လူသတ်ပွဲကြီး
Vol. 16 Ch. 232
ငှက်မွေးမျိုးနွယ်စုမှာမွေးကြတဲ့ ဒီလိုငှက်အမျိုးအစားတွေက ပုံမှန်ဆိုလျှင် ရှာဖွေပေးဖို့ ၊ အခြားမျိုးနွယ်စုကအချက်အလက်တွေကိုထောက်လှမ်းပေးဖို့ ၊ အစောပိုင်းသတိပေးချက်အနေနဲ့လည်း သုံးတတ်ကြသည် ။ ဒီငှက်တွေနဲ့လဲဖို့ အစားအစာအများကြီးလိုအပ်ပြီး အခွံဒင်္ဂါးပြားများအနေနဲ့ဆိုလျှင် ငှက်တစ်ကောင်အတွက် အခွံဒင်္ဂါးပြားအတွဲလိုက်အများကြီး လိုအပ်လေသည် ။ သရဖူစွန်ရဲကို ဝယ်ဖို့ဆိုလျှင် ပိုပြီးလိုအပ်လေသည်
အလွန်စျေးကြီးကာ အထူးသဖြင့် ဗဟိုဒေသတွင် အလွန်နာမည်ကြီးလေသည် ။ အရင်တခါရှုံးခဲ့သည့်အတွက်ကြောင့် ဒီတကြိမ်တွင် အာဇာနည်မျိုးနွယ်စုများက ပိုပြီးစိတ်ပူလာပြီး သရဖူစွန်ရဲတစ်ကောင်ကိုစျေးကြီးပေးပြီးဝင်လာခဲ့သည် ။
သရဖူစွန်ရဲက အခြေအနေတွေကို ကင်းထောက်လှမ်း
ရာတွင် ပုံမှန်စွန်ရဲများထက် ပိုတော်လေသည် ။ အနီးအနားက တောင်တွေမှာပုန်းနေတဲ့လူများရှိသည့်အကြောင်းကို သရဖူစွန်ရဲကပြောပြခြင်းဖြစ်သည် ။ ပုံမှန်စွန်ရဲများနဲ့ယှဉ်လိုက်လျှင် သရဖူစွန်ရဲကပိုပြီး တော့ ကြောက်မက်ဖွယ်ကောင်းလေသည် ။ တောင်ပေါ်ကငှက်တော်တော်များများ ထွက်ပြေးရပေမည်။ သူတို့ထွက်မပြေးပါက သူတို၎င်းနဲ့ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ဖြစ်နေမည်မဟုတ်ပေ ။
ကျီက သရဖူစွန်ရဲကို သူ့လက်မောင်းပေါ်မှာ ရပ်နေစေပြီး ကျန်းမျိုးနွယ်စုကလူများကို ကြွားနေလေ ပြီး ဖြည်းဖြည်းချင်း ပြောသည် ။
“ ငါတို့ကအဲဒီက လှုပ်ရှားမှုတွေကို ထောက်လှမ်းဖို့ ဒီငှက်အပေါ်မှာအားကိုးထားတယ် “
ကျန်းမျိုးနွယ်စုကလူများက သူတို့၏စိတ်ထဲကနေ ထိုလူ၏ အကြံကို အလွန်သဘောတူကြပြီး ဒီလူဟာ ဦးနှောက်ပျက်သွားပြီး ရူးမသွားသေးပါဘူးဆိုသည့်
အကြောင်းကို တွေးနေကြသည်။ မည်သို့ပင်ဆိုစေ သူကဒီငှက်အတွက် ငှက်မွေးမျိုးနွယ်စုကနေ ပစ္စည်းအများကြီးအလဲအလှယ်လုပ်ပြီး ရလာခဲ့ခြင်းဖြစ်သည် ။ အကယ်၍ ကျန်းမျိုးနွယ်စုက လူသာဆိုလျှင် သူတို့က ဒီလိုငှက်တစ်ကောင်အတွက် အများကြီးပေးလိမ့်မည် မဟုတ်ပေ။
ကျီက စွန်ရဲကိုတစ်ခုခုပြောလိုက်ပြီး သူ့လက်မောင်းကိုမြှောက်လိုက်သည် ။
“ သွားလိုက်တော့ “
