ညမှာ ကျက်စားသည့်သူ
Vol. 16 Ch. 230
မီးတောက်ဦးချိုမျိုးနွယ်စုရောက်ရှိလာခြင်းမှာ စိတ်ပူပန်ရှုပ်ထွေးနေကြတဲ့ ကူမျိုးနွယ်စုကလူများကို အတော်လေးစိတ်သက်သာရာရစေသည် ။ အနည်းဆုံးတော့ သူတို့က လာမယ့်စစ်ပွဲမှာ တစ်ယောက်တည်းမဟုတ်တော့ဘဲ ကူညီပေးမယ့်သူ တစ်ယောက် ရှိနေမည် ဟုခံစားရသေးသည် ။
အကြီးအကဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်အတွေးများဖလှယ်ကြပြီးတဲ့နောက် သူတို့က ရေကန်နည်းတဲ့ဘက်မှာ အိမ်များထပ်ပြီးဆောက်ကြမည် ။ ပြောရလျှင် အားလုံးက ရေကန်ထဲမှာ နေရသည်ကို မနှစ်သက်ကြပေ။ ထို့ကြောင့် ဖန်းမုက အော့နဲ့ဆွေးနွေးပြီး စဉ်းစားဆုံးဖြတ်ကာ ထိုနေရာကိုအသုံးပြုဖို့ ဆုံးဖြတ်လိုက်သည် ။
ဤနေရာဟာ ကူမျိုးနွယ်စုံနေထိုင်တဲ့နေရာနဲ့ အနည်းငယ်တော့ဝေးသည် ။ ကင်းလှည့်သည့်အဖွဲ့မှ
လွဲလျှင် မည်သူမှ ထိုနေရာကိုမလာပေ ။ အော့ လိုချင်တာကလည်းဒါပဲဖြစ်သည် ။
မျိုးနွယ်စုနှစ်ခုကြားမှာ ပူးပေါင်းလျှင်တောင်မှ နှစ်ဦးနှစ်ဖက်စလုံးဟာ ကာကွယ်ထားခြင်းမရှိဘဲ ပူးပေါင်းနေထိုင်ဖို့မဖြစ်နိုင်သည့်အတွက် တစ်ယောက်နဲ့တစ်ယောက် ကြိုတင်သတိထားခြင်းက မဖြစ်မနေလိုအပ်သည် ။ ထို့ပြင် ဒီနေရာက သူတို့၏သင်္ဘောကမ်းကပ်ထားသည့်နေရာများနှင့် နီးလေသည် ။
နေထိုင်ရေးပြဿနာဖြေရှင်းပြီးသည်တင်မဟုတ်ဘဲ အကွာအဝေးတစ်ခုချထားခြင်းကို နှစ်ဦးလုံးကသဘောတူလိုက်ကြသည်။ ထို့ကြောင့် မည်သူကမှ ဒီဆုံးဖြတ်ချက်ကိုမငြင်းပယ်ကြပေ။
ကူမျိုးနွယ်စုက လူများ၏အကူအညီနဲ့ သူတို့ဆောက်လုပ်ရေးကိုမြန်မြန်လုပ်ကြသည်။ ဒုတိယနေ့မှာပင် ဂျုံပင်များ ပေါက်ရောက်ကြသည့် သစ်တော
တွေထဲမှာ အိမ်ပေါင်းများစွာရှိလာလေသည် ။ သူတို့အိမ်များက ရိုးရှင်းပြီးအကြမ်းထည်များဖြစ်သော်လည်း သူတို့ကဒီမှာ ကြာကြာ နေမည်မဟုတ်သည့်အတွက် မျိုးနွယ်စုက လူများကဂရုမစိုက်ကြပေ ။ ကူမျိုးနွယ်စု၏ပြဿနာဖြေရှင်းပြီးသည်နှင့် သူတို့ကလည်းထွက်ခွာသွားမည်ဖြစ်သည် ။
သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့်ကလေးများက ပိုပြီးတော့လုံခြုံသည့် သင်္ဘောပေါ်မှာ အခြေချကြရသည် ။
အကယ်၍ တစ်ယောက်ယောက်ကများ ကျူးကျော်လာလျှင် မီးတောက်ဦးချိုမျိုးနွယ်စုမှလူများက ထိုကျူးကျော်လာသူများကိုသင်္ဘောပေါ်မတက်စေရန် အကောင်းဆုံးကြိုးစား၍ကာကွယ်ကြမည်ဖြစ်သည်။
“ ရှောက်ရွှမ် “
ရှောက်ရွှမ်က အသစ်ဆောက်ထားတဲ့ ယာယီနားခိုရာနေရာပတ်ပတ်လည်က အပင်နဲ့ချုံပင်များကို
ရှင်းလင်းရေးလုပ်နေပြီးအချို့သော သတိပေးထောင်ချောက်များကိုလည်း ထောင်ထားသည် ။
ရှောက်ရွှမ် ချန်ကျားနဲ့တွေ့ခဲ့သည့် နောက်ဆုံးအကြိမ်မှာ နှစ်နှစ်ကြာခဲ့ပြီဖြစ်သည်။ သူကသိသိသာသာ အရပ်ရှည်လာပြီး သူ့မျက်နှာမှာ ခုတ်ရာကဲ့သို့အမာရွတ်တစ်ခု ရှိလေသည် ။
“ ဘာဖြစ်တာလဲ “
ရှောက်ရွှမ်က သူ့မျက်နှာက အမာရွတ်ကိုလက်ညှိုးထိုးပြပြီးမေးလေသည်။
“ ဒီ အမာရွတ်ကလား “
ချန်ကျားက ပြုံးပြီးဂုဏ်ယူစွာပြောလိုက်သည်။
“ ဒါမနှစ်က ရေလကျောက် ပွဲတော်တုန်းကရလာတာပါ “
နှစ်စဉ်နှစ်တိုင်း ကူမျိုးနွယ်စုမှာ ရေလကျောက် ပွဲတော်အတွင်းပြဿနာအများကြီးဖြစ်တတ်သည် ။ မနှစ်ကသူက ခုခံရေးတိုက်ပွဲထဲမှာပါဝင်ကာကွယ်ရင်း ဒဏ်ရာရလာခဲ့ခြင်းဖြစ်သည် ။ အဲဒီနောက်သူ့မျက်နှာမှာ ထိုအမာရွတ်ဖြစ်လာခဲ့သည် ။
ချန်ကျားက ပြုံးနေစဉ်အတွင်းမှာ စိတ်ဓာတ်ကျလာသည် ။
“ ဒီနှစ်တော့ အဖေကငါ့ကိုအဲဒီတိုက်ပွဲထဲမှာမပါခိုင်းတော့ဘူး “
သူတို့ရထားတဲ့သတင်းကြောင့် မျိုးနွယ်စုမှာ အဆင့်အမြင့်ဆုံးသတိထား၍နေရသည် ။
သူတို့မှာအခြားရွေးချယ်စရာမရှိသာ မဖြစ်လျှင် ကလေးများသည် တိုက်ပွဲတွင်ပါဝင်သူတွေ တစ်ခုခုဖြစ်သွားခဲ့လျှင် အနာဂတ်အတွက် မျိုးနွယ်
စု၏မျှော်လင့်ချက်ဖြစ်သည့်အတွက် သူတို့က ကြီးထွားမှု ဖွံ့ဖြိုးသည့်အရွယ်တဝက်ရောက်နေသည့် ကလေးများကို ဒီတိုက်ပွဲတွင် ပါဝင်ခိုင်းမည်မဟုတ်ပေ ။
ရှောက်ရွှမ်ကိုမြင်တဲ့အခါ ချန်ကျားက အလွန်ပျော်ရွှင်သွားပြီး ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဖြစ်ခဲ့သမျှကိစ္စအားလုံးကို သူ့ကိုပြန်ပြီးပြောပြနေသည် ။ အထူးသဖြင့်မနှစ်ကသူ့ရဲ့တိုက်ပွဲအကြောင်းကိုပြောပြသည်။ စစ်သည်တော်ငယ်လေးများမှာ သူတို့၏အောင်မြင်မှုကို အခြားသူများနှင့်ဝေမျှဖို့အတွက် အမြဲအဆင်သင့်ဖြစ်နေသည် ။
