အားလုံးကို ဖျက်စီးပစ်
Vol. 15 Ch. 225
အကြီးအကဲနဲ့နတ်ဆေးဆရာတို့မှာ သူတို့ကိုရေကန်ကြီးတကန်တူးဖို့အမိန့်ပေးလိုက်သည်။ ထိုအတွက်ကြောင့် အားလုံးက အကောင်းဆုံးကြိုးစားလုပ်ဆောင်ကြသည် ။ အမဲလိုက်စစ်သည်တော်များထွက်သွားသောအခါ အချို့ကရေကန်တူးဖို့နေခဲ့ပြီး အချို့မသန်စွမ်းသူများကပင် ကူညီကြသည်။ မျိုးနွယ်စုထဲမှာ စွမ်းအင်မနိုးထသေးတဲ့ အမျိုးသမီးတော်တော်များများကလည်း တစ်ဖက်တစ်လမ်း ကူညီကြသည်။
ပထမအမဲလိုက်ခရီးပြီးတဲ့နောက် ရှောက်ရွှမ်က မျိုးနွယ်စုဆီ ပြန်လာခဲ့သောအခါ စတုရန်းမီတာလေးရာလောက်ရှိတဲ့ တွင်းကြီးတစ်တွင်း သူတို့လုပ်ပြီး ပြီ ဖြစ်သည် ။ သူတို့က ဆက်တူးနေကြသည် ။ တောင်ခြေမှာတော့ ဂူထဲကကလေးအချို့ကလည်း ငါးစွပ် ပြုတ်များ ချက်ပြုတ်ပေးပြီး ကူညီကြသည်။
မီတာ၂၀အရှည်ရှိတဲ့ သစ်သားသင်္ဘောကြီးကို ထိုနေရာမှာထားလိုက်ကြသည်။ ယန်ကျစ်နဲ့အခြားသူများက ချိုင့်ကွက်များကို ဖြည့်ရင်း အလုပ်များနေကြသည်။ ဒါက သူတို့စမ်းသပ်တဲ့ပထမဆုံးသင်္ဘောဖြစ်ပြီး မဆောက်ရသေးသော အခြားသင်္ဘောအကြီးနှစ်ခုကလည်း ဘေးတွင် ရှိသည် ။
ရှောက်ရွှမ်လည်း ပစ္စည်းများ ကောက်ကိုင်ကာ သူတို့ကို ကူညီပေးလိုက်သည်။
“ အခြေအနေ ဘယ်လိုလဲ “
ရှောက်ရွှမ်က မေးလိုက်သည်။
“ မိုးရာသီမတိုင်ခင်တော့ ငါတို့ဒီသင်္ဘောသုံးစီးပြီးလောက်တယ် ၊အဲဒီနောက်ကျရင်တော့ ငါတို့အရင်ဆုံးစမ်းသပ်ကြည့်ကြတာပေါ့ “
တကယ်လို့ သူတို့အောင်မြင်လျှင် သူတို့ပိုကြီးတဲ့
သင်္ဘောတစ်ခုဆောက်ရပေမည် ။
နတ်ဆေးဆရာ ပြောခဲ့သည့်အတိုင်း သူတို့သင်္ဘောများက မျိုးနွယ်စုထဲကလူအားလုံးကို ပူပန်စေသည် ။ အကယ်၍သင်္ဘောဟာလုံလောက်အောင် မကောင်းလျှင် လမ်းခရီးမှာသူတို့ ငါးတွေနဲ့တိုက်မိပြီး သင်္ဘောကပျက်စီးကာ အထဲမှာ ရေဝင်သွားမည်ကိုသူတို့ကစိုးရိမ်ကြသည်။ ထိုသို့ဆိုလျှင် သူတို့ငိုရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပေ ။
“ အမဲလိုက်တာ ဘယ်လိုနေလဲ “
ကျောက်ဝူက မထိန်းနိုင်ပဲ မေးလိုက်မိသည် ။
