ဘေးကင်းဖို့
Vol. 15 Ch. 222
ဧရာမတွင်းကြီး အောက်မှာမီးလျှံသလင်းကျောက်တွင်းနဲ့ဆင်တူသောနေရာတစ်ခုရှိသည်။ ခဲ့ခဲ့နောက်မှာ အခြားသူတစ်ယောက်ကလည်း မီးလျှံသလင်းကျောက်ကို တူးနိုင်ခဲ့သည် ။ သူတို့ဆယ်ရက်ကျော် စိတ်ဓာတ်ကျပြီးနောက်မှာ ၎င်းတို့ကြောင့်သူတို့ပြန်လည်စိတ်လှုပ်ရှားလာသည် ။
သူတို့ဒီနေရာကိုလာတဲ့ရည်ရွယ်ချက်ကဘာလဲ။
မီးလျှံသလင်းကျောက်များ ပင်ဖြစ်သည် ။
သူတို့ဧရာမတွင်းကြီးထဲက မီးလျှံသလင်းကျောက်ကို တူးမထုတ်နိုင်ကတည်းက သူတို့ဒါကိုသာလုပ်နေရသည် ။ ထို့အပြင် လင်းနို့ခေါင်းဆောင်ကြီးကလည်း လှုပ်ရှားမှုမရှိသေးရာ သူတို့ဒါကိုအာရုံစိုက်ဖို့မလိုသေးပေ။ လင်းနို့ခေါင်းဆောင်ကြီး ဒီမှာမရှိတဲ့အချိန် မှာသူတို့ပိုပြီးတော့ ကြိုးကြိုးစားစားတူးထုတ်သင့်သည် ။ သူတို့တတ်နိုင်သမျှ အကောင်းဆုံး
ကြိုးစားပြီးတူးသင့်သည် ။
နောက်ထပ်၆ရက်ကုန်သွားလေသည် ။
သူတို့တူးထုတ်ထားတဲ့ မီးလျှံသလင်း ကျောက် အကြီးအသေးများမှာ အိတ်တလုံးအပြည့်ဖြစ်နေသည် ။ ရှောက်ရွှမ်ကတော့သူတို့တဝက်လောက်တောင် မတူးရသေးဘူးဟုယူဆသည် ။
မျိုးနွယ်စုထဲကစစ်သည်တော်တွေအကုန် အသုံးပြုဖို့လုံလောက်သည့် မီးလျှံသလင်းကျောက်များရှိနေသည်။
အော့က သားရေကျမ်းစာကိုဖွင့်သည်ကိုမြင်ရတဲ့အခါ ထာ့ကသူ့မျက်နှာပေါ်ကချွေးတွေကိုသုတ်ပြီးမေးလိုက်သည်။
“ နတ်ဆေးဆရာက ဘာတွေရေးပေးလိုက်လဲ “
မီးလျှံသလင်းကျောက်တွေရှာတွေ့ပြီးတဲ့နောက် သူကနတ်ဆေးဆရာဆီကို သားရေစာလိပ်များ တစ်ခုထက်ပို ရေးသားလိုက်ပြီး နတ်ဆေးဆရာရဲ့အမြင်ကိုသိရအောင် စစ်သည်တော်အချို့ကိုမျိုးနွယ်စုကိုပြန်ပြီးပို့ခိုင်းလိုက်သည် ။
အော့ကသိပ်စိတ်လှုပ်ရှားပုံမရဘဲ မီးလျှံသလင်းကျောက် ကြောင့် အနည်းငယ်အလေးအနက်ဖြစ်နေသည် ။
“ ငါတို့တူးထုတ်လိုက်တဲ့မီးလျှံသလင်းကျောက်တွေအကြောင်းကို ဘယ်သူ့ကိုမှ ပြောပြဖို့ခွင့်မပြုထားဘူး “
