← Chapters

အသံက အတော်လေး ရင်းနှီးနေသလိုပဲ

Vol. 16 Ch. 228

အသံက အတော်လေး ရင်းနှီးနေသလိုပဲ

Vol. 16 Ch. 228

သင်္ဘောက လှိုင်းလုံးများအကြားမှာ မြန်မြန်သွားနေသည်ဟုထင်ရသော်လည်း တကယ့်တကယ်မှာတော့ သူတို့ကအရှေ့ကိုနည်းနည်းသာ ရွှေ့သေးသည် ။ မြစ်ပေါ်မှာတိုက်နေတဲ့လေထုဟာ အမြဲတမ်းပြောင်းလဲနေသည့်အတွက် မြစ်၏ရေစီးကြောင်းမှာလည်း ထိုအတိုင်းပင် ဖြစ်လေသည် ။

ရှောက်ရွှမ်က အရင်ကတော့ သတိမထားမိပေ။ သူက မျိုးနွယ်စု မှာနေတုန်းက သူကမြစ်ကမ်းနားက ရေတိမ်ကိုသာ မြင်ခဲ့ရသည်။ ရေစီးကြောင်းများကို မမြင်နိုင်လေရာ သူမြင်နိုင်တာကရေမျက်နှာပြင်ပေါ်ကအလျားလိုက်အပြောင်းအလဲများသာဖြစ်သည်။

ထို့ပြင် ရွက်လွှင့်ပြီးတဲ့နောက် သူကသင်္ဘောများကိုစီမံခြင်း နေရာများကိုအတည်ပြုခြင်းတို့ကိုသာ အာရုံစိုက်ထားသည့်အတွက် ရေစီးကြောင်း

အပြောင်းအလဲကို အာရုံမရပေ။ သို့ပေမဲ့ အနီးကပ်စောင့်ကြည့်လေ့လာလိုက်သောအခါ သူက ရေစီးကြောင်းအပြောင်းအလဲကို သတိထားလိုက်မိသည်။ ထို့ကြောင့် တစ်ခါတစ်ရံမှာ သင်္ဘောကအရှေ့ကိုရွေ့နေသည်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့တွင် ထိုနေရာမှာပဲ ရှိနေတတ်သေးသည် ။

ဒါက ရှောက်ရွှမ်၏ခန့်မှန်းချက်များသာဖြစ်ပြီး အခုအချိန်မှာတော့ဒါတွေကို အတည်မပြုနိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူကဒီမြစ်ထဲမှာ အတော်လေး ငြိမ်တဲ့ရေစီးကြောင်းနေရာများ ရှိနေမလားဟုတွေးမိနေသည် ။

ပြီးတော့ဒီဧရာမလင်းယုန်များက ဒီအချိန်မှာလင်းယုန်တောင်ကို ဘယ်လိုသွားကြသလဲ ဟူ၍လည်းတွေးနေမိသည်။

စိတ်ထဲမှာမှတ်လိုက်ပြီး ရှောက်ရွှမ်ကဒီအတွေးတွေကို သူမှတ်တမ်းတင်ဖို့သုံးတဲ့ သားရေစာလိပ်မှာ မှတ်တမ်းတင်ထားလိုက်သည် ။ သူ ဟွေမျိုးနွယ်စုနဲ့

တွေ့ပြီးတဲ့အခါမှာတော့ အနာဂတ်မှာဒီအကြောင်းတွေကိုသူသိလာနိုင်သည်။

မျိုးနွယ်စုက သင်္ဘောများက ရှောက်ရွှမ်ညွှန်ပြတဲ့လမ်းအတိုင်းသာ ရွက်လွှင့်သွားကြလေသည် ။ အစမှာတော့ အားလုံးကအသားမကျကြသေးဘဲ လှိုင်းမူးနေကြသည် ။ ရှောက်ရွှမ်က ဒီအတွက်ကြိုတင်ပြင်ဆင်ထားပြီး လှိုင်းမူးပျောက်စေသောဆေးများပင် နတ်ဆေးဆရာနဲ့ ကြိုတင်၍ ဖော်စပ်ထားသည် ။ ဆေးတွေကအကျိုးသက်ရောက်မှုရှိပေမယ့် အချိန်တစ်ခုထိသာသက်ရောက်သည်။

