မီးမျိုးစေ့မှ ဖိအား
Vol. 15 Ch. 224
ဝမ်ရှစ် မျိုးနွယ်စုမှ နတ်ဆေးဆရာအိမ်တွင်....
သားရဲအရိုးတွဲလောင်းကျနေတဲ့ တံခါးဟာရုတ်တရက်ပွင့်သွားသည်။ နတ် ဆေးဆရာကြီး မျက်နှာမှာ နတ်အမှတ်အသားများ အရောင်စုံခြယ်ထား၍နေသည်။ သူကအလောတကြီးပြေးလာသည့်အတွက် ချွေးထွက်နေသည် ။ ထို့နောက် သူကအကြီးအကဲအိမ်ထဲသို့အ မြန် ဝင်သွားသည် ။
မျိုးနွယ်စုအကြီးအကဲကို မနှစ်ကခေါ်လာခဲ့သော အမျိုးသမီးအကျဉ်းသူများ အများအပြားခစားလျက်ရှိသည်။ ရုတ်တရက် သူက နတ်ဆေးဆရာ၏ နှောင့်ယှက်ခြင်းခံလိုက်ရာ သူ့မျက်နှာမှာ မကျေမနပ်သည့် ပုံရိပ်များပေါ်နေသည်။
“ ဘာဖြစ်လို့လဲ “
မြန်မြန်ပြေးလာရသည့်အတွက် နတ်ဆေးဆရာက အသက်ဝ၀ရှူနေပြီး စကားတစ်ခွန်းတည်း ပြောလိုက်သည်။
“ အဆင့်မြင့်သားရဲတောင်က သစ်တောထဲမှာ အပြောင်းအလဲတွေဖြစ်နေတယ်။ မှိတ်ထားတဲ့အကြီးအကဲ မျက်လုံးကရုတ်တရက်ပွင့်လာကာ ဓားတလက်ကဲ့သို့ စူးရှ၍သွားသည်။ သူကထပ်မေးလိုက်သည် ။
“ သေချာရဲ့လား “
မနှစ်က အဆင့်မြင့်သားရဲတောင်က မျိုးနွယ်စုအကြီးအကဲကိုမျက်နှာပျက်အောင်လုပ်ခဲ့သည် ။ သူ့မျိုးနွယ်စုကလူများကအမြဲတမ်း အခြားသူများကို အလှောင်ပြောင် ၊ အနိုင်ကျင့် ၊ အခြားသူများ၏ပစ္စည်းများကို လုယက်ကြလေ့ရှိသည်။ အဲဒီမတိုင်ခင်က
သူတို့ကဘယ်အခါမှအနိုင်ကျင့်မခံရဘူး
သည့်အတွက် သူတို့အတော်လေး ဒေါသထွက်သွားသည် ။
သူ ထိုအကြောင်းကိုတွေးလိုက်တိုင်း တစ်ယောက်ယောက်က သူ့ကိုစော်ကားနေသည်ဟု သူခံစားရသည် ။ သူကဝမ်ရှစ်မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ပျက်စီးစေမယ့်ကိစ္စကို မည်သူ့ကိုမှပြောခွင့်မပြုထားပေ။ အကယ်၍ တစ်ယောက်ယောက်ကသာ ဒီအကြောင်းကိုပြောလာလျှင် သူ့ကိုသတ်ပစ်လိမ့်မည်။ ထိုကိစ္စကြောင့်ပဲ ယခုအချိန်အထိ သူ လူပေါင်း၁၀ယောက်ထက်မနည်း သတ်ခဲ့ပြီးပြီဖြစ်သည်။
ဒါက သူတို့မျိုးနွယ်စုရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ မဖြေရှင်းနိုင်သော ပြဿနာအဖြစ်ရှိနေဆဲဖြစ်သည်။ အရင်ကဖြစ်ခဲ့တဲ့ပြဿနာကြောင့် သူကအဆင့်မြင့်သားရဲများတောင်ကို ယခုအချိန်အထိ မည်သူ့ကိုမှမစေလွှတ်တော့ပေ ။