“ မဆိုးပါဘူး “
ရှောက်ရွှမ်က ဒီတခါတော့ အစိမ်းရောင်နယ်မြေကို အဆင့်မြင့်အဖွဲ့နဲ့လိုက်ပါသွားခဲ့သည် ။ ဒီတခါမှာတော့ အစိမ်းရောင်နယ်မြေက ကောက်ကွေ့သော အပင်တစ်မျိုးကိုသူတို့ရှာတွေ့ခဲ့ပြီး လမ်းမှာလည်း
သူတို့အများအပြားအမဲလိုက်ခဲ့သည် ။ ဒါတွေက သူတို့ကိုစိတ်ကျေနပ်စေသည် ။
“ ကျွန်တော်တို့လည်း နောက်တခါအမဲလိုက်သွားရမယ် “
ကျောက်ဝူကလည်းပြောလေသည် ။
“ ဟုတ်တယ် ၊ ဒါပေမဲ့ နောက်တစ်ခါပြီးလို့ နောက်တကြိမ်မှာ “
ရှောက်ရွှမ်က ပြောသည် ။
ယန်ကျစ်နဲ့အခြားသူများက စစ်သည်တော်အသစ်အများစုကဲ့သို့ပင် အမဲလိုက်ခရီးရဲ့ ပထမအမဲလိုက်ခရီးစဉ်နှစ်ခုကို မလိုက်ရပေ။ သူတို့က တတိယအမဲလိုက်ခရီးမှာသာလိုက်ရသည်။ ယန်ကျစ်နဲ့အခြားသူများက အခြားစစ်သည်တော်အသစ်များနဲ့ကွာခြားလေရာ ထို့ကြောင့် သူတို့က ထိုအချိန်မှာ ကာကွယ်ပေးခံရဖို့လိုအပ်သည်။
“ ငါတို့ထွက်သွားရင် ဒီမှာဘာတွေဖြစ်နေလဲကို မင်းကအထူးသတိထားပေးပါ “
ယန်ကျစ်က ရှောက်ရွှမ်ကိုပြောသည် ။
“ မပူပါနဲ့ “
ယန်ကျစ်နဲ့အခြားသူများက ရှောက်ရွှမ် အမဲလိုက်ရတဲ့အချိန်နဲ့ မတူလေရာ သူတို့က အခြားသူများကိုမယုံကြည်သည့်အတွက် သင်္ဘောဆောက်သည့်နေရာတွင် သူတို့ထဲကတစ်ယောက် ကြီးကြပ်ပေးမှာသေချာအောင် လုပ်ဖို့လိုအပ်သည် ။
မီးတောက်ဦးချိုများမျိုးနွယ်စုကလူများက ရေကန်ကြီးတခုကဲ့သို့ကြီးသောတွင်းကိုတူးကြသည် ။ တွင်းကြီးက လုံချိုမျိုးနွယ်စုကရွက်လှေတွေအားလုံး ထားလို့ရအောင်ကျယ်သော်လည်း စစ်သည်တော်များကမကျေနပ်ကြသေးဘဲ အကယ်၍ပတ်ဝန်းကျင်မှာသာတောင်များမရှိလျှင် သူတို့ကပိုကြီးအောင် တူးကြမှာ
သေချာသည် ။
မိုးရာသီရောက်လာသောအခါ တွင်းထဲမှာ ရေများစတင် စုဆောင်း၍လာသည် ။ မိုးရာသီပြီးတဲ့နောက်မှာ မြစ်ထဲမှာသစ်သားစားသည့်ပိုးများ မရှိတော့သောအခါတွင် မြစ်ထဲကရေများကို တွင်းထဲသို့ ကူးပြောင်းပေးနိုင်မည် ။
