ဧရာမတွင်းထဲက လင်းနို့
Vol. 15 Ch. 216
ဒီတကြိမ် ချာချာရောဆီဆာပါ ရှောက်ရွှမ်နဲ့လိုက်လာကြသည် ။ ချာချာက ကောင်းကင်ပေါ်ကိုကြည့်ပြီးရှာဖွေပေးကာ ပုံမှန် မဟုတ်တာတစ်ခုခုတွေ့လျှင် ရှောက်ရွှမ်ကိုသတိပေးလိမ့်မည်။
တောင်ခြေကနေတက်လာရင်း ပတ်ပတ်လည်မှာ အနက်ရောင် အနံ့ဆိုးများ သူတို့ကို ဝန်းရံနေသည်ကို တွေ့လိုက်ရသည် ။အကယ်၍ အငယ်တန်းစစ်သည်တော်တစ်ယောက်သာ ဒီကိုလာမည်ဆိုလျှင် သူတောင့်ခံနိုင်မည်မဟုတ်ပေ။
ခဲ့ခဲ့နဲ့အခြားသူများပင် မသက်မသာခံစားရသည်။
“ ဒီကိုနောက်ဆုံးတစ်ကြိမ်လာတုန်းက ဒါတွေတွေ့ခဲ့
လား ‘’
ခဲ့ခဲ့ကမေးသည် ။
“ မဟုတ်ဘူး။နောက်ဆုံးတခါလာတုန်းက ဂူထဲမှာပဲ အနံ့ဆိုးတွေရှိပြီး တောင်ပေါ်မှာမြက်နဲ့တခြားအပင်တွေရှိတယ် “
ရှောက်ရွှမ်ကပြောသည် ။
ယခု သူတို့ထဲက မည်သူကမှ အပင်တစ်ပင်မတွေ့ချေ။ အပင်များဟာလည်းသေပြီး ခြောက်သွေ့နေကာ အစိမ်းရောင်မြက်ခင်းလတ်လတ်ဆတ်ဆတ်ကို မတွေ့ရပေ ။
ဒါတွေဟာ အနံ့ဆိုး ကြောင့်ဖြစ်နိုင်သည် ။
အားလုံးကနည်းနည်းတော့ စိတ်ပူသွားကြပြီး ဒီတာဝန်က အတော်ခက်ခဲတယ်ဆိုတာ သိသွားကြသည် ။
ရှောက်ရွှမ်လမ်းလျှောက်တာရပ်လိုက်ပြီး သေချာ နားထောင်လိုက်သည် ။
သူပထမဆုံးအကြိမ် ဒီကိုလာတုန်းက ကြားလိုက်ရတဲ့အသံကို အခုကြားလိုက်ရခြင်းဖြစ်သည် ။ ၎င်းက လေထုထဲမှာစည်းချက်ကျကျအသံဖြစ်ပြီး တစ်ယောက်ယောက်အသက်ရှူနေတာနဲ့တူသည် ။
“ ဘာဖြစ်လို့လဲ “
သူ့အနောက်မှာလျှောက်နေတဲ့ကွေ့ဟယ် ကမေးသည် ။
“ ဘာတွေ့လို့လဲ “
အရှေ့ကလျှောက်နေတဲ့ အော့ကလည်းရပ်သွားသည်။
အခြားသူများကအသက်ရှူသံကို အော့အပါအဝင် မည်သူမျှမကြားရပေ ။
“ ဒီမှာပဲ “
ရှောက်ရွှမ်ကပြောသည် ။
“ ဘာကဒီမှာလဲ “
ထာ့ကတခုခုကိုတွေးမိပြီး မျက်နှာက အလေးအနက်ဖြစ်သွားသည် ။
“ လင်းနို့ခေါင်းဆောင်လား “
ရှောက်ရွှမ်ကခေါင်းငြိမ့်လိုက်သည် ။
“ သူ တစ်နေရာသွားတယ်လို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား “
ခဲ့ခဲ့က အဝေးကတောင်ကိုကြည့်ပြီးပြောလေသည် ။
ဒီကနေကြည့်လိုက်လျှင် အဝေးကတောင်ဟာ ပတ်ပတ်လည်ကတောင်များထက် အတော်လေးမြင့်မားသည်ကိုတွေ့ရသည်။ သူ့ကို တိမ်များကဝန်းရံထားပြီး တောင်ထိပ်မှာ နှင်းများဖုံးနေသည်။ ထိုတောင်ဟာ အမဲလိုက်အဖွဲ့ဝင်များ လင်းနို့များပျံသန်းသွားသည်ကို တွေ့ရသည့်တောင်ဖြစ်ပြီး
နောက်ပိုင်းမှာ ၎င်းကလင်းနို့များပိုင်ဆိုင်သည်ကို သက်သေပြနေကြသည် ။
“ ဘာလို့လဲမသိပေမယ့် တောင်ထဲမှာ လင်းနို့ခေါင်းဆောင်ရှိတာကိုတော့ကျနော်သေချာတယ် “