ဝိညာဉ်စွမ်းအားမြင့်သူတွေကိုသာ အပြင်က မြင်ကွင်းတွေကိုကြည့်ဖို့ကန့်သတ်ထားပြီး ဆူးတောင်ပုံစံ ရေယက်ရှိတဲ့ငါးများ၊ သွားအစွယ်များနှင့်ငါးကြီးများ သင်္ဘောကြီးအောက်တွင်အဝေးသို့ မဟု ကူးသွားသည်ကို မြင်ကြရသည် ။ တဲတွေထဲမှာနေကြတဲ့သူတော်တော်များများက စိတ်ဓာတ်ကျနေကြသည် ။

မြစ်ထဲကဘဝဟာ အလွန်ပျင်းစရာကောင်းပြီး တင်းမာမှုများ ပြည့်နက်နေသည်။ မည်သူကမှကောင်းကောင်းမအိပ်ရပေ ။ ထိုအချိန်တွေမှာ သူတို့မျက်လုံးမှိတ်လိုက်လျှင် သင်္ဘောက လှုပ်သွားတတ်ပြီးသူတို့ဟာ စိတ်ရှုပ်မှုအပြည့်နဲ့ ချက်ချင်းဆိုသလို နိုးလာတတ်ကြသည်။ မီးတောက်ဦးချိုများမျိုးနွယ်စုကလူများမှာ မြစ်၏ကြောက်စရာကောင်းမှုများကိုလည်း မှတ်မိနေကြသေးသည်။

မြစ်ရေမကျခင် အချိန်မှီရောက်နိုင်ဖို့ရာအတွက် စစ်သည်တော်များကလှေကိုနေ့ကောညပါ လှော်ခတ်နေကြသည် ။

တရက်ပြီးတရက် ကုန်သွားသောအခါ လှိုင်းမူးတဲ့သူများကဲ့သို့ပင် ဝိညာဉ်စွမ်းအားမြင့်သူများပင် စိတ်ဓာတ်ကျလာကြသည်။ သူတို့ထဲက အများစုက အရင်ကထက် သိသိသာသာ ပိန်လာကြသည်။

သင်္ဘောပေါ်ကရေနဲ့အစားအစာဟာလည်းပိုပိုနည်း

လာပြီး လိုအပ်ချက်များ အနည်းဆုံးစိတ်ချနေရစေရန်အတွက် ကျန်ရှိနေသောအစားအစာများကို အလုပ်လုပ်ရတဲ့စစ်သည်တော်များကို ပေးပြီး အလုပ်မလုပ်ရတဲ့သူများမှာ အစားအစာနည်းနည်းသာရကြလေသည် ။ ဘယ်သူကမှ ဒီသတ်မှတ်ချက်နဲ့ ပတ်သက်၍ ဘာမှမပြောကြပေ။

မွေးမြူထားသောသားရဲတွေအတွက်ကတော့ သင်္ဘောများပေါ်တွင်ကန့်သတ်၍ ထားပြီး သူတို့ကိုအစာအဖြစ်မြစ်ထဲသို့ ပစ်ချမည်ကိုကြောက်သည့်အတွက် သူတို့ကတစ်ချက်ကလေးတွေမလုပ်ရဲပေ။ နေ့တိုင်း သူတို့ကချာချာဟာကောင်းကင်ပေါ်မှာပျံဝဲပြီး ငါးဖမ်းနေတာကိုသာ မနာလိုစွာ ကြည့်နေရသည်။

ချာချာကောင်းကင်ပေါ်ကဆင်းလာသောအခါ ကောင်းကင်ပေါ်ကိုကြောက်ရွံ့စွာကြည့်ပြီး လေလည်းတိုက်မနေလေရာ ရှောက်ရွှမ်က အရေးပေါ်အန္တရာယ်များအကြောင်းကို သတိပေးမည်ဖြစ်ပြီး အော့ကတော့ အလုံး လှော်တက်နဲ့ လှော်ကြဖို့အမိန့်

