မပြီးသေးသော တိုက်ပွဲ
Vol. 16 Ch. 233
မီးတောက်ဦးချိုမျိုးနွယ်စုက မည်သူဖြစ်ဖြစ် ထိုအခိုက်အတန့်တွင် အားလုံးမှာ လျစ်လျူရှုလို့မရနိုင်သော သတ်ဖြတ်လိုသည့်အကြည့်များရှိနေပြီး တော့အလွန် ကြောက်စရာကောင်းလာသည် ။
အဖွဲ့ကွဲနေကြသော မုဆိုးအဖွဲ့လိုက်ကြီးဖြစ်ကာ အပြင်ဘက်မှာစနေကြသူများဖြစ်ပြီး တဖြည်းဖြည်း သတ်ဖြတ်ခြင်းနတ်ဘုရားများဆိုသည့် အရှုပ်အထွေးများကို မေ့စပြုလာသည်။
တင်းမာမှုများအကြားက ကြမ်းတမ်းမှုများ၊ဒေါသများ နှင့် သွေးပင်လယ်ကြီးထဲမှ လမ်းလျှောက်ထွက်လာကြသည်နှင့်တူလေသည် ။ သို့သော် ထိုလူများက အလွန်ထိန်းသိမ်းနေပုံပေါက်ပြီး သူတို့အလိုရှိသရွေ့ တခဏအတွင်း လူသတ်လိုသည့်အကြည့်များထွက်ပေါ်လာတတ်သည် ။
သူတို့တွေက ဒီကိုလွှတ်လိုက်သည့် လူသားလက်နက်များကဲ့သို့ပင် နေရာတိုင်း သွေးသံတရဲရဲ သတ်ဖြတ်မှုများပြည့်နေသည် ။
ရှောက်ရွှမ် နှင့် ထွော်တို့က ယောက်ကိုတယောက် ရှုပ်ထွေးစွာကြည့်နေရာမှ သဘောပေါက်လာပြီး ဖူရှစ်က ဒီနေရာသို့ သူကိုယ်တိုင်လာပြီးမေးလေသည်။
“ အကြီးအကဲက ငါ့ကို မင်းတို့ အကူအညီလို ၊ မလို ငါ့ကိုလာပြီး စစ်ဆေးခိုင်း လိုက်.... “
သူ့စကား ဆုံးပြီးသည့်နောက် ဖူရှစ်က ယုံကြည်ချက် မဲ့နေသည့်အတွက် ဆက် ပြောဖို့ အလွန်ရှက်လွန်းနေသည် ။
အကူအညီလိုသလား?
ဒီက တဖက်သတ်အခြေအနေကို မတွေ့ဘူးလား ။
“ အဟွတ်.. မင်းတို့က အကူအညီ လိုပုံမပေါ်ပါဘူး “
ဖူရှစ်က ရှက်ရှက်နဲ့ပြောလေသည် ။
“ ကျွန်တော်တို့ဘက်ကို စိတ်ပူဖို့မလိုပါဘူး ၊
ဖူရှစ် ၊ မင်းက ရေလကျောက်တွေကို စုကြတဲ့သူတွေဘက်ကိုသာ ပိုအာရုံစိုက်လိုက်ပါ ၊ အချို့က ပုန်းတာအလွန်တော်ကြတော့ ခံစစ်ကိုဖောက်ထွက်လာနိုင်တယ် “
ဒီနေရာကို မီးတောက်ဦးချို မျိုးနွယ်စုကလူတွေက ပြီးပြည့်စုံအောင် စောင့်ရှောက်ကြလျှင်တောင်မှ အချို့နေရာများတွင် ကျူးကျော်သူများက ခံစစ်များကို ဖောက်ထွက်လာကြသည်များရှိသည် ။ အရင်တုန်းက ဖြစ်ခဲ့လျှင် အခြားသူများလည်း ပါဝင်လာ
ကြသည် ။
