ရွက်လွှင့်ပြီ
Vol. 15 Ch. 211
ဒီမိကျောင်းလေးကို နောက်ဆုံး ရှောက်ရွှမ် မြင်ခဲ့တာနှစ်ဝက်ကျော်မျှသာရှိသေးသော်လည်း သူကနှစ်မီတာထက်ပိုထွားနေလေသည် ။၎င်းကသာမန် သာမန်မိချောင်းများထက်ပိုပြီးကြီးထွားမြန်လေသည် ။ ကူမျိုးနွယ်စုကမိချောင်းများက အနာဂတ်မှာကြီးထွားနှုန်းပိုပိုမြန်လာပြီး အထူးသဖြင့်မိုးရာသီတွင်ပိုမြန်ကြသည် ။ သူတို့ထွက်သွားပြီး ပြန်လာကြတိုင်းမှာ မယုံနိုင်စရာ ကြီးထွားနေသည်ကိုတွေ့ရပေမည် ။
“ ငါ့ကောင်လေး မတွေ့တာကြာပြီနော်”
ရှောက်ရွှမ်ကပြောသည် ။ မိကျောင်းပေါက်သူ့ဆီ တွားသွားလာတာကိုကြည့်ရင်း မိကျောင်းရဲ့ခေါင်းက အသားမာများကို လက်လှမ်းကာ ဖြေးဖြေး ချင်းထိလေသည်။
ရှောက်ရွှမ်နဲ့ မိကျောင်းပေါက်ကြားကာ အချင်းချင်းဆက်သွယ်မှုကိုကြည့်ပြီး သူ့ကိုလမ်းပြပေးတဲ့ မျိုးနွယ်စုစစ်သည်တော်များ မျက်နှာပေါ်ကအပြုံး ပိုပေါ်လာပြီး ပိုပြီးတော့ စိတ်အားထက်သန်စွာနဲ့ ဆက်ဆံကြလေသည် ။ သို့သော် ကျောက်ဝူကတော့ သူတို့၏ပါးစပ်ကြီးများကို ကြည့်ကာ ကြောက်နေလေသည် ။
သူတို့မျက်လုံးတွေက တော့ မိကျောင်းတွေနဲ့ အတော်လေးဆင်တယ်လို့ ကျောက်ဝူနဲ့ တခြားသူများက တွေးနေကြလေသည် ။ ကူမျိုးနွယ်စုရဲ့ ကိုယ်ခံပညာကို တွေ့ပြီးတဲ့အခါ သူတို့ခံစားချက်များက ပိုအားကောင်းလာကြသည် ။
ဆောင်းတွင်းပြီးတဲ့နောက် အပူချိန်ကပြန်လည်နွေး လာသော်လည်း သူတို့ကြိုက်သည့်အပူချိန်မျိုးတော့မဟုတ်သေး ပေ။ မည်သို့ပင်ဆိုစေကာမူ မျိုးနွယ်စုမှာ မိချောင်းများကို နေရာတိုင်းတွေ့နိုင်သည်။
ကင်းလှည့်အစောင့်ပေါင်းများစွာက ယန်ကျစ်နဲ့ တခြားသူများ ဘေးမှာ ကာကွယ်ပေးဖို့ ရှိနေကြပြီး မျိုးနွယ်စုကို ဦးဆောင်ခေါ်သွားလေသည် ။ မည်သူမှဦးမဆောင်လျှင် မျိုးနွယ်စုထဲကိုဝင်လာသော သူစိမ်းများကို မိကျောင်းများကတိုက်ခိုက်ကာ အစာအဖြစ် စားပစ်လိမ့်မည် ။ တချို့မိချောင်းများက ရေထဲ က ထွက်လာကာ အေးစက်စက်ကြည့်ပြီး ရေကန်ထဲသို့ တဖန်ပြန်ငုပ်သွားကြသည် ။
ကျောက်ဝူ နဲ့အခြားသူများက လမ်းတလျှောက်လုံး တောင့်တောင့်ကြီးဖြစ်နေပြီး ကလေးနှစ်ယောက်မှာ သူတို့ထက် အခြေနေကောင်းသည် ။ သူတို့က ပတ်ပတ်လည်က မိကျောင်းအကြီးများ အသေးများကိုကြည့်ကာ စပ်စုနေကြလေသည် ။ သူတို့ကူမျိုးနွယ်စုကို လာကတည်းက သူတို့ကအကြီးအကဲနှင့် နတ်ဆေးဆရာထံ အရင်သွားရောက် နှုတ်ဆက်ရပေမည် ။ ထို့ပြင် ရှောက်ရွှမ်မှာ သူတို့နှင့် ဆွေးနွေးစရာလေးများရှိသေးသည် ။
