တူးထုတ်လိုက်
Vol. 15 Ch. 221
သူတို့မနေ့ကတူးခဲ့သောတွင်းမှာ လင်းနို့ခေါင်းဆောင်ကြီးကြောင့်ပျက်စီးသွားလေရာ သူတို့ဘာမှမတတ်နိုင်ဘဲ နောက်တစ်ခါ တွင်းအသစ်စတူးရသည် ။
သူတို့တွင်းစတူးတဲ့အခါမှာ အော့က တချို့လူတွေကို သူတို့ဒီမှာဘာဖြစ်နေသလဲကို နတ်ဆေးဆရာကြီးသတင်းပို့ဖို့ မျိုးနွယ်စုဆီကိုပြန်လွှတ်လိုက်သည် ။
ရှောက်ရွှမ် ပြောတဲ့အချက်အလက်များ ၊ မီးသလင်းကျောက်များ၊ ဘုရင်အဆင့်နီးပါးရှိသောသားရဲလင်းနို့ခေါင်းဆောင်ကြီးအကြောင်းကို အော့က ထိုလူကနေတဆင့် နတ်ဆေးဆရာကို ပြောခိုင်းခြင်းမဟုတ်ပေ ။ ထိုအစား သူကဒီနေရာမှာဘာတွေဖြစ်နေသည်ကို သားရေကျမ်းစာတစ်ခုလုပ်ကာ ရေးပေးလိုက်လေသည် ။
သူက ၎င်းကို မြက်ကြိုးနဲ့ချည်ပြီး သူ့လူများကို မျိုးနွယ်စုက နတ်ဆေးဆရာဆီသို့ ပြန်ပြီးယူဆောင်သွား
စေသည် ။ သူနောက်ဆုံးဆုံးဖြတ်ချက်မချခင် နတ်ဆေးဆရာကို အရင်ဆုံးမေးဖို့လိုအပ်လေသည် ။
အော့က သူမျိုးနွယ်စုဆီသို့ ပြန်ဖို့လွှတ်လိုက်တဲ့သူက သားရေလိပ်ကိုခိုးဖွင့်ပြီး ဖောက်ဖတ်မှာကို မပူပါပေ ။ ခွင့်ပြုမိန့်မရှိဘဲ မျိုးနွယ်စုကလူများက သားရေကျမ်းစာများကို ဖွင့်ဖတ်လေ့မရှိကြပေ။ သူက ဒါကိုတော့ကျိန်းသေပြီး သူမျိုးနွယ်စုကလူများကိုသူယုံကြည်သည် ။
မျိုးနွယ်စုကနေ စစ်သည်တော်ပြန်လာသောအခါ သူတို့ကနတ်ဆေးဆရာကြီးအဖြေကို ယူလာသည် ။ ဟင်းလင်းပြင်မှာလမ်းလျှောက်ပြီး အော့က သားရေစာလိပ်ကိုဖွင့်ကာ နတ်ဆေးဆရာ ရေးပေးလိုက်သည်တို့ကို ဖတ်ကြည့်နေသည် ။
အော့က နတ်ဆေးဆရာက အကြောင်းအရာအများကြီးနဲ့ လင်းနို့ခေါင်းဆောင်ကို သူတို့ဘယ်လိုရင်ဆိုင်မလဲဟူသော အကြောင်းရာများကို ရေးပေးလိုက်
မည်ဟု ထင်ထားသည် ။ သို့သော်လည်း အံ့အားသင့်စွာ သူသားရေစာလိပ်ကို ဖွင့်ဖတ်ကြည့်သောအခါ သူကစာတစ်ကြောင်းတည်း ရေးထားတာကိုသာတွေ့လိုက်ရသည်။
ရှောက်ရွှမ်နောက်က လိုက်ပါ။
