← Chapters

မျှော်လင့်ချက်ရှိလာပြီ

Vol. 15 Ch. 213

မျှော်လင့်ချက်ရှိလာပြီ

Vol. 15 Ch. 213

ထိုအချိန်မှာ ခုန်ထွက်လာတဲ့ငါးမှာ ဖြူကောင်နဲ့တူအောင်ပင် သူ့ကိုယ်လုံးမှာ လှံများ၊ ဓားများ စိုက်နေလေသည် ။ ဓားများလှံများနဲ့ အထိုးခံရပြီးတဲ့နောက် ငါးဟာသင်္ဘောနဲ့အဝေးကို လွင့်သွားလေသည် ။ ငါးပြုတ်ကျမလာခင်မှာ ကျောက်တုံးကိရိယာမျိုးစုံကိုလည်း အဆက်မပြတ်ဆက်ပစ်နေကြသည်။ ငါးဟာ ဖြူကောင်နဲ့တူနေရာမှ ပိုပြီးထူးဆန်းသွားသည် ။

ဝှစ်....

လူတစ်ယောက်လက်မောင်းလုံးလောက် တုတ်ပြီး လူအရပ်ထပ် ရှည်တဲ့ ကျောက်တိုင်ကြီးကို ခုန်နေတဲ့ငါးဆီ လှံတံအနေနဲ့ပစ်လိုက်ရာ ထိသွားလေသည် ။ ထိုကျောက်တိုင်မှာ ငါးဖမ်းလှောင်အိမ်ရဲ့အစိတ်အပိုင်းဖြစ်ပြီး တစ်ယောက်ယောက်က ဆွဲထုတ်ကာပစ်လိုက်ခြင်းဖြစ်သည်။

ယန်ကျစ်နဲ့အခြားသူများက အသံကိုသာကြားလိုက်ရပြီးနောက် မျက်နှာ သွေးစက်များလာဆင်သည်ကို မြင်ရသည်။

သူတို့နောက်တခါပြန်ကြည့်လိုက်တဲ့အခါ အစွယ်အကြီးကြီးများနှင့် ခုန်နေတဲ့ငါးသည် အဖြူကောင်နဲ့တူအောင်အပစ်ခံလိုက်ရးပြီ ကျောက်တိုင်ကြီးနဲ့ အချေခံလိုက်ရသည် ။

ငါးက ရေထဲကိုတစ်ဖန်ပြန်ကျသွားသည်။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ ရှောက်ရွှမ်က ဘာဖြစ်မှာကိုသိသည့်အလား နောက်ကိုပင်တစ်ချက်မှလှည့်မကြည့်ပေ။ ဒီလိုသွေးသံရဲရဲအဖြစ်အပျက်ဟာ ယန်ကျစ်နဲ့အခြားသူများကို ခဏတော့ထိတ်လန့်သွားစေသည် ။ ထို့နောက်မှသူတို့ကအံ့ဩကာ မထင်ထားဘဲ စိတ်လှုပ်ရှားရတာလာသည် ။

တည့်တိုးပြောရရင် သူတို့က အခြားသူများအကူအညီပေးခြင်းကို စိတ်ထဲမှာ ခံစားသွားရာလေ

သည် ။ သူတို့က အားနည်းပြီးတော့ အဖော်မဲ့နေသူများ မဟုတ်တော့ပေ ။ သူတို့ကို ထောက်ပံ့ပေးကြမယ့် လူအများကြီးနဲ့ စွမ်းအားအများကြီးရှိနေပြီ ဖြစ်သည် ။

ယန်ကျစ်က တစ်ခါတုန်းက လုံကျိုးမျိုးနွယ်စုကလူကို မျိုးနွယ်စုတစ်ခုမှာနေထိုင်ရတာ ၊ သက်ဆိုင်ရတာ ဘယ်လိုခံစားရလဲ ဟုသူမေးကြည့်ဘူးသည် ။ သဘောကောင်းသည့်ထိုလူကြီးက သူ့ကိုပြောပြသည် ။

“ မင်းအန္တရာယ် ကြုံလာတဲ့အခါမှာ အခြေအနေကိုမထိန်းနိုင်တော့တဲ့အချိန်တွေ ရှိတတ်တယ်။အဲဒါတွေက ကိစ္စမရှိဘူး။ ဘာလို့လဲဆိုတော့ မင်းမျိုးနွယ်စု ကမင်းကိုကူညီမယ်ဆိုတာမင်းသိနေလို့ပဲ “