“ ကောင်းပြီ ၊ မင်းတို့ အကူအညီ မလိုမှ တော့ ငါတို့ ရှေ့ဆက်သွားတော့မယ် “
ထိုသို့ပြောပြီး ဖူရှစ်က သူ့လူများနဲ့ တခါတည်းထွက်ခွာသွားလေသည် ။
အဝေးသို့ပြေးနေစဥ် ဖူရှစ်က သူ့စိတ်ထဲမှာတွေး၍နေသည် ။
မီးတောက်ဦးချို မျိုးနွယ်စုကလူတွေနဲ့ပတ်သတ်ရင် စိုးရိမ်စရာ မရှိဟု သူပြောခဲ့ဖူးသည် ။ အရင်က ရှောက်ရွှမ်ရဲ့အစွမ်းကို ကြည့်လိုက်ရင် သူတို့ မျိုးနွယ်စုဝင်တွေ အတော်သန်မာကြသည်ကို သိပေလိမ့်မည် ။
အကြီးအကဲက အလဟာသ ပူပင်နေခြင်းဖြစ်သည်
။ မီးတောက်ဦးချို မျိုးနွယ်စုက လူတွေမှာ အားမသန်ကြခြင်းမရှိဘဲ သူတို့ထင်ထားသည်ထက်ပင် စွမ်းအားကြီးလေသည် ။
ဒီလို မျိုးနွယ်စုသာ သူတို့ရန်သူ ဖြစ်လာလျှင်...
ဖူရှစ်က ကြောက်ရွံ့ကာ တုန်လှုပ်သွားသည် ။
မည်သို့ပင်ဖြစ်စေ ဒီလိုမျိုးနွယ်စုက ကူညီသူအနေနဲ့ရှိနေသည့်အတွက် ဒီတကြိမ်တော့ ကူမျိုးနွယ်စုက လူများ စိတ်သက်သာရာရသွားသည် ။
ဖူရှစ်ထွက်သွားပြီးတဲ့နောက် ထွော်က ဓားသွားပေါ်ကသွေးစက်များကို ခါချလိုက်သည်။ သူ့ကိုယ်ပေါ်မှာ သွေးတွေအများအပြားရှိသေးသည် ။ သူကအကုန်လုံးကိုသုတ်ပစ်ဖို့အချိန်မရှိဘဲ ရှောက်ရွှမ်၏အနားဘက် ကိုသွားလိုက်သည်။
ထိုနေရာကို မည်သူမှခဏတဖြုတ်ပင် မလာကြပေ။ တစ်နေရာတည်းမှာ ရပ်နေခြင်းက အချိန်ဖြုန်းခြင်းဖြစ်သည့်အတွက် သူတို့ကကျူးကျော်သူများကို သူတို့ကိုယ်တိုင်ဆက်လက်ရှာဖွေကြသည်။
ကူမျိုးနွယ်စုအထဲမှာတော့ မြက်ပင်ရှည်ကြီးများနှင့် ချုံပုတ်ထူကြီးများ ရှိသောနေရာများ အများကြီးရှိသည် ။ ကျူးကျော်သူအများစုက ပုန်းအောင်းရာမှာ တော်သည့်အတွက် ထိုနေရာများကိုနှစ်ခြိုက်ကြကာ အနားကိုလာဖို့အခွင့်အရေးကို စောင့်နေကြသည်။
သူ့အရပ်ထက်မြင့်တဲ့ချုံပုတ်ကြားများကို ရှောက်ရွှမ်လမ်းလျှောက်သွားလိုက်ရင်း သူ့အရှေ့ကချုံပင်များကို ကျောက်ဓားနဲ့ထိုးလိုက်ပြီးပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေလိုက်သည်။ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုအများစုမှာ ပုန်းနေသည့် ကျူးကျော်သူများကြောင့်ဖြစ်သည့်အတွက် သူပုံမှန်မဟုတ်သည့်လှုပ်ရှားမှုကိုတွေ့သည်နှင့် အားပြင်းပြင်းနှင့် အလျင်အမြန် ခုတ်ထည့်လိုက်မည်ဖြစ်သည်။
