အားနည်းတယ်
Vol. 16 Ch. 231
ခဲ့ခဲ့က သူ့ကိုယ်သူ ဖြေလျှော့လိုက်ကာ သွေးထွက်နေတဲ့သူကို လက်ထဲမှာသယ်လာရင်း သမ်းဝေနေသည် ။ သူကတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ သူ့ကိုစိုက်ကြည့်နေကြတဲ့မျက်လုံးများစွာကို တွေ့လိုက်ရသည်။ မျက်လုံးများဟာ အပြင်ကလာတဲ့လရောင်ကြောင့်အလင်းပြန်နေခြင်းဖြစ်ပြီး တောက်ပနေကာ ခဲ့ခဲ့ကို ကြောက်ရွံသွားစေသည် ။ သူလုံးဝမအိပ်ချင်တော့ပေ။
“ ဘာဖြစ်လို့လဲ “
ခဲ့ခဲ့က စိုးရိမ်စွာမေးလိုက်သည် ။ အခန်းထဲမှာ မီးတိုင်ထွန်းမထားသော်လည်း လရောင်ကြောင့် အားလုံးက ခဲ့ခဲ့လက်ထဲမှာကိုင်ထားတာကိုမြင်နိုင်ပြီး သွေးနံ့ပြင်းပြင်းကိုလည်း ရလေသည် ။
ရှောက်ရွှမ်ရဲ့လေချွန်သံမှာ အိပ်မောကျနေသူအားလုံးကို နိုးသွားစေလိုက်သည်။ သူတို့အားလုံး အိပ်ရာတပြိုင်တည်းထကာ တံခါးနားကို အသံတိတ် ကပ်လာကြသည်။ သူတို့က တော့ တခုခု ကံမကောင်းတာဖြစ်လာလျှင် သူ့ကိုအပြင်ထွက်ပြီးကူညီကြဖို့တွေးထားသည် ။ သို့ပေမယ့် သူတို့က ခဲ့ခဲ့ရဲ့ အကူအညီတောင်းတဲ့ အချက်ပေးအသံကို မကြားရပေ။ အခြေနေကိုကောင်းကောင်းကိုင်တွယ်ပြီး ဖြစ်ပုံရသည် ။
“ မင်းလက်ထဲကဘာကြီးလဲ “
ထွော်ကမေးလိုက်သည်။ သူတို့က အ ခြားမျိုးနွယ်စုနှင့်တွေ့ဆုံရန်ခဲယဉ်းသည့်အတွက် ကူမျိုးနွယ်စုကကင်းလှည့်တဲ့သူကို သူတိုက်ခိုက်မိလိုက်မည်မှာကို စိုးရိမ်ကြသည်။ သူတို့က လုပ်ဖော်ကိုင်ဖက်များအဖြစ် ဆိုထားကြရာ ဒီအချိန်မှာ သူကခဲ့ခဲ့ကြောင့် ဘာပြဿနာမှ တက်သည်ကို မမြင်လိုပေ။
“ အိုး..ဒါလား ၊ သူဘယ်သူလဲငါမသိဘူး “
ခဲ့ခဲ့က သူ့ခေါင်းကိုကုတ်ကာ သူ့လက်ကို အကြောလျော့လိုက်ပြီးထိုလူကို အောက်သို့ချလိုက်သည်။ သူ သူတို့ကိုဘယ်လိုရှင်းပြရမလဲမသိပေ ။ သူ သူ့ကိုသတ်ပစ်လိုက်တုန်းက တခုခုမှားနေသည် ဟုမခံစားရပေမယ့် ယခု သူသက်တောင့်သက်တာမဖြစ်တော့ပေ ။