သူ့ဇာတ်လမ်းပြောပြီးသွားသည်နှင့် ချန်ကျားကပတ်ပတ်လည်ကိုကြည့်လိုက်သည်။ ဘယ်သူမှ မရှိနေတာကိုမြင်ရသည့်အခါ သူကအသံတိုးတိုးလေးနဲ့ရှောက်ရွှမ်ကိုမေးလိုက်သည်။
“ မင်းတို့မျိုးနွယ်စုကလူတွေက ပုံမှန်ဆိုရင် ဒီလိုပဲဝတ်ကြတာလား “
ချန်ကျားက သူ့ခေါင်း ၊လည်ပင်းနဲ့ကိုယ်လုံးကို ခြေဟန်လက်ဟန်ဖြင့် ပြလိုက်သည်။
“ မဟုတ်ပါဘူး။ငါတို့က ငါတို့အတွက်အရေးကြီးတဲ့နေ့တွေမှသာ ဒီလိုမျိုးဝတ်တတ်တာပါ “
ရှောက်ရွှမ်ကပြန်ဖြေလေသည် ။
ဒီတော့ဆိုလိုတာက မီးတောက်ဦးချိုမျိုးနွယ်စုသည် သူတို့မျိုးနွယ်စုကို အလွန်အရေးကြီးသည်ဟု သဘောထားသတဲ့လား ၊
သူက သူ့စိတ်ထဲကနေကျေနပ်သွားပြီး သူပြန်ရောက်တဲ့အခါ ဒီအကြောင်းကို အားလုံးကိုပြောပြလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
“ စကားမစပ် မင်းရဲ့သားရေအင်္ကျီတွေကရော “
ချန်ကျားကအခန်းထဲကိုပတ်ပတ်လည်ကြည့်လိုက်သည် ။ မီးတောက်ဦးချိုမျိုးနွယ်စုကလူတွေကို သူ
အရင်မြင်တုန်းက သူ့ကိုကြောင်အသွားစေသည့် မျိုးနွယ်စုက သွားစွယ်ကြီးများ ၊ အမျိုးအမည်မသိသော တိရစ္ဆာန်သားရေများ နှင့် အမျိုးစုံတော့အဆင့်တန်ဆာများစွာကို သူ့မျက်လုံးက အကြည့်မလွဲနိုင်ခဲ့ပေ ။
သို့ပေမယ့် ချန်ကျားက မီးတောက်ဦးချိုမျိုးနွယ်စုက အခြားသူများနှင့်မရင်းနှီးသေးတာကြောင့် သူက ရှောက်ရွှမ်ဆီသို့ လာပြီး ပြန်သွားတဲ့အခါအခြားသူတွေကိုကြွားနိုင်ဖို့အတွက် မီးတောက်ဦးချိုမျိုးနွယ်စု၏အဝတ်အစားပုံစံကို မြင်တွေ့ချင်သည် ။
“ ငါက ငါနဲ့အတူတစ်ခုပဲယူလာခဲ့တာ သစ်သားသေတ္တာလေးထဲမှာထည့်ထားတယ် ၊ ကျန်တာတွေကတော့သင်္ဘောပေါ်မှာ “
သူက ထောင့်နားက သစ်သားသေတ္တာလေးကိုလက်ညှိုးထိုး၍ပြလိုက်သည်။
