ပြန်ပြီ
Vol. 16 Ch. 227
မိုးများစ၍ရွာသွန်းလာ၏။
မိုးရာသီရောက်လာသည်နှင့် ဒီမြစ်ကြီးထဲက အုပ်ချုပ်သူများက သူတို့၏ပြောင်းရွှေ့ခြင်းကို စတင်လေပြီ။ တချို့မမြင်နိုင်သောမြစ်၏နေရာများမှာ မြစ်အရှင်များကဲ့သို့ သတ္တဝါများစွာကလည်း ထိုသို့ကူးပြောင်းနေကြသည် ။
မြစ်ထဲမှာ လှုပ်ရှားနေတဲ့သတ္တဝါများနဲ့ယှဉ်လျှင် မီးတောက်ဦးချိုများမျိုးနွယ်စုကလူများက ပို၍တိတ်ဆိတ်နေကြသည် ။ နေရာအသီးသီးမှာနေကြတဲ့ အစောင့်များမှလွဲလျှင် လူအများစုက အိမ်မှာနေကြသည် ။
ဘယ်နေရာမှန်းမသိတဲ့နေရာကနေ အင်းဆက်တစ်ကောင်တက်လာပြီး မရေမတွက်နိုင်သောခြေချောင်းများနဲ့ အိမ်ထဲသို့အလျင်အမြန်ဝင်သွားသည် ။
‘ ဖြတ် ‘
ဝံပုလွေ၏လက်ဖဝါးက အိမ်ထဲသို့ဝင်လာသည့်အတွက် အင်းဆက်ကို သတ်ဖို့အားပြင်းပြင်းရိုက်လိုက်သည် ။
ဆီဆာက အခန်းထဲမှာလှဲနေပြီး သူနဲ့တင်တစ်ခန်းလုံးပြည့်လုနီးပါးဖြစ်နေတတ်သည် ။ သူ့ခေါင်းကို တံခါးမှာမှီထားပြီး သူကတံခါးစောင့်နဲ့တူနေသည် ။ အိမ်ထဲကိုဝင်ဖို့ကြိုးစားလာတဲ့ ဘယ်အရာကိုမဆို ချက်ချင်းသတ်ပစ်လိုက်သည်။ လောင်ခဲ့က ပုံမှန်ဆိုလျှင် ကျောက်လက်နက်များကိုသွေးနေပြီး အပြင်က မိုးရွာတာကိုကြည့်နေတတ်သည် ။ သူ့မျက်လုံးမှာမျှော်လင့်ချက်များပြည့်နေသည် ။
သူ့ရဲ့အနောက်မှာတော့ သစ်သားသေတ္တာများဟာ ထုတ်ပိုးပြီးတော့ဒီနေရာမှာထားထားသည် ။ အခန်းထောင့်မှာတော့ အချို့သော ကျောက်တုံးသေတ္တာများ၊ ကျောက်တုံးဘူးအဟောင်းများ အရွယ်စားစုံ ရှိ
လေသည် ။ ဒါပေမဲ့ဒါတွေကိုတော့အဝေးကိုယူမသွားပါပေ ။
မျိုးနွယ်စုထဲမှာ လောင်ခဲ့ကဲ့သို့ပင်တော်တော်များများကသူတို့၏ပစ္စည်းများကိုအိမ်မှာထုတ်ပိုး၍ထားကြသည်။ နေရာအကန့်အသတ်ရှိလေရာ လူတိုင်းကပစ္စည်းများကို အကန့်အသတ်နဲ့သာ ယူဆောင်သွားနိုင်ကြသည်။
အကယ်၍ တစ်ယောက်ယောက်ကသာ ပစ္စည်းတွေကို ပိုယူချင်လျှင် သူတို့ကခွင့်ပြုချက်ရဖို့ သတင်းပို့ရမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူတို့၏ပစ္စည်းများ အဝေးသို့လွှတ်ပစ်ခံရမည်ဖြစ်သည်။ သူတို့၏ပစ္စည်းတွေကို လွှတ်ပစ်မခံချင်ဘူးဆိုလျှင် ဒီမှာပဲနေပြီး ကျန်ခဲ့နိုင်သည် ။