အဲဒီအချိန်တုန်းက သူကအသက်အန္တရာယ်ရှိသည်ဟု ခံစားရသ၍ ဘာပဲဖြစ်ဖြစ်သတ်ပစ်တတ်သည့် အကျင့်ကပေါ်လာခဲ့လေသည် ။ သူက မြက်ထဲမှာပုန်းနေတာ ဒါသားရဲလား၊ လူလားပင် သူကခွဲခြားတွေးတောမနေခဲ့ပေ ။ သူက ထိုလူကို အဆင့်မြင့်သားရဲများ သတ်သည့်နည်းလမ်းအတိုင်း သတ်ခဲ့ခြင်းဖြစ်သည်။ သူ သူ့ကိုသတ် ပြီးသည့်နောက်မှ တစ်ခုခုကမတူသည်ကို သတိထားလိုက်မိသည်။
ခဲ့ခဲ့ပြန်မဖြေခင် ရှောက်ရွှမ်က ထိုလူသေအလောင်းနားကို ကပ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ထို
လူက ဓားသွားနဲ့ခန္ဓာကိုယ်ကိုတစ်ဝက်ပိုင်းလုနီးပါး အလှီးခံထားရပြီး သွေးများဟာလည်းသစ်တောထဲမှာနေ ဒီနေရာအထိ တစက်စက် ကျနေလေသည် ။
“ ကူမျိုးနွယ်စုကလူတော့ မဟုတ်ဘူး “
ရှောက်ရွှမ်က ထိုလူရဲ့မျက်နှာကိုကြည့်ပြီးပြောသည် ။
“ ကူမျိုးနွယ်စုကလူ မဟုတ်ဘူးလား ၊ ဒါက ဘယ်သူလဲ ၊ သူက ငါတို့မျိုးနွယ်စုဝင်လည်းမဟုတ်ဘူးလေ “
ထွော်ကအနားကိုကပ်လာပြီး မြေပေါ်မှာလဲနေတဲ့ လူသေအလောင်းကို ရှာဖွေကြည့်လိုက်သည်။ သူ့ကိုယ်ပေါ်မှာတော့ သွေးများနှင့်မြက်ပင်များသာရှိသည်။ သူဘာကိုမှ ရှာမတွေ့ပါပေ ။
“ မနက်ဖြန်ကျရင် အကြီးအကဲနဲ့နတ်ဆေးဆရာကို တစ်ချက်လောက်ကြည့်ခိုင်းရအောင် ၊ ဒါမှမဟုတ် ဗုံ
မျိုးနွယ်စုကလူတွေကို တချက်လောက် ကြည့်ခိုင်းရအောင် ၊ သူတို့က ဒီကမျိုးနွယ်စုတွေနဲ့ပိုပြီးရင်းနှီးမှာဆိုတော့ သူတို့ သူ့ကိုသိရင်သိနိုင်တယ် “
ရှောက်ရွှမ်က ပြောလေသည် ။
ခဲ့ခဲ့ကသဘောတူပြီး သစ်သားအိပ်ရာပေါ်ပြန်တက်လိုက်ကာ သူ့လက်များကို သူခေါင်းနောက်ပို့လိုက်ပြီး မှောင်နေတဲ့အမိုးကို စိုက်ကြည့်နေလိုက်သည် ။
ရှောက်ရွှမ်က ဒါကိုမြင်တဲ့အခါ သူပထမဆုံး လူသတ်ရတုန်းက သူ့ကိုယ်သူ သက်တောင့်သက်သာမခံစားရသည်ကို သူတွေးမိသွားပြီး ခဲ့ခဲ့ကိုမေးလိုက်သည်။
“ ခဲ့ခဲ့..အဆင်ပြေရဲ့လား “
သူတို့အနားကလူများက ဒီစကားလုံးကိုကြားရသည့်အခါ မအိပ်ချင်တော့ပဲ သူတို့ကခဲ့ခဲ့၏အဖြေကို ကြားလိုလာသည် ။
ခဲ့ခဲ့က ခဏမျှအသံတိတ်နေပြီး ထူးထူးဆန်းဆန်း ပြောသည် ။