သူလမ်းလျှောက်နေစဉ်မှာ အခြားကျူးကျော်သူနှစ်ယောက်ကလည်းခြုံပုတ်ထဲကထွက်လာကြသည်။
ရှောက်ရွှမ်တိုက်ခိုက်မလို့ ပြင်လိုက်ချိန်တွင် ထွော်က သူ့ကိုတားလိုက်ပြီး ကျူးကျော်သူနှစ်ယောက်ကို ရှင်းပစ်လိုလေသည် ။
ထွော်က ဓားကိုမရမ်းလိုက်ခင်မှာ လူတစ်ယောက်က သူတို့ဘက်ကနေ ပြေးထွက်လာသည် ။
“ ငါနဲ့လွှတ်ထားလိုက်...ငါ လုပ်လိုက်မယ် “
ခဲ့ခဲ့က ထွော်မလုပ်လိုက်ခင်တွင်ပင် လှုပ်ရှားလိုက်ပြီး သူ့လက်ထဲကကျောက်ဓားက အနီးဆုံး ကျူးကျော်သူအပေါ်ကိုကျဆင်းသွားသည် ။
ပထမတစ်ချက်..ဒုတိယတစ်ချက်...နောက်တချက်
ဂျုံပင်ခြုံပုတ်များကြားထဲတွင် မြက်ပင်ငယ်လေးများရှိနေပြီး သွေးနံ့များမှာ လေထုထဲစိမ့်ဝင်နေကာ မူလက အသက်ရှိနေကြသောကျူးကျော်သူများ မြေပေါ်သို့ အသံတိတ်လဲကျသွားကြသည် ။
ဒီနေရာမှာ သူတို့ဘက်ကလူများကလွဲရင် အကြမ်းဖက်လိုသောအသက်ရှင်နေသည့် သက်ရှိသတ္တဝါအားလုံးကို ရန်သူအဖြစ်သတ်မှတ်ကြသည် ။ ထိုအခိုက်တွင် သူတို့၏မျက်လုံးထဲ၌ သူတို့တောင်ပေါ်မှာလိုက်တုန်းက တွေ့ဆုံရတတ်သည့်အမျိုးစုံသားရဲများဟုပင် ထိုလူများကိုသတ်မှတ်လိုက်လေသည် ။ သူတို့မှာ ဆင်တူသော ရုပ်ရည်များရှိသော်လည်း အကြီးအကဲက သူတို့မျိုးနွယ်စုဝင်မဟုတ်သည့်သူတိုင်းသည် ရန်သူဖြစ်သည်ဟု ပြောထားလေသည် ။ ထို့ကြောင့် မဟာမိတ်များနှင့် ကွဲပြားနေသည် ။
ခဲ့ခဲ့က ကျူးကျော်သူများကို အမူအရာမရှိဘဲသတ်ပစ်လိုက်သည် ။
ရှောက်ရွှမ်က ဒီလူတွေဟာ အံ့ဩစရာကောင်းလောက်အောင် စိတ်ရိုးရှင်းသူများဟု ခံစားလိုက်ရသည် ။ လူအများစုဟာ ဒီလိုလုပ်ဖို့ အလွန်စဉ်းစားကြရပေမယ့် သူတို့အတွက်တော့ ဒါလုံးဝဘာမှမဟုတ်ပေ။
ကျူးကျော်သူနှစ်ဦးကိုသတ်ပြီးတဲ့နောက် ခဲ့ခဲ့ကအဝေးကိုပြေးကာ အခြားနေရာများမှာပုန်းနေကြသည့် ကျူးကျော်သူများကိုဆက်လက်ရှာဖွေနေသည်။ ထွော်က သူ့ပစ်မှတ်အလုခံလိုက်ရသည့်အတွက် စိတ်ဆိုးသွားကာ ခဲ့ခဲ့ပစ်မှတ်ကိုထပ်ပြီး လိုက်လုဖို့အတွက် ခဲ့ခဲ့ နောက်ကိုပြေးလိုက်သွားလေသည် ။
