← Chapters

မီးသလင်းကျောက်အတွက် သည်းခံရမည်

Vol. 15 Ch. 220

မီးသလင်းကျောက်အတွက် သည်းခံရမည်

Vol. 15 Ch. 220

ရှောက်ရွှမ်က သူဘေးကလင်းနို့ခေါင်းဆောင်ကြီးကို ကြည့်နေလိုက်သည်။ သူကခဏလောက်အသံတိတ်နေပြီနောက် မတ်တပ်ထရပ်လိုက်သည် ။

ရှောက်ရွှမ်လှုပ်ရှားမှုများက ပတ်ဝန်းကျင်ကသူများကို ပိုပြီးတင်းမာကာ အေးစက်စက်ဖြစ်သွားပြီး အသက်ရှူပင်ခက်ခဲလာကြသည် ။

အားလုံးက ခဏအတွင်းမှာ ဇောက်ထိုးဖြစ်နေတဲ့လင်းနို့ခေါင်းဆောင်ကြီး ရုတ်တရက်တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည် ။ ထိုအကောင်ကြီးက သူတို့အရင်ကအမဲလိုက်ဖူးတဲ့သားရဲများနဲ့ကွဲပြားလေသည် ။ ပြောရလျှင် သူ့အမြင်မှာ သူတို့ကသာသားကောင်များဖြစ်သည်။

ရှောက်ရွှမ် မတ်တပ်ရပ်ပြီးနောက် လင်းနို့

ခေါင်းဆောင်က သူ့ခေါင်းကိုအနည်းငယ်လှုပ်ရှားလိုက်သည်။ သူ့ပုံစံက ပတ်ဝန်းကျင်ကတင်းမာနေတဲ့လေထုကို ဂရုမစိုက်ဘဲ အလွန်အေးအေးဆေးဆေးဖြစ်နေလေသည် ။

ဒီအကောင်ကြီးကိုမြင်ရတာ သူ့ကိုရုတ်တရက်လန့်သွားစေသော်လည်း ထိတ်လန့်သွားချင်တော့မဟုတ်ပေ ။ သူကအခုမှနိုးလာခါစ ဖြစ်သည့်အတွက်ခဏမျှလန့်သွားစေသည် ။ မျက်လုံးဖွင့်ဖွင့်ချင်းမှာ ထိုသို့မြင်ကွင်းမျိုးကိုမြင်ရသူတိုင်း မည်သူမဆိုကြောက်ရွံ့သွားပေလိမ့်မည် ။

သူက မီးသလင်းကျောက်တွေကိုပိုလိုချင်နေပေမယ့် ရှောက်ရွှမ်ကသူနဲ့အတူယူလာတဲ့ ကျောက်တစ်ခုကပျောက်သွားလေပြီး အခုသူ့အိတ်ထဲမှာ ဘာမှမရှိပေ။ အကယ်၍ လင်းနို့ကြီး ထသောင်းကျန်းလျှင် သူလည်း သူ့ကိုရပ်တန့်နိုင်မည်မဟုတ်ပေ။

သူထိုအကြောင်းတွေးနေချိန်မှာ လင်းနို့ ခေါင်းဆောင်ကရုတ်တရက်လှုပ်ရှားလာသည် ။

သူက သူ့အတောင်ပံကိုတဖျတ်ဖျတ်ခတ်ကာ ဇောက်ထိုးဖြစ်နေတဲ့သူ့ပုံစံကို ပြင်လိုက်ပြီး ထပျံသွားသည် ။

အတောင်ပံခတ်လိုက်သောကြောင့်ဖြစ်လာသောလေများက မီးကိုပိုတောက်လာစေသည် ။ အားလုံးကနောက်တဖန် သူတို့ပေါက်ကွဲထွက်တော့မည့်အလား တင်းမာလာကြသည် ။

သို့သော်လည်း တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေသောလူအုပ် ၊ တွင်းရဲ့အဆုံးဘက်မှာ ရပ်နေသောချာချာ ၊ တိုက်ခိုက်ဖို့မာန်ဖီနေတဲ့ဆီဆာတို့ကို ပျံနေတဲ့လင်းနို့က မကြောက်ပါပေ ။ သူ့အနားက လူများကို သူကတချက်ပင်လှည့်မကြည့်ချေ ။ သူကသူ့တောင်ပံကိုတဖျတ်ဖျတ်ခတ်လိုက်ပြီး မိုးကြိုးကဲ့သို့အနက်ရောင်အရိပ်ကြီးက ပေါ်လာကာ ရုတ်တရက်ပျောက်သွားလေသည် ။ တချိန်တည်းမှာပဲ ပထမက အဲ့ဒီနေရာမှာရပ်နေတဲ့ ရှောက်ရွှမ်လည်းပျောက်သွားလေသည် ။