သရဖူစွန်ရဲက ပတ်ဝန်းကျင်ကငှက်များ သူ့အတွက်လမ်းရှင်းပေးဖို့ အကျယ်ကြီးအော် မြည်ကာ ပျံတက်သွားသည် ။
ကူမျိုးနွယ်စုဆီကို ပျံသွားသည့် ကောင်းကင်ပေါ်ကအရာကိုကြည့်ကာ ကျီကမထိန်းနိုင်ဘဲ ရယ်လိုက်
မိသည် ။
“ ကူမျိုးနွယ်စုအတွင်းက လှုပ်ရှားမှုတွေအကြောင်းနဲ့အတူ ဒီငှက်ပြန်လာဖို့ သိပ်မကြာတော့ပါဘူး “
ကံဆိုးစွာနဲ့ ထိုစကားများနဲ့ အပြုံးများ သူ့မျက်နှာပေါ်မှာ ပျောက်မသွားခင် ကျီက သရဖူစွန်ရဲက ဗုံမျိုးနွယ်စုပိုင်နက် ဝင်ဝင်ချင်းမှာ သူ့နောက်ကတခုခုလိုက်လာသည့်အလား သူ့အတောင်များ အပြင်းအထန်ခတ်ပြီး နောက်ကိုပြန်ပြီး ပျံလာလေသည် ။
မြေပေါ်မှာ ပြေးနေသည့်သားရဲတိရိစ္ဆာန်သာဆိုလျှင် ဒါကို ကြံရာမရ ကြောက်လန့်ပြေးလာသည်ဟု သတ်မှတ်နိုင်လေသည် ။
သရဖူစွန်ရဲ အလောတကြီး ကောင်းကင်ပေါ်မှာ ပျံပြေးလာသည်ကို မြင်ရသည့်အခါ ကျန်းမျိုးနွယ်စုကလူများက မျက်နှာမှာအေးစက်နေသော အပြုံးနှင့်မတ်တပ်ရပ်နေသည့် ကျီကို အားလုံးကြည့်လိုက်ကြသည် ။ မင်းပြောတဲ့ မကြာဘူး ဆိုတာက ဒါလား ။
ဒီလောက်မြန်မြန်ကြီး ပြန်လာတာမဟုတ်ဘူးလား ။
ဒီမြင်ကွင်းကို မြင်ရတဲ့ဘယ်သူမဆို ဒါက ထောက်လှမ်းသည့်နည်းလမ်းမဟုတ်ဟု တွေးကာ သံသယဝင်ကြလိမ့်မည်ဖြစ်သည် ။
သိသိသာသာပင် တခုခုမှားနေသည် ။
သူ့စိတ်ထဲက ဒေါသကိုထိန်းချုပ်လိုက်ပြီး ကျီက သစ်သားဝီစီလေးကို ထုတ်ကာ မှုတ်လိုက် ပြီး သူ့ကိုယ်သူ သစ်သားဝီစီကိုချိုးမပစ်မိအောင် ထိန်းထားလိုက်သည် ။
ဝီစီသံကို ကြားလိုက်ရပြီး ပျံနေတဲ့သရဖူစွန်ရဲငှက်ကို သူ့အတောင်ပံခတ်တာကို ခေတ္တမျှရပ်လိုက်ပေမဲ့ လုံးဝတော့ ရပ်မသွားပါပေ ။ ထိုအစား သူက သူတို့ခေါင်းပေါ်ကို တည့်တိုးလေဟုန်စီးလာပြီး မျက်စိတ
မှိတ်အတွင်း အဝေးသို့ပျံပြေးသွားလေသည် ။ ကျီဘယ်လောက်ပဲ သစ်သားဝီစီကိုမှုတ်ကာ ခေါ်နေပါစေ စွန်ရဲက ပြန်ထွက်မလာတော့ပါပေ ။
“ ဟား..ဟား..ဟား “
ကျန်းမျိုးနွယ်စုအကြီးအကဲက အကျယ်ကြီးအော်ရယ်လေသည် ။
သူက အာဇာနည်မျိုးနွယ်စု သူတို့ကိုယ်သူတို့ အရူးလုပ်နေသည်ကို မြင်ရတာ အလွန်ပျော်လေသည် ။ အရာအားလုံးသည် ထိုကြောက်တတ်သည့်ငှက်ကြောင့် ပြောင်းလဲသွားလေသည် ။
ဂျွတ်!