“ မဟုတ်ပါဘူး “
“ ဘာကလဲ “
တစ်ယောက်ယောက်ကမထိန်းနိုင်ဘဲ မေးလိုက်မိသည်။ ပြောရလျှင်သူတို့အားလုံး လူတစ်ယောက်ကိုမသတ်ဖူးကြပေ။ ရှေ့လာမယ့်တိုက်ပွဲအကြောင်းကို တွေးမိရင် အခုလေးတင် လူသတ်လိုက်တဲ့ ခဲ့ခဲ့ဆီကနေ သူတို့သိချင်တာတွေများသည် ။ အတွေ့အကြုံဆိုတာ စစ်သည်တော်တွေအတွက် အမြဲတမ်းတန်ဖိုးရှိသည် ။
“ အဲဒါက.. “
ခဲ့ခဲ့က တစ်ခုခုကိုပြောမလိုနဲ့ ရပ်လိုက်သည်။
“ ဘာများလဲ “
“ ငါတွေးနေတာက ဒီလူကဘာလို့ဒီလောက်အားနည်းရတာလဲလို့ပါ။ ငါသူ့ကို ခုတ်လိုက်တော့ သူကတန်းသေသွားတာပဲ ၊အားနည်းလိုက်တာ ၊စိတ်ဝင်စားစရာမကောင်းဘူး “
ခဲ့ခဲ့က ပြောလေသည် ။
သူက သူတစ်ချက်တည်းနဲ့ သတ်လိုက်တဲ့သူကို အထင်သေး၍ နေသည်။ အကယ်၍ ထိုလူကသာ သူပြောတာကို ကြားနိုင်လျှင်ဒေါသထွက်သွားလိမ့်မည်။
ကူမျိုးနွယ်စုက ရေလကျောက်ပွဲတော် မစခင် ရက်အနည်းငယ်အလိုတွင် ကျူးကျော်သူများက ဒီနေရာကိုတစ်ဦးတစ်ယောက်ကိုစေလွှတ်ကာ သတင်းအချက်အလက်များစုံစမ်းစေသည် ။ သူတို့လွှတ်လိုက်တဲ့သူတွေက ကျိန်းသေပေါက် အားမနည်းပါပေ ။အနည်းဆုံးတော့ထိုလူများက ကူမျိုးနွယ်စု၏ကင်းလှည့်အဖွဲ့များကိုရှောင်ရှားနိုင်သည်ဟု
သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိကြသည်။ သို့ပေမဲ့ သူက ရှောက်ရွှမ်တောထဲမှာထောင်ခဲ့တဲ့ ထောင်ခြောက် ကိုလည်း ထိမိသွားသည် ။
တစ်ချိန်တည်းမှာပဲ အဆင့်မြင့်အဖွဲ့က အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ခဲ့ခဲ့ကလည်း နှောင့်နှေးခြင်းမရှိဘဲ သူဆုံသမျှပြိုင်ဖက်တိုင်းကို အပြီး သတ်နိုင်သူဖြစ်သည် ။ထို့ကြောင့် ထိုလူက ချက်ချင်းသေဆုံးသွားခြင်းဖြစ်သည် ။
ခဏလောက်စကားပြောပြီးကြတဲ့နောက် စစ်သည်တော်များဟာအလွန်ပင်ပန်းသည့်အတွက် အိပ်မောကျသွားကြသည်။ ကိုယ်တစ်ပိုင်းပြတ်နေတဲ့သူကိုတော့ တံခါးအပြင်ဘက်မှာပစ်ထားလိုက်သည်။