ရှောက်ရွှမ်ကပြောရင်း သူ့ခြေထောက်ကို လက်ညှိုးထိုးပြသည် ။
ထိုအကြောင်း ကိုတွေးပြီး အော့က ပြောသည်။
“ အခုတော့ အပေါ်တက်ပြီး အရင်တက်ကြည့်ရအောင် “
နောက်ဆုံးတစ်ကြိမ် တောင်ပေါ်ကဧရာမတွင်းကြီးထဲက မီးသလင်းကျောက်များ သူတို့တူးယူရရှိခဲ့သည် ။ ထို့အတွက်ကြောင့် ဧရာမတွင်းကြီးထဲကို ဆင်းကို
ဆင်းရပေမည် ။
တောင်တက်နေရင်း ရှောက်ရွှမ်က ဆီဆာကို ဒီနေရာနဲ့အဝေးမှာနေဖို့ပြောပြီး ကောင်းကင်ပေါ်ကချာချာကိုလည်း သူနောက်ကိုဆက်မလိုက်ဖို့ လက်ဟန်ခြေဟန်ပြလိုက်သည် ။ တောရိုင်းထဲမှာ အနံ့ခံကောင်းတဲ့သားရဲများရှိလေရာ သေချာပေါက်သွေးထွက်သံယို တိုက်ခိုက်မှုများ သူတို့ကြားဖြစ်လာနိုင်သည် ။
တောင်မှာ သိပ်မမြင့်လေရာ အားလုံးတောင်ထိပ်ကိုခဏအတွင်းတက်လာပြီး ဧရာမတွင်းကြီးရှေ့ကိုရောက်လာသည် ။
နောက်ဆုံးတခါ ရှောက်ရွှမ် ဒီနေရာကို လူတချို့လာရှာဖူးသည် ။
ဒီနေရာကိုတွေ့တဲ့အခါ ဧရာမတွင်းကြီးထဲမှာ တွင်းနံရံမှာပေါက်နေတဲ့ အမျိုးစုံသောအပင်များ အပါအဝင် အထဲမှာရှိနေတဲ့အခြေအနေကို သူကောင်းကောင်းမြင်နိုင်လေပြီး ယခုတော့ အရာအားလုံးပြောင်းလဲနေသည် ။
မြူခိုးများကာ တောင်ခြေမှာထပ်ထူထဲပြီး သူတို့ကိုဝန်းရံထားကာ အနံ့ဆိုးအ ငွေ့များကြောင့် ကြည်လင်တဲ့ကောင်းကင်ဟာ အုံမှိုင်းနေသည် ။
ဧရာမတွင်းကြီးထဲမှာ အနံ့ဆိုးအငွေ့များက တော့ ပိုမိုထူထဲလေသည် ။ ထို့ကြောင့်အပေါ်ကရပ်နေတဲ့လျှင်ပင် အထဲကအခြေအနေကိုမမြင်နိုင်ပေ ။
“ ကျနော်တို့ဘာလုပ်ကြမလဲ “
ထာ့နဲ့ကွေ့ဟယ်က အရှေ့က အော့ကို လှမ်းကြည့်လိုက်သည် ။ အကြီးအကဲကဒီမှာရှိနေတဲ့အတွက် သူ
တို့ကသူ့အမိန့်ကိုလိုက်နာကြရမည်ဖြစ်သည် ။
“ ငါအထဲကိုဝင်ပြီး တိုက်နဲ့အရင်ဆုံး ပတ်ပတ်လည်ကိုကြည့် ကြည့်လိုက်မယ် “
အော့က သူပြောတဲ့အတိုင်း ကြိမ်ကနေလုပ်ထားတဲ့ အောက်ကိုချလိုက်ပြီး သူနဲ့တိုက်က ကြိုးတလျောက် တစ်ယောက်ပြီး တစ်ယောက်ဆင်းသွားကြသည် ။
အခြားသူများက ဘာမှအထဲကိုမမြင်ရသော်လည်း ဧရာမတွင်းကြီးကို စိုက်ကြည့်နေကြသည် ။ အနားမှာ လင်းနို့လှုပ်ရှားမှုများမရှိပေ။တောင်ခြေမှတောင်ပေါ်ရောက်လာသည့်အထိ လင်းနို့တစ်ကောင်မှမမြင်ရပေ။ သို့ပေမယ့် သူကတော့ စည်းချက်ကျကျ အသက်ရှူသံကိုကြားရပြီး စိုးရိမ်ပူပန်လာသည် ။
ရှောက်ရွှမ်မျက်နှာအမူအရာကို မြင်ရတဲ့အခါ ထွော်ကပြောသည် ။ “ စိတ်မပူပါနဲ့ ၊ အဖွဲ့ခေါင်းဆောင် နဲ့ အကြီးအကဲက ဒီမှာရှိတာပဲ ၊
ငါတို့ဘေးကင်းပါတယ် “
