မလိုလားပေ
Vol. 15 Ch. 218
တွင်းရဲ့အပြင်ဘက်မှာ ခဲ့ခဲ့ နဲ့အခြားသူများက ဆက်စောင့်ကြည့်နေကြသည် ။ ဆီဆာ ကတောင်ပေါ်ကို အကြိမ်ပေါင်းများစွာတက်သွားချင်သော်လည်း သူတို့က တားထားလိုက်သည် ။ ဆီဆာကအနားမှာပဲ စိတ်ပူပင်စွာနဲ့ လမ်းပတ်လျှောက်နေသည် ။
သူတို့ကဘာသံမှမကြားရသော်လည်း အနည်းငယ်တုန်ခါသည်ကိုခံစားရသည့်အတွက်ကြောင့် အလွန်ထူးဆန်းနေသည်ဟုသူတို့ခံစားရသည် ။ အောက်ကို တစ်ချက်လောက်သွားကြည့်ချင်တဲ့သူများ အနည်းငယ် ရှိသည် ။ သို့သော် အကြီးအကဲက လေချွန်သံ မကြားရမချင်း ဘာမှမလှုပ်ရှားဖို့ ပြောထားလေသည် ။
သူတို့က အကြီးအကဲလေချွန်သံကို အခုထိမကြားရသေးတဲ့အတွက် သူတို့ဘာကိုမှအလောတကြီး မလုပ်ဆောင်ကြပေ။
နေက အောက်သို့ကျဆင်းလာသည် ။
“ ဘာလုပ်မလဲ “ ခဲ့ခဲ့ကသူ့ဘေးက ထွော်ကိုကြည့်လိုက်သည်။
ထွော်ကသူ့ခေါင်းကိုခါပြသည် ။
အချိန်ကုန်လာပြီးတဲ့နောက် အားလုံးကပိုပြီးစိုးရိမ်လာကြသည် ။
“ ဟေ့.. တစ်ယောက်တက်လာတယ် “
တွင်းအစွန်းနားက လူကပြောသည် ။
“ အဖွဲ့ခေါင်းဆောင် ထာ့ “
“ ဝေ့ နဲ့အခြားသူတွေပဲ “
တွင်းနားမှာစောင့်နေကြတဲ့သူတွေက သူတို့အနားမှာ
တစ်ခါတည်းသွားဝန်းရံနေကြသည် ။
ထာ့နဲ့ဝေ့က အပြင်းအထန် ဒဏ်ရနေတဲ့လူနှစ်ယောက်ကို ချထားဖို့နေရာရှာလိုက်ပြီး အခြားသူတွေကိုတော့ တောင်အောက်ကို သူတို့ကိုလိုက်ပို့ခိုင်းလိုက်ကာ သူတို့အတွက် ဆေးများပြင်ဆင်ထားခိုင်းသည်။ မြူခိုးမည်းများမရှိသည့်နေရာမှာ ပြန်ပြီးကုစားဖို့အတွက် သူတို့အနားယူစရာ နေရာကောင်းကောင်း တစ်ခုလိုအပ်သည် ။
“ ဝေ့ မင်းကဒီမှာနေ ၊ ငါအောက်ကိုတစ်ချက်သွားကြည့်လိုက်မယ် “
ထာ့ကရပ်ကာ အခြားသူတွေကိုပြောလိုက်သည်။
“ ဖယ်ကြ ၊ တွင်းနားမှာမနေကြနဲ့ ၊ အောက်ဆင်းမလာကြနဲ့ “
အချိန် ခဏတိုက်ခိုက်ပြီးသည့်နောက် ထာ့က လင်းနို့
ခေါင်းဆောင်နဲ့သူတို့အကြားက ကွာဟချက်ကိုသိလိုက်သည်။ ဒါကမြင်တွေ့နေကြ သားရဲမျိုးမဟုတ်ဘဲ အဆင့်မြင့်အဖွဲ့ထဲက စစ်သည်တော်အကုန်လုံး ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် လင်းနို့ခေါင်းဆောင်ကြီးကို ဒဏ်ရာရအောင်လုပ်နိုင်မည်မဟုတ်ဘဲ အားလုံးအသတ်ခံရနိုင်ဖို့များလေသည် ။
တွင်းထဲမှာတော့...