တောင်ထိပ်မှာတော့ မီးပုံရဲ့ဘေးမှာရပ်နေပြီး တစ်ခုခုပြောနေတဲ့ နတ်ဆေးဆရာကို ရှောက်ရွှမ်ကကြည့်နေလိုက်သည် ။ ဒီအချိန်မှာတော့ နတ်ဆေးဆရာက ဒီ
နေရာကို တစ်နေ့တခါလာတတ်လေသည် ။
နတ်ဆေးဆရာက ဒါက နှုတ်ဆက်ခြင်းအခမ်းအနားမျိုးလိုမျိုးအခမ်းအနားဖြစ်သည်ဟုပြောသည် ။ မိုးရာသီကုန်သွားသောအခါ သူတို့က ဘိုးဘေးများ နှစ်တထောင်နီးပါး နေခဲ့ကြတဲ့ နေရာကိုသူတို့ကထားခဲ့ပြီး ထွက်သွားကြတော့မည်ဖြစ်သည် ။ သူတို့ကမီးမျိုးစေ့ကိုလည်း သူတို့နဲ့အတူယူဆောင်သွားမည်ဖြစ်သည်။ မီးတွင်းလေးထဲက မီးမျိုးစေ့မှာ ဘယ်ရာသီပဲဖြစ်ဖြစ် လောင်ကျွမ်းနေတတ်သည် ။
ဒီနေ့အခမ်းအနားပြီးတဲ့နောက်မှာ နတ်ဆေးဆရာကတစ်ဖက်ကိုလှည့်လိုက်ပြီး မီးတွင်းကိုထားခဲ့ကာ ရှောက်ရွှမ်ဆီလမ်းလျှောက်လာခဲ့သည် ။
“ မီးတောက်ဦးချိုမျိုးနွယ်စု ဘိုးဘွားပိုင်မြေကိုပြန်တဲ့အခါမှာဘာတွေဖြစ်လာမယ်လို့မင်းထင်သလဲ “
နတ်ဆေးဆရာကမေးသည် ။
ရှောက်ရွှမ်က ခဏမျှတွေးလိုက်ပြီးပြောလိုက်သည်။
“ ကျနော်တို့ အေးအေးချမ်းချမ်းတော့ နေရဦးမှာမဟုတ်သေးဘူး “
“ ဟုတ်တယ် “
နတ်ဆေးဆရာက ကျယ်ပြောတဲ့မြစ်ပြင်ကလှိုင်းများကို လှမ်းကြည့်လိုက်သည်။ သူကရောထွေးနေတဲ့ခံစားချက်များနဲ့စကားပြောနေသော်လည်း သူ့မျက်လုံးများကတော့ သူ၏ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြသနေသည်။
သူ့ရဲ့ဘေးက အော့ကတော့ စကားမပြောပေမယ့် သူ့မျက်နှာမှာ ဝမ်းသာမှုကိုပြသနေသည် ။ လက်သီးများကိုစုပ်လိုက်ကာ သူလည်းဒီအချိန်တွင် စိတ်လှုပ်ရှားနေကြောင်းပြသနေသည်။ သူ့ကိုမျိုးဆက်
သစ်များက သူသေသွားပြီးတဲ့နောက်မှာလည်း အောက်မေ့သတိရနေမှာသေချာသည် ။
ဒါက မျိုးနွယ်စုသမိုင်းမှာ အရေးကြီးဆုံးသော အပြောင်းအလဲဖြစ်ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းကြမယ့်သားရေစာလိပ်ကျမ်းပေါ်တွင် သူတို့၏နာမည်များကို မှတ်တမ်းတင်ထားကြလိမ့်မည် ။ ဒါဟာအဆင့်မြင့်ဆုံးဂုဏ်ယူစရာပင်ဖြစ်သည်။
တောင်ထိပ်မှာခဏလောက်ရပ်နေပြီး နတ်ဆေးဆရာ ၊ ရှောက်ရွှမ်နဲ့အော့က အိမ်ကိုပြန်လာကြသည် ။ အဖွဲ့ခေါင်းဆောင်နှစ်ယောက် နဲ့ သက်ကြီးဝါကြီးပုဂ္ဂိုလ်တော်တော်များများကလည်း ဒီနေရာကိုရောက်နေကြသည်။
“ ကောင်းပြီ ၊ ငါတို့ပြန်ကြမယ့်အစီအစဉ်ကို ဒီနေ့မှာ နောက်တခါအတည်ပြုကြတာပေါ့ “ အော့က သားရေစာလိပ်ကျမ်းကို ဖွင့်ကာပြောလိုက်သည်။
နှစ်ရက် ကြာတိုင်းမှာ သူတို့က ဒီနေရာမှာစုဝေးပြီးတော့ ပြန်ဖို့အစီအစဥ်ကို ဆွေးနွေးတတ်ကြသည် ။ သူတို့က ဒီနေရာကို ဆွေးနွေးဖို့မလာဘူးဆိုလျှင် တစ်ခုခုမှားနေသည်ဟု ခံစားတတ်ကြသည်။ သူကသာ ဒီရေလမ်းကြောင်းခရီးကို သွားဖူးသောတစ်ယောက်တည်းသောသူ ဖြစ်သည့်အတွက် အရေးကြီးသောအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရှောက်ရွှမ်ကလည်းဒီနေရာကို လာကာ မကြာခဏစကားပြောရတတ်သည် ။
မိုးရာသီကုန်သွားသောအခါ အရင်ကတိတ်ဆိတ်နေကြသောလူများကပင် စိတ်လှုပ်ရှား၍လာကြသည်။
ထွက်ခါဖို့အချိန်တန်နေပြီ...
သူတို့ထဲကအများစုကတော့ သူတို့အဖို့ ဘိုးဘွားအစဉ်အဆက်မှာ ဒီနေရာမှာပဲမွေးပြီး ဒီနေရာမှာပဲ ကွယ်လွန်သွားကြသည့်အတွက် ဒီနေရာဟာ သူတို့အတွက် ဘိုးဘွားပိုင်မြေနဲ့ပိုတူလေသည် ။ သူတို့ကဒီနေရာကို သူတို့၏မွေးရပ်မြေအဖြစ် သတိမရကြဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ သို့ပေမယ့် နတ်ဆေးဆရာက မျိုးနွယ်စုရဲ့ဘိုးဘွား ပိုင် မြေမဟုတ်ဘူးဟု ဆိုလေသည် ။ သူတို့က သူ့ကိုယုံကြည်ကြပြီး ဘိုးဘေးများရဲ့မျှော်လင့်ချက်အတိုင်း အတူတကွ ပြန်သွားကြသည်။
တောင်ပေါ်ကလူတွေက သေတ္တာကြီးငယ်များနှင့် အောက်ကိုဆင်းလာကြသည်။ ယောက်ျားတွေ၊မိန်းမတွေဟာ အောင်မြင်ခြင်းလမ်းမှာ အဖွဲ့လိုက် လမ်းလျှောက်လာကြသည် ။ ဒါက သူတို့အတွက် ဒီနေရာမှာ နောက်ဆုံးအကြိမ် လမ်းလျှောက်ရခြင်းလည်းဖြစ်နိုင်သည် ။
ကလေးတစ်ယောက်က သူကိုယ်ပိုင်သားရေလွယ်အိတ်လေးကိုလွယ်ပြီး သူ့မိဘများ၏နောက်ကို လိုက်ကာ တောင်ပေါ်ကနေ ဆင်းလာခဲ့သည် ။ လမ်းတဝက်မှာ သူက သူ့အိမ်ရှိတဲ့ဘက်ကို ပြန်တစ်ချက်ကြည့်လိုက်ပြီး စတင်၍ငိုကြွေးလေသည် ။
လက်ကြမ်းကြမ်းကြီးတဖက်က ကလေးလေးရဲ့ခေါင်း ပေါ်တင်လိုက်ပြီး သူ့ခေါင်းကိုအရှေ့ကိုပြန်လှည့်ပေးလိုက်သည်။
“နောက်ကိုပြန်မကြည့်နဲ့ ၊ ရှေ့ကိုကြည့် “