ဒါဟာ မနက်တုန်းက လောင်ခဲ့ တောင်းဆိုမှုကြောင့် ဆီဆာပို့ပေးလာတဲ့သေတ္တာများဖြစ်သည် ။ သေတ္တာနှစ်လုံးရှိပြီး တစ်ခုမှာတော့နေ့စဉ်သုံးပစ္စည်းများနှင့်အဝတ်အစားများ ၊ နောက်တခုမှာတော့ အရွယ်အစားချဲ့ထားတဲ့ ဟေးစစ်ဖုန်းသားရေနဲ့ပြုလုပ်ထားသောအဝတ်အစားများ ရှိလေသည် ။ လောင်ခဲ့က ရှောက်ရွှမ်မှာ ဘာမှကြွားစရာမရှိမှာကို စိုးရိမ်လေသည် ။
“ ကျွန်တော်တချက်လောက်ကြည့်လို့ရမလား “
ချန်ကျားက မျှော်လင့်ချက်အပြည့်နဲ့မေးလိုက်သည်။
“ ရတာပေါ့ “
ချန်ကျားက သူ့အရှေ့က သေတ္တာလေးဆီကို ပျော်ရွှင်မှုအပြည့်နဲ့ ပြေးသွားပြီး သေတ္တာကို ဖွင့်လိုက်သည်။ သူကသိချင်စိတ်အပြည့်နဲ့ အဝတ်အစားပေါ်က ဆူးအရှည်ကြီးများကို ထိကြည့်လိုက်သည်။ မိကျောင်းများမှလွဲလျှင် သူ၏နေ့စဉ်ဘဝမှာ သားရဲရိုင်းများကို အနည်းငယ်သာတွေ့ခဲ့ဖူးသည် ။ သူကဒီ
လိုမျိုး ဆူးအရှည်ကြီးများရှိသည့်သတ္တဝါမျိုးဘယ်တုန်းကမှမမြင်ဖူးခဲ့ပေ။
ချန်ကျားက ဟေးစစ်ဖုန်း၏ ဆူးရှည်များနဲ့ ပြုလုပ်ထားသောသားမွေးအင်္ကျီကို ထိကြည့်ပြီး မျက်လုံးများအရောင်လက်နေသည့် အချိန်တွင် ရှောက်ရွှမ်က နီးကပ်လာတဲ့စစ်ပွဲအကြောင်း သိရအောင်အတွက် စကားစလိုက်သည်။
ဒီလိုစကားနားမထောင်သောကလေးများဟာ ပြဿနာအများကြီးဖြစ်ပွားစေနိုင်သည့်အတွက် အထင်မသေးသင့်ပါ ။ သူတို့သိတာတွေက လူကြီးများသိတာထက် အများကြီးလျှော့မနေပေ ။ ချန်ကျားနဲ့အခြားကလေးတွေက ရင်းနှီးသောဆက်သွယ်မှုရှိကြသည် ။
“ အာဇာနည်မျိုးနွယ်စုကလွဲရင် ကျန်းမျိုးနွယ်စုကလည်း လာနိုင်တယ်။ အဲဒီမျိုးနွယ်စုက အရမ်းအန္တရာယ်များတဲ့မျိုးနွယ်စုပဲ “
ချန်ကျားကပြောလေသည်။
“ ကျန်းမျိုးနွယ်စု “
“ ဟုတ်တယ်။ ငါ့ သူငယ်ချင်းတစ်ယောက်ကအဲဒါကိုကြားခဲ့တာ ကျန်းမျိုးနွယ်စုက ဗဟို ဒေသအနီးမှာရှိတာ ဆိုတော့ ဒီကိုလာခဲပါတယ် ၊ သူတို့ဒီကိုလာဖို့ မလာဖို့ကမသေချာပါဘူး “
နားထောင်နေရင်း ရှောက်ရွှမ်က သူကိုင်တွယ်ရမယ့် သူ့လက်ထဲကပြဿနာမှာ အခြေအနေပြောင်းလဲသွားသည် ။ သူ့ကိုယ်သူပြန်ပြီးတွေးကြည့်လိုက်လျှင် ရေလကျောက်အတွက် ဒီကိုလာကြမယ့်သူတွေ အတော်လေးများနိုင်ပြီး အားလုံးက ခက်ခဲတဲ့ရန်သူတွေ ဖြစ်သည် ဟု တွေးမိသည် ။ ဗဟိုဒေသက တစ်ယောက်ယောက်ပင်ပါဝင်၍ လာနိုင်လေသည် ။