ထို့နောက်တွင် သူတို့က သူတို့သတ်နိုင်သည့် အရေအတွက်အလိုက် ဆုချမည်ဟု ကတိပေးထားသည့် အကြီးအကဲအား သတင်းပို့ရမည်ဖြစ်လေ
သည် ။
သူတို့အုပ်စုဟာ ဤနေရာတွင်တာဝန်ကျပေမယ့် ဒီနေရာမှာအသေနေရမည်ဟုမဆိုလိုပါပေ ။ ထိုအတွက်ကြောင့် သူတို့လုပ်ဖို့လိုသည့်အရာက ဤနေရာမှကျူးကျော်သူများကို ရှာဖွေကသတ်ပစ်ဖို့ဖြစ်သည် ။
ရှောက်ရွှမ်ကတော့ သူတို့နောက်ကိုလိုက်မသွားဘဲ အရှေ့သို့သာဆက်သွားသည် ။ သူတို့စောင့်ကြည့်ရမည့် နယ်နိမိတ်ကိုကျော်လွန်ပြီးသည့်နောက် သူကပြေးလာတဲ့မောင်ကိုတွေ့လေသည် ။
မောင်ရဲ့အနောက်မှာတော့ သူ့ကိုလိုက်နေတဲ့ ကျူးကျော်သူသုံးယောက်ရှိလေသည် ။ သူတို့က ကျန်းမျိုးနွယ်စုကသူတွေဖြစ်ပြီး လက်ထဲမှာ လက်နက်တွေကိုင်ထားကြသည် ။ မောင်က ပြေးနေရာမှ ချက်ချင်းအနောက်ကိုပြန်လှည့်လိုက်ပြီး သူနဲ့အနီးစပ်ဆုံးသူကိုအားပြင်းပြင်းဖြင့် တစ်ချက်ရိုက်
လိုက်သည် ။ သို့ပေမဲ့ကျူးကျော်သူ၏တုံ့ပြန်မှုမှာလည်းမနှေးဘဲ သူ့လက်က လက်နက်နဲ့ပြန်ပြီးခုခံလိုက်သည်။
အများအပြားတိုက်ခိုက်ခဲ့ရဖူးသည့်အတွက် မောင်၏ဓားမျက်နှာပြင်တွင် ချိုင့်ကွက်များ၊ ခြစ်ရာများ အများအပြားရှိနေပြီး ဒီတခေါက် ပြင်းထန်သောတိုက်ခိုက်မှုကြောင့် ဓားမှာတစ်ဝက်ကနေလုံးဝ ကျိုးထွက်သွားသည် ။
သူ့လက်ထဲက ကျိုးသွားတဲ့ဓားသွားကို လွှတ်ပစ်လိုက်ပြီး သူ့နောက်ကိုလိုက်လာတဲ့ ကျူးကျော်သူ၏လည်ပင်းနဲ့သို့ ဓားအပဲ့တပိုင်းကိုထိုးစိုက်လိုက်ပြီး မောင်ကရပ်မနေဘဲ သူ့ခါးကတခြားကျောက်ဓားတစ်ခုကို ထုတ်လိုက်သည်။ သူ့အနောက်မှာလိုက်လာသည့်အခြားသူနှစ်ယောက်ကို အနီးကပ်ကြည့်လိုက်ပြီး သူက သူ့ဒူးကိုကွေးချလိုက်ကာ ဘေးဘက်ကို ခုန်ထွက်လိုက်ပြီး ထိုလမ်းအတိုင်းဆက်ပြေးသွားသည် ။
မောင်က ရှောက်ရွှမ်ကိုအဲ့ဒီနေရာမှာမြင်ပေမဲ့ ဒီအခြေအနေကိုသူကောင်းကောင်းကိုင်တွယ်နိုင်သည့်အတွက် သူ့ကိုဝင်မပါဖို့နဲ့ သူကိုင်တွယ်နိုင်ကြောင်း လှမ်းပြောလိုက်သည် ။ သူသာ မကိုင်တွယ်နိုင်ဘူးဆိုရင် ရှောက်ရွှမ်ဆီကနေ အဝေးကိုပြေးမည့်အစား သူ့ဆီသို့သာပြေးမည်ဖြစ်သည် ။
