တွင်းတူးကြခြင်း
Vol. 15 Ch. 219
အဖွဲ့ခေါင်းဆောင်နှစ်ယောက် ထာ့နဲ့ကွေ့ဟယ်၊ အကြီးအကဲအော့တို့က တွေဝေကာ မျက်နှာအမူအရာများ ထူးဆန်းနေကြသည် ။ သူတို့ကမီးသလင်းကျောက်ရဲ့ဆွဲဆောင်မှုကို ကြိုးစား၍ခုခံနေရသည်။ သူတို့အမူအရာများကိုထိန်းသိမ်းကာ အော့ကပြောလိုက်သည်။
“ အပေါ်ကိုအရင်တက်ကြတာပေါ့ “
အကြီးအကဲကအမိန့်ပေးသည့်အတွက် တခြားသူများကမလိုက်နာချင်လျှင်တောင်မှ သူတို့လိုက်နာရပေမည် ။
ဧရာမတွင်းကြီးထဲကအပြင်ထွက်ချိန်မှာ ကောင်းကင်မှာ လ၂စင်းက အလင်းရောင်ပေးနေ ပြီး အားလုံးကအလင်းရောင်များဖြင့်ပတ်ဝန်းကျင်ကို မြင်နေရလေသည် ။
လရောင်ကြောင့် ပတ်ဝန်းကျင်ကအရာများကို အကုန်လုံးမြင်ရသော်လည်း သူတို့ကပုံမှန်အတိုင်း မီးတုတ်များ ထွန်းညှိထားဆဲဖြစ်သည် ။
“ အကြီးအကဲတွင်းထဲကထွက်လာပြီ “
“ ဟိုမှာအဖွဲ့ခေါင်းဆောင်တွေပဲ “
“ ရှောက်ရွှမ် မင်းအဆင်ပြေရဲ့လား “
တွင်းအပြင်မှာစောင့်နေတဲ့သူများက သူတို့ဆီကိုဝိုင်းလာကြသည် ။တွင်းထဲကိုဝင်တဲ့ လူရှစ်ယောက်အကြားမှာ ၇ယောက်ဟာ အကြီးတန်းစစ်သည်တော်များဖြစ်ပြီး တစ်ယောက်ကအလယ်တန်းစစ်သည်တော်ဖြစ်သည် ။ ၇ယောက်မှာ အပြင်းအထန်ဒဏ်ရာများရကြပြီး ဒဏ်ရာမရသည့် တစ်ယောက်တည်းသောသူမှာ ရှောက်ရွှမ်ဖြစ်သည် ။
တချို့လူတွေက အကြီးတန်းစစ်သည်တော်၇ယောက်က သူ့ကိုကာကွယ်ရတဲ့အတွက်ကြောင့် ဟုပြောကြပြီး အချို့ကတော့ အပြင်းအထန်ဒဏ်ရာရနေသည့်၇ယောက်က သူ့ကိုကာကွယ်နိုင်မည်ဟုမယုံကြည်ကြပေ။
သူတို့ ဇဝေဇဝါဖြစ်နေကြသော်လည်း အကြီးအကဲနဲ့အဖွဲ့ခေါင်းဆောင်က မကျေမနပ်ဖြစ်နေပုံရသည့်အတွက် သူတို့ကထိုအကြောင်းကိုမမေးရဲပါပေ ။
“ အဆင်မပြေခဲ့ဘူးထင်တယ် “
ခဲ့ခဲ့က ထွော်ကို တီးတိုးပြောသည် ။
အောက်ကိုဆင်းသွားတဲ့လူ၈ယောက်ထဲမှာ ၇ယောက်ကဒဏ်ရာရပြီး သူတို့ကမီးသလင်းကျောက်ကို
ပြန်ယူမလာနိုင်ခဲ့ပေ ။ ဒါသူတို့မအောင်မြင်ခဲ့ဘူးဆိုတာကို အထင်အရှားပြနေလေသည် ။
ဒီတစ်ခေါက်လူအများကြီးလာခဲ့ပြီး သူတို့အားလုံး တွင်းနားမှာစုဝေးနေကြသည်။