နောက်တစ်နေ့ ကူမျိုးနွယ်စုကလူတွေ ဒီကိုလာကြသောအခါ ထိုမြင်ကွင်းကိုမြင်ပြီး အံ့အားသင့်သွားကြသည်။ သူတို့က မီးတောက်ဦးချိုမျိုးနွယ်စုအတွင်းမှာ အချင်းချင်း ပြဿနာတက်သည်ဟုသာ
ထင်ကြသည် ။ ရှောက်ရွှမ် ပြောတာကိုနားထောင်ပြီးတဲ့နောက်မှသာ သူတို့က အလေးအနက်ဖြစ်သွားသည် ။
သူ၏ အချက်အလက်ကိုအတည်ပြုဖို့ သူတို့က ဒီအလောင်းကြီးကို ကူမျိုးနွယ်စုက အကြီးအကဲဆီ ရှောက်ရွှမ်နဲ့ ခဲ့ခဲ့တို့နဲ့ အတူတူယူသွားသည် ။ အော့လည်းအသံကို ကြားသောအခါ ထိုနေရာကိုရောက်လာခဲ့သည် ။
ခဲ့ခဲ့ သတ်ထားတဲ့ထိုလူကိုကြည့်ကာ ဖန်းမုက ခေါင်းခါပြီးပြောသည်။
“ ဒီလူဘယ်မျိုးနွယ်စုက လာတာလဲငါမသိဘူး “
သူတို့ကပုမျိုးနွယ်စုကလွဲရင် အခြားနေရာများခရီးသွားလေ့မရှိပေ။ ထို့ကြောင့် သူတို့က သူတို့နဲ့နီးစပ်သည့် မျိုးနွယ်စုတော်တော်များများ နဲ့ သူတို့ကိုလာတိုက်ခိုက်တဲ့သူများကိုသာသိသည် ။ ကျန်တဲ့သူ
တွေကိုတော့ သူတို့လည်းမသိပါပေ ။
“ အာဇာနည်မျိုးနွယ်စုရဲ့အကူက လွှတ်လိုက်တဲ့သူများလား “
ဖန်းမု ဘေးကလူကပြောသည် ။
“ ဒီလူက အစွန်ဘက်ကကင်းလှည့်အစောင့်တွေကို ရှောင်လာခဲ့တာပဲ “
သူက ကင်းလှည့်အစောင့်တွေကို ရှောင်နိုင်ခဲ့ပေမယ့် ခဲ့ခဲ့ အလွယ်လေး သတ်တာကိုခံလိုက်ရသည် ။ ဖန်းမုနဲ့နတ်ဆေးဆရာတို့က အချင်းချင်းတိတ်ဆိတ်စွာကြည့်နေကြပြီး ထက်ပိုင်းပြတ်နေ သောလူသေကို ကြည့်ပြီး မီးတောက်ဦးချိုများမျိုးနွယ်စုက စစ်သည်တော်တွေရဲ့ခွန်အားအကြောင်းကို သိရှိသွားသည် ။
ဖန်းမုနဲ့အခြားသူများက မနေ့ညက ဘာဖြစ်သလဲဆို
သည့်အကြောင်းကို ပိုပြီးမေးချင်ကြသည်။ ဥပမာအနေနဲ့ ဒီလူက သူ့နတ်အမှတ်အသားတွေ ပေါ်လာသေးလား ဆိုတာကို သိချင်ကြသည် ။ သို့ပေမယ့် ခဲ့ခဲ့အဖြေများက ဘာမှအကူအညီမရပါပေ ။
“ အရမ်းအိပ်ချင်တယ် “
“ ဂရုမစိုက်မိဘူး “
“ မေ့သွားပြီ “
ကူမျိုးနွယ်စုကအကောင်းဆုံး အငယ်တန်းစစ်သည်တော့တစ်ယောက်အနေနဲ့ ချင်းယီက ခေါင်းကိုကုတ်ကာ မနေ့ညကဘာဖြစ်ခဲ့သလဲကိုပြန်ပြီးညစဉ်းစားနေသည့် ခဲ့ခဲ့ကို ကြည့်နေလိုက်သည်။
