← Chapters

နှုတ်ဆိတ်မနေသင့်ဘူး.

Vol. 16 Ch. 229

နှုတ်ဆိတ်မနေသင့်ဘူး.

Vol. 16 Ch. 229

သူတို့က စစ်ပွဲအတွက် ပြင်ဆင်နေချိန်မှာ လေချွန်သံကို ကြားလိုက်ရသည့်အတွက် အာရုံထွေပြား၍သွားသည် ။ သူတို့ကလင်းယုန်အော်သံကို ကြားလိုက်ရသောအခါ အလွန်စိတ်ပူပန်၍လာကြသည်။ အဲဒီနောက်မှာတော့ မကြာမှီ သူတို့က အကြီးအကဲ ၊ နတ်ဆေးဆရာနဲ့ အကြီးအကဲရဲ့နောက်မှာ အမြန်ကပ်လိုက်လာကြတဲ့ လူအုပ်ကိုမြစ်ကမ်းပါးမှာ တွေ့လိုက်ရသည် ။

“ သူတို့များ ဖြစ်နေမလား “

ကင်းလှည့်နေတဲ့ ဖူရှစ်က အလွန်အံ့သြစွာ ကြည့်လိုက်မိသည် ။

“ ညီအကိုရေ ၊ငါခဏတော့ထွက်သွားရဦးမယ် “

ဖူရှစ်က သူ့ဘေးမှာ ရပ်နေတဲ့သူကိုပြောပြီး မြစ်ကမ်းဆီပြေးသွားလိုက်သည်။

အိမ်မှာ နေကျန်ခဲ့ပြီး ဓားသွေးနေတဲ့ ချန်ကျားကလည်း လင်းယုန်ငှက်အသံကို ကြားလိုက်ရသောအခါ ဓားကိုင်ပြီး မြစ်ကမ်းပါးဆီသို့ အမြန် ပြေးလာခဲ့သည်။ သူက မကြာခဏကြားဖူးသည့်အတွက် ထိုအသံနဲ့ရင်းနှီး၍နေသည် ။

ကောင်းကင်ပေါ်က လင်းယုန်ငှက်ကို ရှာဖွေကြည့်ရင်း အကြီးအကဲဖန်းမုက အခြားသူများကို မြစ်ကမ်းသို့ဦးဆောင်၍လာနေသည် ။

“ ရှောက်ရွှမ် “

ဖန်းမုက ပျော်ရွှင်စွာ ခေါ်လိုက်သည်။ သူက ရှောက်ရွှမ် ဒီနေရာကိုရောက်လာဖို့မျှော်လင့်မထားပေ။ ယခု

သူက မီးတောက်ဦးချိုမျိုးနွယ်စုဘယ်လိုလဲဆိုတာကို သူက ရှောက်ရွှမ်ကိုမေးနိုင်ပေတော့မည် ။

“ အကြီးအကဲ၊ အကြီးအကဲ ကြည့်ပါဦး “

ဖန်းမုဘေးက သူက သူ့ကို တံတောင်နဲ့တွတ်လေသည် ။ သူကအလွန်စိတ်လှုပ်ရှားနေသည့်အတွက် သူ့ကိုခပ်ပြင်းပြင်းရိုက်လိုက်မိသည် ။ သူကပုံမှန်ဆိုရင်တော့ ဒီလိုမျိုးလုပ်ရဲမည်မဟုတ်ဘဲ သူကယခုအချိန် ဒီလိုအသေးစိတ်များကို ဂရုစိုက်မနေနိုင်ပေ ။

ဖန်းမုက သူ့ကိုမေးဖို့ ပြင်နေသည်။ ငုံ့ကြည့်လိုက်ရင်း မြစ်ထဲမှာဘာဖြစ်နေသလဲကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးမှာပြူးကျယ်သွားသည် ။ ဖန်းမုအပြင် အားလုံးကလည်း ထိုမြင်ကွင်းကိုမြင်ပြီးကြောင်အ တွေဝေသွားကြသည်။

သူတို့နဲ့ခပ်ဝေးဝေးက မြစ်ပေါ်မှာ သင်္ဘောများ

ချဉ်းကပ်၍လာသည် ။ ထိုသင်္ဘောများမှာ လုံကျိုးမျိုးနွယ်စုက သင်္ဘောများလောက်မကောင်းသော်လည်း ကူမျိုးနွယ်စုကလူများအနေနဲ့ကတော့ ဒါသူတို့မြင်ဖူးသမျှ သင်္ဘောထဲမှာ အထူးသဖြင့် သူတို့အရှေ့က သုံးစင်းမှာ အကောင်းဆုံးသင်္ဘောများဖြစ်ကြသည်။