“ ကောင်းပါပြီ “
တောင်ခြေမှာတော့ ကောနဲ့လူတော်တော်များများက ဂူထဲမှာနေတဲ့ကလေးတွေကို အစားအစာတွေ ပို့ပေးဖို့ ညွှန်ကြားတဲ့နေရာမှာတာဝန်ယူရသည် ။
ချာချာကလည်း လောင်ခဲ့ချည်ပေးတဲ့ သေတ္တာများကိုသယ်ဆောင်သွားပြီး လူလုပ်ရေအိုင်ထဲက သင်္ဘောပေါ်သို့ပျံသွားသည် ။ ဆီဆာက လောင်ခဲ့ကို တောင်ပေါ်ကနေ အခြားသူများနဲ့ ရေကန်ဆီသို့သယ်ပြီးခေါ်သွားပေသည်။
သူတို့က သူတို့၏လှေပေါ်ကို စီစဉ်ထားသည့်အတိုင်းတက်ရသည်။ သူတို့က လှေပေါ်မှာ အသားကျဖို့ ကြိုပြီးတက်လာကြပြီး သို့မှသာသူတို့ ချက်ချင်းထွက်ခွာကြလျှင် သက်တောင့်သက်သာမဖြစ်ခြင်းမျိုး မဖြစ်ကြတော့မည်ဖြစ်သည်။
ပစ္စည်းပစ္စယ များသည့် နတ်ဆေးဆရာကို ကူညီပေးဖို့ တောင်ပေါ်ကိုတက်လာရန် ရှောက်ရွှမ်ကို ခေါ်လိုက်သည် ။ အခြားသူများက ပစ္စည်းနည်းနည်းသာ ယူကြပေမဲ့ နတ်ဆေးဆရာကထိုသို့မလုပ်နိုင်ပေ ။ သူက အထုပ်အပိုးနည်းနည်းပဲ ယူချင်ရင်တောင်မှ ထိုပစ္စည်းများက ဘိုးဘေးစဥ်ဆက် လက်ဆင့်ကမ်းလာခြင်းဖြစ်သည့်အတွက် အခြားသူများက ထိုသို့
လုပ်ခွင့်ပေးကြမည်မဟုတ်ပေ ။
သူတို့က အထိမခံနိုင်သည့် ပစ္စည်းတွေကိုသယ်ရသည့်အလား စစ်သည်တော်များက သေတ္တာများကို ဂရုတစိုက်သယ်ပေးကြသည် ။ သူတို့က ထိုပစ္စည်းများကို အလွန်လေးစားကြသည့်အတွက် သူတို့ကိုယ်ကို တင်းကြပ်ထားပြီး ခြေလှမ်းတိုင်းကို အလွန်သတိကြီးကြီးထားလျှောက်ကြသည် ။
တချို့တလေကို တောင်အောက်ကိုသယ်လာပြီးနောက် ရှောက်ရွှမ်ကလောင်ခဲ့ဆီကိုသွားကာ သူ့အခြေအနေကို ကြည့်လိုသည် ။ အရာအားလုံး အဆင်ပြေနေတာကို စိတ်ချရပြီးတဲ့နောက်မှ သူကတောင်ပေါ်ကိုတက်သွားလေသည် ။
သူတောင်ထိပ်မရောက်ခင်မှာ ရှောက်ရွှမ်က ဂူကို တချက်ဝင်ကြည့်လိုက်သည် ။
သူ ဂူထဲမှာနိုးလာကတည်းက အချိန်အတော်ကြာသွားခဲ့လေပြီ ။
ရှောက်ရွှမ်က နံရံဆေးရေးပန်းချီများရှိသည့် ကျောက်အခန်းလေးကိုလာကာ ပန်းချီများကို ကြည့်နေလိုက်သည် ။ သူက ပန်းချီများအဆုံးကို ခေတ္တမျှကြည့်ကာ တွေးနေလိုက်သည် ။ ထို့နောက် သူက နေရာလွတ်မှာ ကျောက်ဓားလေးနဲ့ စာအချို့ရေးထွင်းလိုက်သည် ။