ခဲ့ခဲ့၏ခြေရာလက်ဟန်တို့က မနေ့ညကအခြေအနေကို ပြောပြနေပြီး သူ၏မျက်နှာမှာတော့ ရက်စက်သည့်ပုံစံမရှိဘဲ နည်းနည်းခပ်တုံးတုံးအအပုံ ပေါက်နေသည်။ သူ့အသွင်အပြင်ကို ကြည့်ပြောရရင် မီး
တောက်ဦးချိုမျိုးနွယ်စုကလူတွေ ထိုထူးထူးဆန်းဆန်းအဝတ်များကိုချွတ်ထားလျှင် သူတို့က အခြားမျိုးနွယ်စုတွေအကြားမှာ ကူမျိုးနွယ်စုထက်ပိုပြီး နာမည်ကြီးလာနိုင်သည် ။
ဒါက သူတို့၏အသွင်ပြင်ပေါ်မှာမူတည်ပြီး ကူမျိုးနွယ်စုကလူအများစုမှာ ရက်စက်သည့်ပုံပေါက်ကြသည် ။
သို့သော်လည်း အခြားသူများနဲ့ အလဲအလှယ်လုပ်သည့်အဖွဲ့ကိုဦးဆောင်ရသည့် လူတစ်ယောက်အနေနဲ့ ချင်းယီက အခြားသူများနှင့်ဆက်ဆံရသည့်အချိန်တိုင်းတွင် သူ့မှာအလိုလိုသိစိတ်တစ်ခုရှိသည်။ သားရဲကိုတစ်ကြိမ်တည်းသတ်ပစ်နိုင်သည့် ခွန်အားကြီးသူတစ်ယောက်ဖြစ်သည့်အတွက် ခဲ့ခဲ့ကအန္တရာယ်များသည်ဟု သူခံစားမိသည် ။
ဖန်းမုကအကြာကြီးမေးနေပေမဲ့ အသုံးဝင်တဲ့အချက်အလက်ကိုမရသေးပါပေ ။ ထို့ကြောင့် သူ
ကလက်လျှော့ပြီး အော့ကိုပြောလိုက်သည်။
“ ကြည့်ရတာ ငါတို့အစီအစဉ်ကို မြန်နိုင်သမျှမြန်မြန် လုပ်ဖို့လိုအပ်နေပုံပဲ “
“ ဟုတ်တယ် “
အော့ကလည်းခေါင်းငြိမ့်သည် ။
ကူမျိုးနွယ်စုက လူများနဲ့ မီးတောက်ဦးချိုမျိုးနွယ်စုကလူများဟာ သူတို့၏အစီအစဉ်ကို ဆွေးနွေးနေကြချိန်တွင် ကူမျိုးနွယ်စု၏ နယ်နမိတ် မနီးမဝေးတွင် အာဇာနည်မျိုးနွယ်စုမှ မျိုးနွယ်စုဝင်များစွာရာနဲ့ချီနေကြသော တောင်တစ်တောင်ရှိလေသည် ။
ခေါင်းဆောင်နေသောပုဂ္ဂိုလ်မှာ အနက်ရောင်သား ရေဝတ်ရုံကိုဝတ်ထားပြီး သွယ်လျကာ အရပ်ရှည်လေသည် ။ သူ့မျက်နှာမှာတော့ နဖူးကနေမေးရိုးအထိ ရှည်လျားသောအမာရွတ်တစ်ခုရှိသည် ။
ထပ်ပြောရလျှင် သူ့မျက်လုံးများဟာ မြွေဟောက်ကဲ့သို့ရက်စက်လှသည် ။
ခေါင်းဆောင်ပြောသူမှာ ကျီဖြစ်ပြီး ကူမျိုးနွယ်စုက ရေလကျောက်တွေကိုလုဖို့ အာဇာနည်မျိုးနွယ်စုက တိုက်ခိုက်ရာမှာ ဦးဆောင်ရမည့်သူဖြစ်သည် ။
