ပြန်လာပြီ
Vol. 15 Ch. 212
မိုးရာသီကုန်သွားတဲ့အခါမှာ မြစ်ထဲကသတ္တဝါများ ပျောက်ကွယ်သွား ကြလေသည်။ အသားစားငါးများကို မြစ်ထဲမှာအများဆုံးတွေ့ရပြီး ပိုသေးတဲ့ငါးများဖြစ်ကာ သူတို့သင်္ဘောကို တစ်ခါတစ်ရံလာစားကြတဲ့ ပိုကြီးတဲ့ငါးတွေကို အချိန်တိုင်းတွေ့နေရသည်။
ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူများကို မြစ်ထဲကအန္တရာယ်များကြောင့်ပြောပြသည် ။ ဒီတစ်ကြိမ်တော့ရှောက်ရွှမ်ကလည်း အတူတကွထွက်ခွာပြီး အခြားသူများနဲ့ လှေလှော်နေသည် ။ ရွက်များလှော်တက်များကိုအသုံးပြုကာ ချာချာရဲ့အကူအညီနဲ့ သူတို့ကအရှေ့ဆက်သွားကြသည် ။ ဒီနေရာကိုရှောက်ရွှမ် မနှစ်ကလာတုန်းကလိုပင် သူလုပ်စရာရှိတာများလုပ်သည် ။
သူ့ရဲ့မနှစ်ကအတွေ့အကြုံကြောင့် ဒီတချိန်မှာတော့ သူကဘာကိုအာရုံစိုက်သင့်သလဲကိုသိသည် ။ မမြင်ရ
တဲ့လေထုဖိအားကျလာနိုင်ချိန်အတွက် သူကကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသည်။
သူတို့ကကြိုတင်ပြင်ဆင်မှုများပြုလုပ်ကာ စပ်စုချင်စိတ်ကိုရှောင်ရှားသည့်အတွက် ခရီးကိုသာအာရုံစိုက်ကာသွားလာခဲ့လေရာ ခရီးမှာချောမွေ့ခဲ့သည် ။
သို့ပေမယ့်ဒီမြစ်ထဲမှာ နောက်တခါ ရွက်လွှင့် ရတာ သူ့အတွက်ထူးခြားတဲ့ ခံစားချက်ရနေသည် ။ သူ့မှာအကြောင်းပြချက်မရှိသော်လည်း သူ့အနေနဲ့မြန်မြန်သွားသင့်သည်ဟုခံစားရသည်။ သူ့ခံစားချက်မှာ မရှင်းလင်းသော်လည်း သူက အန္တရာယ်အငွေ့အသက်ကိုတော့မရပေ။ ရှောက်ရွှမ်ကနားမလည်ပေမယ့် ထိုအကြောင်းကိုထပ်မတွေးတော့ဘဲ သူအားတဲ့အချိန်မှသာ ထိုအကြောင်းကိုသေချာတွေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ယန်ကျစ်နဲ့အခြားသူများကတော့ မြစ်ကိုဖြတ်ကူးနေစဉ် မြစ်တစ်ဖက်မှာ မီးတောက်ဦးချိုများမျိုးနွယ်စုရှိနေသည့်အတွက် ဘာတွေပဲကြုံလာလာ ရင်ဆိုင်
ကျော်လွှားဖို့ လည်းစိတ်ပိုင်းဖြတ်ထားကြသည် ။
သူတို့မြစ်ထဲမှာရွက်လွှင့်နေသလို မီးတောက်ဦးချို မျိုးနွယ်စုကလူများကလည်းမိုးရာသီအစကတည်းက အနားမရကြပါပေ ။ မိုးရာသီပြီးသွားတဲ့အခါ ပိုအလုပ်များလာကြသည်။