ကံကောင်းထောက်မစွာနဲ့ အနားက မြူခိုးများကြောင့် အခြားဘယ်သတ္တဝါမှဒီကိုမလာရဲပါ ပေ ။ သူတို့က အခြားသူများအတွက် သွေးစုပ်လင်းနို့များ မလာအောင်စောင့်ကြည့်ပေးဖို့လိုအပ်လေသည် ။ ထို့နောက် မနက်မိုးသောက်သည်အထိ သူတို့အခြားဘယ်အဆင့်မြင့်သားရဲမှာ အနားလာသည်ကိုမတွေ့ရပေ။
အန္တရာယ်ကြီးဆုံးတစ်ကောင်မှာ အခု တွင်းထဲမှာမရှိပေ။
“ ညရောက်နေပြီ ၊ အနားယူဖို့ဂူရှာရအောင် ၊ ဒါပေမဲ့ တောင်ပေါ်မှာ မြူခိုးတွေရှိနေတော့ တောင်အောက်
ကိုဆင်းရမယ် “
ကွေ့ဟယ်က ပြောလိုက်ပြီး ရှောက်ရွှမ်က ရုတ်တရက်ရပ်ကာ တခုခုစဉ်းစားနေသည်ကို တွေ့လိုက်ရသည် ။
“ ရှောက်ရွှမ် “
ရှောက်ရွှမ်က မော့ကြည့်လိုက်ပြီး ပတ်ပတ်လည်ကလူများကသူ့ကို ဇဝေဇဝါကြည့်နေသည်ကိုတွေ့ရသည် ။ သူကသူ့ခေါင်းကိုခါကာ ထူးခြားခြား ဘာမှမဖြစ်ကြောင်း ပြောလိုက်ပြီး သူတခုခုကိုတွေးနေလေသည် ။
“ ဘာတွေတွေးနေတာလဲ “
အော့ကမေးလိုက်သည်။
ရှောက်ရွှမ်ကတောင်ခြေကိုကြည့်ကာ တောင်ထိပ်က တွင်းကိုကြည့်လိုက်ပြီးပြောလိုက်သည်။
“ ကျွန်တော်တွေးနေတာပါ ၊ကျွန်တော်တို့ တွင်းထဲကနေ မတူးနိုင်ဘူးဆိုရင် ကျနော်တို့တောင်ခြေကနေ တူးလို့ရနိုင်မလားလို့လေ ၊ ဟုတ်တယ်မလား “
“ ဘာကိုပြောချင်တာလဲ “
ကွေ့ဟယ်က ပထမက တွေဝေသွားပြီး ထို့နောက်မှာ သူ့မျက်လုံးများ အရောင်လက်လာကာ ပြောလိုက်သည် ။
“ တူး မယ် “
တောင်ပေါ်က တွင်းတူးရာမှာတော်တဲ့သားရဲများကဲ့သို့ပင် သူတို့က ခပ်ဝေးဝေးနေရာကနေ တခြားနေရာကို တွင်းတူးပြီး ရောက်အောင် သွားနိုင်သည် ။ သူတို့ကထိပ်ကမတူးနိုင်ပေမဲ့ သူတို့တောင်ရဲ့အခြေကနေ တောင်ထဲကိုဝင်ဖို့ တွင်းတစ်တွင်းတူးဖို့နေရာရွေးနိုင်သေးသည် ။
အကယ်၍ဒါက မီးသလင်းကျောက်မိုင်းတွင်းဆိုလျှင် လင်းနို့ခေါင်းဆောင်မတူးထားရသေးသော မီးသလင်းကျောက်များလည်းရှိပေလိမ့်မည်။
“ ဟုတ်တယ် ၊ ငါတို့တွင်းတူးလို့ရတယ် “
သူတို့ကလက်မလျော့ချင်ခဲ့ကြရာ ယခုထိ တွန့်ဆုတ်နေခဲ့တဲ့ အကြီးအကဲနဲ့အဖွဲ့ခေါင်းဆောင်များက ဒီအကြံဟာကောင်းတယ်လို့တွေးကြသည် ။
လူတွေကို အော့က တောင်အောက်ကိုဦးဆောင်ဆင်းလိုက်ပြီး သင့်တော်တဲ့နေရာတစ်ခုကိုရှာလိုက်ကာ ပြောလေသည် ။
“ ဒီက စတူးကြ “
ဒီနေရာမှာမြူခိုးမဲများမရှိလေရာ လင်းနို့
ခေါင်းဆောင်ကဒီနေရာကို ဂရုစိုက်နေမည်မဟုတ်ပေ ။ သူတို့ဒီနေရာကနေလုံလုံခြုံခြုံ တွင်းတူးနိုင်သည် ။
