လက်ဆောင်
Vol. 16 Ch. 235
ဒီလိုငှက်အမျိုးအစားအများစုကို အခြေအနေများကိုကင်းထောက်လှမ်းရန် သုံးကြလေရာ ယခုထိုငှက်ကိုတွေ့သောအခါ သူတို့ပထမဆုံးတွေးမိသည်က ငှက်မွေးမျိုးနွယ်စုမှာ မွေးမြူထားခြင်းဖြစ်မည်ဟုတွေးမိသည် ။
“ ငါတို့ရဲ့လှုပ်ရှားမှုတွေကို အဲဒီငှက်က ကူမျိုးနွယ်စုကိုပြန်ပြောမှာလား “
စစ်သည်တော်တစ်ယောက်က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ သူတို့က အာဇာနည်မျိုးနွယ်စုကလူများထက် သေရမှာကိုပိုပြီးကြောက်ကြသည်။ သူတို့ဘာမှမရလျှင်တောင်မှ သူတို့အသက်ကိုအဆုံးရှုံးမခံနိုင်ပေ။
ခေါင်းဆောင်က သူ့ရဲ့မကျေနပ်မှုနဲ့ဒေါသထွက်မှုကိုပြသသည့်အနေနဲ့ ဆဲရေးလိုက်သည်။
“ ငါ့ကိုလေးပေးစမ်း “
သူ့နောက်လိုက်တစ်ယောက်ပေးသည့်လေးကို ယူလိုက်ကာ သူက လေးကို သစ်ပင်ပေါ်မှာအိပ်နေသည့်အလား အနားယူနေသည့် ငှက်အဖြူကြီးကိုချိန်ကာ လေးကိုစွဲလိုက်လေသည် ။ သူ့မျက်လုံးများကတော့ ရက်စက်၍နေလေသည် ။
ဝှစ်...
လေးကြိုးများတုန်ခါ၍ သွားသည် ။ မြှားဟာ အရှိန်ပြင်းပြင်းပျံထွက်သွားပြီး စူးရှသောအသံပင် လေကိုပွတ်တိုက်၍ထွက်လာခဲ့သည် ။ အရှေ့ကသစ်ရွက်များမှာ ဖောက်ထွင်းခံလိုက်ရပြီးသစ်ကိုင်းများမြေပြင်ပေါ်သို့လည်းကျသွားသည်
ရွှတ်...
မြားဟာ သစ်ပင်ပေါ်ကသစ်ကိုင်းမှာစိုက်ဝင်သွားပြီး မြားနောက်ဖျားကတော့တုန်ခါ၍နေသေးသည် ။ သို့သော်လည်း ပစ်မှတ်ကိုလွဲချော်ယူသွားလေသည် ။ သူကငှက်ကိုထိမည်ဟုထင်ထားသော်လည်း မအောင်မြင်ခဲ့ပေ ။ ထိုနေရာမှာရပ်နေသော ငှက်ကပျောက်သွားလေသည် ။
“ ငှက် ဘယ်ရောက်သွားလဲ “
ခေါင်းဆောင်က ရုတ်တရက်အန္တရာယ်အမှုအသက်ကို ခံစားလိုက်ရသည် ။ ကူမျိုးနွယ်စု၏ဒီနေရာက အန္တရာယ်များလေသည် ။ထို့ကြောင့် သူတို့ထင်ထားသလို မဖြစ်လာဘဲ ဗဟိုဒေသကအခြားသောသူများလည်း ဒီနေရာကိုလာခဲ့ကြသည် ။
အလယ်ပိုင်းဒေသကမျိုးနွယ်စုတွေက ကူမျိုးနွယ်စုကို တိုက်ခိုက်ခဲ့ခြင်းမရှိသည်မှာ အမှန်ဖြစ်သည်။ မည်သူကမှ သူတို့တိတ်တဆိတ်တခုခုလုပ်သွား
သလားကိုတော့ မသိနိုင်ပေ။ မျိုးနွယ်စုကြီးများမှ လွဲရင် ဗဟိုဒေသမှအခြားသောမျိုးနွယ်စုများက ပါဝင်လာသည်ဆိုလျှင် သူတို့ကလည်း ပါဝင်လာကြမည်ဖြစ်သည် ။