သူတို့နားတဲ့အခါမှာ အော့က အားလုံးကိုဒီကိုလာခိုင်းပြီး တော့ဒီနေရာအကြောင်း ၊ဒီလုပ်ငန်းစဉ်အကြောင်း ၊ သူတို့မီးလျှံသလင်းကျောက်တွေဘယ်လောက်တူးထုတ်ခဲ့တယ်ဆိုတဲ့အကြောင်း တွေကိုတခြားသူတွေကိုပြောမပြဖို့အမိန့်ပေးလိုက်သည်။
နောက်ဆုံးအကြိမ် ဧရာမတွင်းကြီးထဲက အမဲလိုက်အဖွဲ့ငါးဖွဲ့က မီးလျှံသလင်းကျောက်တွေရှာတွေ့ခဲ့သည် ။ သို့ပေမယ့် ဒီတစ်ခါမှာတော့ သူတို့ကဧရာမတွင်းကြီးအောက်ကတွေ့ခဲ့ခြင်းဖြစ်သည် ။ သူတို့ကတောင်ခြေအထိ ပေါက်ရောက်တဲ့ ဥမင်လှိုဏ်ခေါင်းပင်တူးခဲ့ရသည်။ ဒါကလျှို့ဝှက်ချက်ဖြစ်သည်။
သူတို့ဘိုးဘွားပိုင်မြေကိုပြန်မသွားနိုင်လျှင် ကိစ္စမရှိတော့ပေ ။ ပြောရရင် တော့ သူတို့ဘိုးဘွားပိုင်မြေကိုပြန်ရပေမည်။ အကယ်၍ထိုအကြောင်းကို အခြားမျိုးနွယ်စုကိုပြောလိုက်ပါက ပြဿနာအကြီးကြီးတက်လာနိုင်ပြီး စစ်ပွဲပင်ဖြစ်သွားနိုင်သည် ။
လူနည်းနည်းသိလေ ပိုကောင်းလေ ဖြစ်သည် ။ ကံကောင်းထောက်မစွာနဲ့ ဒီတကြိမ်မှာတော့အဆင့်မြင့်အဖွဲ့ကဒီနေရာကိုလာခဲ့သည် ။ သူတို့ကညသူတို့နဲ့ရင်းနှီးပြီးတော့ အဖွဲ့ဝင်များအကြောင်းကိုအများကြီးသိလေရာ ထိုကြောင့်သူတို့ကိုယုံကြည်သည် ။
အမဲလိုက်အချိန် ကျော်လွန်သွားပြီဖြစ်တဲ့အတွက် သူတို့ကမျိုးနွယ်စုကိုပြန်ရပေမယ့် သူကလူအားလုံးကိုပြန်မခေါ်တော့ဘဲ ဆက်တူးဖို့အတွက်အချို့ကို ဒီနေရာမှာထားခဲ့သည် ။ သူကမီးသလင်းကျောက်တချို့နဲ့ လူတချို့ကိုသာ မျိုးနွယ်စုသို့ပြန်ခေါ်သွားသည် ။ သူတို့အမဲလိုက်အဖွဲ့နဲ့ဆုံပြီး မျိုးနွယ်စုဆီပြန်လာခဲ့သည် ။
ရှောက်ရွှမ်ကဒီမှာ လင်းနို့ခေါင်းဆောင်ကြီးရန်ကနေ ကာကွယ်ဖို့အတွက် ကျန်ခဲ့ချင်ပေမယ့် အော့က ငြင်းဆိုလိုက်သည် ။
“ နတ်ဆေးဆရာက မင်းကိုပြန်လာဖို့ပြောတယ် “
နတ်ဆေးဆရာကပြောသည်ဆိုမှတော့ ရှောက်ရွှမ် မငြင်းနိုင်တော့ပေ။ ကျိန်းသေပေါက် သူ့ကိုတစ်ခုခုပြောစရာရှိ၍ဖြစ်နိုင်သည် ။
အမဲလိုက်အဖွဲ့မျိုးနွယ်စုကိုပြန်ရောက်သည့်အခါ မျိုး
နွယ်စုထဲကလူအားလုံးက အဖွဲ့ခေါင်းဆောင်တို့ မီးသလင်းကျောက်ရှာဖို့သွားကြမှန်းသိကြသည်။ သူတို့ကဒါကိုလျှို့ဝှက်ချက်တစ်ခုအနေနဲ့မထားနိုင်ပေမယ့် သူတို့နေရာအတိအကျကိုမပြောသ၍ကိစ္စမရှိပေ။