“ ဒါ လုံကျိုးမျိုးနွယ်စုကလူတွေလား “

ရေတပ်ကိုကြည့်ပြီးလူအားလုံးကထိုသို့တစ်ခါတည်းတွေ့မိလိုက်ကြသည်။

“ မဟုတ်ဘူး၊ မဟုတ်ဘူး...”

“ ဒါ ၊ ဒါ မီးတောက်ဦးချိုမျိုးနွယ်စုကပဲ “

သူဘေးကလူက ကျယ်လောင်စွာအော်လိုက်ရာ အလွန်စိတ်လှုပ်ရှားနေသည့်အတွက်သူ့အသံမှာတုန်ရင်၍နေသည်။

သင်္ဘောများဟာ သူတို့နဲ့ဝေးနေသေးသော်လည်း အမြင်အာရုံကောင်းသူများက ရွက်တိုင်ပေါ်မှာ ဆွဲထားတဲ့အမှတ်အသားများကိုရှင်းရှင်းလင်းလင်း မြင်ရလေသည်။ ၎င်းက ရှောက်ရွှမ်ရဲ့ မီးတောက်ဦးချိုမျိုးနွယ်စုက နတ်အမှတ်အသားနဲ့ဆင်တူသည်။

မီးတောက်ဦးချိုမျိုးနွယ်စု ၊

ရှောက်ရွှမ်က သူတို့မျိုးနွယ်စုနဲ့ဆက်ဆံရေးကောင်းရှိတယ်လို့ ပြောခဲ့ဖူးသည် ။ ဒီတော့ မီးတောက်ဦးချိုမျိုးနွယ်စုက သတင်းကိုကြားပြီး သူတို့ကိုကူညီဖို့လာတာလား။

ဒီလိုသာဆိုရင်တော့ တကယ်ကောင်းမှာပဲ ။

သတင်းကောင်းပဲ ၊ အားလုံးသူတို့ပတ်ပတ်လည်က လူတွေက သူတို့ကိုရှောင်ကြဉ်ပြီး သူတို့ကရန်သူကိုတစ်ယောက်တည်းရင်ဆိုင်ရတာ ရမည်ဟုထင်ထားချိန်တွင် သူတို့ကိုကူညီဖို့ ဒီမျိုးနွယ်စုကရောက်လာ

လေသည် ။

အခြားတဖက်မှာတော့ သင်္ဘောပေါ်ကလူများက မြစ်ကမ်းပါးနဲ့နီးသထက်နီးလာသည်ကိုတွေ့ရသည်။

“ နောက်ဆုံး ငါတို့ဒီကိုရောက်ပြီပဲ “

“ ဒါ ကူမျိုးနွယ်စုကလူတွေလား “

“ သူတို့က ငါတို့ကိုကြိုနေကြတာလား။လူတွေအများကြီးပဲ “

“ ထွော် ငါ့ကိုကြည့်ပါဦး၊ ငါခေါင်းကဦးချိုကဘယ်လိုနေလဲ “

“ ဟိတ်ဒီမှာမိကျောင်းတွေရှိတယ်လို့ပြောခဲ့ဖူးတယ်မလား။ မိကျောင်းတွေဘယ်မှာလဲ “

သင်္ဘောကလူများကအချင်းချင်း စကားပြောနေကြသည် ။

“ ဟေး “ သူတို့ကို အော့ကကြည့်လိုက်သည် ။

အားလုံးက စကားပြောတာရပ်သွားကြပြီး သူတို့ခေါင်းကိုမော့ ၊ ကျောကိုဆန့်ပြီး သူတို့လည်ဆွဲက အရှည်ဆုံးသွားစွယ်ကို ပြသနေကြသည်။ ဒါဟာသူတို့မြင်ဖူးတဲ့ ပထမဆုံး အခြားမျိုးနွယ်စုတစ်ခုဖြစ်သည့်အတွက် အားလုံးကကူမျိုးနွယ်စုကို သူတို့၏အကောင်းဆုံးကိုသာ ပြသချင်ကြသည်။