ထိုငှက်မှာ ဗဟိုဒေသက မျိုးနွယ်စုတစ်ခုခုကလူများ ခေါ်လာခဲ့ခြင်းဖြစ်နိုင်သည် ။ ပြီးတော့ သူတို့ကြားခဲ့ရတဲ့ သားရဲအော်သံများက သူတို့နဲ့ဆက်စပ်၍ နေနိုင်သည် ။
သူတို့က ကူမျိုးနွယ်စုမှာဘာဖြစ်သွားသလဲကို မသိကြသော်လည်း ဒါက သူတို့ရင်ဆိုင်နိုင်တဲ့အရာမျိုးညမဟုတ်သည်ကိုတော့ သူတို့လက်ခံသွားကြသည် ။
“ ပြန်ဆုတ်ကြ “
ခေါင်းဆောင်က လေးကိုအဝေးသို့လွှင့်ပစ်ကာ ငိုလေသည် ။
သို့ပါသော်လည်း အလွန်နောက်ကျသွားလေသည် ။
အဖြူရောင်အရိပ်တစ်ခုက ဖြတ်ခနဲပေါ်လာသည် ။
သူ့ဦးရေပြားများ အေးခဲသွားသည်ကို ခံစားရပြီး သူ့ခေါင်းပေါ်တခုခုရောက်လာလေသည် ။ သူက နာကျင်မှုကို မခံစားရသော်လည်း သွေးများထွက်လာပြီး သူ့မျက်လုံးကိုအုပ်သွားလေသည် ။
“ အကြီးအကဲ “
“ အကြီးအကဲ “
သူတို့အကြီးအကဲ၏ ဦးရေခေါင်းခွံအပိုင်းတစ်ခု မရှိတော့ဘဲ သွေးများ ဆက်ကျနေကာ လဲကျ၍သွားသည် ။ သူတို့က ဒါကိုမြင်တော့ ရုန်းရင့်ဆန်ခပ် ဖြစ်သွားပြီး အော်ဟစ်ကာ ထွက်ပြေးကြသည် ။
ထို့ကြောင့် သစ်တောထဲမှာနဲ့အပြင်ဘက်တွင် လူတို့၏ကြောက်ရွံ့မှုများ ပြည့်၍သွားသည် ။
ငှက်အဖြူကြီးက သူ့လက်သည်းများက သွေးများ၊ အသားများကိုခါပစ်လိုက်သည် ။ အဲဒီနောက်မှာတော့ သစ်ပင်ပေါ်ကို ပြန်ပြီးအနားယူနေသည် ။ ထိုငှက်ကြီးက ညဘက်တွင် ဘာမှမလှုပ်ရှားလိုပါ ။ သူက သေချာအနားယူဖို့ တွေးထားလေခြင်း ဖြစ်သည် ။ မထင်မှတ်ထားပဲ တိုက်ခိုက်ခံလိုက်ရသည် ။
ကွေ့ဟယ်တို့က အစိမ်းရောင်နယ်မြေကနေပြန်ပြီးယူလာပြီး မီးတောက်ဦးချိုမျိုးနွယ်စု၏နတ်ဆေးဆရာက ယဉ်ကျေးအောင် ပြုလုပ်ပေးထားရာ မီးတောက်ဦးချိုမျိုးနွယ်စုက သူများကို တိုက်ခိုက်လိုစိတ်မရှိပါပေ ။ သို့ပေမယ့် အခြားသောမျိုးနွယ်စုများကိုတော့ ယဉ်ကျေးဖော်ရွေခြင်း မရှိပါပေ ။
သူက ဆက်လက်အနားယူမလို့ ပြင်သည့်အချိန်တွင် ကောင်းကင်ပေါ်မှ တစ်ခုခုကပျံလာခဲ့သည် ။ အဖြူ
ရောင်ငှက်ကြီးက သူ့ကိုကျော်ပြီး ပျံသွားသည့် ချာချာကိုကြည့်ကာ ဆက်လက်အနားယူနေသည်။ ကူမျိုးနွယ်စုထဲမှာတော့ ကျူးကျော်တိုက်ပွဲဟာ အဆုံးသတ်ခါနီးလာပြီဖြစ်သည် ။ ကူ မျိုးနွယ်စုနှင့် အရင်ကတိုက်ခိုက်ဖူးခဲ့သောတိုက်ပွဲများထက် အချိန်ပို၍တိုတောင်းလေသည် ။