ကျီက ဒေါသမထိန်းနိုင်ပဲ သစ်သားဝီစီဘေးကို အပိုင်းပိုင်းချိုးပစ်လိုက်သည် ။
“ ထပ်စုံစမ်းဖို့ မလိုတော့ပါဘူး ၊ နောက်မှပြေးသွားတာပေါ့ “
သူနောက်ဆုံးတကြိမ် ဗုံမျိုးနွယ်စုကို လာတိုက်တုန်းက ခေါ်လာသည့်လူအရေအတွက်ထက် ယခုသူ လူအယောက်နှစ်ရာကျော် ပိုခေါ်လာခဲ့ပြီး အားလုံးက အနည်းဆုံးအလယ်တန်းစစ်သည်တော်များဖြစ်ကာ အကြီးတန်းစစ်သည်တော် နှစ်ယောက်လည်းပါဝင်လေသည် ။
တောင်အောက်မှာ လူနှစ်ထောင်နီးပါးရှိသည့် ကျန်းမျိုးနွယ်စုလည်း ရှိနေသေးသည် ။ နောက်ဆုံးတကြိမ်တုန်းကထက် အလွန်လွယ်ကူမည်မှာ သံသယရှိစရာမလိုပေ ။ သူတို့ ကျိန်းသေပေါက် ရေလကျောက်များကို လုယူသွားနိုင်ပေမည် ။ အမှန်တော့ သူတို့ခေါင်းစားရလောက်သည့် ချိန်းခြောက်မှုမျိုး ကူမျိုးနွယ်စုတွင် မရှိပေ။
မူလ က အာဇာနည်မျိုးနွယ်စုက ကျီဆီသို့
နောက်ထပ်တစ်ထောင်ထပ်ပို့လိုသော်လည်း သူကငြင်းဆန်လိုက်သည် ။ လူအများကြီးပိုပါလာလျှင် သူအရနည်းနိုင်သည် ။ သူက သူလုယူနိုင်သည့် ပမာဏကို သိပြီး သူ့အတွက် ဆုတံဆိပ်များအနေနဲ့လည်း သိမ်းထားလိုသည် ။
သူက ဒီကိုနယ်မြေသိမ်းဖို့လာခြင်း မဟူတ်ပဲ ပစ္စည်းလာလုလေရာ မျိုးနွယ်စု နှစ်ခုတိုက်ပွဲစလျှင် လူအရေအတွက်က ကိစ္စ မရှိတော့ပေ ။
ဘာလို့ ကူမျိုးနွယ်စု တစ်ခုလုံးကို တစ်ခါတည်း ရှင်းမပစ်တာလဲ ၊
မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ကူမျိုးနွယ်စုသာ မရှိတော့ရင် သူတို့အနာဂါတ်မှာ ရေလကျောက်ရဖို့ မဖြစ်နိုင်တော့ပေရာ ထိုအတွေးများကို ကျီက ပြန်ဖိနှိပ်ထားလိုက်သည် ။
ကျန်းမျိုးနွယ်စုအနေနဲ့ သူတို့က ကူမျိုးနွယ်စုအ ခြေအနေကို ထောက်လှမ်းဖို့ လူနှစ်ယောက်လွှတ်လိုက်
သည် ။ ဒီတစ်ကြိမ်တော့ သူတို့က ရှေ့ဆက်မသွားတော့ပဲ လှည့်ပြန်လာပြီး အကူအညီပေးမည့်သူများမှာ မီးတောက်ဦးချိုမျိုးနွယ်စု ဆိုတာသာ သိလာခဲ့ပြီး ဘာမှမသိရတော့ပေ ။
“ တွေ့လား ၊ ငါပြောပါတယ် “
ကျီက မီးတောက်ဦးချို မျိုးနွယ်စုကိုဘယ်တုန်းကမှ မကြားခဲ့ဖူးပေ ။
“ ဒေသတွင်း နာမည်မရှိ မျိုးနွယ်စု အသေးလေးပါ ၊ စိတ်ပူစရာမလိုပါဘူး “
