← Chapters

တခုခုတော့လွဲနေပြီ

Vol. 16 Ch. 234

တခုခုတော့လွဲနေပြီ

Vol. 16 Ch. 234

မောင့် ဝီစီသံကြားရပြီးသည့်နောက် ရှောက်ရွှမ်က အော့က ထိုကောင်တွေကို လွှတ်ဖို့ဆုံးဖြတ်လိုက်ကြောင်းသိလိုက်သည် ။ သို့ပေမဲ့ ဆီဆာကတော့ ထိုအထဲတွင် မပါဝင်ပေ။

ဆီဆာက လောင်ခဲ့နဲ့ သင်္ဘောပေါ်မှာ ကျန်ခဲ့တဲ့ အခြားသူများကို ကာကွယ်ပေးဖို့အတွက် ရှောက်ရွှမ်က သူ့ကို ဒီကိုမလာခိုင်းပါပေ ။ ပြောရလျှင် သင်္ဘောပေါ်မှာ စွမ်းအင်နိုးထခြင်းမရှိသေးသော မိန်းမများ၊ ကလေးများနဲ့ သက်ကြီးရွယ်အိုများစွာ ရှိကြသည့်အပြင် နတ်ဆေးဆရာနဲ့ မီးမျိုးစေ့ကလည်း ရှိနေသေးသည် ။

မောင့် ဝီစီသံပြီးသည့်နောက် သူ့ကို ကျူးကျော်သူနှစ်ယောက်က တဖန်ပစ်မှတ်ထားလာကြပြန်သည် ။ ဒီတခါတော့ မောင်က သူတို့ကိုချက်ချင်းပြန်မသတ်ပဲ သူကပတ်ပြေးနေပြီး သူ့နောက်ကိုလိုက်လာကြကာ

နောက်ပိုင်းမှာ သုံးယောက်ဖြစ်လာခဲ့သည် ။

ရုတ်တရက် မောင်ကရပ်လိုက်ပြီး မတ်တပ်ရပ်ကာ နောက်ကသုံးယောက်ကို လှည့်ကြည့်လိုက်သည် ။ မောင် ရုတ်တရက်ရပ်လိုက်သည့်အတွက်ကြောင့် နောက်ကလိုက်လာသည့် သုံးယောက်မှာ သူနဲ့ခြေဆယ်လှမ်းအကွာတွင် ရုတ်တရက် ရပ်ပစ်လိုက်လေသည် ။

မောင်က ငယ်သေးတဲ့အတွက် စစ်သည်တော်အငယ်လေးကို အလွယ်တကူ သတ်ပစ်နိုင်သည်ဟုတွေးကြပြီး ထိုသုံးယောက်ကသူ့ကိုပစ်မှတ်ထားလာကြသည် ။ သူတို့က အလွန်ကြောက်စရာကောင်းလှသည့်သတ်လတ်ပိုင်းစစ်သည်တော်များကို ရှောင်ရှားသင့်သည်ဟု ယုံကြည်ကြလေသည် ။

သို့ပေမဲ့ ဒီစစ်သည်တော်ငယ်လေးက လူသုံးယောက် အဝိုင်းခံထားရတာတောင်မှ ဘာကြောင့် စိုးရိမ်ပူပန် ကြောက်ရွံ့နေပုံ မရသလဲ သူတို့မသိပေ ။

ထောင်ခြောက်လား?

သုံးယောက်လုံး သတိကပ်သွားသည်။

ထို့နောက် သူတို့က စစ်သည်တော်ငယ်လေးက အစွမ်းမကြီးနိုင်ဟု ထင်သည့်အတွက် သူ့ကို ငုံ့ကြည့်လိုက်ကြသည် ။

သုံးယောက်က သူ့ဆီကို ပြေးလာနေချိန်မှာ သူတို့က ရုတ်တရက် အသံတခု ကြားလိုက်ရပြီး မြေကြီးများတုန်ခါသွားသည်ကိုခံစားလိုက်ရသည် ။

အသံက အမြန်အဆန် သူတို့အနားကပ်လာပြီး မြေကြီးများက ပိုတုန်ခါလာသည် ။ အားလုံးက အနားကပ်လာတဲ့ အကောင်ကြီးကို ညွှန်ပြနေကြသည် ။

ဒါက ဘာကြီးလဲ?