ရှောက်ရွှမ်က သူ့ကိုယ်ထဲကစွမ်းအင်ကို နှိုးထထားပြီး သူ့လက်ထဲကမီးသလင်းကျောက်ကနေလည်း စွမ်းအင်များထုတ်လွှတ်ပေးနေသည် ။
ကံကောင်းထောက်မစွာနဲ့ သူကလည်း မီးသလင်းကျောက်ထဲကစွမ်းအင်ကိုစုပ်ယူနေလေရာ ထို့အတွက်ကြောင့် သူကအလွန်မပင်ပန်းတော့ပေ။ သို့ပေမယ့် အားလုံးမှာ မီးသလင်းကျောက်ကနေ သူတို့စုပ်ယူနိုင်သည့် အစွမ်းပမာဏက အကန့်အသတ်ရှိသည် ။
မီးတွင်းထဲက မီးသလင်းကျောက်ကနေ စွမ်းအင်ဆုတ်ယူကြသည့်စစ်သည်တော်များကဲ့သို့ပင် သူတို့က သူတို့ကိုယ်သူတို့နည်းနည်းသာတိုးတက်အောင်လုပ်နိုင်သည်။ အငယ်တန်းစစ်သည်တော်တယောက်ဟာ အကြီးတန်းစစ်သည်တော်အဖြစ်သို့ တန်းရောက်သွားမည်မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး အလွန်လောဘကြီးသည့်သူဆိုလျှင် သူ့ကိုယ်ခန္ဓာထဲက နတ်စွမ်းအင်များပေါက်ကွဲကာ သူ့ကိုသူအဆင့်မမြှ့င်နိုင်ခင် သူသေသွားနိုင်သည် ။
ထိုအတွက်ကြောင့် သူ့အကန့်အသတ်ကိုရောက်သောအခါ ရှောက်ရွှမ်ကစွမ်းအင်ကို ဆက်မစုပ်တော့ပေ။ အကယ်၍သူသာ နောက်တစ်ခေါက်ပင်ပန်းလာလျှင် သူထိုစွမ်းအင်များကို စုပ်ယူနိုင်လိမ့်မည်ဖြစ်သည် ။
သူတို့ရှေ့ကအကောင်ကြီးကတော့ အစကနေယခုထိ မီးသလင်းကျောက်ကနေထုတ်လုပ်သည့် အနီရောင်
စွမ်းအားစီးကြောင်းကို ယခုအချိန်ထိ အတော်လေးစုပ်ယူနေဆဲပင်ဖြစ်သည်။ အော့သာဒီစွမ်းအင်စီးကြောင်းကိုမြင်နိုင်လျှင် သူထိတ်လန့်သွားလိမ့်မည်။
အဆင့်မြင့်သားရဲများကလည်း မီးသလင်းကျောက်ကစွမ်းအင်များကို တကယ်စုပ်ယူနိုင်သည် ။ သူတို့ကတော့ဒါကိုမသိကြပေ ။
တွင်းအပြင်ဘက်မှာ အလင်းရောင်ကနည်းသထက်နည်းလာသည်။ သိပ်သည်းတဲ့မြူခိုးများကြောင့် တွင်းထဲမှာတော့မှောင်မဲနေသည် ။ယခုဆိုလျှင် ပိုမှောင်မဲ၍လာသည် ။ သူတို့သာဆက်ပြီးစောင့်နေမယ်ဆိုလျှင် အော့က ဘာတွေဖြစ်လာမလဲကိုမသိပေ ။ သူတို့ကိုပိုပြီးစိုးရိမ်ပူပန်ရစေသည့်အတွက် သူတို့က ညကိုမနှစ်သက်ကြပေ။
မတ်တတ်ရပ်နေကြသေးတဲ့ လင်းနို့နဲ့လူကို ကြည့်ရင်း အော့က ရှောက်ရွှမ်ဆီကို ဂရုတစိုက် လမ်းလျှောက်သွားသည်။ ရှောက်ရွှမ်နဲ့ခြေနှစ်လှမ်းလောက်အကွာ ရောက်သည့်အခါ လင်းနို့
ခေါင်းဆောင်ကသူကို ရုတ်တရက်ကြည့်လာသည် ။ သူ့အတောင်ပံကိုတစ်ချက်ခတ်လိုက်ပြီး ဖြန့်တော့မဖြန့်လိုက်ပေ။ ဒါကသတိပေးချက်ဖြစ်နိုင်သည်။
အော့နဖူးကနေ ပြီးတော့ ချွေးစေးများ ကျလာသည်။