နတ်ဆေးဆရာက ကွေ့ဇယ်ကို နတ်ဆေးဆရာအဖြစ် ရွေးချယ်ထားခြင်းကိုသာ သူမသိလျှင် ရှောက်ရွှမ်ကို သူ့အမွေခံအဖြစ် နတ်ဆေးဆရာရွေးထားသည်ဟု ထင်မိလိမ့်မည် ။ နတ်ဆေးဆရာက ရှောက်ရွှမ်ကို နောက်ထပ်ခေါင်းဆောင်အဖြစ် လိုချင်နေတာများဖြစ်နိုင်သလား။ သူကမထိန်းနိုင်ဘဲ ထိုအကြောင်းကိုတွေးနေမိသည် ။
မဟုတ်ဘူး ၊ မဖြစ်သင့်ဘူး
အော့ကနတ်ဆေးဆရာအကြောင်း အများကြီးသိပြီး နတ်ဆေးဆရာကသာ ရှောက်ရွှမ်ကိုနောက်ထပ်ခေါင်းဆောင်အဖြစ် လေ့ကျင့်ပေးလို့လျှင် ဒီနည်းနဲ့မ
တူဘဲ လေ့ကျင့်ပေးပြီးသားဖြစ်နေလိမ့်မည်။ သူခေါင်းကိုယမ်းကာ သူကနတ်ဆေးဆရာကြီးရည်ရွယ်ချက်ကို မမှန်းဆနိုင်သည့်အတွက် ထိုအကြောင်းကိုထပ်မတွေးတော့ပေ ။
ဒီအချိန်မှာ အဓိကဦးစားပေးက အရေးကြီးပြဿနာကိုဖြေရှင်းဖို့ပင်ဖြစ်သည်။ နေ့တိုင်း သူတို့ တွင်းကို နက်သထက်နက်အောင်တူးပြီး တောင်ခြေနားကိုရောက်လာခဲ့သည် ။ သူတို့တွင်း၏အောက်ခြေကိုရောက်ဖို့ နောက်ထပ်နှစ်ရက်သုံးရက်များထပ်ပြီးကြာနိုင်လောက်သည် ။ ထိုအချိန်ကျရင် ရှောက်ရွှမ်ပြောထားသလို အောက်ခြေမှာ ကျောက်များရှိနေနိုင်မလား သူတို့သိရပြီးတော့မည် ။
အဲဒီအချိန်အတွင်းမှာတော့ အားလုံးကလင်းနို့ခေါင်းဆောင်ကိုကြောက်နေကြသည် ။ အကြောင်းမှာ လင်းနို့ခေါင်းဆောင်က ဒီနေရာကိုပေါ်မလာတာ ရက်အတော်ကြာပြီဖြစ်သောကြောင့်ဖြစ်သည် ။ ရှောက်ရွှမ်က နေရာကိုလင်းနို့ကြီး ထပ်မလာအောင်လို့ မနက်စောစောမှာ တွင်းကြီးထဲကို အရင်ဦးအောင်
သွားလိုက်ခြင်းဖြစ်သည် ။
၁၀ရက်ကုန်သွားလေပြီ ။ ရှောက်ရွှမ်က မီးသလင်းကျောက်ကနေ စွမ်းအင်များကို ပိုပြီးမြန်မြန်ဆန်ဆန် စုပ်ယူနိုင်လာသည် ။ သူ့အထူးအမြင်စွမ်းအင်တွင် သူကမီးသလင်းကျောက်က အနီရောင်စွမ်းအင်စီးကြောင်းများ အရင်ကထက်ပိုပြီး အရှိန်ပြင်းပြင်း စီးလာသည်ကို မြင်ရသည်။ ဆိုလိုတာက မီးသလင်းကျောက်ကစွမ်းအင်များက ပိုပြီးမြန်မြန်ဆန်ဆန် ထွက်လာသည် ။
တစ်ခါတလေ သူကတောင်ခြေကို နေမဝင်ခင်မှာအခြားသူများနဲ့တွေ့ဖို့ပြန်သွားနိုင်သည် ။ သူကဆီဆာကို သူတို့ကိုတွင်းကူတူးပေးဖို့ပြောထားသည် ။
ထိုအချိန်အတွင်းမှာ ရှောက်ရွှမ်ကတွင်းကြီးထဲမှာအချိန်ကုန်ဆုံးတာများပြီး သူက လင်းနို့ခေါင်းဆောင်ကြီးကိုဘာကဒေါသထွက်စေသလဲကို တဖြည်းဖြည်းသဘောပေါက်လာသည် ။