ရေလစမ်းချောင်းထဲမှာ ရေလကျောက်များအားလုံးကို ရေထဲကနေကောက်ယူပြီးဖြစ်သည် ။ ရေများကလည်းတဖြည်းဖြည်းနဲ့ပြန်လည်နောက်ကျိလာသည် ။ ဒီတစ်ကြိမ်တော့ ကူမျိုးနွယ်စုက ရေထဲကနေပိုကြီးသည့် ရေလ ကျောက်များထွက်လာခဲ့သည့်အတွက် ကောင်းကောင်းအကျိုးအမြတ်ရလေသည် ။
လူကြီးများက သူတို့၏ကလေးများကို ကာကွယ်ပေးပြီး အိမ်ကိုမြန်မြန်ပြန်ကြသည်။
ကူမျိုးနွယ်စုကလူများက ပျော်ရွှင်နေပြီး သစ်တောထဲမှာ ပုန်းကွယ်နေသောကျူးကျော်သူများကတော့
နောက်ဆုတ်ရာတွင်မအောင်မြင်တော့ပေရာ သူတို့ကသေရမှာကိုကြောက်ရွံလာသည် ။ အော့က လူတစ်ယောက်ကို ဆွဲလာပြီး ကူမျိုးနွယ်စု၏အလယ်ကိုလမ်းလျှောက်လာသည် ။
“ ဟား..ဟား...ဟား..ဟား.. “
အော့လက်ထဲမှာ ဆွဲခေါ်လာခြင်းခံရတဲ့ကျီက အသိစိတ်မဲ့စွာ ရယ်မော၍နေသည် ။ သူ့မျက်နှာကရှုံ့မဲ့ပြီး ရူးနေသောသူတစ်ယောက်နှင့်တူနေသည် ။ အာဇာနည်မျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စုမှာ ပစ္စည်းကောင်းများကို အများကြီးလုယူဖို့ ကြံစည်ထားကြသော်လည်း သူတို့ထဲက မည်သူကမှ ဘေးကင်းကင်းနဲ့ မပြန်နိုင်တော့ပေ ။
မီးတောက်ဦးချိုမျိုးနွယ်စုသည် ထိုသို့ သန်မာသောမျိုးနွယ်စုတစ်ခုဖြစ်သည် ။ သူတို့ ဘာလို့အရင်ကမကြားဖူးရသလဲ ။
ကျီ တွေဝေသွားသည် ။ သူသာ မီးတောက်ဦးချိုမျိုး
နွယ်စုနဲ့အခြားမျိုးနွယ်စုတစ်ခုအကြားက တိုက်ပွဲကိုသာ မြင်ဖူးခဲ့လျှင် သူတို့အဖွဲ့ကို နောက်ထပ်လူတစ်ထောင် ထပ်ပြီးတော့ပါဝင်လာဖို့ကို သူငြင်းဆိုလိုက်မည်မဟုတ်ပေ။ ကံဆိုးစွာနဲ့ ဒီမီးတောက်ဦးချိုမျိုးနွယ်စုက ရုတ်တရက်ပေါ်လာခဲ့ပြီး သူတို့ကျူးကျော်သူများကို မမေ့နိုင်စရာကောင်းလောက်အောင် နာကျင်သည့် သင်ခန်းစာများကို အကြမ်းပတမ်းနည်းဖြင့် သင်ပေးခဲ့လေသည် ။
ကျီက ယခုမလှုပ်နိုင်တော့ဘဲ သူကအဖမ်းခံရခြင်း၏အကျိုးဆက်ကိုသိလေသည် ။ သူက ကူမျိုးနွယ်စုကသူတွေ သူ့ကိုအလွန်မုန်းကြသည်ကိုလည်း ကောင်းကောင်းသိလေသည် ။ သူက သူ့ခန္ဓာကိုယ်က နတ်စွမ်းအင်တွေအားလုံးကို ထိန်းချုပ်လိုက်ကာ နှလုံးမှာစုလိုက်ပြီး ရိုက်ခတ်လိုက်သည် ။