နောက်ဆုံးအကြိမ် အလည်လာတုန်းက ထိုလူနှစ်
ယောက်က ဖော်ရွေမှုကိုပြကာ မျိုးနွယ်စုနှစ်ခု အချင်းချင်းမဟာမိတ်ဖွဲ့ဖို့ကို မျှော်လင့်ထားကြသည်။
နတ်ဆေးဆရာနဲ့ အကြီးအကဲဟာ ကင်းအဖွဲ့ရဲ့ သတင်းပေးမှုကိုရပြီးတော့ အပြင်ကို ထွက်စောင့်နေကြလေသည်။
ကြိုဆိုဖို့ရာအထဲမှာ စောင့်မနေဘဲ အပြင်ထွက်စောင့်နေခြင်းက နတ်ဆေးဆရာနဲ့အကြီးအကဲတို့ရဲ့ သဘောထားကို ပြသခြင်းဖြစ်သည်။၎င်းက သူတို့အတွက် ရှောက်ရွှမ် ရဲ့ အရေးကြီးမှုကို ဖော်ပြနေသည် ။
“ မတွေ့ရတာကြာပြီ..ရှောက်ရွှမ် “
ကူမျိုးနွယ်စုက နတ်ဆေးဆရာကပြောသည် ။
“ သိပ်မကြာသေးပါဘူး ၊ နှစ်ဝက်လောက်ပဲရှိပါသေးတယ် “ ရှောက်ရွှမ်ကအဲဒီကိုသွားကာ ကျောက်စိမ်း
လေးကို လက်ဆောင်အဖြစ်ပေးလိုက်သည်။
အကြီးအကဲဖန်းမုက ကျောက်စိမ်းကိုယူလိုက်သည် ။ ကျောက်စိမ်းကိုထိလိုက်တဲ့အခါ နွေးထွေးတဲ့ ခံစားချက်ထွက်ပေါ်လာပြီး သူ့စိတ်ထဲကဖိအားများကို အတော်လေး ကိုရှင်းလင်းပေးလေသည် ။
သူတို့ကကျောက်စိမ်းကို မမြင်ဖူးတာမဟုတ်သော်လည်း သူတို့ဒေသမှာအလယ်ပိုင်းဒေသနဲ့ အတော်လေးအလှမ်းဝေးလေသည် ။ ထို့ပြင် သူတို့က ပုမျိုးနွယ်စုကဲ့သို့လည်း ဝေးဝေးလံလံကိုခရီးသွားလေ့မရှိပေ။ ပုမျိုးနွယ်စုကတော့ ရံဖန်ရံခါ ကျောက်စိမ်းများ ကိုပြန်ယူလာတတ်သည် ။ ထို့ကြောင့်သာ ကူမျိုးနွယ်စုကအဆင့်မြင့်သူများသာ ကျောက်စိမ်းကိုမြင်ဖူးကြခြင်းဖြစ်သည် ။
ကူမျိုးနွယ်စုကနတ်ဆေးဆရာမှာ ရှောက်ရွှမ်ကို ပိုပြီးလေးစားတဲ့အကြည့်နဲ့ကြည့်နေလေသည် ။ ယူလာသောလက်ဆောင်များကြောင့်မဟုတ်ဘဲ သူမထွက်သွားခင်က ရေလကျောက် အနည်းငယ်သာလျှင်ရှိပြီး တခြားဘာမှမရှိပေမယ့် သူ့မျိုးနွယ်စုဝင်များကို
ပုမျိုးနွယ်စုများနဲ့ခရီးသွားပြီး လုံခြုံဘေးကင်းစွာ ပြန်ခေါ်လာနိုင်လေရာ သူ၏အားကြီးသောအစွမ်းကို သိရှိသည့်အတွက်ကြောင့်ပဲဖြစ်သည် ။
နတ် ဆရာတစ်ယောက်အနေနဲ့ သူကရေတိုအကျိုးကိုသာမကြည့်ဘဲ ရေရှည်မှာသူတို့မျိုးနွယ်စု တိုးတက်ဖို့အတွက်အခွင့်အရေးကို ကြည့်ရသည် ။
သူခေါ်လာသောလူတွေမှာ စွမ်းအင်မနိုးထသေးသူများ ဖြစ်ပုံရသည့်အတွက် ဘာကြောင့်ဆိုတာကို နားမလည်သော်လည်း ဒါက သူတို့မျိုးနွယ်စုနဲ့ သက်ဆိုင်သည့် လျှို့ဝှက်ချက်ဆိုတာကိုတော့ နတ်ဆေးဆရာ သဘောပေါက်သည် ။ ထို့ကြောင့်အသေးစိတ်မမေးတော့ဘဲ ယန်ကျစ် နဲ့တခြားသူများကို အနီးကအိမ်များမှာ အနားယူဖို့ခေါ်သွားလိုက်သည် ။ သူနဲ့ဖန်းမုကတော့ ရှောက်ရွှမ်နှင့် အသေးစိတ်ပြောဖို့အိမ်ထဲသို့ခေါ်သွားလိုက်သည်။