အော့ကသူ့ရဲ့ လေးစားစရာကောင်းတဲ့ အကြီးအကဲပုံရိပ်ကို ထိန်းသိမ်းနေဖို့ ကြိုးစားပေမယ့် သူ့ရဲ့လက်ဖဝါးများမှာတော့ ချွေးစေးများ ထွက်နေသည့်အတွက် သူက သူ့လက်ဖဝါးကို သားရေ အပေါ်ထပ်နှင့် ချွေးများသုတ်နေရသည် ။

နတ်ဆေးဆရာကတော့ သူ့ရဲ့ပုံမှန် နတ်ဆေးဆရာအပြုံးကို ထိန်းထားပြီး အလွန်အေးချမ်းနေပုံ ပေါက်လေသည်။ သူ့အကြောင်းကိုအများကြီး မသိသူတွေကတော့ ဒီအဖိုးကြီးဟာ အလွန်အေးချမ်းတာပဲဟု ထင်နိုင်လေသည် ။

ချာချာက လေထဲမှာခဏလောက်လှည့်ပျံနေသည်။ သူက ကူမျိုးနွယ်စုကအကြီးအကဲနဲ့ နတ်ဆေးဆရာမရောက်သေးသရွေ့ ထိုနေရာကိုခြေမချပေ ။

မြေပြင်နဲ့ကပ်လျက် နေရာရောက်သည့်အခါ ရှောက်ရွှမ်က လင်းယုန် လက်သည်းများကိုကိုင်ထားသည့် သူ့လက်ကိုလွှတ်လိုက်ပြီး မြေပြင်ပေါ်ကိုခုန်ချကာ မတ်မတ်ရပ်လိုက်လေသည် ။

“ အားလုံး မတွေ့ရတာကြာပြီနော် “

ရှောက်ရွှမ်က ကူမျိုးနွယ်စုကလူများကို ကြည့်ကာ ပြုံးပြုံးလေးပြောလိုက်သည်။

‘’ ရှောက်ရွှမ် “

“ ရှောက်ရွှမ် အရပ်ရှည်လာတယ်နော် “

“ ငါတို့ကို ကူညီဖို့ လာတာလား “

“ မင်းနောက်ကလူတွေက မင်းမျိုးနွယ်စုကလူတွေလား “

ဖန်းမုက သူ၏ စိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုတို့ကို ပြန်လည်ထိန်းသိမ်းထားပြီးတော့ သူကပြောလိုက်သည်။

“ မတွေ့ရတာကြာပြီနော် ၊ ငါတို့ ကူမျိုးနွယ်စုကနေ

နောက်တစ်ခါကြိုဆိုပါတယ် “

“ ဟုတ်ကဲ့ ၊ ကျွန်တော်တို့မျိုးနွယ်စုက ကျွန်တော်တို့ဘိုးဘွားပိုင်မြေကိုပြန်ဖို့အသင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ခင်ဗျားတို့မျိုးနွယ်စုကနေဖြတ်သွားရလိမ့်မယ်ထင်တယ်။ ခင်ဗျားတို့ကိုနှောက်ယှက်ရတဲ့အတွက်အားနာပါတယ် “

ရှောက်ရွှမ်ကပြောလေသည် ။

ကူမျိုးနွယ်စုမှာ မြစ်ကြီးသို့စီးဝင်သွားသော မြစ်လက်တက်ပေါင်းများစွာ ရှိသည်။ သူတို့ထဲကတစ်ခုက အတော်လေးကျယ်လေပြီး ရေမျက်နှာပြင်လည်းမကျသေးရာ ထို့အတွက်ကြောင့် ထိုနေရာ ကိုမြစ်လက်တက်ကနေ ဖြတ်ပြီးတော့သွားနိုင်သည် ။

“ ဪ..ကိစ္စမရှိပါဘူး “

ဖန်းမုက တွေဝေခြင်းမရှိဘဲ သဘောတူလိုက်သည် ။

အဲဒီနောက်မှာတော့သူက နတ်ဆေးဆရာကိုပြန်ကြည့်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်ကို တစ်ခါပြောပြန်သည်။

“ ငါတို့အချင်းချင်း နှုတ်ဆက်ပြီး တွေ့လိုက်ရအောင်”

