ဆုံးဖြတ်ချက်
Vol. 15 Ch. 214
ရှောက်ရွှမ် ပြန်လာခြင်းက မျိုးနွယ်စုထဲကအခြေအနေကို တစ်ဖန်ပြောင်းလဲသွားစေသည် ။
မျိုးနွယ်စုတွေကတချို့လူတွေမှာ သံသယများရှိခဲ့ကြသော်လည်း ယခုအခါသူတို့ယုံကြည်မှုရှိလာပြီး ရှေ့ရေးကိုမျှော်ကြည့်နေကြသည်။
မနက်ခင်းမှာ...
ရှောက်ရွှမ်က အပြင်ထွက်လိုက်ပြီး နေရောင်ကိုခံစားကာ အကြောဆန့်လိုက်သည် ။
“ ဟင်းချိုကတော့ အဆင်သင့်ဘဲ ၊အသားလည်းကင်ပြီးပြီ။
တောင်ပေါ်မတက်ခင်မှာ ဟင်းချိုသောက်ပြီးအသားကိုစားသွား” အိမ်ထဲက လောင်ခဲ့ကပြောသည် ။ မနက်စောစောထဲက အစားအစာတွေထပြင်ပြီးတဲ့
နောက် ကျောက်ကိရိယာများစပြီးသွေးနေသည်။
“ကောင်းပြီ”
ရှောက်ရွှမ်ကပြန် ဖြေသည် ။
ညကကောင်းကောင်းအနားယူလိုက်ရတဲ့အကျိုးကျေးဇူးကြောင့် ခရီးတခုလုံးမှာပင်ပန်းခဲ့သမျှပြေပျောက်သွားပြီး အားအင်ပြန်လည်ပြည့်ဖြိုးလာသည် ။ ရှောက်ရွှမ် ဒီလို ကောင်းကောင်းအိပ်မပျော်သည်မှာကြာခဲ့ပါပြီ ။
မနေ့ကသူ နတ်ဆေးဆရာကို ဒီနေ့မှာ တောင်ပေါ်ကိုလာပြီးတော့ သူတို့နဲ့ဆွေးနွေးကြမယ့်အကြောင်း ကတိပေးထားသည် ။ သူက ကောင်းကောင်းကင်ထားတဲ့ အသားကိုမြန်မြန်စားကာ ဟင်းချိုတခွက် မော့သောက်လိုက်သည်။
ဟင်းချိုနဲ့အသားစားပြီးတဲ့နောက်မှာ သူ့ အစာအိမ်
ပြည့်သွားတဲ့အတွက် အတော်စိတ်ကျေနပ်သွားသည်။
“ သားရဲဆိုးတွေရဲ့အသားကပိုအရသာရှိတာ သံသယဝင်စရာကိုမရှိဘူး “
ရှောက်ရွှမ်ကပါးစပ်ကိုသုတ်ပြီး လောင်ခဲ့ကိုနှုတ်ဆက်ကာ တောင်ပေါ်ကိုတက်သွားသည် ။
ပြီးခဲ့တဲ့နှစ်မှာ နတ်ဆေးဆရာက တောင်ပေါ်မှာ နေတဲ့သူများနဲ့ တောင်အောက်မှာ နေတဲ့သူများအကြားက ကွာဟချက်ကို ပေါင်းစည်းနိုင်ဖို့ကြိုးစားခဲ့သည့်အတွက် သူတို့အခုပိုပြီးတော့ နီးကပ်လာကြသည် ။ အရင်ကခွဲခြားမှုများမှာ ဝေဝါး ပျောက်ကွယ်လာသည် ။
နတ်ဆေးဆရာက သူတို့ပြန်သွားချင်တယ်ဆိုရင် အဖွဲ့တစ်ဖွဲ့ရှိဖို့လိုသည် ။ မျိုးနွယ်စုအပြင်ဘက်မှာဆိုလျှင် အားလုံးက မီးတောက်ဦးချိုမျိုးနွယ်စုဝင်ဖြစ်
ပြီး တောင်ပေါ်ကလူတောင်အောက်ကလူဟူ၍ မရှိပေ။
