ဘာတွေဖြစ်နေကြတာလဲ
Vol. 15 Ch. 217
မီးတောက်ဦးချိုများမျိုးနွယ်စုထဲက အသန်မာဆုံးလို့ ယူဆရသည့် မျိုးနွယ်စုစစ်သည်တော်၇ယောက်က သူတို့အကောင်းဆုံးကြိုးစားတိုက်ခိုက်ပြီးတဲ့နောက်မှာ အားလုံးရှုံးနိမ့်သွားကြသည် ။
သူတို့ရှုံးနိုင်ခြေများလေသည် ။ ရှောက်ရွှမ် စိုးရိမ်နေသည့်အရာများ ဖြစ်လာခဲ့သည် ။
ဒါဟာ လင်းနို့ခေါင်းဆောင်ဖြစ်သော်လည်း အသွင်ပြောင်းပြီးသည့်နောက် အများကြီးပို၍သန်မာလာသည် ။ မပြောင်းလဲခင်မှာ အော့နဲ့အခြားခြောက်ယောက်က အနိုင်ရအောင်တိုက်နိုင်လေသည် ။ သို့သော်လည်း ယခုအရာအားလုံးပြောင်းလဲသွားသည် ။ ဘယ်သူကမှ ထိုသားရဲကြီး ဒီလောက်အထိ ကြီးထွားလာမည်ဟုမထင်ကြပေ။
အဆင့်မြင့်သားရယ်ပဲမဟုတ်ဘူးလား။
မဟုတ်ဘူး ၊ အဲ့ဒီထက်ပိုနေတာလား
ဒီကိုမလာခင်မှာ အော့နဲ့ကွေ့ဟယ်က သာမန်ထက်ပိုသော အဆင့်မြင့်သားရဲဟုသာ ယူဆထားသည် ။ မထင်ထားဘဲ ဒီအဆင့်မြင့်သားရဲဟာ ဖြေဖြေချင်း တိုးတက်လာခြင်းမဟုတ်ဘဲ သားရဲဘုရင်တစ်ကောင်ဖြစ်လာလေသည် ။
အော့လိုမျိုး အကြီးတန်းမျိုးနွယ်စုစစ်သည်တော် ဆယ်ယောက် ၊ တစ်ရာပင် ဒီလို သားရဲဘုရင်နှင့် မရင်ဆိုင်ရဲပါပေ ။ မျိုးနွယ်စုကသားရဲဘုရင်များအကြောင်း ပြောကြသောအခါ သူတို့ကကြောက်ရွံ့ကြလေသည် ။
မဖြစ်နိုင်တဲ့တိုက်ပွဲကို တိုက်နေရခြင်းဖြစ်၏ ။
ယခု လင်းနို့ခေါင်းဆောင်က သားရဲဘုရင်အဖြစ် ဆင့်ကဲတိုးတက်လာခြင်းမှာ အော့နဲ့အခြားသူများ
မျှော်လင့်ထားသည်ထက် ပိုပြီးအချိန်တိုနေသည် ။
မီးသလင်းကျောက်ကိုရရန်အတွက် သူကဒီလိုအဆင့်အတန်းမြင့်တဲ့သားရဲမျိုးနဲ့ ရင်ဆိုင်မှု ရွေးချယ်ရသည် ။ အကယ်၍ အမဲလိုက်ချိန်မှာ ဒီလိုသားရဲတွေ့ပါက သူကလွတ်မြောက်ဖို့ပဲကြိုးစားပေလိမ့်မည်။
သို့ပေမယ့် သူတို့ဘိုးဘွားပိုင်မြေကိုပြန်ဖို့ရာ ထိုမီးသလင်းကျောက်များအပေါ်မူတည်၍နေသည် ။
သူတို့က လွယ်လွယ်လေးလက်မလျော့နိုင်ပေ ။ အော့ကအဝေးကိုတွန်းလွှတ်ခံရပြီး သူ့လှံတံကလည်း လက်သည်းများကြောင့်ကျိုးသွားသည် ။
အော့နောက်ကိုလိုက်လာတဲ့ စစ်သည်တော်များကလည်း အစက အကောင်ကြီးနဲ့မနီးသော်လည်း သူတို့ပါမြေပြင်ကိုတိုက်ရိုက် အရိုက်ချခံရပြီး သူတို့နဖူးများက မြေပြင်နဲ့ပြင်းထန်စွာ ရိုက်မိသွားကြသည် ။