“ အမှန်ပဲ ၊ အခုလေးတင်ပဲ ပုံမှန်မဟုတ်တာတစ်ခုကို ဖြစ့သွားဖြစ်သွားတာကိုဘငါခံစားမိတယ် “
ဝမ်ရှစ်နတ်ဆေးဆရာက မနားပဲပြောလိုက်ပြီး အကြီးအကဲမှာ ပုံမှန်ထက် အများကြီးမြန်နေတဲ့ သူ့နှလုံးခုန်သံကိုပင်ကြားရနိုင်သည်။
“ ဘယ်လိုခံစားရတာလဲ “
“ ငါခံစားရတာက... “
အကြီးအကဲရဲ့ မျက်လုံးရဲရဲများကိုကြည့်ကာ ဝမ်ရှစ်နတ်ဆေးဆရာက သူ့ခေါင်းကိုငုံ့လိုက်ပြီး သူရဲဘောကြောင်သူတစ်ယောက်လို အသံတိတ်နေလိုက်သည်။
“ပြောစမ်း “
ဝမ်ရှစ်နတ်ဆေးဆရာက အသက်ဝ၀ရှုလိုက်ကာ ရင်ခေါင်းသံဖြင့်ပြောသည် ။
“ မီးမျိုးစေ့ရဲ့ဖိနှိပ်မှုပါ “
အိမ်ထဲမှာ လေထုက ရုတ်တရက် တဖြည်းဖြည်းတင်းမာလာသည် ။
ထိုအချိန်မှာ အကြီးအကဲကိုအပြုံးနဲ့ခံစားနေကြတဲ့ အမျိုးသမီးများ စွာ ဆန်ခါများကဲ့သို့တုန်ရီနေကြသည် ။ ထိုအသံကြောင့် သတိထားမိမှာကိုကြောက်ကြသည့်အတွက် သူတို့ကဘာသံမှတော့မထွက်ပေ။
သူတို့က အကြီးအကဲကိုအချိန်တစ်ခုထိ ခစားထားခဲ့ကြပြီး သူ့ဒေါသအကြောင်းကို နားလည်လေသည် ။ ထိုအခိုက်မှာအကြီးအကဲကပေါက်ကွဲ၍နေပြီ ။
သူတို့က ဝမ်ရှစ်အကြီးအကဲက ဒေါသကြီးသည်ကိုပင် သိသည်မဟုတ်ဘဲ ကြောက်စရာကောင်းသည်ကိုလည်း သိကြသည်။
သူမှာရှုပ်ထွေးတဲ့အတွေးများရှိနေပြီး ထို့အတွက်ကြောင့် တခါတစ်ရံ စိတ်လွတ်သွားတတ်သည်။ သို့ပေမယ့် မကြာမီဘဲ သူကသတိပြန်ကပ်လာပြီး သူ့အနားကသစ်သားစားပွဲကို ခြေမွပစ်လိုက်သည် ။
သူ၏အားကောင်းလှသောနတ်စွမ်းအင်က သူ့ဒေါသကို ပြနေသည် ။ ထောင့်နားမှာပုန်းကာ ကြောက်နေတဲ့အမျိုးသမီးကို အကြီးအကဲက သူ့ရဲ့ရဲရဲနီလာတဲ့မျက်လုံးများနဲ့ ကြည့်လိုက်သည်။
အကြီးအကဲအိမ်အပြင်ဘက်က အစောင့်များက အိမ်ထဲကနေရုတ်တရက် အော်ဟစ်သံများ ၊ ဆူညံသံများကိုကြားလိုက်ရပြီး အသံများက ရုတ်ချည်းပြန်တိတ်သွားသည် ။
သစ်သားတံခါးလေးမှာ ကန်ဖွင့်ခံရပြီး အပိုင်းပိုင်းအစစပျက်စီး၍သွားသည်။
သွေးဆာမှုအပြည့်နဲ့ အမျိုးသားတစ်ယောက်က အိမ်ထဲမှာနေခြေလှမ်းကျဲကျဲလှမ်းကာ ထွက်လာသည် ။
သူ့ခြေလှမ်းတိုင်းက အစောင့်များကို ခြိမ်းခြောက်နေသည့်အတွက် သူတို့ကအသက်ကိုပင်သတိထား၍ ရှုနေရသည်။ သူတို့က အကြီးအကဲက သူတို့ကိုဆူမည်ကို ကြောက်ရွံ့ကြသည်။