ချာချာကအော်ဟစ်ကာ နောက်ကို လိုက်ပြီး ဆီဆာကလည်းလိုက်လာသည် ။

“ မင်းတို့အားလုံးဒီမှာစောင့်နေ ၊ ငါသွားကြည့်လိုက်ဦးမယ် “

အကြီးအကဲကလည်း ဧရာမ တွင်းကြီးဆီသို့ သွားလေသည် ။

မနေ့က အကြီးတန်းစစ်သည်တော်၇ယောက်နှင့် တွင်းထဲမှာတိုက်ကြသည့်တိုက်ပွဲတွင် အော့ကဒဏ်ရာအနည်းဆုံးရသူဖြစ်သည် ။ ကွေ့ဟယ်နဲ့တိုက်က ဆိုးဆိုးဝါးဝါး ဒဏ်ရသည့်အတွက်သူတို့ကပြန်လည်ကုစားနေရသည်။ သူတို့ကဒီနေရာကိုထပ်မသွားသင့်ပေ ။ မဟုတ်ပါက သူတို့ဒဏ်ရာများပို့ရလာလိမ့်မည်။ ပြောရရင် သူတို့က အကောင်ကြီးနဲ့ရင်ဆိုင်ဖို့လည်း လုံလောက်အောင် အားမကောင်းပါပေ ။

အော့ ဧရာမတွင်းကြီးကိုရောက်သောအခါ ရှောက်ရွှမ်ကလည်းတွင်းကြီးထဲကို တစ်ခါထပ်ခေါ်သွားခံရသည် ။ လင်းနို့ခေါင်းဆောင်ကြီးက သူ့အားကိုထိန်းထားသော်လည်း သူ၏ချွန်ထက်လှသောလက်သည်းနှစ်ချောင်းက သူ့သားရေအပေါ်ထပ်ကို ဖောက်ထွင်းနေသည် ။

ရှောက်ရွှမ်က လင်းယုန်တောင်နားက ရခဲ့တဲ့အင်းဆက်အရေခွံနဲ့ သူအင်္ကျီကိုပြုလုပ်ထားသည့်အတွက် သူက ဒဏ်ရာတော့ရမသွားပေ။ သို့သော်လည်း ခွန်အားကြီးလှသောကြောင့် သူ့ကိုနာကျင်နေစေသည် ။သို့သော်လည်း သူအရိုးများမကျိုးသလို အသားလည်း ခြစ်ရာကုတ်ရာမရှိဘဲ သွေးလည်းမထွက်ပေ။

လင်းနို့ခေါင်းဆောင်ကာ တွင်းအောက်ခြေကိုပျံသွားကာ သူလက်သည်းကိုဖွင့်လိုက်ပြီး ရှောက်ရွှမ်ကတော့ အရှိန်ကြောင့် အရှေ့ကိုလဲကျသွားသည် ။ သူသာလျှင် မြန်မြန်မတုံ့ပြန်လျှင် သူကလင်းနို့အညစ်အကြေးများနဲ့ မြေဆွေးများရောနေသော မြေကြီးပေါ်ကို ကျသွားနိုင်သည် ။

အကောင်ကြီးက ရှောက်ရွှမ်မှာ မီးသလင်းကျောက်များ မရှိတော့သည်ကိုသိပုံရသည် ။ လင်းနို့ခေါင်းဆောင်ကြီးက ခေါ်လာပြီးသည့်နောက် ပြီးတော့သူကအနားမှာခဏလောက်ပတ်လျှောက်နေသည် ။ ခေါက်ထားတဲ့အတောင်ပံများနဲ့ လှုပ်ရှားလိုက်ကာ မြေကြီးထဲကနေ မီးသလင်းကျောက်အပိုင်းလေးတူးထုတ်လိုက်ပြီးရှောက်ရွှမ်ကိုပစ်ပေးလိုက်သည် ။

