အဆင်သင့်
Vol. 16 Ch. 226
မီးတောက်ဦးချိုများမျိုးနွယ်စုကနေ ဝမ်ရှစ်မျိုးနွယ်စုကလူများ ပြန်လာပြီးသည့်နောက်မှာ သူတို့အထဲကတော်တော်များများ အထူးသဖြင့် နတ်ဆေးဆရာတို့မှာ စိတ်ပူပင်၍ နေကြသေးသည် ။ သူကအမြဲ စိတ်ဖိစီးနေသည်ဟု ခံစားရပြီး အသက်ရှူကြပ်နေလေသည် ။
သို့သော်လည်းပဲ အဲဒီကတည်းက မျိုးနွယ်စုအကြီးအကဲဖူကျီးက တောထဲသို့ လူများ ထပ်လွှတ်သေးသည် ။ သူတို့က သားရဲများ၊အဆင့်မြင့်သားရဲများနဲ့ အန္တရာယ်ရှိသော အပင်များကလွဲရင် အခြားဘာကိုမှမတွေ့ရပေ ။
ထို့အတွက်ကြောင့် အရင်က ရှုံးနိမ့်ခဲ့ရသော အဖြစ်အပျက်များကြောင့် ဖြစ်ခဲ့ရသော ကြောက်ရွံ့မှုများမှာ တဖြည်းဖြည်းနဲ့ ဝမ်ရှစ် မျိုးနွယ်စုကလူများကြားမှာ ပေါ့ပါး၍လာသည် ။
အခုဆိုလျှင် ဝမ်ရှစ်မျိုးနွယ်စုကလူများက သူတို့တစ်ယောက်ယောက်ကိုမုန်းလျှင် အဲဒီလူကို သူတို့ဓားနဲ့ ထိုးပစ်လိုက်သင့်သည်ဟုသာ ယုံကြည်လာကြတော့သည် ။ သူတို့က သူတို့ကို ကလဲ့စားပြန်ချေနိုင်သည်ဟု ပူပန်ခဲ့ကြသေးသည် ။ သို့ပေမဲ့ယခု ဘာမှဖြစ်မလာပေ။ ထို့ကြောင့် သူတို့နောက်တခါ ထပ်လုပ်သည် ။ ဘာမှဖြစ်မလာသည့်အတွက် သူတို့ဘာကိုမှ မကြောက်တော့ပေ။
ထိုအတိုင်းပင် မျိုးနွယ်စု တော်တော်များများက လူအိုကြီးများရဲ့ မီးမျိုးစေ့ကိုသုံးကာ ကံဆုံးမိုးမှောင်ကျမှုများ၊ဖိနှိမ်မှုများဖြစ်သည် ဟု ပိုပြီး ဖူကျီးက သေချာလာ ပြီး သူကနောက်ဆုံးမှာ စိတ်ချလက်ချဖြစ်သည်ကို ခံစားရသည် ။
ဒါက အမှန်တရားဖြစ်နိုင်ပြီး ဖူကျီးက ဂုဏ်ယူစွာပြုံးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီလူတွေ သူ့ကိုရပ်တန့်အောင် မလုပ်နိုင်ပေ။ မျိုးနွယ်စု၏အကြီးအကဲ ဘိုး
ဘေးတစ်ယောက်က ပြောဖူးသည်မှာ ဗဟိုဒေသမှ အင်အားကြီးမျိုးနွယ်စုတွေထဲက တစ်ခုက အခြားအင်အားကြီးမျိုးနွယ်စုတစ်ခုနဲ့ စစ်ပွဲတခုကိုဖြစ်ဖို့ အင်မတန်ခဲယဉ်းသည်။ ထိုအတွက်ကြောင့် မျိုးနွယ်စုရဲ့အစဉ်အဆက်ဘိုး ဘေး အကြီးအကဲများက သူတို့၏ရည်မှန်းချက်ကို ထိန်းချုပ်မထားဘဲစစ်ပွဲများမကြာခဏ စတင် လေ့ရှိသည်။ ဖူကျီးလည်း ထိုတိုင်းပင်ဖြစ်ခဲ့သည် ။