သုံးယောက်လုံးနောက်ပြန်ကြည့်သောအခါ အဝေးကနေ အမြန်ပြေးလာတဲ့ ခပ်မြင့်မြင့် ပုံရိပ်တခုကိုတွေ့ရပြီး သူ့ရှေ့မှာ ပိတ်နေသောအရာများကို အားပြင်းပြင်းဖြင့် ဝင်တိုက်ပစ်နေသည် ။

သူ၏ အားပြင်းသော အရှိန်ကြောင့် သူ့အဆီများက တူန်ခါနေသည် ။

မထင်မှတ်ထားပဲ ထိုအဆီများနှင့် သတ္တဝါကြီးက အလွန်လျင်မြန်စွာပြေးနိုင်လေပြီး အရှိန်ပြင်းပြင်း မောင်းနေသည့် စစ်ရထားနဲ့တူနေလေသည် ။

ဒါက ဘာကြီးလဲ?

သုံးယောက်လုံး၏ မျက်လုံးများထဲတွင် အံ့သြမှုများပြည့်နေသည် ။

ဒါ အမွေးမရှိတဲ့ တောဝက်လား?

မည်သို့ပင်ဆိုစေ အားကြီးသည့်ပုံပေါက်လေသည် ။

“ ပြေးကြ “

သုံးယောက်လုံးက လမ်းခွဲကာ တစ်နေရာဆီပြေးကြသည် ။

သို့သော် သူတို့က စစ်ယာ့က သူ့ဦးတည်ရာကို ဒီလောက်မြန်မြန်ကြီး ပြောင်းပစ်နိုင်သည်ဟု မထင်ထားပေ ။

ဗုန်း ၊ ဗုန်း ၊ ဗုန်း

စစ်ယာ့က သူတို့ကို ဆက်တိုက် ဝင်တိုက်ပစ်သည် ။

အမြန် လမ်းကြောင်းပြောင်းလိုက်သည့်အတွက် မြက်ပင်များနဲ့ရွံ့များဟာ အကန်ခံလိုက်ရပြီး အဝေးသို့လွင့်သွားကြလေသည် ယေ

မြက်နဲ့မြေကြီးများဟာ မြေပေါ်ကို ပြန်ကျလာချိန်တွင် မောင့်ကို အနိုင်ယူလိုကြသည့် လူသုံးဦးမရှိတော့ပဲ သွေးကွက်များသာမြေပေါ်မှာ ကျန်ခဲ့တော့လေသည် ။

ကျူးကျော်သူသုံးယောက်ကို ဝင်တိုက်ပြီးသည့်နောက် စစ်ယာ့က အလွန်စိတ်လှုပ်ရှားနေသည် ။ သူ မျိုးနွယ်စုကထွက်လာတည်းက သူတို့က ချုပ်ချယ်ခံနေရသည် ။ သူတို့ကို လှေပေါ်မှာ ပိတ်ခံထားရပြီး ထိုသို့မဟုတ်ပါက ရေတပ်အနီးမှာနေဖို့သာ အမိန့်ပေးထားသည် ။ သူတို့ကို အနီးအနားကို ပတ်ပြေးခွင့်မပေးထားပေ။ မျိုးနွယ်စုမှာ လာတော့မယ့် တိုက်ပွဲအကြောင်းကြားရပြီးနောက် သူတို့ကလည်းတိုက်ပွဲ

ထဲ ပါဝင်လိုကြလေသည် ။

ပျော်နေသော စစ်ယာ့ကိုကြည့်လိုက်ပြီး မောင်ကပြုံးနေသည် ။ မတ်တတ်ရပ်ကာ စစ်ယာ့ရဲ့နောက်ကျောဆီခုန်သွားလိုက်ပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဓားကိုလှုပ်ရမ်း၍ပြလေသည် ။

“ လာပါ ၊ ငါတို့တာဝန်ကို လုပ်လိုက်ရအောင် ၊ သူများတွေယူသွားလိမ့်မယ် “

“ အစ် “

သူကအသံထွက်ကာ မောင်ပြောသည်ကို တုံ့ပြန်လိုက်သည်။

အခြားနေရာတခုမှာတော့..