“ အဖွဲ့နှစ်ဖွဲ့ ၊ ထာ့နဲ့ကွေ့ဟယ် ဦးဆောင်ပြီး မင်းတို့လူတွေနဲ့အလှည့်ကျတူးကြ “ အော့က
သူတို့ကိုတာဝန်များပေးလိုက်သည် ။
“ ဟုတ်ကဲ့ “
မျှော်လင့်ချက်နဲ့ ထာ့နဲ့ကွေ့ဟယ်က နောင်တရသည်ဟုမခံစားရတော့ဘဲ စိတ်တည်ငြိမ်အေးချမ်းလာသည် ။ ယခုဆိုလျှင် စွမ်းအင် များအပြည့်နဲ့ သူတို့ဒဏ်ရာများကိုပင်ဂရုမစိုက်တော့ဘဲ သူတို့က တောင်ခြေကတွင်း၏အောက်ခြေကို ရောက်မည့်တွင်းကြီးတစ်တွင်းကို အမြန်အဆန် တူးချင်ကြသည် ။
“ ဆီဆာကိုကူညီခိုင်းရအောင် ၊ သူကတွင်းတူးတဲ့နေရာမှာတော်တယ် “
ရှောက်ရွှမ်က ပြောလေသည် ။
ဆီဆာမှာ သန်မာသောအားနဲ့ လက်သည်းများရှိသည် ။ သိပ်မကြာမီ အော့ရွေးထားတဲ့နေရာအောက်မှာ သူတို့ကဒေါင်လိုက် တွင်းတတွင်းတူးကြလေသည် ။ထို့နောက် တွင်းထဲမှာ သူတို့ကဧရာမတွင်းကြီးဘက်သို့ ဦးတည်ပြီး တော့ဆက်လက်တူးကြသည် ။
ဆီဆာက ထိုလမ်းကြောင်းအတိုင်းတူးနေချိန်မှာ အခြားသူများက တွင်းကိုနက်နေအောင်ပိုတူးကြသည် ။ သူတို့ကလှေကားများလုပ်လို့ရအောင် သူတို့ပတ်ပတ်လည်ကမြေကြီးများကို သိပ်သည်းသွားအောင်လုပ်နေသည် ။
ဆီဆာက အပြင်ကိုထုတ်ပစ်ရမည့် မြေကြီးနှင့်ကျောက်တုံးများကိုတူးထုတ်ပေးသည် ။
“ ရှောက်ရွှမ် ၊ မင်းအခုနားလိုက်ပါအုံး ၊ သူတို့ကူညီနိုင်ပါတယ် “
အော့က ရှောက်ရွှမ်ကို ပြောလိုက်သည်။
လူ၈ယောက်ထဲမှာ ရှောက်ရွှမ်ကသာ ဒဏ်ရာမရသူဖြစ်သော်လည်း သူက သူတို့ထက် ပိုပြီးစွမ်းအင်တွေသုံးလိုက်ရမှန်းကို အော့တွေးလိုက်မိသည် ။ မီးသလင်းကျောက်ကနေ စွမ်းအင်တွေထွက်ဖို့လုပ်ရတာ အလွန်အင်အားကုန်နိုင်ပေသည် ။
ဆီဆာလုပ်နေတာကိုမြင်ရပြီး ရှောက်ရွှမ်ကမငြင်းတော့ဘဲ ပြောလိုက်သည်။
“ ကောင်းပါပြီ ၊ ခဏတစ်ရေးအိပ်လိုက်ပါဦးမယ် ၊
လိုအပ်ရင်ခေါ်လိုက်ပါ “
“ ကောင်းပြီ ၊ မပူပါနဲ့ သွားအိပ်ချေ ၊
လင်းနို့ခေါင်းဆောင်ကြီးက အစာရှာထွက်သွားလောက်တာထင်တယ် ၊ ခဏတော့ ပြန်လာမှာမဟုတ်လောက်သေးဘူး။
ငါတို့ကသူ့ဘက်ခြမ်းမှာမဟုတ်တော့ ဘေးကင်းလောက်ပါတယ် “
အော့ကပြောသည် ။
ရှောက်ရွှမ်က တကယ်အလွန်အိပ်ချင်နေသည် ။