ယန်ကျစ်က မျက်လုံးမှာဂုဏ်ယူမှုအပြည့်နဲ့ ထိုလူအိုကြီးပြောတာကိုမှတ်မိနေသေးသည် ။ သူကလုံကျိုး မျိုးနွယ်စုကနေအနိုင်ကျင့်ခံနေရသော်လည်း သူလိုအပ်နေလျှင် သူမျိုးနွယ်စုကသူ့ကိုအကောင်းဆုံး

အကူအညီပေးမယ်ဆိုတာကိုသူသိလေသည် ။

ပြီးတော့ သူ့မျိုးနွယ်စုအကူအညီကို ခံစားဖူးသွားလေပြီ ။

ပြန့်ကျဲနေတဲ့သွေးစက်များကြောင့် အသားစားငါးများ ပိုပြီးထကြွလာသည် ။ ကံကောင်းစွာနဲ့ ချာချာက သင်္ဘောကိုဆွဲလာတဲ့အတွက် ကမ်းကိုမြန်မြန်ရောက်လာလေသည် ။ အသားစားငါးများက ရေထဲကျသွားတဲ့ငါးကိုပဲ ယခု အာရုံစိုက်နေသည် ။

ဒီနေရာနဲ့တစ်နှစ်လောက်ဝေးပြီးတဲ့နောက် ချာချာကဆီဆာထက်ပိုပြီး စိတ်လှုပ်ရှားနေသည် ။ အကြောင်းမှာ လှည့်လည်ခရီးသွားခြင်းထက် မျိုးနွယ်စုမှာနေရသည်က ကောင်းသည်ကို ယုံကြည်သွားသောကြောင့်ဖြစ်မည်။ သူကတောင်မှာနေတုန်းကလွတ်လပ်သည်။အပြင်မှာ ပျံသန်းရတဲ့အခါ သူက ဒီဧရိယာကတော့ ထိန်းချုပ်ထားသလား ဆိုတာကိုဆုံးဖြတ်ဖို့လိုအပ်ပြီး သူနဲ့သိသည့်သူကလည်းရှောက်ရွှမ်

တစ်ယောက်တည်းသာရှိသည်။

သူဘာပဲလုပ်ချင်လုပ်ချင် တစ်ခုကိုမလုပ်ခင်မှာနှစ်ခါပြန်စဉ်းစားရသည်။ သူ့ပြဿနာများကိုသူကိုယ်တိုင်ဖြေရှင်းရသည်။ ဒါကသူ့ကိုစိတ်မသက်မသာဖြစ်စေသည် ။ အစားအစာတွေကလည်းမကောင်းသည့်အတွက် ပြီးခဲ့တဲ့နှစ်ကလောက်သူထွားမလာတော့ဘူးခံစားရသည်။ အခုသူပြန်ရောက်လာတဲ့အခါ ပထမဆုံးလုပ်ချင်သည့်အရာက တနပ်စာကောင်းကောင်းစားလိုခြင်းဖြစ်သည်။

မြန်မြန်အနားကပ်လာတဲ့သင်္ဘောကိုကြည့်ကာ မျိုးနွယ်စုကလူများမှာပျော်ရွှင်နေကြသည် ။ ရှောက်ရွှမ်ရဲ့အနောက်မှာလူပေါင်းများစွာလည်းရှိနေသေးသည် ။

ဒါသူတို့အနေနဲ့ ပထမဆုံးအကြိမ် မျိုးနွယ်စုအပြင်ဘက်ကလူကိုမြင်ဖူးခြင်းဖြစ်သည်။

မြန်မြန်ကပ်လာတဲ့သင်္ဘောနဲ့အတူ တကွ နတ်ဆေးဆရာက လေထဲမှာအရှိန်လျှော့ဖို့မေ့နေတဲ့ ချာချာကိုကြည့်ကာ လူအုပ်ကိုအဝေးကိုလမ်းဖယ်ပေးဖို့မြန်မြန်ပြောလိုက်သည်။

