မီးသလင်းကျောက်များနောက်တကြိမ်ရှာဖွေကြခြင်း
Vol. 15 Ch. 215
ဒီတကြိမ်မှာတော့ သင်္ဘောဆောက်လုပ်ဖို့ရာ မျိုးနွယ်စုက ကျွမ်းကျင်လုပ်သားများလည်းပါဝင်လာကြသည် ။
သစ်သားကိုကိုင်တွယ်ရခြင်းက မည်မျှပင်ခက်ခဲစေကာမူ ကျွမ်းကျင်လုပ်သားအားလုံး ပါဝင်လုပ်ဆောင်နိုင်လေသည် ။အကြောင်းမှာ သူတို့က စွမ်းရည်ပြည့်ဝပြီး အခြားစွမ်းရည်များကို အချိန်တိုအတွင်း သင်ယူနိုင်သောကြောင့်ဖြစ်သည် ။ ယန်ကျစ်နဲ့အခြားသူများကဲ့သို့ သူတို့လည်းမကြာမီတွင် သင်္ဘောလုပ်ခြင်းစွမ်းရည်များ တိုးတက်လာကြသည် ။ သူတို့အတူပါဝင်လာသောအခါ အားလုံးအတူတူ သင်္ဘောတစ်စင်းမည်သို့ဆောက်လုပ်မည်ကို ပုံဖော်ကြည့်ကြသည် ။
ရှောက်ရွှမ်လည်းသူတို့နဲ့အတူ မကြာမကြာဆွေးနွေးတတ်သည် ။ သူကသင်္ဘောဆောက်ရာမှာ မတော်သော်လည်း သင်္ဘောကြီးများကိုမြင်ဖူးသည် ။ ထို့ကြောင့် သူကသင်္ဘောပုံစံနဲ့ပတ်သက်၍ အကြံအချို့ပေးနိုင်ခဲ့သည် ။
အမဲလိုက်အဖွဲ့ထွက်သွားသောအခါ သူတို့ကလိုအပ်တဲ့အစားအစာ တွေ ၊ သစ်သား ၊ ဆေးပင်များနှင့် အခြားလိုအပ်သည့်အရာများကိုပြင်ဆင်ကြသည် ။ တစ်ချိန်ထဲမှာ သူတို့ခွန်အားတိုးတက်ဖို့ကိုလည်း သူတို့လုပ်ဆောင်ရသည်။ သူတို့သာကောင်းကောင်းမသန်မာဘူးဆိုလျှင် ရန်သူများကိုမည်သို့နှိမ်နှင်းရပါမည်နည်း ၊ သူတို့ကသူတို့၏ဘဝတွေကို တန်ဖိုးထားလေသည် ။ ထိုသို့မဟုတ်ပါက သူတို့အားထုတ်မှုများ အချည်းနှီးဖြစ်သွားလိမ့်မည်။
တောင်ပေါ်မှာ ယန်ကျစ်နဲ့အခြားသူများက အခြေကျလာသည် ။ သူတို့က နှစ်စဉ်ရိုးရာပွဲအခမ်းအနား ပြုလုပ်သည့်အချိန် မဟုတ်သည့်အတွက် ယာယီတော့သူတို့ နတ်စွမ်းအင် များကို နိုးထလာအောင်
လုပ်နိုင်မည်မဟုတ်ပေ။ နောက်နှစ်ရဲ့နှစ်အစမှာ သူတို့ကအရည်အသွေးပြည့်စုံတဲ့ကလေးနောက်တစ်သုတ်နဲ့ ပူးပေါင်းပါဝင်နိုင်သည် ။
သူတို့ခြောက်လလောက် စောင့်ရမည်ဖြစ်သော်လည်း ယန်ကျစ်နဲ့အခြားသူများက ထိုကိစ္စကြောင့် အလွန်ပျော်နေကြသည်။ ပြောရလျှင် သူတို့မျိုးနွယ်စုကိုပြန်ရောက်ပြီး သူတို့အခြေခံအုတ်မြစ်များကိုတွေ့ကာ သူတို့ဘယ်တော့မှ အနိုင်ကျင့်ခံရတော့မည် မဟုတ်ပေ။