သူ့ဆီကိုပစ်လိုက်သောမီးသလင်းကျောက်မှာ ကျည်ဆံနဲ့တူနေလေသည် ။ ရှောက်ရွှမ်ကတိုက်ရိုက်မဖမ်းလိုက်ဘဲ တစ်ဖက်ကိုလှည့်ကာရှောင်လိုက်သည်။ သူကတိုက်ရိုက်ဖမ်းလိုက်လျှင် သူလက်ဖဝါးပေါက်ထွက်သွားနိုင်ပြီး သူလက်ကောက်ဝတ်အရိုးများလည်း ကျိုးသွားနိုင်သည် ။ မီးသလင်းကျောက်အပြင် လင်းနို့ခေါင်းဆောင်ကြီးက မြေဆွေးများနဲ့ လင်းနို့ချေးများကိုပါ ရောပစ်လိုက်လေရာ ရှောက်ရွှမ် ရှောင်လိုက်ရသည်။

မီးသလင်းကျောက်လေးကို တွင်းနံရံဆီ ပစ်ပြီးနောက် ရှောက်ရွှမ် ကအဲဒီကိုသွားပြီးတူးထုတ်လိုက်ရသည် ။

သူရှောင်လိုက်ခြင်းက လင်းနို့ခေါင်းဆောင်ကြီးကို အတော်လေးဒေါသထွက်သွားစေသည် ။ သူနှာခေါင်းပေါက်မှ အနက်ရောင်မီးခိုးလုံးများထွက်လာပြီး သူ့ပါးစပ်မှလည်း စူးရှတဲ့အသံကို အရင်ကထက်ပိုပြီး ကျယ်လောင်လာလေသည် ။

ရှောက်ရွှမ်က သူ့လက်ထဲက မနေ့ကသူကိုင်ခဲ့တဲ့တစ်ခုနဲ့ အရွယ်အစားတူတဲ့ မီးသလင်းကျောက်ကို ကြည့်နေလိုက်သည် ။ သို့ပေမယ့် သူနဲ့အတူယူသွားတဲ့တစ်ခုနဲ့မတူဘဲ ဒီတစ်ခုအထဲက စွမ်းအင်များကတော့ မစုပ်ယူရသေးပေ ။ ထိုထဲကအစွမ်းကုန်သွားဖို့ သူ့အတွက်နေ့တဝက်လောက်ကြာသည် ။ သို့ပေမယ့် ဒီတစ်ခုကအစွမ်းကိုတော့ နေ့တစ်ဝက်ထက်ပိုပြီး အချိန်သုံးလိုက်ရသည်။ သူ့စွမ်းရည်ကအလွန်တိုးတက်လာလျှင်တောင်မှပဲ ဒီတစ်ခုတည်းကစွမ်းအင်ပမာဏအကုန်လုံးကို သူအချိန်တိုအတွင်းမ

ဆုတ်ယူနိုင်ပေ ။

ညမရောက်ခင်အထိ စွမ်းအင်အကုန်လုံးကိုသူမစုပ်ယူနိုင်ပေ ။

ဧရာမတွင်းကြီးရဲ့အပေါ်ဘက်မှာ ချာချာနဲ့ဆီဆာ၏အသံများထွက်လာသည် ။

သူတို့ဒီကိုရောက်လာကြပြီ ။

လင်းနို့ခေါင်းဆောင်ကြီးက ချာချာကို ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ လည်ပင်းချိုးပစ်နိုင်ပြီး ဆီဆာကိုလည်းအလွယ်လေးသတ်ပစ်နိုင်သည် ။

လင်းနို့ကြီးမလှုပ်ရှားခင်မှာ ရှောက်ရွှမ်က ပါးစပ်ထဲကိုလက်ချောင်းထည့်ကာ လေချွန်လိုက်ပြီး သူအန္တရာယ်ကင်းပြီး သူတို့ဒီကိုမလာသင့်ကြောင်းကို အချက်ပေးလိုက်သည် ။