သူကအသက်ကိုပိုပြီးသတိထား၍ ရှုလိုက်သည် ။ ထိုလင်းနို့ကြီးရဲ့ပါးစပ်နဲ့နှာခေါင်းကနေ ထွက်လာတဲ့ သတိပေးသည့်အနက်ရောင်မြူခိုးများကို သူခံစားလိုက်ရသည် ။
ရှောက်ရွှမ်က လင်းနို့ကြီးရဲ့အနောက်ကနေ အခြားလက်တစ်ဖက်နဲ့ အော့ကို စိတ်မပူဖို့နဲ့ အနားကပ်မလာဖို့ သူ့ကိုပြောလိုက်သည် ။
လင်းနို့ခေါင်းဆောင်ကြီးရဲ့ လှုပ်ရှားနေတဲ့အတောင်ပံကလက်သည်းများကိုမြင်ရသည့်အခါ အော့က ဒီအကောင်ကြီးကိုရန်မစမိအောင် ပြန်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည် ။ မဟုတ်လျှင် ရှောက်ရွှမ် ၊ သူနဲ့ အနီးအနားက အခြားသူတော်တော်များများ
လွတ်မြောက်လိမ့်မည်မဟုတ်ပေ။
အော့ကနောက်ကိုပြန်သွားပေမယ့် မထိန်းနိုင်ပဲ လင်းနို့ကြီးဘက်ကို သူ့လက်ကိုမြှောက်ကိုင်ထားတဲ့လက်ကို လှမ်းကြည့်လိုက်သည် ။ ရှောက်ရွှမ် လက်ထဲကဘာရှိသလဲကို သူရှာဖွေကြည့်နေမိသည် ။
အလွန်မှောင်နေသော်လည်း ရှောက်ရွှမ်နဲ့သူကအတော်လေးနီးပြီး သူ့မှာလည်းအမြင်အာရုံကောင်းကောင်းရှိလေသည် ။ သို့သည့်တိုင် သူက ရှောက်ရွှမ်လက်ထဲကအရာရဲ့အရောင်ကိုမမြင်ရပေ။ ထို့ကြောင့် နောက်ဆုံးမှာတော့ သူကအကြမ်းဖျဉ်းသာ ခန့်မှန်းကြည့်နိုင်သည် ။
မီးသလင်းကျောက်?
သူက သူ့မျက်လုံးကို အကြည့်မလွဲတော့ပေ ။ မီးသလင်းကျောက်ရဲ့အရောင်မှာပိုပြီးတောက်ပလာသည် ။ မီးသလင်းကျောက်၏အရောင်ပြောင်းလဲရ
ခြင်းမှာ အကြောင်းအရင်းတစ်ခုသာရှိသည် ။
အော့က မီးတွင်းထဲမှာ မီးသလင်းကျောက်များ တဖြည်းဖြည်းတောက်ပလာသည်ကို အကြိမ်ပေါင်းများစွာမြင်ဖူးခဲ့သည် ။ သို့ပေမယ့် မီးတွင်းထဲကထက် ပိုပြီးအရောင်တောက်ပလာခြင်းကို မြင်ဖူးခြင်းမှာ သူ့ဘဝမှာ ပထမဆုံးအကြိမ်ဖြစ်သည် ။
နတ်ဆေးဆရာက ရှောက်ရွှမ်ကို ကောင်းကောင်းဆက်ဆံသည်မှာ အံ့သြစရာမရှိပေ။
အော့က သူ့အံ့ဩမှုကိုပြန်ထိန်းထားလိုက်ပြီး ထိုကိစ္စကိုတွေးကာ လင်းနို့ကြီးကိုကြည့်ပြီး အနောက်ကိုလမ်းပြန်လျှောက်သွားသည် ။နောက်ကို နှစ်လှမ်းပြန်ဆုတ်ပြီးတဲ့နောက် သူက မြေပေါ်ကတခုခုကိုနင်းမိသလိုခံစားလိုက်ရပြီး သူ့ခြေမနဲ့ အပေါ်ကို မြေပျော့ပျော့ကနေ ကလော်ထုတ်လိုက်သည် ။ အဲဒီနောက်မှာ သူပထမက ကောက်ခဲ့တဲ့ မီးသလင်းကျောက်နဲ့အရွယ်တူ မီးသလင်းကျောက်ကိုတွေ့လိုက်
ရသည်။
လင်းနို့ခေါင်းဆောင်ကြီး ရုတ်တရက်တိုက်ခိုက်မှုကြောင့် သူခုနကကောက်ခဲ့သောတစ်ခုမှာ လွတ်ကျသွားလေပြီး သူကဘယ်နေရာကျသွားမှန်းလည်း မသိလိုက်ပေ ။ မထင်ထားပဲ သူနောက်ထပ်တစ်ခုထပ်တွေ့သည် ။