ကံကောင်းထောက်မစွာနဲ့ မျိုးနွယ်စုကလူများက တာဝန်သိတတ်ကြလေသည် ။ အကြီးအကဲနဲ့နတ်ဆေးဆရာကဘာမှမပြောသည့်အတွက် ဘယ်သူကမှဘာမှမမေးကြပေ။ သူတို့အတွက်ကတော့ မီးလျှံသလင်းကျောက်များ သုံးရရုံတင်ပင်ကံကောင်းလှနေပေသည် ။ သူတို့ကတခြားအရာများကိုဂရုမစိုက်ပေ။
မျိုးနွယ်စုထဲကလူအားလုံးပျော်ရွှင်နေကြသည် ။ သိပ်မကြာသေးခင်အတွင်း သူတို့မှာသတင်းကောင်းများစွာရှိသည်။ သူတို့ကဘိုးဘွားပိုင်မြေကိုပြန်ကြတော့မည် ။ ထို့ပြင်မီးလျှံသလင်းကျောက်များကိုလည်း ရှာတွေ့သေးသည် ။ နှစ်ခုစလုံးက သူတို့ကိုအချိန်အကြာကြီး ပျော်နေစေသည် ။
တောင်ထိပ်ပေါ်က နတ်ဆေးဆရာရဲ့ကျောက်အိမ်
လေးထဲတွင်...
အမဲလိုက်နယ်ပယ်မှ ပြန်လာပြီး အကြီးအကဲ၊အဖွဲ့ခေါင်းဆောင်နှစ်ယောက် ၊ လေးစားရတဲ့လူ ကြီးတော်တော်များများ စုဝေးရောက်ရှိနေပြီး ရှောက်ရွှမ်လည်း ဒီမှာရှိနေသည် ။
ရှောက်ရွှမ်က ဒီလိုအစည်းအဝေးမျိုးကိုတက်ရောက်ဖို့အခွင့်မရှိသော်လည်း ယခုမည်သူကမှဆန့်ကျင်ခြင်းမရှိပေ ။ သူတို့ဆုံးဖြတ်ချက်မချခင်အချိန်မှာ သူတို့ကသူ့အမြင်ကိုမေးဖို့လိုအပ်လေသည် ။ ပြောရလျှင်ရှောက်ရွှမ်ကသာ ဘိုးဘွားပိုင်မြေကိုရောက်ဖူးသည့် တစ်ယောက်တည်းသောသူဖြစ်သည်။ ထို့အတွက်ကြောင့် သူကဒီကလူများထက် သည်အကြောင်းကို အများကြီးသိလေသည် ။
“ နောက်နှစ် ရိုးရာအခမ်းအနားကျင်းပတဲ့အခါကျရင် အားလုံးကိုမီးသလင်းကျောက်ကစွမ်းအင်တွေစုပ်ယူခွင့်ပေးမယ် “
နတ်ဆေးဆရာကပြောသည် ။
“ ဒါပေမယ့်ရိုးရာပွဲမတိုင်ခင်ကတော့ ငါတို့ထိန်းသိမ်းထားရမယ် “
သူတို့မှာ မီးလျှံသလင်းကျောက်များရှိသော်လည်း အခြားအရာများကိုလျစ်လျူရှုထား၍မရပေ ။
စွမ်းအင်ဘယ်လောက်စုပ်ယူနိုင်သလဲဆိုသည်မှာ တစ်ယောက်ချင်းစီတိုင်း၏အဆင့်နှင့်စွမ်းရည်ပေါ်မူတည်သေးသည် ။ ဒဏ်ရာရထားသူများ ၊ ရောဂါအပြင်းအထန်ဖြစ်ရာမှ ပြန်လည်မသက်သာသေးသူများ ၊ ထိုသို့သောလူများသည်ရိုးရာအခမ်းအနားပွဲမတိုင်ခင်သူတို့ကို သူတို့ကြိုတင်ပြင်ဆင်ထားသင့်သည် ။