သူတို့စိတ်များမပြောင်းလဲကြသေးသော ၊ နားမလည်ကြသော လူများစွာလည်းရှိနေ သည် ။ အဖွဲ့ခေါင်းဆောင်များနှင့်အခြားသူများပင်လျှင် မထွက်ခွာခင် အချိန်တိုအတွင်းမှာ သူတို့အတွေးများကိုမပြောင်းလဲနိုင်ပေ ။
တောင်ပေါ် တက်လာသောအခါ လူများစွာက ရှောက်ရွှမ်ကို မေးခွန်းများမေးချင်နေသည်ကို တွေ့ရသည် ။ သို့ပေမယ့် သူတို့က တော့ သူ နတ်ဆေးဆရာကြီးဆီ သွားလည်တာကို သိကြလေသည်။ ထို့ကြောင့် သူတို့က နှုတ်ဆက်စကားသာပြောနိုင်ပြီး သူတောင်ပေါ်တက်သွားတာကို ဘာမှမတက်နိုင်ပဲ ကြည့်နေရသည်။
သူ ထိုနေရာကိုရောက်တဲ့အခါ ဘယ်သူကမှသူ့ကိုမတားပေ။ ထို့ကြောင့် သူကနတ်ဆေးဆရာရဲ့ အမှတ်အသားပြားကို ထုတ်ပြဖို့ မလိုပေ ။ တောင်
ကလူတွေက သူ့ကိုမြင်သောအခါ သူတို့မျက်လုံးများအရောင်လက်သွားကြသည် ။ အမြဲတမ်းအထက်စီးဆန်သော လူအိုကြီးများသည်ပင် ကြင်နာနွေးထွေးပုံပေါက်နေသည် ။
သူအထဲဝင်သွားတဲ့အခါ နတ်ဆေးဆရာတစ်ယောက်တည်းရှိနေပြီးအခြားသူများကထွက်ခွာသွားကြသည် ။
သူတို့တစ်ညလုံးမအိပ်ခဲ့ရပေ။ ထို့ကြောင့် နတ်ဆေးဆရာက ပင်ပန်းနေသည် ။ သို့သော်လည်း သူ့မျက်လုံးမှာ စိတ်လှုပ်ရှားမှုများပြည့်နေသည်။ သူက ကူမျိုးနွယ်စုကပေးလိုက်တဲ့ နတ်ဆေးဆရာစာလိပ်ကိုလည်း ဖတ်နေပြီး ကူမျိုးနွယ်စုနဲ့ရှောက်ရွှမ်ကြားမှာ ဆွေးနွေးခဲ့တဲ့ ပူးပေါင်းရေးအကြောင်းကို လည်းလေ့လာနေသည် ။
“ ကောင်းတယ် “
နတ်ဆေးဆရာကပြောသည် ။ အခြားတစ်ယောက်ကသာ နတ်ဆေးဆရာက မြှောက်ပြောလျှင် အလွန်စိတ်လှုပ်ရှားသွားပေမည်။ သို့ပေမယ့် ယခု သူကတော့ လေးလေးစားစား အရှေ့မှာထိုင်နေသည် ။
ရှောက်ရွှမ်က မျက်နှာချင်းဆိုင်စားပွဲမှာ တည်တည်ငြိမ်ငြိမ် ဝင်ထိုင်လိုက်ပြီး ပြောသည် ။
“ အရှင်နဲ့အကြီးအကဲဆုံးဖြတ်ချက်ကရော “
“ ရွှေ့ကြမယ် “
သူကကျယ်လောင်ပြတ်သားသောအသံဖြင့်ပြောသည် ။
သူ့အဖြေမှာ ရှောက်ရွှမ်မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။
မနေ့ညက သူတို့တောင်ထိပ်မှာ ဒီအကြောင်းကို တစ်
ညလုံးဆွေးနွေးခဲ့ပြီး ပထမဦးဆုံး ဆုံးဖြတ်ချက်ချခဲ့သည် ။ အဲဒီနောက်မှာတော့ သူတို့က တော့ ဘိုးဘွားပိုင်မြေကိုပြန်ဖို့ လိုအပ်သမျှအရာအားလုံးကို တတ်နိုင်သမျှ ပြင်ဆင်ဖို့ကြိုးစားကြမည်။