ဧရာမတွင်းကြီးထဲက မီးသလင်းကျောက်ကိုယူမသွားသရွေ့ သူကဒေါသထွက်မည်မဟုတ်ပေ။ ရှောက်ရွှမ်က မီးသလင်းကျောက်က စွမ်းအင်ကို စုပ်ယူပြီး အမွှေးရှည်ဆင်ကြီး၏ အစွယ်ကြီးနှစ်ခုကိုလည်းဖြတ်လိုက်သည် ။ သူက ဦးချိုကြီးသမင်ကြီး၏ ချိုအချို့ကိုယူသွားတာတောင်မှပဲ လင်းနို့ခေါင်းဆောင်ကလျစ်လျူရှုထားသည် ။
တနေ့မှာ သူစွမ်းအင်တွေစုပ်ယူပြီးတဲ့နောက် လင်းနို့ခေါင်းဆောင်ကြီးက အစာရှာဖို့အဝေးကိုပြန်မသွားပါပေ။
သူမထွက်ခွာခင်မှာ သူ့အတောင်ပံများကိုခတ်ကာ တွင်းဝအထိ သူ့အနောက်ကို လိုက်လာသည် ။
ဧရာမအတွင်းကြီးကမထွက်ခင်မှာ ရှောက်ရွှမ်က သူ့နှာခေါင်းနဲ့ပါးစပ်ကနေ ပိုပြီးသိပ်သည်းတဲ့ အနက်ရောင်မြူခိုးများထွက်လာသည်ကို တွေ့လိုက်ရသည် ။
ဧရာမတွင်းကြီးက တဖြည်းဖြည်းနဲ့ အောက်ခြေကနေ ပိုပြီးမဲနက်လာသည် ။ မြူခိုးများကြောင့် မှင်များကဲ့သို့အနက်ရောင်ဖြစ်နေသည် ။ ထိုအချိန်မှာ အော့က ဆေးပင်အချို့နှင့်ထိုနေရာကိုသွားလျှင်ပင် သူတောင့်ခံနိုင်မည်မဟုတ်ပေ။
အနက်ရောင်မြူခိုးများက တွန်းအပြင်ဝကနေထွက်လာပြီး တောင်ထိပ်ကနေ တောင်ခြေအထိပျံ့နှံသွားသည် ။ အရင်က အဆိပ်ကို ခံနိုင်ရည်ရှိခဲ့သောတောင်ပေါ်မှာ ပေါက်ရောက်နေသည့်ဆေးပင်များနှင့်မြက်ပင်တဝက်ကျော်မှာ ညှိုးခြောက်သွားလေသည် ။
“ ငါတို့တောင်ပေါ်မှာ နောက်ဆိုရင်လမ်းလျှောက်လို့ရမှာမဟုတ်တော့ဘူး “
အနက်ရောင် မြူခိုးများဝန်းရံနေတဲ့ တောင်ကိုကြည့်ကာ အော့ကပြောလိုက်သည်။
“ ကံကောင်းစွာနဲ့ငါတို့ဒီမှာတွင်းတူးပြီးသွားပြီ “
ထာ့ကစိတ်လှုပ်ရှားမှုများ ပြည့်နေသည်။ သူတို့တူးခဲ့တဲ့တွင်းနားမှာအနက်ရောင် မြူခိုးများမရှိပေ။
တွင်းတူးရင်း တောင်ပေါ်ကမြူခိုးအနက်ရောင်များနှင့် သူတို့အဝေးမှာနေနိုင်လေသည် ။ မြူခိုးများက မြေကြီးနှင့်ကျောက်တုံးများတွင် စိမ့်ဝင်နေသည်ဆိုလျှင်တောင်မှပဲ တွင်းထဲမှာ အဆိပ်ဓာတ်အများကြီးမရှိရာ သူတို့ခံနိုင်လေသည် ။