ရှောက်ရွှမ်က ကူမျိုးနွယ်စုအကြီးအကဲနှစ်ယောက်ကြားက စကားပြောတာကိုကြည့်လိုက်ပြီး သူတို့လျှို့ဝှက်ချက်တစ်ခုကိုပြောနေသည်ကိုသိလိုက်ကြသည်။ ကူမျိုးနွယ်စုမှာ ရေလကျောက် အနည်းငယ်ကိုရနိုင်လေရာ သူကဒီအကြောင်းပြောနေတာဖြစ်မည်ဟု သူခန့်မှန်းမိသည် ။

ဖန်းမုနဲ့ စကားပြောပြီးကြတဲ့နောက်မှာ ရှောက်ရွှမ်က သင်္ဘောဆီသို့တစ်ခေါက်ပြန်လာပြီး ဖန်းမုရဲ့ အဖြေနဲ့သူအတွေးကို နတ်ဆေးဆရာနဲ့ အော့ကိုပြောပြလိုက်သည်။

“ မင်းပြောသလို သူတို့ကကျူးကျော်မှုနဲ့ဓားပြတိုက်မှုကို ကြုံတွေ့နေတယ်ဆိုရင် ငါတို့ သူတို့ကိုကူညီနိုင်ပါတယ်။ သူတို့က မင်းနဲ့ယန်ကျစ်ကိုကူညီခဲ့တာပဲ။ ဒါကငါတို့တွေ့ရတယ် ပထမဆုံးမျိုးနွယ်စုဖြစ်တယ်။

မင်းပြောခဲ့တဲ့အတိုင်းငါတို့ပိုပြီးဖော် ရွေချင်တယ် ၊ အချင်းချင်း အပြန်အလှန် အကျိုးအမြတ်ရချင်တယ်ဆိုရင် သူတို့ပြဿနာတက်နေတဲ့အချိန် ငါတို့ကလည်းတစ်ဖက်တစ်လမ်းကကူညီသင့်တယ် “

အော့က ပြောလေသည် ။

“ ဟုတ်တယ် “

နတ်ဆေးဆရာကပြောသည် ။

“ ငါတို့မီးတောက်ဦးချိုမျိုးနွယ်စုက နှုတ်ဆိတ်ပြီးမနေသင့်ဘူး “

ကမ်းစပ်ကို တဖြည်းဖြည်းကပ်လာတာကိုကြည့်ရင်း အော့ကပြုံးလိုက်ပြီး ပြောလေသည် ။

“ ဒါကငါတို့အပြန်ခရီးအတွက် ပထမဆုံးစမ်းသပ်မှုအဖြစ်မှတ်ယူလိုက်ကြတာပေါ့ “

ရေတပ်ဟာ ကူမျိုးနွယ်စုရဲ့ မြစ်လက်တက်အခွဲကိုဦးတည်သွားလိုက်သည်။ တခြားတစ်ဖက်မှာလည်း လူများကစုဝေးရွေ့နေကြသည်။

ကူမျိုးနွယ်စုကလူများမှာ စိတ်လှုပ်ရှားသည့်အတွက်ကြောင့် အစပိုင်းမှာကျယ်လောင်စွာ ရယ်မော၍နေကြသည် ။ သို့ပေမယ့် ရေတပ်ကအနားကိုကပ် ကပ်လာသောအခါ လူများကတဖြည်းဖြည်းနဲ့ အသံတိတ်လာကြသည်။

ရေတပ်ကအနားရောက်လာသောအခါ ကူမျိုးနွယ်စု

က လူများကသင်္ဘောပေါ်ကလူတွေ အဝတ်အစားကောင်းကောင်းဝတ်နေသည်ကိုတွေ့ရသည့်အတွက် ၄င်းတို့က အလွန်ရင်သပ်ရှူမောဖွယ်ဖြစ်နေသည် ။

မီးတောက်ဦးချိုမျိုးနွယ်စုကလူတွေက ဒီလိုလား ၊

အလွန်အံ့သြစရာကောင်းတာပဲ ၊ ဒီလိုပူတဲ့နေ့တွေမှာတောင်မှပဲ သူတို့ကသားရေအပေါ်ထပ်အထူကြီးတွေဝတ်ပြီးတော့ ပူတယ်လို့မခံစားကြရဘူးလား။