ပထမဆုံးလူက အချောသတ်ထားတဲ့တိရစ္ဆာန်အရိုးနဲ့လုပ်ထားတဲ့ မီတာဝက်လောက်ရှိသည့် ဓားကိုကိုင်ထားကာ ဗုံမျိုးနွယ်စုကိုကြည့်နေသည် ။
ခဏကြာ ပြီးသည့်နောက် သူတစ်ခုခုကိုကြားလိုက်ကာ ပြန်ကြည့်လိုက်ပြီး သူ့မေးကိုမော့လိုက်သည်။
“ မင်းရောက်လာပြီပဲ ၊ လက်လျှော့လိုက်ပြီးလို့တောင်ထင်တာ
မထင်ထားပဲမင်းကဒီကိုရောက်လာတာပဲ “
လူငါးရာနီးပါးများရောက်လာသည် ။ ဒီလူများဟာ သာမန်ပုံစံပေါက်ပြီး ကူမျိုးနွယ်စုက လူများကဲ့သို့ သန်မာရက်စက်သည့်ပုံမပေါက်ကြသော်လည်း သူတို့၏ ခြေလှမ်းများက အလွန်ပေါ့ပါးကြသည်။ သူတို့ကတမင်ရည်ရွယ်ပြီး လုပ်နေကြခြင်းမဟုတ်ဘဲ ဒါကပဲသူတို့၏အကျင့်ဖြစ်သည် ။ သူတို့ကကလေးဘဝထဲက ဒီလိုလုပ်လေ့ရှိခြင်းဖြစ်သည်။
မျိုးနွယ်စုစစ်သည်တော်တိုင်းမှာ ရဲတင်း၊ ဓားမြှောင်ပုံပေါက်ကြသည့် ကျောက်တုံး၊တိရစ္ဆာန်ဦးချိုများနဲ့ပြုလုပ်ထားသော လက်နက်ရှည်များရှိကြသည် ။
“ ငါတို့မှာ ဒီလိုအခွင့်အရေးကောင်းတွေ ရခဲတယ်။ဒီတော့ငါတို့ ကျန်းမျိုးနွယ်စုက အလွတ်ပေးမှာမဟုတ်ဘူး “
ထို လာတဲ့လူတွေကြားထဲက အကြီးအကဲက ရယ်ရယ်မောမောနှင့်စကားပြောနေသည် ။
“ ငါတို့လာတာနောက်ကျရခြင်းရဲ့အကြောင်းကတော့ ငါတို့မနေ့ကကူ မျိုးနွယ်စုကို နှစ်ယောက်လွှတ်လိုက်သေးပေမယ့် ဒီနေ့မနက်ကျတော့ တစ်ယောက်ပဲပြန်လာတယ် “
သူ့အပြုံးကခဏမျှပျောက်သွားသည် ။ ပြီးတော့ သူကရက်စက်သည့်ပုံစံပေါက်သွားသည် ။ သူ့ရဲ့အမူအရာပြောင်းလဲခြင်းမှာအလွန်မြန်လေရာ အလွန်ထူးဆန်းလေသည်။
“ ကျီ “
ဒေါသထွက်သွားသည် ။
သူ့မျက်နှာကအမာရွတ်က ပို၍ပင် ကြောက်စရာကောင်းလာကာ မေးလိုက်သည်။
“ ဘာပြောချင်လို့လဲ “
“ မင်းငါတို့ကိုမပြောပဲ ချန်ထားတယ် ၊ ကူမျိုးနွယ်စုက သူတို့ကိုကူညီမယ့် အခြားလူတွေရှိနေတယ် “
ထိုလူက ဒေါသတကြီးပြောသည် ။
“ အကူအညီ ၊ သောက်ကျိုးနည်း “