သို့ပေမဲ့ ကျန်းမျိုးနွယ်စုထဲက တချို့ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မီးတောက်ဦးချို မျိုးနွယ်စုဆိုသည်ကို ကြားဖူးသလိုဖြစ်နေသည် ။ သူတို့လည်း ဗဟိုဒေသမှာ ဒီလိုမျိုးနွယ်စုက တကယ်မရှိလေသည့်အတွက် သိပ်အလေးအနက်မထားတော့ပေ ။
ကျန်းမျိုးနွယ်စုက လူများကလည်း ဒီတကြိမ်တော့ စိတ်အေးသွားကြသည် ။
ဗဟိုဒေသက မျိုးနွယ်စုတွေပါမလာသေးသရွေ့ သတင်းကောင်းသာဖြစ်သည် ။
ဒေသတွင်းက မျိုးနွယ်စုအသေးလေးသာဖြစ်သည့်အတွင် သူတို့ကအတော်လေး စိတ်ပေါ့ပါးသွားသလိုခံစားရပြီး ရင်ဆိုင်ဖို့အတွက်လည်း ယုံကြည်ချက် ရှိလာလေသည် ။
ရက်အတော်များများ ကုန်သွားလေသည် ။
နောက်ဆုံးတော့ လပြည့်နေ့ကို ရောက်လာခဲ့လေသည် ။
မီးတောက်ဦးချို မျိုးနွယ်စုကလူများက ပထမဆုံးအကြိမ်အနေနဲ့ ကူမျိုးနွယ်စုက အံ့ဖွယ်ကိုတွေ့ရလေသည် ။ မူလက ရွံ့ထူသောမြစ်ရေများမှာ မြစ်
အောက်ခြေက တောက်ပနေသော ကျောက်တုံးများကြောင့် ကြည်လင်လာသေသည် ။
သို့သော် မီးတောက်ဦးချို မျိုးနွယ်စုက တန်ဖိုးနဲ့ပတ်သက်၍ လုံးဝမသိကြပေ ။ သူတို့က ရေလကျောက်ကို မြင်မြင်ချင်း လန်းဆန်းသွားသည်ဟုခံစားလိုက်ရပေမဲ့ ပြောရလျှင် ထိုအရာက စားလို့မရပါပေ ။
မီးတောက်ဦးချိုမျိုးနွယ်စုကလူများ၏ အမူအရာကို မြင်ရသောအခါ ကူမျိုးနွယ်စုကလူများက နောက်ဆုံးတော့စိတ်သက်သာရာရသွားပြီး ကူမျိုးနွယ်စုကလူတွေက ကြင်နာတတ်တဲ့သူတွေဟု တွေးမိသွားကြသည် ။
အော့က သူကိုယ်တိုင်လူအချို့ကို ခေါ်သွားပြီး ကူမျိုးနွယ်စုရဲ့ပိုင်နက်နေရာတစ်ခုကို စောင့်ကြပ်ပေးနေသည် ။
“ ဒါက ငါတို့အတွက် ဒီနေရာကို ရောက်ကတည်းက ပထမဆုံးတိုက်ပွဲဖြစ်ပြီး မှတ်ကျောက်တင်ရမည့် တိုက်ပွဲလည်းဖြစ်တယ် ၊ ငါတို့ရန်သူတွေက တောင်တန်းတွေပေါ်က အဆင့်မြင့်သားရဲတွေ မဟုတ်တော့ဘူး ၊ ငါတို့လို အခြားမျိုးနွယ်စုက ကျူးကျော်လာသူတွေဖြစ်ကြတယ် ၊ ဒါပေမဲ့ ဒီမှာ ငါပြောချင်တာကတော့ ကျူးကျော်သူတွေက သားရဲတွေမဟုတ်တဲ့ လူသားတွေဖြစ်ပေမဲ့ သားရဲတွေကို အမဲလိုက်တုန်းကလိုပဲ ဒီရန်သူတွေကို အပြင်းအထန် ရင်ဆိုင်တိုက်ခိုက်ကြစေချင်တယ် ၊ ခဲ့ခဲ့လိုမျိုး ဒီကျူးကျော်လာသူတွေကို ငါတို့မီးတောက်ဦးချိုမျိုးနွယ်စု ခွန်အားကို ပြပြီး ငါတို့ မီးတောက်ဦးချိုမျိုးနွယ်စုက သူတိူ့ကို ဘယ်လိုအနိုင်ယူခဲ့တယ်ဆိုတာကို အမှတ်ရနေအောင် လုပ်ကြပါ “
လူပုံအလယ်မှာ အကြီးအကဲရဲ့မြှောက်ပင့်စကားကြောင့် ခဲ့ခဲ့က လေပေါ်မြောက်နေသလိုခံစားရသည် ။
“ ဘာမှ မြောက်နေစရာ အကြောင်း မရှိဘူး ၊ နောက်ကျရင် မင်းထက်ပိုပြီး ငါတို့ပိုအမဲလိုက်ပြ
မယ် “
ထွော်နဲ့ အခြားသူများက သူတို့စိတ်ထဲ တွေးနေကြသည် ။
အော့က ဒီကိုအတူတကွ ရောက်လာကြတဲ့သူအားလုံးကို တချက်ကြည့်ပြီး အလေးအနက်ပြောလိုက်သည် ။
“ ကျူးကျော်တဲ့သူတွေက ငါတို့မျိုးနွယ်စုဝင် မဟုတ်ဘူး၊ကျူးကျော်တဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ကြ “
အားလုံးက သူတို့တောင်ထိပ်ပေါ်မှာ အမဲလိုက်မထွက်ခင်က ရပ်ကြရသည့် အချိန်မျိုးကို ပြန်ရောက်နေသည်ဟု ခံစားရသည် ။
ထို အချိန်မှာ သူတို့က အမဲလိုက်သီချင်းကို သီဆိုနေကြသည်ဟု ခံစားရပေမဲ့ အကြီးအကဲက တားမြစ်
လာသည် ။
သူ့စကားဆုံးသည်နှင့် အော့က သူ့လက်ကို ဝှေ့ယမ်းပြသည် ။
ဒီမှာ စုဝေးနေကြသည့်လူများက ချက်ချင်း ဒီနေရာမှ ဟိုနေရာသို့ ခွဲသွားကြသည် ။ သူတို့က အရင်ဆုံး စီစဥ်မှုများ ပြုလုပ်ကြပြီး အားလုံးက သူတို့ရဲ့အမဲလိုက်အဖွဲ့အလိုက် သူတို့ကိုယ်ပိုင်နယ်မြေများမှာ စောင့်ဆိုင်းနေကြသည် ။
ရှောက်ရွှမ်က ခဲ့ခဲ့ အဖွဲ့ထဲမှာ ပါဝင်သည် ။ ဒီအဖွဲ့က လူများက အဆင့်မြင့်အဖွဲ့ဝင်များဖြစ်ကြပြီး ပိုပြီး ကြမ်းတမ်းတဲ့ အလယ်တန်းနဲ့အကြီးတန်း စစ်သည်တော်များကို အချိန်တခုထိ ကိုင်တွယ်ရင်ဆိုင်ရပေမည် ။
ပထမဆုံးအကြိမ်အနေနဲ့ ထိုကဲ့သို့ အမဲလိုက်ခြင်းမျိုး ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် အများစုက
ပူပင်နေကြပြီး စိတ်လှုပ်ရှားမှုက ပိုလေသည် ။ အချိန်အကြာကြီး စိတ်ကျပြီးရသည့်နောက် နောက်ဆုံးတော့ သူတို့က အမဲလိုက်သွားနိုင်ပေတော့မည် ။
“ ကျား...”