“ လာကြ ဖယ်ကြ “

နတ်ဆေးဆရာကဒီလိုလုပ်ဖို့ပြောသည့်အတွက် အားလုံးကလိုက်နာကြသည် ။ ထို့နောက် မှာ ချက်ချင်းဆိုသလိုပဲ သင်္ဘောလာသည့်လမ်းကြောင်းမှာ နေရာလွတ်ဖြစ်သွားသည် ။

သင်္ဘောကကမ်းပေါ်ထိရောက်လာပြီး အနားကလူများ၏ကိုယ်လုံးပေါ်သို့ နံ နေသောသဲများ ပေကုန်ကြပေမဲ့ သူတို့ကစိတ်ထဲမထားပါပေ ။

သူတို့က သူတို့မျက်နှာပေါ်ကရွှံ့များကိုလက်နဲ့သုတ်လိုက်ကာ အနံ့နမ်းကြည့်လိုက်ပြီး ရွံရှာစွာ မျက်နှာရှုံ့မဲ့သွားကြသည်။ သူတို့လက်မောင်းနဲ့ကိုယ်လုံးပေါ်မှာ

ပေးနေသောရွှံ့များကိုလည်းသုတ်လိုက်ပြီး သင်္ဘောနောက်ကိုလိုက်သွားကြသည်။

“ ချာချာ ရပ်တော့ ၊ ကြိုးကိုလွှတ်လိုက်တော့ “

ရှောက်ရွှမ်က လေထဲကချာချာကိုလှမ်းအော်လိုက်သည်။ ကမ်းကိုကပ်ပြီးသည်နှင့်ဆီဆာက သင်္ဘောနောက်ပိုင်းကိုကိုက်ကာသင်္ဘောကိုအရှိန်လျှော့လိုက်သည်။

ချာချာက သူ့လက်သည်းများကို ဆွဲလိုက်သည်ကိုခံစားရပြီးရှောက်ရွှမ့်အော်သံကိုကြားလိုက်ရသည်။ ထို့နောက်မှာတော့ သူကပြန်လာရတာကိုပျော်ရွှင်ကာ အတောင်ပံတဖျတ်ဖျတ်ခတ်ပြီး တော့ တောင်ပေါ်ကအမျိုးစုံသားရဲများအကြောင်းကို တွေးနေမိသည် ။

သူ့လက်သည်းထဲကကြိုးကိုလွှတ်လိုက်ကာ ချာချာက နောက်မှာ ဖြေးဖြေးလမ်းလျှောက်နေတဲ့ လောင်ခဲ့ ဖျက်ခနဲကြည့်ကာသူ့ဆီကို တဲ့တိုးပျံသွားလိုက်

သည် ။

ကောင်းကင်ပေါ်က ချာချာကိုကြည့်ကာ လောင်ခဲ့ကသက်ပြင်းချလိုက်သည်။ သူ့ကလေးကအရွယ်ရောက်ကာ နောက်ဆုံး ခရီးကအိမ်ကိုပြန်လာခဲ့သည် ။ သူကထိုအကြောင်းကိုတွေးမိနေတုန်း ချာချာကသူ့ကို ချီခေါ်သွားလေသည် ။

လောင်ခဲ့ “...”

သင်္ဘောပေါ်မှာတော့ ရှောက်ရွှမ်ကသင်္ဘောပေါ်ကနေ ရပ်သွားတဲ့အခါခုန်ချလိုက်ပြီး ဆီဆာခေါင်းကိုပုတ်လိုက်သည်။ ထို့နောက်နတ်ဆေးဆရာနဲ့ အကြီးအကဲဆီကို လမ်းလျှောက် သွားလိုက်သည် ။

“ ကျနော်ပြန်လာပြီ “

“ မင်းကောင်းကောင်းပြန်ရောက်လာတယ် ၊

မင်းကောင်းကောင်းပြန်ရောက်လာတာပဲ “

နတ်ဆေးဆရာက မြင်ရခဲသောသူ့အပြုံးကိုပြနေသည်။

ထိုအခိုက်မှာ ဆေးဆရာက ရှောက်ရွှမ်ကိုအများကြီးမမေးပေ။ ရှောက်ရွှမ်က သူနဲ့အကြည့်ချင်းဆုံကာ ဆက်သွယ်လိုက်သည်။ သူက သားရေအပေါ်ထပ်လွှမ်းထားတဲ့ ရင်ဘတ်ကိုပုတ်ပြလိုက်ရာ နတ်ဆေးဆရာ မျက်နှာပေါ်က အရေးအကြောင်းများပိုနက်သွားအောင်ပင် ပြုံးလိုက်သည် ။