တွင်းအပေါ်ကအသံများလှုပ်ရှားမှုများကိုနားထောင်ကြည့်ရင်း ဆီဆာနဲ့ချာချာ အောက်ကိုဆင်းမလာတာကို အတည်ပြုလိုက်သည်။ ရှောက်ရွှမ်ကမီးသလင်းကျောက်ကိုလောင်ကျွမ်းစေဖို့ သူ့ခန္ဓာကိုယ်ထဲကစွမ်းအင်ကို စတင်ပြီးချက်ချင်းနှိုးထလိုက်သည် ။ သူ့အထူးအမြင်စွမ်းအင်မှာ သူက သူ့လက်ဖဝါးထဲကမီးသလင်းကျောက်ကနေထွက်လာတဲ့ စွမ်းအင်စီးကြောင်းများကို မြင်နိုင်လေသည် ။ အချို့အနီရောင်စီးကြောင်းလေးများက သူ့ဆီကိုရောက်လာပြီး ကျန်တဲ့ဟာများကတော့ လင်းနို့ခေါင်းဆောင်ဆီ စီးသွားလေသည် ။

အစက လင်းနို့ခေါင်းဆောင်က သူနဲ့ဆယ်မီတာအကွာမှာရှိသော်လည်း စွမ်းအင်ကိုခံစားမိသည့်အခါ သူ့အနားကိုပိုကပ်လာသည် ။ သူ့အရှေ့မှာ သားကောင်ဘုရင်တစ်ပိုင်းရပ်နေတာမြင်ရတဲ့အတွက် ရှောက်ရွှမ် တောင့်တင်းသွားသည် ။

ရှောက်ရွှမ်က ပတ်ပတ်လည်ကိုကြည့်ကာ အရှုပ်အထွေးတွေကြားထဲက တွင်းအောက်ခြေကို

မြင်လိုက်ရသည် ။ အညစ်အကြေးများကိုနေရာတိုင်းမှာတွေ့နိုင်ပြီး မနေ့ကနဲ့ကွာသွားတာတခုကတော့ အမွှေးရှည်ဆင်ကြီးအလောင်း ဒီမှာရှိနေခြင်းဖြစ်သည် ။ ဒါမနေ့ညကသူပြန်ယူလာတဲ့အစာဖြစ်နိုင်သည်။ သူ့ထက်အဆမတန်ကြီးမားတဲ့ ဆင်ကြီးကိုဘယ်လိုသယ်လာသလဲဆိုတာကတော့ မှန်းဆကြည့်ဖို့ပင် ခက်ခဲလေသည် ။

အမွှေးရှည်ဆင်ကြီးများက အားကြီးကာ အကောင်ကြီးလှသည် ။ သို့ပေမယ့် သူ့ကိုယ်လုံးကြီးက ခြောက်သွေ့နေပြီး ဒီမှာအပစ်ခံထားရသည်။ သူ့အရိုးတွေကထင်းနေပြီး ကြီးမားတဲ့အစွယ်ကြီးနှစ်ခုကလည်း အလွန်အာရုံဖမ်းစားချင်စရာဖြစ်နေသည်။ သို့ပေမယ့် လင်းနို့ခေါင်းဆောင်ကြီးက အစွယ်များ၊အရိုးများကို လုံးဝအာရုံမရှိပေ ။ အသေကောင်များကခြောက်သွေ့နေပြီး သူတို့အရိုးများနဲ့အစွယ်များမှာ ဒီနေရာတွင်ကျန်ခဲ့သေးသည် ။

အော့တွင်းကြီးထဲကို မြန်မြန်ရောက်လာသောအခါ ချာချာနဲ့ဆီဆာကလည်း တွင်းပတ်ပတ်လည်တွင်

အော်ဟစ်နေကြသည် ။ သူတို့အောက်ကိုဆင်းမသွားကြပေ။ အော့က သူမနေ့ကအောက်ကိုချထားတဲ့ ကြိမ်ကြိုးနဲ့အောက်ကိုဆင်းသွားပြီးနောက် အောက်ခြေကိုလျှောဆင်းသွားပြီး ထိုအခြေအနေကိုမြင်လေသည် ။

သူကကြောက်ရွံ့နေသော်လည်း ရှောက်ရွှမ် ဒဏ်ရာမရသည်ကိုမြင်သောအခါ သူအနည်းငယ်တော့စိတ်ချသွားသည် ။ သူ မနက်အစောပိုင်းက အတော်လေး ဘာမှမတတ်နိုင်သည့်ခံစားချက်မျိုးရပြီး သူကြောက်ရွံ့ကာ ယခုထိစိတ်မငြိမ်သေးပေ ။ ရှောက်ရွှမ်က အော့တွင်းအောက်ခြေကို ဆင်းလာတာမြင်လိုက်သည်။ ရှောက်ရွှမ်က ခြေရာလက်ဟန်နဲ့ သူအဆင်ပြေကြောင်း ပြောသည် ။