“မျိုးနွယ်စုရွှေ့ဖို့လား”
ရှောက်ရွှမ်စကားများကိုကြားပြီးတဲ့နောက် နတ်ဆေးဆရာကော အကြီးအကဲကပါ အတော်လေးအံ့အားသင့်သွားသည် ။ ပုံမှန်ပြောရရင် တော့ အပြောင်းအလဲအဖြစ်အပျက်အ ကြီးကြီးများကြောင့်သာမဟုတ်လျှင် မျိုးနွယ်စုများက ကျပမ်းပြောင်းရွှေ့လေ့မရှိပေ။ မျိုးနွယ်စုကြီးလေလေ ရွှေ့ပြောင်းဖို့ရာခက်ခဲလေဖြစ်သည် ။
“ ဟုတ်ပါတယ် ၊ ရိုးရိုးသားသား ပြောရရင် နတ်ဆေးဆရာနဲ့အကြီးအကဲက အလယ်ပိုင်း ဒေသကိုမျိုးနွယ်စုပြောင်းရွှေ့ဖို့ကို တွေးနေတာကြာပါပြီ။ကျွန်တော်တို့အရင်ကလည်း အဲ့ဒီမှာနေဖူးပါတယ် ၊ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းမှာထွက်ခွာခဲ့ရတယ်။ ကျွန်တော်ပြန်ရောက်တဲ့အခါမှ ာအလယ်ပိုင်းဒေသကအခြေအနေကို နတ်ဆေးဆရာကို တင်ပြမှာပါ။ သူကအကြီးအကဲနဲ့ ပြောင်းရွှေ့ဖို ဆုံးဖြတ်ချက်ကိုဆွေးနွေးပါလိမ့်မည် “
ရှောက်ရွှမ်က ရှင်းပြလိုက်သည် ။
“ ကျွန်တော်တို့ပြောင်းရွှေ့တဲ့နေရာမှာ ကူမျိုးနွယ်စုရဲ့ဘေးဘက်ကို အခြေချဖို့များပါတယ် ၊ ဒီတော့ကူမျိုးနွယ်စုက အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ကိုအကူအညီပေးမယ်လို့ မျှော်လင့်မိပါတယ် ၊ ကျွန်တော်တို့ကတော့ ဘယ်တော့မှခြိမ်းခြောက်မှာမဟုတ်ဘူးလို့ ကတိပေးပါတယ်။ ကူမျိုးနွယ်စုရဲ့ပိုင်နက်ကိုလည်း ဘယ်တော့မှအင်အားအလုံးအရင်းနဲ့ကျူးကျော်မှာမဟုတ်ပါဘူးလို့လည်းကတိပေးတယ်” ရှောက်ရွှမ် ကပြောသည် ။
ကျူးကျော်ဖို့ ဆုံးဖြတ်ရခြင်းမှာ ရှောက်ရွှမ်တွင် ဆုံးဖြတ်ရန် အခွင့်မရှိပေ။ ထို့ကြောင့် သူ့စကားများ ကိုသူတို့ကချက်ချင်းမယုံကြပေ။ ပြောရရင်သူက နတ်ဆေးဆရာလည်းမဟုတ်သလို မီးတောက်ဦးချို မျိုးနွယ်စုအကြီးအကဲလည်းမဟုတ်ပေ။ မျိုးနွယ်စုခေါင်းဆောင်ပိုင်းများအနေနဲ့ ဖန်းမုနဲ့ နတ်ဆေးဆရာနှစ်ယောက်စလုံးသေချာစဉ်းစားဆုံးဖြတ်ဖို့လိုနေသည်။
ရှောက်ရွှမ်ကလည်းအလျင်မလိုပါချေ ။ သူက လည်း မိုးရာသီမကုန်ခင်အထိနှစ်ဝက်လောက်မျိုးနွယ်စုမှာနေဖို့ဆုံးဖြတ်ထားသည်။ ဒါကလည်းဆေးဆရာနဲ့ဖန်းမု ခွင့်ပြုထားခြင်းဖြစ်ပြီး သူတို့နှစ်ဝက်အတွင်းမှာဆုံးဖြတ်ချက်ချလေမည်။
နတ်ဆေးဆရာအိမ်မှာ အချိန်အတော်ကြာ စကားပြောပြီးသည့်နောက် သူကအပြင်ထွက်ကာ ယန်ကျစ်နဲ့အခြားသူတွေရှိတဲ့ ဖူရှစ်တို့အိမ်ကိုသွားလိုက်သည် ။ ရှောက်ရွှမ် ကိုနှစ်ဝက်လောက်မမြင်ခဲ့ပေမယ့် ဖူရှစ်၏မိသားစုက အလွန်ဖော်ရွေကာ အသားများနှင့်တည်ခင်းလေသည် ။