ပေးသည်။

နောက်ဆုံး အန္တရာယ်ရှိတဲ့နေရာကို ကျော်လာပြီးတဲ့နောက် နောက်ပြန်ကြည့်လိုက်ကာ သစ်သားပိုင်းလေးတခုကို အဝေးသို့ပစ်ချကြည့်လိုက်ရာ ချက်ချင်းနစ်မြုပ်သွားလေသည် ။ ရေက အငွေ့ပြန်လာပြီး မြူခိုးများအဖြစ် ပြောင်းလဲ၍ သွားလေပုံရကာ အော့နဲ့အခြားသူများကလည်း ရှောက်ရွှမ်ကဲ့သို့ ခံစားနေရကာ အေးစက်စက်ဖြစ်လာပြီး ခဏမျှ စိတ်ငြိမ်အောင်မလုပ်နိုင်ကြပေ ။

“ ဒီ မြစ်က အန္တရာယ်တွေ ပြည့်နေတာပဲ “

အော့က ပြောလေသည် ။

ထာ့နဲ့ ကွေ့ဟယ်က အချင်းချငိးကြည့်လိုက်ကြပြီး သူတို့မျက်လုံးထဲ အကြောက်တရားများ ကိုယ်စီတွေ့နေကာ သဘောတူသည့်အနေနဲ့ ခေါင်းငြိမ့်လိုက်ကြသည် ။

အဲ့ဒီအချိန်မှသာ အခက်အခဲများ၊ ပင်ပန်းမှုများနဲ့အတူ ရှောက်ရွှမ် မြစ်ကို ဖြတ်ခဲ့ရကြောင်းကြားဖူးပေမဲ့ သူတို့မသိကြပေ ယခု သူတို့ကိုယ်တိုင်ကြုံတွေ့လာရသောအခါ ခက်ခဲကြမ်းတမ်းတဲ့ ဖြစ်စဥ်ကို သိလာကြသည် ။ သတိတချက်လွတ်သွားမည်ဆိုရင် မြစ်ထဲမှာ သေသည်အထိ ဖြစ်သွားနိုင်သည် ။

သူတို့ ကိုယ်တွေ့ကြောင့် အားလုံးရဲ့နှလုံးသားထဲမှာ ရှောက်ရွှမ်က အားကြီးသော ဖြစ်တည်မှုတခု ဖြစ်လာသည် ။ သူတို့သင်္ဘောကြီးတွေ လုပ်ထားလျှင်ပင် ရှောက်ရွှမ် မရှိပဲ မြစ်ကိုဘေးကင်းကင်း ကူးနိုင်ဖို့ရာ မဖြစ်နိုင် ဟူ၍ပင် ပြောနိုင်လေသည် ။

“ ရောက်တော့မှာလား “

ထာ့က အရှေ့ကို မျှော့်ကြည့်လိုက်ပေမဲ့ မြစ်ပြင်ကျယ်ကြီးကို မြင်နိုင်သေးသည် ။

“ ဝေးပါသေးတယ် ၊ ဒါပေမဲ့ ကျနော်တို့ရောက်အောင်

သွားနိုင်မှာပါ လို့ ကျနော်ယုံပါတယ် “

ရှောက်ရွှမ်က ပြန်ဖြေသည် ။

ဒီနှစ်မှာ မိုးစောစောကျသည့်အတွက် မျိုးနွယ်စုမှာ အချိန်ပိုရလေသည် ။ သင်္ဘောတွေရဲ့အရှိန်ဟာ ရှောက်ရွှမ် နောက်ဆုံးတခါ လှေနဲ့သွားတုန်းကထက် အများကြီးနှေးသော်လည်း သူတို့မှာ အချိန်လုံလုံလောက်လောက်ရှိသေးသည် ။

ဘဝတွေက မြစ်ပေါ်မှာသာ ဆက်ဖြစ်နေသည် ။ သင်္ဘောပေါ်မှာ အစက ရှိခဲ့တဲ့ စိတ်လှုပ်ရှားမှုများက တဖြည်းဖြည်းပျောက်ဆုံးလာပြီ ။ တဲထဲက ကလေးတွေပင် စားခြင်း၊ အိပ်ခြင်းသာ ပြုလုပ်ကြပြီး သူတို့နိုးနေတဲ့အခါမှာ ခဏတဖြုတ်သာ စုဝေး၍ စကားပြောတတ်ကြသည်။