ကံကောင်းစွာနဲ့ထိုအခိုက်အတန့်တွင် အကြီးအကဲက သူတို့ကိုအာရုံမထားဘဲ အဝေးသို့ထွက်သွားသည်။ သူကမီးတွင်းဆီသို့ဦးတည်၍သွားခြင်းဖြစ်သည် ။
ဝမ်ရှစ်အကြီးအကဲရဲ့နောက်မှာ နတ်ဆေးဆရာက မျက်နှာအမူအရာမဲ့စွာ လိုက်လာလေသည် ။ သူကအစောင့်တွေကို ကျော်သွားသောအခါ ရပ်လိုက်ပြီး ပြောလိုက်သည်။
“ အိမ်ထဲကဟာတွေကို သန့်ရှင်းလေးလုပ်လိုက်ပါဦး “
“ ဟုတ်ကဲ့ပါ “
အစောင့်များကပြန်ဖြေသည် ။
သူတို့ကအိမ်ထဲက နတ်ဆေးဆရာပြောတဲ့ ဟာတွေက ဘာတွေလဲဆိုတာကို သူတို့သိကြသည်။
အကြီးအကဲနဲ့နတ်ဆေးဆရာ ထွက်သွားပြီးတဲ့နောက် အစောင့်များက အိမ်ထဲသို့ဝင်လာကြသည် ။ သူတို့က တအိမ်လုံးကသွေးများကိုဖယ်လိုက်ပြီး ကိုယ်အင်္ဂါမစုံတော့တဲ့ ထိုအလောင်းများကိုအဝေးသို့ယူဆောင်သွားကြသည် ။ သူတို့က ဒီလိုမျိုး တကြိမ်ထက်ပိုပြီးလုပ်ခဲ့ဖူးပြီး ထို့ကြောင့် သူတို့က သွေးကိုမကြောက်ကြတော့ ပေ ။ အိမ်ကိုသန့်ရှင်းရေး လုပ်နေရင်းနဲ့ သူတို့ကအကြီးအကဲ ဘာကြောင့်ဒီလောက် ဒေါသထွက်ရသလဲကို တီးတိုးဆွေးနွေး၍နေကြသည်။
မီးတွင်းဆီသို့လာပြီး အကြီးအကဲက မီးများဟာပုံမှန်ထက်အလျှံညီးညီး ပိုတောက် နေကြောင်း သတိထားမိသည် ။ ထို့ကြောင့် သူနည်းနည်း ကြောက်ရွံ့သွားသလို ခံစားရသည်။ သူက နတ်ဆေးဆရာပြောခဲ့သည်ကိုကြားသော်လည်း သူကိုယ်တိုင် ကြုံတွေ့ရသည့်အခါ သူ့စိတ်ခံစားချက်များကို သူမထိန်းနိုင်
ပေ။
နတ်ဆေးဆရာက အကြီးအကဲနဲ့ ခြေဆယ်လှမ်းများအကွာမှာ ရပ်၍နေသည် ။ အကြီးအကဲဒေါသကိုသိသည့်အတွက် သူသာအနီးအနားကပ်လျှင် သူပင်ဒုက္ခရောက်နိုင်ကြောင်း သိသည် ။
“ ငါတို့လူတွေကိုခေါ်လိုက် ၊ ငါကိုယ်တိုင် အဆင့်မြင့်သားရဲတောင်ကို သွားမယ် “
သူ စကားဆုံး ပြီး ပြီးချင်းမှာ အကြီးအကဲရဲ့ခြေထောက်နားကကျောက်တုံးများမှာ အက်ကွဲ၍ သွားသည်။
ဗုန်း
ဝမ်ရှစ်မျိုးနွယ်စုက လူများအတွက် ထိုညက မအေးချမ်းခဲ့ပါ ပေ ။ အကြီးအကဲက ဒေါသထွက်နေ
သည့်အတွက် အားလုံးကကြောက်ရွံ့၍နေသည် ။
သူတို့မနက်ဖြန်ကျရင်အဆင့်မြင့်သားရဲတောင်တောကို သွားရမည်ဟု ကြားသည် ။ ထို့ကြောင့်သူတို့ပို၍ပင် ကြောက်ရွံ့သွားသည် ။