နောက်ဆုံးတခါ သူဂူထဲကို မိုင်နဲ့အခြားသူများနဲ့ဝင်ကြတုန်းက လင်းနို့ခေါင်းဆောင်နဲ့တွေ့ခဲ့ရသည်ကို သူမှတ်မိနေသေးသည် ။ သူတို့စက္ကန့်ပိုင်းအတွင်း အသတ်ခံရလူနီးနီး ဖြစ်သွားသည်။
အခြားသူများကလည်းဤသို့ တွေးကြသည် ။
နောက်ဆုံးအကြိမ် အမဲလိုက်အဖွဲ့ငါးဖွဲ့က မီးသလင်းကျောက်များကိုတူးကာ သယ်ယူလာခဲ့ကြသည် ။ သူတို့က အခြားသူများကို သွေးစုပ်လင်းနို့များအကြောင်းပြောပြတဲ့အတွက်ကြောင့် အားလုံးက ကြောက်ရွံ့ကြသည်။ သို့ပေမယ့်လည်း မည်သူကမှ
ထိုသို့အဖြစ်ပြန်မျိုးထပ်ဖြစ်မည်ဟု မတွေးထားကြပေ ။ အကြောင်းမှာ အဖွဲ့ခေါင်းဆောင်နဲ့ အကြီးတန်းစစ်သည်တော်တော်တော်များများ ရှိနေသောကြောင့်ဖြစ်သည် ။
ပြောရလျှင် အမဲလိုက်အဖွဲ့ကအဖွဲ့ဝင်များက တော့အခြေခံအားဖြင့် အငယ်တန်းနှင့် အလယ်တန်းစစ်သည်တော်များဖြစ်ကြသည် ။အဆင့်မြင့်အဖွဲ့များကသူများ ၊ အကြီးတန်းစစ်သည်တော်များနဲ့ယှဉ်လျှင် သူတို့ကအတော်လေး ညံ့ဖျင်းလေသည် ။
အော့နဲ့အခြားအသင်းခေါင်းဆောင်နှစ်ယောက်ကလည်း သူတို့သာအတူတူပေါင်းပြီးလုပ်ဆောင်မယ်ဆိုရင် နိုင် နိုင်မည်ဟုထင်ကြသည် ။ ရှောက်ရွှမ်တစ်ယောက်တည်းကပဲ သိပ်အကောင်းမမြင်ခြင်းဖြစ်သည် ။
သူတို့ကခဏများစောင့်လိုက်ပြီး တွင်းထဲကဘာဆူညံမှမကြားရတော့ပေ ။ အောက်ကိုဆင်းကြည့်တဲ့ အော့နဲ့တိုက်တို့ကတော့အပေါ်ကိုပြန်တက်လာပြီး သူတို့ထဲကဘယ်သူကမှ ဒဏ်ရာမရကြပေ။
“ အဆင့်မြင့်သားရဲအသေကောင်တွေပဲရှိတယ်”
အော့ ကပြောသည် ။
အဆင့်မြင့်သားရဲ့အသေကောင်တွေ ၊
နောက်ဆုံးအကြိမ်သူတို့ ဒီနေရာကိုလာတုန်းက တော့အဲဒီအရာများကိုမမြင်ခဲ့ပေ။
“ ဘာဖြစ်ဖြစ် မီးသလင်းကျောက်များရှိသလားလို့ အရင်သွားကြည့်ရမယ် “
တိုက်ကပြောသည် ။
“ ထာ့ ၊ ကွေ့ဟယ် ၊ ဝေ့... “
အော့က လူငါးယောက်ကိုလက်ညှိုးထိုးလိုက်သည် ။
“ ငါနဲ့တိုက် နောက်ကနေ တွင်းထဲကိုလိုက်ခဲ့ကြ ၊ ရှောက်ရွှမ်လည်း လိုက်ခဲ့ ၊ အခြားသူတွေကတော့ အပြင်မှာနေပြီး လေချွန်သံကိုစောင့်နေကြ “
“ ဟုတ်ကဲ့ပါ “
အော့လက်ညှိုးထိုးပြတဲ့သူအားလုံးက အကြီးတန်းမျိုးနွယ်စုစစ်သည်တော်များဖြစ်ကြပြီး ရှောက်ရွှမ်က မီးသလင်းကျောက်များကို ခံစားနိုင်သည့်အတွက် သူတို့နဲ့လိုက်ပါရခြင်းဖြစ်သည် ။ သူတစ်ယောက်တည်းကသာ လျှင် အလယ်တန်းစစ်သည်တော်ဖြစ်ပြီးအခြားသူများကသူ့ကို စောင့်ရှောက်ပေးကြသည် ။
မြက်ကြိုးနဲ့အောက်ကို ဆင်းလာပြီးသည့်နောက် ပြီးတော့ သူကပိုပိုပြီး ရှုပ်ထွေးလာသည် ။
“ တစ်ခုခုမှားနေတယ် “
ရှောက်ရွှမ်ကပြောသည် ။