ရှောက်ရွှမ်ကလုံးဝစိတ်မပူပါပေ ။ မောင်က ယခုအလယ်တန်းစစ်သည်တော်တစ်ယောက်ဖြစ်နေသည် ။ ထိုလူ၃ယောက်မှာလဲအလယ်တန်းစစ်သည်တော်များဖြစ်သည့်အတွက် သူကိုယ်တိုင်တိုက်ခိုက်ဖို့အတွက်တော့ အတော်လေးခက်ခဲပေးသည် ။
ဒီလို ကိုင်ကွဲရခက်ခဲသည့်လူများကိုညရင်ဆိုင်ရာတွင် မီးတောကဦးချိုမျိုးနွယ်စုက သူတို့နှင့်ထိပ်တိုက်ရင်ဆိုင်ဖို့ အထိမတုံးအကြပါပေ။ ထို့ကြောင့်ထွက်ပြေးကြသည် ။
အမဲလိုက်ရာတွင် ခက်ခဲသောအဆင့်မြင့်သားရဲများနဲ့ ရင်ဆိုင်ရသလိုပင် သူတို့ဟာ သားရဲကြီးများနှင့် ပြိုင်ဖက်မဟုတ်လျှင် သူတို့ကကျိန်းသေထွက်ပြေးကြသည် ။ သူတို့ကပြေးနေရင်းနဲ့ ပြန်လည်ခုခံကာကွယ်ဖို့ အခွင့်အရေးယူကြပြီး သားရဲများအပေါ်သို့ သေစေနိုင်သည့်တိုက်ခိုက်မှုများ ပြုလုပ်တတ်ကြသည် ။
ကူမျိုးနွယ်စုကလူများနဲ့ ယှဉ်လျှင် မီးတောက်ဦးချိုမျိုးနွယ်စုကလူများက စစ်ပွဲအတွင်းတွင် ပိုမိုတည်ငြိမ်ကြသည်မှာ သံသယရှိစရာမလိုပေ ။ တည်ငြိမ်လွန်း၍ ကူမျိုးနွယ်စုကသူများပင် ကြောက်ရွံ့၍နေကြသည် ။
ထိုနည်းတူပင် ကူမျိုးနွယ်စုကလူများကလည်း ‘ ငါမင်းတို့ကိုမကြောက်ဘူး ၊ တိုက်ကြ ‘ ဆိုသည့်ပုံစံမျိုး ဟန်ဆောင်နေကြသည် ။
ထိုအတွက်ကြောင့် စိတ်ခံစားချက်များမှာလည်း
အထိန်းအချုပ်မဲ့ ကျိုးပေါက်ထွက်သွားကြသည် ။
မောင်ကဲ့သို့ မီးတောက်ဦးချိုမျိုးနွယ်စုကသူများကတော့ အရင်ဆုံး သူတို့ကပြေးကြသည်။ သူပြေးနေရင်းနဲ့ နောက်ကလိုက်လာသည့်သူများက သူကအကူအညီသွားခေါ်သည် သို့မဟုတ် လုံခြုံသည့်နေရာသို့ ပြေးသွားသည်ဟု တွေးကြပြီး သူကတစ်ဖက်ကိုပြန်လှည့်ကာ နောက်ကလိုက်လာသူများကို တစ်ယောက်ပြီးတစ်ယောက် ပိုင်းကာ သတ်ဖြတ်ပစ်လေသည် ။
အခြားသူများက သွေးရူးသွေးတန်းဖြစ်ပြီး ဘာမှမတွေးနိုင်တော့ချိန်တွင် သူတို့က အမြဲတမ်းခေါင်းကို ရှင်းရှင်းထားကာ ပြန်ပြီးတုံ့ပြန်ဖို့ အချိန်ကောင်းကို ရှာဖွေတတ်ကြသည်။
