ်ယောင်စကြာဝဠာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ မည်သူမဆို ထိုနေရာသို့ အလွယ်တကူဝင်ရောက်နိုင်ပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ကာကွယ်ထားသဖြင့် တရားဝင် အစိုးရများ၏ ထောက်လှမ်းစုံစမ်းမှုများမှ လုံးဝလွတ်မြောက်စေခဲ့သည်။

ဤပုံရိပ်ယောင်စကြာဝဠာတွင် အသုံးပြုသည့် ငွေကြေးမှာ လက်တွေ့ကမ္ဘာကဲ့သို့ပင် ကြယ်ဒင်္ဂါးများဖြစ်သည်။

ပုံရိပ်ယောင်စကြာဝဠာ ဖန်တီးပြီးသည်နှင့်တစ်ပြိုင်နက် လူသားမျိုးနွယ်အကြားတွင် အလွန်ကြီးမားသော ပွက်လောရိုက်မှုတစ်ခုကို ဖြစ်စေခဲ့ကာ စကြာဝဠာတစ်ခွင်လုံးသို့ ဖြတ်၍ ကူးစက်ရောဂါကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ပုံရိပ်​ယောင်ဂြိုဟ်တစ်ခုချင်းစီကို တစ်မူထူးခြားသည့် ပုံရိပ်ယောင်ကမ္ဘာတစ်ခုဟု သတ်မှတ်နိုင်ပြီး ရုပ်ရှင်များ၊ ဂိမ်းများ၊ အန်နီမေးရှင်းများစသည့် လိုအပ်ချက်အားလုံးကို ထည့်သွင်းထားသည်။ လူသားတို့စိတ်ကူးယဉ်ဖူးသမျှ အရာအားလုံးကို ဒီဂျစ်တယ်ဒေတာမှဖြတ်၍ ပုံရိပ်ယောင်အဖြစ် အသက်သွင်းထားသည်။ မည်သူမဆို လွတ်လပ်စွာဝင်ရောက်၍ ဘဝကို အပြည့်အဝ ပျော်ရွှင်နိုင်သည်။

ကန့်သတ်ချက်များမရှိသော ဤထူးခြားသည့် ကမ္ဘာ့အမြင်သည် မရေမတွက်နိုင်သော အလားအလာများကို ပိုင်ဆိုင်ထားသည်။

ပုံရိပ်ယောင်စကြာဝဠာသည် လူသားမျိုးနွယ်အတွက် ဒုတိယကမ္ဘာတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ပုံရိပ်ယောင်စကြာဝဠာဖန်တီးရန် ဆီဇာ လီသည် စွမ်းအင်အလွန်အမင်းသုံးစွဲခဲ့ရသဖြင့် ၎င်း၏ ကျင့်ကြံမှုများ နောက်ကျခဲ့ပြီး နှစ်ပေါင်း ၃၀၀ ကျော်အထိ အသက်ရှင်ပြီးနောက် ကွယ်လွန်သွားခဲ့သည်။ အဆုံး၌ သူသည် ကြယ်တာရာကျင့်ကြံသူနယ်ပယ်တွင်သာ သောင်တင်ခဲ့သည်။

သို့သော် သူ၏ ကြီးမားလှသော ကျေးဇူးတင်စရာကောင်းသည့် အောင်မြင်မှုအတွက် အမှတ်ရနေစေရန် လူသားများက သူ့အား "ပုံရိပ်ယောင်စကြာဝဠာ၏ဖခင်ကြီး"အဖြစ် ဂုဏ်ပြုသတ်မှတ်ကာ သူ၏နာမည်ကို ကြယ်တာရာခေတ်၏သမိုင်းတွင် ရေးထွင်းခဲ့ကြသည်။ တစ်နည်းအားဖြင့် ဤသည်မှာ သူ့အတွက် ထာဝရ ဂုဏ်ပြုခံရခြင်းပင်ဖြစ်သည်။

ထူးဆန်းသည်မှာ "ပုံရိပ်ယောင်စကြာဝဠာ၏ဖခင်ကြီး" ဆီဇာ လီ ကွယ်လွန်ပြီးနောက် ဤကျယ်ပြန့်လှသော စကြာဝဠာကြီးအတွင်း၌ မည်သူမျှ ပုံရိပ်ယောင်စကြာဝဠာဆာဗာ၏ တည်နေရာကို ရှာဖွေမတွေ့ရှိခဲ့ခြင်းပင်ဖြစ်သည်။

ဆာဗာသည် အကွာအဝေးကို မထောက်ဘဲ အချက်ပြလှိုင်းများကို ဖြန့်ကျက်နိုင်သည်ကို ကြည့်ပါက ၎င်းသည် မယုံနိုင်လောက်အောင် အံ့ဖွယ်ကောင်းသော ရတနာတစ်ပါးဖြစ်မည်မှာ သေချာပေါက်ပင်။

တစ်စုံတစ်ဦးသည် ဤဆာဗာကို ရရှိပါက ပုံရိပ်​ယောင်စကြာဝဠာတစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မရေမတွက်နိုင်သော လူသားများ၏ ဒုတိယဘဝများလည်း ပါဝင်သည်!