“ မိုင် ၊ ရှောက်ရွှမ်ပြန်လာမယ်လို့ထင်လား “
လန်ကာ့က သူချွန်ထားတဲ့ ကျောက်မြှားဦးလေးများကို ကစားရင်း မေးလိုက်သည်။
“မသိဘူး”
မိုင်က သူ့အမဲလိုက်ကရိယာများကို ဘေးကိုချလိုက်ရင်း ပြောသည် ။
“ နတ် ဆေးဆရာကတော့ သူက တော့ မူလနေရာကိုသွားကြည့်တယ်လို့ပြောတယ်။ သူပြန်လာဖို့ အဲ့ဒီမှာ
နှစ်နည်းနည်းလောက်ကြာမယ်လို့ထင်လား “
လန်ကာ့က မေးလေသည် ။ သူတို့ထဲကဘယ်သူကမှာ လည်း မြစ်တစ်ဖက်ခြမ်းကအခြေနေကိုမသိကြသည့်အတွက် ဒီအချိန်မှာတော့ မိုင်ကပြန် မဖြေပါပေ ။
မိုင်တိတ်ဆိတ်သွားခြင်း လန်ကာ့ပါးစပ်ကို ပိတ်မသွားစေပါပေ။ သူကသူ့ကိုယ်သူစကားပြောနေသည်။
“ အခြားမျိုးနွယ်သူကလူတွေဘယ်လိုဖြစ်မယ်လို့ထင်လဲ ၊ ရှောက်ရွှမ် ဘေးကင်းကင်းနဲ့ အခုပြန်ရောက်လာရင် နောက်နှစ်ကျရင် ငါတို့မြစ်တစ်ဖက်ခြမ်းက ဆေးဆရာပြောတဲ့ မူလနေရာကိုသွားကြည့်လို့ရနိုင်လောက်လား “
သူကဒီလိုတွေးပြီးတော့ မျိုးနွယ်စုထဲကအဓိကလူများလည်း ထိုသို့သော အတွေးများရှိသည် ။
ဒီနှစ်မှာတော့ မျိုးနွယ်စု ထဲကလူများက အတော်
လေးပြောင်းလဲသွားကြသည်။ အမြဲတမ်းငြင်းခုံနေကြတယ်တဲ့ အဖွဲ့ခေါင်းဆောင်နှစ်ယောက်သည်ပင် ကောင်းကောင်း အဆင်ပြေကြသည် ။ အတိတ်မှာတုန်းက မိုးရာသီပြီးလျှင်အမဲလိုက်ထွက်ကြသည်။ နတ်ဆေးဆရာနဲ့အကြီးအကဲကဆွေးနွေးပြီးတဲ့နောက်မှာ သူတို့ကို ဒီမှာပဲနေခိုင်းသည် ။ နေ့တိုင်း မြစ်ကမ်းနံဘေးမှာ လူပေါင်းများစွာ တက်ကြွလှုပ်ရှားနေသည် ။
မိုးရာသီပြီးတဲ့နောက်မှာ နေသာသောနေများဆက်တိုက်ဖြစ်နေသည်။ သူတို့အမဲလိုက်ဖို့ ၊ အဝတ်အစားများနှင့်အခြားအရာများဆေးကြောသန့်စင်ဖို့ အကောင်းဆုံး အချိန်ဖြစ်သည် ။ သို့သော် ကလေးများ၊ လူကြီးများ ၊တောင်ပေါ်၊တောင်အောက်လူအကုန်လုံး ဘာတစ်ခုမှမလုပ်ကြပါပေ ။ သူတို့အားတဲ့အခါ မြစ်ကိုသာကြည့်နေကြသည်။ တနေ့ပြီးတစ်နေ့ ရေအမြင့်မှာ ကျလာလေသည် ။
“သူပြန်လာနိုင်လား “
“ ပြန်လာဖို့များမေ့နေသလား “
“ အဓိပ္ပါယ်မရှိတာ “