ကောင်းကင်ပေါ်က လင်းယုန်ငှက်ရဲ့အော်သံရှည်ကြီးကို ကြားရသောအခါ နဂိုကမှ စိတ်ဓာတ်ကျနေသော

သားရဲများက သူတို့၏မျက်လုံးများ တောက်နေပြီး သူတို့နားများမှာ တရွရွဖြစ်နေသည် ။

အကြီးအကဲ အော့ နဲ့ အခြားသူများက ချာချာ ဘာကိုဆိုလိုသလဲနားမလည်သည့်အတွက် ရှောက်ရွှမ်ကို ကြည့်နေကြသည် ။

လင်းယုန်ငှက်ရဲ့လက်သည်းတွေကို ကိုင်ကာ ကောင်းကင်ပေါ်ကို ပျံသွားလိုက်ပြီး ရှောက်ရွှမ်က အခြားသူတွေကို မြေပေါ်ပြန်ရောက်တဲ့အခါ ပြောလေသည် ။

“ ကျနော်တို့ရောက်ပြီ။ ကျနော်ကမ်းပါးကိုမြင်နေရတယ် “

အော့က စိတ်လှုပ်ရှားမှုကြောင့် ထလာပြီး ခေါင်းဆောင်နှစ်ယောက်ကလည်း စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်၍နေကြသည်။ အော်ပြီးနောက်မှာ သူတို့က ပြန်လှည့်ကာ တဲထဲသို့ သူ ချက်ချင်းဝင်

သွားလေသည် ။

“ သူတို့ ဘာသွားလုပ်တာလဲ “

ရှောက်ရွှမ်က ခေါင်းရှုပ်သွားသည် ။ အဖွဲ့ခေါင်းဆောင်နှစ်ယောက်တင်မကဘဲ ခဲ့ခဲ့နဲ့အခြားသူတွေကပါ တဲထဲသို့ ပြေးဝင်သွားကြသည် ။

“ ဗုံမျိုးနွယ်စုက အဲဒီမှာလို့ မင်း မပြောခဲ့ဘူးလား။ ထာ့နဲ့ အခြားသူတွေက အဝတ်အစားကောင်းကောင်းသွားဝတ်ကြနေပြီ “

ထိုစကားလုံးပြောပြီး တဲထဲသို့ အော့က ပြန်ဝင်သွားသည် ။

ရှောက်ရွှမ်က အံ့သြရင်းကျန်ခဲ့သည် ။ အဝတ်အစားသွားဝတ်ကြတဲ့ ၊ သူထင်တဲ့အတိုင်းများဖြစ်နေမလား။

သတင်းစကားဟာ သင်္ဘောအချင်းချင်းကြား ပျံ့နှံ့သွားသည်။ အခြားသင်္ဘောများမှာလည်း ထိုနည်းတူပင်ဖြစ်နေသည် ။ တိတ်ဆိတ်နေသောတဲများမှာ ဆူညံ၍လာသည် ။ ထိုအခိုက်မှာ ရှောက်ရွှမ်က တဲထဲကနေ နတ်ဆေးဆရာထွက်လာတာကို မြင်လိုက်ရပြီး သူ့မျက်လုံးများမျက်မှောင်ကုတ်သွားသည်ကိုခံစားလိုက်ရသည်။

ဘာလို့ဒီအဖိုးကြီးက အရိုးအဆင်တန်ဆာတွေဝတ်ထားတာလဲ ၊ ပြီးတော့ သားရဲတွေ သွားတွေနဲ့လုပ်ထားတဲ့ ဆွဲကြိုးကို ဆွဲထားတဲ့ဝတ်ရုံကလည်း သူသင်္ဘောပေါ်မှာ ဝတ်ထားတဲ့ ဝတ်ရုံမဟုတ်ဘူး။ ဒါသေချာလျှော်ဖွတ်ဂရုစိုက်ထားတဲ့ သားမွေး ဝတ်ရုံ အသစ်ဖြစ်သည် ။