မျိုးနွယ်စုထဲမှာ ရက်အနည်းငယ်နေပြီးသည့်နောက် သူတို့မျိုးနွယ်စု၏အခြေအနေကို လေ့လာပြီးသွားပြီဖြစ်သည်။ သူတို့က မီးတောက်ဦးချိုများမျိုးနွယ်စုမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ဘိုဘွားပိုင်မြေကိုပြန်ဖို့ မျှော်ရည်မှန်းဆနေကြသည် ။
“ ဘယ်လိုလဲ “ ယန်ရှို့ ကသူ့ဇနီးသည်ကိုမေးသည် ။ ပြီးခဲ့တဲ့ရက်မှာ သူဇနီးသည်က အိုး လုပ်ဖို့ကြိုးစား
နေတာကို သူသိသည် ။
ယန်ကျန့်က သူ့ခေါင်းကိုခါကာ ပြောလေသည် ။
“ ပြီးအောင် မလုပ်နိုင်သေးဘူး “
သူမဘေးမှာထိုင်နေတဲ့လူအိုကြီးက စိတ်ပျက်နေပုံပေါက်နေသည်။
ရှောက်ရွှမ် ပြောခဲ့သလိုပင် သူတို့ဒီမှာအိုးလုပ်ခြင်းကို အောင်မြင်မည်မဟုတ်ပေ ။ သူတို့လုပ်တဲ့အိုးအားလုံးက တော့အမှိုက်များဖြစ်သွားသည်။အချို့အိုးများကာ ကွဲအက်နေပြီး အခြားအိုးများကလည်းအလွန်ကြွပ်ဆတ်လေသည် ။ သူတို့ကိုအသုံးပြုဖို့မဖြစ်နိုင်ပေ ။ထို့အတွက်ကြောင့် နှစ်ထောင်ကျော်လာသည့်အထိ မီးတောက်ဦးချိုများမျိုးနွယ်စုက ကျောက်ထည် များကိုသာ အသုံးပြုခြင်းဖြစ်သည် ။
“ ကိစ္စမရှိပါဘူး “
ရှင်းရဲ့မျက်နှာက စိတ်ပျက်မှုများကို ပြန်သိမ်းလိုက်ပြီး ပြုံးကာပြောလေသည် ။
“ ဘိုးဘွားပိုင်မြေကိုရောက်ရင် ထပ်ကြိုးစားကြည့်ကြတာပေါ့ “
“ ဟုတ်တယ်။ ငါတို့ဘိုးဘွားပိုင်မြေကိုရောက်ရင် အရာအားလုံးကွဲပြားနေမှာ”
အခြားလူအိုကြီးများကပြောကြသည်။
ယန်ကျစ်နဲ့အခြားသူများက ဒီနေရာမှာအခြေချပြီး သူတို့တွေဂရုစိုက်တာကိုခံနေရသည်။ သို့ပေမယ့် တကယ်တမ်းမှာ သူတို့ကတော့သူ့ဆီကနေ တဲ့ သတင်းအချက်အလက်တွေအများကြီးရလိုခြင်းဖြစ်သည်။
သူတို့မျိုးနွယ်စုကပြောင်းသွားလျှင် အရာအားလုံးကကွဲပြားသွားပြီဖြစ်သည် ။ ပြင်ပလောကကမ္ဘာကြီးမှာ သူတို့က အနိုင်ယူလို့မရတဲ့သူတွေ ဖြစ်ချင်လျှင် သူတို့ သန်မာဖို့နေဖို့လိုအပ်သည် ။ သူတို့သားရဲများကိုအမဲလိုက်ချင်လျှင် သားရဲများ၏အမူအကျင့်ကို သူတို့ပိုနားလည်ဖို့လိုအပ်သည် ။
ယန်ကျစ်နဲ့အခြားသူများသာ အိုးလုပ်သည့်အကြောင်း ဆွေးနွေးနေကြချိန်တွင် အောင်မြင်ခြင်းလမ်းမအနားမှာ တောင်ထိပ်ကနေ လူအများကြီး ပဲဆင်းလာကြသည်ကိုဘသူတို့တွေ့လိုက်ရသည်။