ဒီမှာနှစ်တစ်ဝက်လောက်နေမည်ဆိုတာကိုကြားပြီနောက် သို့ပေမယ့်သူယာယီနေဖို့နေရာမရှိသေးလေရာ ဖူရှစ်ကသူ့လက်အိတ်ကို လိပ်တင်လိုက်သည် ။
“ ငါမင်းအတွက်အိမ်ဆောက်ပေးမယ် ၊ဒီအနီးနားမှာပဲပေါ့ ၊ မင်းဆောက်ပြီးရင်နေလို့ရပါတယ်။ ချန်ကျားမှာမိသားစုနဲ့ ကလေးတွေရှိလာရင် သူလည်းအဲ့အိမ်
မှာနေလို့ရတာပေါ့ “
ကူမျိုးနွယ်စုကအိမ်များမှာ ရေထဲတွင်တစိတ်တစ်ပိုင်း ဆောက်ကြပြီး ရှောက်ရွှမ်က ဒီလိုမျိုး အိမ်ဆောက်နည်းစနစ်များနဲ့မရင်းနှီးလေရာ ဖူရှစ် အကူအညီ ကိုအမှန်ပင်လိုအပ်လေသည် ။ ကံကောင်းထောက်မှာစွာနဲ့ လုပ်သားအများကြီးရှိပြီး ရှောက်ရွှမ်မှာလည်း သစ်သားသယ်ဖို့ ဆောက်ဖို့ အတွက်မဟာခွန်အားရှိလေသည် ။
တစ်ရက်အတွင်းမှာပင် ဖူရှစ်အိမ်နဲ့ အရွယ်အစားတူ ခြေတန်းရှည်အိမ်တစ်လုံး ဆောက်လုပ်ပြီးသွားလေသည် ။
အိမ်ကိုအခန်းသုံးခန်းခွဲထားသည် ။ တစ်ခန်းမှာ ယန်ရှောနဲ့သူ့မိသားစုအတွက်ဖြစ်သည်။ တစ်ခန်းမှာ ယန်ရှို့နဲ့ သူ့မိန်းမအတွက်ဖြစ်သည် ။ ကျန်တစ်ခန်းကတော့ ရှောက်ရွှမ် နဲ့ယန်ကျစ်တို့ညီအကိုအတွက်ဖြစ်သည်။ ယာယီနေဖို့သာဖြစ်လေရာ ရှုပ်ထွေးတဲ့အိမ်ဖွဲ့စည်းမှုများမလိုအပ်ပေ။ ထို့ပြင် သူတို့အားလုံး
မှာ နေ့အချိန်တွင် တနေကုန်လုပ်စရာအလုပ်များရှိပြီး ညမှာသာအိမ်မှာနေကြပေမည်။ ဒီအိမ်ဟာ ကလေးများအတွက်ပင်ဖြစ်သည် ။
“ ကဲ လုပ်လိုက်ကြရအောင် “ ရှောက်ရွှမ်ကအိမ်ကိုကြည့်ပြီးပြောလေသည် ။
“ ဒါကတော့ “
အနည်းငယ်ကြောက်စရာကောင်းတဲ့ အိမ်အောက်ကရေကန်ထဲမှာ ရေကူးနေတဲ့မိကျောင်းကို ကျောက်ဝူက လက်ညှိုးထိုးပြလိုက်သည်။ ဒီမှာနေမယ်ဆိုရင်အိပ်မက်ဆိုးတွေမမက်ဘူးလား။
“ ကိစ္စမရှိပါဘူး သူတို့ကိုရန်မစရင်သူတို့ကမင်းကိုမတိုက်ခိုက်ဘူး”
ရှောက်ရွှမ်ကပြောလေသည် ။
ဗုန်း
ချာချာက သူတောင်ပေါ်ကဖမ်းလာတဲ့ သမင်တကောင်ကို ပစ်ချပြီးအဝေးကို ပျံ သွားလေသည် ။ ဖူရှစ် ညွှန်ကြားသည့်အတိုင်း ယန်ရှောနဲ့အခြားသူများက မြစ်ကမ်းပါးကိုခုတ်ထစ်ဖို့ယူသွားပြီးနောက် အိမ်ကို ပြန်သယ်လာကြသည် ။
မကင်ခင်မှာရှောက်ရွှမ်က ယန်ရှို့ ကို သမင်ကအသားပိုင်းတစ်ပိုင်းဖျက်ပေးဖို့တောင်းလိုက်သည်။ ထို့နောက်သူက ပြတင်းပေါက်ဘက်ကိုလမ်းလျှောက်သွားကာ အသားပိုင်းလေးကိုကန်ထဲကမိကျောင်းလေးကိုပစ်ပေးလိုက်သည်။