သူတို့ တစ်နှစ်၊နှစ်နှစ်ပြင်ဆင်ရမည်ဖြစ်ပြီး ပိုပြီးတော့လည်း ကြာနိုင်သည် ။ ပြောရရင် ဘိုးဘေးတွေဒီကိုရောက်လာကတည်းက သူတို့ဒီမှာနေခဲ့ကြတာ နှစ် တစ်ထောင်နီးပါးရှိပြီဖြစ်သည်။ မျိုးဆက်တဆက်ပြီးတစ်ဆက် မီးတောက်ဦးချိုမျိုးနွယ်စုက ဒီမှာအခြေချလာခဲ့ပြီး မျိုးဆက်များမွေးထုတ်ခဲ့သည် ။
သူတို့ပြန်မည်မှာ သံသယဝင်စရာမရှိပေ ။ သူတို့၏ဘိုးဘေးများနဲ့အားလုံးက ဘိုးဘွားပိုင်မြေကို အမြဲတမ်းစွဲလမ်းခဲ့ကြသည် ။လောင်ဟယ်က မျိုးနွယ်စုရဲ့အခြေခံအုတ်မြစ်က ထိုနေရာမှာ ရှိနေဆဲဟု လည်းပြောလေသည် ။ သူတို့ပြန်သွားဖို့လိုအပ်သည်။
သူတို့က သူတို့၏အခြေခံအုတ်မြစ်ကို ဒီနေရာကိုအခြားနည်းလမ်းနဲ့ မလွဲမသွေ ယူဆောင်ကြမည်ဖြစ်သည်။ သို့သော်လည်း ဘိုးဘွားပိုင်မြေကို ပထမဆုံးကြားကတည်းက သူတို့မှာလေးနက်တဲ့အမြင် သသဘောထားရှိသည့်အတွက် မည်သူကမှ ထိုသို့လုပ်ဖို့စိတ်အားထက်သန်ခြင်းမရှိပေ။
“ ဒီတော့ အရှင်ဆိုလိုတာက မျိုးနွယ်စု အကုန်လုံးအဲဒီကိုပြောင်းမှာလား “
ရှောက်ရွှမ် ကမေးလေသည် ။
“ အားလုံးပဲ “
နတ်ဆေးဆရာက ခိုင်ခိုင်မာမာပြောသည် ။
သူတို့မီးမျိုးစေ့ ဘယ်နေရာမှာရှိရှိ မျိုးနွယ်စုကလည်း ထိုနေရာမှာရှိရမည် ။
မျိုးနွယ်စုပြောင်းရွေ့တဲ့အခါ မီးမျိုးစေ့များကိုလည်း သူတို့နဲ့အတူယူဆောင်သွားမည် ။
မီးမျိုးစေ့ကိုယူဆောင်သွားသ၍ မျိုးနွယ်စုထဲကသူအားလုံး ဒီနေရာကိုထားခဲ့ရမည်။ မီးမျိုးစေ့သာမရှိလျှင် ထိုနေရာမှာသူတို့အေးအေးချမ်းချမ်းမနေနိုင်ပေ ။ အကြောင်းမှာ ပတ်ဝန်းကျင်ကသားရဲကြီးများကာ သူတို့ဆီကို တဖြေးဖြေးလာမည်ဖြစ်သောကြောင့်ဖြစ်၏ ။
မီးမျိုးစေ့က ခန့်မှန်းလို့မရသော သားရဲကြီးများကို တားဆီးပေးသည် ။
ဘိုးဘွားပိုင်မြေမှာလည်း ထိုသို့ပင်ဖြစ်သည် ။ မြေအောက်က မီးနွယ်များတစ်ခုတည်းကပင် သားရဲများကို နေရာတွင်ပေါ်လာခဲအောင် ပြုလုပ်ထားသည် ။
“ နေရာကကော “ ရှောက်ရွှမ်ကမေးလေသည် ။ ပြောရရင် ထိုနေရာအတွက် ရှောက်ရွှမ်က တော့အတိတ်ကိုသတိရသလိုခံစားရသည် ။ မြစ်၏အခြားဘက်များနှင့်နှိုင်းယှဉ်လျှင် ထိုနေရာကအတော်လေးအေးချမ်းပေသည် ။