“ သူကထပ်ပြီးအသွင်ပြောင်းတော့မှာလား “
ကွေ့ဟယ်ကမေးသည် ။
“ ဖြစ်နိုင်ခြေများတယ် “
အော့ကပြောသည် ။
လင်းနို့ခေါင်းဆောင်ကြီးကဘုရင်အဆင့်သားရဲဖြစ်ဖို ခြေတစ်လှမ်းပိုပြီးနီးကပ်လာသည် ။
“ ဒါကိုအခွင့်အရေးယူပြီး ဘာလို့မသတ်တာလဲ “
ထာ့က သူ့လက်ထဲမှာ ဓားကိုကိုင်ပြီး တစ်ခုခုကိုကိုဖြတ်တော့မည်ဟန်ပြုလုပ်လိုက်သည် ။ အော့ ၊ ကွေ့ဟယ် ၊ တိုက် နဲ့ အခြားသူတို့ကမော့ကြည့်လိုက်ပြီး သူ ရူးနေသလားဟူသောအကြည့်နဲ့ ကြည့်နေကြသည် ။
ထာ့ကရှက်သွားကာ သူဒီလိုပြောတာ ရူးနှမ်းရာရောက်သည်ကို သဘောပေါက်သွားသည် ။
သူတို့က တွင်းထဲကိုလမ်းလျှောက်ဝင်ဖို့ အနက်ရောင်မြူခိုးများကို သူတို့ခံနိုင်ရည်ရှိသလားပင်သေချာမသိပါပေ ။ ပြောရလျှင် အမဲလိုက်အဖွဲ့ငါးဖွဲ့က ခေါင်းဆောင်များ တွင်းထဲကလင်းနို့ခေါင်းဆောင် နဲ့ဆုံရတုန်းက သူကအသွင်မပြောင်းရသေးဘဲ အမှောင်ထဲမှာလွတ်လွတ်လပ်လပ်သွားလာနိုင်သည့်အတွက် မိုင်နဲ့အခြားသူများက သူ့ကိုခြေရာမခံ
နိုင်ခဲ့ပေ ။ သို့ပေမယ့်ယခု လင်းနို့ခေါင်းဆောင်ကြီးက အဆင့်မြင့်သွားသည်။ သူက ဘုရင်အဆင့်သားရဲကြီးမဟုတ် သော်လည်း သူတို့ကိုအများကြီးခြိမ်းခြောက်စေနိုင်သည့် ခြေလှမ်းအကြီးကြီးလှမ်းလိုက်ခြင်းဖြစ်သည်။
သူတို့ကဘိုးဘွားပိုင်မြေကို ပြန်ခါနီးနေပြီဖြစ်ပြီး အော့က စွန့်စားပြီး ဒီလိုအခွင့်အရေးမယူနိုင်ပါပေ ။ နတ်ဆေးဆရာက အဆင့်မြင့်သားရဲများ နဲ့ သားရဲဘုရင်များတို့ထက် အစွမ်းပိုကြီးတဲ့စစ်သည်တော်တွေ ၊ ပိုများတဲ့လူတွေနဲ့ရင်ဆိုင်ရနိုင်သည်ဟု ပြောထားလေသည် ။
“ ဒါပေမဲ့ မသတ်ဘူးဆိုရင် သူနိုးလာတဲ့အခါ ပိုပြီးအစွမ်းကြီးလာလိမ့်မယ်။ ဒါဆိုရင်ငါတို့နောက်ကိုလိုက်လာပြီး မျိုးနွယ်စု ကိုလိုက်လာမှာလား “ တိုက်ကစိုးရိမ်စွာပြောသည် ။
“ မျိုးနွယ်စုမှာ မီးမျိုးစေ့ရှိနေတော့ အဲဒီလို မဖြစ်
လောက်ပါဘူး “ အော့ကပြောသည် ။ သူတို့က မီးမျိုးစေ့အပေါ်မှာ အလွန်ယုံကြည်အားထားကြသည် ။ အကယ်၍ စွမ်းအားကြီးအဆင့်မြင့်သားရဲတကောင်က သူတို့ကိုတိုက်ခိုက်လာပြီး မျိုးနွယ်စုကလူတွေက အနိုင်မယူနိုင်လျှင် ဆေးဆရာက မီးမျိုးစေ့အစွမ်းပေါ်မှီခိုပြီး မောင်းထုတ်ပစ်လိုက်မည် ။