မြစ်မျက်နှာပြင်ကျလာသည်နှင့်တစ်ပြိုင်နက် အချိန်ကုန်တာပို၍မြန်လာလေသည် ။ အလွန်စိတ်ရှုပ်စရာကောင်းလှပေသည် ။
သူတို့က မြစ်ထဲမှာသူခရီးသွားဖို့ဘယ်လောက်ကြာသလဲကို မသိကြပေ။ တနေ့ပြီးတနေ့ ရေကျလာတာကိုမြင်ရသည့်အခါ သူတို့စိတ်တွေပိုပြီးရှုပ်ထွေးလာကြသည်။ ရှောက်ရွှမ်က မိုးရာသီအပြီးလာမပြည့်ခင်မှာပြန်လာသင့်သည်။
မြစ်ကမ်းနံဘေးမှာ တစ်ခုပြီးတစ်ခု မြစ်ထဲကနေဖယ်သွားမယ့် ငါးဖမ်းလှောင်အိမ်များရှိလေသည် ။ နေ့တိုင်း နည်းနည်းသာစားရသော လမ်းလျှောက်ထွက်လာတဲ့လူများက ရက်အနည်းငယ်အတွင်း မှာအတော်လေးပိန်သွားလေသည်။
တချို့နေ့တွေမှာ မြစ်ပေါ်ကို သဲသောင်များပေါ်လာ
ပြီး အဖွဲ့ခေါင်းဆောင်နှစ်ယောက်ကလည်းဒီနေရာကိုနေ့တိုင်းလာပြီးကြည့်ကာ သက်ပြင်းချကြလေသည် ။
သူတို့မျက်လုံးထဲမှာ မတတ်နိုင်မှုများ မြင်နေရလေသည် ။
မျှော်လင့်ချက်ကြီးကြီးထားလေသူတို့ပိုပြီး စိတ်ပျက်ရလေဖြစ်သည်။ သူတို့က ရှောက်ရွှမ်ကဒီနှစ်ပြန်လာမှာမဟုတ်ဘူးလို့ ယုံကြည်လိုက်သည့်အတွက် နောက်နှစ်ပြန်လာမည်လားဟုမျှော်လင့်ကြသည် ။
သူတို့ကတစ်နှစ်ကို အရင်ကအကြာကြီးဟုမထင်ခဲ့သော်လည်းယခုသူတို့အတွက်အလွန်ကြာသည်ဟုခံစားရသည်။ သူတို့သက်ပြင်းချနေချိန်မှာ ခက်ခဲကာ မြစ်ကိုကြည့်ရင်း ပျင်းရိစွာ သဲများနှင့်ကစားနေလေသည် ။ သူက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အဝေးကမြစ်ကို အကြည့်မလွှဲ ဘဲကြည့်နေလေသည် ။
ထာ့နဲ့ကွေ့ဟယ်တို့က ခဲ့ခဲ့ကိုမြင်ပြီး စိတ်ပူပင်လာကြသည် ။ သူတို့ကတခြားအရာအားလုံးကို လစ်လျူရှုလိုက်ကာ အဝေးက မြစ်ဆီကို အတူတူကြည့်လိုက်ကြလေသည် ။ နေရောင်ဟာ တောက်ပနေပြီး မြစ်ပြင်မှာလှိုင်းခွက်ကလေးများက ရွှေရောင်အလင်းများကိုအလင်းပြန်နေကြသည်။ အဝေးက မြစ် နဲ့ကောင်းကင်အကြားမှာ ထာ့နဲ့ကွေ့ဟယ်တို့ကအမဲစက်ကလေးကိုမြင်ရပြီး ၎င်းကဝါးတားတားဖြစ်နေသည် ။
“အဲဒါ...အဲဒါရှောက်ရွှမ်လား “