ဒီညတော့ သူတို့အိပ်နိုင်မည် မဟုတ်ပေ။
အခြားတဖက်မှာတော့ မီးတောက်ဦးချိုများမျိုးနွယ်စုကလူများမှာအပျော်များဖြင့် ပြည့်နေကြသည်။ သူတို့ဘိုးဘွားပိုင်မြေကို ဘယ်လိုလူတွေ ရောက်နေကြသလဲကို မသိကြပေ ။ ယခုတော့ သူတို့ကမီးလျှံသလင်းကျောက်က စွမ်းအင်များကို စုပ်ယူ၍ နေကြသည်။
မီးတွင်းထဲမှာ မီး တောက်သုံးခုဟာ ပြီးပြည့်စုံ၍နေသည် ။
မီး တောက်သုံးခုဟာ ငြိမ်သက်နေသည့်အတွက် နတ်ဆေးဆရာက အားလုံးက အဆင်ပြေမည်ဟု ပြော
လိုက်သည် ။
အရင်တုန်းက မီးများပြည့်စုံသွားသည့်အခါ ရိုးရာအခမ်းအနားပြီးသွားပြီ ။ အကြီးအကဲနဲ့နတ်ဆေးဆရာက တစ်ခုခုကိုကြေညာပြီးစုဝေးပွဲကို အဆုံးသတ်တတ်သည်။ ထို့နောက် အားလုံးက အိမ်ကိုပြန်ကြသည်။ သို့ပေမယ့်ဒီနေ့ တတိယမီးတောက်နဲ့ မီးမျိူးစေ့တွေပြန်ပြီးနောက်ဆုတ်သွားသည့်နောက် နတ်ဆေးဆရာ အားလုံးစောင့်မျှော်နေကြတဲ့ မီးလျှံသလင်းကျောက်ကို ထုတ်လိုက်သည်။
ဆောင်းတွင်းတစ်ခုလုံး စောင့်ခဲ့ပြီးနောက် ထိုအခိုက်အတန့်တွင် သူတို့က မီးသလင်းကျောက်ကို မြင်လိုက်ရသည်။ မျိုးနွယ်စုစစ်သည်တော်တိုင်း မီးတွင်းထဲက စွမ်းအင်များကို သူတို့၏ခန္ဓာကိုယ်ဆီ စုပ်ယူဖို့ အလွန်ကြိုးစား၍နေကြသည် ။ သူတို့မှာ ဒီလိုအပြောင်းအလဲမျိုးဖြစ်ခဲလေသည် ။
စွမ်းအင်များမနိုးထသေးသည့်သူများ ရှောက်ရွှမ်မှလွဲရင် သူကအားလုံးထဲမှာ အေးအေးဆေးဆေး
အဖြစ်ဆုံးသူများထဲမှ တစ်ယောက် ဖြစ်သည်။
မီးလျှံသလင်းကျောက်ကစွမ်းအင်က သူကို တန်းပြီးတော့မတိုးတက်စေဘဲ သူကအခြားသူများနဲ့ ကွဲထွက်နေသည်ဟု မထင်ကြစေရန်အတွက် အခြားသူများနဲ့ ရောနေလိုက်သည် ။ အခြားသူများနဲ့ကွာခြားတာက သူကစွမ်းအင်ကိုမစုပ်ယူပေ ။ ထိုအစား သူ ကနေတုန်းက ထူးဆန်းစွာမြင်ခဲ့ရတဲ့အမြင်အာရုံအကြောင်းကို သေချာပြန်ပြီး စဉ်းစားတွေးကြည့်နေသည် ။
သူက ဖြစ်နိုင်တာက မီးတောက်ဦးချိုများမျိုးနွယ်စုရဲ့အတိတ်တုန်းက မြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်နိုင်သည် ။ ဒီမြင်ကွင်းမျိုးကို သူဘိုးဘွားပိုင်မြေမှာ မြင်ခဲ့ရတဲ့မြင်ကွင်းနဲ့ခပ်ဆင်ဆင်တူလေသည် ။
ဘိုးဘွားပိုင် မြေတွင်...