ဒါပေမယ့် သူတို့ရဲ့အပေါ်ထပ်တွေက တောက်ပပြီးတော့ နူးညံ့ပုံပေါက်သည် ။ အဲဒါတွေကိုသာဆောင်းတွင်းမှာဝတ်မယ်ဆိုရင်အတော်လေးနွေးမှာပဲ ၊ သူတို့ရေလကျောက်တွေနဲ့ဒီသားရေအပေါ်ထပ်တွေကို နည်းနည်းလောက် အလဲအလှယ်လုပ်ဖို့ ကျောက်ဘယ်နှစ်တုံးလောက် လိုမလဲမသိဘူး။

ပြီးတော့ သူတို့ကအစွယ်လည်ဆွဲတွေကိုလည်း ဝတ်ထားသေးသည်။ တိရစ္ဆာန်ကြီးတွေရဲ့သွားစွယ်တွေ

ကို ကြည့်လိုက်ပါအုံး ၊

ဘယ်လိုသားရဲတွေမှာဒီလိုမျိုးသွားစွယ်တွေရှိတာလဲ။

မီးတောက်ဦးချိုမျိုးနွယ်စုက သင်္ဘောတွေက မြစ်ခွဲထဲကိုရွှေ့လိုက်ပြီး ကမ်းခြေမှာ ဆိုက်ကပ်လိုက်ကြသည် ။ မျိုးနွယ်စုအချင်းချင်းကလူများ ကောင်းကောင်းမြင်နိုင်ပေပြီဖြစ်သည် ။

မီးတောက်ဦးချိုမျိုးနွယ်စုက လူများကလည်း စိတ်လှုပ်ရှားနေကြပြီး သူတို့၏အကြီးအကဲကတော့တည်တည်ငြိမ်ငြိမ် လေးလေးနက်နက် ဖြစ်နေသည် ။

သူတို့က အမြဲတမ်း လုပ်ဆောင်သကဲ့သို့ သူတို့က တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဟန်ဆောင်ထားသည်။

မီး တောက်ဦးချိုမျိုးနွယ်စုကလူများက သားရဲများ

နှင့်ရင်ဆိုင်ရသည့်အခါမှာလည်း သူတို့မျက်နှာကို တည်တည်ကြည်ကြည်လေးလေးနက်ထားကြပြီး သူတို့ကို ရက်စက်ကာ ခြိမ်းခြောက်သည့်ပုံစံပေါက်နေစေပြီဖြစ်သည် ။

လေပြင်းတစ်ချက်တိုက်ခိုက်လိုက်ရာ ဖူရှစ်ကတုန်သွားပြီး သူ့လက်မောင်းများကိုကုတ်လိုက်ကာ သူဘေးကလူကိုတိုးတိုးပြောလိုက်သည်။

“ ငါတော့နည်းနည်း...”

သူက သူဘာကြောက်နေသည်ကို မပြောရသေးသော်လည်းအခြားသူမှာ သူ့ကဲ့သို့အလားတူဖြစ်နေသည်ဟု ခံစားရသည် ။

သူတို့က သူတို့မျိုးနွယ်စုကလူများက လွှမ်းမိုးဩဇာကြီးသည့်ပုံပေါက်သည်ဟုထင်ခဲ့ကြသော်လည်း ဒီနေ့ သူတို့ မီးတောက်ဦးချိုမျိုးနွယ်စုက လူများကိုမြင်လိုက်ရသောအခါ သူတို့ကပိုပြီး

တော့ ကြမ်းတမ်းသည်ဟုပင် သူတို့ကခံစားလိုက်ရသည် ။

သို့ပေမယ့် ရှောက်ရွှမ်က ဤသို့မဟုတ်ပေ။

“ ဒါက တကယ်မျိုးနွယ်စု အသေးလေးပဲလား “

တစ်ယောက်ယောက်ကတီးတိုးပြောလိုက်သည် ။

ဒီမျိုးနွယ်စုမှာ လူဦးရေအနည်းငယ်သာရှိသော်လည်း သူတို့တစ်ယောက်ချင်းစီတိုင်းက ကြောက်မက်ဖွယ် ကောင်းသည့်အတွက် မည်သူကမှ သူတို့ကိုရန်လာမစခဲ့ကြပေ ။ စိတ်အားထက်သန်နေကြတဲ့ သင်္ဘောပေါ်ကလူတွေကိုကြည့်ကြပါဦး..တစ်ခုခုတော့မှားနေပြီ။