ရေကန်ကနေ မြစ်သို့ သင်္ဘောကို ရေကန်ထဲကနေမြစ်ထဲကိုရွှေ့ဖို့အတွက် ဆယ်မီတာနီးပါးရှိတဲ့ ရေလမ်းကြောင်းတစ်ခု သူတို့တူးခဲ့ကြသည် ။ ရှောက်ရွှမ်ရဲ့အကြံဉာဏ်နဲ့ လမ်းညွှန်မှုကြောင့် သူတို့ကမြစ်ကမ်းပါးဝမှာ ရေကာတာတစ်ခုကို ဆောက်ထားပေမယ့် မိုးရာသီအကုန်မှလွဲရင် ပိတ်ထားပေးလိမ့်မည်။
“ ငါတို့မှာ ရေကန်နဲ့ရေလမ်းကြောင်းရှိပြီး ဒီတော့ ငါတို့မိုးရာသီရောက်လာဖို့စောင့်ရုံပဲ “
မိုးရွာသောအခါ သူတို့က မြစ်ကနေ ရေကန်ထဲသို့
ရေများကိုခွဲထွက်စေသည် ။
“ ကံဆိုးစွာနဲ့ ဒီနှစ်တော့ငါတို့မပြန်နိုင်တော့ဘူး “
လန်ကာ့က ရေကန် နဲ့ရေလမ်းကြောင်းကို ကြည့်ပြီး ပြောလေသည် ။ မြစ်ထဲမှာအင်းဆက်တွေ မရှိဘူးဆိုရင် ငါတို့တွင်းတူးဖို့ အချိန်တွေ အများကြီးကုန်မှာမဟုတ်ဘဲ ငါတို့မြစ်ထဲမှာ သင်္ဘောကိုစမ်းသပ်လို့ရနိုင်တယ် “
“ ဟုတ်ပြီ ၊ ငါတို့စောင့်ပြီးတော့ နောက်နှစ်လောက်ကျရင်တော့ ပြန်ကောင်းပြန်နိုင်ပါတယ် “
မီးတောက်ဦးချိုများမျိုးနွယ်စုကလူများ အလုပ်များနေချိန်မှာ မြစ်တစ်ဖက်က မျိုးနွယ်စုအကြီးအကဲဖူကျီးမှာတော့ သူတို့ဘိုးဘွားပိုင်မြေဖြစ်တဲ့ အဆင့်မြင့်သားရဲတောင်ကို လူအများကြီးနဲ့ သွားလေသည် ။
ဒီတကြိမ်မှာတော့ သူဒီကိုခေါ်လာတဲ့လူတွေက ဝမ်ရှစ်မျိုးနွယ်စုမှာရှိတဲ့လူများ၏ သုံးပုံတစ်ပုံခန့်မျှပင်ဖြစ်သည် ။ တောထဲက အဆင့်မြင့်သားရဲနှင့်အန္တရာယ်ရှိသော အပင်များကြောင့် စစ်သည်တော်အများအပြားသေဆုံးကာ ဒဏ်ရာရကြသည် ။ သို့သော်လည်း သူတို့က တဖြည်းဖြည်းနဲ့ မျိုးနွယ်စုရဲ့ ဘိုးဘွားပိုင်မြေကို ရှာဖွေတွေ့ရှိသွားသည် ။
ကျောက်တုံးပေါ်က နွယ်ပင်များ ၊ ရေညှိများကို ဓားတစ်ချောင်းနဲ့ ခြစ်ထုတ်ပြီးနောက် ဝမ်ရှစ်မျိုးနွယ်စုအကြီးအကဲ ဖူကျီး ကိုယ်ပေါ်မှာ သွေးများပြည့်နေပြီး သစ်တောထဲမှာ ထူထားတဲ့ကျောက်တုံးများကိုကြည့်ပြီး ဖြေးဖြေးချင်းဖတ်လိုက်သည် ။
“ မီးတောက်ဦးချိုမျိုးနွယ်စုတဲ့လား “
သူကအထင်သေးစွာ ရယ်လိုက်ပြီး သူ့ဆီကိုလာနေတဲ့ နတ်ဆေးဆရာကို အထင်သေးအမြင်သေး ပြောလိုက်သည်။
“ မင်း စိတ်ပူနေတယ်ဆိုတာ ဒါလား။ ဒီမျိုးနွယ်စုကမျိုးသုဥ်းသွားတာကြာပြီ “