တိုက်ကာ စိတ်မချသေးဘဲ ပြောလေသည် ။
“ ငါတို့ ပြီးတာနဲ့ ဘိုးဘွားပိုင်မြေကိုတန်းပြန်ကြရင်ပိုကောင်းမယ်။ ဒါပေမဲ့ငါတို့မပြန်နိုင်ဘူးဆိုရင် ငါတို့အမဲလိုက်ထွက်ရမယ် ၊ အဲ့လိုဆိုရင် အမွဲလိုက်အဖွဲ့ကို ခြိမ်းခြောက်ခံရမှာ ၊ စစ်သည်တော်တွေအသတ်ခံရတာတို့ဖြစ်လာမှာ မဟုတ်ဘူး “
“ မလိုဘူး “
ရှောက်ရွှမ်ကပြောသည် ။
“ သူ့ကိုရန်သွားမစသ၍ သူကအမဲလိုက်အဖွဲ့ကဘယ်သူ့ကိုမှ ဒုက္ခပေးမှာမဟုတ်ဘူး “
“ ဘာလို့လဲ “
ကွေ့ဟယ်က ရှောက်ရွှမ်အဖြေအပေါ်မှာ သံသယများရှိနေသည် ။
ဘာလို့သူကဒီလောက်သေချာနေတာလဲ ။
“ ကျွန်တော်ခံစားလို့ရတယ် “
ရှောက်ရွှမ်က ပြောလေသည် ။ သူ့မှာလျှို့ဝှက်ချက်တစ်ခုရှိသည် ။ ထာ့နဲ့ကွေ့ဟယ်က ဒီအကြောင်းကိုသိသလို အော့လည်းသိသည် ။ သူက အခြားသူတွေကိုတော့ပေးပြီးအသိမခံပေ။ သူတို့ကိုသတိပေးနေတဲ့ အကြီးအကဲရဲ့မျက်လုံးကိုမြင်သည့်အခါ သူတို့ကဆက်မမေးကြတော့ပေ ။
လူတချို့စကားပြောနေချိန်တွင် တွင်းထဲကနေအားရဝမ်းသာ အော်လိုက်သံကြီးကို ကြားလိုက်ရသည် ။ ခဲ့ခဲ့၏အသံအကျယ်ကြီးဖြစ်သည် ။
“ ဆရာ ၊ ဆရာ “
ခဲ့ခဲ့က သူ့မျက်နှာကြီးပြုံးဖြဲကာ တွင်းထဲကနေ အလောတကြီးထွက်လာလေသည် ။
“ ရပြီ ၊ မီးလျှံသလင်းကျောက် ၊ ဒါတကယ်မီးလျှံသလင်းကျောက် “
“ တကယ်လား တစ်ချက်လောက်ကြည့်ရအောင် “ အော့က ဆက်ထိုင်မနေနိုင်တော့ဘဲမြေပြင်ပေါ်ကနေ ချက်ချင်းထလိုက်လေသည် ။ ခဲ့ခဲ့က သူ့လက်ထဲက မီးလျှံသလင်းကျောက်လေးကိုကိုင်ပြီး ၎င်းက လက်သန်းကလက်သည်းခွံမျှ သေးသော်လည်း အမှန်ပဲမီးလျှံသလင်းကျောက် ဖြစ်နေသည် ။ မီးလျှံသလင်းကျောက်လေးမှာ ကျောက်ပြားများ၊မြေစေးများနှင့်ဖုန်တွေ ဖုံးအုပ်နေပြီး အခုချက်ချင်းတူးထုတ်လာခဲ့ခြင်းဖြစ်သည် ။
အော့က မီးသလင်းကျောက် အပိုင်းအစလေးကိုယူ
လိုက်ပြီး သူ့လက်ဖဝါးပေါ်တင်ကာ မျက်နှာပြင်ပေါ်ကဖုန်များကိုသုတ်ပစ်လိုက်သည် ။ နေရောင်အောက်မှာ ထိတွေ့သမျှကို လောင်မြိုက်သွားစေမည့် မီးတောက်နှင့်တူနေလေသည် ။