အကြီးအကဲကိုကြည့်ပြီး အဖွဲ့ခေါင်းဆောင်နဲ့စစ်သည်တော်များကလည်းနောက်ပိုင်းမှာထွက်လာကြပြီး ရှောက်ရွှမ်က ငှက်ကုလားအုတ် အုပ်လိုက်ကြီး သူတို့ခြေထောက်ကြီးများနဲ့ ဖုန်တွေထဲမှာပြေးလွှားနေတာကို မြင်နေရသည်ဟု ခံစားရသည် ယ

မီးတောက်ဦးချိုမျိုးနွယ်စုက လူများက ဒီနေ့ကို အလွန်အရေးကြီးသည့်နေ့ဟု ထင်ကြပုံရလေသည် ။ ထို့ပြင် နတ်ဆေးဆရာ နဲ့ အကြီးအကဲကလည်း သူတို့ရဲ့ပထမဆုံးမဟာမိတ်နဲ့တွေ့ရဖို့ရာ ပထမဆုံးအမြင်မှာ ကောင်းကောင်းအထင်ကြီးဖို့လိုအပ်သည်ဟု ပြောထားလေသည် ။

ထို့ကြောင့် သူတို့က အရိုးတန်ဆာများ၊ သားရေများ ၊ ချိုများ ၊ နဲ့ မျက်နှာဖုံးများကို သူတို့ ရိုးရာအခမ်းအနားနေ့က ဝတ်ကြသလို ဝတ်နေတာကို ရှောက်ရွှမ်က တွေ့နေရဖြစ်သည် ။ ဘယ်နေရာကြည့်ကြည့် သင်္ဘောတိုင်း အတူတူဖြစ်သည် ။ အရင်ကနဲ့မတူတာက သူတို့က ရေကြောင်းခရီးကြောင့် စိတ်အားကောင်းသူများပင် စိတ်ကျလာကာ အရင်ကထပ်ပိုပိန်လာကြခြင်းဖြစ်သည် ။

ရှောက်ရွှမ်က သူ့မျက်နှာကို လက်ဖဝါးနဲ့အုပ်ကာ ငုံ့လိုက်ပြီး ကူမျိုးနွယ်စုအပေါ် ပထမဆုံး မီးတောက်ဦးချိုမျိုးနွယ်စုအမြင်က ဘယ်လိုဖြစ်နေမလဲ မသိသ

ည့်အတွက် ခေါင်းခါကာ ပြုံးလိုက်မိသည် ။

ကူမျိုးနွယ်စုအတွင်းမှာ..

မီးတောက်ဦးချိုမျိုးနွယ်စု ရောက်လာတဲ့အကြောင်းကို ဘာမှမသိကြတဲ့ ကူမျိုးနွယ်စုကလူတွေမှာတော့ အခြေနေကောင်းရှိမနေဘဲ အားလုံးက စိတ်အခြေအနေဆိုးရွားနေကြသည် ။ သူတို့မနှစ် ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွက် ပိုပြီးစောစော အဆင်သင့်ပြင်ဆင်၍နေကြသည် ။

မိကျောင်းများဟာ မိုးရာသီထဲမှာ ထွက်ခွာသွားကြပြီးဖြစ်သည် ။ မျိုးနွယ်စုထဲမှာ ရှိနေတာကတော့ ပေါက်ခါစ မိကျောင်းပေါက်အသေး လေးများဖြစ်ပြီး ခရီးအဝေးကြီးကို မသွားနိုင်ကြသေးပေ။

ဖူရှစ်က သားရဲအရိုင်းတစ်ကောင်ကို မောပန်းနွမ်းနယ်နေတဲ့ မျက်နှာနဲ့ ပြန်ပြီးသယ်လာခဲ့သည် ။

သူတို့မိသားစုက ဘာမှမပြောဘဲစားနေကြသည်။

ဖူရှစ် နဲ့ သူ့ဇနီးက သူတို့တာဝန်တွေကိုယူကြပြီး တစ်ယောက်ကကင်းလှည့်ဖို့တာဝန်ယူကာ တစ်ယောက်ကခံစစ်အတွက် ပြင်ဆင်နေကြသည်။