ကံကောင်းထောက်မစွာနဲ့ တွင်း၏အခြေမှာ နူးညံ့သောရွှံ့လွှာ တလွှာရှိနေလေသည် ။ မဟုတ်ပါကကျောက်အမာများနှင့် သူတို့ ရိုက်မိသွားနိုင်သည် ။
သို့တိုင်အောင် သူတို့ကနာကျင်ပြီး သူတို့ခေါင်းကဒဏ်ရာကနေသွေးများစီးကျလာသည် ။ ထို့ပြင် အသံလှိုင်းရဲ့တိုက်ခိုက်မှုအတွက်ကြောင့် သူတို့ကမကြားရလေရာ သူတို့က ရုတ်တရက် ကမ္ဘာကြီးက ကမောက်ကမနဲ့ ချာချာလည်နေသည့်အလား အလွန်နာကျင်စွာခံစားနေရသည် ။ သူတို့မျက်လုံးများကို သွေးများကဝင်သွားပြီး သူတို့အမြင်အာရုံလည်း ဝေဝေဝါးဝါး ဖြစ်သွားသည် ။
တွင်းနံရံပေါ် ရုန်းကန်တက်နေရင်း တိုက်ကနောက်ဆုံးမှာ တွင်းနံရံထဲကထွက်လာနိုင်ခဲ့သည် ။ အနက်ရောင်တောင်ပံများက မိုးကြိုးပစ်သလိုအမြန်နှုန်းနဲ့ သူ့ကိုရိုက်ခတ်လိုက်လေရာ နောက်တကြိမ် တွင်းနံရံထဲကို အပစ်ခံလိုက်ရ ပြန်သည်။ ဒီတစ်ကြိမ်တော့ တိုက်က ထိုတွင်းထဲမှာ ညပ်နေလေသည် ။
ထာ့နဲ့ဝေ့လည်း အခြေနေမကောင်းပေ။ သူတို့အောင်မြင်ခါနီးသည့်အချိန်တိုင်းမှာ သူတို့ပြန်ရိုက်ချခံရပြန်သည် ။
ကွေ့ဟယ်က သူ့ကျောက်ဓားကို မြဲနေအောင်ကိုက်ထားသည့် သွားချွန်များကိုကြည့်လိုက်သည်။ ထို့နောက် သူမော့ကြည့်လိုက်တဲ့အခါ အရောင်မဲ့ပေမယ့် စူးရှတဲ့မျက်လုံးအစုံလိုက်ကို တွေ့လိုက်ရသည်။
ဒီအကွာအဝေးမှာ ကျောက်ဓားလက်ကိုင်ကို လွှတ်လိုက်မည်ဆိုလျှင်လည်း ထိုအခိုက်အတန့်တွင် သူတို့ထက် စွမ်းအားကြီးသည့် ဒီအကောင်ကြီးကို သူရှောင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
ဓားလက်ကိုင်ကိုကိုင်ထားတဲ့လက်များဟာ သူ့ကိုခုန်တက်နိုင်အောင်ပြုလုပ်ပေးပြီး တခြားလက်တစ်ဖက်နဲ့ သူ့ခါးနောက်ကနေ ကျောက်တုံးဓားမြှောင်လေးကို
ထုတ်လိုက်သည် ။ လင်းနို့ကြီးရဲ့ရှုံ့မဲ့နေတဲ့နှာခေါင်းပေါ်ကို သူကထိုးစိုက်လိုက်သည် ။
သို့သော်လည်းမထင်မှတ်ထားဘဲ ဓားသွားက နှာခေါင်းကိုဖောက်မသွားပေ။ လေထဲကိုခုတ်လိုက်ပြီးနောက် ကွေ့ဟယ်က အတောင်ပံကလက်သည်းများနှင့် ဖမ်းခြင်းခံလိုက်ရသည်။ အတောင်ပံလက်သည်းများပေါ်မှ ချွန်ထက်တဲ့လက်သည်းတစ်ခုက ဗိုက်ကို ဖြတ်ရာတစ်ခုဖြစ်သွားသည် ။ ဒဏ်ရာကသာပိုနက်လျှင် သူကိုယ်တပိုင်း ပြတ်သွားနိုင်ပေသည် ။