အညစ်အကြေးများ၊ လင်းနို့အခြေများဖုံးအုပ်နေတဲ့ မီးသလင်းကျောက်နဲ့ကွာခြားချက်ကတော့ ဒီတစ်ခုကသူတို့ကိုယ်တိုင်တူးထုတ်ထားခြင်းဖြစ်ပြီး သူတို့နှင့်သက်ဆိုင်လေသည် ။
“ ကောင်းတယ် ၊ ကောင်းတယ် ၊ ကောင်းတယ် “
ဒါကိုပြောပြီးတော့ အော့ကရယ်လေသည် ။
လင်းနို့ခေါင်းဆောင်ရဲ့နှောင့်ယှက်မှုမပါဘဲ မီးလျှံသလင်းကျောက်ကိုတူးနိုင်ခဲ့ရာ သူထပ်ပြီးစိတ်ဓာတ်ကျမနေတော့ပေ။ အော့က သူ့ရင်ဘတ်များတုန်နေအောင် ရယ်လိုက်လေသည် ။
အလွန်စိတ်လှုပ်ရှားစရာ ကောင်းတယ် ၊ အံ့ဩစရာ
ကောင်းတယ်။ အံ့ဖွယ်ပဲ ၊
“ အဖေ ကျွန်တော့်ကိုပေးပါဦး၊ ကျွန်တော်တစ်ချက်လောက်ကြည့်ချင်လို့ “
ထာ့က အော့ကို အများအရှေ့မှာထိုသို့ခေါ်ခဲသည် ။ သူဘေးပတ်ပတ်လည်မှာလူများရှိသည့်အခါ သူက အော့ကို အကြီးအကဲ ဟုသာခေါ်တတ်သည် ။ သို့ပေမယ့် ယခု သူ့သားလည်းစောင့်နေတယ်ဆိုတာကိုသိစေရန်အတွက် သူ့အဖေကို သူဤသို့ခေါ်လိုက်လေသည် ။
သို့ ပေမယ့် အော့ ကသူ့သားရဲ့ခံစားချက်ကိုနားမလည်ပေ ။ သူက မီးလျှံသလင်းကျောက်ကိုကိုင်ထားတဲ့ သူ့လက်ကိုဆုတ်လိုက်ပြီး
“ မီးလျှံသလင်းကျောက်တွေ ရှိနေသေးလား “
သူကခဲ့ခဲ့ကို မေးလေသည် ။
“ ဖြစ်နိုင်ပါတယ် “
ခဲ့ခဲ့က သိပ်မသေချာသည့်အတွက် သူကသူ့ခေါင်းကိုကုတ်နေသည်။ သူကမီးလျှံသလင်းကျောက်ကိုတူးပြီးပြီးချင်း သူ့ဆီကိုချက်ချင်းပြေးကာ သတင်းကောင်းကိုပြောလိုက်ခြင်းဖြစ်သည် ။
“ သွား ၊ တွင်းထဲကိုတချက်သွားကြည့်ချေ “
အော့ကအတွင်းထဲကို သူ့လူတွေကိုဦးဆောင်ဝင်ဖို့ မစောင့်နိုင်တော့ပေ ။
ရှောက်ရွှမ်က နောက်မှာကျန်နေသည် ။ သူတွင်းထဲကို မဝင်ခင် သူတို့ အရှေ့က အနက်ရောင်မြူခိုးများဖုံးနေတဲ့ တောင်ကြီးကို သူ့ခေါင်းကိုမော့ကာကြည့်လိုက်သည် ။ ထိပ်ပိုင်းမှာ မှင်ရောင်ကဲ့သို့နက်နေလေသည် ။
“ ရှောက်ရွှမ် လာခဲ့လေ “
တွင်းထဲကခဲ့ခဲ့က သူ့ကိုလာခဲ့ဖို့ခေါ်သေးသည် ။
“ လာနေပြီ “
အဝေးကတောင်ထိပ်ကိုကြည့်ရင်း သူက တွင်းထဲကို လမ်းလျှောက်ဝင်သွားလေသည် ။