မျိုးနွယ်စုကလူတွေမှာ သူ့ကိုမေးချင်စရာတွေအများကြီးဖြစ်နေသည် ။ သို့ပေမဲ့ ရှောက်ရွှမ်က သူတို့ကို တစ်ယောက်ချင်း ဖြေပေးနိုင်သည့်အချိန် မဟုတ်သေးပါပေ ။ သူက လန်ကာ့၊မိုင်နှင့် သူနဲ့ရင်းနှီးတဲ့အခြားသူများကို နှုတ်ဆက်လိုက်သည်။ နောက်ချာချာက အောက်ချလိုက်တဲ့ လောင်ခဲ့ကို သူကကြည့်နေသည် ။

ဘာမှမပြောဘဲသူက လောင်ခဲ့ကိုဖတ်လိုက်သည်။

“ အိမ်ကကြိုဆိုပါတယ် “

လောင်ခဲ့ကပြုံးကာ ပြောလိုက်ပြီး သူ့မျက်လုံးမှာမျက်ရည်များပြည့်နေလေသည် ။

မျိုးနွယ်စုကလူတွေနဲ့တွေ့ပြီးတော့အခါ ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူများကို အသေးစိတ်မဟုတ်သော်လည်း မိတ်ဆက်ပေးဖို့မမေ့ပါပေ။ ရှောက်ရွှမ်က သူတို့ကမျိုးနွယ်စုအပြင်မှာနေကြောင်းနဲ့ အခုထိစွမ်းအင်မနိုးထသေးဘူးဆိုတာကိုသာပြောပြလိုက်သည်။

နတ်ဆေးဆရာနဲ့အကြီးအကဲတို့က ဒါကဇာတ်လမ်းအရှည်ကြီးဖြစ်မှာကို သိပြီး အခုချိန်က အသေးစိတ်မေးဖို့ရာအချိန်မဟုတ်ပါပေ ။

နတ်ဆေးဆရာနဲ့အကြီးအကဲတို့ကို မြင်တဲ့အခါမှာ ယန်ကျစ်နဲ့အခြားသူများက သူတို့ဘာပြောရမှန်းမသိအောင်ကို စိတ်လှုပ်ရှားနေကြသည် ။ ရှောက်ရွှမ်က မျိုးနွယ်စုရဲ့ အလေးအမြတ်ပြုရတဲ့ဂါဝရတရားကို ပြောပြထားပေမယ့်လည်း သူတို့စိတ်လှုပ်ရှားကာ လုံးဝမေ့သွားလေသည် ။

နတ်ဆေးဆရာနဲ့အကြီးအကဲက ဒါကိုမြင်ကြပေမယ့် သူတို့ကိုတော့အပြစ်မတင်ပါပေ။

“ ထာ့နဲ့ကွေ့ဟယ် ၊ မင်းတို့နှစ်ယောက်သူတို့အနားယူဖို့ နေရာတစ်ခုစီစဥ်ပေးလိုက်ပါ။ဒီခရီးကအရမ်းပင်ပန်းခဲ့မှာဆိုတော့ သူတို့ကောင်းကောင်းအနားယူဖို့လိုတယ် “

အကြီးအကဲကပြောလေသည် ။

“ ဟုတ်ကဲ့ပါ “

ယန်ကျစ်နဲ့အခြားသူများက ယခုထိစွမ်းအင်မနိုးထား

သေးကြောင်း ရှောက်ရွှမ်က ပြောထားသည့်အတွက် သူတို့ကအလွန်အားနည်းနေကြသေးသည် ။ သို့ပေမယ့် အဖွဲ့ခေါင်းဆောင်နှစ်ယောက်က စိတ်ထဲမထားဘဲ သာမန်လူများအတွက် အစားအစာနဲ့နေရာများပြင်ပေးဖို့ သူ့လူတွေကိုပြောလိုက်သည် ။ သူတို့ကလောလောဆယ်မှာ အင်အားမရှိသေးတဲ့အတွက် သားရဲဆိုးများအသားကိုမစားနိုင်သေးပေ ။

ယန်ကျစ်နဲ့အခြားသူများကို ထာ့နဲ့ကွေ့ဟယ်တို့ကတောင်ပေါ်ကိုခေါ်လာသောအခါ စိတ်နှလုံးကောင်းရှိတဲ့အဒေါ်တစ်ယောက်က ကျောက်ဝူကိုလက်တစ်ဖက်နဲ့ချီကာ ချိန်ကြည့်ပြီးတော့ သနားစရာကောင်းစွာပြောလေသည် ။

“ အားနည်းသေးတာပဲ “

ကျောက်ဝူ “....”