စစ်သည်တော်တစ်ယောက်ဟာ သူ့လက်ထဲမှာ ကျောက်ဓားကိုကိုင်ပြီး ပြေးနေလေသည် ။ သူက ကျန်းမျိုးနွယ်စုက မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်

လေသည်။ သူလက်နက်က ဖျက်ဆီးခံလိုက်ရသည်။ သူသတ်ပစ်ခဲ့သည့် ကူမျိုးနွယ်စုကတစ်ယောက်ဆီကနေ လက်နက်ကိုယူလာခဲ့ခြင်းဖြစ်သည် ။

သူက အနည်းငယ် ပြင်းထန်သောဒဏ်ရာရထားလေသည် ။ ခါးမှာလည်း ဓားစိုက်နေသည် ။ သူပြေးနေရင်း သူ့သွေးများကလည်းတစ်ပေါက်ပြီးတစ်ပေါက်ကျနေသည် ။ သူ့သွေးများက သူ့ဒဏ်ရာမှဆက်တိုက်ကျဆင်းနေလေရာ သူသွားသည့်နေရာတိုင်းတွေသွေးစက်များ ကျကျန်ရစ်ခဲ့သည် ။ သူက သူဒီအချိန်မှာ မရှင်သန်နိုင်တော့တာကိုသိလေသည် ။ သို့ပေမယ့် သူကသေဖို့အတွက်လည်းစောင့်မနေလိုပေ။

သူက ဒီထက်ပိုပြီး လူတွေအများကြီးသတ်ပစ်ချင်ပြီး သို့မဟုတ် ရေလကျောက်များကိုပိုရလိုသည် ။ ဒီအကြောင်းကိုတွေးမိတဲ့အခါ သူက အလွန်အန္တရာယ်ကြီးသည့်ပုံပေါက်သွားပြီး သူ့မျက်လုံးများက သူ၏ရူးသွပ်မှုနဲ့ စိတ်ပိုင်းဖြတ်ထားမှုကိုပြသနေသည် ။

ဘာလို့ နောက်တစ်ယောက် ကိုမသတ်ရမှာလဲ။ဒါပေမဲ့ဘယ်သူ့ကိုသတ်ရမလဲ။

သူကပြေးနေရင်း မြက်ပင်များနဲ့ အပင်များကိုကြည့်ကာ သူသတ်နိုင်မည့်သူကိုတွေ့မလားဟူ၍ရှာဖွေနေသည် ။ ရုတ်တရက် သူကျောထဲမှာ အေးခနဲခံစားလိုက်ရသည် ။ သူကရပ်လိုက်ကာ မြေကြီးကိုသူ့ခြေထောက်နဲ့ကန်လိုက်ပြီး လှည့်ပစ်လိုက်သည် ။

သူ ထမလိုပြင်သည့်အချိန်တွင် သူကပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုစစ်သည်တော်လေးကအလွန်ငယ်နေသေးသည် ။

သူကသွေးထွက်နေတဲ့ဒဏ်ရာများထဲမှာ စူးရှရှနာကျင်မှုခံစားလိုက်ရသည် ။ သူပါးစပ် မဲ့ရွဲ့သွားပြီး နာကျင်သည့်အပြုံးထွက်လာလေသည် ။ သူကဒီမျိုးနွယ်စုထဲက စစ်သည်တော်အငယ်လေးကိုသတ်ပစ်

လိုသည် ။

သို့သော်လည်း ပြန်ပြီးမထနိုင်ခင် သူက သူနဲ့မနီးမဝေးမှာ စစ်သည်တော်အငယ်လေးရပ်နေသည်ကိုတွေ့လိုက်ရသည် ။ သူက သူ့အနားကိုလျှောက်မလာပဲ တစ်ခုခုကိုစောင့်နေသည့်ပုံစံပေါက်လေသည် ။