အော့က သူ့ခြေမနဲ့ကောက်လိုက်ပြီး မြေပေါ်ကိုမတင်လိုက်သည် ။
အော့က မီးသလင်းကျောက်ကို ဖမ်းမိတော့ခါနီးမှာ တခုခုက သူ့ကို တိုက်ခိုက်ဖို့လာနေသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ အရိပ်ကြောင့် မြူခိုးများက အဝေးကိုလွင့်သွားပြီး သူ့အနားကိုချက်ချင်းရောက်လာလေသည် ။ အော့ရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့အသိစိတ် ကြွယ်ဝထား၍သာ မဟုတ်လျှင် သူ ဘာမှပင်မသိလိုက်ပဲ ထိုနေရာမှာ သေသွားလိမ့်မည် ။
ပြီးခဲ့တဲ့တစ်ခေါက်တိုက်ပွဲကြောင့် အော့ကဒီလိုမျိုးအရာများနှင့် မဆိုင်ရဲသည့်အတွက် သူခြေထောက်များကိုလှုပ်ရှားလိုက်သည် ။
ရွှံ့ပျော့များဟာ သူခြေထောက်ကအင်အားကြောင့် ပြန့်ကျဲလွင့်စင် သွားသည်။ သူ့ခြေထောက်ကအားကုန်သုံးလိုက်သည့်အတွက် ဓားအကြီးကြီးကဲ့သို့ချွန်ထွက်သော တိုက်ခိုက်မှုကို ကတ်သီလေး ရှောင်နိုင်ခဲ့သည် ။
သူက တိုက်ခိုက်မှုကိုရှောင်လိုက်ပြီး သူမြေပေါ်ကိုပြန်မကျခင်မှာ ချွန်ထက်တဲ့လက်သည်းများက သူ့အပေါ်မှတစ်ဖန်ကျလာပြီး အချိန်တို့အတွင်းမှာ သူ့ကိုသတ်မိတော့မလိုဖြစ်သွားသည် ။
မြန်လှချည်လား
အတော်မြန်လှချည်လား
သူသုံးနေကျ လှံတံမှာကျိုးပဲ့သွားပြီဖြစ်၍ ထိုအခိုက်တွင် သူက ကျောက်ဓားကိုထုတ်လိုက်ပြီး လက်ကိုမြှောက်ကာ လက်သည်းကြီးများကိုခုခံလိုက်သည် ။ သူက လင်းနို့ခေါင်းဆောင်ကြီးက သူ့ကျောက်လှံနဲ့ ကွေ့ဟယ်ဓားကို အလွယ်လေးဖျက်ဆီးလိုက်နိုင်သည်ကို သူသိသည်။ သူနောက်တချက်ကို ခုခံနိုင်ဖို့လွယ်မည်မဟုတ်ကြောင်း သိပေမယ့် သူ ခုခံရပေမည်။
အော့က သူခြေထောက်က မြေပြင်ကိုထိလိုက်ရတဲ့အချိန်မှာ အတောင်ပံလက်သည်းများက ကျောက်ဓားနဲ့ တိုက်ရိုက်တိုက်မိသွားပြီး ကျောက်ဓားကိုပင် အားပြင်းပြင်းနှင့် ဖိထားလေသည် ။ သို့သော် သူနောက်ကို ထပ်ဆုတ်နိုင်တော့မည်မဟုတ်ပေ ။
အတောင်ပံလက်သည်းက အောက်ကိုကျလာပြီး လက်တစ်ဖက်ကိုမြှောက်ပြီးခုခံလိုက်ရသည်။ ချွန်ထက်ကာ အားကောင်းသည့် လက်သည်းများက သူ့ကိုရိုက်ခတ်တော့မည်အချိန်တွင် ရုတ်တရက်ရပ်တန့်
သွားသည် ။
အော့ကမြေပေါ်ခြေချလိုက်ပေမဲ့ သူ ထွက်မပြေးပါပေ။ သူ့ဓားကိုမြှောက်ထားဆဲဖြစ်ပြီး သူ့အရှေ့က ရှောက်ရွှမ်ကိုကြည့်လိုက်သည်။
လင်းနို့ခေါင်းဆောင်ကာ ခေတ္တရပ်သွားပြီး သူ့အတောင်ပံလက်သည်းများကို ပြန်နောက်ဆုတ်လိုက်သည် ။