ဗွက်
ကျီ့ပါးစပ်ကနေ သွေးတစ်ကွက်အန်ထွက်လာသည်
။ သူကညအသက်ရှုတာရပ်သွားသည် ။
အော့ကခေါင်းကိုငုံပြီး သူ့ကိုကြည့်လိုက်သည်။ သူ့မျက်နှာက တည်ငြိမ်နေကာ သူက ရပ်ပင်မရလိုက်ပေ။ သူကဒီလူကို ကူမျိုးနွယ်စုကိုပစ္စည်းတွေအများကြီးအလဲလှယ်လုပ်ရန်အတွက် ပေးဖို့တွေးထားခြင်းဖြစ်သည် ။ ထိုလူ အသက်ရှင်နေပါစေ၊သေနေပါစေ ကိစ္စမရှိပေ ။
အော့ကအခြားမျိုးနွယ်စုကလူများကို ဂရုမစိုက်ပါပေ ။ သူတို့က ရုတ်တရက် လင်းယုန်၏အော်မြည်သံကို ကြားလိုက်ရသောအချိန်တွင် ခဲ့ခဲ့နဲ့အခြားသူများက သန့်ရှင်းခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။ ထို့နောက် အရာဝတ္ထုတစ်ခုကျလာလေသည် ။ မြေပေါ်ကိုကျလာသောအရာမှာ သူ့အတောင်များကို ခဏမျှတဖျတ်ဖျတ်ခတ်နေပေမယ့် သူ့အတောင်များဟာ ဒဏ်ရာရနေသည့်အတွက်ကြောင့်မပျံနိုင်တော့ပေ ။
အကယ်၍ အာဇာနည်မျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စုသာ ဒီမှာရှိလျှင် သူတို့က ဒါက ငှက်မွေးမျိုးနွယ်စုကနေ လဲလာခဲ့တဲ့ သရဖူစွန်ရဲဆိုတာကို မှတ်မိကြလိမ့်မည် ဖြစ်သည်။ ထိုငှက်က အရင်က အမိန့်များကို မလိုက်နာလိုတော့သော်လည်း ယခု ချာချာဖမ်းခြင်းကိုခံလိုက်ရသည် ။ ထို့ကြောင့် သူက မာန်မာနမကြီးတော့ဘဲ ခရုတစ်ကောင်ကဲ့သို့ ကွေး၍နေသည် ။
“ ဒါဘာလဲ “
“ ကြည့်ရတာတော့အရသာရှိမယ်ပုံပဲ “
“ ငါတို့ဒီညအတွက် ညစာများပိုရှိလာတော့မှာလား “
ခဲ့ခဲ့နဲ့အခြားသူများက ဒီနေရာကိုရောက်လာကြသည်။
ရှောက်ရွှမ်က သရဖူစွန်ရဲကို ကောက်ကိုင်ကြည့်ကာ ပြောလိုက်သည် ။
“ အခုတော့ ငါတို့စားလို့မရသေးဘူး “
ရှောက်ရွှမ်ပြောတာကို ကြားရပြီးတဲ့နောက် ခဲ့ခဲ့နဲ့အခြားသူများက တော့ ငှက်ကိုစိတ်မဝင်စားတော့ဘဲ ပုန်းအောင်းနေသောကျူးကျော်သူများကို ဆက်လက်ရှာဖွေနေကြသည် ။
ရှောက်ရွှမ်က ဘာကြောင့် ချာချာ ဒီငှက်ကိုပြန်ယူလာသလဲကို သိသည် ။ ကျူးကျော်သူများနဲ့တစ်ခုခုတော့ပတ်သက်၍နေရမည်။
ရှောက်ရွှမ်က ဒီငှက်ကို ကူမျိုးနွယ်စုကလူတွေဆီယူသွားပြီး သူအသုံးဝင်တဲ့ သတင်းအချက်အလက်များ ရမလားသိလိုသည် ။အကယ်၍ အသုံးမဝင်ဘူးဆိုပါက သူတို့စားပစ်နိုင်သည် ။