ကောင်းကင်ပေါ်မှာ ချာချာက သတိပေးနေလေသည် ။
မကြာမီ ၊ သိပ်မဝေးတော့သည့် နေရာမှာ ဗုံမျိုးနွယ်စုက အစွန်အဖျားဒေသက ကင်းလှည့်အဖွဲ့ဆီမှာ သူတို့စတင်နေပြီဟူသော အချက်ပေးသံများထွက်ပေါ်လာသည် ။
မလှုပ်ဘဲရပ်နေသည့် အော့က အနီးအနားကလှုပ်ရှားမှုများကိုသေချာ နားထောင်နေပြီး အဝေးမှ အမြန်အနီးကပ်လာသည့် ကြောက်မက်ဖွယ်အသံတချို့ကြားလိုက်ရသည် ။
ဝှစ်...
မြားတစ်စင်းဟာ သစ်တောရဲ့အခြားတဖက်ကနေ အော့ ရပ်နေတဲ့နေရာကို သူ့ခေါင်းကိုသေချာချိန်ပြီး ပစ်လိုက်လေသည် ။
မြားဟာ အထူးပြုလုပ်ထားပြီး သူ့ထိပ်ဖူးကို ကျောက်အကောင်းစားနဲ့ပြုလုပ်ထားလေရာ သစ်ပင်ကိုယ်ထည်ကို အလွယ်လေးဖောက်ထွက်သွားလေသည် ။ လေးသမားကလည်း မြားပစ်တော်လေရာ သစ်တောထဲက နေရာလွတ်များကနေတဆင့် ဘယ်သစ်ကိုင်း၊သစ်ရွက်ကိုမှ ထိခြင်းမရှိဘဲ သစ်တောကို ဖောက်ထွက်၍သွားသည် ။
မည်သို့ပင်ဆိုစေ အော့နဲ့ လက်မောင်းတဝက်စာမျှအကွာတွင် အရှိန်နဲ့လာသည့်မြှားမှာ မြဲနေအောင်ဖမ်းခံလိုက်ရပြီး ပြန်ပစ်ခံလိုက်ရပြီး မြားကလာရာလမ်း
အတိုင်း ပြန်လှည့်သွားလေသဘ် ။ သို့ပေမဲ့ အနည်းငယ်လွဲသွားပြီး မြားက သစ်လုံးတခုကို နောက်ဆုံးမှာ “ ဒုတ် “ ဟု အသံမြည်လာပြီးစိုက်သွားလေသည် ။
မြှားကို ပစ်လိုက်သည့်ကျီက သစ်တောအခြားတဖက်က အော့ကို ကြည့်ပြီး သူ့မျက်ခွံများ လှုပ်သွားကာ ရုတ်တရက်ပိတ်မိသွားသော အားကောင်းသည့်အာရုံတခု ခံစားလိုက်ရသည် ။ သူကိုယ်တိုင်က အကြီးတန်းစစ်သည်တော် တယောက်ဖြစ်သလို ထိုနေရာမှာရပ်နေသည့်သူကလည်း အကြီးတန်းတယောက်ပင် ဖြစ်သည် ။
သိပ်မဝေးတဲ့နေရာမှာ စိုက်နေတဲ့ မြှားကို ကြည့်ပြီး သစ်တောရဲ့အခြားတဖက်ကို သူ့အကြည့်ရွှေ့လိုက်ပြီးပြီးချင်းမှာ အော့က ကျီကို ချက်ချင်း မြင်မိသွားသည် ။
အော့က သူ့လက်ထဲက လှံရှည်ကို ယူလိုက်ပြီး သူ့ကို မြားနဲ့အနီးကပ်ပစ်လိုက်သည့် သူကိုကြည့်လိုက်ပြီး