သူ့စကားဆုံးသောအခါ အဒေါ်ကြီးကစိတ်အားထက်သန်စွာပြုံးပြီး ကျောက်ဝူ ပခုံးကိုပုတ်ကာ ဝမ်းမြောက်ဝမ်းသာပြောလေသည် ။ “လူငယ်လေး

မင်းပိုပြီးအသားစားရမယ် “

သူတို့နားကလူများက ယန်ကျစ်နဲ့အခြားသူများကို အစားအစာများပေးကြသည် ။ သို့ပေမယ့် အဖွဲ့ခေါင်းဆောင်က စွမ်းအင်မနိုးထသေးတဲ့သူတွေ ကို စားလို့မရသေးကြောင်း ပြောလိုက်လေသည် ။ နှမြောစရာကောင်းလှသည် ။

ကမ်းခြေမှာနေတဲ့သူများကတော့ ကမ်းကပ်ထားတဲ့သင်္ဘောကိုဝန်းရံနေကြသည် ။

“ ဟေ့..ဒါသင်္ဘောလား “

“ ဒါပေါ့ ၊ ဒါပေမဲ့ မနှစ်ကငါတို့လုပ်တဲ့ဟာထက်ပိုကောင်းတယ် “

မျိုးနွယ်စုစစ်သည်တော်တစ်ယောက်သည် သူ့အင်အားကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘဲ သစ်သားသင်္ဘောကို လက်သီးနဲ့ထိုးမိရာ အပေါက်

တစ်ပေါက် ဖြစ်သွားသည် ။ နောက်မှာတော့ သူက ဆက်မလုပ်တော့ပေ ။

“ ကြည့်ကောင်းပါတယ်။ဒါပေမဲ့ မခိုင်ပါဘူး ။ငါတို့ပိုပြီးတော့ ခိုင်ခံ့တဲ့ဟာတစ်ခု လုပ်နိုင်ပါတယ် “

“ ကောင်းပြီ “

သင်္ဘောကိုဝန်းရံနေတဲ့လူများခေါင်းငြိမ့်လိုက်ကြသည်။

သူက လောင်ခဲ့နဲ့ အားရပါးရစကားပြောပြီး နောက်ပိုင်းမှာ နတ်ဆေးဆရာ၊အကြီးအကဲ တို့နဲ့အတူတောင်ပေါ်တက်သွားလေသည် ။ထို့ကြောင့် အပြင်ကအခြေအနေများအကြောင်း မေးချင်သည့်သူများက ရွေးချယ်စရာမရှိဘဲ သူပြန်လာတာကိုသာစောင့်ရ မည်။

ရှောက်ရွှမ်က နတ်ဆေးဆရာနဲ့တောင်ပေါ်ကိုလိုက်လာခဲ့သည် ။ထို့နောက်မှာ သူနဲ့ရင်းနှီးနေတဲ့ နတ်ဆေးဆရာရဲ့ကျောက်အိမ်လေးထဲသို့ ဝင်လာခဲ့သည် ။ သူအိမ်ထဲကိုရောက်တဲ့အခါရေတစ်ခွက်ကို ယူပြီး တစ်ကျိုက်သောက်ပစ်လိုက်သည်။ ပြီးတဲ့နောက်မှာတော့ အကြီးအကဲနဲ့နတ်ဆေးဆရာမျှော်လင့်ထားသည့်အတိုင်း အိတ်ထဲကနေ စာလိပ်လေးလိပ်ကို ထုတ်လိုက်လေသည် ။