အခြားသူတွေကဘာမှပြန်မပြောပေမယ့် သူတို့နားထောင်နေတယ်ဆိုတာကိုရှောက်ရွှမ်သိသည် ။
ပတ်ဝန်းကျင်ကိုသေချာစစ်ဆေးပြီးတဲ့နောက် သူတို့အခြားဘယ်သတ္တဝါကိုမှမတွေ့ပေ။ ရှောက်ရွှမ်ကပြောသည် ။
“ အရင်တခါ ကျွန်တော်တို့ဒီကိုလာတုန်းက ဧရာမတွင်းကြီးကဒီလောက်မနက်ပါဘူး “
သူ့ခြေထောက်မြေပြင်ပေါ်ထိသွားတဲ့အခါ ရှောက်ရွှမ်ကပတ်ပတ်လည်ကိုတစ်ခါလှည့်ကြည့်လိုက်သည်။ သို့ပေမယ့် သူဘာကိုမှမတွေ့ရပေ ။
အသက်ရှူသံကြီးကို ရှင်းရှင်းလင်းလင်းကြားနေနိုင်သေးသည် ။ ရှောက်ရွှမ်တစ်ယောက်တည်းကသာ လျှင်ထိုစည်းချက်ကျကျအသံကိုကြားရပေမယ့် သူကနေရာကိုအတည်မပြုနိုင်ပေ ။ အသံသည်သူအနား နီးသည်လားဝေးသည်လားကိုလည်း မခွဲခြားနိုင်ပေ။
သူကပိုပြီး စိတ်ပူပင်လာသည် ။
ထိုအချိန်မှာ နေ့လယ်ခင်းဖြစ်ပြီး အပြင်ဘက်တွင် နေ သာနေသည် ။ သို့သော်လည်း ဧရာမတွင်းကြီးထဲမှာ ညအလားမှောင်နေလေသည် ။ ဧရာမတွင်းကြီး
ထဲကအနက်ရောင်မီးခိုးများကလည်း အလင်းရောင်အားလုံးနီးပါးကို ပိတ်ဆို့ထားသည် ။
သို့ပေမယ့် ကံကောင်းထောက်မစွာ ဒီမှာရှိနေတဲ့သူအားလုံးက အခြားသူများထက် အမြင်အာရုံပိုကောင်းကြသည် ။အလင်းရောင်ခပ်ဖျော့ဖျော့အောက်မှာပင် သူတို့က ပတ်ဝန်းကျင်ကို မြင်နိုင်လေသည် ။ သို့သော် သူတို့ကအနီးအနား ပတ်ဝန်းကျင်ကိုသာမြင်နိုင်ပြီး သိပ်သည်းတဲ့မီးခိုးငွေများကြောင့် အဝေးကိုတော့မကြည့်နိုင်ပေ။
အနံ့ဆိုးများက အလွန်ပြင်းထန်သည့်အတွက် လူတွေအားလုံးမူးနောက်နောက်ဖြစ်လာသည် ။ ဒါဟာအနက်ရောင်မီးခိုးများရနံ့တလားဆိုတာကိုတော့ သူတို့မသိပေ။
ကွေ့ဟယ်ပါးစပ်ထဲကို ဆေးပင်တစ်ပင်ထည့်ကာ ဝါးလိုက်ပြီး ခေါင်းကြည်အောင်ပြုလုပ်လိုက်သည် ။ အဘယ်ကြောင့်ဆိုသော် သူကရီဝေဝေ ဖြစ်လာ
သောကြောင့်ဖြစ်သည်။
ထိုအတွက်ကြောင့် အကြီးအကဲက ခဲ့ခဲ့နဲ့အခြားသူများကို အောက်ကိုဆင်းမလာခိုင်းခြင်း ဖြစ်သည် ။ ဒီနေရာမှာ ခဲ့ခဲ့နဲ့အခြား အလယ်တန်းမျိုးနွယ်စုစစ်သည်တော်များပင် သတိရှိရှိနေနိုင်မည်မဟုတ်ပေ ။
ထိုအကြောင်းကိုတွေးမိတဲ့အခါ သူကလှည့်ကြည့်လိုက်ပြီး ရှောက်ရွှမ်ကိုပတ်ပတ်လည်မှာ ဂရုတစိုက်ရှာဖွေလိုက်သည် ။ သူကထိုအကြောင်းတွေးနေတာကိုရပ်လိုက်သည်။
သူကလည်းအလယ်တန်းမျိုးနွယ်စုစစ်သည်တော်သာ ဖြစ်ပေမယ့် သူကအလွန် တည်ကြည်အေးဆေးနေပုံပေါက်လေသည် ။
သူတို့နောက်ဆုံးအကြိမ် လင်းနို့ဂူထဲကို ဝင်ခဲ့တာနဲ့ယှ
ဥ်လျှင် ရှောက်ရွှမ်က မီးခိုးငွေ့များကို ပိုကြံ့ကြံ့ခံနိုင်လာသည် ။ မီးခိုးများပိုပြီးသိပ်သည်းလာသော်လည်း သူတောင့်ခံနိုင်သည် ။