သူ့ကိုယ်ထဲကနတ်စွမ်းအင်ကို အမြင့်ဆုံးအထိ ထိန်းညှိလိုက်သည် ။ သူ့ကိုယ်လုံးပေါ်မှာ နတ်အမှတ်အသားများပေါ်လာပြီး မီးတောက်ပုံစံ အကြီးတန်းစစ်သည်တော်တစ်ယောက်ရဲ့ နတ်အမှတ်အသားများဟာ သူ့တကိုယ်လုံးကို ဖုံးအုပ်သွားပြီး သူ့လက်ချောင်းများအထိပင် ဆန့်ထွက်နေသည် ။
ပုန်းကွယ်နေသော အားကောင်းသည့် အာရုံတခုက သူ့တကိုယ်လုံးကို ဖြတ်သန်း၍သွားကာ ကျီက သူအရင်ရှိနေတဲ့နေရာကနေ သစ်ပင်ပေါ်က တခါတည်းခုန်ချလိုက်သည် ။
ဒီလို နတ်အမှတ်အသားမျိုးက သူမြင်ဖူးခဲ့တဲ့ ဘယ်မျိုးနွယ်စုကနှင့်မှ မတူပါပေ ။
ဒါ မီးတောက်ဦးချို မျိုးနွယ်စုလား ၊
ကျီက သူ့နှလုံးခုန်နေသည် ။
သူ့လက်မနဲ့ လှံရှည်လက်ကိုင်အရှည်ကြီးကို ပွတ်ဆွဲလိုက်ပြီး သူ့အမဲလိုက်ခရီးမှာ အကြိမ်ရာထောင်ပေါင်းများစွာ လုပ်ခဲ့ဖူးသည့်အတိုင်း သူ့လက်ထဲကနေ အော့က လှံရှည်ကြီးကို ပစ်လွှတ်လိုက်သည် ။
မြန်လှချေသည် ။
လှံရှည်ကြီးဟာ လျှပ်စီးကဲ့သို့ ရုတ်ချည်း သစ်တောထဲမှာ အမြန်အဆန် ဖြတ်၍သွားလေသည် ။ ၎င်းက သစ်ကိုင်းများကို အလယ်ကနေ ရှောင်ကွင်းသွားပြီး အမြန်ပြေးလာသည့် ကျူးကျော်သူရဲ့ ကိုယ်လုံးကို ထုတ်ချင်းဖောက်သွားသည် ။
သူ့ကိုယ်လုံးမှာ ဖောက်ထွက်သွားပြီး လှံရှည်မှာ သွေးများစွန်းနေပြီး သွေးစက်များက အောက်ကို ကျလာပေမဲ့ လှံရှည်ကြီးကတော့ ရပ်မသွားပေ ။ စင်ထွက်လာတဲ့သွေးများထက် လျင်မြန်စွာပင် လှံရှည်ကြီးက
သစ်ပင်နှစ်ပင်ကို ထုတ်ချင်းဖောက်သွားပြီး ကျီဆီသို့ ဦးတည်၍ လာနေလေရာ ကျီမှာ ကိုယ်ဟန်အနေအထားကို အမြန်ပြောင်းလဲလိုက်ရသည် ။ သူ ခုလေးတင်ရပ်ခဲ့သော နေရာကို နောက်ထပ် အာဇာနည်မျိုးနွယ်စုက စစ်သည်တော်တယောက်က ဝင်လာလေသည် ။
လူတယောက် နဲ့ သစ်ပင်နှစ်ပင်ကို ဖောက်ထွက်သွားပြီးနောက် လှံရှည်ကြီးဟာ နောက်ထပ် ကျူးကျော်သူတယောက်၏ ကိုယ်ကို ဖြတ်ထွက်သွားပြီး သစ်ပင်တပင်တွင် ရေပုံးတစ်ပုံးမျှ အပေါက်ကြီးဖြစ်သွားကာ နက်နေအောင် ထိုးစိုက်ဝင်သွားလေသည် ။
လှံခေါင်းထိသွားသည့်နေရာတွင် သစ်လုံးပေါ်က သစ်ခေါက်အခွံများ တဖြည်းဖြည်းကွာကျလာပြီး ဗုန်းကနဲ အသံကြီး ကြားလိုက်ရသည်။
“ ဂျွတ်..ဂျွတ်..”