“ အကြီးအကဲ ၊ သင်္ဘောပေါ်ကတိရစ္ဆာန်တွေကသားရဲတွေလား ၊ကျွန်တော်ဒီလိုသားရဲတွေမျိုးကိုမမြင်ဖူးဘူး “

စစ်သည်တော်တစ်ယောက်က အရှေ့ကိုတက်လာပြီl သင်္ဘောသုံးစင်းပေါ်က သူတို့ဘက်ကို ကြည့် နေကြတဲ့ ခေါင်းအများကြီးကို လက်ညှိုးထိုးပြလိုက်ပြီး ဖန်းမုကိုပြောလေသည်။

“ ဒါတွေကအဆင့်မြင့်သားရဲတွေဘဲ “

ဖန်းမုက သင်္ဘောကိုစိုက်ကြည့်လိုက်ပြီး တစ်လုံးချင်းပြောလိုက်လေသည် ။ သူပထမဆုံးမြင်ခါစက သူမသေချာခဲ့ပေ။ သို့ပေမယ့်သူ အနီးကပ်ကြည့်လိုက်သောအခါ တစ်ခုခုမှားနေသည်ကိုတွေ့လိုက်ရသည်။ ရှောက်ရွှမ်ရဲ့ အဆင့်မြင့်သားရဲတစ်ကောင်ဖြစ်တဲ့ လင်းယုန်အကြောင်းကိုတွေးကြည့်ရင် သူကသင်္ဘောပေါ်က ဒါတွေကလည်း အဆင့်မြင့်သားရဲတွေဖြစ်နိုင်မည်ဟုသူယုံလိုက်သည်။

ဖန်းမုက သူ၏အံ့ဩမှုကိုပြန်ထိန်းလိုက်ပြီး သူ၏ဓားကို ကိုင်ထားသောလက်မှာ ချွေးစေးများထွက်နေသည် ။ သူကမီးတောက်ဦးချိုမျိုးနွယ်စုကို ဤကဲ့သို့မျိုးနွယ်စုဖြစ်သည်ဟု ထင်မထားပေ ။

အရေအတွက်မှာနည်းသော်လည်း အကယ်၍ သူတို့အချင်းချင်းသာ ယခုအချိန်တိုက်ခိုက်ကြလျှင် ကူမျိုးနွယ်စုက ရှုံးသွားနိုင်ပြီးအတော်ဒုက္ခခံစားသွားရနိုင်သည်ဟု ဖန်းမု စိတ်ထဲမှာသေချာနေသည်။

သစ်သားလှေကားလေးဟာ အကြီးဆုံးသင်္ဘောကနေ ကျလာခဲ့သည် ။ ထို့နောက် နတ်ဆေးဆရာနဲ့မျိုးန်ယ်စုခေါင်းဆောင်အကြီးအကဲက ဘေးချင်းယှဥ်ဆင်းလာခဲ့သည် ။ သူတို့၏နောက်မှာ အဖွဲ့ခေါင်းဆောင်နှစ်ယောက်လိုက်လာပြီး သူတို့ရဲ့နောက်မှာတော့ မျိုးနွယ်စု၏ စစ်သည်တော်အငယ်များ မတ်တပ်ရပ်၍နေကြသည်။

လူအများစုကသင်္ဘောပေါ်ကနေ တန်းခုန်ချဖို့စဉ်းစားကြသည်။ အော့က လှေကားနဲ့ဆင်းဖို့သာပြောထားသည့်အတွက် သူတို့ကသူ့အမိန့်ကိုလိုက်နာရမည်။

“ ကူမျိုးနွယ်စုကကြိုဆိုပါတယ် ၊ ကျွန်တော်က ကူမျိုးနွယ်စုရဲ့မျိုးနွယ်စုခေါင်းဆောင်အကြီးအကဲပါ “

ဖန်းမုက သူတို့ဆီကို သွားကာ ယဉ်ကျေးသောအပြုံးနဲ့ပြုံးလိုက်သည်။

“ တွေ့ရတာဝမ်းသာပါတယ် “

အော့ရဲ့မျက်နှာဟာ အလေးအနက်ဖြစ်နေသည့်ပုံ ပေမယ့်လည်း ပြုံးနေသည် ။

“ မီးတောက်ဦးချိုများမျိုးနွယ်စုမျိုးနွယ်စုခေါင်းဆောင်အကြီးအကဲ အော့ ပါ “

နတ်ဆေးဆရာနှစ်ယောက်က သူတို့၏ ကိုယ်ပိုင်နည်းလမ်းများနဲ့အချင်းချင်း မျက်နှာချင်းဆိုင် အရိုအသေအလေးအမြတ် ပြုကြသည်။ နတ်ဆေးဆရာများအတွက် အရိုအသေပေးခြင်းက ရိုးရာအခမ်းအနားကျင်းပခြင်းလောက် အရေးကြီးပေသည် ။