ပုံမှန်ဆိုလျှင် အတော်လေး ဆုံးမရခက်တဲ့ ချန်ကျားတောင်မှပင် ရှားရှားပါးပါး စကားနားထောင်၍ နေသည် ။ သူက မျိုးနွယ်စုထဲက လေထုအခြေအနေ သိပ်မကောင်းတာကို သဘောပေါက်ပြီး အားလုံး စိုးရိမ်ပူပန်နေကြသည် ဆိုတာကို နားလည်လေသည် ။

“ သူတို့တကယ်လာကြမှာလား “

ချန်ကျားက မေးလေသည် ။ ဖူရှစ်က ချန်ကျားကိုကြည့်ကာ သက်ပြင်းချရင်း ခေါင်းငြိမ့်ပြလိုက်သည်။

မိုးရာသီကုန်သွားသောအခါ သူတို့ကပုမျိုးနွယ်စုကို ကောင်းတဲ့ကျောက်တုံးတွေ၊ကိရိယာပစ္စည်းတွေ အလဲအလှယ်လုပ်ဖို့ ၊ ရေလကျောက်ပွဲတော်အတွက် ပြင်ဆင်ဖို့ သွားကြသည်။

အဲ့ဒီအချိန်မှာ ပုမျိုးနွယ်စုကလည်း သူတို့ကို သတင်းတစ်ခုပါးလိုက်သည်။ မနှစ်က ဗဟိုဒေသက မျိုးနွယ်စုအချို့က ရေလကျောက်ရဲ့ဆေးဖက်ဝင်တဲ့ အပိုင်းကို သိရှိသွားကြပြီး ရေလကျောက်က ဗဟိုဒေသမှာပို ပိုပြီးတော့နာမည်ကြီးလာသည် ။ ယခု ရေလကျောက် ၏စျေးနှုန်းမှာ အရင်က ရေလကျောက်၏ နှစ်တုံး၊သုံးတုံးမျှရှိနေလေသည်။

ဗဟိုဒေသက မျိုးနွယ်စုကြီးများက ထိုသို့သော ပြဿနာမျိုးအတွက် အစွန်အဖျားဒေသကမျိုးနွယ်စုများကို ပြဿနာရှာဖို့ လာမည်မဟုတ်ပေ ။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့၂နှစ်က သူတို့ကိုလာတိုက်ခဲ့တဲ့ အာဇာနည်မျိုးနွယ်စုကို ကြည့်လိုက်ရင် နောက်ဆုံး

အကြိမ်ကရှုံးခဲ့သည့်အတွက် အာဇာနည်မျိုးနွယ်စုက သူတို့ကိုယ်သူတို့အခြားမျိုးနွယ်စုတစ်ခုနဲ့မဟာမိတ်ဖွဲ့ကယ ဒီတခါ ရေလ ကျောက်များကိုလာပြီး ယူကြပေလိမ့်မည်။

အာဇာနည်မျိုးနွယ်စုတစ်ခုတည်းနဲ့ပင် ကူမျိုးနွယ်စုကို အတော်လေးပြဿနာရှာနိုင်ရာ အ ခြားသူတွေသာထပ်ပါလာလျှင် တကယ်ပင်ပြဿနာကြီးလာနိုင်သည် ။

ထို့ပြင် ကူမျိုးနွယ်စုမှာ ပြဿနာတက်တာကိုသိပြီးတဲ့နောက် လော်မျိုးနွယ်စုကဲ့သို့ အခြားအနီးအနားကမျိုးနွယ်စုများကလည်း ကူမျိုးနွယ်စုကလူများကို စတင်၍ ရှောင်ကြဉ်လာကြလိမ့်မယ်။ ကူမျိုးနွယ်စုမှာ သူတို့ကို အကူအညီတောင်းဖို့ ဘယ်နည်းလမ်းမှမရှိပါပေ။ အားလုံး ဒီလိုပြဿနာထဲကိုဝင်ပါကြရမည်ကို စိုးရိမ်သည့်အတွက် အားလုံးက ထိုသို့ပင်ပြုလုပ်ကြလိမ့်မည်။