အဲဒီအချိန်ကျရင်တော့ လူနည်းစုသာသိသည့် လျှို့ဝှက်ထားရမည့်ကိစ္စမဟုတ်တော့ပဲ မျိုးနွယ်စုတစ်ခုလုံး၏အဓိ အသက်သွေးကြောဖြစ်သွားမည်။ တောင်ထိပ်မှသည်တောင်ခြေအထိ လူအားလုံး
ဂရုစိုက်ရမည်။
အော့ကခေါင်းငြိမ့်ပြီး ထာ့နဲ့ကွေ့ဟယ်ကိုကြည့်ကာ ပြောလိုက်သည် ။
“ ငါတို့အစိမ်းရောင်နယ်မြေကိုသွားပြီး ဆေးပင်တွေပိုယူလာနိုင်ဖို့ ကြိုးစားရမယ် “
စစ်သည်တော်အများစု၏ဒဏ်ရာများမှာ ထူးခြားသောဆေးပင်များကြောင့်ပြန်လည်သက်သာလာခြင်းဖြစ်သည် ။ သို့ပေမယ့် ပုံမှန်ဆေးများကအကူအညီမဖြစ်လေရာ ထို့အတွက်ကြောင့်သူတို့အစိမ်းရောင်နယ်မြေကိုသွားကြဖို့လိုအပ်သည်။
“ မီးသလင်းကျောက်ကို ဒီမှာအရင်ထားတာပေါ့ “
အစွန်မှာ အသံတိတ် ထိုင်နေတဲ့ရှောက်ရွှမ်ကိုကြည့်ကာ နတ်ဆေးဆရာကပြောသည် ။
“ ရှောက်ရွှမ် မင်းအတွေးကရောဘယ်လိုလဲ “
“ ကျွန်တော်အဲဒီမှာရှိတုန်းက လူတွေအများကြီးမှာ မီးလျှံသလင်းကျောက်တွေကို စုံစမ်းဖို့သူတို့ကိုယ်ပိုင်နည်းလမ်းတွေအများကြီးရှိခဲ့တာကိုတွေ့ရတယ်။ ဒီတော့ကျွန်တော်တို့သာမီးလျှံသလင်းကျောက်တွေကို အများကြီးယူသွားမယ်ဆိုရင် သူတို့ပစ်မှတ်ဖြစ်လာလိမ့်မယ် ၊ ကျွန်တော်တို့ဘိုးဘွားပိုင်မြေကိုမရောက်ခင်မှာပဲ အဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့နဲ့လိုက်အတိုက်ခံရနိုင်တယ် ၊ ပြီးတော့ အထူးသဖြင့်အလယ်ပိုင်းကမျိုးနွယ်စုတွေက ကျွန်တော်တို့မျိုးနွယ်စုထက်အားမနည်းဘူး “
ဒါကိုကြားရတဲ့အခါမှာ အကြီးအကဲအပါအဝင် အတော်များများက စိုးရိမ်သွားကြသည် ။ သူတို့က ရှောက်ရွှမ်ကိုကြည့်ပြီးသူ့နောက်ထပ်ပြောမယ့်စကားများကိုစောင့်နေကြသည်။
“ တချို့လူတွေကမီးသလင်းကျောက်တွေကို ဘယ်သူမှစုံစမ်းလို့မရအောင် ကျောက်စိမ်းဗူးထဲ ထည့်တာ
ကို ကျွန်တော်တွေ့ခဲ့ဖူးတယ်။ ရှောက်ရွှမ်က ကျောက်တုံးစားပွဲရဲ့အလယ်က မီးသလင်းကျောက်အိတ်ကြီးကိုလက်ညှိုးထိုးလိုက်ပြီး
“ ကျွန်တော်တို့မှာကျောက်စိမ်းဗူးတွေကလည်းအလုံအလောက်မရှိဘူး။ ပြီးတော့အဲဒီမှာကျောက်စိမ်းဗူးတွေကလည်း အလွန်ရှားပါးပြီးတန်ဖိုးကြီးတယ် “