“ ဒီနေရာကအတော်ပြောင်းလဲသွားတာပဲ “
ရှောက်ရွှမ်က အသံနိမ့်နိမ့်ပြောသည် ။ နောက်ဆုံးအကြိမ် အမဲလိုက်အဖွဲ့၅ဖွဲ့ ဝင်ပြီး မီးသလင်းကျောက်များကိုလာတူးခဲ့ရာ အပေါက်တွေအများကြီး ကျန်ခဲ့သည် ။ သို့သော် ယခုမြေပေါ်မှာအပေါက်များရှိသော်လည်း သူတို့အမဲလိုက်အဖွဲ့လုပ်ခဲ့တာနဲ့ယှဥ်လျှင် အများကြီး ကြီးလေသည် ။
ဒီတွင်းပေါက်တွေကိုဂရုစိုက်ကြည့်ရင် ခပ်နက်နက်လက်သည်းရာများကိုလည်း ဘေးမှာတွေ့နိုင်လေသည် ။
အားလုံးက ဘယ်သူလုပ်မှန်းသိကြလေသည် ။
သို့သော် လက်သည်းများကိုအကဲခတ်ကြည့်လျှင် ဤကုတ်ရာများကသူ့ဟာဆိုလျှင် လင်းနို့ခေါင်းဆောင်က အများကြီးကြီးထွားလာသည် ။
ဧရာမတွင်းကြီးထဲမှာ အလွန်ပြင်းသောရနံ့ရှိလေသည် ။
အလောင်းများ အများကြီး ရှိနေပြီး အချို့မှာ သားမွှေးများ ရှိနေပေမဲ့ အားလုံးက သူတို့ခန္ဓာကိုယ်မှာ ရှိတဲ့အရည်များ စုပ်ထုတ်ခံထားရသည့်အလား ခြောက်သွေ့နေကြသည် ။
အရိုးစုများနဲ့ သားမွေးများရှိတဲ့အကောင်များမှာ အဆင့်မြင့်သားရဲကောင်ကြီးများဖြစ်ကြသည် ။
“ ဒါတွေက သူတို့သတ်ထားတာလား “
အော့က ရှောက်ရွှမ်ကိုတီးတိုးပြောသည် ။
“ ဟုတ်တယ် ၊ ဖြစ်နိုင်လောက်တယ် “
လင်းနို့ခေါင်းဆောင်က သတ်ပစ်ထားတာဖြစ်နိုင်လေသည် ။
သို့သော် လင်းနို့ခေါင်းဆောင်က သူ့ညီအကိုတွေကို အခြားနေရာဦးဆောင်ခေါ်သွားပြီးမှ ဒီနေရာကို ပြန်လာနေကြသေးလဲဆိုတာကိုတော့ သူတို့မသိကြပေ ။ သူတို့ အရိုးများကိုကြည့်လျှင် ဒီမှာ တစ်နှစ်ထက်ပိုကာ အကြာကြီးနေခဲ့ကြပုံရလေသည် ။
လင်းနို့ခေါင်းဆောင်ကသာ ထိုသို့သော သားရဲကြီးများကို ဖမ်းနိုင်ပေလိမ့်မည် ။ ထို့ကြောင့် ၎င်းက အလွန်အားကြီးပေလိမ့်မည် ။
အားလုံးက သတိကြီးကြီးထားနေကြသည် ။
“ မီးသလင်းကျောက်တွေက..ဘယ် ဘယ်မှာလဲ၊ရှောက်ရွှမ် ၊ မင်း ရှာနိုင်လား “
အော့က မေးလေသည် ။
ဒါက သူတို့ခရီးရဲ့အဓိက ဦးစားပေးဖြစ်သည်။ ထို့ကြောင့် အားလုံးက စိတ်ရှည်ရှည်နဲ့ ဂရုတစိုက် ရှောက်ရွှမ် အဖြေကို စောင့်နေကြသည် ။
“ ရှာနိုင်ပါတယ် “
ရှောက်ရွှမ်က ပြောသည် ။
“ ဘယ်မှာလဲ “
အော့က သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ တီးတိုးမေးသည် ။
“ အကြီးအကဲ ခြေထောက်အောက်မှာပါ “
ရှောက်ရွှမ်က တခုခုတွေးနေရင်း လှမ်း ပြောသည် ။
“ ထာ့ ညာဘက်က ဆယ်လှမ်းလောက်အကွာမှာ တခုရှိတယ် ၊ ကွေ့ဟယ်ရဲ့အနောက် မလှမ်းမကမ်းမှာ တခုရှိတယ် ၊ အရင်ကပုံစံမျိုးတော့ မဟုတ်ဘူး “
အများကြီးပါလား ၊