ဝမ်းနည်းစရာကောင်းသည်မှာ ဤမျှကြီးမားသည့် ပုံရိပ်ယောင်စကြာဝဠာဖန်တီးမှုစီမံကိန်းကြီးကို ဆီဇာလီတစ်ဦးတည်း အောင်မြင်စွာ လုပ်ဆောင်ခဲ်ခြင်းဖြစ်သည်။ သူ သေဆုံးပြီးနောက်တွင် ပုံရိပ်ယောင်စကြာဝဠာ၏တည်နေရာလျှို့ဝှက်ချက်သည် လုံးဝဖြေရှင်းမရနိုင်သော ဆန်းကြယ်မှုအဖြစ် ကျန်ရစ်ခဲ့သည်!

ပုံရိပ်ယောင်စကြာဝဠာမှာ ဆက်လက်လည်ပတ်လျက်ရှိသည်။ မရေမတွက်နိုင်သော လူသားများသည် ဆာဗာ၏ ဖုံးကွယ်နေသော တည်နေရာကို ရှာဖွေရန် အချိန်နှင့်အားထုတ်မှုများစွာ သုံးခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှာဖွေတွေ့ခဲ့ခြင်း မရှိပေ။

ပုံရိပ်ယောင်စကြာဝဠာသည် အကြွင်းမဲ့ လျှို့ဝှက်ပြီး လွတ်လပ်မှုရှိခြင်းကြောင့် ဤနေရာ၏ ပုံသဏ္ဍာန်မရှိသော နယ်မြေများမှာလည်း တန်ဖိုးကြီးမားသည့် ပုံရိပ်ယောင် ပစ္စည်းများ ဖြစ်လာလာခဲ့သည်။

ဂြိုဟ်တစ်ခုစာခန့် ကြီးမားသော ပုံယောင်ပစ္စည်းတစ်ခု၏ တန်ဖိုးမှာမူ ခန့်မှန်းရန်ပင် မဖြစ်နိုင်ပေ။ အမှန်စင်စစ် ၎င်းသည် လက်တွေ့ကမ္ဘာရှိ ဂြိုဟ်တစ်ခုထက်ပင် တန်ဖိုးပိုမိုကြီးမားနိုင်သည်။

ကြယ်တာရာအာကာသကြီးသည် အလွန်ကျယ်ပြန့်လွန်းလှသည်။ ထိုနေရာရှိ ဂြိုဟ်အများစုမှာ အသုံးဝင်မှု မရှိသော ကျောက်တုံးကျောက်ခဲများသာ ရှိနေသည့် ဂြိုဟ်သေများဖြစ်ကြသည်။ ၎င်းတို့တွင် တန်ဖိုးဟူ၍ လုံးဝမရှိပေ။

အလွန်နည်းပါးသော ဖြစ်နိုင်ချေအားဖြင့် ၁% ခန့်သော ဂြိုဟ်များကိုသာ ဂြိုဟ်ရှင်များအဖြစ် သတ်မှတ်ကြသည်။ ဂြိုဟ်ရှင်များသာမက၊ သဘာဝသယံဇာတများရှိသော သတ္တုဂြိုဟ်များသည်လည်း နက္ခတ္တဗေဒဆိုင်ရာ တန်ဖိုးများရှိသည်ဟု ယူဆကြသည်။

ပုံရိပ်ယောင်စကြာဝဠာသည် အသုံးပြုသူ၏ဆန္ဒအတိုင်း ပြောင်းလဲနိုင်ပြီး မရေမတွက်နိုင်သော အလားအလာများပါဝင်သည့် ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်လာနိုင်သည်။ ဤအရာသည် အမှန်ပင် အလွန်အမင်းဆန်းကြယ်လှသည်။

သူ မျှော်လင့်မထားခဲ့သည်မှာ ဧရာမဆေးဝါးကုမ္ပဏီသည် ပုံရိပ်ယောင်ဂြိုဟ်တစ်ခုကို ချန်ထားခဲ့ခြင်းပင်ဖြစ်သည်။

ဖုန့်လင်းအတွက် ဤအရာသည် အမှန်ပင် စိတ်ကျေနပ်ဖွယ် အံ့အားသင့်စရာတစ်ခုဖြစ်သည်။ အကြောင်းအချို့ကြောင့် ဧရာမဆေးဝါးကုမ္ပဏီနှင့် ပုံရိပ်ယောင်အင်တာဗျုးပြုလုပ်ခဲ့စဉ်က သူမြင်ခဲ့ရသော ဧရာမပုံရိပ်ယောင်ဂြိုဟ်ကြီးကို သူသတိရမိလိုက်သည်။

ဖုန့်လင်း၏ နှလုံးသားမှာ ခလောက်ဆန်သွားသည်။ ဂြိုဟ်တစ်ခုကို ထိန်းချုပ်နိုင်ခြင်းဆိုသည်မှာ ပုံရိပ်ယောင်စကြာဝဠာအတွင်း သူတစ်ဦးတည်းသာ ပိုင်ဆိုင်သော အာဏာတစ်ခုကို တည်ဆောက်နိုင်မည်ဟု ဆိုလိုခြင်း မဟုတ်လော?

'ဒဏ္ဍာရီလာဗီဇများအဖွဲ့အစည်းလား...?'

All Chapters