သို့သော်လည်း ဝမ်ရှစ်မျိုးနွယ်စုဆေးဆရာကတော့ စိုးရိမ်ပူပန်နေဆဲဖြစ်သည် ။ တစ်နေ့ပြီးတစ်နေ့ သူ့စိတ်ပူပန်မှုက လျော့ပါးမသွားဘဲ ပို၍တိုးလာသည်။ ဖူကျီးကတော့ သူ၏ ရည်မှန်းချက် ကိုဖုံးကွယ်မထားပေ။ သို့ပေမယ့် နတ်ဆေးဆရာကတော့ တစ်နေ့မှာမျိုးနွယ်စုက လက်လှမ်းမှီသွားလျှင် သူတို့ခြေတွေလက်တွေ ဖြတ်ပစ်ခံရနိုင်သည်ကို စိုးရိမ်နေသည် ။
ဝမ်ရှစ်မျိုးနွယ်စုကလူများ ဘယ်လိုခံစားရသည်ကို ဂရုမထားဘဲ မြစ်အခြားတစ်ဖက်မှာတော့ မီးတောက်ဦးချိုများ မျိုးနွယ်စုကလူများက သင်္ဘော
များတည်ဆောက်ခြင်း ၊ လေ့ကျင့်ခြင်းဖြင့်အလုပ်များ၍နေကြသည် ။ မိုးရာသီအတွင်းမှာ မြစ်ထဲကနေလူလုပ်ရေကန်ထဲသို့ ရေများပို့ပြီးတဲ့နောက် သူတို့ကသင်္ဘောဆောက်ခြင်းနှင့်လေ့ကျင့်ခြင်းကို ပိုပြီးအရှိန်တင် လုပ်ဆောင်လာကြသည်။
မီးတောက်ဦးချိုများမျိုးနွယ်စုကလူများမှာ ရှောက်ရွှမ် ၊ ယန်ကျစ်နှင့်အခြားသူများမှလွဲလျှင် မွေးကတည်းကနေ ယခုအချိန်အထိ သင်္ဘောနဲ့ခရီးသွားခဲ့ခြင်းမရှိပေ။ သူတို့က သင်္ဘောများက သေချာအလုပ်မလုပ်ဘူးဆိုလျှင် အရှေ့ကိုဆက်ပြီးလှော်ခတ်သွားနိုင်ဖို့အတွက် သူတို့ကသင့်တော်သော လေ့ကျင့်မှုများလိုအပ်သည်။ သူတို့က သင်္ဘောပေါ်မှာ နေထိုင်ရခြင်းကို အသားကျအောင်ပြုလုပ်ဖို့လည်းလိုသည် ။
အမဲလိုက်စစ်သည်တော်များက အပြင်သွားခြင်းကိုအချိန်လျှော့လိုက်ကြပြီး သူတို့၏လုပ်ငန်းစဉ်များကိုလည်း လျှော့လိုက်ကြသည်။ မီးတောက်ဦးချိုများ မျိုးနွယ်စုကလူများအနေနဲ့ သူတို့အတွက် လုံလောက်သော အခြေခံအစားအစာများရှိနေသ၍ သူတို့
အရည်အသွေးမြင့်သော အစားအစာများ ရအောင်ကြိုးစားဖို့ မလိုအပ်ပါပေ။ အရင်တုန်းက ဂရုမစိုက်ကြတဲ့ သားကောင်များနှင့်အဆင့်မြင့်သားရဲများကို ယခုအမဲလိုက်စာရင်းထဲသို့ ထည့်လိုက်သည်။
မျိုးနွယ်စုထဲမှာတော့ အစားအစာလိုအပ်သလို အခြားအရာများလည်းလိုအပ်သည် ။ နတ်ဆေးဆရာက ယခု မျိုးနွယ်စုဝင်အားလုံး စည်းလုံးညီညွတ်သင့်ပြီး မည်သူ့ကိုမှ ဖယ်ကျဥ်လျစ်လျူရှုမထားသင့်ပေ။
တစ်နှစ်ကုန်သွားလေသည် ။
မျိုးနွယ်စု၏လူလုပ်ရေကန်ထဲမှာ သင်္ဘောပေါင်း၂၀ကျော် ရှိပြီး တော့ တစ်ခုစီတိုင်းက မီတာ၃၀ကျော် ရှည်ကြသည် ။ ထပ်ပြောရလျှင် ပထမဆုံးသင်္ဘောသုံးခုမှာ ကုန်းပတ်တစ်ခုသာရှိပြီး အခြားသင်္ဘောများတွင် ကုန်းပတ်နှစ်ခု၊သုံးခုရှိတတ်