ပုမျိုးနွယ်စုအနေနဲ့ သူတို့က သတင်းအချက်အလက်တွေ၊ အထောက်အပံ့တွေပေးဖို့ ကူညီကြပေမဲ့ ဒီလို ပြသာနာမျိုးကို ဝင်ရောက်စွက်ဖက်ဖို့တော့ မဖြစ်နိုင်ပေ ။

ထို့ကြောင့် ကူမျိုးနွယ်စု အကြီးအကဲ ဖန်းမုက မျက်နှာမှိုင်ကျနေတတ်သည် ။ သူ ထိုသတင်းရကတညိးက သူကောင်းကောင်း မအိပ်နိုင်တော့ပေ ။ သူတတ်နိုင်တာဆိုလို့ မျိုးနွယ်စုဝင်တွေကို လက်နက်တွေ တတ်နိုင်သမျှ အကောင်းဆုံး များများပြုလုပ်ထားဖို့ပဲ ပြောနိုင်လေသည် ။

“ ငါတို့ ကူမျိုးနွယ်စုအတွက် ဒီနှစ်က ပြီးခဲ့တဲ့နှစ်တွေကထက် အများကြီး ခက်ခဲရမယ့်နှစ်ပဲ “

ဖန်းမု ကပြောသည် ။

ကူမျိုးနွယ်စုက နတ်ဆေးဆရာကလည်း မျက်လုံးများမှာ စိုးရိမ်မှုအပြည့်နှင့် ဘေးတွင် ထိုင်နေလေသည် ။ အခြားပတ်ပတ်လည်က သူများကလည်း

စိုးရိမ်ပူပန်ကြလေသည် ။

ရေလကျောက်များ တန်ဖိုးကြီးလာခြင်းက ကောင်းသောအရာဖြစ်သလို ဆိုးသည့်အရာလည်းဖြစ်သည် ။ ကောင်းတာတခုကတော့ ရေလကျောက်နဲ့ ကူမျိုးနွယ်စုက ပစ္စည်းတွေပိုပြီး အလဲအလှယ်လုပ်လာနိုင်ပေမဲ့ ဆိုးတာကတော့ သူတို့က ဒီရေလကျောက်တွေကို ဘယ်လိုကာကွယ် ထိန်းသိမ်းရမလဲ မသိခြင်း ဖြစ်သည် ။

“ သူတို့ကို ကြောက်နေစရာ မလိုဘူး ၊ သူတို့ကြိုက်တဲ့အချိန် လာနိုင်တယ် ၊ ငါတို့တယောက်ချင်း သတ်ပစ်မယ် “

စစ်သည်တော် တယောက်က အေးစက်စက် ကြည့်ကာပြောလေသည် ။ သူ့ဒေါကက လောင်မြိုက်နေသော်လည်း သူ့အညိုရောင်မျက်လုံးမှာ အေးစက် စူးရှနေသည် ။

“ သူပြောတာ မှန်တယ် ၊ အရင်ကလို ငါတို့ တယောက်ပြီးတယောက် သတ်ပစ်လိုက်မယ် “

“ ငါတို့ မကြောက်ဘူး “

လူငယ် စစ်သည်တော် တော်တော်များများက မထိန်းနိုင်ပဲ အော်ဟစ်နေကြသည် ။

“ တိတ်ကြစမ်း “

အကြီးအကဲ ဖန်းမုက သူတို့ကို ဆူလိုက်သည် ။

အများစုက သေရမှာမကြောက်ကြပေမဲ့ ဒါက သူတို့စိုးရိမ်မနေဘူးဟု မဆိုလိုပေ ။ အကယ်၍ အာဇာနည်မျိုးနွယ်စုကသာ သူတို့ကို အခြားသူတွေနဲ့ တိုက်ခိုက်လာရင် သူတို့ကူမျိုးနွယ်စု ဘာဖြစ်သွားမလဲ

“ ငါတို့ အကူအညီတောင်းလို့လည်း ရပါတယ် “

သက်လတ်ပိုင်း စစ်သည်တော်ကြီးတယောက်က သူ့ဘေးကသက်လတ်ပိုင်း စစ်သည်တော်ကြီးကိုပြောလေသည် ။