ကူမျိုးနွယ်စုကလူတွေ အရင်ထက်ပိုပြီး သတိထား
နေကြသည်မှာ အံ့သြစရာမရှိပေ ။ မီးတောက်ဦးချိုမျိုးနွယ်စုက လူများကလည်း ပိုပြီး သတိထားဖို့ လိုအပ်လေသည် ။
ညနေပိုင်းမှာတော့ ခဲ့ခဲနဲ့ ထွော် အပါအဝင် ရှောက်ရွှမ်တို့ စစ်သည်တော်ရှစ်ယောက်က အခန်းတစ်ခန်းထဲမှာရှိနေကြသည်။ သူတို့ကအချင်းချင်းလည်းသိကြသည်။
ကူမျိုးနွယ်စုပတ်ပတ်လည်တွင် မီးများရှိမနေတော့ဘဲ မီးတောက်ဦးချိုမျိုးနွယ်စုကလည်း စောစောအနားယူလိုက်ကြသည် ။ပတ်ပတ်လည်တွင် မီးအလင်းရောင်မရှိလေရာ လရောင်တစ်ခုတည်းသာတောက်ပ၍နေသည် ။
ညသန်းခေါင်မှာ ခဲ့ခဲ့က သူ့ကိုယ်သူဖြေလျော့ဖို့ လိုသည့်အတွက် နိုးလာခဲ့ပြီး အိပ်ရာထကာ အပြင်က မြူထူထူထဲသို့ အပေါ့သွားရန်ထွက်သွားလေသည် ။
ခဲ့ခဲ့ထွက်သွားပြီး မကြာမီဘဲ ထင်မှတ်မထားသော အချက်ပေးသံမြည်လာလေသည် ။
ရှောက်ရွှမ်က သူ့မျက်လုံးကိုချက်ချင်းဖွင့်ကာ ဒီပြဿနာ ဖြစ်သံ ကြားရတဲ့ အရပ်ကို အတည်ပြုနေလိုက်သည်။ သားရေဝီစီ ထုတ်လိုက်ပြီး ညမှာထွက်တဲ့အင်းဆက်တွေရဲ့အသံမျိုးကဲ့သို့ ကျစ်ကျစ်ကျာကျာအသံကို ပြုလုပ်လိုက်သည် ။
သူတို့နေတဲ့နေရာကနေ တောအုပ်ထဲကို မှိုင်တွေစွာလိုက်လာပြီး ခဲ့ခဲ့ကာ ခဏလောက်ရပ်လိုက်သည် ။ သမ်းဝေပြီးတဲ့နောက် သူကရှေ့ကို ဆက်သွားသည်။ သူ့ရဲ့လက်ကို ခါးမှာချိတ်ထားတဲ့သူရဲ့ဓားလက်ကိုင်ပေါ်ကို တင်လိုက်သည် ။
ဒါဟာ အမဲလိုက်ခြင်းအလေ့အကျင့်ဖြစ်သည်။ အပြင်ဘက်မှာဆိုရင် သူဘယ်နေရာမှာပဲနေနေ သူဘာပဲလုပ်လုပ် လက်မှာဓားကိုအမြဲကိုင်ထား
တတ်သည် ။
ထူးဆန်တဲ့မျိုးနွယ်စုဆီသို့ ပထမဆုံးအကြိမ်ရောက်ခြင်းဖြစ်လေရာ သူကကြိုတင်သတိထား ထားဖို့လိုသည် ။
အားလုံးက ပထမနေ့မှာဝတ်စားထားကြပြီနောက် နောက်ရက်တွေမှာ အလုပ်လုပ်ရန်လွယ်ကူစေမည့် ပုံမှန်အဝတ်အစားများကို ပြန်ပြီး လဲလိုက်ကြသည် ။
ထိုအချိန်မှာ မီးတောက်ဦးချိုမျိုးနွယ်စုက လူအများစုက သားရေများဖြင့်ပြုလုပ်ထားသော လက်ပြတ်အင်္ကျီများကိုဝတ်ဆင်ထားကြသည် ။