သူကကုန်းလိုက်ကာ ဓားနဲ့တူးထုတ်လိုက်သည်။ သို့ပေမယ့် ဖယ်ကြည့်လိုက်သောအခါ သူကမီးအိမ်လေးတစ်ခုကို တက်နင်းထားသလိုခံစားရသည်။ သူမြေကြီးတွေကို ဓားနဲ့အဝေးကိုဖယ်လိုက်သောအခါ သူမြင်ဖူးနေကျ ဖြစ်နေတဲ့ သလင်းကျောက် လေးကို
မြင်လိုက်ရသည်။ အလင်းရောင် မှိန်နေပြီး သူသေချာမမြင်ရပါသော်လည်း ဒါမီးသလင်းကျောက် ဆိုတာသူသေချာသိသည် ။
အော့က ခဏမျှအသက်ရှူရပ်သွားပြီး သူခြေထောက်အောက်က လက်မတစ်ခုစာလောက်ကြီးသည့် သလင်းကျောက်ကို အာရုံမလွှဲဘဲ ကြည့်နေမိသည် ။၎င်းက သူ့ဘဝတစ်ခုလုံးမှာ တူးဖူးသမျှထဲတွင် အကြီးဆုံးဖြစ်လေသည် ။ သူငယ်စဉ်တုန်းက မတော်တဆ တစ်ခုတူးမိဖူးသော်လည်း ထိုအချိန်က သူလုံးလုံးကံကောင်း၍သာဖြစ်သည်။ လူပေါင်းများစွာက သူတို့ဘဝမှာ တစ်ခုတလေတောင်မတူးနိုင်ခဲ့ပေမယ့် သူက တူးနိုင်ခဲ့လေသည် ။ သို့ပေမယ့် အဲဒီအချိန်တုန်းက ရခဲ့တဲ့တခုမှာ အသေးလေးသာဖြစ်ပေမယ့် အချိန်အတော်ကြာအောင် သူ့ကိုစိတ်လှုပ်ရှားနေစေခဲ့သည် ။
သို့ပေမယ့်ယခု သူ့ခြေထောက်အောက်က သလင်းကျောက်ကိုကြည့်ကာ သူမယုံနိုင်ဖြစ်နေသည်။
လွယ်လိုက်တာ ၊ ဒီလိုမီးသလင်းကျောက်ကြီးကို လွယ်လွယ်ဘဲတူးနိုင်တယ်တဲ့လား၊
အော့သည် အကြီးအကဲတစ်ယောက်အနေနဲ့တောင်မှပဲ သူကဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်သွားသည် ။
ဒီတော့ တူးကြတယ်ဆိုတာဒီလိုမျိုးလား။
မဟုတ်ဘူး ၊မဖြစ်နိုင်ဘူး
သူက ကျောက်ကလေးကိုကောက်လိုက်သည် ။ ထိုအချိန်တွင် ရုတ်တရက် အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်ရသည် ။
သို့ပေမယ့် ချက်ချင်းဆိုသလို သူတို့အမြင်အာရုံများဝေဝါးသွားသည် ။ ရုတ်တရက်သူတို့ခေါင်းများ စူးစူးဝါးဝါကိုက်လာပြီး သူတို့အမြင်အာရုံ ၊ အကြားအာရုံ
များဆုံးရှုံး သွားသည် ။ အနည်းငယ်ကြာပြီးတဲ့နောက် သူတို့တည်ငြိမ်သွားချိန်တွင် သူတို့ဘာအသံကိုမှမကြားရတော့ပေ ။
အော့က သူနဲ့သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ရှောက်ရွှမ်ပါးစပ်ဟကာ တစ်ခုခုပြောသည်ကိုမြင်နိုင်သည် ။ သူဘေးက တိုက်က ကျောက်တူကြီးကိုကိုင်ကာ အခြားသူများကဲ့သို့ပါးစပ်ဟနေသည် ။
အားလုံး ခဏမှာ သူတို့အကြားအာရုံများဆုံးရှုံးသွားပုံရသည် ။ထို့ကြောင့်သူတို့ အခြားသူအသံများနှင့် အပြင်ကအသံများကိုမကြားရတော့တာဖြစ်နိုင်သည်။ သို့သော်လည်း သူတို့နှလုံးခုန်သံများကို သူတို့ကောင်းကောင်းကြားရလေသည် ။
ဗုန်း..ဗုန်း...ဗုန်း
အသံမှာ သူတို့၏ရင်ဘတ်များကိုမိုးကြိုးပစ်နေသည့်