ကွေ့ဟယ်က အရေးကြီးအင်္ဂါအစိတ်အပိုင်းများ မထိခိုက်အောင်ရှောင်ရှားလိုက်ပေမယ့် သူကယခု အန္တရာယ်ရှိသောအနေအထားတွင်ရှိနေသည် ။ သူ့လုပ်ရပ်ကြောင့်ခေါင်းဆောင်ကြီးက ပိုပြီးဒေါသကြီးလာ ပြီး ကွေ့ဟယ်ကတော့ အလွန်နာကျင်နေလေသည်ကိုသာသိသည် ။ သူ့အနားပတ်ပတ်လည်ကအသံများကို မကြားနိုင်သေးသော်လည်း သူ့ခန္ဓာကိုယ်ထဲကအရိုးများအဆက်မပြတ်ကျိုးနေသံကိုတော့ ထိုအချိန်မှာကြားလိုက်ရသည်။
လင်းနို့ကြီးသွားထဲမှာကိုက်ခံထားရတဲ့ သူ့ကျောက်ဓားကလည်း အပိုင်းပိုင်းအစစပြတ်သွားလေပြီ ။ ကွေ့ဟယ်အတွက်ကတော့ လင်းနို့ကြီးက သူ့နှာခေါင်းကိုဒဏ်ရာရအောင်တိုက်ခိုက်ထားလေရာ သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။ သူ့အတောင်ပံလက်သည်းများက သားကောင်ငယ်ကိုမြဲနေအောင်ဖမ်းထားပြီး သူချွန်တတ်တဲ့သွားများနဲ့သူ့အသွေးကိုစုပ် အရိုးကိုကိုက်ကာ ဝါးပစ်ချင်နေသည် ။
သွေးစုပ်လင်းနို့သည် ပါးစပ်ကိုဟလာပြီး ဓားများကဲ့သို့ချွန်ထက်သည့် သွားတွေကိုထုတ်ပြလာသည်ကို မြင်ရသောအခါ ကွေ့ဟယ် သူ့သွေးတွေအားလုံး ခဲသွားသည်ဟုခံစားရပြီး အရိုးတွေကျိုးတဲ့နာကျင်မှုပင် ပျောက်သွားသလိုခံစားလိုက်ရသည်။
ကွေ့ဟယ်က သူမကြာမှီ သေတော့မယ်လို့ခံစားရပြီး အနာဂတ်မှာဆိုရင် သူအမဲလိုက်အဖွဲ့ကိုဦးဆောင်နိုင်တော့မှာမဟုတ်ဘူးလို့ သူတွေးမိနေသည် ။ ဒီလိုအဆင့်မြင့်သားရဲမျိုးနဲ့ရင်ဆိုင်ရရင် မည်သူမှမ
လွတ်မြောက်နိုင်ပေ ။ သို့သော်လည်း ဓားသွားလိုအစွယ်များ သူ့ကိုထိတော့မည်အချိန်တွင် ရပ်သွားလေသည် ။
သူကသူ့အနားကအသံများကို တစ်ဖန်ပြန်ကြားရပုံပေါက်သည် ။ခေါင်းလည်း ဆက်မကိုက်တော့ပါပေ ။
ထိုအခိုက်အတန့်တွင် တိုက်ခိုက်ဖို့ကြိုးစားနေသူများ၊ ရှုံးနိမ့်သွားသူများ၊ လက်သည်းတွေကြားမှာ ဖမ်းမိခံရပြီး အစားခံရတော့မယ်သူတို့က လင်းနို့ခေါင်းဆောင်ကြီး ထူးထူးဆန်းဆန်းဖြစ်နေသည်ကိုတွေ့လိုက်ရသည် ။