သူ ဘာကို ကြည့်နေတာလဲ ၊

တရှပ်ရှပ် အသံများကြားရသည် ။

ခြေလှမ်းများဟာ ကပ်လာပြီး တဖြေးဖြေးနီးလာကာ သူ့အနားကိုပင်ရောက်လာခဲ့သည် ။ အဲဒီမတိုင်ခင်ကသူဘာကိုမှမကြားခဲ့ရပေ။

လရောင်အောက်မှာ အရိပ်ကြီးကမြေပေါ်မှာပေါ်လာလေသည်။ နီးကပ်လာသော အနက်ရောင်အရိပ်ကြီး

က သူတကိုယ်လုံးကိုပင်ဖုံးအုပ်၍သွားသည် ။

သူ၏ရူးကြောင်ကြောင်အတွေးများကို လက်လျှော့သွားစေမည့် အန္တရာယ်အငွေ့အသက်ကို သူရလိုက်သည် ။ သူ့တကိုယ်လုံး မွေးညှင်းများထားသွားကာ သူ့သွားများကလည်း မထိန်းနိုင်ဘဲ မေးချင်းရိုက် တုန်လှုပ်၍နေလေသည် ။ သူ လည်ပင်းကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သောအခါ အမွေးရှည်များဖုံးလွှမ်းနေသည့် လက်သည်းကြီးများကိုတွေ့လိုက်ရသည် ။

သူက သူ့၏ခေါင်းပေါ်ကနေ သွေးဆာနေသော လေငွေ့နွေးနွေးကိုခံစားလိုက်ရသည် ။ အပေါ်ကိုမော့ကြည့်လိုက်သောအခါ သူကထိုအရိပ်ကဘာလဲကို တွေ့သွားသည်။

ဂူအောင်းခြ င်္သေ့

ဘာလို့ဒီမှာ ဂူအောင်းခြ င်္သေ့ရှိနေတာလဲ

သားရဲလား

မဟုတ်ဘူး ၊မဟုတ်ဘူး။

ပုံမှန်သားရဲတစ်ကောင်ဆိုလျှင် ထိုမျှလောက် အင်အားကြီးပုံမပေါက်ပေ။ ဒီတော့ ဒါကအဆင့်မြင့်သားရဲများလား ၊

သူထိုအကြောင်းကိုမတွေးနိုင်ခင် သူ၏ပါးစပ်ကြီးကပွင့်လာပြီးသူ၏သွားစွယ်များက သူ့ကို ကိုက်ဖို့ကြိုးစားလာသည် ။ သူပြန်တိုက်ခိုက်ဖို့ ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပေ ။

အား....

သစ်တောထဲမှာ လရောင်အောက်တွင် ကျူးကျော်သူတွေကျောရိုးများကို စိမ့်သွားစေသည်အထိ တုန်လှုပ်သွားစေသော အော်ဟစ်နေသံများကိုကြားရသည် ။ သူ့ကိုထက်ပိုင်းဖြတ်ခံရလျှင်ပင် ဒီလိုကြောက်လန့်တဲ့ငိုသံမျိုးကြားရမည်မဟုတ်ပေ ။

သို့ပေမယ့် ဘာကများသူကိုဒီလိုအော်သံမျိုးထွက်လာပါစေသနည်း။

ထိုသို့အဖြစ်များ ကူမျိုးနွယ်စု နေရာအနှံ့တွင်ဖြစ်ပွားနေသည် ။

ထိုအခိုက်တွင် မီးတောက်ဦးချို မျိုးနွယ်စု ရေတပ်ရှိသည့်နေရာတွင် မွေးမြူထားသော သားရဲများအားလုံးထွက်သွားကြသည် ။

ပုံရိပ်တခုက သစ်တောထဲမှာ တစ္ဆေတစ်ကောင်လို ဘာသံမှမကြားရပဲထွက်လာလေသည် ။

ရေတပ်အနားက သားရဲကြီးများကအဝေးကို ထွက်သွားကြရာ ထိုအတွက်ကြောင့် ရေတပ်ကသင်္ဘောများဆိုက်ကပ်ထားသည့် ပိုင်နက်ထဲတွင် စောင့်နေသော သားရဲများထိုအချိန်တွင် တစ်ကောင်မှ မရှိပေ။