ထာ့က တုန်ရီနေတဲ့အသံနဲ့ပြောလေသည် ။ သူက ရှောက်ရွှမ်ကိုသိပ်သဘောမကျခဲ့ပေ။ သူ့အကြောင်းတွေပိုပြီး သိလာကတည်းက သူတို့မျိုးနွယ်စုပြောင်းရွှေ့၊မရွှေ့ဟာ သူ့အပေါ်မှာမူတည်နေတာကို နားလည်လိုက်သည်။ သူ့အပေါ်ကို အမြင်ပြောင်းလဲလိုက်တဲ့အခါ မထင်ထားသောမျှော်လင့်ချက်များပင် သူ့အပေါ်မှာရှိလာခဲ့သည် ။
သူကအများကြီးမျှော်လင့်ထားသည့်အတွက်အမဲ
စက်ကလေးကိုမြစ်ထဲမှာပထမဆုံးမြင်တဲ့အခါ သူ တွန့်ဆုတ် သွားပြီးမယုံနိုင်ဖြစ်သွားသည် ။
“ ဟုတ်တယ် ၊ အဲဒါသူပဲဖြစ်လိမ့်မယ် “
“ တခြားဘယ်သူဖြစ်နိုင်သေးလို့လဲ “
“ ဆရာအဲဒါသူဖြစ်လိမ့်မယ် “ ထာ့ဘေးမှာရပ်နေပြီး ခဲ့ခဲ့ နဲ့အခြားသူများကဖြေကြသည်။ သူတို့ကိုလစ်လျူရှုလိုက်ကာ ကွေ့ဟယ်ကိုကြည့်ပြီးသူ့အဖြေကိုစောင့်နေသည်။
ကွေ့ဟယ်ကမြစ်ကိုကြည့်ပြီး တော့အမဲစက်ကလေးကတဖြည်းဖြည်းနီးလာလေသည် ။ မျက်နှာ ရှုံ့မဲ့ သွားကာ သူမျက်နှာက ကြွက်သားများကတုန်ရီနေကြသည် ။ သူ့မျက်လုံးဟာအံ့သြဝမ်းသာမှုများပြည့်နေသည် ။
“ မိုးပေါ်ကိုကြည့်လိုက်ကြပါဦး “
ကောင်းကင်ပေါ်မှာ တစ်ခုခုရှိနေသည် ။
“ အဲ့ဒါ ချာချာပဲ “
“ ဟားဟားဟား “
ကွေ့ဟယ် အကျယ်ကြီးရယ်နေသည် ။ သူကလေချွန်ကာ အသက်ဝဝဝရှုလိုက်ပြီး ပြန်မှုတ်ထုတ်လိုက်သည် ။ တောင်ပေါ်မှာဆိုလျှင် လေချွန်သံက ငှက်တစ်ကောင်ကဲ့သို့ ရှင်းလင်းပြတ်သားလေသည် ။သို့ပေမယ့် ဒီတစ်ချိန်တွင် အသံကအလွန်စူးရှသည် ။
သို့သော် လေချွန်သံကိုကြားရတဲ့အခါ မျိုးနွယ်စုထဲကလူတွေက အသံစူးရှသည်ကို မသိကြပေ။ မြစ်ကမ်းနံဘေးက လူတစ်ယောက်လုပ်လိုက်တဲ့အသံကြောင့်ဆိုတာသိရဲ့တဲ့အခါ ဆိုလိုတာက သူတို့မျှော်လင့်ထားတဲ့အရာ ဖြစ်လာခဲ့လေပြီဟုအဓိပ္ပါယ်ရသည် ။
လေချွန်သံကတိုတောင်းကာ ရပ်သွားလေသည် ။
ကွေ့ဟယ်က ဆက်ပြီးတော့ လေချွန်ချင်သေးသော်လည်း သစ်သားဝီစီလေးက တော့ သူအလွန် အားထည့်မှုတ်လိုက်သည့်အတွက် ပျက်စီးသွားလေသည် ။ထိုအချိန်မှာ သူကအလွန်စိတ်လှုပ်ရှားနေသည် ။
နတ် ဆေးဆရာက ရှောက်ရွှမ် ပြန်လာလျှင် မျှော်လင့်ချက်များအားလုံးကို အမှန်ဖြစ်လာအောင် ဆောင်ရွက်ပေးနိုင်သည်ဟု လည်းပြောထားသည် ။