လူအများကြားထဲမှာ အငြင်းအခုန်များ၊ပဋိပက္ခများ အမြဲရှိတတ်သည် ။ ဓားပြမှု ၊ လူသတ်မှုတို့အပြင် ပို၍ရှုပ်ထွေးသောကိစ္စရပ်များလည်းဖြစ်ပွားတတ်သည် ။ မွေးကတည်းကဒီမှာနေလာခဲ့တဲ့သူတွေက ထိုနေရာမှာ အလိုက်သင်ပြောင်းလဲအသက်ရှင်နိုင်ပါ့မလား။ ဒါကိုတော့ ရှောက်ရွှမ် တကယ်စိုးရိမ်သည် ။
“ ဒီမှာ ငါတို့ရဲ့ထွက်ပေါက်ပဲ”
နတ်ဆေးဆရာက ပြတင်းပေါက်အနားမှာရပ်ရင်း အဝေးကိုကြည့်ကာ ပြောလေသည်။
“ ငါတို့ဘိုးဘွားပိုင်မြေမှာ အသက်မရှင်နိုင်ဘူးဆိုရင်လည်း ဒီကိုတခါပြန်လာကြတာပေါ့။ငါတို့ ငါတို့အင်အားကို တည်ဆောက်လို့ရတယ်။ပြီးတဲ့နောက်မှ ငါတို့ခွန်အားပြည့်ပြီဆိုမှ ထွက်ကြတာပေါ့ “
နတ်ဆေးဆရာက သူ့စိတ်ကို ပြင်ဆင်ထားသည် ။ အကြောင်းမှာ ဘိုးဘေးများ ကိုပြောခဲ့သမျှကို ထမ်းရွက်ရသည်မှာ သူ၏တာဝန်ဖြစ်သောကြောင့်ဖြစ်မည်။
“ အခြားမြို့နယ်စုနဲ့ အလဲလှယ်လုပ်တာကလည်း ငါတို့လူမှု့အဖွဲ့စည်းကို တိုးတက်မှုတွေဖြစ်လာလိမ့်မယ် ၊ အဲဒါကောင်းတယ် “
သို့ပေမယ့် မျိုးနွယ်သူထဲကလူတွေထဲဒေါသက အလွန်တည့်တိုးဖြစ်လေရာ အနည်းငယ် ပြုပြင်ဖို့တော့လိုလေသည် ။
နတ်ဆေးဆရာက မြစ်ဖက်ကိုကြည့်ကာပြောလိုက်
သည်။
“ ငါတို့သွားမှာပါ ပြီးတော့ငါတို့တဖြည်းဖြည်းနဲ့အသားကျသွားမှာပါ “
ကျနော်တို့မအောင်မြင်ဘူးဆိုရင်လည်း သူပြောသည့်အတိုင်းလုပ်နိုင်လေသည် ။ ကျနော် တို့ဒီကိုပြန်လာပြီး ကျနော်တို့ အင်အားကိုတည်ဆောက်ကာ ပိုပြီးပြင်ဆင်မှုများပြုလုပ်နိုင်သည် ။
“ ကောင်းပြီ ၊ မနေ့က ကျနော်ပေးခဲ့တဲ့စာလိပ်တွေကို အရှင်ဖတ်ပြီးသွားပြီလား “
ရှောက်ရွှမ် ကမေးသည် ။
“ ပြီးပြီ “
သူဖတ်ပြီးသွားတဲ့အတွက်ကြောင့် အများကြီးတွေးပြီး ပြန်သွားဖို့ အလွန် စိတ်အားထက်သန်လာခြင်းဖြစ်သည် ။ ဗဟိုဒေသက အင်အားကြီးမျိုးနွယ်စုတစ်ခုအနေနဲ့ မီးတောက်ဦးချိုမျိုးနွယ်စုကို မေ့
ပျောက်မသွားသင့်ပါပေ ။
မီးတောက်ဦးချိုမျိုးနွယ်စုကို လူအများကြီးသိသင့်သည်။ သို့ပေမယ့် ရှောက်ရွှမ် တစ်ယောက်တည်းတော့လုပ်နိုင်မည်မဟုတ်ပေ။