ဤကျူးကျော်မှုက အရင်ထက်အလွန်ပို၍ခက်ခဲသွားသည် ။ အာဇာနည်မျိုးနွယ်စုထဲက ပုန်းအောင်းရာတွင် တော်သည့်သူများထဲက တစ်ယောက်အနေနဲ့ သူက သူတို့၏ခံစစ်ကို ကျော်လာနိုင်ခဲ့သည့်သူများထဲက တစ်ယောက်ဖြစ်သည် ။ မူလက ကူမျိုးနွယ်စုကရေလကျောက်များကိုရဖို့ ရေလမ်းမှတိုက်ရိုက်သွားဖို့ တွေးထားခဲ့သည် ။ သို့ပေမဲ့ မြစ်ထဲတွင် သင်္ဘောကြီးများကိုတွေ့ပြီးသည့်နောက် သူဒီနေရာကိုလာခဲ့သည် ။

သူ့ရှေ့က သင်္ဘောကြီးကိုကြည့်ပြီး ထိုလူကမရေမရဖြစ်သွားသည် ။

ဒါက တကယ် လုံကျိုးမျိုးနွယ်စုကသင်္ဘောတွေ မဟုတ်ဘူးလား။

ဘာလို့ ဒီသင်္ဘောတွေက ဒီလောက်ကြီးရတာလဲ လုံကျိုးမျိုးနွယ်စု နဲ့ လုံကျိုးမျိုးနွယ်စုကနေ သင်္ဘောကြီးများအတွက် ပစ္စည်းအများအပြားအလဲအလှယ်လုပ်ကြသူများကလွဲရင် အခြားဘယ်သူက ဒီလို သင်္ဘောကြီးတွေလုပ်နိုင်ကြတာလဲ ။

သေချာလေ့လာစူးစမ်းပြီးတဲ့နောက် ဒီသင်္ဘောကိုလုပ်ထားတဲ့သစ်သားကြီးတွေဟာ သူအရင်ကမမြင်ဖူးဘူးဆိုတာကို သူသိသွားသည် ။

အာဇာနည်မျိုးနွယ်စုကအကြီးအကဲတောင်မှ ဒီလိုသစ်ပင်ကြီးများကိုတွေ့ဖူးမည်မဟုတ်ပေ ။

ဒါဆိုရင် ဒီသင်္ဘောတွေရဲ့ပိုင်ရှင်က ဘယ်ကနေလာတာလဲ ။

သို့ပေမယ့် သူက ထိုမေးခွန်းမျိုးကို အကြာကြီးမစဉ်းစားပါပေ။ သူက ဒီသင်္ဘောကြီးတွေမှာ တန်ဖိုးရှိတဲ့အရာတွေအများကြီးရှိနိုင်သည်ဟုသာ တွေးလိုက်သည် ။ မီးလျှံသလင်းကျောက်များပင် တွေ့လျှင်တွေ့နိုင်လေသည် ။ သူက သူ့လောဘများကို ခေတ္တမျှ ထုတ်ပြလိုက်မိသေးသည် ။ ထိုနေရာကိုသွားဖို့ဆိုလျှင် စစ်သည်တော် အများကြီး ပတ်ပတ်လည်တွင် စောင့်ကြပ်နေသည့်အတွက် ရေထဲမှသွားဖို့ ဆုံးဖြတ်လိုက်သည် ။

ကူမျိုးနွယ်စုမှာ မိချောင်းတွေအားလုံးထွက်ခွာသွားကြသည် ။ ဒီအချိန်မှာ ရေထဲကနေဖြတ်သွားလျှင် လုံခြုံမည်ဆိုတာကို သူကသိလေသည် ။ ကူမျိုးနွယ်စုကိုဝင်ဖို့အတွက် အာဇာနည်မျိုးနွယ်စုကသူများက ရေထဲမှာ ကူးပြီးသွားတတ်ဖို့လေ့ကျင့်ခဲ့ရသည် ။ ထိုကြောင့် သူ့အတွက်ရေကို ဖြတ်ပြီးကူးဖို့ မခက်ခဲလှပါပေ။