ပြီးတော့သူကအဝေးကိုထွက်သွားလိုက်ပြီး တွင်းနံရံပေါ်မှာမှီတာ မျက်လုံးများကိုမှိတ်လိုက်သည်။
သူကခဏတဖြုတ်မှေးချင်သော်လည်း သူ့မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကောင်းကင်က မိုးစင်စင်လင်းနေသည် ။ သူမနေ့ကစွမ်းအင်အများကြီးသုံးလို့ရသည့်အတွက် ညကသူ့အတော်လေးအိပ်မောကျသွားသည် ။ သူက သူ့ပတ်ဝန်းကျင်ကနေ လှုပ်ရှားမှု
များကိုမခံစားရဘဲ သီးသန့်ဖြစ်နေသလိုခံစားရသည် ။
သူရခဲ့တဲ့ ပင်ပန်းမှုများနဲ့နာကျင်မှုများမှာ ပျောက်ကွယ်သွားပြီး သူပြန်လည်လန်းဆန်းလာသည် ။
သူမျက်လုံးများကိုဖွင့်လိုက်သည့်အခါ နေရောင်ကသူ့မျက်လုံးထဲကိုစူးရှနေပြီး သူမထိန်းနိုင်လဲ မျက်စိပြန်ပိတ်လိုက်မိသည် ။ သူ့မျက်လုံးများကိုဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်သောအခါ ချက်ချင်းဆိုသလို တခုခုမှားနေသည်ကိုခံစားရသည် ။
ပတ်ဝန်းကျင်က ပုံမှန်မဟုတ်ဘဲ အတော်လေးတိတ်ဆိတ်နေသည် ။တူးနေသည့်အသံများ ၊ ဆွေးနွေးကြသံများ ၊ခြေသံများကိုပင်မကြားရပေ ။
တောထဲမှာမီးလောင်နေပြီး ထိုအသံများကို မနက်အစောပိုင်းထဲကပင် သစ်တောထဲကရှင်းရှင်းလင်းကြားနေကြရသည် ။
သူပတ်ပတ်လည်မှာ အသားကင်အနံ့များရှိသော်လည်း ဒီနေရာမှာ ရှင်းလင်းနေသည်။
ဆီဆာနဲ့ချာချာအပါအဝင် အားလုံးကဒီနေရာမှာရှိနေပြီး ရှောက်ရွှမ်ကသူတို့ ထွက်သွားသည်ကို မခံစားရပေ ။ သို့သော်လည်း မည်သူကမှ ဘာအသံမှမထွက်ကြချေ ။
သူတို့အသက်ရှူသံများကို အကဲခတ်ကြည့်လျှင် သူတို့အေးအေးဆေးဆေးမဟုတ်ပဲ အတော်ပြင်းပြင်းထန်ထန် စိတ်တုန်လှုပ်နေကြောင်းခံစားမိသည် ။
အသက်ရှူသည့်ကြိမ်နှုန်းမှာ ပုံမှန်မဟုတ်ဘဲ သူတို့ရန်သူနဲ့ရင်ဆိုင်နေရသည့်အတွက် အသက်မရှုရဲဖြစ်နေပုံရသည် ။
ရန်သူနဲ့ ရင်ဆိုင်နေရတယ်၊
စူးရှတဲ့နေရောင်ကို ရှောက်ရွှမ်လစ်လျူရှုလိုက်ပြီး သူ့မျက်လုံးကိုဖွင့်လိုက်သည်။
သူ့ကိုတစ်ခုခုလာထိနေသည်ဟုခံစားရပြီး သူတစ်ဖက်ကိုလှည့်ကြည့်လိုက်သောအခါ ထူးဆန်းတဲ့နှာခေါင်းအကြီးကြီးကိုမြင်လိုက်ရသည်။
သောက်ကျိုးနည်း
ရှောက်ရွှမ်ရုတ်တရက်သတိလစ်တော့မလိုဖြစ်သွားသည် ။ လင်းနို့ခေါင်းဆောင်ကြီးက တွင်းနံရံမှာ သူ့ကိုယ်သူ ဇောက်ထိုး တွဲလောင်းချနေသည် ။ သူ့ကိုယ်သူဘာအလေးချိန်မှာမရှိသလို နေရာမှာတွဲလောင်းချနေပြီး ခေါင်းကတော့ ရှောက်ရွှမ် ဘေးမှာဖြစ်သည် ။