ဗဟိုဒေသကသူများ စျေးကြီးပေးကာ အလဲအလှယ်
လုပ်ကြရသည့် သရဖူစွန်ရဲမှာ မီးတောက်ဦးချိုမျိုးနွယ်စု၏ အစားအစာစာရင်းထဲသို့ တန်းရောက်သွားလေသည် ။
နောက်တနေ့ အာရုဏ်တက်လာသောအခါ မီးတောက်ဦးချိုမျိုးနွယ်စုမှာ သူတို့သုံးခါလောက် သန့်ရှင်းဖို့လိုသည့်နေရာများကို သန့်ရှင်းပြီးကြလေပြီ ။
“ ပြီးပြီ “
“ ပြီးသွားပြီ “
ကူမျိုးနွယ်စုကလူများကလည်း မယုံနိုင်သောခံစားချက်များရှိနေပြီး မိန်းမော၍နေကြသည် ။
သူတို့က ပြင်းထန်စွာခုခံရမည့်တိုက်ပွဲဟု တွေးထားပြီး မိကျောင်းများကို ခေါ်ဖို့ကြိုးစားကြရန်ပင်တွေး
ထားမိသည် ။ သို့ပေမဲ့ သူတို့က မီးတောက်ဦးချို မျိုးနွယ်စု၏ ခွန်အားကို လျှော့တွက်မိသွားလေးည် ။
စစ်ဒဏ်ခံရသည်များ ရှိသော်လည်း သူတို့ထင်ထားတာထက်တော့ အခြေအနေပိုကောင်းသည် ။
မီးတောက်ဦးချို မျိုးနွယ်စုလည်း ဒီတကြိမ်တော့ စစ်ဒဏ်ကို အတော်ခံစားလိုက်ရသည် ။ စစ်သည်တော်နှစ်ဦးသေဆုံးပြီး လူအနည်းငယ် ဒဏ်ရာရခဲ့လေသည် ။ သူတို့က အမဲလိုက်ခရီးစဥ်တွင် ထိုသို့ဆုံးရှုံးမှုများကြုံရကြသည့်အတွက် ထိုအတွက်ကြိုတင်ပြင်ဆင်ထားကြသည် ။
ကျဆုံးသူများအတွက် အသုဘအခမ်းအနား ကျင်းပလေသည် ။
သူတို့က အရိုးများ မီးမျိုးစေ့၏ မီးတောက်များအကြားလောင်မြိုက်သွားသည်ကို မြင်နေရသည် ။
မျိုးနွယ်စုက သေဆုံးသွားသော စစ်သည်တော်များကို အခြားနေရာများမှာ မြေမြုပ်ခွင့်မပြုပေ ။ ရိုးရာအရ သူတို့ကိုယ်လုံးများကို မီးမျိုးစေ့၏ မီးတောက်များနဲ့ လောင်ကျွမ်းစေကြသည် ။
နတ်ဆေးဆရာကတော့ စစ်သည်တော်များ၏ ဝိညာဥ်များကို မီးမျိုးစေ့ထဲသို့ပေါင်းထည့်လိုက်ပြီး ဘိုးဘွားပိုင်မြေကို အခြားသူများနှင့်ပြန်လာမည်ဖြစ်သည် ။
မီးတောက်ဦးချိုမျိုးနွယ်စု၏ အကူအညီပေးမှုကို ကျေးဇူးတင်သည့်အနေနဲ့ ကူမျိုးနွယ်စုက အကြီးအကဲနဲ့နတ်ဆေးဆရာက ရေလကျောက်ကို ခြင်းဆယ်ခြင်းဖြင့် ပို့ပေးလေသည် ။
၎င်းသည် မိသားစုအများကြီးက ပေးလိုကြသည့် လက်ဆောင်များဖြစ်သည် ။ ၎င်းတို့က အကြီးဆုံးနဲ့အတောက်ပဆုံးရေလကျောက်များဖြစ်ကြသည်။ ခြင်းများဟာ ကျောက်တုံးများဖြင့်ပြည့်နေပြီးသာမန်