ဘယ်သူကမှ အနီးအနားပတ်ဝန်းကျင်မှာကျောက်စိမ်းတွင်းကိုရှာမတွေ့ပေ။ ကျောက်စိမ်းကိုလည်းမမြင်ဖူးကြဘဲ ရှောက်ရွှမ်ကတချို့ကိုပြန်ယူလာခဲ့ပြီး ကျောက်စိမ်းအကြောင်းအနည်းငယ်ကို အခြားသူများအားလုံးကို သိစေသည် ။
နတ်ဆေးဆရာကပြုံးကာ
“ စိတ်မပူပါနဲ့ “
စကားပြောနေတုန်းမှာ နတ်ဆေးဆရာက မီးသလင်းကျောက်ထည့်ထားတဲ့ သစ်သားဘူးလေးကိုထုတ်
လိုက်သည် ။ သို့သော် ဘူးကိုမဖွင့်ခင်မှာ ရှောက်ရွှမ်က မီးလျှံသလင်းကျောက်လေးရှိနေသည်ကို အာရုံခံမိလိုက်သည် ။
“ ဒါက “
ရှောက်ရွှမ်မျက်လုံးများအရောင် လက်သွားသည် ။
ဒီဘူးလေးကို အခေါင်းပေါက်သစ်အမျိုးအစားနဲ့ လုပ်ထားတာ
ဒါကကျောက်စိမ်းဘူးလေးလိုပဲ ၊
အစိမ်းရောင်မြေမှာ အခေါင်းပေါက်သစ်တွေကိုရှာတွေ့နိုင်တယ်။တချို့ကိုခုတ်ပြီး နေ ရောင်အောက်မှာထားလိုက်ရင် ငါတို့ဘူးတွေလုပ်ဖို့ယူလာလို့ရတယ် “
နတ်ဆေးဆရာကပြောသည် ။
“ အိုး ကောင်းသားဘဲ “ ကွေ့ဟယ်က သူ့ပေါင်ကိုပုတ်လိုက်သည် ။
“ ဘူးတွေပိုလုပ်ဖို့ လူတွေအများကြီးခေါ်သွားပြီးတော့ အပင်ခုတ်ရမယ်။ဒီလိုဆိုရင် ငါတို့မီးသလင်းကျောက်တွေကို ဘိုးဘွားပိုင်မြေကိုပြန်ယူသွားလို့ရပြီ “
“မလိုဘူး ၊ လမ်းတလျှောက် မီးသလင်းကျောက်တွေကို ငါတို့သယ်မသွားဘူး “
နတ်ဆေးဆရာစကားကြောင့် စိတ်လှုပ်ရှားနေတဲ့သူအားလုံး ကြောင်အသွားသည် ။
“ ဘာလို့လဲ “
အားလုံးကစိတ်ရှုပ်ထွေးသွားသည် ။
နတ်ဆေးဆရာကခပ်ပေါ့ပေါ့ပြုံးပြီး ပြောလေသည်
။
“ တစ်နေ့မှာငါတို့မျိုးနွယ်စု ဘိုးဘွားပိုင်မြေကို ပြန်လို့ ဆိုးတာတစ်ခုခုကြုံရမယ်ဆိုရင် ငါတို့ဒီကိုပြန်လာမယ်။ဒီကိုနောက်ပြန်ဆုတ်မယ်။တချို့ကိုဒီမှာ ငါတို့စိတ်ချရအောင် ထားခဲ့ကြမယ် “
မျိုးနွယ်စုတိုင်းက ရိုးရာအခမ်းအနားကို အမွေဆက်ခံပြီး ယူဆောင်လာဖို့အာရုံထားရမည်။ နတ်ဆေးဆရာက ဒါကိုဆုံးဖြတ်ရပြီးအနာဂတ်အတွက် အစီအစဉ်များချမှတ်ရသည်။