သူက တခြားနေရာကနေ ထွက်လာခဲ့ပြီး အကြီးဆုံးသင်္ဘောကြီးနဲ့အနီးကိုကပ်သွားလိုက်သည် ။ အကြီး

ဆုံးသင်္ဘောကြီးထဲမှာ တန်ဖိုးအရှိဆုံးအရာများ ရှိနေနိုင်သည်ဟုသူကထင်လိုက်သည် ။

တိတ်ဆိတ်စွာနဲ့ သူကရေအောက်ကို ဒိုင်ဗင်ထိုးချလိုက်ပြီး ရေတပ်များဆီကူးသွားလိုက်သည် ။

သူရေကူးနေသည့်အချိန်တွင် သူ့ကြောင့်မဟုတ်ဘဲ သူအနားကရေများ ရွေ့လျားနေသည်ကိုသူတွေ့လိုက်ရသည်။

ဒါဆိုဘာလဲ?

နောက်ကိုပြန်မလှည့်နိုင်ခင်မှာ ချိတ်ကောက်လိုပါးစပ်ကြီးက သူကိုကိုက်ဖို့ကြိုးစားပြီး သူ့ခါးကိုဖမ်းမိသွားကာ ပါးစပ် ပြန်ပိတ်သွားသည် ။

သွေးများဟာ ရေအောက်မှာပျံ့နှံသွားသည် ။

သင်္ဘောပေါ်မှာရပ်နေရင်း လှိုင်းလုံးများနဲ့ ရေများထဲမှာ အနက်ရောင်အရည်များထွက်လာသည်ကို စစ်သည်တယောက်ကတွေ့လိုက်ရသည်။ ဘာမျက်နှာအမူအရာမှမရှိဘဲ သူကပတ်ပတ်လည်ကို ကျူးကျော်သူများရှိနိုင်မလားဟူ၍ကြည့်လိုက်သည် ။ လိပ်ကြီးကရေအောက်ကိုစောင့်ကြပ်ပေးသည် ။

…….

ရေလကျောက်စမ်းချောင်းမှာ ကူမျိုးနွယ်စုက ကလေးများက ထိုထဲကနေ ရေလကျောက်များကိုကောက်ယူနေကြသည် ။ လူကြီးများကတော့ သူတို့ကိုကြည့်နေပြီး သူတို့က ရေလကျောက်ကို လာလူမည့်သူများပေါ်လာမည် စိုးရိမ်ရသည့်အတွက် အလွန်သတိကြီးကြီးထားကာ စောင့်ကြည့်နေကြသည် ။

သို့ပေမယ့် ထူးဆန်းစွာ ယခုအချိန် သူတို့ကျူးကျော်သူတစ်ယောက်ကိုမှ မတွေ့ရသေးပေ ။ သူတို့ကအဝေးကနေ အော်သံ၊ဟစ်သံများကိုကြားရသော်လည်း တစ်ယောက်ကိုမှမမြင်ရသေးပေ ။

သစ်တောထဲမှာတော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည် ။

“ ဝေါင်း “

သားရဲဟိန်းသံများ သစ်တောထဲမှာထွက်လာသည် ။

သူတို့ကဒါဘာလဲဟု တွေ့နေသည့်အချိန်မှာပင် ပထမအသံနဲ့အနည်းငယ်ကွာသည့် နောက်ထပ်သားရဲဟိန်းသံတစ်ခုကိုကြားလိုက်ရသည် ။ ဒါကမတူတဲ့သားရဲအကောင်နှစ်ကောင် အမျိုးအစားမှန်းတော့ သူတို့သိကြသည်။

“ သားရဲနှစ်ကောင်လား “

ပုန်းနေတဲ့သူများက တွေးလိုက်ကြသည် ။

သို့သော်လည်း ဒါကအပြီးသတ်မဟုတ်သေးဘဲ

အခြားသောအော်ဟစ်သံနှစ်ခုကိုလည်းကြားလိုက်ရသည်။ သစ်တောမှာတုန်ခါ၍နေသည် ။

မတူညီတဲ့သားရဲနှစ်ကောင်၏အသံများ တစ်ခုပြီးတစ်ခုထွက်လာခြင်းသည် တခုခုကိုသတင်းပို့သည့်နှင့်တူနေသည် ။