နတ်ဆေးဆရာက အသံတိတ်နေသည် ။
မျိုးနွယ်စုအကြီးအကဲ ဖူကျီးက ပြုံးလိုက်ပြီး သူ့မျက်နှာက ရုတ်တရက် ကြောက်စရာကောင်းလာသည် ။ သူကစကားလုံးများထွင်းထားတဲ့ ကျောက်တုံးကြီးကို လက်သီးနဲ့ထိုးလိုက်သည်။
ဘုန်း
ကျောက်တုံးပေါ်မှာ လက်သီးစုပ်အရွယ်ရှိ အပေါက်ကြီးဖြစ်သွားသည် ။ မြေပြင်ပေါ်မှာ ကြံ့ကြံ့ခံရပ်နေတဲ့ ကျောက်တုံး ကြီးက သူ၏ကြီးလှသောအားကြောင့် လဲသွားပြီး သူတို့နဲ့အဝေးသို့ လိမ့်ထွက်သွားသည်။ လိမ့်လာတဲ့ကျောက်တုံးကို လျစ်လျူရှုပြီး ဖူကျီးကသူ့လူတွေကို အရှေ့သို့ဦးဆောင်ကာ ဆက်သွားကြသည် ။
သူတို့ ဒီရွာပျက်ကြီးကို ရောက်တာ မကြာသေးပါပေ ။
ဝမ်ရှစ်မျိုးနွယ်စုကလူများက ဒီနေရာမှာ မျိုးနွယ်စုတစ်ခုရှိတာကိုတော့ သိခဲ့ကြသည်။ သို့ပေမဲ့ မျိုးနွယ်စုက ပျောက်ကွယ်သွားပြီး ရွာပျက်ကြီးအ ဖြစ်ကျန်ခဲ့သည် ။ နောက်ပိုင်းမှာ အကြီးအကဲများက တောနက်ထဲက ရွာပျက်ကြီးကို ဂရုမစိုက်ကြတော့ပေ ။ သစ်တောကကျယ်လာသည်နှင့်အမျှ ထိုရွာပျက် ကြီးနှင့် ပတ်ပတ်လည်နေရာမှာ ပိုပိုပြီးတော့ သူတို့အတွက်အန္တရာယ်များလာခဲ့သည် ။ ထို့ကြောင့် သူတို့ကဒီနေရာကို အလွန်လာခဲလေသည်။
ထိုရွာပျက်ကြီးမှာ အပြောင်းအလဲကြီးတခုဖြစ်ခဲ့သည့်အတွက်ကြောင့် သမိုင်းဝင်အဖြစ်အပျက် တစ်ခုဖြစ်ခဲ့ပုံရသည် ။ ထိုမျိုးနွယ်စုဝင်များက ဒီနေရာမှာနေခဲ့ကြသည် ။ မျိုးနွယ်စု ဆုတ်ယုတ်သွားသည်နှင့်တပြိုင်နက် ထိုမျိုးနွယ်စုဝင်ထဲက ဘယ်သူကမှ ဒီမှာမနေကြတော့လေရာ မျိုးနွယ်စုဟာမျိုးသုဥ်းသွားပြီဟု ယူဆ၍ရသည် ။
ပတ်ပတ်လည်ဧရိယာမှာ လောလောဆယ် ရာသီတွင် အသက်ရှင်နိုင်ဖွယ်ရာ အထောက်အပံ့များ များစွာတွေ့နေသော်လည်း ရွာပျက်ကြီးအရှေ့မှာ ရပ်နေရတဲ့သူတိုင်းက ထိုနေရာဟာ ပျက်စီးနေသည်ဟု ခံစားရသည် ။ ထိုနေရာက လူအိုကြီးတစ်ယောက်၏ ပျက်စီးနေသောရုပ်အလောင်းနဲ့ တူလေသည်။
အောင်ပွဲတွေ ၊ ဂုဏ်ကျက်သရေတွေဟာ ဒီနေရာမှာ နှစ်ထောင်ပေါင်းများစွာအလွန်က ဖြစ်ခဲ့ခြင်းဖြစ်ပြီး မီးတောက်ဦးချိုမျိုးနွယ်စုကလူများအတွက်မှလွဲရင် အရေးမပါတော့ပေ။