မျိုးနွယ်စုကမီးမျိုးစေ့နှင့်ပြန်လာသောအခါ အပြောင်းအလဲကြီး ပြောင်းလဲနေတာကို တွေ့ရသည်။ မီးတွင်းထဲကစွမ်းအင်တွေအားလုံးဟာ လောင်မြိုက်နေပြီး အရုဏ်ဦးအထိပင်နီးကပ်၍လာသည် ။
အားလုံးက မီးလျှံသလင်းကျောက်ကနေ မတူညီတဲ့စွမ်းအင်ပမာဏအမျိုးမျိုးကို စုပ်ယူနေကြသည်။ တချို့တွေက အများအပြားစုပ်ယူကြပြီး အချို့က နည်းနည်းသာစုပ်ယူကြသည်။ အချို့ကစွမ်းအင်ကို မြန်မြန်စုပ်ယူကြချိန်တွင် အချို့က နှေးနှေးလေးသာ စုပ်ယူကြသည်။ စွမ်းအင်မြန်မြန်စုပ်ယူ၍ ပြီးသွားသည့်သူများကလည်း ထွက်မသွားကြဘဲ ဒီမှာပဲနေကာသူတို့စုပ်ယူခဲ့တဲ့ စွမ်းအင်ကိုတိုးတက်လာဖို့အတွက် သူတို့၏ နတ်စွမ်းအင်များကိုနှိုးဆွနေကြသည် ။
အသွင်ကူးပြောင်းဖို့ နီးနေသည့်သူအချို့ကလည်း ဒီနေရာမှာပင်အဆင့်သစ်သို့ တက်လှမ်း၍နေကြသည် ။ စစ်သည်တော်ငယ်လေးများက သူတို့၏နတ်
အမှတ်အသားမှာ သူတို့၏ရှေ့ထွက်လာသည်ကိုတွေ့ရသောအခါ သူတို့ကမထိန်းထားနိုင်ဘဲ သူတို့မျက်နှာမှာအပျော်များနှင့်ပြည့်ဝင်နေသည်။ ရိုးရာပွဲမှာမပြီးသေးရာ သူတို့ကထုတ်မပြောနိုင်ရဲပေ။ သူတို့က ရယ်နေခြင်းကိုသာရပ်လိုက်ကြသည်။ သူတို့ကသွားကိုစိကာ လက်သီးကိုစုပ်ရင်း သူတို့မျက်နှာများရှုံ့မဲ့နေကြသည် ။
နတ်ဆေးဆရာက သူတို့ကိုကြည့်လိုက်ပြီး သူ့မျက်လုံးမှာ သူ၏ပျော်ရွှင်မှုများကို ပြသနေသည်။ ရိုးရာအခမ်းအနားပြီးဆုံးသည်ကို ကြေညာပြီးသည့်နောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာယူသွားကြသည် ။ ဒီညမှာတော့ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေဟာ တစ်ယောက်နဲ့တစ်ယောက်အချင်းချင်း ပိုစကားပြောကြပြီး အတူတကွ အောင်ပွဲခံဖို့ စုဝေးနေကြမည် ။
“ ရက်နည်းနည်းလောက်ကြာလို့ သူတို့ပြန်ပြီး စိတ်ငြိမ်သွားတဲ့အခါကျရင် အခြေအနေကို အကျဉ်းချုပ်ပြီး ငါ့ကိုသတင်းပို့ပါ “
အကြီးအကဲက သူ့ဘေးကလူကိုပြောလိုက်သည်။
“ ဟုတ်ကဲ့ပါ “