“ ဗဟိုဒေသက မျိုးနွယ်စုကြီးကလူတွေနဲ့ အဆက်အသွယ်အများကြီးမရှိပေမယ့် မျိုးနွယ်စုတစ်ခုတိုင်းမှာ အလွန်စွမ်းအားကြီးတဲ့စစ်သည်တော်တွေ လည်းအများကြီးရှိတာကိုတော့သိတယ် “
“ ခွန်အား “
“ ကျနော် သိသလောက်ဆိုရင် မျိုးနွယ်စုတစ်ခုတိုင်းမှာ အကြီးတန်းမျိုးနွယ်စု စစ်သည်တော်တွေ အများကြီးရှိတယ် ၊ ကျနော်တို့မျိုးနွယ်စုနဲ့ ယှဥ်ရင် ပမာဏ အတော်လေးများတယ် ၊
ပြောရရင် ကျနော်တို့မျိုးနွယ်စုမှာ လူနည်းနည်းသာရှိတယ် ၊ ကျနော်တို့ဘိုးဘွားပိုင်မြေ ကိုပြန်လျှင် အခြားလေလွင့်သူတွေကလည်း လာပြီးကျနော်တို့နဲ့ပူးပေါင်းနိုင်တယ် ၊ သို့ပေမယ့် အဲဒီမတိုင်ခင် ကျနော်တို့က သူတို့ ကျွန်တော်တို့ကိုကြောက်နေအောင် ခွန်အားကြီးနေဖို့တော့လိုတယ် “
ရှောက်ရွှမ် ကပြောသည် ။
ရှောက်ရွှမ်စကားများကိုကြားရတဲ့အခါ နတ်ဆေးဆရာက ခဏမျှတိတ်ဆိတ်သွားသည် ။ သူက ရှောက်ရွှမ်စိုးရိမ်ပူပန်တာကို နားလည်သော်လည်း သူတို့ခွန်အားများ တိုးတက်ဖို့အတွက်ဆိုလျှင် အချိန်အများကြီး လိုအပ်သည် ။
“ မင်းဘာကိုဆိုလိုချင်တာလဲ “
ရှောက်ရွှမ်ကရှေ့ဆက်တိုးနေကတည်းက သူ့မှာအကြံရှိသည်ကို နတ်ဆေးဆရာ သိသည် ။ သူကပြုံးကာ မီးကဲ့သို့ ရဲရဲတောက်နေသည့်သလင်းကျောက်
တုံးကို နတ်ဆေးဆရာကို ပြလိုက်သည် ။
“ ဒါက... “
“ မီးသလင်းကျောက်လား ၊ အရမ်းရှားတယ် “
နတ်ဆေးဆရာကခေါင်းခါပြီးပြောသည် ။ သူတို့ကအကောင်းစားများကို အကောင်းဆုံးကိုသုံးသင့်သော်လည်း အကုန်မသုံးသင့်ပေအကြောင်းမှာ မီးသလင်းကျောက်ကိုရှာတွေ့ဖို့အလွန်ခက်သောကြောင့် ဖြစ်သည်။
“ ဗဟိုဒေသမှာ နေတဲ့သူများက သားရဲများအသားကို စားခဲကြပြီး သူတို့ကပုံမှန်ဆိုလျှင် စိုက်တဲ့အပင်ကိုစားပြီး မွေးတဲ့တိရစ္ဆာန်များကိုစားတတ်ကြတယ်။ သူတို့က သူတို့အစားအစာများကနေ အလွန်နည်းသောစွမ်းအင်ကိုသာရရာ သူတို့၏ခန္ဓာကိုယ် ခွန်အား တိုးတက်ဖို့အတွက်ဆိုလျှင် သူတို့ကလေ့ကျင့်ခန်းလုပ်ခြင်း ၊ မီးသလင်းကျောက်အသုံးပြုခြင်းတို့အပေါ်မူတည်တယ်။ တစ်ခါတစ်ရံ