“ ငါတို့တူးထုတ်ထားတဲ့ မီးသလင်းကျောက်တွေက ရိုးရာအခမ်းအနားပွဲမှာ စစ်သည်တော်အားလုံးအတွက်လုံလောက်ပါတယ်။ ကျန်တာတွေကို အော့က တာဝန်ယူပြီး မင်းတို့တူးထုတ်ခဲ့တဲ့တွင်းထဲမှာ ပြန်ထားခဲ့ ၊ ဝင်ပေါက်ကို ပိတ်ပစ်ပြီးတော့ဖုံးပစ်ခဲ့လိုက် “
အော့နောက်ကိုလိုက်လာတဲ့သူများက တူးမြောင်းနဲ့
ပတ်သက်ပြီးလျှို့ဝှက်ချက်ကိုထိန်းသိမ်းထားရပေမည်။ မီးလျှံသလင်းကျောက်တွေက အလွန်ဆွဲဆောင်နိုင်တယ်ဟု ပြောဖူးသည် ။အကယ်၍အခြားမျိုးနွယ်စုက လူတစ်ယောက်ကသာ ဒီသတင်းကိုကြားသွားလျှင် သူတို့ကဒီဧရာမတွင်းထဲက မီးသလင်းကျောက်တွေကို ရှာဖို့လာမှာကျိန်းသေသည်ဟု နတ်ဆေးဆရာကယုံသည် ။
သို့ပေမယ့် ဧရာမတွင်းထဲမှာ ဘာရှိလဲ။
သားရဲဘုရင်အဆင့်သို့ ရောက်လုနီးဖြစ်နေတဲ့ လင်းနို့ခေါင်းဆောင်ကြီး ရှိသည်။
“ အဲဒီနေရာမှာ မီးလျှံသလင်းကျောက်တွေသွားရှာရင်တော့ သူ့ထိုက်နဲ့သူ့ကံဘဲ “
နတ်ဆေးဆရာရဲ့ကြင်နာတတ်သောမျက်လုံးများသည်စူးရှထက် မြတ်လာ ပြီး အနားကလူများကိုအေးစက်သွားစေကာ သူတို့ကသတိမထားမိဘဲ တုန်ပင်တုန်သွားသည် ။
သားရဲဘုရင် ဒါကပုံမှန်မဟုတ်ပေ။
မိုင်ဦးဆောင်တဲ့အမဲလိုက်အဖွဲ့ရဲ့ဒုတိယနယ်ပယ်က တောင်ထဲမှာ ကျောက်တီကောင်ဘုရင်ကြီး ရှိနေတယ်ဆိုတာကိုတော့ ရှောက်ရွှမ်သာသိသည် ။ ထိုအကောင်ကြီး သူ့အနားနီးလာတုန်းက သူလည်းသူ့ကိုခြိမ်းခြောက်နေသည်ဟုခံစားခဲ့ရသည် ။
သားရဲဘုရင်တကောင်တိုင်းက ရင်ဆိုင်ဖို့လွယ်ကူသည့်သတ္တဝါများမဟုတ်ပေ။ ရှောက်ရွှမ်ကတော့ချွင်းချက်ဖြစ်သည်။ သားရဲဘုရင်များက လာတဲ့သူတိုင်းကိုအနိုင်ရနိုင်မည်ဟုအားလုံးကယုံကြည်ထားကြသည်။ လင်းနို့ခေါင်းဆောင်ကြီးဟာ သားရဲဘုရင်အဆင့်ကိုမရောက်သေးသည့်တိုင်အောင် အားလုံးကိုအနိုင်ရနိုင်သည်အထိ အားကြီးလေသည် ။
နတ်ဆေးဆရာရဲ့စကားများက ဒီမှာရှိတဲ့လူအားလုံးကိုခေတ္တမျှတိတ်ဆိတ်သွားစေပြီး နောက်ဆုံးမှာသူတို့ကသက်ပြင်းချလိုက်ကြသည် ။
“ ငါတို့ဒီအကြောင်းကိုလည်းတွေးဖို့လိုတယ် “
“ ငါလည်းလက်ခံတယ် “
“ အဲ့အကြံအတိုင်းပဲလုပ်ရအောင် “
“ ဒါကိုလျှို့ဝှက်ချက်တစ်ခုအနေနဲ့ထားကြတာပေါ့ “