သို့ပါသော်လည်း ကူမျိုးနွယ်စုကသူများ ၊ အာဇာနည်မျိုးနွယ်စုကသူများ ၊ ကျန်းမျိုးနွယ်စုကသူများတို့မှာ မီးတောက်ဦးချိုမျိုးနွယ်စုကသူများ တောင်ပေါ်
တွင် အဆင့်မြင့်သားရဲကြီးများနဲ့ရင်ဆိုင်ရတိုင်း အခြေအနေတွေပိုပြီး ဆိုးလာလေလေ သတ်ဖို့နည်းလမ်းများ စွာပိုရလာလေ ဖြစ်လာသည်ကိုတော့ သူတို့မသိကြပေ ။ ထိုအချိန်တွင် မုဆိုးတစ်ယောက်သည် စိတ်ရှင်းရှင်းလင်းလင်း မရှိပါက သူသေသွားခဲ့သည်မှာ ကြာလောက်ပြီဖြစ်သည်။
သူတို့က ပေါ့ပါးသွက်လက် ထက်မြတ်ဖို့ မျှော်လင့်မထားကြဘဲ ပြဿနာကြီးနှင့် ကြုံရသည့်အချိန်တိုအတွင်း ခေါင်းအေးအေးထားနိုင်ဖို့သာ လိုအပ်လေသည် ။ ထိုနည်းလမ်းနှင့် သူတို့သားရဲကြီးများကိုမသတ်နိုင်လျှင်ပင် သူတို့လွတ်မြောက်ဖို့ ရွေးချယ်နိုင်သေးသည် ။
ရှောက်ရွှမ်မျှော်လင့်ထားသလိုပင် မောင်က နောက်ကလိုက်လာသူများကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်လေသည် ။
တစ်ချက် နောက်ထပ်တစ်ချက် တတိယမြောက်တချက်
ကျူးကျော်သူများကိုအပြီးသတ်ပြီးသည့်နောက် မောင်က သူ့ကိုယ်မှာ ဒဏ်ရာ အများကြီးရနေပေမယ့် သူကဂရုမစိုက်ပါပေ ။ ဆေးအချို့ သောက်ပြီးသည့်နောက် သူက သူ့အဖိုးဆီ ဦးတည်သွားလိုက်သည် ။
အော့ တို့ ဘက်မှာတော့..
ကျီက သူ့တိုက်ခိုက်မှု အတော်များများ မအောင်မြင်သည့်နောက်မှာ သူရင်ဆိုင်ရသည့်သူက အတော်ကိုင်တွယ်ရခက်ကြောင်း သဘောပေါက်သွားသည် ။
အော့နှင့်ရင်ဆိုင်ရင်း သူက အလွန်မြင့်သည့် တောင်ကြီးတတောင်နဲ့ ရင်ဆိုင်နေရသလိုခံစားရသည် ။ တောင်ကြီးအရှေ့မှာ ရပ်နေရင်း သူ့ကိုယ်သူ ရုတ်တရက်အတော်သေးသွားသည်ဟု ကျီက ခံစားလိုက်ရသည် ။
အော့ တိုက်ခိုက်မှုများက လုံးဝအရိပ်အယောင်မပြပဲ သူက ဖြေးဖြေးချင်း လမ်းလျှောက်ပြီး တိုက်ပွဲကြားဝင်မပါလိုသည့် ဘေးကရပ်ကြည့်မည့်သူတယောက်လို စစ်မြေပြင်အဝေးမှာနေသည် ။ သို့ပေမဲ့ တခဏအတွင်း လျှပ်စီးလက်သလို လျင်မြန်စွာ ဝင်ရောက်တိုက်ခိုက်တတ်သည် ။