မီးသလင်းကျောက်များကြောင့်ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေက မျိုးနွယ်စုတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်တယ် “
ရှောက်ရွှမ်က သူ့အတွေ့အကြုံကိုပြောပြသည် ။
ဒါကာသူဗဟိုဒေသကိုမျိုးနွယ်စုနဲ့ခရီးသွားတုန်းက တွေ့ခဲ့ရတဲ့ အစုလိုက်အပြုလိုက်လူသတ်မှုကြီးဖြစ်သည်။
“ မီးသလင်းကျောက်တွေက တော့အရမ်းတန်ဖိုးကြီးတယ် “
နတ်ဆေးဆရာကတော့ ရှောက်ရွှမ်၏ဆိုလိုရင်းကို နားမလည်ပေ။
“ ကျနော်တို့သာ မီးသလင်းကျောက်တွေကို ပိုပြီး ရှာတွေ့မယ်ဆိုရင်ကျွန်တော်တို့အားလုံးသုံးပစ်တာပိုကောင်းတယ် “
ရှောက်ရွှမ်က ပြောသည် ။
နတ်ဆေးဆရာရဲ့မျက်လုံးမှာ တော့ပြူးကျယ်သွားပြီး နတ်ဆေးဆရာက ရှောက်ရွှမ်ကိုကြည့်ကာပြောသည် ။
“ မီးသလင်းကျောက်တွေ..ပိုပြီး..ဟုတ်လား “
“ ကျနော်တို့ မီးသလင်းကျောက်တွေရှာတွေ့ခဲ့တဲ့ လင်းနို့ဂူကို မှတ်မိသေးလား “
“ ငါတို့ထပ်သွားလို့မရဘူးလို့ မင်းပြောခဲ့တယ်မဟုတ်လား “
“ ကျနော် ထပ်ကြိုးစားကြည့်ချင်တယ် “
…..
ရှောက်ရွှမ် ကျောက်အိမ် ထဲကပြန်ထွက်လာသောအခါ နေ့ခင်းရောက်နေပြီဖြစ်သည် ။ ကောင်းကင်ပေါ်ကနေလုံးပူပူကြီးကိုမော့ကြည့်ပြီး သူ့
အသက်ဝ၀ရှုကာ သက်ပြင်းချလိုက်သည် ။
ဗဟိုဒေသကို အလွန်တိုသောခရီးလေးသာထွက်ခဲ့ခြင်းဖြစ်ရာ ထိုဒေသက မျိုးနွယ်စုကြီးများအကြောင်းကို သူလေ့လာဖို့ မအောင်မြင်ခဲ့ပါ။ ပြောရလျှင် အစပိုင်းမှာတော့ မျိုးနွယ်စုကြီးများကလူများက သူစိမ်းကိုအလွန်သတိထားကြပေမည် ။ ရှောက်ရွှမ်က သူတို့အနားကိုအရမ်းမကပ်နိုင်ခဲ့ဘဲ မန်မျိုးနွယ်စုနဲ့ ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ လူနှစ်ယောက်နဲ့သာ စကားအနည်းငယ် ပြောနိုင်ခဲ့သည် ။
ပြီးတော့ ဒီခရီးက ရှောက်ရွှမ့်ကို နေရာကြီးကြီးတခုမှာ မျိုးနွယ်စုတခုပိုင်ဆိုင်ရခြင်း၏ အရေးပါပုံကိုပိုပြီးရှင်းရှင်းလင်းလင်းသိသွားစေသည် ။ သူ့မျိုးနွယ်စုသာသန်မာရင် သူလည်းပိုပြီးအကူအညီအကာအကွယ်များ ရနိုင်မည်။
မီးသလင်းကျောက်များကိုအသုံးပြုခြင်းက အချိန်တို