“ ဒီလူတွေက အမဲလိုက်အဖွဲ့ကလူတွေလား “
ယန်ကျစ်က သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး မေးကြည့်လိုက်သည်။
“ ဟုတ်တယ်။အစီအစဉ်တွေပြောင်းသွားတဲ့အတွက်ကြောင့် အခုချိန်ကစပြီး တော့လူတွေအများကြီး
အပြင်သွားကြရလိမ့်မယ် “
လူအိုကြီးကပြောသည် ။
“ အမဲလိုက်တယ်...အဆင့်မြင့်သားရဲတွေကိုလား “
ကျောက်ဝူက မယုံနိုင်ပါပေ ။
“ ကောင်းတယ်၊ ဟေး..အမဲလိုက်အဖွဲ့ ကြည့်ကောင်းနေတယ် “
လူအိုကြီးကပြောသည် ။
ရှင်းက တစ်ချက်ကြည့်ပြီးပြောလေသည် ။
“ အကြီးအကဲက မြစ်ရဲ့ဟိုဘက်ခြမ်းမှာ အဆင့်မြင့်သားရဲတွေထက် ပိုစွမ်းအားကြီးတဲ့လူတွေ အများကြီးရှိတယ်လို့ပြောတယ်။ ဒီတော့ ဒီအချိန်မှာ လူအများကြီးက အဆင့်မြင့်သားရဲတွေကို သူတို့တိုက်ခိုက်နိုင်စွမ်းတိုးတက်လာဖို့အတွက် အလေ့အကျင့်ဖြစ်ဖို့
ရှာဖွေကြည့်နေကြပြီ “
ယန်ကျစ်နဲ့အခြားသူများ “ .... “
အဆင့်မြင့်သားရဲတွေထက်စွမ်းအားကြီးတဲ့သူတွေတဲ့လား ၊
၎င်းကမယုံနိုင်စရာပင် ဖြစ်သော်လည်း မျိုးနွယ်စု လူများကတော့ ယုံကြည်လိုက်ကြသည် ။
ရှောက်ရွှမ် လည်း အမဲလိုက်အဖွဲ့မှာပါဝင်ကာ မိုင်တို့နဲ့ထွက်ခွာသွားသည် ။ သို့ပေမယ့် သူတို့မျိုးနွယ်စုကထွက်သွားပြီး မြင်တွေ့နေကျတောင်ကိုသွားကြသောအခါ အစိမ်းရောင်မြေကိုသွားနေကျ အဆင့်မြင့်တပ်ဖွဲ့က အဖွဲ့ဝင်များက မူလလင်းနို့တောင်သို့ သွားသည့် ရှောက်ရွှမ် နောက်ကိုလိုက်လာကြသည် ။
အခြားအမဲလိုက်ဖွဲ့၅ဖွဲ့နှင့် အမဲလိုက်လမ်းကြောင်းအသစ်နဲ့အဖွဲ့ဟာ ပထမအမဲလိုက်နယ်ပယ်က နေရာများကိုသာအမဲလိုက်လိမ့်မည်။ အားလုံးမှာအဖွဲ့ခြောက်ဖွဲ့ရှိပြီး လူငါးရာကျော်လေသည် ။ ထိုအချိန်အတွင်းမှာ သူတို့သတင်းမရလျှင် အဖွဲ့ခေါင်းဆောင်များကအဖွဲ့ကိုရှေ့ဆက်သွားဖို့ ခွင့်ပြုကြမည်မဟုတ်ပေ။
ဒီနည်းနဲ့ သူတို့က ရှောက်ရွှမ်နဲ့အခြားသူများ အန္တရာယ်ရှိလာလျှင် အကူအညီ ပေးနိုင်သည် ။ ဒီအကြောင်းကို အဖွဲ့ခေါင်းဆောင်များနဲ့ အဖွဲ့ကအရေးကြီးသူများကလွဲရင် မည်သူကမှမသိပေ။ အခြားအဖွဲ့ဝင်များမှာ ဒီလိုအပြောင်းအလဲက အပြန်အစီအစဉ်ကြောင့်သာဖြစ်သည်ဟုပြောရာ မည်သူကမှ ဆက်မမေးတော့ပေ ။