ကွေ့ဟယ် ကိုအာရုံမစိုက်တော့ဘဲ နည်းနည်းလှုပ်ရှားလိုက်ကာ အောက်ကိုငုံ့ကြည့်လိုက်သည် ။ သူ့ခြေထောက်အောက်မှာ လူတစ်ယောက်ရပ်နေလေသည် ။
လင်းနို့ခေါင်းဆောင်ကြီးရဲ့ခြေထောက်တွေ
အနောက်မှာ ရပ်နေတဲ့လူကိုမြင်လိုက်ရတဲ့အခါ အော့က ထိတ်လန့်သွားပြီး သွေးအန်လာသည် ။
ဒီကောင့်ကို သူအပြင်ကိုပစ်ထုတ်လိုက်တယ်မဟုတ်ဘူးလား။
ကြိမ်ကြိုးနဲ့ သူ ဧရာမအတွင်းအပေါ်ကို တက်မသွားသင့်ဘူးလား။
ဘာလို့ဒီမှာပေါ်လာရပြန်တာလဲ ။
နတ်ဆေးဆရာက သူတို့မီးသလင်းကျောက်တွေကို ပြန်မယူလာနိုင်ဘူးဆိုရင်တောင် ရှောက်ရွှမ်ကိုတော့ ဘေးကင်းကင်း ပြန်ခေါ်လာခဲ့ဖို့ မှာကြားလိုက်လေသည်။
ဘေးကင်းကင်းနဲ့လား
ဒါပေမဲ့ အခု ဘာတွေဖြစ်နေတာလဲ။
“ အားရွှမ် ပြေးတော့ “
“ အားရွှမ် “
အော့ ၊ ထာ့ နဲ့ အခြားသူများက ဒီအခွင့်အရေးကိုသုံးပြီး ရှောက်ရွှမ်လွတ်မြောက်သွားစေရန် တိုက်ခိုက်ဖို့ကြံစည်နေကြသည် ။
“ အားလုံးရပ်လိုက်ကြ “
ရှောက်ရွှမ်ကတစ်ချက်တည်းအော်လိုက်သည်။
အော့နဲ့အခြားသူတွေ ရပ်သွားတာမြင်တဲ့အခါ ရှောက်ရွှမ်ကအပေါ်ကိုမော့ကြည့်ပြီး လင်းနို့ခေါင်းဆောင်ကြီးကို စိုက်ကြည့်နေသည်။ စည်းချက်ကျကျ
အသက်ရှူသံများ ၊ အနက်အမဲရောင်မြူခိုးများက သူ့ပါးစပ်ကထွက်လာခြင်းဖြစ်သည် ။
အတောင်ပံလက်သည်းများက လှုပ်ရှားလာပြီး သားကောင်လေးကို အဝေးကိုလွှင့်ပစ်လိုက်သည် ။ ထိုသားကောင်လေးကို သူလုံးဝစိတ်မဝင်စားတော့ပေ။
အကယ်၍အော့ကသာ မမြင်ရတဲ့စွမ်းအင်ကိုမြင်နိုင်လျှင် ရှောက်ရွှမ်လက်ထဲက မီးသလင်းကျောက်ကနေ ထုတ်လွတ်နေတဲ့ အနီရောင်စွမ်းအင်စီးကြောင်းလေးကို တွေ့နိုင်ပေလိမ့်မည်။ စွမ်းအင်တစိတ်တစ်ပိုင်းကို သူကစုပ်ယူပြီး ကျန်တဲ့စွမ်းအင်များကို သူ့အရှေ့ကလင်းနို့ကြီးဆီ စီးဆင်းပျံ့နှံ့နေသည် ။
လင်းနို့ခေါင်းဆောင်ကြီး သူ့ကိုကြည့်နေပြီး အခြားအရာများကိုအာရုံမစိုက်သည်ကို မြင်ရသည့်အခါ ရှောက်ရွှမ်ကပြောလိုက်သည်။
“ အော့ ၊ အရင်ထွက် “
“ မထွက်ဘူး ၊မင်းမပါဘဲနဲ့ မထွက်ဘူး “
“ အော့ နတ်ဆေးဆရာဘာပြောထားလဲ “
ရှောက်ရွှမ်ကပြောလိုက်သည်။