ကျီက ကျန်းမျိုးနွယ်စု၏အကြီးအကဲကိုကြည့်ကာ သူနှုတ်ခမ်းရွဲ့သွားပြီး အထင်သေးတဲ့အမြင်နဲ့ပြောလိုက်သည်။
“ အဲဒီတော့ဘာဖြစ်လဲ ၊ မင်းတို့မျိုးနွယ်စု ကြောက်နေတယ်ဆိုရင် ထွက်သွားလို့ရတယ် ၊ ငါတို့အာဇာနည်မျိုးနွယ်စုက ဘယ်တုန်းကမှ အတူတူလာဖို့ မင်းတို့ကိုမခေါ်ဘူး ၊ ငါတို့မင်းတို့ကိုမလိုဘူး “
ကျီ၏အမြင်မှာ ကူမျိုးနွယ်စုက အကူအညီများတွေ့
သွားသော်လည်း အကူအညီပေးမည့်သူတွေကလည်း အားနည်းသည့်မျိုးနွယ်စုကသူများဖြစ်နိုင်သည့်အတွက် သူတို့ကြောက်နေဖို့မလိုပါပေ။
“ မင်းအတွေးလွန်နေပြီ “
အကြီးအကဲက ရယ်ရင်းပြောလိုက်သည်။ ပြောရရင် သူ့မှာလည်းထိုကဲ့သို့အတွေးမျိုးရှိသည်။ သူတို့က ဗဟိုဒေသကသူများ မဟုတ် ကြသည့်အတွက် သူတို့အလွန်ဂရုစိုက် သတိ ကြီးကြီးထားဖို့မလိုပေ။ သူက ကျီ့ထက် နည်းနည်းသာပိုပြီးသတိထားခြင်းဖြစ်သည် ။ သူတို့ ရဲ့လူနှစ်ယောက်ကို လွှတ်လိုက်ပေမယ့် တစ်ယောက်သာပြန်လာပြီး ကျန်တစ်ယောက်ကအချိန်မီပြန်မလာနိုင်ခဲ့ပေ ။ ကြည့်ရတာ သူတစ်ခုခုဖြစ်သွားပုံရသည် ။
“ ငါတို့ဂရုစိုက်ဖို့လိုပြီ။ သတင်းတွေစုံစမ်းဖို့ တစ်ယောက်ယောက်ထပ်လွှတ်ရမယ်။ ငါလွှတ်လိုက်တဲ့သူကတော့ သူတို့မှာကူညီမယ့်သူတွေရှိလာပြီဆိုတာကိုပဲသိခဲ့တယ်။ ဒါပေမဲ့ ကူညီမဲ့သူတွေက ဘယ်
သူလဲဆိုတာသူမသိဘူး။ ကူမျိုးနွယ်စုမှာ အားကောင်းတဲ့ခံစစ်ရှိနေတော့ သူကမျိုးနွယ်စုနေထိုင်ရာနေရာကိုမသွားနိုင်ဘူး “
“ ကောင်းပြီ “
အခြားသူများကဆက်ပြောချင်သော်လည်း ကျီကစိတ်မရှည်ဘဲ သူ့ကိုဝင်ပြီး စကားဖြတ်ပြောကာနှောက်ယှက်လိုက်သည်။
သူကပြောလေသည် ။
“ ဒီမိကျောင်းမွေးတဲ့သူတွေ အကူအညီရတော့ကော ဘယ်သူကဂရုစိုက်မှာလဲ ၊ မင်းတို့က ကြောက်နေကြတာပဲ “
ကျန်းမျိုးနွယ်စုကလူများကလည်း ထိုသို့တွေးနေကြသည် ။
ငါတို့ကမင်းတို့လို လောဘကြီးတယ်လို့ ထင်နေတာလား။ အာဇာနည်မျိုးနွယ်စုက လူ့အသက်ကို တန်ဖိုးမထားတတ်တော့ဘူးလား။ ကျန်းမျိုးနွယ်စုကလူတွေက မင်းတို့လောက်လောဘ ကြီးရုံတင်မဟုတ် ။ သေရမှာကိုလည်းကြောက်သည်။ သူတို့ကသူတို့ရဲ့အသက်တွေကိုပိုပြီးတန်ဖိုးထားသည် ။