ကြသည် ။ တနှစ်လောက် သူတို့ အဆက်မပြတ် အစမ်းသပ်သင်္ဘောများ ကြိုးစားတည်ဆောက်ပေးကြသည့်နောက် သူတို့ယခုပိုပြီးတော့ကောင်းသော သင်္ဘောများ ဆောက်လုပ်နိုင်လာကြသည်။
အခုဆိုလျှင် ယန်ကျစ်နဲ့အခြားသူများက ပြီးခဲ့သောသင်္ဘောအစင်း ၂၀ကျော်ထက် ပိုကြီးသောသင်္ဘောကို ဆောက်နေကြသည် ။
အမျိုးမျိုးသော အမဲလိုက်နယ်ပယ်များမှ အမဲလိုက်အဖွဲ့များဂရုတစိုက် ရွေးချယ်ထားတဲ့အဆင့်မြင့်သစ်သားများနဲ့ ပြုလုပ်ထားသော သင်္ဘောသုံးစီးရှိသည် ။
ထိုသင်္ဘောသုံးစင်းထဲမှာ အကြီးအကဲ ၊ နတ်ဆေးဆရာနဲ့ မျိုးနွယ်စု၏အခြားထိပ်သီးစစ်သည်တော်များ ပါဝင်လိမ့်မည်။
“ ဒီနှစ်တော့ ငါတို့ထွက်လို့ရနိုင်မလား “
သင်္ဘောပေါ်မှာလေ့ကျင့်ပြီးခဲ့တဲ့ လန်ကာ့က ရှောက်ရွှမ်ကိုမေးလေသည် ။
“ ဒါက သင်္ဘောဆောက်တဲ့ လုပ်ငန်းစဉ်ပေါ်မှာမူတည်ပြီး ဒီပေါ်မှာသူတို့အသားကျအောင် နေတဲ့အပေါ်မှာလည်းမူတည်တယ် “
ရှောက်ရွှမ်က ပြောလေသည် ။
ဒီနှစ်မှာတော့ နေ့တိုင်းနီးပါး အားလုံးက ထွက်ခွာဖို့သာပြင်ဆင်နေကြသည် ။ ရှောက်ရွှမ်က တောင်ပေါ်ကိုလာဖို့ အဆင့်ခေါ်ခံလိုက်ရသည်။ ရှောက်ရွှမ်က အားတဲ့အချိန်တွေမှာ နတ်ဆေးဆရာအတွက်ဆေးကျမ်းကို ပန်းချီဆွဲပေးခြင်းဖြင့်အချိန်ကုန်လေ့ရှိသည် ။ သူကမြစ်အခြားတဖက်မှာ သူမြင်ဖူးသည့် အရေးကြီးသည့်အရာများကိုနတ်ဆေးဆရာကျမ်းမှာ ဆွဲပေးရသည်။ သို့မှသာ နတ်ဆေးဆရာကဒီအကြောင်းတွေကို ပိုပြီးသိလာလိမ့်မည်ဖြစ်သည်။
နတ်ဆေးဆရာက မျိုးနွယ်စုကို အမိန့်အများအပြားပေးပြီးအပြောင်းအလဲများကို အလျင်အမြန် မြင်နေရသည် ။
ရှောက်ရွှမ် မျိုးနွယ်စုကနေ ခရီးသွားဖို့ဆုံးဖြတ်ခဲ့သည်မှာ သုံးနှစ်ပင်ကြာခဲ့ပြီဖြစ်သည်။ သူတို့အားလုံးပေါင်း ရခဲ့တဲ့အချက်အလက်များထက်ပိုသော အချက်အလက်များကို သူရခဲ့ကြသည်။ အချို့သူတွေကတော့ ပြောင်းလဲမှုများနဲ့ပတ်သက်၍ သိပ်ပြီး စိတ်အားမထက်သန်ကြသော်လည်း အများစုကတော့ သူတို့ကပစ္စည်းဝတ္ထုတွေအကြောင်းပိုသိချင်လာပြီး လူတွေအများကြီးနဲ့ပိုပြီး ထိတွေ့ဆက်ဆံချင်ကြတဲ့အတွက် အရှည်ကိုမျှော်တွေး၍နေကြသည် ။
“ သင်္ဘောတွေ ၁၀ရက်အတွင်း ပြီးလောက်တယ် “
ရှောက်ရွှမ်က သူ့အရှေ့ကသင်္ဘောတွေကိုကြည့်ရင်း ပြောလိုက်သည်။