“ ငါတို့ ဘိုးဘွားပိုင်မြေကို ပြန်ကြပါပြီ “
စာလုံးတွေ ထွင်းပြီးတဲ့နောက်မှာ ထိုစာကြောင်း၏အဆုံးမှာ သူကစကားလုံးတစ်လုံး ထပ်ဖြည့်လိုက်သည် ။
“ ရွှမ် “
မတ်တပ်ထရပ်လိုက်ကာ ရှောက်ရွှမ်က လေဝင်ပေါက်တွေကို ကျောက်တုံးများ၊ ကောက်ရိုးများနှင့်ပိတ်လိုက်ပြီး ထွက်လာခဲ့သည် ။ လေတိုက်
ခတ်နေလေရာ သူကငါးညှီနံ့များကို အနံ့ရနေဆဲဖြစ်သည် ။
ရှောက်ရွှမ်က ဂူဝင်ပေါက်အနီးက ကျောက်နံရံကြီးကို ကြည့်လိုက်သည်။ သူ့စွမ်းအင်မနိုးထသေးခင် ရေးခြစ်ခဲ့သော စာလုံးများ ကျန်ရှိနေသေးပြီး မီးသွေးများနှင့်ရေးခြစ်ထားသောပုံများလည်း ရှိသေးသည် ။
သူ့ပန်းချီများအပြင် ကလေးများဟာ ဒီနေရာမှာ နှစ်တထောင်နီးပါးနေခဲ့ကြသည့်အတွက် အမျိုးစုံသော ခြစ်ရာများလည်း ကျန်ခဲ့သေးသည် ။ ငါးရိုးများ ၊ သားရေအဟောင်းများ နဲ့ ရှုပ်ထွေးနေသော ကောက်ရိုးအစည်းလိုက်လည်းရှိနေကြသည်။
ဂူထဲကနေ ထွက်ပြီးတော့ ရှောက်ရွှမ်က သိပ်မဝေးတဲ့နေရာက ကျောက်တုံးကြီးတစ်တုံးကိုယူကာ ဂူကိုဖုံးအုပ်ပစ်ဖို့အတွက် ဝင်ပေါက်ကိုပိတ်လိုက်သည်။
သူတောင်ထိပ်ကိုရောက်လာသောအခါ အကုန်လုံးကပြောင်းရွှေ့ပြီးဖြစ်လေသည် ။ သူတခြားဘာမှလုပ်ဖို့မလိုအပ်တော့ပေ။ သို့ပေမယ့် နတ်ဆေးဆရာက သူ့ကိုထွက်မသွားခိုင်းပေ ။
ရှောက်ရွှမ် အပြင် အကြီးအကဲအော့ ၊ အဖွဲ့ခေါင်းဆောင်နှစ်ယောက် ၊ မိုင် နဲ့အခြားအမဲလိုက်အဖွဲ့ခေါင်းဆောင်များ အတူတူဆွေးနွေးခဲ့တဲ့ သက်ကြီးဝါကြီးပုဂ္ဂိုလ်အချို့ကလည်း ထွက်မသွားကြသေးပေ ။
နတ်ဆေးဆရာက သူတို့ကို တောင်ထိပ်သို့ဦးဆောင်လာပြီး အောက်သို့ ပြန်ဆင်းလာကြသည် ။ နတ်ဆေးဆရာက သူ့လက်ထဲမှာမီးတောက်သေးသေးလေးကို ကိုင်ထားသည် ။ မီးတောက်ကလေးက မီးတွင်းထဲမှာတုန်းကထက် အများကြီး ပိုပြီးသေးပြီး မွေးနေ့ဖယောင်းတိုင်လေးကဲ့သို့ဖြစ်နေသည် ။ ဒါကိုသူက သူ့လက်ဖဝါးထဲမှာ ကိုင်ပေးထားသည် ။
အကြီးအကဲက နတ်ဆေးဆရာရဲ့ဘေးကိုသွားလိုက်ပြီး နောက် နတ်ဆေးဆရာဖြစ်လာမယ့် ကွေ့ဇယ်က နတ်ဆေးဆရာကိုတောင်ဝှေးကိုင်ဖို့ ကူညီပေးပြီး အကြီးအကဲ၏နောက်နည်းနည်းအကွာကနေ နတ်ဆေးဆရာရဲ့ တခြားဘေးတဖက်မှာ ရပ်နေလေသည် ။ အခြားသူများကတော့ နတ်ဆေးဆရာကို ကာကွယ်ဖို့ ပတ်ပတ်လည်မှာမတ်တပ်ရပ်နေကြသည်။