ထိုအခိုက်အတန့်တွင် မျိုးနွယ်စု မလှမ်းမကမ်းမှာ ရပ်နေတဲ့ အာဇာနည်မျိုးနွယ်စုနဲ့ကျန်းမျိုးနွယ်စု နောက်ကိုလိုက်လာပြီး ကောင်းတာတခုခုလုဖို့ကို စဉ်းစားထားသည့်လူများက ရုတ်တရတ် ရပ်ပစ်လိုက်ကြသည် ။

အကြီးအကဲက အနည်းငယ်ဝလေသည် ။

သစ်တောထဲမှာ ဟိန်းသံတွေကြားလိုက်ရသည့်အခါ သူ့မျက်နှာကအဆီများ အကြိမ်ကြိမ်ရှုံ့မဲ့သွားသည် ။ ဓားကိုကိုင်ထားတဲ့သူ၏လက်များဖျော့တော့လာပြီး သူ့မျက်နှာကို ဘေးမှာရပ်နေသည့်

တစ်ယောက်ယောက် ဖြတ်ရိုက်လိုက်သည့်အလား သူနှုတ်ခမ်းကလည်းမဲရွဲ့သွားသည် ။

သူတို့က ကူမျိုးနွယ်စုမှာ ကူညီမည့်သူများရှိသည်ကိုသာသိရပြီး သူတို့ဂရုမစိုက်ခဲ့ပေ ။

“ အကြီးအကဲ ကျွန်တော်တို့သွားသင့်ရဲ့လား “

သူ့နောက်က စစ်သည်တော်က တုန်တုန်ယင်ယင်မေးလေသည် ။

“ တစ်ခုခု တော့လွဲနေပြီ “

ခေါင်းဆောင်နေသောသူက အသံအော အောဖြင့် ပြောသည် ။ သူက ကူမျိုးနွယ်စုထဲကို ဘာဖြစ်နေသလဲသိရဖို့ ဝင်မကြည့်ရသေးသော်လည်း မျိုးနွယ်စုနှစ်ခုက သူတို့အတွက်သတင်းဆိုးဟုပြောရမည့် ရေလကျောက်များကို လုနေကြသည်ကိုတော့သိသည် ။

သူက ကူမျိုးနွယ်စုက အာဇာနည်မျိုးနွယ်စု နဲ့ ကျန်းမျိုးနွယ်စု တို့ပူးပေါင်းထားသော တိုက်စစ်ကို နိုင်လိမ့်မည်ဟု မထင်ထားပေ ။ သူအရင်က မယုံနိုင်စရာ ကိစ္စများကြားဖူးသော်လည်း ဒါက သူ့အနေနဲ့ ဒီလို အခြေအနေကို ပထမဆုံးအကြိမ်တွေ့ကြုံရဖူးခြင်းဖြစ်သည့်အတွက် သူ့ကိုယ်သူ စိတ်အေးအောင် မပြုလုပ်နိုင်ပေ။

“ အကြီးအကဲ ဟိုက ငှက်တကောင် “

စစ်သည်တော်တစ်ယောက်က ခေါင်းဆောင်နေသောသူကိုပြောလေသည် ။

အတန်းလိုက်က လူအားလုံး ကြည့်လိုက်ကြသည် ။

သူတို့နဲ့ သိပ်မဝေးသော သစ်ပင်ပေါ်တွင် အဖြူရောင်ငှက်တကောင် ရှိလေသည် ။ အတိအကျပြောရရင် ကျီရဲ့ သရဖူစွန်ရဲလိုအကောင်ကြီးသည့် သိမ်းငှက်တ

ကောင် ဖြစ်သည် ။

သူတို့က ဒီလို နှင်းလိုဖြူနေတဲ့ အရိုင်းမဟုတ်သည့် သိမ်းငှက်မျိုးမတွေ့ဖူးသေးပေ ။

“ ဒါလား “

“ ဒါ ကူမျိုးနွယ်စုက ငှက်မွေးမျိုးနွယ်စုကနေ လဲထားတဲ့ငှက်များလား “

All Chapters