အချင်းချင်းအပြန်အလှန်မိတ်ဆက် ပြီးနောက် တစ်ယောက်ကထူးဆန်းတဲ့အပြုံးနှင့် နောက်တစ်ယောက်က တစ်ခုခုကိုသိနေတဲ့အပြုံးရှိသည့် နတ်ဆေးဆရာနှစ်ဦးဟာတစ်ခုခုကိုရည်ညွှန်း၍နေသည် ။

ရှောက်ရွှမ် ကသူတို့ဘေးမှာရပ်ပြီး သူတို့ကိုကြည့်နေလိုက်သည် ။

“ … “

နတ်ဆေးဆရာ ဖြစ်ဖို့မလွယ်လှပေ ။ သူတို့အချင်းချင်းစကားမပြောခင်ကတည်းက နတ်ဆရာနှစ်ယောက်မှာ အချင်းချင်း နည်းနည်းနားလည်မှုများရှိကြသည်။

ရှောက်ရွှမ်ရဲ့ နတ်ဆရာတို့အပေါ် နားလည်မှုအပေါ်မူတည်၍ နတ်ဆရာနှစ်ယောက် အချင်းချင်း

ကောင်းသောအမြင်ရှိကြမည်ကို ယုံကြည်သည် ။ သူတို့ကဘာမှမပြောပဲနဲ့ပင် သူတို့အတွေးအခေါ်များကို ဖလှယ်ခဲ့ကြသည်မှာကြာခဲ့ပြီဖြစ်သည် ။

ကူမျိုးနွယ်စုက အကြီးအကဲနဲ့နတ်ဆရာသည် မီးတောက်ဦးချိုမျိုးနွယ်စုက လူများကို ဒီနေရာမှာနေဖို့ ဖိတ်ခေါ်လိုက်သည်။

အော့က ရက်အနည်းငယ်အတွက်တော့ ခဏလောက်အနားယူလိုသည် ။အားလုံးက ယခုတက်ကြွနေပုံပေါက်သော်လည်း ဒါကသူတို့အခြားမျိုးနွယ်စုက မျိုးနွယ်စုဝင်များကို ပထမဆုံးအကြိမ်တွေ့ဖူးသောကြောင့်သာ ဖြစ်သည်။ အနည်းအများအလိုက် သူတို့ကပင်ပန်းနေကြပြီး သေချာအနားယူဖို့လိုအပ်လေသည်။

သူတို့ထဲကအချို့က အော့ နဲ့ နတ်ဆေးဆရာနောက်ကို ကူမျိုးနွယ်စုကလူများ၏နေထိုင်ရာနေရာသို့ လိုက်လာခဲ့ကြသည် ။ အခြားသူများကတော့ ကူမျိုးနွယ်စုကလူတွေရဲ့ ညွှန်ကြားမှုအောက်မှာသင်္ဘော

တွေကို သင့်တော်တဲ့ဆိပ်ကမ်းတွေမှာရပ်ကြသည်။ သို့ပေမယ့် သူတို့ကသင်္ဘောကို အကြီးအကဲအမိန့်မပါဘဲ မထားခဲ့ကြပေ။သူတို့က အဲဒီမှာပဲ နေနေကြသည်။

ထို့အပြင် ကူမျိုးနွယ်စုကို သူတို့တွေ့နေရသည့်အတွက် သူတို့ကစိတ်လှုပ်ရှားနေလျှင်တောင်မှ သူတို့က သတိကြီးကြီးထားဖို့လိုဆဲဖြစ်သည်။

ကူမျိုးနွယ်စုတွေကလူတွေကြည့်ရဖို့ သင်္ဘောကြီး အစွန်ဘက်ကိုဆွဲခေါ်လာခြင်းခံရတဲ့ အဆင့်မြင့်သားရဲများကလည်း အလွန်သက်သောင့်သက်သာမဖြစ်ကြပေ။ လူအတော်များများက သူတို့ကိုစိုက် ကြည့်နေခြင်းက သူတို့ကိုကြောက်ရွံ့လာစေသည် ။