ကျီက ကျန်းမျိုးနွယ်စုကလူတွေကို လှောင်ပြောင်သလိုကြည့်လိုက်သည်။နောက် တခြားကျန်တဲ့နေရာများကိုကြည့်လိုက်သည် ။ ဒီတောင်ပေါ်မှာ နဲ့ ပတ်ပတ်လည်ကတောင်တွေပေါ်မှာ သူတို့အချင်းချင်း တိုက်ခိုက်ကြသည့်အခါ ကူမျိုးနွယ်စုထဲကို ခိုးဝင်ဖို့ စောင့်ဆိုင်းနေတဲ့သူအများကြီးရှိပေသည် ။ ကျီကသူတို့ကိုလျစ်လျူရှုလိုက်ပြီး သူလိုချင်တာရပြီဆိုရင် ဒီအားနည်းတဲ့သတ္တဝါများကို သတ်ပစ်လိုက်ဖို့စဉ်းစားထားသည် ။
ကျီက သူ၏သစ်သားဝီစီလေးကိုထုတ်ကာ မှုတ်လိုက်သည် ။
ဝှီး.....
သစ်တောထဲကနေ တစ်ခုခုက သူ့အနောက်ကနေ ပျံထွက်လာသည် ။ သူ့အောက်ကလူတွေကို သူ၏ကြံ့ခိုင်သောကိုယ်ခန္ဓာကြီးကိုပြကာ ကောင်းကင်ပေါ်မှာ ဝဲကာ ပျံသန်းနေသည် ။
“ ငှက်မွေးမျိုးနွယ်စုက လေ့ကျင့်ပေးထားတဲ့စွန်ရဲလား”
ကျန်းမျိုးနွယ်စုအကြီးအကဲက အံ့သြစွာပြောလိုက်သည် ။
ကျီက လက်ကိုမြှောက်လိုက်ပြီး သူပခုံးပေါ်မှာ ပျံလာပြီးနားသည့်စွန်ရဲကို ဝင့်ကြွားနေသည် ။
ဒါက တစ်မီတာလောက် အမြင့်ရှိသည့် စူးရှသည့်
မျက်လုံးများနဲ့ အမဲလိုက်မုဆိုးတစ်ယောက်ဖြစ်ပြီး သူ့အတောင်များကို ဖြန့်ကာခတ်လိုက်လျှင် ပိုကြီးသွားကာ ပိုအစွမ်းထက်သည့်ပုံ ပေါက်သွားသည် ။ ငှက်လက်သည်းများဟာ အားကောင်းလှပြီး ကျီရဲ့သားရေအပေါ်ထပ်ဝတ်ထားတဲ့အောက်က လက်မောင်းသားကို ကုတ်မိသွားသည် ။ သို့ပေမဲ့ ကျီကတော့ ဂရုမစိုက်ပါပေ ။
ဒါက သူ ငှက်မွေးမျိုးနွယ်စုကနေ စျေးကြီးကြီးပေးကာ အလဲအလှယ်လုပ်ခဲ့ရတဲ့ စွန်ရဲ ဖြစ်သည် ။
သူ့ခေါင်းက ယပ်တောင်ပုံ အမွေးများကလွဲရင် အခြားစွန်ရဲများကဲ့သို့ပင် ဖြစ်ပြီး သတင်းအချက်အလက်တွေစုံစမ်းဖို့ အထောက်အကူ ပေးနိုင်သည် ။ သရဖူပုံငှက်မွေးများကြောင့် သရဖူစွန်ရဲ ဟု အမည်တွင်ပြီး ငှက်မွေးမျိုးနွယ်စုက အလဲအလှယ်စျေးကွက်တွင် ရောင်းအားအကောင်းဆုံး ဖြစ်သည် ။