သစ်ပင်ကြီး လဲကျ၍သွားလေသည် ။
ထိုနေရာက အခြေအနေကိုကြည့်ပြီး ကျီက သူ့စိတ်နှလုံးထဲမှာ အတော်ကြောက်လန့်၍သွားလေသည် ။
မီးတောက်ဦးချို မျိုးနွယ်စုက သူတို့ထင်ထားသလို အားနည်းပုံမရပေ ။
အော့ စောင့်ကြပ်ရတဲ့နေရာမှလွဲရင် တိုက်ခိုက်မှု၊သတ်ဖြတ်မှုများမှာ ဟိုဟိုသည်သည်တို့မှာ ဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်သည် ။
အမှန်တော့ အာဇာနည်မျိုးနွယ်စုအချို့နဲ့ ကျန်းမျိုးနွယ်စုက သူများမှာ ပုန်းအောင်းရာတွင် တော်ကြပေမဲ့ သူတို့ကိုယ်သူတို့ ကိုယ်ယောင်ဖျောက်တာ တော်ကြသည့် တောင်ပေါ်က အဆင့်မြင့်သားရဲတွေကို အ
မြဲရင်ဆိုင်လာရသည့် မီးတောက်ဦးချိုများမျိုးနွယ်စုကလူများနှင့်တွေ့သည့်အခါ ဘာမှ သုံးမရတော့ပါပေ ။ ထို့ကြောင့် အဲ့ဒီတုန်းက ရှောက်ရွှမ်ဆီက အစောပိုင်း သတိပေးသံကြားလိုက်ရသည်နှင့် ခဲ့ခဲ့က ကျူးကျော်သူ၏ အနေအထားကို ချက်ချင်းထောက်လှမ်းနိုင်ခြင်းဖြစ်သည် ။
သူ့လက်ထဲမှာ ကျောက်ဓားတလက်ကို ယမ်းနေရင်း ဖူရှစ်နဲ့အခြားနှစ်ယောက်ရဲ့ မှင်သေနေသောမျက်နှာများကို တွေ့ရပြီး ရှောက်ရွှမ်လည်း စိတ်ထဲ အတွေးများ၍နေသည် ။ ဒီမတိုင်ခင်က သူပထမဆုံးအကြိမ် လူသားကျူးကျော်သူတွေနဲ့ ရင်ဆိုင်ရရင် မီးတောက်ဦးချိုများမျိုးနွယ်စုက လူများက သနားညှာတာခြင်း သိူ့မဟုတ် စိတ်ထဲမှာ မကောင်းသော အရိပ်များထင်ဟပ်ခြင်း ၊ ရုပ်ပိုင်းဆိုင်ရာအရ သက်ရောက်ခြင်းတို့ ရှိသွားမည်ဟု သူတွေးမိခဲ့သည် ။ သို့ပေမဲ့ ရှောက်ရွှမ်က သူ့အတွေးတွေမှာ အလွန်နုံအရာကျနေခဲ့သည်ကို သူဝန်ခံရပေမည် ။
ထိုအချိန်တုန်းက ခဲ့ခဲ့တုန့်ပြန်သည့်ပုံအရဆိုရင် ဒီ
မျက်နှာမျိုးဟာ ရုပ်ပိုင်းဆိုင်ရာအရ ၊ စိတ်ပိုင်းဆိုင်ရာအရ ဘယ်တော့မှ ထိခိုက်မသွားမည့် မျက်နှာမျိုးဖြစ်သည်ကို သူသိလိုက်ရသည် ။ ဒီမှာ သူတို့က သူတို့မျိုးနွယ်စုကိုသာသိပြီး သူတို့ဘက်ကလူနဲ့ ရန်သူဟူ၍သာ သိကြသည် ။ ဒီလိုအမျိုးအစားခွဲခြားမှုမျိုးဟာ သူတို့စိတ်ထဲမှာ အမြစ်တွယ်၍ နေလေရာ ဒီနေရာမှာတော့ သူတို့လည်း ရှောက်ရွှမ်နဲ့ အတူတူပင် ဖြစ်ပေလိမ့်မည် ။
မီးတောက်ဦးချို မျိုးနွယ်စုက ဒီလူတွေက အကြာကြီးချိတ်ပိတ်သိမ်းဆည်းခံထားရသည့် လူသားလက်နက်များနဲ့ တူနေသည် ။ အရင်တုန်းက လေ့ကျင့်ဖို့အတွက် တနေရာရာမှာ သူတို့ကိုပိတ်လှောင်ထားခဲ့ပြီး ယခုတော့ ထိုလူသားလက်နက်များမှာ နောက်ဆုံးတွင် ပွင့်ထွက်လာခဲ့လေပြီ ။