ဖန်းမုက ခေါင်းခါလိုက်သည် ။ ရက်အနည်းငယ်သာ ကျန်တော့သည် ။ အနီးအနားက ဘယ်မျိုးနွယ်စုကမှ ကူညီမပေးလိုကြပေ ။ ပြီးတော့ သူတို့က အဝေးက မျိုးနွယ်စုများနဲ့လည်း မရင်းနှီးကြပေ ။ အကယ်၍ သူတို့က ဒီမျိုးနွယ်စုတွေကို အကူအညီယူလိုက်လျှင်လည်း သိုးအုပ်ကို ဝံပုလွေအား ကြည့်ရှူပေးဖို့ ယုံလိုက်ခြင်းနှင့် တူပေလိမ့်မည် ။ ဖန်းမုက ထိုမျိုးနွယ်စုများကို မယုံပေ ။

အိမ်ထဲမှာ ရုတ်တရက်ဆိုသလို ငြိမ်ကျသွားပြီး အနီးအနားက မျိုးနွယ်စုများက မကူညီပေးကြသည့်အတွက် အာဇာနည်မျိုးနွယ်စုက ရေလကျောက်များကို အကြိမ်ပေါင်းများစွာ လာရောက်ယူဆောင်သည်

ကိုခံနေရလေရာ လူငယ်လေးများကသာ ဒေါသကြောင့် အံ့ကြိတ်နေကြသည် ။

“ အကယ်၍ ရှောက်ရွှမ် နဲ့ သူ့မျိုးနွယ်စုကသာ ဒီမှာ ရှိနေရင်တော့ “

သူတို့ထဲက တယောက်က ရုတ်တရက် တီးတိုးပြောသည် ။

အဲ့ဒီအချိန် ရှောက်ရွှမ် ထွက်သွားသောအခါ သူက ကူမျိုးနွယ်စု နဲ့ မီးတောက်ဦးချိုမျိုးနွယ်စုက ဆက်ဆံရေးကောင်းရှိကြသည်ဟု ပြောလေသည် ။ အကယ်၍ ဒါက မီးတောက်ဦးချို မျိုးနွယ်စုကလူဆိုရင် သူတို့က ကူညီပေးကြဖို့ စိတ်ကူးရှိကြသည် ။

“ ဒါပေမဲ့ ငါတို့က မီးတောက်ဦးချို မျိုးနွယ်စုက လူတွေကို ဘယ်မှာရှာရမှာလဲ ၊ ရှောက်ရွှမ်က သူတို့မျိုးနွယ်စုက ဘယ်မှာလဲ ပြောမခဲ့ဘူး “

အိမ်ထဲမှာတော့ တဖန် ပြန်ငြိမ်ကျသွားပြန်သည် ။

ထိုအချိန်မှာပင် မြစ်ကမ်းဘေးကနေ လေချွန်သံများ ထွက်ပေါ်လာသည် ။

“ ဘာဖြစ်လို့လဲ ၊ သူတို့က တိုက်ခိုက်ဖို့အစောကြီး လာကြပြီလား “

“ မဟုတ်ဘူး ၊ ဒါက တိုက်ခိုက်ခံရတဲ့အချက်ပေးသံတော့ မဟုတ်ဘူး ၊ ဒါပေမဲ့..ပိုဆင်တာက “

မကြာမှီ ကင်းလှည့်အစောင့်တယောက်က အပြင်ကနေ ရပ်ဖို့ပင်မလွယ်လောက်အောင် အမောတကော ပြေး၍လာသည် ။ ဖန်းမုက သူ့ကို ဖမ်းလိုက်ပြီး သူ့ကိုအားသုံးကာ ရပ်လိုက်သည် ။ ထိုလူက မျက်နှာ နီရဲနေပြီး ပြေးလာ၍လား စိတ်လှုပ်ရှား၍လားမသိနိုင်ပါပေ ။

“ ဘာဖြစ်လို့လဲ “

ဖန်းမုက မေးလိုက်သည် ။

ဖန်းမုက စစ်သည်တော် တခုခုပြောမလို့အလုပ်မှာ အသံရှည်ရှည်စွဲကာအော်နေသော လင်းယုန်အသံကို ကြားလိုက်ရသည် ။

အသံက အတော်လေး ရင်းနှီးနေသလိုပဲ ။

All Chapters