ဒီညမှာ လူတစ်ရာကျော်စွမ်းအင်နိုးထလာကြသည်။ သူတို့အားလုံးသာအောင်မြင်လျှင် ယန်ကျစ်နဲ့အခြားသူများအပါအဝင် သူတို့အားလုံး မျိုးနွယ်စုစစ်သည်တော်များဖြစ်လာပြီး ကျောက်ဝူက မထိန်းနိုင်ဘဲအော်လိုက်မိသည် ။ သူကပြုံးကာ အပြုံးများနှင့်စ၍ငိုလိုက်သည် ။ ယန်ကျစ်မျက်လုံးထဲမှာ ယန်ရှို့နဲ့အခြားသူများ မျက်ရည်များဖြင့် ပြည့်နေကြသည် ။
သူတို့ရဲ့ဘေးမှကလေးများက သူတို့ထက် အသက်ကြီးတဲ့သူတွေကဘာလို့ငိုနေကြသလဲ နားမလည်ကြပေ။ သူတို့စွမ်းအင်တွေနိုးထလာပြီး မျိုးနွယ်စုစစ်သည်တော်ဖြစ်လာသည့်အတွက် ဂုဏ်ယူသော်လည်း သူတို့ဒီလောက်စိတ်လှုပ်ရှားဖို့ မလိုအပ်ပေ။
နတ်ဆေးဆရာက ဘာမှမပြောဘဲ တစ်ယောက်ယောက်ကို စစ်သည်တော်အသစ်များကို အစွန်ဘက်ကို ခေါ်လာဖို့မှာလိုက်သည်။ ဒီညမှာ သူက စစ်သည်တော်အသစ်ကလေးများကို သီးသန့်သင်ပေးစရာရှိသည် ။
“ သွားရအောင် ရှောက်ရွှမ် “
လောင်ခဲ့က ဆီဆာကျောပေါ်မှာထိုင်ပြီး တောင်ထိပ်အစွန်ဘက်မှာငိုနေလေသည် ။ ရှောက်ရွှမ်က မီးပုံရဲ့အဝေးကိုကြည့်ပြီး လောင်ခဲ့နဲ့ဆီဆာကို ကြည့်လိုက်သည်။
“ မင်းရောတိုးတက်လာသလား “
လောင်ခဲ့က သူခါးကို ပုတ်လိုက်သည်။
သူက ရှောက်ရွှမ်ကို အလယ်တန်းစစ်သည်တော်ကနေ အကြီးတန်းစစ်သည်တော်အဖြစ် တိုးတက်လာ
သလား သိချင်၍မေးခြင်းဖြစ်သည် ။ အကြီးတန်းစစ်သည်တော်တစ်ယောက်၏ နတ်အမှတ်အသားမှာ ခါးအထိ ဆန့်ကားနေတတ်သည် ။ သူကရိုးရာသားရဲဝတ်စုံများကို ဝတ်ဆင်ထားသည့်အတွက် သူ့လက်မောင်းကနတ်အမှတ်အသားကို သူမမြင်နိုင်ပေရာ လောင်ခဲ့က ဒီလိုထိုမေးခွန်းမျိုး မေးခြင်းဖြစ်သည်။
ရှောက်ရွှမ်ကသူ့ခေါင်းကိုခါလိုက်သည် ။
လောင်ခဲ့က ၎င်းကိုကြည့်ပြီး သူမျက်လုံးများမှာစိတ်ပျက်သွားသည် ။ သို့ပေမယ့် သူကပြုံးကာ ပြောလိုက်သည် ။
“ အဆင်ပြေပါတယ် ၊ အေးဆေးပေါ့ “
သူကဒီညမှာ လူတော်တော်များများက ပိုပြီးအဆင့်မြင့်သွားကြသည်ကို တွေ့ရသည်။ ရှောက်ရွှမ်က လောင်ခဲ့ရဲ့အမြင်မှာတော့ အလွန်တော်ကာ အရည်အချင်းရှိသည့် စစ်သည်တော်တစ်ယောက်ဖြစ်သည်။ သူက အများကြီး တိုးတက်လာသင့်