သူအနားက တွင်းအဆုံးပေါ်မှာရပ်ရင်း ချာချာလည်ပင်းအမွှေးများ ထောင်ထနေပြီး ဆီဆာလည်း
ထိုအတိုင်းပင်ဖြစ်သည် ။ သူကသွားဖြဲနေကာ အချိန်မရွေးတိုက်ခိုက်တော့မည်အတိုင်း သူ့ကိုယ်ခန္ဓာကတောင့်တင်းနေသည် ။
တူးနေသည့်သူများ ၊ အသားကင်နေသည့်သူများ ၊ ရေသောက်နေသည့်သူများ အားလုံးကသူတို့လုပ်ဆောင်မှုများကို ရပ်တန့်နေလိုက်ကြသည် ။
အသားကိုတုတ်ချောင်းနဲ့ထိုးကင်နေသူက သူ့အသားလောင်သွားတာကိုပင် ဂရုမစိုက်တော့ပေ။ ရေသောက်နေသည့်သူများက သူတို့ရေကရားများကိုလွှင့်ပစ်ကာ ရေသန့်များ ကို့ရို့ကားယားအိုးထဲက စီးကျလာသည်ကိုတွေ့ကြည့်နေကြသည် ။
အားလုံးက သူတို့လက်ထဲမှာ ကျောက်တူ၊ ဓား ၊ ရဲတင်း နဲ့အခြားကိရိယာများကို ကိုင်ထားကြသည် ။ ဒီနေရာမှာမထင်ထားဘဲ ပေါ်လာတဲ့သတ္တဝါကြီးကို သူတို့က ကြောက်ကြောက်ရွံ့ရွံ့ကြည့်နေကြသည် ။ သူတို့ယခုဒီဘာမှမလှုပ်ရှားရသေးခြင်းမှာ
အကြီးအကဲကသူတို့ကို စိတ်လိုက်မာန်ပါမလုပ်ဖို့ပြောထားခြင်းကြောင့်ဖြစ်သည် ။
လင်းနို့ခေါင်းဆောင်ကြီး ဒီမှာပေါ်လာတာကိုမြင်ရတာ အော့ဘယ်လောက်ထိတ်လန့်သွားလဲကို မည်သူကမှသိမည်မဟုတ်ပေ ။အော့ကရေသောက်နေပြီး တစ်ဖက်ကိုလှည့်လိုက်သောအခါ ထိုနေရာမှာ အသံတိတ် လင်းနို့ခေါင်းဆောင်ကြီးတွဲလောင်းကျနေသည်ကို မြင်လိုက်ရခြင်းက အော့ပင် သူ့ရဲ့ရေကရားကိုကြောက်လန့်ပြီး အဝေးကိုလွှင့်ပစ်မိသည် ။
လင်းနို့ခေါင်းဆောင်ကြီး၏တိုက်ခိုက်တာခံထားရတဲ့ ထာ့၊ကွေ့ဟယ်၊ တိုက် နဲ့ သူတို့အပါအဝင် အားလုံးက သူတို့ ထိုမြင်ကွင်းကိုမြင်ရသည့်အခါ ကြောက်ရွံ့သွားကြလေသည် ။ သူတို့အားလုံးရဲ့ဆံပင်များ ကြက်သီးမွေးညှင်းထသွားလေသည် ။ထိုအခိုက်အတန့်တွင် အားလုံးက သူတို့၏ပုံမှန်မျက်နှာအမူအရာများကို ထိန်းချုပ်၍ထားရသည် ။
သူတို့မျက်နှာကြွက်သားများရှုံ့မဲ့သွားသာ သူတို့နဖူးမှာ ၊ လက်မောင်းပေါ်မှာ ချွေးသီးချွေးပေါက်များကျနေပြီး အားလုံးက တော့စိတ်တင်း ကြပ်နေမှုကိုပြသသည် ။ အခြေအနေကလည်း အတော်လေး တင်းမာလာသည် ။