ထို ပြင်းထန်သောအားကြောင့် သူ ပစ်လွှတ်လိုက်တဲ့ လှံတံကဲ့သို့ သူ့လက်မောင်းကိုဆန့်ကာ အားပြင်းလှသည့်အရှိန်ဖြင့် ကျီဆီသို့တိုးဝင်သွားသည် ။
မောင်ရောက်လာသောအခါ သူ့အဖိုးကြောင့် လေထဲ မြောက်တက်သွားသည့်အရာကို တွေ့လိုက်ရသည် ။
အပြင်ကို ခုန်တက်သွားတဲ့သူကို အာရုံမထားတော့ဘဲ မောင်က ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး အနားတွင် အန္တရာယ်ရှိသည့်လူ မတွေ့ရသည့်အတွက် သူက အော့အနားက်ိုသွားလိုက်သည် ။
“ အဖိုး ၊ ကျွန်တော် သူတို့ကိုလွှတ်လိုက်ရမလား “
မောင်က အော့ကို ကြည့်ပြီး သင်္ဘောရှိရာဘက်ကို အမြန်ကြည့်လိုက်သည် ။
ခဏလောက်အသံတိတ်နေပြီးသည့်နောက် ပတ်ဝန်းကျင်ကအသံများကို သေချာနားစိုက်ထောင်ပြီး သူကပြောလိုက်သည် ။
“ ကောင်းပြီလေ ၊ သူတို့ကို သူတို့အရိုးတွေ ဆွဲဖြဲခွင့်ပေးလိုက်တာပေါ့ “
အော့က ဒီတိုက်ပွဲကို သူတို့အတွက်ပထမဆုံး စစ်ဆေးမှုသာ မှတ်ယူပြီး မီးတောက်ဦးချို မျိုးနွယ်စု ဒီကိုရောက်ကတည်းက ကျောက်ဓားများကို သွေးထားလေသည် ။ ယခုလက်ရှိအခြေအနေအရ ထိုကောင်တွေက်ို ထုတ်သုံးဖို့လုံးဝမလိုအပ်ပါပေ ။
သို့ပေမဲ့ အချိန်ကြာလာသည့်နောက် ဗုံမျိုးနွယ်စုအပြင်ဘက်မှာ ပြသာနာလာရှာဖို့ ပြင်နေသည့် အခြားသူများ ရှိနေသေးသည့်အတွက် သူတို့မြန်မြန်နိုင်လေ သူတို့အတွက်ပိုကောင်းလေဖြစ်သည်။
အော့ ခွင့်ပြုချက်နဲ့ မောင်က သူ့မျက်လုံးများထဲတွင် ပျော်ရွှင်၍သွားလေသည် ။ သူက အကြာကြီးဆက်မနေတော့ပဲ အော့ ဆက်တိုက်ခိုက်ဖို့အတွက် နေရာချန်ထားပေးပြီး အဝေးသို့ပြေးထွက်သွားလေသည် ။
ထွက်ပြေးဖို့ အတွေးနဲ့ ပြန်ထလာသော လူကိုကြည့်ပြီး အော့က ဒေါသထွက်သွားကာ ဒီလူ တကယ်ကိုခံနိုင်ရည်ရှိသည်ဟုတွေးကာ လက်သီးစုပ်လိုက်လေသည် ။
ကျီက ထိုအခိုက်အတန့်တွင် ထွက်သာပြေးလိုတော့သည် ။
မီးတောက်ဦးချိုမျိုးနွယ်စုကလူတွေ၏ အန္တရာယ်ကြီးပုံ ၊ ပြင်းထန်စွာတိုက်ခိုက်ပုံ ၊ ဆုံးဖြတ်ချက်ပြတ်သားသည့် တိုက်ခိုက်မှုများ ၊ သားရဲများကဲ့သို့ ရက်စက် သတ်ဖြတ်လိုသည့်အကြည့်များ ၎င်းတို့အားလုံးက သူ့ကို အတော်လေးကြောက်လန့်သွားစေသည် ။