“ ဒါကတော့ ကူမျိုးနွယ်စုက အကြီးအကဲနဲ့ နတ်ဆေးဆရာတို့ရေးပေးလိုက်တဲ့ စာလိပ်နှစ်ခုပါ။ ဒါကအရှင့်အတွက်ပါ ။ ဒါကတော့ကျနော်ဆွဲလာခဲ့တဲ့မြေပုံပါ ။ အဲ့ဒီနေရာကအများကြီးပြောင်းလဲသွားပြီး ဘိုးဘေးတွေချန်ခဲ့တဲ့အရာတွေကလည်း ခေတ်နောက်ကျကျန်ခဲ့ပါပြီ၊ ကျနော့်မှာအချိန်လုံလောက်မရှိခဲ့လို့ နေရာတွေအကုန်လုံးကိုတော့ရှာမကြည့်ခဲ့ရပါဘူး။ နောက်ဆုံးတစ်ခုကတော့ ကျနော်ခရီးရယ်အကျဉ်းချုပ်ပါ “

စာလိပ်လေးလိပ်ကို နတ်ဆေးဆရာနဲ့အကြီးအကဲကို

ပေးပြီးတဲ့ နောက်မှ သူယူလာတဲ့ပစ္စည်းအသေးလေးများကိုလည်းထုတ်လိုက်လေသည် ။ ၎င်းတို့မှာ အကြွေစေ့များ ၊ ကျောက်စိမ်းများ ၊ ရေလ ကျောက် များဖြစ်သည်။ ဒီပစ္စည်းများ၏ မူလနဲ့ အသုံးပြုပုံကို သူကနောက်ဆုံးစာလိပ်ထဲမှာ ရေးချထားသည် ။

ဒီပစ္စည်းတွေချပြီးတဲ့နောက် သူကအကြာကြီးမနေဘဲ တောင်အောက်ကိုပြန်ဆင်းသွားသည် ။ ရှောက်ရွှမ်က တော့ယန်ကျစ်နဲ့အခြားသူတွေကိုကာကွယ်ရတဲ့အတွက် အချိန်အကြာကြီး ရွက်လွှင့်ခရီးထွက်ခြင်းက သူ့ကိုအင်အားအလွန်ကုန်စေသည် ။ သူကပထက အလွန်စိတ်လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပင်ပန်းတယ်လို့ခံစားရသည် ။ သူဒီညတော့ကောင်းကောင်းအိပ်ဖို့လိုအပ်သည်။ သို့မှသာ နောက်နေ့များတွင် အခြားအရာများကို သူပိုပြီးပြောပြနိုင်လိမ့်မည် ။

ဆေးဆရာနဲ့အကြီးအကဲတို့က တော့သူထားခဲ့တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး တော့အကြာကြီးဆွေးနွေးနေကြပေမည် သူထွက်သွားပြီးတဲ့နောက် ဆေးဆရာ

နဲ့အကြီးအကဲကာ ထားပြီးသူတို့ကိုပေးခဲ့တဲ့စာလိပ်တွေကို တုန်တုန်ရီနဲ့ကောက်ကိုင်လိုက်ကြ ပြီးဂရုတစိုက် ကြည့်နေကြသည် သူတို့ကနောက်ဆုံးတစ်ခုကိုအရင်ကြည့်လိုက်သည် ဒါကသူတို့အတွက် မျိုးနွယ်စုအပြင်ဘက်ကအခြေအနေတွေကို ပထမဆုံးအကြိမ် သို့ သိရှိခြင်းဖြစ်သည် ။

ညနေပိုင်းမှာ နတ်ဆေးဆရာနဲ့အကြီးအကဲတို့က မျိုးနွယ်စုက အရေးကြီးပုဂ္ဂိုလ်များကို အတူတကွစုစည်းကာ မျိုးနွယ်စုပြောင်းရွှေ့ကြမည့်အကြောင်း ဆွေးနွေးကြသည် ။ ပြောရလျှင်၎င်းကပြောင်းရွှေခြင်းမဟုတ်ဘဲ ပြန်ခြင်းသာဖြစ်သည် ။

တစ်ခါတုန်းက သူတို့မှာ ဘိုးဘွားပိုင် မြေကို ပြန်ဖို့မျှော်လင့်ချက်များမရှိကြသော်လည်း နောက်ဆုံးမှာတော့သူတို့မှာ မျှော်လင့်ချက်ရှိလာလေပြီ ။

All Chapters