ဥပမာအနေနဲ့ ဒီမှာရပ်နေကျတဲ့ ဝမ်ရှစ်မျိုးနွယ်စုကလူများ သူတို့ ပထမဆုံး ဒီရွာပျက်ကြီးကို ရောက်ရောက်ချင်းမှာ ရှင်းမပြနိုင်တဲ့ခံစားချက်များ အစမှာရှိခဲ့ကြသော်လည်း သူတို့က ယခုဒီနေရာမှာအဖိုးတန်ပစ္စည်းဘာများ ကျန်ရှိသလဲကိုသာ စဉ်းစားကြသည် ။
ဝမ်ရှစ်မျိုးနွယ်စုအကြီးအကဲ ဖူကျီးက မြေပြင်ပေါ်မှာရှိတဲ့ ထင်ရှားတဲ့အမှတ်အသားခြောက်ခုကိုကြည့်ကာ အန္တရာယ်ရှိနိုင်သလားဟူ၍ မျက်စိမှေးကြည့်လိုက်သည်။
“ ဒါရိုးရာအခမ်းအနားအတွက် အမှတ်အသားတွေလား “
ဖူကျီးက မီးကြောင့် ဖြစ်သွားနိုင်တယ်လို့ ယူဆရတဲ့ မျဉ်းကြောင်းခြောက်ကြောင်းကို ညွှန်ပြပြီး နတ်ဆေးဆရာကို မေးလိုက်သည်။
သူက ကိုးကွယ်ယုံကြည်ခြင်းနှင့် ပတ်သက်၍ နားမလည်သော်လည်း ဒါက မျိုးနွယ်စုတစ်ခုက ရိုးရာအခမ်းအနားကနေ ကျန်ခဲ့သော အရာများဆိုတာကိုတော့ သူခန့်မှန်းမိသည် ။ မျိုးနွယ်တစ်ခုစီတိုင်းမှာ သူတို့ကိုယ်ပိုင် ယုံကြည်ကိုးကွယ်ခြင်းပုံစံများရှိကြသည်။
“ ဖြစ်နိုင်တယ် “
နတ်ဆေးဆရာက ပြောသည် ။
“ ဖြစ်နိုင်တယ်တဲ့ ၊ ဟုတ်လား “
နတ်ဆေးဆရာက ရပ်ပြီးပြောလိုက်သည်။
“ ဒီမှာ မီးမျိုးစေ့ရှိနေတာကိုတော့ ငါတစ်ခါမှမခံစားဖူးဘူး “
“ ဒါပေါ့ ၊ ဒီမှာ မီးမျိုးစေ့မရှိဘူး။ ဒီမျိုးနွယ်စုက မျိုးသုဥ်းသွားပြီကို “
ဖူကျီးက အော်လိုက်လေသည် ။
ဒီမှာ မီးမျိုးစေ့မရှိလျှင် ဘာလို့မီးမျိုးစေ့က ဖိနှိပ်တာကိုသူတို့ခံစားခဲ့ကြရတာလဲ။
မီးမျိုးစေ့ဖိနှိပ်ခံရမှု ထွက်ပေါ်လာခြင်းကနေ သူတို့
မျိုးနွယ်စုထက် သန်မာတဲ့အခြားမျိုးနွယ်စုတစ်ခု ဒီမှာရှိနေတာကိုပြလေသည် ။အကယ်၍မျိုးသုဥ်းသွားတဲ့ မျိုးနွယ်စုကလူတွေ လုပ်တာမဟုတ်ဘူးဆိုလျှင် ဗဟိုဒေသက အခြားမျိုးနွယ်စုတစ်ခုကလူများ ဒီလိုပြုလုပ်ခဲ့ခြင်းဖြစ်နိုင်သည် ။
ဝမ်ရှစ်မျိုးနွယ်စုက မကြာခဏ လုမျိုးနွယ်စုကို ပြဿနာများရှာခဲ့ပြီး ဗဟိုဒေသက အဓိကမျိုးနွယ်စုအတော်များများ၏အကြိမ်ပေါင်းများစွာ သတိပေးခြင်းကိုခံရသည်။