နှစ်ထောင်ပေါင်းများစွာ ဘိုးဘေးများ မျှော်လင့်ခဲ့ကြသောအရာများမှာ အမှန်တကယ်ဖြစ်လာပေတော့မည်။
“ ကျား... “
ကျယ်လောင်သော လင်းယုန်ငှက်သံသည် ကောင်းကင်နဲ့မြေကြီးအကြားတွင် ကောင်းကောင်းကြားနိုင်လေသည် ။ မျိုးနွယ်စုကလူများလည်း ကြားကြလေသည် ။
သူကျောပေါ်ကို လိုက်မစီးခင်မှာ ဆီဆာက ကမ်းဘက်ကိုပြေးသွားသည် ။ လောင်ခဲ့ကသူကျောကိုကြည့်ကာ တစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး သူ့တောင်ဝှေးကို လှုပ်ရမ်းနေသည် ။ သူကဒေါသထွက်နေပုံမရဘဲ အလွန်ပျော်သည့်အတွက် သူ့မျက်လုံးများရဲနေလေသည် ။
တောင်နံရံများကလည်းသားရဲ့များကလည်း သူတို့မကြားရတာ တနှစ်လောက်ကြာပြီဖြစ်သည့် အသံကိုကြားရသည့်အတွက် ဟိန်းဟောက်နေကြသည် ။
တောင်ထိပ်မှာရပ်နေပြီး နတ်ဆေးဆရာက တဖက်ကိုလှည့်ကာ တောင်ပေါ်ကနေ တန်းဆင်းလာလေသည် ။ ဘိုးဘေးများ၏ရုပ်ကြွင်းများကို တွေ့ရတုန်းကထက်ပင် သူပိုပြီးတော့ အလွန်စိတ်လှုပ်ရှားနေသည် ။
ဒီနှစ် တစ်နှစ်ဆိုသောအချိန်အတွင်းမှာ နတ်ဆေးဆရာက သူအောင်မြင်လျှင် မည်သို့ဖြစ်လာမည်၊ သူမအောင်မြင်လျှင် မည်သို့ဖြစ်မည်ကို နေ့
တိုင်းတွေးတောနေသည်။ နတ်ဆေးဆရာက ဖိအားအလွန်များကာ ဒီနှစ်အတွင်းမှာပင် ပိုပြီးအိုမင်းသွားလေသည် ။
မကြာမီပင် မြစ်ကမ်းနံဘေးမှာ လူပေါင်းများစွာစုရုံးရောက်ရှိနေကြသည် ။ အမဲလိုက်အဖွဲ့မှလူများ အမဲလိုက်ပြီးပြန်လာချိန်တွေပင် ဒီလောက်လူအများကြီးလာကြသည်မဟုတ်ပေ။ လမ်းလျှောက်နိုင်တဲ့သူတိုင်း ကမ်းပါးကိုလာကြလေသည် ။ မလှုပ်ရှားနိုင်တဲ့သူများ ၊ဒဏ်ရနေတဲ့သူများကိုတော့သူတို့ကျောပေါ်မှာ ကုန်းပိုးခေါ်လာကြသည် ။
အရှေ့ဆုံးမှာရပ်နေတာက နတ်ဆေးဆရာ၊အကြီးအကဲ၊ အဖွဲ့ခေါင်းဆောင်များ နဲ့ လေးစားရတဲ့သက်ကြီးဝါကြီးများဖြစ်ကြသည်။ သူတို့ရပ်နေတဲ့နေရာကသာလူမတိုးရတဲ့ နေရာများဖြစ်ပြီး အခြားနေရာများမှာတော့ အားလုံးကအရှေ့ဆုံးမှာမတ်တပ်ရပ်ချင်ကြပြီး နေရာအကန့်အသတ်ရှိလေရာ သူတို့ကတိုးဝှေ့နေကြသည်။