အောင်မြင်ခြင်းလမ်းမတစ်လျှောက်ကို တောင်ပေါ်ကနေဆင်းလာစဥ် စစ်သည်တော်အတန်းလိုက် နှစ်တန်းက ထိုနေရာမှာ ရပ်နေကြသည် ။ အားလုံးဟာ အလယ်တန်းနှင့်အထက်စစ်သည်တော်များဖြစ်ကြသည်။
နတ်ဆေးဆရာက သူတို့ကို ကျော်သွားသောအခါ သူတို့၏အကြီးမြတ်ဆုံးလေးစားမှုကို ပြသကြသည့်အနေနဲ့ မတ်တပ်ရပ်နေသောစစ်သည်တော်များက ဒူးထောက်ချလိုက်ကြသည် ။ သူတို့က နတ်ဆေးဆရာ
ထွက်သွားခါမှ မတ်တပ်ရပ်လိုက်ကြပြီး နောက်ကနေလိုက်လာကြသည် ။ အားလုံး၏မျက်လုံးများမှာ နီရဲ၍ နေကြသည် ။
နတ်ဆေးဆရာက အောင်မြင်ခြင်းလမ်းမကနေ သင်္ဘော၂၃စင်း ရပ်ထားတဲ့ လူလုပ်ရေအိုင်သို့ အမြန်မသွားပေ ။ သို့ပေမယ့် မည်သူကမှ ဒါကိုစောဒက မတက်ကြပေ။ လူအားလုံးက စိတ်ရှည်ရှည်ထားကြသည်။ အကြီးဆုံးသင်္ဘောဟာ ကမ်းကပ်ထားပြီး သစ်သားလှေကားလေးကို ထိပ်ကနေအောက်သို့ချထားလိုက်သည်။
သင်္ဘောပေါ်မှာတော့ ဘေစင်တခုမျှ အကျယ်လောက်သာရှိသောမီးတွင်းလေး ရှိသည် ။ နတ်ဆေးဆရာက မီးမျိုးစေ့ကို သင်္ဘောပေါ်သို့ယူလာခဲ့ပြီး သ င်္ဘောပေါ်က ထိုမီးတွင်းလေးထဲသို့ ထားလိုက်သည် ။ နတ်ဆေးဆရာ အဆင်သင့်ဖြစ်သောအခါ အော့က သူတို့၏ရေလမ်းခရီးသည် စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည် ။
ဝူး.....
အရိုးဦးချိုမှုတ်လိုက်သည့်အသံကို ကြားရသည်။ သင်္ဘောတစ်ခုစီကို တာဝန်ယူရတဲ့လူတိုင်းက ရေကြောင်းခရီးကိုစဖို့ အမိန့်ပေးလိုက်သည်။ သူတို့က ရှောက်ရွှမ်ကဲ့သို့သင်္ဘောကို ကျွမ်းကျင်ပိုင်နိုင်စွာကောင်းကောင်း မထိန်းချုပ်နိုင်ကြသေးသော်လည်း သူတို့ကကောင်းကောင်းလေ့ကျင့်ခဲ့ပြီးဖြစ်သည် ။
သင်္ဘောအားလုံး လူလုပ်ရေကန်ထဲမှ တစ်စီးပြီးတစ်စီး ထွက်ခွာလာကြသည်။ မြစ်နဲ့ရေကန်ကြားထဲက ရေဂိတ်ကလည်းဖွင့်ထားပြီး သင်္ဘောတွေဟာ ရေကန်ထဲမှ ရေမြောင်းကတဆင့် မြစ်ထဲသို့ ဝင်သွားကြသည် ။
ရေတပ်ရဲ့ထိပ်ဆုံးမှ
“ ကောင်းပြီ ၊ သေချာဂရုစိုက်ကြ ၊ ရေတပ်ထဲကနေ ခွဲမထွက်ကြနဲ့ “ အော့က အော်ဟစ်ပြောလိုက်သည် ။ ရေတပ်က ပိုပိုပြီးဝေးဝေးလာလေလေ သူတို့အရင်ကနေခဲ့တဲ့ တောင်ကြီးမှာ သေးသေးသွားလေဖြစ်သည်။ အားလုံးဟာ ရှောက်ရွှမ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံမျိုး တွေ့ကြုံရတော့မည် ။