သူတို့နေ့စဉ်ဘဝမှာ ရေထဲမှာရေစိမ် ၊ရေကူးခြင်းတို့ကို နှေးနှေးလေးလုပ်နေကြသော်လည်း ပဲ သူတို့အမဲလိုက်သည့်အခါတွင်အလွန်လျင်မြင်ကြလေသည် လျှောက်ရန်ပစ်လိုက်သောအသားကိုလည်း သူ့ပါးစပ်နဲ့တိတိကျကျဖမ်းပစ်လိုက်လေသည် ။
မိုးရာသီမစခင်အချိန်မှာ သူတို့ကဒီအိမ်ထဲမှာနေကြ
မည်။သူတို့ ထိုအိမ်မှာနေသည့်အတွက် အိမ်ငှားခလည်း ပေးရမည်။ ဤအိမ်က ဖုရှစ်တို့ပိုင်နက်အတွင်းမှာရှိသည့်အတွက် သူဖမ်းမိတဲ့သားရဲများကို ဖူရှစ်တို့မိသားစု ပို့ပေးမည်။ ထို့အပြင် မိသားစုကလည်း သူတို့ကိုအကူအညီအများကြီးပေးလေသည်။
ရှောက်ရွှမ်က မိုးရာသီမစခင်မစခင်မှာထွက်သွားချင်သော်လည်း သူတို့အရင်သင်္ဘောထက် အကြမ်းခံသော ကြာရှည်ခံသော ထွက်ခွာဖို့ သင်္ဘောတစ်စင်း ဆောက်လုပ်ရန်လိုအပ်သည် ။
သင်္ဘောဆောက်ဖို့အတွက်သစ်သားကိုတော့ ရှောက်ရွှမ်က အနီးအနားက သစ်တောနဲ့တောင်များမှာ နေ့စဉ်အသုံးပြုလို့ရမယ့် သစ်သားကိုရှာဖွေလေသည်။ စိတ်ကျေနပ်စရာကောင်းလျှင် သူကသစ်သားကိုပြန်သယ်လာပြီး မဟုတ်ပါက သူက သစ်သားရှာဖို့ထပ်သွားပေလိမ့်မည်။ ယန်ကျစ်နဲ့အခြားသူတွေက လည်းသင်္ဘောဆောက်ချင်နေတာကို မြင်ကြသောအခါ ကူမျိုးနွယ်စုကလူများကလည်း သူတို့ကိုကူညီပေးဖို့လာကြလေသည် ။
သူတို့ထဲကအများစုမှာ သင်ကြားဖို့အတွက် နတ်ဆေးဆရာကလွှတ်လိုက်ခြင်းဖြစ်သည် ။ သူတို့က သင်္ဘောဆောက်သည့် နည်းပညာကို သင်ယူလိုကြသည် ။ သူတို့ကမိကျောင်းတွေကိုပုံမှန်အားဖြင့်သင်္ဘောများအဖြစ် အသုံးပြုသော်လည်း ဒီလိုအရာမျိုးကိုလည်းတစ်ခါတစ်ရံလိုအပ်လေသည် ။ သင်္ဘောက ပုမျိုးနွယ်က ဖောင် များထက်ပိုပြီးကောင်းပုံပေါက်လေသည် ။
အားလုံးထဲမှာအရေးအကြီးဆုံးကတော့ အလယ်ပိုင်းဒေသမှာ ဒီလိုသင်္ဘောမျိုးကို သုံးကြသည်ဟုကြားရသည့်အတွက် သူတို့အလွန်စိတ်အားထက်သန်နေကြသည် ။ တစ်ခါတစ်ရံ ရှောက်ရွှမ် ထွက်သွားသောအခါမှာ ကူမျိုးနွယ်စုကစစ်သည်အများပြားက သူ့နောက် ကိုလိုက်လာကြသည် ။ ရှောက်ရွှမ် ပြန်လာတဲ့အခါမှာ သူတို့လည်း သစ်သားအမျိုးမျိုးနဲ့ပြန်လာလေသည် ။
ဒီအချိန်မှာသင်္ဘောဆောက်ခြင်းက မျိုးနွယ်စုကို အောင်မြင်စွာပြန်နိုင်ခြင်းမပြန်နိုင်ခြင်းအပေါ် မှာမူတည်သည် ။ သင်္ဘော လိုအပ်ချက်နဲ့ ပုံသဏ္ဍာန်ကို ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူများနှင့် အရင်ကတည်းကဆွေးနွေးခဲ့ပြီဖြစ်သည်။ ဒီနေရာမှာ ကနူးလှေလုပ်ဖို့ သင့်တော်သောသစ်ပင်ကြီးများမရှိပေ။ သူတို့ကပျဥ်ပြားများကိုသာ လျှင်သင်္ဘောလုပ်ဖို့သုံးနိုင်သည် ။