သူတို့လုပ်ခဲ့တယ်။ ငါးဖမ်းလှောင်အိမ်များတွင်မယ်။လူများတိုးဝင်နေသည် ထိုနေရာမှာရပ်ချင်သည့်မည်သူမဆို ကိုယ့်အားကိုယ်ကိုးရပေမည်။
နေရာကျဉ်းကျဉ်းလေးက ကျောက်တိုင်တွေပေါ်မှာ ရပ်ဖို့လူအများကြားတိုးဝှေ့ဖို့လိုသည်။
“ မတွန်းနဲ့လေ “
“ သောက်ကျိုးနည်း အနောက်ကိုသွားပါလား “
“မတွန်းနဲ့နော်။မဟုတ်ရင်ငါသင်ခန်းစာပေးမိလိမ့်မယ်”
မြစ်အရှေ့မှာရပ်နေတဲ့သူတွေက သူတို့နောက်ကျောကို အတင်းတိုးနေသည်ကိုခံစားရလေသည် ။ သူတို့ကနောက်ကိုလှည့်ကာ အော် ဟစ်လိုက်ချင်ပေမယ့်
သူတို့ထက်အကောင်ကြီးတဲ့ ဆီဆာကိုသူတို့တွေ့တဲ့အခါ သူတို့ပါးစပ်များချက်ချင်းပိတ်ကာ လမ်းဖယ်ပေးကြသည် ။
သူတို့ကလမ်းဖယ်ပေးကို ပေးရမည်။ သူတို့က ဆီဆာအံကြိတ်နေတာကိုတွေ့ပြီး ဖယ်မပေးလျှင် သူတို့ကိုကိုက်ပြီးအဝေးကိုလွှတ်ပစ်လိုက်ပေမည်ဆိုတာသိသည် ။ ရှောက်ရွှမ်လည်းကမ်းပါးက လူများကိုမြင်လေသည် ။ သူကလှေအရှေ့မှာရပ်ကာ လက်ယမ်းပြပြီး တော့ အကျယ်ကြီးအော်လေသည် ။
“ငါပြန်ရောက်ပြီ”
အာဝူး....
သူကခေါင်းကိုမော့ကာ သူဘေးကလူများကို အတင်းတိုးဝှေ့ပြီး တော့အူလိုက်လေသည် ။ သူကအလွန်စိတ်လှုပ်ရှားကာရေထဲသို့ပင်ခုန်ချပစ်လိုက်ချင်သည်။ ဒါပေမယ့်သူက မြစ်ထဲမှာဘာတွေရှိမှန်း မသိနိုင်သည့်အတွက်ထိုသို့မလုပ်ခြင်းဖြစ်သည်။
“ဒါ..ဒါငါတို့မျိုးနွယ်စုလား”
ယန်ကျစ်နဲ့အခြားသူများက ရင်တဒိတ်ဒိတ်ခုန်လာကြသည် ။ ‘ငါတို့မျိုးနွယ်စု’ ဟူသောစကားသည် သူတို့ဘဝအဓိပ္ပာယ်ကိုပြောင်းလဲပစ်သည် ။
သူတို့ ထိုလူတွေကိုကမ်းပေါ်မှာ မတွေ့ခင်ကပင် သူတို့တွေကကြင်နာကာ ရင်းနှီးဖော်ရွေကြသည်ကိုခံစားမိလေသည် ။ ဒီလိုရင်ထဲကဆန္ဒကြောင့် အားကောင်းသည့်ခံစားချက်များသည် သူတို့၏သွေးများကို ပွက်ပွက်ဆူလာစေသည် ။
ပြီးတော့အခု တော့မြစ်ကမ်းနားကလူတွေကိုမြင်ရသည့်အခါ သူတို့အကျားကြီးမြစ်ထဲမှာရွဲလွင်ခွင့်ရသည် အားနည်းလာသည်ကိုခံစားရသော်လည်း ပဲတစ်ဖန် သူတို့ပိုပြီးအားပြည့်လာသလိုခံစားရသည်။
“ ဒါငါတို့မျိုးနွယ်စုပဲ “