ဝမ်ရှစ်မျိုးနွယ်စုကိုခြောက်လှန့်လို၍ ခပ်ဆင်ဆင်တူတဲ့ ရိုးရာအခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့လေသလား။ ဖြစ်နိုင်သည် ။ အရင်ကဖြစ်ခဲ့သော ပြဿနာများမှာ ဗဟိူဒေသကလူများကြောင့်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဖူကျီးက ဒါကိုတွေးမိပြီး ပြောရလျှင် ထိုသူများမှလွဲလျှင် မည်သူကမှသူတို့နှင့်ပြဿနာမရှာကြဘဲ မီးမျိုးစေ့ဖိနှိပ်မှုကို ဖြစ်စေမည်မဟုတ်ပေ ။
သူ ထိုအကြောင်းကိုပိုပြီး တွေးမိလေ အမှန်တကယ်ဟု ထင်လာလေဖြစ်သည်။ ဖူကျီးက သူ့ဘေးက တစ်ခုခုပြောဖို့ တွန့်ဆုတ်နေတဲ့ နတ်ဆေးဆရာကို လျစ်လျူရှုကာ အခြားသူများကိုခေါ်လိုက်သည်။
“ ဒီနေရာက အားလုံးကိုဖျက်ဆီးပစ် ၊ အားလုံးကိုပဲ အထူးသဖြင့် ဒီနေရာကို “
ဖူကျီးက အလယ်က မီးလမ်းကြောင်းခြောက်ခုကို လက်ညှိုးထိုး ညွှန်ပြလိုက်သည်။
“ ဒါတွေကို ဖယ်လိုက်စမ်း ၊ နောက်တခါထပ်မမြင်ချင်ဘူး “
ဒါက ဗဟိုဒေသက လူအိုကြီးများလုပ်ခဲ့ခြင်းဖြစ်သည်ဟု သူခံစားမိသော်လည်း သူက ဒီနေရာကို နေရာကောင်းတစ်ခု ဖြစ်သည်ဟုတော့ မထင်ပေ။ သူက ဒီနေရာက တိုင်မြင့်မြင့်ကြီးများက သူတို့မျိုး
နွယ်စုကို လှောင်နေသည်ဟု သူခံစားရသည် ။
ဝမ်ရှစ်မျိုးနွယ်စုက ဗဟိုဒေသက အားအကောင်းဆုံးမျိုးနွယ်စုတွေထဲက တစ်ခုဖြစ် ပေမယ့် အခြားသောမျိုးနွယ်စုကြီးများထက်တော့ မီးမျိုးစေ့၏ ဖိနှိပ်မှုကြောင့် အားနည်းနေဆဲဖြစ်သည် ။
“ ဒါကို ဖျက်ဆီးပစ် “
သူက ဗဟိုဒေသက လူအိုကြီးများကို အနိုင်မယူနိုင်ခဲ့သော်လည်း ဒီကျောက်တုံးများကိုတော့ သူဖျက်ဆီးပစ်နိုင်သေးသည် ။
ဘာပြောပြော မျိုးနွယ်စုဟာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည့်အတွက် ဒီအရာများက အသုံးမဝင်တော့ပေ ။ ဒီကျောက်တုံးတွေက သူတို့အတွက် မျက်စိဆံပင်မွေးစူးစရာ ဖြစ်နေသည့်အတွက် ကျောက်တုံးများကို ဆက်မထားချင်တော့ပေ ။
တောနက်ထဲမှာတော့ အသံအကျယ်ကြီး ကြားလိုက်ရပြီး ရှောက်ရွှမ် ထောင်ခဲ့တဲ့ ကျောက်တိုင်ရှည်ကြီးများဟာ နောက်ဆုံးမှာလဲကျသွားလေသည် ။