ရှောက်ရွှမ်က အော့ရဲ့လှုပ်ရှားမှုများကို သတိထားမိကတည်းက လင်းနို့ခေါင်းဆောင်ကလည်း သတိထားမိလေသည် ။ သို့ပေမယ့်သူက အာရုံမစိုက်ပေ။ ထိုအချိန်မှာ သူကမီးသလင်းကျောက်ကနေ ဘယ်လိုစွမ်းအင်စုပ်ယူရမလဲကိုသာ အာရုံစိုက်ထားလေသည် ။ သို့သော်လည်း အကယ်၍ အော့ကသာ မီး

သလင်းကျောက်အပိုင်းကိုဒီကယူလျှင် သူကအေးအေးဆေးဆေးနေမည်မဟုတ်ဘဲ အော့ကိုတန်းပြီးသတ်ပစ်လိမ့်မည်။

အော့ကမီးသလင်းကျောက်လေးကို မယူရဲပါ ။ ရှောက်ရွှမ်အဆင်ပြေတာကို အတည်ပြုပြီးသည့်နောက် သူကဘာမှမလုပ်တော့ဘဲ မတော်တဆများတခုကိုဖြစ်လျှင် ရှောက်ရွှမ်ကိုကူညီပေးဖို့ ဒီမှာဆက်နေနေသည် ။

ခဏကြာပြီးနောက် ထာ့လည်းဆင်းလာသည် ။ သူက ဆီဆာ ၊ချာချာနဲ့ အော့တို့ပြန်မလာတဲ့အတွက်ကြောင့် လိုက်လာခြင်းဖြစ်သည် ။ သူကဒီက အခြေနေကိုလာပြီးလေ့လာခြင်းဖြစ်သည် ။

“ မင်းအရင်ပြန် ၊ အားလုံးကိုဦးဆောင်ထားလိုက်

ငါဒီမှာနေခဲ့ဦးမယ် “ အော့က ထာ့ကိုအသံနိမ့်ကာပြောလိုက်သည် ။

ထာ့က ရှောက်ရွှမ်နဲ့သူ့အဖေကိုကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး အော့ကိုလှံတစ်ချောင်းပေးကာ ပြောလိုက်သည် ။

“ ဂရုစိုက်ပါ “

ရှောက်ရွှမ်မျှော်လင့်ထားသလိုပင် မိုးလင်းမှသည် နောက်ဆုံးညရောက်သည့်အခါ မီးသလင်းကျောက်ကလေးက အသံတစ်ခုထွက်လာတာ ကွဲအက်သွားလေသည် ။

ကွဲအက်သွားတဲ့ မီးသလင်းကျောက်ကိုမြင်သည့်အခါ လင်းနို့ခေါင်းဆောင်ကြီးက ဒီမှာဆက်မနေတော့ပေ။ သူကအတောင်ပံကိုခတ်ပြီး တွင်းကြီးနဲ့အဝေးကို အစာရှာဖို့ပျံသွားလေသည် ။

ရှောက်ရွှမ်ကသက်ပြင်းချပြီး သူ့ဘေးမှာသူ့ကို

စောင့်ရှောက်ပေးတဲ့ အော့နဲ့အတူ တွင်းကြီးအထဲက အမြန်ထွက်လာလိုက်သည် ။

ရှောက်ရွှမ်က မီးသလင်းကျောက်ကစွမ်းအင်ကို ဆက်ပြီးစုပ်ယူနေသည့်အတွက် အဆင်ပြေပေမယ့် အော့ကမောပန်းနေသည် ။ သူ့မှာဆေးပင်အချို့ရှိသော်လည်း တွင်းကြီးထဲကမီးခိုးမဲများကြောင့် သူက အားနည်းနေသည် ။ ထိုနေရာကထွက်လာရခြင်းဟာ သူ့ကိုနေလို့ပိုကောင်းသွားစေသည်။

ရှောက်ရွှမ်က မနက်ကတည်းကဘာမှမစားရသေးဘဲ သူပင်ပန်းနွမ်းနယ်မှုနဲ့ အစာအိမ်ထဲမှာဘာမှမရှိသည့်အတွက် သူလည်းအော့ကဲ့သို့ အားနည်းနေပုံပေါက်လေသည် ။