ယန်ကျစ်နဲ့အခြားသူများက သင်္ဘောဆောက်လုပ်ရာတွင် အစွမ်းကုန် လုံးအားထုတ်ကြသည်။ သူတို့မျှော်လင့်ချက်အားလုံးကို ထိုအပေါ်ပုံအပ်ထားသည်ဟုလည်း ပြောနိုင်လေသည်။ ဘယ်လစ်ဟင်းမှုကိုမှ သူတို့ခွင့်မပြုပေ ။
မရှိမဖြစ်လိုအပ်သော ရော်ဘာများ ၊ ကော်များ ၊ သစ်သားစို့ ၊ကျောက်စို့၊ ငါးအရေခွံ ၊ဝါး ၊ကြိမ် နဲ့အခြားပစ္စည်းများကို အရေအတွက်အများကြီးပြင်ဆင်ထားပြီး တစ်ခုပြီးတစ်ခုသုံးကြည့်လေသည် ။ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ သူတို့က တော့
သင်္ဘောမှာသုံးလေသည် ။
သတ္တုမရှိသည့်အတွက် ပိုမိုခက်ခဲကာ ဒီလိုပစ္စည်းများလည်း ကျိန်းသေပိုလိုအပ်လေသည် ။
ကျိန်းသေ ရွက်ကတော့မရှိမဖြစ်ဖြစ်သည်။ ကြားထဲမှာ ရှောက်ရွှမ်က လော် မျိုးနွယ်စုကို အကြိမ်ကြိမ်အလည်ပတ်သွားလေသည် ။ လော်မျိုးနွယ်စုတွင်သုံးသော ငါးကော်များနဲ့ ငါးအရေခွံများမှာ ပိုက်ကွန်ယက်ဖို့အတွက်ကော သူ့အတွက်ကောလိုသောအရာများဖြစ်သည် ။ လော်မျိုးနွယ်စုမှာ နွေရာသီဝတ်ရန်အဝတ်များတွင် သုံးသောငါးအရေခွံမှာ ပါးလွှာပြီးအကြမ်းခံသည် ။ ၎င်းကို ပိုက်ကွန် ယက်ရာတွင်လည်းသုံးသည် ။ ဆု ချပြီးတဲ့နောက် ရှောက်ရွှမ်က ထိုရွက်နှင့် ပြန်လာခဲ့သည် ။
သူကအလယ်ပိုင်းဒေသက အထည်စများကိုလည်းယူလာခဲ့သည် ။ ငါးအရေခွံရွက်ကိုတော့ အပိုအနေနဲ့သုံးမည် ။
ကူမျိုးနွယ်စုမှာ နေသည့်အချိန်အတွင်းတွင် ကျောက်ဝူက မိချောင်းများကိုမကြောက်တော့ပေ ။ သူ့ဆီကိုပြေးလာတဲ့အခါ သူကမိချောင်းများနဲ့အဝေးကိုထွက်ပြေးသော်လည်း သူရောက်စကလောက်မကြောက်တော့ပါပေ ။ ထို့ပြင် ရှောက်ရွှမ်ကလည်းသူတို့ကိုမျိုးနွယ်စုဆီပြန်တဲ့လမ်းမှာ မိကျောင်းများထံအန္တရာယ်များသောသတ္တဝါများ စွာရင်ဆိုင်ရနိုင်သည်ဟုပြောလေသည် ။မိကျောင်းကိုပင်သူတို့တည့်တည့်မကြည့်ရဲလျှင် သူတို့ဘယ်လိုရွက်လွှင့်မည်နည်း။
သင်္ဘောပြီးသွားသောအခါမိုးရာသီကလည်းရောက်ခါနီးလာလေပြီ။ သူတို့က မျိုးနွယ်စုကိုပြန်ဖို့မျှော်လင့်နေကြပြီ။ ယန်ကျစ်နဲ့ အခြားသူများက သင်္ဘောကိုကာကွယ်ဖို့ သစ်သားအကာအကွယ်များ ဆောက် နေကြသည် ။
ကူမျိုးနွယ်စုက နတ်ဆေးဆရာနဲ့အကြီးအကဲမှာ