ဖူကျီးက ကျောက်တိုင်ကြီး လဲကျသွားတာကို မြင်လိုက်သည်။ သို့ပေမယ့် သူစိတ်မကျေနပ်နိုင်သေးဘဲ သူက သူ့လူတွေကို ဒီတိုင်တွေကို ဖျက်ပစ်ဖို့ အမိန့်ပေးလိုက်ပြီး တစ်ခုစီတိုင်းမှာ အပေါက်တွေအများကြီး ထွင်းဖောက်ပစ်ခဲ့ဖို့ အမိန့်ပေးလိုက်သည် ။
ဒီနည်းလမ်းနဲ့ပဲ ကျောက်တိုင်ကြီးများပေါ်က ပန်းချီများကဖျက်ဆီးခံလိုက်ရပြီး ဖတ်လို့ မရနိုင်တော့ဘဲ ဘယ်သူကမှ နတ်အမှတ်အသားပြည့်ပြည့်စုံစုံကို မြင်ရတော့မည်မဟုတ်ပေ ။
ရွာပျက်ကြီးဟာ ပိုပြီး အခြေအနေဆိုးသွားလေသည့်ပုံ ပေါက်လေသည် ။ ပြိုတော့မလိုဖြစ်နေသော ကျောက်တုံးအိမ်အများအပြားကလည်း နောက်ဆုံးမှာပြိုလဲသွားသည် ။ ကျောက်ပြားကြီးများဟာ
အပိုင်းပိုင်းဖျက်ဆီးခံရပြီး အပိုင်းအစငယ်လေးများကို အဖက်ဖက်သို့ လွှတ်ပစ်လိုက်ကြသည် ။
ပိုကောင်းတဲ့ကျောက်တုံးတွေကိုတော့ တူးထုတ်ပြီး ယူသွားကြသည် ။ မူလမီးတွင်းကိုတော့ သူတို့ကအရွယ်အစားအစုံ အပေါက်များအများကြီးတူးဖောက်သွားကြသည်။ ရှောက်ရွှမ် ပထမဆုံးမြင်ခဲ့ရတဲ့အကြိမ်နဲ့ လုံးဝကွာသွားလေပြီ ဖြစ်သည်။ အပင်များဟာခုတ်လှဲခံရပြီး မြက်ပင်များဟာဆွဲနှုတ်ခံထားရသည် ။ နေရာတခုလုံးက လုံးဝ ကွဲပြားသွားလေသည် ။
ဒီမြင်ကွင်းတစ်ခုလုံးကိုကြည့်ပြီး ဖူကျီး စိတ်ကျေနပ်သွားသလိုခံစားရသည် ။ သူက သူမုန်းတဲ့ထိုအရာများမီးလောင်သွားစေဖို့ တောကိုမီးစရှို့ပစ်လိုက်သည်။
ဒီကရှိတဲ့ အရာအားလုံးသာ လောင်မြိုက်သွားလျှင် ဘယ်သူကမှပြဿနာလာရှာရဲတော့မည်မဟုတ်ပေ။
အကောင်းဆုံးကတော့ သစ်တောတစ်ခုလုံးမီးရှို့ပစ်ဖို့ဖြစ်ပြီး ဒါပေမယ့်ဒါကမဖြစ်နိုင်ပေ။ အနီးအနားမှာ ရေကန်အများကြီးရှိပြီး သားရဲအများအပြားလည်း ရှိလေသည် ။ ဒီကသားရဲအချို့က မီးကိုဘယ်လိုငြိမ်းသတ်ရမလဲ သိကြသည်။
နှမြောစရာပဲ။
တစ်ခုခုကို ချန်ထားပစ်ဖို့က မဆိုးပါပေ ။
အကယ်၍သူတို့သာ အကုန်လုံးကို မီးရှို့ပစ်လိုက်လျှင် အဆင့်မြင့်သားရဲအားလုံးထွက်လာပြီး ဝမ်ရှစ်မျိုးနွယ်စုသာ ဒုက္ခခံရပေမည် ။