အတွင်းမှာ မိမိကိုယ်ကို တိုးတက်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်မှာ သံသယ ဝင်စရာမရှိပေ။ နောက်ဆုံးအကြိမ်တုန်းက တော့ သွေးစုတ်လင်းနို့အုပ်များကြောင့် သူအထဲထိ နက်နေအောင် မတူးနိုင်ခဲ့ပေမယ့် ထိုနေရာမှာ မီးသလင်းကျောက်များ အများကြီးရှိနေမည်ဟုသူယုံသည် ။ ဖြစ်နိုင်တာက မီးသလင်း ကျောက်မိုင်းတွင်းပင်ဖြစ်နိုင်သည် ။
သူ ဗဟို ဒေသမှာရှိတုန်းက သူ မီးသလင်းကျောက်မိုင်းတွင်းများအကြောင်းကြားဖူးသည် ။ ထိုမီးသလင်းကျောက်များကြောင့် မျိုးနွယ်စု နှစ်ခုနဲ့နှစ်ခုထက်ပိုပြီး အငြင်းပွားမှုများဖြစ်တတ်ကြသည် ။
ပြီးတော့ ယခု တောင်ပေါ်မှာ မီးသလင်းကျောက်မိုင်းတွင်း ရှိနေနိုင်သည် ။ အခြားမျိုးနွယ်စုများမတွေ့သွားခင် ရှောက်ရွှမ်က ဒီအခွင့်အရေးကို အရယူဖို့ကြိုးစားရမည်။ ဒီအတွက်တော့ သူကစွန့်စားဖို့ စိတ်အားထက်သန်ပြီး ထိုနေရာကိုသွားကြည့်လိုသည် ။
၂ရက်ကြာပြီးတဲ့နောက်မှာ နတ်ဆေးဆရာနဲ့ အကြီးအကဲက အပြန်အစီအစဉ်ကို ရှေ့ဆက်တိုးနေကြပြီး မျိုးနွယ်စုရဲ့အပြန်ခရီးကို လုပ်ငန်းစဉ်ထဲသို့ ထည့်ထားလိုက်သည်။ ပြန်ရမည့်ရက်ကိုမဆုံးဖြတ်ရသေးသော်လည်း နောက်လာမယ့်နှစ်တွေမှာဒီအစီအစဉ်ကိုအဓိကအာရုံထားဖို့ သူတို့စိတ်တွေပြင်ဆင်ထားကြသည် ။
အကြီးအကဲနဲ့နတ်ဆေးဆရာက ပြန်မယ့်အစီအစဉ်အကြောင်းတွေကိုကြေညာလိုက်သည့်နေ့မှစ၍ မျိုးနွယ်စုထဲကလူအားလုံးဟာ ပြန်ဖို့ စတင်၍ ပြင်ဆင်ကြလေသည် ။ သူတို့မနှစ်ကလုပ်ခဲ့တဲ့အရာများက အစသာဖြစ်ပြီး ဒီနေ့မှစ၍ အိမ်ပြန်ဖို့အတွက် တကယ် တိုက်ပွဲဝင်ရတော့မည်ဖြစ်သည်။
ပထမဆုံးအနေနဲ့ အထူးသဖြင့်တောင်ခြေမှာနေတဲ့သူများအပါအဝင် အားလုံး ကျန်းမာကြံ့ခိုင်နေဖို့ကြိုးစားရမည်။ သူတို့ကကြမ်းတမ်းတဲ့ဘဝကိုရင်ဆိုင်ခဲ့ရသည် ။ မျိုးနွယ်စုကပိန်ညှောင်တဲ့ကလေး
များကို ကလေးများဟာမျိုးနွယ်စုအနာဂတ်ဖြစ်သည့်အတွက် အစားအစာများပိုထောက်ပံ့မည်ဖြစ်သည်။
သို့ပေမယ့် နတ်ဆေးဆရာက အသုံးမဝင်တဲ့သူများကို မျိုးနွယ်စုမှာ နေရာမပေးဘူးဟုပြောဖူးသည် ။ သူတို့သာသူတို့ကိုယ်သူတို့တိုးတက်ဖို့အခွင့်အရေးကို ကောင်းကောင်းအသုံးမချနိုင်လျှင် သူတို့ကို...အင်း