ရေအောက်ထဲမှာတော့ အသားစားငါးအရွယ်စုံဟာ တက်ကြွနေကြသည် ။ သင်္ဘော ရဲ့အစွန်းဘက်ကနေအောက်ကိုသာငုံ့ကြည့်လိုက်မယ်ဆိုရင် လူတစ်ယောက်အရပ်ထက် ရှည်တဲ့ ငါးကြီးများကိုတွေ့ရပေလိမ့်မည်။ ငါးများဟာ လှေကိုကျော်ပြီးတော့ ကူးသွားကြပြီး မကြာမကြာဆိုသလို လှေကိုဝင်တိုက်မိကြပြီး သင်္ဘောကတုန်ခါသွားတတ်သည် ။
ခရီးအတွင်းမှာ ရှောက်ရွှမ်က သင်္ဘောတစ်စင်းချင်းစီတိုင်းမှာ လိုက်နေပြီး လေ့လာမှုများကိုပြုလုပ်ကြည့်ရာ အလယ်သင်္ဘောနှင့် ပိုပြီးဝေးလေလေ ငါးများ၏တိုက်လာခြင်းကို ပိုပြီးခံရလေဖြစ်သည်ကိုသိရှိသွားသည် ။
ရှောက်ရွှမ် ပထမကအကြောင်းရင်းကို နားမလည်သော်လည်း ခန့်မှန်းကြည့်လိုက်သည် ။ သူ့ရဲ့အထူးအမြင်တွင် အလယ်သင်္ဘောကနေ ထုတ်လုပ်နေသော အလင်းရောင်ကို မြင်ရပြီး နီးစပ်သောသင်္ဘောများကို လွှမ်းမိုး၍ သွားသည်ကိုတွေ့ရသည်။ ဒါကြောင့်သူတို့ဟာ ငါးများ၏တိုက်လာခြင်းကို သိပ်မခံရခြင်းဖြစ်သည် ။
မီးမျိုးစေ့လား
ချာချာရဲ့ခြေထောက်ကိုကိုင်ရင်း ရှောက်ရွှမ်က အပြင်ဘက်သင်္ဘောကနေ အလယ်သင်္ဘောကို သွားလိုက်လေသည် ။
သူက သူရှာဖွေတွေ့ရှိချက်နဲ့ ခန့်မှန်းချက်တွေကို နတ်ဆေးဆရာ နဲ့အကြီးအကဲကို ပြောလိုက်သည်။ သို့ပေမယ့် သူကသူ့ရဲ့အထူးအမြင်ကိုတော့မပြောခဲ့ပေ။
“ မီးမျိုးစေ့ကြောင့်လား “
နတ်ဆေးဆရာက ထိုအကြောင်းကိုတွေးမိပြီး သူ့မျက်လုံးကအရောင်လက်သွားသည်။
“ ဟုတ်တယ် ၊ မီးမျိုးစေ့ပဲ ၊ ဒါကမျိုးနွယ်စုကို အခြားသားရဲတွေ အဆင့်မြင့်သားရဲတွေနဲ့ မြစ်ထဲက ငါးတွေကနေ တိုက်ခိုက်ခံရမှာကိုကာကွယ်ပေးတယ် “
အဲဒီနောက် နတ်ဆေးဆရာက မီးဖိုကြီးတစ်ခုလုံးကနေ မီးတောက်များ ပျံ့နှံ့သွားဖို့ ရိုးရာအခမ်းအနားမှာပြုလုပ်ခဲ့သည့်အတိုင်း ဂါထာကိုရွတ်လိုက်လေသည် ။ သို့ပေမဲ့ သင်္ဘောပေါ်က မီးတွင်းကအလွန်သေးလေသည် ။
“ အားလုံးကိုအနားကပ်ခိုင်းလိုက်ပါ “
နတ်ဆေးဆရာက အော့ ကိုပြောသည် ။ အော့ ကအပြင်ကိုထွက်လိုက်ပြီး နတ်ဆေးဆရာကြီးအမိန့်ကို အားလုံးကို ပြောလိုက်သည်။