အလားပင် ။အလိုလိုသိစိတ်ကြောင့် အော့ကတစ်ဖက်ကိုလှည့်ကြည့်လိုက်သည်။ ထိုဘက်မှ အရိပ်တစ်ခုက အမြန်လာနေသည်ကို တွေ့လိုက်ရသည်။ သူက သူ၏ခေါက်ထားသောအတောင်ပံများနဲ့ ကုတ်ထားသောလက်သည်းကြီးများကို မြင်လိုက်ရသည် ။၎င်းကရှည်မျောမျောပုံပေါက်သော်လည်း ပျော့ပျောင်းလျင်မြန်စွာ ရွေ့လျားလာသည် ။
အနားကပ်လာသောအခါ အော့က သူ့ပါးစပ်နဲ့ နှာခေါင်းရိုး ၊လည်ချောင်းများ ထူးထူးခြားခြား လှုပ်ရှားနေသည်ကိုမြင်ရသည် ။ထို့ကြောင့် သူတို့ဘာသံမှ မကြားရခြင်းဖြစ်သည်။
ဒါလင်းနို့ခေါင်းဆောင်ပဲ ၊
ထိုအခိုက်အတန့်မှာ သူက မီးသလင်းကျောက်ကိုဘယ်လိုဖွက်ရမလဲ ၊ သူ့အရှေ့ကအကောင်ကြီးကို သူအမြန် ဘယ်လိုရင်ဆိုင်ရမလဲကို တွေးရမည့်
အစား ရှောက်ရွှမ်ရဲ့အင်္ကျီကော်လံကို အမြန်ပြေးဆွဲလိုက်ပြီး သူ့ကို သူတို့ကြိမ်များထားသည့်နေရာကို လွှတ်ပစ်လိုက်သည် ။
ဒီနေရာမှာ သူတို့ဘာသံမှမကြားရလေရာ အော့က ဧရာမတွင်းကြီးထဲကအသံကို အပြင်ကကြားနိုင်သလားဆိုတာ သူသေချာမသိပေ။ အခု သူလုပ်ရမယ့်အရာက ရှောက်ရွှမ်ကို ဒီတိုက်ပွဲနဲ့အဝေးမှာထားပြီး သူကကျန်သည့်လူ၆ယောက်နဲ့ ဒီလင်းနိူ့ခေါင်းဆောင်ကိုတိုက်ခိုက်ဖို့ပဲဖြစ်သည်။
ရှောက်ရွှမ်က တိုက်ပွဲအတွင်းကနေ အော့လွှတ်ပစ်တာခံလိုက်ရသည်။ အခြားသူများကလည်း သူတို့အကြာကြီးတိုက်ခိုက်ခဲ့ဖူးသည့်အတွက် အော့ဆီကညွှန်ကြားချက်များမလိုအပ်ပါပေ ။
ထိုလူ၇ယောက်ဟာ အတွေ့အကြုံရှိသည့်မျိုးနွယ်စုစစ်သည်တော်များဖြစ်ပြီး အမဲလိုက်အဖွဲ့၊အသင်းတို့၏ခေါင်းဆောင်များလည်းဖြစ်သည်။ သို့ပေမယ့် မည်သူကမှ သူတို့ဘာနဲ့ရင်ဆိုင်နေရသလဲမသိကြပေ ။
သူတို့တောင်မှာအမဲလိုက်တုန်းကထက် ပိုပြီးခွန်အားကြီးသည့်သားရဲတကောင်ဖြစ်နိုင်သည် ။ ထို့ကြောင့် သူတို့အတူတူသာပေါင်းပြီးလုပ်ဆောင်လျှင် အချိန်တိုအတွင်းမှာ ဒီသားရဲကိုသတ်နိုင်ဖို့ တို့ကြိုးစားနိုင်သည် ။
လင်းနို့ခေါင်းဆောင်နဲ့အနီးဆုံးဖြစ်တဲ့ တိုက်က အခြားသူများထက် အရင်လှုပ်ရှားလိုက်ပြီး သူလက်မောင်းတုတ်တုတ်မှာ နတ်အမှတ်အသားများ ထင်းနေအောင်ပေါ်လာသည် ။ လူတစ်ယောက်အရပ်ရှိတဲ့ကျောက်တူကိုကိုင်ကာ သူ့လက်မောင်းမှာ ပိုပြီးအားသန်လာသည် ။ သို့ပေမယ့် သူက ကျောက်တူရဲ့အလေးချိန်ကို ခံစားရပုံမပေါ်ဘဲ သူက တူကို
အလျင်အမြန်လွှဲကာ လင်းနို့ခေါင်းဆောင်ရဲ့ခေါင်းဆီကို လွှဲ၍ ပစ်လိုက်လေသည် ။
လွှဲနေရင်း အချိန်အတိုအတွင်းမှာ တိုက်ရဲ့လက်မောင်းမှာ ခွန်အားများစုလာသည် ။ ထို့နောက် သူကရုတ်တရက် ထုလိုက်သည် ။ တိုက်မိတဲ့အတွက်ကြောင့် မြင်သာတဲ့ဖုန်လှိုင်းလုံးများ ထွက်လာကာ ထိုနေရာလေးအတွင်းက အနံ့ဆိုးများအဝေးကိုလွင့်ထွက်သွားသည် ။