အော့ရှာတွေ့တဲ့ မီးသလင်းကျောက်အနေနဲ့ကတော့ သူ မကိုင်လိုက်ခင်မှာပင် လင်းနို့ခေါင်းဆောင်ရဲ့အတောင်ပံကြောင့် အဝေးသို့လွင့်ထွက်သွားသည်မှာ ဘယ်နေရာမှာလဲသူမသိတော့ပါပေ။
ပြောရရင် ရှောက်ရွှမ်မှာလည်း ရုတ်တရက်ဒေါသထွက်သွားသော လင်းနို့ခေါင်းဆောင်ကြီးကို တားဖို့ယုံကြည်ချက်မရှိပေ။ သို့ပေမယ့် အော့ကို တိုက်ခိုက်နေရတာကိုမြင်ရချိန်မှာ သူဘာမှမလုပ်ပဲမနေနိုင်ပေ။
သူကြိုးစားကြည့်သင့်သည် ။
အလုပ်ဖြစ်သွား၏ ။
လင်းနို့ခေါင်းဆောင်က မီးသလင်းကျောက်ကို အမှန်ပင်ဂရုစိုက်လေသည် ။
မီးသလင်းကျောက်များ အများကြီးရှိသော်လည်း တူးထားသော မီးသလင်းကျောက်များဆီကနေ အစွမ်းများကိုမစုပ်ယူရသေးပေ။ အကြောင်းရင်းတစ်ခုသာရှိပြီး လင်းနို့ခေါင်းဆောင်ကြီးမှာ မီးသလင်းကျောက်ထဲကစွမ်းအင်ကို ကိုယ်တိုင်မစုပ်ယူနိုင်သောကြောင့်ဖြစ်မည် ။
ဧရာမတွင်းကြီးမှာ မီးသလင်းကျောက်ကြီးနဲ့ပြုလုပ်ထားလေရာ မီးသလင်းကျောက် ဘယ်မှာလဲကို မှန်းဆ၍ရနိုင်ပြီး မြေပြင်ပေါ်ကမီးသလင်းကျောက်များကလည်း လင်းနို့ခေါင်းဆောင်ကိုယ်တိုင် တူး
ထုတ်ထားခြင်းဖြစ်နိုင်သည် ။
မီးသလင်းကျောက်များအနည်းငယ်ကိုတူးထားသော်လည်း ၎င်းကနေ သူ စွမ်းအင်မရရှိသေးပေ ။ လင်းနို့ကြီးကမီးသလင်းကျောက်များကို သားရဲအမှတ်နဲ့ စားပစ်လိုက်တာလည်းဖြစ်နိုင်သည် ။သို့သော်လည်း ပြောရရင် သားရဲဘုရင်အဖြစ် ပြောင်းလဲသွားသောသားရဲသည်ပင် မီးသလင်းကျောက်များကို အစာခြေနိုင်မည်မဟုတ်ပေ ။
သူစားထားသမျှကို ပြန်စွန့်ထုတ်ထားခြင်းဖြစ်နိုင်သည် ။တွင်း၏မျက်နှာပြင်မှာ ရွှံ့များနဲ့တူသော ပုပ်သိုးနေသည့်အရာများအုပ်ထားသည် ။ ပြောရလျှင် ထိုအရာများက လင်းနို့ခေါင်းဆောင်ကြီး၏ အညစ်အကြေးများဖြစ်သည် ။
အော့ ခြေထောက်နားက မီးသလင်းကျောက်မှာ ပြောရလျှင် လင်းနို့ခေါင်းဆောင်ကြီး၏ ကိုယ်ထဲမှထွက်လာခြင်းဖြစ်သည်။ ရွှံ့ပျော့များဟာလည်း သူ့
အညစ်အကြေးများသာဖြစ်သည်။
အသတ်ခံရမှာကိုရှောင်ရှားလိုက်ပြီး အော့က သူ့နှလုံးခုန်သံ အလွန်မြန်နေသည်ကို သတိထားလိုက်မိသည် ။ ထို့နောက် ကြိမ်ကြိုးများ၏အသံများကိုလည်း ကြားလိုက်ရသည်။ အော့ကအပေါ်ကနေ ထာ့အောက်ကိုဆင်းလာတာကို တွေ့လိုက်ရသည်။ အော့ကသူ့လက်ကိုလှုပ်ယမ်းပြကာ ဒီနေရာကိုမလာဖို့တားလိုက်လေသည် ။အကယ်၍ သူတို့သာ လျှင် လင်းနို့ခေါင်းဆောင် ဒေါသထွက်အောင်လုပ်မိလိုက်ရင် သူတို့ကိုတိုက်ခိုက်မှာကို ရှောက်ရွှမ်ပင်တားနိုင်တော့မည်မဟုတ်ပေ ။