သူကအရာအားလုံးကိုမီးရှို့မပစ်သော်လည်း အနည်းဆုံးတော့ ဒါကသူ့ကို စိတ်ကျေနပ်စေသည် ။ သူကဖျက်ဆီးရတာကို သဘောကျတဲ့သူဖြစ်ပြီး ဒါကပဲ သူ့ကို အလွန်ပျော်စေသည်။
“ သွားကြ “
လောင်မြိုက်နေတဲ့မီးများနဲ့ မီးခိုးများကိုကြည့်ရင်း သူကတဖက်ကိုလှည့်ကာ အော်လိုက်လေသည် ။ ဒီနေရာမှာ မီးကအမြန်ပြန့်နှံ့ မသွားပေ။ ပတ်လည်ကအပင်များမှာ အလွယ်တကူ မီးမကူးသွားပေ ။ ဒီနေ့ လေမတိုက်လေရာ သူတို့ထွက်ခွာဖို့ အချိန်လုံလုံလောက်လောက် ရသည် ။
ဒီတစ်ကြိမ်မှာ လူတော်တော်များများ တောထဲမှာ သူတို့အသက်တွေဆုံးရှုံးခဲ့ရသော်လည်း ဖူကျီးက အခု စိတ်ချသွားရပြီဖြစ်သည့်အတွက် ဒီခရီးကို ခရီးကောင်းတစ်ခုဟု သူကသတ်မှတ်လေသည်။
“ ဒီအဖိုးကြီးတွေ ဘာလုပ်မလဲငါသိချင်လိုက်တာ “
ဖူကျီးက ပြောလေသည် ။
သူ့စိတ်ထဲကနေ အဖိုးကြီးများက သူတို့မျိုးနွယ်စု
ကလူများထက် တကယ်ကို ပိုပြီးသန်မာကြသည်ကို သိသော်လည်း သူကဒါကိုစိတ်မပူပေ ။ သူတို့အများကြီးတော့ မသန်မာနိုင်ပါဘူး ။
ထိုမျိုးနွယ်စုကလူတွေအားလုံးလာပြီး သူတို့ကို တိုက်ခိုက်ဖို့ဆိုသည်မှာမဖြစ်နိုင်ပေ ။
ဖူကျီးက သူ့လူတွေနဲ့ ထွက်ခွာလာသည် ။ သို့ပေမယ့် သူတို့ထွက်ခွာလာပြီး မကြာမီပဲ မိုးစရွာလေသည် ။ မိုးကပိုပြီးသည်းသည်းလာသည် ။ ထိုကြောင့် သူတို့စခဲ့တဲ့မီးမှာ ငြှိမ်းသတ်သွားသည် ။ မီးခိုး များကလည်း ပျောက်ကွယ်သွားသည် ။
“ သောက်ကျိုးနည်း မိုးရွာနေတယ် “
ဖူကျီးက ဒေါသတကြီးပြောသည် ။
ယနေ့က တိမ်တကယ်တိမ်ထူနေတာဖြစ်ပြီး မိုးရွာလိမ့်မည်ဟု သူသိထားသည် ။ သို့ပေမယ့် သူမီးစစရှို့
ပြီးချင်းမှာ မိုးစရွာလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။ သို့ပေမယ့် သူကအဲဒီနေရာကို ပြန်မသွားလိုပေ။ ဘာပဲပြောပြော သူလုပ်သင့်တာကို သူလုပ်ခဲ့ပြီးပြီ။
ဖူကျီးက ပျော်ရွှင်နေသော်လည်း နတ်ဆေးဆရာကတော့ ခံစားချက်များရောထွေးကာ နောက်တခါ စိတ်ရှုပ်ထွေးလာသည် ။ ထို့ပြင် သူအရင်ကထက်ပင် ပိုပြီး စိတ်ပူပင်၍ လာသည် ။ သူစိတ်ပူနေတာတွေ ဘယ်တော့မှ ဖြစ်မလာဖို့ကိုသာ သူမျှော်လင့်မိသည် ။