သူတို့ထိုအိမ်ထဲမှာမီးလျှံသလင်းကျောက်များနှင့်ပတ်သက်၍ ဆွေးနွေး ပြီးနောက် နတ်ဆေးဆရာက သူတို့ကို ပြန်ခွင့်ပြုလိုက်သည်။
“ ရှောက်ရွှမ် မင်းကဒီမှာနေခဲ့ “
နတ်ဆေးဆရာကပြောသည် ။
အခြားသူများထွက်သွားပြီးသည့်နောက် နတ်ဆေးဆရာက ရှောက်ရွှမ်ကိုပြောသည် ။
“ နောက်နှစ်အစမှာ ရိုးရာအကကဖို့အတွက် မင်း
လေ့ကျင့်ဖို့မမေ့ပါနဲ့ “
ရှောက်ရွှမ် မျက်နှာကရှုံ့မဲ့သွားကာ ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့ပါ “
အကဟာ ကြောင်တောင်တော်နိုင်သော်လည်း သူအသားကျစပြုလာသည် ။ သူကအပေါ်ထပ်အသစ်တစ်ထည်ပြုလုပ်ဖို့ ကောင်းကောင်းသုံးလို့ရမယ့် သားရဲတကောင်ကို အမဲလိုက်ရပေဦးမည်။ရိုးရာအခမ်းအနားမှာသူသာသားရေအပေါ်ထပ် အဟောင်းကိုဝတ်လျှင် အားလုံးကသူ့ကိုဝိုင်းရယ်ကြပြီး သူဘာမှတိုးတက်မလာဘူးဟုအားလုံးကဆုံးဖြတ်ကြလိမ့်မည်။
နတ်ဆေးဆရာက ရှောက်ရွှမ်ကိုရိုးရာအကကခိုင်းသည့်အကြောင်းမှာ ရှောက်ရွှမ်ကမျိုးနွယ်စုကို အောင်မြင်မှုတွေယူဆောင်လာပေးသောကြောင့်ဖြစ်သည် ။
ရှောက်ရွှမ်ထွက်သွားပြီး တနှစ်ကျော်ကြာပြီးတဲ့နောက် ရိုးရာအခမ်းအနားတွင် စွမ်းအင်နိုးထလာသူများမှာ အရင်နှစ်များထက်နည်းလာသည် ။ ထို့အပြင် နတ်ဆေးဆရာက သားရဲနှစ်ကောင်ကို လိုသလိုပုံဖော်ဖို့ကြိုးစားပေမယ့်လို့သူမအောင်မြင်ခဲ့ပေ။
တိရိစ္ဆာန်များကို ထိန်းသိမ်းရတဲ့စစ်သည်တော်များက သူတို့ကိုသာ အပြစ်တင်သင့်သည်ဟု တွေးကြသည် ။ သားရဲများဟာ သေချာပြုစုပျိုးထောင်ခြင်းမခံခဲ့ရရာ ထို့ကြောင့် သူမအောင်မြင်ခဲ့ခြင်းဖြစ်သည် ။ သို့သော် နတ်ဆေးဆရာကတော့ ဒါ သူ့အမှားမှန်းသိသည် ။
သူ ဒီလိုလုပ်ဖို့ကြိုးစားတိုင်းမှာ သူပထမအဖွဲ့က သားရဲများကို ပုံဖော်တုန်းကကဲ့သို့ သူအခြေအနေမကောင်းတော့ပေ ။ သူလုပ်နေရင်း တန်းလန်းမှာပင် မောပန်းလာလေသည် ။ ထို့ကြောင့် သူနောက်တဝက်
ကို ပုံဖော်သည့်အခါ နတ်စွမ်းအင်များကဖြစ်ပေါ်မလာပေ ။
နတ်ဆေးဆရာက ရှောက်ရွှမ် ဒီတာဝန်ကို ယူသင့်သည်ဟုခံစားရသည် ။ ရှောက်ရွှမ် ရှိနေချိန်ဆိုရင် ပိုကောင်းပေမည် ။