အော့က ရှောက်ရွှမ်ဘာလုပ်နေသလဲကို မှန်ကန်အောင်မှန်းဆကြည့်ပေမဲ့ သူ့အသိပညာ မပြည့်စုံမှုကြောင့် သူမယုံနိုင်ပေ ။ ပြီးတော့ သူက ရှောက်ရွှမ်ရဲ့လျှို့ဝှက်ချက်များကိုလည်း အခြားလူများကိုမသိစေလိုပေ ။ နတ်ဆေးဆရာကတော့ ကျိန်းသေပေါက်သိလိမ့်မည်ဖြစ်ပြီး အကြောင်းတခုခုကြောင့်သာ သူဘာမှမပြောခြင်းဖြစ်မည် ။
သုံးနာရီကြာပီသည့်နောက် တွင်း၏အပြင်ဘက်မှာ ပိုပြီးမှောင်လာလေသည် ။ လရောင်အနည်းငယ်ကသာ တွင်းအောက်ခြေကိုရောက်ပြီး ၎င်းကိုလည်းအနက်ရောင်မြူခိုးများက လုံးဝပိတ်ဆို့ထားလိုက်သည် ။
ခလွပ်
သူ့လက်ထဲက အသံသေးသေးလေးကိုကြားလိုက်ရသည် ။ ဓားချွန်ချွန်နဲ့ပင် ဖြတ်၍လည်းမရ ချိုးဖဲ့မရသော မီးသလင်းကျောက်မှာ ကွဲအက်သွားသည် ။၎င်းမှာ မီးသလင်းကျောက်ထဲမှာရှိသည့်စွမ်းအင်များအားလုံး လုံးဝစုပ်ယူခံလိုက်ရခြင်းကြောင့်ဖြစ်သည် ။
ရှောက်ရွှမ်က သူ့လက်ထဲက လည်း အပိုင်းပိုင်းဖြစ်သွားတဲ့အစလေးများကို သူ့လက်ကောက်ဝတ်ကိုလှည့်လိုက်ကာ ပစ်ချလိုက်သည် ။ ဒီနည်းလမ်းနဲ့ပဲ သူ့ရှေ့က လင်းနို့ခေါင်းဆောင်ကြီးက ထိုကျောက်
တုံးကစွမ်းအင်များကို အားလုံးစုပ်ယူပစ်လိုက်သည်။ တစ်ချိန်တည်းမှာ ရှောက်ရွှမ်တွေးနေလိုက်သည်က အညစ်အကြေးတွေထဲက တခုကိုမှမတူးနဲ့ ငါ့ကိုဒီကနေစွမ်းအင်တွေဆက်စုပ်လို့ရအောင်လုပ်ပေး ဟုဖြစ်သည် ။
လင်းနို့ခေါင်းဆောင်က မြေပေါ်က စိတ်ရှုပ်စရာ ဖြစ်လာတဲ့ မီးသလင်းကျောက် အပိုင်းအစများကို သူ့အတောင်ပံကိုတဖျတ်ဖျတ်ခတ်ကာ ရိုက်ခတ်လိုက်ပြီး မည်သူကမှသူဘာတွေးနေသလဲကိုမသိပေ။ ကျောက်ပိုင်းအစများကို ခေတ္တမျှကြည့်ကာ သူ့အတောင်ပံကိုဖြန့်ပြီး အဝေးကိုပျံထွက်ကာ ရှောက်ရွှမ်နဲ့အခြားသူများရှေ့မှပျောက်ကွယ်သွားသည် ။
လင်းနို့ခေါင်းဆောင်ထွက်သွားသောအခါ လေထုကတစ်ဖန်သန့်စင်လာသည်ကို ရှောက်ရွှမ်ခံစားလိုက်မိသည် ။ လင်းနို့ခေါင်းဆောင်ကိုတော့ သူတို့ဖိအားတွေလျော့သွားသည် ဟုခံစားရသည် ။
“ ထွက်သွားပြီပဲ “
ကွေ့ဟယ်ကလာရင်းပြောသည် ။
ထာ့လည်းရောက်လာပြီး မီးသလင်းကျောက်ကိုကိုင်ကာ အော့လက်ထဲကိုထည့်ပေးလိုက်ပြီး ပြောသည် ။
“ ကျွန်တော်ဒီနေရာကကောက်လာတာ “
ထာ့စကားမဆုံးခင်မှာ အော့က သူ့လက်ထဲကမီးသလင်းကျောက်ကိုဆွဲယူလိုက်ပြီး အဝေးသို့လွှတ်ပစ်လိုက်သည် ။
ထာ့ “...”