အဲဒီဘက်မှာ ရှောက်ရွှမ်က ထာ့ နဲ့အမဲလိုက်အဖွဲ့ကို ခွဲခွာပြီးတဲ့နောက် ထိုနေရာကို ကြိုရောက်နေတဲ့ ကွေ့ဟယ်နဲ့အခြားသူများကို တွေ့ဆုံဖို့ရာ ခဏစောင့်နေလိုက်သည် ။
မီးသလင်းကျောက်ရှာဖို့က အရေးကြီးသည် ။ နတ့ဆေးဆရာနဲ့အကြီးအကဲက မျိုးနွယ်စုအပြန်ခရီးကို အလွန်အာရုံထားလေရာ သူတို့လူအများကြီး ဆင့်ခေါ်ထားသည် ။ တစ်ချိန်တည်းမှာ ထာ့နဲ့ ကွေ့ဟယ်ကို နတ်ဆေးဆရာက ဒီနေရာကိုသွားဖို့ပြောပြီး အကယ်၍ သလင်းကျောက်များက အလွန်ရှာဖွေရခက်ပါက လက်လျှော့လိုက်ဖို့ပြောလေသည် ။ သို့ပေမယ့် သူတို့က ရှောက်ရွှမ် လုံခြုံရေးကိုတော့ အာမခံပေးရမည် ။
အဖွဲ့ခေါင်းဆောင်နှစ်ယောက်ကလည်း မျိုးနွယ်စုအနာဂတ်အတွက် ရှောက်ရွှမ် အရေးပါမှုကိုနားလည်ကြသည် ။ ဒီကြွက်စုတ်က ဘိုးဘေး များ ကောင်းချီးပေးခံထားရပြီး သူ့ကိုအကာအကွယ်ပေးဖို့လိုအပ်သည် ။
နောက်ဆုံးအကြိမ် မီးသလင်းကျောက်များ ရှာဖွေရာမှာ မပါဝင်နိုင်ခဲ့သည့်အတွက် နှမြောတသဖြစ်နေ
သည့်အတွက်ကြောင့် အဖွဲ့ ခေါင်းဆောင်နဲ့သူ့လူများကအလွန် စိတ်အားထက်သန်နေကြသည် ။ အချိန်အတော်ကြာပြီးနောက် သူတို့မှာနောက်ဆုံးအကြိမ်အခွင့်အရေး ရလာလေရာ သူတို့အောင်မြင်အောင် လုပ်ဖို့လိုအပ်သည် ။
အမဲလိုက်အဖွဲ့က စစ်သည်တော်များဆီကနေ သွေးစုပ်လင်းနို့များကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုသည့်အချက်အလက်များ ကိုရရှိထားသည် ။ အကယ်၍ လင်းနို့များအကိုက်ခံရပြီးတဲ့နောက် မှးသူတို့စွမ်းဆောင်ရည်များပျောက်ဆုံးသွားလျှင် အသုံးပြုရန် အရေးပေါ်အနေနဲ့ သူတို့ကဆေးပင်များကိုကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ရှောက်ရွှမ်ကသူတို့ကို မီးသလင်းကျောက်များရှာတွေ့ခဲ့သည့်နေရာဆီသို့ ခေါ်လာခဲ့သည် ။ သူတို့တောင်ခြေကို ရောက်သောအခါ အဲဒီနေရာမှာရပ်နေတဲ့ လူနှစ်ယောက်ကိုတွေ့ရသည်။
“ အဖေ “
ထာ့ကအံ့ဩစွာပြောသည် ။
တောင်ခြေမှာရပ်နေသူက အကြီးအကဲအော့ နဲ့ အော့ကဲ့သို့စွမ်းအားကြီးသည့် မျိုးနွယ်စုက အခြားအကြီးတန်းစစ်သည်တော် တိုက်ဖြစ်သည် ။
“ ဘာလို့ဒီကိုလာတာလဲ “