နတ်ဆေးဆရာက မထင်မှတ်ထားတာတစ်ခုခုဖြစ်လာခဲ့လျှင် ရှောက်ရွှမ်စကားကိုနားထောင်ကြဖို့ ပြောလိုက်သည်။ အကယ်၍အကြီးအကဲ ပါဝင်လာလျှင်ပင် သူတို့ကဆေးဆရာ၏စကားကို ထိုအချိန်တွင် ပြန်စဉ်းစားဖို့လိုပေသည် ။
လင်းနို့ခေါင်းဆောင်ကြီးနှင့်ရှောက်ရွှမ် ရပ်နေသည်ကိုမြင်ရသောအခါ အော့ကသူဘာလုပ်သင့်သလဲဆိုတာ သူမသိတော့ပေ။ ဘာတွေဖြစ်နေကြတာလဲ၊
အားလုံးက အဲဒီမှာရပ်နေပြီး ဘယ်သူကမှလင်းနို့ခေါင်းဆောင်ကြီးကိုတိုက်ခိုက်ခြင်းမရှိပေ ။ သို့ပေမယ့် အားလုံးကသတိထားနေဆဲဖြစ်သည်။
အကယ်၍ အကောင်ကြီးကသာလှုပ်ရှားလိုက်လျှင် သူတို့အားလုံးကလည်းနောက်တစ်ကြိမ်ပြန်ပြီးတိုက်ခိုက်ရမည်။ အကယ်၍ဒီလိုတိုက်ခိုက်မှုမျိုးက အနည်းငယ်မှ ထိခိုက်မှုမဖြစ်စေကာမူ သူတို့ကသူ့ကို အာရုံလွှဲပေးနိုင်သေးသည် ။
လင်းနို့ခေါင်းဆောင်ကြီး အတောင်ပံများလှုပ်ရှားသွားသည် ။
အော့နဲ့အခြားသူများကလည်း ချက်ချင်းစိတ်လှုပ်ရှားပြီး ထိုနေရာကိုကြည့်လိုက်သည်။ သို့ပေမယ့် လင်းနို့ခေါင်းဆောင်ကြီးက သူ့အတောင်ပံကိုပြန်ရုတ်ကာ ထိုနေရာမှာပဲရပ်နေသည်ကိုသူတို့တွေ့လိုက်ရသည်။ ဆိုလိုတာက ယာယီမှာတော့ သူတို့ကိုတိုက်ခိုက်လိုစိတ်မရှိဟု ဖြစ်သည်။
ရှောက်ရွှမ်လည်းစိတ်သက်သာရသွားသည် ။ သူထင်ထားသည့်အတိုင်း နောက်ဆုံးတစ်ခါကကဲ့သို့ သူ့
အထင် မှန်လေသည် ။ ရှောက်ရွှမ်တို့ဒီကိုလာရခြင်း၏ အကြောင်းရင်းဖြစ်သည့် မီးသလင်းကျောက် ကစွမ်းအင်များကို လင်းနို့ခေါင်းဆောင်ကြီးကလည်း အလွန်စိတ်ဝင်စားနေလေသည် ။ သို့သော်လည်း ရှောက်ရွှမ် ဒီအကြောင်းအရာကို အခြားသူများကိုမပြောပြနိုင်သေးခင် သူတို့ကစပြီးတိုက်ခိုက်ကြလေသည်။
အကယ်၍လင်းနို့ခေါင်းဆောင်ကြီးကသာ တိတ်တိတ်နေမည်ဆိုလျှင် သူတို့က သူ့ကို အနိုင်ယူနိုင်လိုက်နိုင်သည် ။
အချိန်တွေကုန်သွားသည် ။
လင်းနို့ခေါင်းဆောင်ကြီးက မလှုပ်ရှားသလို အော့နဲ့သူ့လူများကလည်း ထွက်မသွားပါပေ။
သူတို့ဒဏ်ရာများကိုစစ်ဆေးပြီးတဲ့နောက် အရင်ဆုံး ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေတဲ့ ကွေ့ဟယ်နဲ့အခြားသူများကို တွင်းထဲကနေအပြင်သို့ အော့နဲ့ထာ့ကိုအ
ရင်ပို့ခိုင်းလိုက်ပြီး သူကတော့ဒီနေရာမှာဆက်နေလေသည် ။