“ ငါတို့ ဒီနေရာကမီးသလင်းကျောက်တွေကို လက်လျှော့လိုက်တာကောင်းမယ် “
အော့ကပြောသည် ။
“ ဘာလို့လဲ “
ထာ့နဲ့ကွေ့ဟယ်က စိတ်ရှုပ်သွားသည် ။ ဒီမှာမီးသလင်းကျောက်များအများကြီးရှိသည် ။
“ လင်းနို့ခေါင်းဆောင်ကြီးသာ ဒါကိုသိသွားရင် ငါတို့ဒီကနေတစ်ခုမှာယူခွင့်ပြုမှာမဟုတ်ဘူး။ အဲလိုမဟုတ်ရင် ငါတို့နောက်ကိုလိုက်လာပြီးသတ်မှာကို ငါကြောက်တယ် “
၎င်းက အလွန်စွမ်းအားကြီးသောသားရဲများဖြစ်လျှင် သူတို့မနိုင်နိုင်လျှင်တောင်မှ အော့က စွန့်စားကာ ဒီကနေမီးသလင်းကျောက်များကို အဝေးသို့ယူသွားလိုက်မည် ။ သို့ပေမယ့် သားရဲဘုရင်ဖြစ်လာတဲ့ အကောင်ကြီး ဖြစ်သည် ။ ထို့ကြောင့်သူတို့လုံးဝ ရှုံးနိမ့်လိမ့်မည် ။
သူတို့သာဒီလိုအကောင်ကြီး နောက်ကလိုက်ခြင်းခံရလျှင် သူတို့အားလုံးအသတ်ခံရလိမ့်မည် ။ အော့က ဒီလိုမျိုးမစွန့်စားရဲပါပေ ။တောင်ပေါ်ကသားရဲများက လူတွေထင်ထားတာထက်ပိုပြီးဉာဏ်ကောင်းကြ
သည်။
“ ကျွန်တော်လည်း အကြီးအကဲနဲ့သဘောထား တူတယ် “
ရှောက်ရွှမ်က သူ့ရဲ့နာကျင်နေတဲ့လက်မောင်းကိုဖယ်လိုက်ပြီးပြောသည် ။
“ ဒီကမီးသလင်းကျောက်တွေအကုန်လုံးမှာ လင်းနို့တွေရဲ့အနံ့တွေရှိတယ်။ ကျွန်တော်တို့ မျိုးနွယ်စုကိုပြန်ယူသွားမယ်ဆိုရင် သူတို့နောက်ကလိုက်လာမှာပဲ “
ထာ့နဲ့ကွေ့ဟယ် ကအသံတိတ်သွားပြီး သူတို့ကအကြောင်းရင်းကိုသိကြသော်လည်း စိတ်ထဲမလိုလားပေ။
တိုက်ခိုက်ရင် ရှုံးလိမ့်မယ်။
ခိုးမလား သူတို့ခိုးလို့မရဘူး။
သူတို့လက်တကမ်းမှာ မီးသလင်း ကျောက်တွေအများကြီးရှိနေပြီး သူတို့ယူသွားလို့မပေ ။
မလိုလားချင်စရာကောင်းလှသည် ။