ဒီသောက်ကျိုးနည်း မျိုးနွယ်စုက ဘယ်ကလာတာလဲ ၊
ကျီက သူ့စိတ်မှာ အကြောက်ကြီးကြောက်သွားလေသည် ။
ပြီးတော့ “ သူတို့ကို လွှတ်လိုက်တော့ “ ဆိုသည့် လူငယ်လေးရဲ့စကားကလည်း ဘာကိုဆိုလိုတာလဲ ။
သူတို့ ဆိုတာ ဘယ်သူတွေလဲ ။
ကျီ၏ စိတ်ထဲမှာ ပုန်းကွယ်နေသော အာရုံမှာ ပို၍အားကောင်းလာသည် ။
ထိုလှုပ်ရှားမှုများက ထင်သလောက်ရိုးရှင်းပုံမရပေမဲ့ သူတို့ကို အခြားနည်းနဲ့ဆက်လက်ခြောက်လှန့်နေသေးလေသည် ။
အော့ရဲ့အဝေးကို ပြေးသွားတဲ့မောင်က ကျူးကျော်သူများရဲ့ချုံခိုတိုက်ခိုက်မှုကို ရှောင်ရှားနေလေသည် ။ ထိုအချိန်တွင် သူက ပြန်လည်မတိုက်ခိုက်လိုပေမယ့် သူ့သစ်သား ဝီစီလေးကိုထုတ်ကာ အထူးတေးသွားတခု တီးမှုတ်လိုက်သည် ။
နေရာပေါင်းစုံမှာ ခုခံကာကွယ်နေကြသည့် မော့အာ ၊ကွမ်း ၊ ယန် ၊ လဲ့ နဲ့ အခြားသူများ၏ မျက်လုံးများ စိတ်လှုပ်ရှားကာ အရောင်လက်သွားကြသည် ။
သူတို့ကိုယ်ပေါ်က ဒဏ်ရာများကို အာရုံမစိုက်ဘဲ ကျူးကျော်သူများ၏ ဓားသွားများကို ရှောင်ရှားကာ စပြေးကြပြီး သူတို့သစ်သား ဝီစီများကို ထုတ်ကာ တချိန်တည်းမှာပင် မှုတ်ကြသည်။
ခေတ္တမျှ မီးတောက်ဦးချိုမျိုးနွယ်စုကသူတွေ ခုခံနေကြသည့်နေရာများတွင် နေရာအတော်များများမှ လေချွန်သံများထွက်ပေါ်လာသည် ။ နေရာတကာမှ ထွက်ပေါ်လာသော လေချွန်သံများမှာ ကွာခြားမှုအနည်းငယ်သာ ရှိသည် ။
လူပေါင်းစုံမှ နေရာပေါင်းစုံတွင် အနည်းငယ်သာ ကွဲပြားသော လေချွန်သံများထွက်လာသော်လည်း အထူးမွေးမြူထားသော အဆင့်မြင့်သားရဲများကတော့ သူတို့ကို ထိန်းသိမ်းသူများ ပြုလုပ်သည့်အသံများနှင့် ရင်းနှီးနေကြသည် ။
ထိုသားရဲများက သူတို့တပ်စုထဲမှာ နေဖို့အမိန့်ပေးထားသော်လည်း ဘာမှ လုပ်စရာမလိုပေမဲ့ မြေပေါ်
ကို ကုတ်ဖဲ့ခြင်း ၊ ကန်ခြင်းများပြုလုပ်နေကြသည် ။ ထိုလေချွန်သံများကြားပြီးနောက် သူတို့က နားကိုစွင့်လိုက်ပြီး အရှိန်တင်ကာ သူတို့ကိုယ်ပိုင် ထိန်းသိမ်းသူများဆီသို့ ဦးတည်ပြေးသွားကြသည် ။