သည်။ သို့ပေမယ့်သူက ရှောက်ရွှမ်ခေါင်းခါတာကိုတွေ့လိုက်သည်။ သူက ရှောက်ရွှမ်အများကြီးအတွေးလွန်နေမှာကို စိုးရိမ်သည့်အတွက်ကြောင့် သူ့စိတ်ဓာတ်ကျမှုကိုထိန်းကာ ရှောက်ရွှမ်ကိုပြန်ပြီးတော့နှစ်သိမ့်ပေးလိုက်သည်။
ရှောက်ရွှမ်ကပြုံးကာ ဘာမှတော့မပြောပေ ။
တောင်အောက်ကို ပြန်ဆင်းကြရင်း သူ့ကို လန်ကာ့နဲ့အခြားသူများက ဝိုင်းတားထားကြသည်။ အမဲလိုက်အဖွဲ့ထဲက သူအတော်များများတိုးတက်လာကြပြီး မိုင်က အကြီးတန်းစစ်သည်တော် ဖြစ်လာသည် ။ အားလုံးကပျော်ရွှင်၍နေကြသည်။ အမဲလိုက်အဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ မိုင်ကသူ့လက်ကိုရမ်းကာ သူတို့အားလုံးအတူတူအောင်ပွဲခံကြဖို့ မေးလိုက်သည် ။ ရှောက်ရွှမ်က အများကြီးကူညီခဲ့သည့်အတွက် သူ့ကိုလည်းဖိတ်လိုက်သည်။
“ မင်း သွားပါ “
လောင်ခဲ့က ရယ်လေသည် ။ သူ့မျက်လုံးများကျဉ်းမြောင်းသွားကာ ရှောက်ရွှမ်ပုခုံးကိုပုတ်ရင်း ဆီဆာခေါင်းကိုပုတ်ကာပြောသည်။
“ သွားမယ်၊ အရင်ပြန်ကြစို့ “
ဆောင်းတွင်းတခုလုံးအနားယူပြီး မီးလျှံသလင်းကျောက်ကနေစွမ်းအင်များစုပ်ယူပြီးသည့်နောက် လောင်ခဲ့က တစ်ဖန်ပြန်နုပျိုသွားသည်ဟု ခံစားရကာ စွမ်းအင်အပြည့်ဖြစ်နေသည် ။ သူပိုပြီးတော့ သန်မာလာသည်မှာလည်း ထင်ရှားသည် ။
သူ့မှာခြေတစ်ဖက်မရှိတော့သော်လည်း တောင်ဝှေးအကူအညီနဲ့ဆိုလျှင် သူတောင်အောက်ကို အလွယ်လေးဆင်းသွားနိုင်သည်။ သို့ပေမယ့် လောင်ခဲ့က တောင်ပေါ်ကနေ လမ်းလျှောက်မဆင်းပေ။
သူကဝံပုလွေကိုစီး၍သွားသည် ။ ကောနဲ့သူ့အခြားမိတ်ဆွေအိုများက သူ့ကိုမနာလိုကြည့်ကြပြီး သူက တောင်ပေါ်ကဆင်းတဲ့အချိန်မှာ အမဲလိုက်သီချင်းကို
ပင် ဆိုညည်း၍သွားသေးသည် ။
ဒီနှစ်၏ပထမဆုံးအမဲလိုက်ခရီးမတိုင်ခင်တွင် နတ်ဆေးဆရာနဲ့အကြီးအကဲက တင်ပြချက်ကိုရပြီး ထိုတင်ပြချက်ကသူတို့ကိုအတော်လေး ပျော်သွားစေသည် ။