“ ၁၀ရက်ဟုတ်လား။ မိုးရာသီ မရောက်ခင် ရက်၂၀၊၃၀လောက် လိုသေးတာပဲ။ သိပ်တော့နောက်မကျပါဘူး “
သူဘေးကလူအချို့က ပြောလေသည်။
သူတို့သာ မိုးရာသီမတိုင်ခင် သင်္ဘောဆောက်လုပ်ပြီးလျှင် သူတို့မိုးရာသီမှာ မျိုးနွယ်စုကိုပြန်ဖို့ပြင်ဆင်၍ အချိန်ကုန်နိုင်သည် ။ မိုးရာသီအကုန်မှာတော့ အားလုံးထွက်နိုင်နေပေမည် ။
“ ဒါကသင်္ဘောဆောက်ပြီးလားဆိုတဲ့အပေါ်မှာမူတည်တယ်။ ပြီးသွားပြီဆိုရင်တော့.. “
ရှောက်ရွှမ်က သူစကား မဆုံးသေးသော်လည်း အားလုံးကသူဘာဆိုလိုသည်ကို သိကြသည်။
သင်္ဘောများသာဆောက်ပြီးလျှင် ထွက်ခွာနိုင်ပြီ။
တောင်ထိပ်ပေါ်က နတ်ဆေးဆရာရဲ့ အခန်းများထဲမှ တစ်ခန်းမှာတော့ အစီအစဉ်အလိုက်စီထားတဲ့ သေတ္တာကြီးများ၊ ဘူးကြီးများရှိလေသည် ။ ထပ်ပေါင်းရလျှင် ကျောက်သေတ္တာကြီးများ၊ ကျောက်ဘူးများကို သစ်သားသေတ္တာများ၊ သစ်သားဘူးများနှင့်အစားထိုး၍ထားလိုက်သည်။
နတ်ဆေးဆရာက အလွန်စိတ်အေးချမ်းနေပုံပေါက်ပေမယ့် သူကအခြားသူများလောက်ပင် စိတ်မရှည်ဖြစ်နေသည့်အတွက် နတ်ဆေးဆရာက သူ့ပစ္စည်းများကိုထုတ်ပိုးနေသည်ကို မျိုးနွယ်စုကအခြားသူများကတော့မသိကြပေ။ နှစ်ပေါင်းများစွာ ကုန်ပြီးတဲ့နောက်မှာ နတ်ဆေးဆရာ တော်တော်များများက ဒီတာဝန်ကိုမအောင်မြင်ခဲ့ကြပေမဲ့ နောက်ဆုံးတော့သူ့မှာ မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်သည် ။
အကြီးအကဲအော့ ဝင်လာတာကိုမြင်ပြီး နတ်ဆေးဆရာက မေးလိုက်သည် ။
“ ဘာလဲ “
“ ရှောက်ရွှမ်က သင်္ဘောတွေ နောက် ၁၀ရက် အတွင်း ပြီးနိုင်တယ်လို့ပြောတယ် “
အော့က နတ်ဆေးဆရာကိုကြည့်ပြီး သူ့မျက်နှာကြီးမှာ ဘာမှမတွေ့ပေ။ သူကခဏရပ်လိုက်ပြီး ပြောသည်။
“ အကယ်၍ သင်္ဘောတွေသာဆောက်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ဒီနှစ်ထဲထွက်ခွာနိုင်လောက်ပါတယ် “
“ ဟုတ်တယ် ၊ ဒီနှစ်တော့ ဒီကနေ ထွက်ခွာနိုင်လောက်တယ် “
နတ်ဆေးဆရာက သက်ပြင်းချလေသည် ။
သူတို့သာဒီနှစ်မထွက်နိုင်လျှင် သူတို့နောက်တစ်နှစ်ထပ်စောင့်ရပေလိမ့်မည်။
“ မိုးရာသီကဒီနှစ်စောစောစလာပြီး ခဏပဲကြာလောက်တယ် “
နတ်ဆေးဆရာကပြောသည် ။
သူက ယွီမျိုးနွယ်စုက ယန်ဆွေ့လို ရာသီဥတုကို တိတိကျကျမခန့်မှန်းနိုင်သော်လည်း အသုံးဝင်သည့် ခန့်မှန်းမှုများကိုတော့သူပြုလုပ်နိုင်သေးသည် ။ မိုးရာသီမှာ စောစောစပြီး ပြီးသွားလေသည် ။