တော့ အချိန်အကြာကြီးဆုံးဖြတ်ဆွေးနွေးကြပြီးတဲ့နောက် မီးတောက်ဦးချိုများမျိုးနွယ်စုရောက်လာလျှင် ကူညီဖို့သူတို့ဆုံးဖြတ်လိုက်ကြသည် ။ သူတို့မျိုးနွယ်စုကလူများကိုလည်း သူတို့မျိုးနွယ်စုသို့ဝင်ခွင့်ပြုမည်။ သို့ရာတွင်ရှောက်ရွှမ်ကတော့ သူတို့နတ်ရုပ်ပေါ်မှာ ဗုံမျိုးနွယ်စုက ရေလကျောက်ကဲ့သို့သော ပစ္စည်းမျိုးများကို မလုရပါ။သူတို့မျိုးနွယ်စုရောက်လာတဲ့အခါမှာလည်း ကူမျိုးနွယ်စုကလူများကို မထိခိုက်မနာကျင်စေရပါ ဟုကျိန်ဆိုရမည်။
နှစ်ဖက်စလုံးက နတ်ဆေးဆရာရဲ့အဆောင်ငယ်လေးထဲမှာ တနေကုန်ဆွေးနွေးကြသည် ။ ကူမျိုးနွယ်စုကလူများက အများကြီးမတွေးကြသော်လည်း နတ်ဆေးဆရာနဲ့အကြီးအကဲက မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ ပညာရှိကာ ဂရုတစိုက်ဆုံးဖြတ်ချက်များ ၊ပူပင်မှုများရှိနေသည် ။
မိုးပေါက်သံများ ကျလာပြီးသည့်အသံကကြားရသောအခါ ဒီနှစ်ရဲ့မိုးရာသီအစရောက်လေပြီဟု ဆိုနိုင်သည် ။
မြစ်ကြီးထဲမှာ မိကျောင်းအသေးအကြီးများဟာ ဦးတည်ရာတခုသို့ တစ်ကောင်ပြီးတကောင် သွားနေကြလေသည် ။ ဖူရှစ်အိမ်က ရေကန်မှာနေကြတဲ့အကောင်များလည်းထွက်လာကြသည် ။
မိကျောင်းများက ချောက်များ၊ သစ်ကိုင်းများ ၊ ရေအိုင်များထဲက ထွက်လာပြီး မြေပေါ်မှာ သူတို့ကိုယ်လုံးကြီးများနဲ့ တွားသွားထားသော လက်သည်းရာကြီးများတွေ့ရလေသည် ။
မနှစ်က အဖွဲ့လိုက်မထွက်သွားနိုင်သော မိကျောင်းများမှာ တနှစ်ကြီးလာပြီးတဲ့နောက် ဒီနှစ်မှာတော့ အဖွဲ့လိုက်သွားလာနိုင်ပေသည် ။
မိုးရွာတဲ့အတွက်ကြောင့် ရှောက်ရွှမ်နဲ့အခြားသူများက ဒီနေ့အပြင်ကိုမထွက်ပေ။
သူတို့အိမ်ကိုဖြတ်သွားတဲ့ မိကျောင်းအကြီးများ
အသေးများကိုကြည့်ပြီး ကျောက်ဝူက ပြောလေသည် ။
“ တကယ်တော့မိကျောင်းတွေအများကြီးရှိတယ်လို့ကျွန်တော်မထင်ဘူး “
“ အဲဒါက ထွက်မလာလို့ မမြင်တာပါ “
ယန်ကျစ်က ပြောလေသည် ။
ပြတင်းပေါက်အရှေ့မှာသူ့ညီငယ်လေးနဲ့လှဲနေရင်း ယန်နျင်ကသူ့မျက်လုံးတွေကို မိကျောင်းအဖွဲ့ရဲ့အပြင်ဘက် မှာအဝေးကိုကြည့်ကာ ရှောက်ရွှမ်ကိုမေးလိုက်သည်။
“ အစ်ကို ၊ ကျွန်တော်တို့မီးတောက်ဦးချိုမျိုးနွယ်စုမှာ ဒီလိုမိကျောင်းမျိုးတွေရှိလား “
“ မရှိဘူး “
“ ဒါဆိုဘာတွေရှိလဲ “ ယန်နျင် ကအရမ်းသိချင်နေသည် ။
“ လူသားတွေကလွဲရင် ထူးထူးခြားခြားတချို့ရှိတယ် “
“ ချာချာလိုမျိုးလား “
“ သူတို့ကမတူပါဘူး “
လက်ထဲမှာမီးသွေးခဲခဲတံကိုကိုင်ကာ ရှောက်ရွှမ်ကသစ်သားပြားပေါ်မှာပုံတွေဆွဲပြလိုက်သည်။
“ ဒါကဝံပုလွေဆီဆာ ၊ ဒါက လျောင် ဂူအောင်းခြ င်္သေ့ ၊ ဒါက စစ်ယာ့ ၊ ဝက်ကတုံး၊ တောဝက်ရိုင်းနဲ့တူပေမယ့် အမွှေးတွေတော့မရှိဘူး။ အချိန်တန်ရင်သိပါလိမ့်မယ်။ပြီးတော့..”
ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူများကို မျိုးနွယ်စု၏အခြေအနေနဲ့ သူတို့စိတ်ထဲပြင်ဆင်ထားသင့်
သည်ကို ပြောပြလေသည် ။ မည်သို့ပင်ဆိုစေ ယန်ကျစ်နဲ့ အခြားသူများက မျိုးနွယ်စုဟာ အိုးလုပ်သည်ဖြစ်စေ ၊ ကျောက်စိမ်း၊ပိုးထည်နဲ့လှေကြီးများရှိသည်ဖြစ်ပါစေ။သူတို့လိုချင်သည်က မျိုးနွယ်စုကိုပြန်ရန်ပင်ဖြစ်သည် ။ သူတို့၏ အကြီးမားဆုံးဆန္ဒဖြစ်သည်။
မိုးရာသီကိုရောက်လာသည်နှင့် မျိုးနွယ်စုကမိကျောင်းများအားလုံးထွက်ခွာသွားကြလေသည် ။ မိုးရာသီပြီးတဲ့အခါ ကူမျိုးနွယ်စုံမှာမြင်နိုင်သော မိကျောင်းများမှာ သားပေါက်ရာသီတွင် သားပေါက်ထားသော မိကျောင်းပေါက်ကလေးများသာဖြစ်သည် ။ သူတို့မှာ မထွက်ခွာနိုင်လေရာ မျိုးနွယ်စုမှသူများက သူတို့ကိုဂရုစိုက်ရလေသည် ။
“ ထွက်ခွာဖို့အချိန်ရောက်ပြီ “
ရှောက်ရွှမ်က အားလုံးကို ပစ္စည်းများကိုထုတ်ပိုးကာ သယ်ဆောင်ပြီး ကမ်း မှ သင်္ဘောပေါ်တင်ဖို့ ပြောလိုက်သည် ။
နတ် ဆေးဆရာ ၊ အကြီးအကဲ နဲ့ ဗုံမျိုးနွယ်စုရဲ့ သက်ကြီးဝါကြီးများက သူတို့ထွက်သွားတာကို ကြည့်ဖို့ ကမ်းနံဘေးကိုလာကြလေသည်။ ဗုံမျိုးနွယ်စုကလူများကို နှုတ်ဆက်စကားပြောပြီး သူတို့သင်္ဘောထွက်ခွာသွားလေသည် ။
မျိုးနွယ်စုကနေ ဒီနေရာကိုလာခဲ့ခြင်းမှာ ရှောက်ရွှမ်အတွက် အကြို စုံစမ်းထောက်လှမ်းခြင်း သည် သာဖြစ်သည် ။ လောကမှာ သူမ ရောက်ဖူးသေးသောနေရာများ များစွာရှိလေသည်။မီးတောက်ဦးချိုများ ကိုမျိုးနွယ်စုတစ်ခုလုံး သည်နေရာကိုပြောင်းရွှေ့အခြေချ ပြီး သည်နှင့် သူ ပတ်ပတ်လည်ကိုခရီးထွက်ကာ မျက်နှာဖုံးတစ်ထောင်မျိုးနွယ်စု ၊ ဟွေ့ မျိုးနွယ်စု ပြီးတော့ ယန် ဆွေ့တို့ မိုး မျိုးနွယ်စု အလည်သွားပေမည် ။
သင်္ဘော စထွက်ကာ သူတို့အိမ်ပြန်ခရီးစခဲ့လေသည်။