အခြားသူများတူးနေတဲ့နေရာကို ပြန်သွားပြီးတဲ့နောက်မှာ သူကအသားပိုင်းအနည်းငယ်စားတာ ပင်ပင်ပန်းပန်းနဲ့အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့မှာလည်း ဤသို့ဆက်ဖြစ်လေသည်။ ဒီတကြိမ်မှာတော့ ရှောက်ရွှမ် မနိုးခင်ကပင် သူ့ကိုတန်းချီပြီး အဝေးသယ်သွားလေသည်။ အော့ကလည်း ထိုနည်းတိုင်းပင် ထပ်လုပ်သည်။ သူကအဲဒီကိုသွားပြီး သူ့ကိုစောင့်ရှောက်ပေးသည် ။ ထာ့နဲ့ကွေ့ဟယ်ကလည်း အခြားသူများထက် ပိုပြီးကြိုးစားလေသည် ။ သူတို့မီးသလင်းကျောက်များရသည့်အခါ သူတို့ထွက်သွားနိုင်ရန်အတွက် သူတို့တွင်းကိုမြန်မြန်တူးသင့်သည်ဟု တွေးကြလေသည် ။

တတိယမြောက်နေ့မှာ လင်းနို့ခေါင်းဆောင်ကြီး ရှောက်ရွှမ်ကိုခေါ်ပြီး ထွက်မသွားခင်မှာ ညမှာအစာရှာတဲ့ သားရဲများရန်ကနေကာကွယ်ဖို့ အစက သူတို့တူးထားတဲ့တွင်းပတ်ပတ်လည်မှာ ဆင်ထားတဲ့ထောင်ခြောက်ကို တယောက်ယောက်ကထိမိသွားသည့်အတွက်အားလုံးအလွန်စိတ်လှုပ်ရှားလာကြသည်။ သူတို့မှာ သေလောက်အောင် ကြောက်သွားသည် ။

ကျောက်မြားက လင်းနို့ခေါင်းဆောင်ကြီးကိုပစ်လိုက်ပြီး အသံတစ်ခုထွက်လာကာ သူ့အတောင်ပံကိုရိုက်ခတ်သွားသည်။၎င်းမှာ ကျောက်က သတ္တုကိုရိုက်မိသည့်အလားဖြစ်နေ၏။

ကျောက်မြားက မြေပေါ်ကိုကျသွားကာ လင်းနို့အတောင်ပံကတော့မထိခိုက်သွားပါပေ ။ သို့ပေမယ့်လေထုကတော့ ပိုတင်းမာလာသည် ။

မြားနဲ့ထိမိ သည့် လင်းနို့ခေါင်းဆောင်ကြီးကတော့ ဒဏ်ရာမရသွားပေ။ သို့ပေမယ့် သူ့ကိုရန်စသည်ဟုမြင်လေသည် ။ သူကနည်းနည်းဒေါသထွက်သွားပေမယ့် အနားကလူများကို ချက်ချင်းမသတ်သေးဘဲ သူက ထိုလူအုပ်တူးထားတဲ့တွင်းကြီးကိုကြည့်ကာ အော်ဟစ်လိုက်လေရာ တွင်းကြီး ပြိုကျသွားသည် ။ သူတို့၏၂ရက်တာကြိုးစားထားမှုက အလကားဖြစ်သွားသည် ။

အကြီးအကဲ အော့ နဲ့အဖွဲ့ခေါင်းဆောင်နှစ်ယောက်

လည်း တွင်းပြိုသွားတာကိုမြင်ရသည့်အခါ သူတို့မျက်နှာများဖျော့တော့သွားသည်။ အော့က တွင်းပြိုကျသွားတဲ့အနီးအနားပတ်ဝန်းကျင်ကို တစ်ချက်လောက်ကြည့်ဖို့သွားလိုက်သည်။ သူတို့ကမူလနေရာမှာဆက်မတူးနိုင်တော့ဘဲ တခြားနေရာမှာဆက်ပြီးတူးရတော့မည် ။