ယန်ရှောကသစ်သား လှော်တက်ကိုကိုင်ကာ ပိုပြီးအားစိုက် လှော်လေသည် ။ ချာချာက လှေကို ဆွဲနေသော်လည်း သူတို့ကကမ်းကို ပိုပြီးမြန်မြန်သွားလိုကြသည် ။
ယန်ကျစ်မှာလည်းအတွေးတူလေသည် ။ သူတို့ကအရှေ့ကိုမြန်မြန်လှော်ခတ်သွားဖို့ တွေးထားပေမယ့် ရုတ်တရက် ရေထဲကနေခုန်တက်လာသောအရာက သူတို့လှေနောက်ပိုင်းထဲကျသွားသည်ကို သူတို့ကြားလိုက်ရသည် ။
သူတို့ခရီးတစ်လျှောက်၍ ထိုအသံမျိုး အကြိမ်ပေါင်းများစွာကြားခဲ့ရသည်။ ထိုအသံက ရေထဲကငါးများခုန်တက်လာသည့်အသံဖြစ်သည် ။ အသံအရဆိုရင် ငါးမှာအကောင်ကြီးလေမည် ။
ယန်ကျစ်နဲ့အခြားသူများစိုးရိမ်သွားကြသည်။
သူတို့ရေပေါ်မှာ ဒီလိုပြဿနာမျိုးနဲ့ကြုံရသည့်အခါတိုင်း ရှောက်ရွှမ်နဲ့ ချာချာတို့က တော့ ဖြေရှင်းပေးကြသည် ။ သို့သော် ယခု ဒီအချိန်မှာ ရှောက်ရွှမ်က ရှေ့တွင်ရပ်နေလေရာ သူကနောက်ကိုလှည့်ပြီး တော့ သူတို့ကိုကူညီချင်ပုံမရပေ။
အရိပ်ကိုမှန်းဆလျှင် ငါးကသူတို့နဲ့ နီးသထက်နီးလာသည် ။ သူကအနောက်ကိုလှည့်ကာ သူ့လက်ဖဝါးထက် ကြီးတဲ့ငါးအရေခွံများကိုမြင်ရပြီး သူ့ပါးစပ်ထဲမှာလည်း အစွယ်အကြီးကြီးတွေ့ရသည် ။
သူတို့သာတစ်ခုကိုမလုပ်လျှင် ငါးကအောက်ကိုကျလာပြီး သူပါးစပ်နဲ့နီးတဲ့ ယန်ကျစ်နဲ့ယန်ရှို့တို့ကိုစားပစ်လိမ့်မည်။ လှေနဲ့ခိုက်မိလျှင်လည်း လှေကတစ်ဖက်လဲသွားမည် ။ ငါးကပိုပိုနီးလာကာ ယန်ကျစ်ကငါးညှီနံ့ကိုပင်ရနေသည်။
သူတို့မျိုးနွယ်စုကိုရောက်ခါနီးမှ ငါးစားခံရတော့မှာလား ၊
သူတို့လက်တွေအေးလာသည်ကိုခံစားရပြီး သူတို့ကငါးကြီးလောက်မသန်မာကြသော်လည်း လှော်တက်နဲ့ငါးကိုရိုက်ဖို့သာကြိုးစားကြသည် ။
သို့ပေမယ့် ယန်ကျစ်နဲ့ယန်ရှို့တို့ဘာမှမလုပ်နိုင်ခင် မှာသူတို့ကကမ်းပါးကစူးရှတဲ့အသံကိုကြားလိုက်ရသည်။ အေးစက်စက် အားကောင်းတဲ့ လေများသူတို့အနားမှာဖြတ်တိုက်သွားကာ သူတို့အားလုံးကြက်သီးထသွားသည် ။
ဇက်..ဇက်..ဇက်..
အထူ၊အပါးအစုံ ကျောက်လှံတံများနဲ့ အတိုအရှည်ကျောက်ဓားသွားမှာ ယန်ရှို့နဲ့ယန်ကျစ်ကိုကျော်ကာ ငါးကိုသွားမှန်ကြသည် ။
ဖုတ်!
ရုတ်တရက် နေရာအနှံ့ သွေးများပြန့်ကြဲသွားသည် ။