အခြားသင်္ဘောများက အလယ်သင်္ဘောကိုကပ်လာကြသည် ။ သို့ပေမဲ့ အရမ်းတော့ အနားကပ်မလာပါပေ။ မဟုတ်ပါက မတော်တဆထိခိုက်မှုများ ဖြစ်သွားနိုင်သည် ။
တဲထဲကထွက်ပြီး အလယ်ကသင်္ဘောကနေ ထုတ်လုပ်လိုက်တဲ့အလင်းဟာ အတော်လေးလင်းနေပြီး သူနဲ့နီးစပ်တဲ့သင်္ဘောများကိုပင် ဖုံးလွှမ်း၍သွားသည်ကို ရှောက်ရွှမ် မြင်လိုက်ရသည်။
ထို့နောက် အခြားသင်္ဘောများကို စပ်စုကြသောငါးများက လာမတိုက်မိကြတော့ပေ ။ ထို့ကြောင့် ရှောက်ရွှမ်တစ်ယောက်တည်း ရေကြောင်းသွားရတုန်းကထက် အခုကအများကြီးပို၍လုံခြုံနေသည် ။
တစ်နေ့ပြီးတစ်နေ့ အရာအားလုံးဟာ အဆင်ပြေချောမွေ့နေသည် ။အချိန်ကုန် သက်သာရန်အတွက် ရွက်တွေကိုအသုံးပြုခြင်း အပြင် လှေတစ်စင်းစီတိုင်းက လူများက အလှည့်ကျလှေလှော်ကြသေးသည် ။
ချာချာက ဒီတခါတော့ လှေတွေကိုမတွန်းပေမဲ့ သူတို့ကအရှိန်ကို တင်လိုက်ကြသည် ။ သူတို့ကဦးတည်ရာကိုသတ်မှတ်ပြီးသည်နှင့်တပြိုင်နက် ရှေ့ကိုတန်းပြီးတော့ လှော်ကြသည် ။
ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ငါးကိုယ်လုံးကြီးတွေနဲ့အချို့သောအန္တရာယ်များကို ရှောင်ရှားဖို့မဟုတ်လျှင် သူတို့က လမ်းတဖြောင့်တည်းသွားဖို့ ကြိုးစားကြသည် ။ ပြောရရင် သူတို့သာရေမျက်နှာပြင်မကျသေးခင် မြစ်တဖက်ကို မရောက်နိုင်ဘူးဆိုလျှင်သူတို့ကြိုးစားထားသမျှက အလဟဿ ဖြစ်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် မျိုးနွယ်စုကလည်း ပျောက်ကွယ်သွားပေလိမ့်မည် ။
တစ်ချိန်တည်းမှာပဲ ရှောက်ရွှမ်မှာ ထူးဆန်းတဲ့ခံစားချက်တစ်ခုခံစားလိုက်ရသည်။
ဒီတကြိမ်မှာတော့ မီးမျိုးစေ့ကျေးဇူးနဲ့ ကူညီသူများကြောင့် ရှောက်ရွှမ်မှာနားဖို့ရာ အချိန်ပိုရလာသည် ။ သူက သူ့အားလပ်ချိန်တွေကို မြစ်တစ်လျှောက် သေချာရှာဖွေလေ့လာရင်း ကုန်းဆုံသည် ။ သူကကောင်းကင်ကို လေ့လာသည်။ တိမ်တိုက်ကိုလည်း လေ့လာသည် ။လ ၊ ကြယ်နဲ့အစရှိသဖြင့်တို့ကိုလည်း လေ့လာလေသည်။
ရှောက်ရွှမ်က ရုတ်တရက် တစ်ခုခုခန့်မှန်းမိလိုက်သည် ။
ဖြစ်နိုင်တာက ဒီမြစ်က သူတို့စိတ်ကူးထားသလို မကျယ်နိုင်ပေ ။