ပြောရမည်ဆိုလျှင် မိုးကုန်သည့်အချိန်ကနေ လနှစ်ခုပေါ်လာသည့်အထိ အချိန်အကြာကြီးရလေသည် ။
ဒါဟာ တကယ်ကိုအခွင့်အရေးကောင်းဖြစ်ပြီး သူတို့သာဒီအခွင့်အရေးကိုရအောင်မယူနိုင်ပါက သူတို့နောက်နှစ်၊နောက်နှစ်တွေမှာ ဘာတွေဖြစ်မလဲကို မသိနိုင်ပေ။
“ လေ့ကျင့်တာကိုအဆင့်မြှင့်လိုက် ၊ လုံခြုံရေးကိုလည်းပိုပြီးတော့တိုးထား ၊ အကယ်၍ တစ်ယောက်ယောက်ကသာ ဒီအချိန်မှာပြဿနာလာရှာရဲရင်.. “
နတ်ဆေးဆရာက သူ၏အေးချမ်းတဲ့မျက်နှာမှာ သတ်ဖြတ်လိုသည့်အကြည့်ကိုထားလိုက်သည် ။
အော့က ခေါင်းကိုငြိမ့်ကာ
“ ကျနော် ထာ့နဲ့ကွေ့ဟယ်ကို ပြောပြီးပါပြီ။ အကယ်၍ သားရဲတကောင်ကောင်သာမှ အထိန်းအချုပ်မဲ့ပြီး ဝင်လာမယ်ဆိုလျှင် ကျနော် သူတို့ကို သင်ခန်းစာကောင်းကောင်းပေးမယ်လို့ “အဆင့်မြင်သားရဲများကို ထိန်းချုပ်ဖို့က မလွယ်လှသော်လည်း မျိုးနွယ်စုကိုပြန်ဖို့ထက် ဘယ်အရာကမှပိုအရေးမကြီးပေ ။
၁၀ရက်ကြာပြီးတဲ့နောက် သင်္ဘော သုံးစင်းဟာ သူတို့ လူလုပ်ရေအိုင်မှာ ပွဲဦးထွက် ရွက်လွှင့်ကြသည် ။
“ ဘယ်လိုနေလဲ “ အော့က နေရာကိုစောစောလာပြီး ရေကန်ထဲကသင်္ဘောသုံးစင်းကို ကြည့်လိုက်ကာ သင်္ဘောပေါ်က ရှောက်ရွှမ် နဲ့ယန်ကျစ်ကိုမေးလိုက်သည်။
“ အခုတော့ ဘာပြဿနာမှမတွေ့ပါဘူး ၊ နောက်ကျရင်တော့ ပိုသိလာကြမှာပါ “
ယန်ကျစ်ကပြောလေသည် ။
အော့က အလွန် အလေးအနက်ထားနေပုံပေါက်သည် ။ သူက ရှောက်ရွှမ်ကိုကြည့်လိုက်ပြီး သူအသာခေါင်းငြိမ့်ပြသည်ကိုမြင်လေသည် ။
အော့က လက်နှစ်ဖက်လုံးက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး အကြီးအကဲတယောက်အနေ
နဲ့ သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းသိမ်းလိုက်ကာ ခြေလှမ်းကျဲကျဲလှမ်းပြီး မြန်မြန် မြန်မြန်ထွက်ခွာသွားသည် ။
သူက တောင်ပေါ်ထိတက်သွားသောအခါ သူက သင်္ဘောတွေကိုအရိပ်မျှသာ မြင်ရတော့သည် ။
အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် သူက နတ်ဆေးဆရာ မိုးရာသီပြီးတဲ့နောက်မှာ မျိုးနွယ်စုတစ်ခုလုံး ပြန်ဖို့ကိုဆွေးနွေးရသည်။
ဘိုးဘွားပိုင်မြေ
“ အဲဒါဘယ်လိုပုံစံလဲ ဆိုတာကို ငါသိချင်လာပြီ “
အော့ကတွေးလေသည် ။