ဖန်းမုက သူ့မျိုးနွယ်စုထဲကလူတွေကို မျိုးနွယ်စုထဲသို့ဦးဆောင်၍ ခေါ်သွားပြီး အော့ကို သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်းကိုပြောပြဖို့ စကားပြောလိုက်သည်။

“ ကူမျိုးနွယ်စုက အခက်အခဲတွေ့နေတယ်ဆိုတော့ ငါတို့ကလည်းကူညီပေးဖို့ဆန္ဒရှိပါတယ်။ ရှောက်ရွှမ်ကလည်း မင်းတို့ရဲ့အကူအညီကိုရခဲ့တယ်။

ဒါပေမဲ့ အခုလောလောဆယ်တော့ ငါတို့လူတွေနားဖို့လည်းလိုသေးတယ် “

“ ငါတို့အစားအစာနဲ့နေစရာတွေကို ထောက်ပံ့ပေးထားလို့ရပါတယ်။ ဒီတော့ မင်းတို့စစ်သည်တော်တွေ ခဏလောက်နားလို့ရတာပေါ့ “

ဖန်းမုက တစ်ခါတည်းပြောလိုက်သည်။ ကူမျိုးနွယ်စုမှာ နေရာအလွတ်များ ရှိသည့်အတွက် သူတို့အတွက်နေစရာများဆောက်ပေးနိုင်သည်။

“ ငါတို့အစားအစာတွေကို ငါတို့ စားလို့ရပါတယ်။ ငါတို့ နေစရာအိမ်နည်းနည်းပဲလိုတာပါ။ပြီးရင်ငါတို့ထဲကတချို့ သင်္ဘောတွေပေါ်မှာလည်းနေလို့ရပါတယ် “

အကြီးအကဲနှစ်ယောက်ဟာ အခြေချမှုအကြောင်းကို ပြောနေကြသည်။ အိမ်အပြင်ဘက်မှာတော့ ရှောက်ရွှမ်နဲ့ ဖူရှစ်က စကားပြောနေကြသည်။

နတ်ဆေးဆရာနဲ့အကြီးအကဲမှာ ရှောက်ရွှမ် မျိုးနွယ်စု အပြင်ဘက်မှာဘာတွေဖြစ်နေလဲဆိုသည်ကို သေသေချာချာ သိလိုက်ရသည် ။

“ ခွေးသားတွေ ၊ သူတို့ကငါတို့ရဲ့ရေလကျောက်တွေကိုလာလုတော့မှာ ၊ သူတို့ဒီနှစ်မှာ သူတို့ကိုကူညီပေးမယ့်သူတွေ့သွားပြီလို့ ပြောတယ်။ ရှောက်ရွှမ် မင်းသာမလာဘူးဆိုရင် ငါတို့ကူမျိုးနွယ်စုက သူတို့ကိုတစ်ယောက်တည်းရင်ဆိုင်ရတော့မှာ “

ဖူရှစ်က ပြောလေသည် ။

ဖူရှစ်ပြောပြတဲ့ ဇာတ်လမ်းကိုနားထောင် ပြီးသည့်နောက် သူကဘာတွေဖြစ်နေလဲကို ယေဘုယျ

နားလည်လိုက်သည်။

“ မပူပါနဲ့ ၊ ငါတို့လည်း အသံတိတ်ပြီးနေမှာ မဟုတ်ပါဘူး “

ရှောက်ရွှမ်ကပြောလိုက်သည်။

အော့ကဒါကို ပထမဆုံး စစ်ဆေးမှုအနေနဲ့လက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်ပြး သူတို့၏ စစ်သည်တော်များကအဆင်သင့်ပြင်ရပေတော့မည် ။

စစ်သည်တော်တွေဟာ အရင်ကအဆင့်မြင့်သားရဲများနဲ့သာ တိုက်ဖူးကြ ပေးမယ့် ယခုသူတို့ လူသားအချင်းချင်းရင်ဆိုင်ရပေတော့မည် ။ အော့ကသူတို့လုပ်ဆောင်မှုများကို မျှော်မှန်းကြည့်လိုက်သည်။

All Chapters