မူလက သူတို့မှာ အကြီးတန်းစစ်သည်တော်များဆယ်ယောက်ကျော်သာ ရှိသော်လည်း သူတို့အထဲကနှစ်ယောက်မှာစစ်သည်တော်အိုကြီးများဖြစ်ကြသည် ။ စစ်သည်တော်ငယ်များနှင့်ယှဥ်လျှင် သူတို့က အစွမ်းမဲ့သည် ။ သို့ပေမယ့် ယခု အကြီးတန်းစစ်သည်တော်ငယ်များ နောက်ထပ်အယောက် ၂၀ ရှိလာခဲ့ပြီ ဖြစ်သည် ။ သတင်းပေးပို့ချက်အရ လူတော်တော်များများက အဆင့်တက်ဖို့ မအောင်မြင်ခဲ့ကြသော်လည်း သူတို့က အတော်လေးတိုးတက်ခဲ့ကြသည်။ သူတို့က အဆင့်တက်ဖို့ သိပ်မလိုတော့ဘူးဟု အားလုံးကယုံကြည်ထားကြသည် ။
“ ကောင်းတယ်၊ အရမ်းကောင်းတယ် “
ဘိုးဘွားပိုင်မြေကိုပြန်ဖို့ဆိုရင် နတ်ဆေးဆရာနဲ့အကြီးအကဲက ပိုပြီးတော့ အစွမ်းရှိသောစစ်သည်တော်များညရှိလာဖို့မျှော်လင့်ထားကြသည် ။ ပြောရလျှင် သူတို့မျိုးနွယ်စုကိုပြန်ပြီးတဲ့နောက်မှာ အခြားလူများနဲ့ သားရဲများက ယူဆောင်လာသော စိန်ခေါ်မှုများကို သူတို့အများကြီးရင်ဆိုင်ရနိုင်သည် ။ သူတို့ အဲ့ဒီနေရာကိုသွားပြီးတဲ့နောက် သူတို့မှာအလုံအလောက်စွမ်းအင်ရှိမှသာ သူတို့က ဘိုးဘွားပိုင်မြေမှာ အ ခြေချနိုင်လိမ့်မည်ဖြစ်သည် ။
“ သင်္ဘောဆောက်တာပြီးပြီလား “
အကြီးအကဲက သူ့ဘေးက သူကိုမေးလိုက်သည်။
“ ကျွန်တော်တို့ကြိုးစားဆဲပါ “
စစ်သည်တော်က သင်္ဘောဆောက်ခြင်း၏ လုပ်ငန်းစဉ်များကို အကြီးအကဲနဲ့နတ်ဆေးဆရာကို
သတင်းပို့လိုက်သည် ။
“ သိပ်မမြန်သေးဘူး “
အော့ က ပြောသည် ။
သူက ဘိုးဘွားပိုင်မြေပြန်ဖို့ အလွန်စိတ်စောနေလေရာ သူကလက်ရှိလုပ်ငန်းစဉ်နဲ့ ပတ်သက်၍အားမရပေ။
“ အေးဆေးပေါ့ “
နတ်ဆေးဆရာကပြောသည် ။
သူကဒီလိုပြောလိုက်သော်လည်း သူကလေ့ကျင့်ရေးကွင်းအနားမှာ ရေကန်ကြီးတကန်တည်ဆောက်ဖို့ အကြီးအကဲနဲ့ဆွေးနွေးနေသည် ။ သူတို့မှာသစ်သားစားသည့်ပိုးများ မရှိသည့် ရေကန်ကြီးတစ်ခုသာရှိလျှင် သူတို့သင်္ဘောများကို အလွယ်တကူစမ်းသပ်နိုင်လိမ့်မည် ။
နေရာရွေးချယ်ခြင်း ၊ မြေတူးခြင်း ၊ ရေပို့ခြင်းအစရှိသဖြင့် ကိစ္စများပါဝင်သည့် လုပ်ငန်းသေးသေးလေးမဟုတ်ပေ။ ဒါသည် အလွန်ရှုပ်ထွေးသော လုပ်ငန်းစဉ် ဖြစ်သည် ။
အော့က သဘောတူသည် ။