လင်းနို့ခေါင်းဆောင်၏ အသံကြောင့်သာမဟုတ်လျှင် ကျောက်တူကိုလွှဲသောအခါ တဝီဝီမြည်သံကိုကြားရပေလိမ့်မည်ဖြစ်ပြီး တူက လေကိုထိုးခွဲနေသည့်အလား ဖြစ်နေလေသည် ။ ကျောက်တုံးများအပိုင်းပိုင်းအစားစားကွဲကြေသွားခြင်းကိုမမြင်ရဘဲ ရိုက်မိတဲ့အသံကိုလည်းဘာသံမှမကြားရပေ ။ ထိုအခိုက်တွင် အရာအားလုံး ရပ်တန့်နေလေသည် ။
ကျောက်တူဟာ လင်းနို့ခေါင်းဆောင်ကို ကပ်လာသောအခါ လင်းနို့က သူ့ကုတ်ထားတဲ့လက်သည်းများကို မြှောက်လိုက်သည် ။ ပြင်းထန်စွာရိုက်ခတ်လာသော အတောင်ပံက တူကိုဟန့်တားလိုက်သည် ။ တိုက်က လင်းနို့ခေါင်းဆောင်ကိုတိုက်ခိုက်နေတဲ့အချိန်မှာ အခြားသူများက စတင်လှုပ်ရှားကြသည်။
ကွေ့ဟယ်ကသူ့ဓားနဲ့ လင်းနို့ ကို ခုတ်လိုက်ရာ လင်းနို့ကသူ့ဓားကိုကိုက်ထားလိုက်သည် ။ လင်းနို့သွားများ နဲ့အကိုက်ခံရသည့်အခါ ကျောက်ဓားက တစ်နေရာတည်းမှာ ထိုးစိုက်သွားသည့်အလား မြဲမြံနေပြီး သူဘယ်လောက် ကြိုးစားပါစေ သူ့ဓားကိုပြန်မဆွဲ ထုတ်နိုင်ပေ ။
တစ်ချိန်တည်းမှာပဲ ထာ့နဲ့တခြားသူများက တိုက်ခိုက်ကြသည်။ သို့ပေမယ့် သူတို့အနားမကပ်နိုင်ခင်မှာ
လင်းနို့ခေါင်းဆောင်က သူတို့ကိုရိုက်ခတ်ဖို့ တောင်ပံခတ်လိုက်လေသည် ။
နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် တိုက်ကနံရံနဲ့ဝင်ဆောင့်မိသွားသည် ။ သူ့တစ်ကိုယ်လုံး နံရံထဲမှာနစ်မြုပ်နေပြီး သူသာမသန်မာဘူးဆိုလျှင် သူ့တစ်ကိုယ်လုံးပြားချပ်သွားနိုင်သည် ။
ရှောက်ရွှမ်ကို အပြင်လွှတ်ပစ်လိုက်တဲ့ အော့ကလည်း နောက်တစ်ဖက်ကို ပြေးနေသည် ။ သူ့ကိုယ်ထဲက နတ်စွမ်းအင်မှာ အပြည့်အဝနိုးကြားလာပြီး သူလက်က လှုပ်လိုက်တဲ့အခါ သူ့လက်ထဲကလှံတံမှာအလွန် လျင်မြန်သောအမြန်ဆုံးနှုန်းဖြင့် လှည့်ပတ်နေသည် ။ လေစီးကြောင်းကြောင့် အနားကအနံ့ဆိုးများ လွင့်သွားသည် ။ လှံတံကို လင်းနို့ရဲ့လည်ပင်းသို့ ထိုးစိုက်လိုက်သည် ။
သို့သော်လည်း အော့လက်ထဲကလှံတံက လင်းနို့လည်ပင်းကိုမထိသွားပေ။ လှံတံကို ပိုပြီးအားကောင်းတဲ့ ထူးဆန်းတဲ့လက်သည်းကြီးများနှင့် ဖမ်းထားလေသည် ။ သူ၏အားပြင်းသော မြန်ဆန်သည့် တိုက်ခိုက်မှုကို ခုခံလိုက်သည် ။
အော့က သူ့လက်ထဲက လှံတံကို ပိုပြီး အားပြင်းတဲ့ အားတခုနဲ့ ဆွဲနေသလိုခံစားရသည် ။ လှံတံကိုကိုင်ထားတဲ့ သူ့ညာလက်မှာ အလွန်အမင်းနာလာပြီး ပူလောင်သောဆူးထောင်ပေါင်းများစွာထိုးစိုက်နေသည့်အလား ခံစားနေရသည် ။