ခဲ့ခဲ့ရဲ့သန်မာသောလက်များမှာ ထုတ်ဖော်ပြသနေပြီး သွေးကြောများထင်းထားနေကာ လက်မောင်းကြွက်သားများကလည်းကျောက်တုံးကျောက်စိုင်များကဲ့သို့ မာခဲ၍နေသည် ။
သူတို့၏ကျန်းမာ ကြံ့ခိုင်သည်ပုံစံက ကူမျိုးနွယ်စုကလူများ၏ ပထမဆုံးအမြင်တွင် မာကျောသောနံရံကြီးနှင့်တူနေလေသည် ။
ခဲ့ခဲ့ကတောနက်ထဲသို့ တစ်လှမ်းချင်းလမ်းလျှောက်သွားသည်။ သူလမ်းလျှောက်နေချိန်မှာ သူက သူ့ခန္ဓာကိုယ်ပေါ်ကတော့ မျိုးနွယ်စုနတ်စွမ်းအင်ကို အမြင့်ဆုံးအထိ နှိုးဆော်ယူထားလိုက်သည် ။ သူ့နားကအရှိန်အဟုန်များက တဖြည်းဖြည်းမြင့်တက်လာသည် ။ မီးထောက်ပုံစံအမှတ်အသားများကလည်း သူ၏ဖော်ထားသောလက်မောင်းပေါ်မှာ ရှင်းရှင်းလင်းလင်းပေါ်လာလေသည် ။
သူက မြေပြင်ပေါ်ကို ဆောင့်နင်းလိုက်လျှင် မြက်ပင်များက လွင့်ထွက်လာသည် ။ သူ၏ပုံစံမှာ ကျည်ဆံတစ်ခု ပစ်လိုက်ခြင်းနဲ့ တူ ပြီး ပန်းတိုင်တစ်ခုတည်းသို့အရှိန်အဟုန်ဖြင့်သွားနေသည် ။
ငါ့ကိုတွေ့သွားပြီလား။
ပုန်းသည့်နေရာမှာတော်သည့် ခြုံထဲကလူက သူ့ကို ဘာကြောင့်ဒီလိုမြန်မြန်ဆန်ဆန် ရှာတွေ့သွားလဲကိုနားမလည်ပေ ။
ကူမျိုးနွယ်စုကလူတွေက ဘယ်တုန်းကဒီလောက်တော်သွားကြတာလဲ ။
ချုံပုတ်ထဲမှာပုန်းနေတဲ့သူမှာ အိပ်ချင်နေပုံရသည့်ထိုလူက သူ့ကိုမြန်မြန်ဆန်ဆန် ရှာတွေ့သွားပြီး ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု လည်း ဘယ်တုန်းကမှ ထင်မထားပေ။ ထိုသို့အမြန်နှုန်းနဲ့လာနေလေရာ သူ့မှာ ဘာမှတုံ့ပြန်လိုက်ဖို့ပင်အချိန်မရှိပေ။
အမှန်ဆိုလျှင် ကူမျိုးနွယ်စုကလူများ တိုက်ခိုက်သည့်ပုံစံမှာ ဤကဲ့သို့ဖြစ်သည်။ သူတို့ကချက်ချင်းဆိုသလို ခုန်အုပ်လိုက်ပြီးသားကောင်ကို မလွတ်တမ်းဖမ်းချုပ်ထားမည်ဖြစ်သည် ။
ချုံပုတ်ထဲကလူက အလျင်အမြန်ရှောင်ရှားလိုက်သည်။ မီတာအတော်များများ နောက်ကိုပြန်ဆုတ်လိုက် ကာ သူ့ရဲ့လှုပ်ရှားမှုတွေကခဲ့ခဲလောက်မပြင်းထန်သော်လည်း အလွန်လျင်မြန်ကာ သူ၏ခန္ဓာကိုယ်မှာဘယ်မှညာသို့ချက်ချင်းပြောင်းသွားသည် ။ တစ်နေရာမှ တစ်နေရာကို အမြန်ဆုံးနှုန်းဖြင့်သွားနေလေရာ ညအခါမှာတွေ့ရတဲ့သရဲနှင့် တူနေလေသည် ။