နတ်ဆေးဆရာက ဒါကို ရှောက်ရွှမ်ကိုပြောမပြသည်မှာ သံသယရှိစရာမလိုပေ ။ သို့ပေမဲ့ သူဒါကိုတွေးမိတဲ့အချိန်တိုင်း သူက မီးတွင်းဆီသို့သွားလေသည် ။ သူက ဘိုးဘေးများဆီ ရှိခိုးပူဇော်ကာ သူ့ကို စိတ်ဓာတ်ကျသည့်အကြောင်းများကို ပြောပြလေသည် ။
ရှောက်ရွှမ်က သူစိတ်ဓာတ်ကျနေတာကိုမသိပေ။ သူက အော့ကိုရှာလိုသည် ။ သူတို့ဘိုးဘွားပိုင်မြေကိုမပြန်ခင်မှာ သူနဲ့အစိမ်းရောင်နယ်မြေကို အကြိမ်အနည်းငယ်လောက်တော့သွားချင်သေးသည် ။ ဘိုးဘွားပိုင်မြေကို ပြန်ယူဖို့အတွက်ဆေးပင်များ
ရှာဖွေတဲ့နေရာမှာ သူက ကူကိုကူညီရမည်။ အနာဂတ်မှာဆိုလျှင် သူတို့ကထိုနေရာကရေမြေဒေသနဲ့မရင်းနှီးနေသေးသည့်အတွက် သူတို့အဲဒီကိုရောက်တဲ့အချိန်မှာသူတို့ဆေးပင်များလိုအပ်မည်ကိုသူသေချာပြောနိုင်သည်။ သူတို့ဆေးပင်ကောင်းများရှာဖို့ခက်ခဲပေလိမ့်မည်။
နောက်အကြောင်းပြချက်တစ်ခုကတော့ သူကလောင်ခဲ့ကို မျိုးနွယ်စုအခမ်းအနားမတိုင်ခင်မှာ သူကအသက်ကြီးနေပြီဖြစ်သည့်အတွက် ပိုပြီးသန်မာလာစေချင်သည်။ သူသာပိုပြီးသန်မာလာလျှင် သူကမီးသလင်းကျောက်ကစွမ်းအင်များကိုပိုစုပ်ယူနိုင်မည်ဖြစ်ပြီး သူ့အတွက်ပိုပြီးအကျိုးရှိပေမည်။
အခြားမျိုးနွယ်စုများမှာ ဒဏ်ရာနေသော မသန်မစွမ်းတော့သောလောင်ခဲ့ကဲ့သို့လူများက ကောင်းမွန်သောဘဝမရရှိကြပေ ။ သူကလောင်ခဲ့ဘဝ ပိုပြီးတိုးတက်လာဖို့သာမျှော်လင့်သည် ။
ဆောင်းတွင်းကိုမရောက်ခင်မှာ မီးလျှံသလင်းကျောက်တွေရှိတဲ့ လိုဏ်ခေါင်း ဝင်ပေါက်ဟာ ပိတ်ဆို့ပြီးဖုံးအုပ်ထားခံလိုက်ရသည်။ ရှာဖွေဖို့မလွယ်ကူဘဲ နောက်နှစ်နှစ်သုံးနှစ်ကြာလျှင်ပိုပြီးတောင်ရှာဖို့ခက်သွားပေလိမ့်မည်။
ရှောက်ရွှမ် က ဂူထဲကကလေးများအတွက် အစားအစာတွေအများကြီးပြင်ထားသည် ။ ပြီးခဲ့တဲ့နှစ်နှစ်မှာ ဆောင်းမရောက်ခင် သူကဂူထဲကကလေးများအတွက် အစားအစာအချို့ယူလာပေးသည် ။ ယခုဆိုလျှင် ကလေးတွေကငါးတွေကိုဖမ်းပြီး လူတွေသူတို့ကိုပို့ပေးတဲ့အသားတွေကိုစားကာ တစ်ဦးချင်းစီတိုင်းကပိုပြီးသန်မာလာကြသည် ။