ရှောက်ရွှမ် ကမေးသည် ။ နတ်ဆေးဆရာက အကြီးအကဲ ဒီကိုလာမည်ဟု ပြောမထား ပေ ။
“ နတ်ဆေးဆရာက စိတ်ပူနေတယ်။ငါလည်းအတူတူဘဲ “
အော့က ရယ်ရင်းပြောသည် ။
သို့ပေမယ့် အော့က သူ့အရှေ့ကတောင်လေးကိုမြင်ရတဲ့အခါ သူ့အပြုံးကပျောက်သွားသည် ။ သူ့ဘေးကတိုက်ကလည်း ရုပ်တည်သွားသည် ။
“ လွယ်မှာမဟုတ်ဘူး” ထိုက်ကပြောသည် ။
အဝေးက တောင်အမြင့်များကိုကြည့်ကာ အော့ကမေးသည် ။
“ ဒီလင်းနို့တွေအကုန်လုံး အဲ့ဒီကိုပျံသွားကြပြီလား “
“ ဟုတ်တယ် “ ရှောက်ရွှမ်က ခေါင်းညိမ့်ပြီးပြောသည် ။
“ မဟုတ်ဘူး “
အော့ကခေါင်းခါသည် ။
“ အကုန်လုံးတော့မဟုတ်ဘူး ၊ ဒါဟာ လင်းနို့ကြောင့်ဆိုလျှင် သူတို့ကပြန်လာဦးမည်ဖြစ်ပြီး မကြာမကြာပြန်လာဦးမည် “
တောင်ကမမြင့်သော်လည်း အစိမ်းရောင်မြက်ပင်များကို မတွေ့ရပါပေ ။ အပင်အများစုက
ခြောက်သွေ့နေပြီး ပေါက်နေတဲ့အပင်များကလည်း အလွန်အဆိပ်များသောအပင်များ ၊ အလွန်ရှားပါးသောဆေးပင်များဖြစ်ကြသည် ။
“ နောက်ဆုံးတစ်ခေါက် လာတုန်းကနဲ့ယှဉ်ရင် ဒီနေရာကအတော်လေးပြောင်းလဲသွားပြီ “
ရှောက်ရွှမ် ကပြောသည်။
“ နောက်ဆုံးတခါကျွန်တော်ဒီကိုလာတုန်းက ဒီလောက်အလေးအနက်မရှိဘူး “
တောင်ပေါ်ကထိုအပင်များကြောင့် အနံ့ဆိုးများထွက်နေပြီး အနက်ရောင်မြူခိုးများကလည်း တောင်ကိုဖုံးအုပ်ထားသည် ။ ထို့ကြောင့် အော့ ပြောခဲ့သည်ကဖြစ်နိုင်သည် ။လင်းနို့များက ဒီကိုမကြာမကြာ ပြန်လာတတ်တဲ့အတွက်ကြောင့် ဒီလိုအပြောင်းအလဲများဖြစ်ခြင်းဖြစ်သည် ။
အကယ်၍ အပြောင်းအရွှေ့ပြီးမှ ဒီနေရာလေးကို ဘာ
ကြောင့်ပြန်လာမည်နည်း။ ပုံမှန်ဆိုလျှင် သူတို့က ဂူကြီးတခုကိုတွေ့လျှင် ဂူအသေးလေးကို စွန့်ပစ်ခဲ့ကြပေမဲ့ ပြန်လာတတ်ကြ သေးသည် ။
“ ဒါတကယ်ပဲ မီးသလင်းကျောက်မိုင်းတွင်းလား “
ထာ့မျက်လုံးများ အရောင်လက်သွားသည် ။
“ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်သွားပြီး ကြည့်ကြည့်ရမှာပဲ “
အော့ကပြောသည် ။
ကြိမ်မျက်နှာဖုံးကိုဝတ်ဆင်ကာ အားလုံးကတောင်ပေါ်က ဧရာမတွင်းထဲသို့ ဝင်သွားကြသည်် ။
မျိုးနွယ်စုအတွက်ဆိုရင် သူတို့သည် အန္တရာယ်များသည့်နေရာကိုပင် သွားကြမည်ဖြစ်သည် ။