ပထမ ထင်ထားတာက ပထမဆုံးတိုက်ခိုက်မှုကို ရှောင်ပြီးလျှင် ဒီလို အပြင်းအထန်နောက်ကလိုက်တာကို ရုန်းထွက်နိုင်မည်ဟု ထင်ခဲ့သည် ။ သို့ပင်မယ့် မကြာမီဘဲ ၎င်းကအလုပ်မဖြစ်သည်ကို သူသိရှိလိုက်ရသည် ။
နောက်ကနံရံကြီးနဲ့တူတဲ့သူက လမ်းတစ်လျှောက် ထပ်ကြပ်မကွာလိုက်နေသည်။ အမြန်နှုန်းကလည်း သူ့ထက်မမြန်ပေမယ့် သူ့ထက်လည်း မနှေးပေ။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊
သူ ရှောင်ရှားနေရင်း သူ့နှလုံးကို ကြောက်ရွံခြင်းက တစစီဆွဲဖြဲနေသည် ။
ကူမျိုးနွယ်စုနဲ့ပတ်သက်ရင် သူတို့ပထမဆုံး ဝုန်းဒိုင်းတိုက်ခိုက်မှုကို ရှောင်နိုင်နေသရွေ့ သူတို့နောက်ကလိုက်တာကို ထွက်ပြေးနိုင်တယ်လို့ ပြောကြတယ် မဟုတ်ဘူးလား
ဒါဖြင့် အခုက ဘာကြီးလဲ?
နှစ်ယောက်က တဖြေးဖြေး အနားကပ်လာလေပြီး ညလေက သွေးဆာမှုများနဲ့ ရောနှောကာ ဓားများကဲ့သို့ ထိုးဖောက်နေသည် ။
ထိုလူက သူ့ကိုလေပြင်းလာရိုက်သည်ကိုသာ ခံစားလိုက်ရပြီး သူ၏အနံ့ခံ ကောင်းသော နှာခေါင်းက လူ
သွေးများလိုမဟုတ်ဘဲ သားရဲတစ်ကောင်၏သွေးများကဲ့သို့ အန္တရာယ်ရှိသောအနံ့ကိုရနေသည် ။
သူ့မျက်လုံးများပြာဝေသွားကာ သူတစ်ကိုယ်လုံးနဲ့သူခြေထောက်မှာတောင့်ခဲသွားပြီး သူလှုပ်ရှားမှုများ ခဏမျှရပ်တန့်သွားသည် ။ သူက သူ့နှလုံးခုန်သံများ ဗုံတစ်လုံးကဲ့သို့ ကျယ်နေသည်ကိုသာကြားလိုက်ရသည်။
သစ်တောထဲကတစ်နေရာမှာ သစ်ပင်များကလဲကျသွားပြီး လရောင်ကျလာလေရာ ခဲ့ခဲ့၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင် လိုက်ရသည်။ သူ့မျက်နှာကိုမြင်ရတဲ့အခါ ထိုလူ၏မျက်လုံးများကျဉ်းမြောင်းသွားသည် ။
မဖြစ်နိုင်ဘူး ၊
သူက ကူမျိုးနွယ်စုက မျိုးနွယ်စုဝင်မဟုတ်ဘူးဆို
ရင် သူကဘယ်သူကြီးလဲ ၊
သူသတိမေ့မသွားခင် သူ့ဆီကိုလာနေတဲ့ ဓားသွားကိုသာမြင်လိုက်ရပြီး မီးတောက်ပုံစံ အမှတ်အသားများကို လရောင်ဖြင့် မြင်လိုက်ရသည် ။