နတ်ဆေးဆရာက သူတို့ကို ဘယ်လိုဖြေရှင်းမလဲ ဟုသေချာမပြောသော်လည်း အားလုံးဟာသူတို့အစွန့်ပစ်ခံရမည်ကိုစိုးရိမ်ပူပန်ကြသည်။ သူတို့သာမျိုးနွယ်စုက ပစ်ပယ်ခြင်းခံရလျှင် သူတို့ကန္တာပြင်မှာ မည်သို့အသက်ရှင်သန်နိုင်မည်နည်း။
သာမန်လူများမှာ သူတို့အလုပ်များရှိကြပြီး မသန်စွမ်းများမှာလည်း သူတို့တန်ဖိုးများကို ပြသပုံနည်းလမ်းများရှိသည် ။ ဥပမာအနေနဲ့ လောင်ခဲ့ကနေ့တိုင်း ကျောက်ကိရိယာပစ္စည်းများကို ပိုထုလုပ်သည်
။ တောင်ခြေမှာနေတဲ့သူများက လောင်ခဲ့၏ပစ္စည်းများနှင့် လဲလှယ်ဖို့အလွန်နည်းလေသည် ။
ရှောက်ရွှမ် မျိုးနွယ်စုထဲမှာရှိတုန်းမှာ လောင်ခဲ့က သူ့မှာ စားစရာ အလုံအလောက်မရှိမှာ ပူစရာမလိုပေ ။ ထို့ပြင် ဆီဆာ နဲ့ ချာချာတို့ကလည်း သားကောင်ရှာဖို့အပြင်ထွက်သွားတတ်သည် ။ တောင်ခြေမှာဆိုလျှင် လောင်ခဲကို အချမ်းသာဆုံးပုဂ္ဂိုလ် ဟု သတ်မှတ်နိုင်သည် ။
ရှောက်ရွှမ်နဲ့အခြားသူများပြန်လာသောအခါ လပြည့်လုနီးပြီဖြစ်သည် ။
အမဲလိုက်အဖွဲ့များက လပြည့်ပြီးမှသာလျှင် ထွက်ခွာရမည်ဖြစ်သည် ။ ထို့နောက်တွင် အမဲလိုက်အဖွဲ့ လူအရေအတွက်မှာ တော့နှစ်ဆဖြစ်သွားပေမည် ။
စစ်သည်တော်များက အမဲလိုက်ထွက်ကြပြီး အခြားသူများကသင်္ဘောဆောက်ဖို့ သစ်သားများစုဆောင်း
ကြဖို့လို့လေသည် ေ။တောင်ခြေမှာ ရွေးချယ်စရာအရည်အသွေးအကောင်းဆုံး သစ်သားများ ပေါများစွာရှိလေသည် ။ သူတို့က ထိုကိစ္စကိုစိတ်ပူမလိုပေ။ ပြဿနာက ပိုကြီးတဲ့သင်္ဘောကိုဘယ်လိုဆောက်ရမလဲဆိုတာပင်ဖြစ်သည် ။
ယန်ကျစ်နဲ့အခြားသူများက သင်္ဘောငယ်လေးများလုပ်နိုင်သည် ။ သို့ပေမယ့် လုံကျိုးမျိုးနွယ်စုကကဲ့သို့ သင်္ဘောများတည်ဆောက်ဖို့ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိပေ။ သူတို့သင်္ဘောလုပ်ဖို့ကြိုးစားတဲ့နေရာမှာ အချိန်အများကြီးပိုသုံးဖို့လိုသည် ။ သူတို့သင်္ဘောမဆောက်နိုင်သေးသရွေ့ မျိုးနွယ်စုကလည်းဒီကရွှေ့ပြောင်းလို့ရမည်မဟုတ်ပေ။
ပြောရလျှင် ဒီအချိန်မှာ ၎င်းက တော့လူပေါင်း နှစ်ထောင်ကျော် ပါဝင်သော ပြောင်းရွှေ့မှုကြီးဖြစ်သည်။