အလွန်ဒေါသထွက်စရာကောင်းသည် ။

သူတို့ဘယ်လောက်ပဲ ဒေါသထွက်နေနေ သူတို့ဘာမှမလုပ်နိုင်ဘဲ ဒေါသကို မျိုချလိုက်ရမည် ။ သူတို့က ထိုးနှက်၍လည်းမရသလို ဆူပူ၍လည်းမရပေ ။ သူတို့ ဒေါသမထွက်နိုင်သည့်အတွက် သူတို့ကြိတ်ခံစားနေရသည်။ ထိုအကောင်ကြီးကသူတို့ထက်စွမ်းအားကြီးသည်မှာ အမှန်တရားဖြစ်သည် ။

ကံကောင်းထောက်မစွာ လင်းနို့ခေါင်းဆောင်ကြီးက သူတို့ကိုတိုက်ရိုက် မတိုက်ခိုက်ခြင်းပင် ။ ဤကဲ့သို့ သော ဘုရင်အဆင့်နီးပါးရှိသည့်သားရဲသာ မျိုးနွယ်စုကိုလာလျှင် သူတို့ဘာမှတက်နိုင်တော့မည်မဟုတ်ပေ။

ကံကောင်းထောက်မစွာနဲ့ မျိုးနွယ်စုမှာ မီးမျိုးစေ့လည်းရှိလေရာ ၎င်းကထိုသို့သောသားရဲများကို သူတို့အဝေးမှာနေဖို့ပြုလုပ်ပေးသည် ။ သို့ပေမဲ့ ဒီသားရဲတွေကိုသူတို့ဘယ်လို အနိုင်ယူနိုင်ပါမည်နည်း ။

အော့စိတ်ပူနေတာကလည်း ဒါပင်ဖြစ်သည် ။

“ ကျွန်တော်တော့ လင်းနို့ခေါင်းဆောင်ကြီးက မီးသလင်းကျောက်ကနေ စွမ်းအင်တွေလိုချင်နေတာလို့ထင်တယ်။ ဒါပေမယ့် မျိုးနွယ်စုစစ်သည်တွေလိုပဲ အကန့်အသတ်ရှိပုံရတယ်။ သူက သူ့အကန့်အသတ်ကိုမရောက်သေးသရွေ့ စွမ်းအင်တွေကို မရပ်မနား စုပ်နေမှာပဲ “

ရှောက်ရွှမ်က ပြောလိုက်သည်။

“ ကောင်းပြီ ရှောက်ရွှမ် ၊ ငါတို့မင်းကိုအားကိုးနေ

မယ် “

အော့က အပြစ်မကင်းစိတ်နဲ့ပြောလေသည် ။ သူဒီကိုမလာခင်က နတ်ဆေးဆရာကို ရှောက်ရွှမ်အားကောင်းကောင်းကာကွယ်ပါမည်ဟုပြောခဲ့သည်။ သို့ပေမဲ့ ယခုကတော့...

“ အဆင်ပြေပါတယ် ၊ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော်ကိုထိခိုက်အောင်မှာမလုပ်တာ ၊ သူကမီးသလင်းကျောက်ကစွမ်းအင်ကိုစုပ်ယူချင်ရုံပါပဲ ၊ ပြီးတော့ သူသာကျေနပ်သွားမယ်ဆိုရင် အနာဂတ်မှာကျွန်တော်တို့ကိုကူညီနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ် “

ရှောက်ရွှမ်ကပြောသည် ။

အော့ သူ့ကို ရှောက်ရွှမ်ကနှစ်သိမ့်ပေးနေသည်ကို သိသည် ။ သူ့ပါးစပ်ကလှုပ်သွားပေမဲ့ သူ မပြုံးနိုင်တော့ပေ။ ဒီဘုရင်အဆင့်သားရဲကြီးက အခြားသားရဲကြီးများနဲ့ကွာခြားလေရာ သူကဒေါသကြီးပြီး သူနဲ့အလုပ်တူတူတွဲလုပ်ဖို့မလွယ်ပေ။ မျိုးနွယ်စုထဲက ပုံ

မှန်သားရဲများနှင့်အဆင့်မြင့်သားရဲများကဲ့သို့လည်း သူကအမိန့်နာခံမည် မဟုတ်ပေ။ သူတို့ကသာ လျှင်ဂရုမစိုက်ဘဲနဲ့ ဒေါသထွက်မိလျှင် အကျိုးဆက်များကတွေး၍ပင်မရနိုင်ပေ ။

မီးသလင်းကျောက်အတွက် သည်းခံရပေမည် ။

All Chapters