အသုံးပြုနေကျထက် အဆများစွာ များလေသည် ။
အော့က အကုန်လုံးလက်ခံလိုက်ပြီး အိုးအများအပြားရရှိလေသည်။ သူတို့ ဒီကိုရောက်ကတည်းက မျိုးနွယ်စုက အများစုဆီကနေ အိုးဘယ်လိုလုပ်ရမလဲ သင်ယူနေကြသော်လည်း သူတို့ကအရင်ကဤသို့အရာမျိုးများ မရှိဖူးကြသည့်အတွက် သူတို့ကိုပေးသည့်အိုးများကို သူတို့ကနှစ်သက်နေဆဲဖြစ်သည်။
တိုက်ပွဲပြီးသည့်နောက် သူတို့က ရက်အနည်းငယ်လောက်အနားယူလိုက်ကြသည်။ မီး တောက်ဦးချိုမျိုးနွယ်စုဝင်များက ဗုံမျိုးနွယ်စုဝင်များ နေရာတွင် ရက်အနည်းငယ်မျှနေကြသေးသည် ။
ထိုရက်များတွင် သူတို့က အခက်အခဲများနှင့်လည်းရင်ဆိုင်ရသည်။ ပြန်လာသည့်မိကျောင်းများက ဒီမှာရှိသောအဆင့်မြင့်သားရဲများကို အပြင်းအထန်ရန်လိုနေကြသည့်အတွက် သူတို့ကရေတပ်ပတ်ဝန်းကျင်မှ အုပ်စုလိုက် ဝန်းရံ၍နေကြသည်။ အကယ်၍ သူတို့
ဘာ မတားလျှင် သူတို့အချင်းချင်း တိုက်ပွဲဖြစ်သွားနိုင်သည် ။
သားရဲများအကြားမှာ မိကျောင်းလိပ်ကတော့ အထူးခြားဆုံးအကောင်ဖြစ်သည် ။ သူကမြစ်ထဲမှာတစ်ခါနေပြီးကတည်းက မိကျောင်းများနှင့်အေးအေးချမ်းချမ်း အတူနေထိုင်နိုင်လေသည် ။
“ အားလုံးပြန်ပြီး သက်သာသွားရင်ထွက်ကြတာပေါ့”
အော့က ပြောလေသည် ။
“ ကောင်းတယ် ၊ ဒါပေမဲ့ အခုဘယ်ကိုသွားမလဲ “
နတ်ဆေးဆရာက မေးလေသည် ။
မည်သူကမှပြန်မဖြေပေ ။
အချိန်ခဏကြာပြီးနောက် အောက်ကမိကျောင်းနှင့်
စကားပြောနေသည့် ရှောက်ရွှမ်ကို နတ်ဆေးဆရာက ခေါ်လိုက်သည်။
“ ရှောက်ရွှမ် “
မျက်လုံးအရောင်ရင့်ရင့်များနှင့် အသံတိတ်နေသောမိကျောင်းကို စကားပြောနေသည့် ရှောက်ရွှမ်က သူ့နာမည်ကို နတ်ဆေးဆရာခေါ်သည်ကိုကြားသည်နှင့် သူနဲ့တစ်ခုခုကိုဆွေးနွေးစရာရှိမှန်းသဘောပေါက်လိုက်သည် ။ ထို့နောက် သူက မိကျောင်း၏ မာကျောသော ခေါင်းကြီးကို ပုတ်လိုက်လေသည် ။
“ သွားတော့၊ ငါသွားရဦးမယ် “
အဲဒီနောက်မှ ရှောက်ရွှမ်ကနောက်ကိုပြန်လှည့်လိုက်ပြီး သူ့ဘောင်းဘီအစများ အကိုက်ခံလိုက်ရသည်။ ဒီငတုံးမိကျောင်းက တော့အကြိမ်အနည်းငယ်လောက် ယမ်းခါသွားသည် ။ အစားအစာများ ဆွဲဖြဲသည့်အခါ
မျိုးကဲ့သို့ ယမ်းခါခြင်းမျိုးတော့မဟုတ်ဘဲ ညင်ညင်သာသာဖြစ်ရသည် ။
“ ဘာဖြစ်တာလဲ “
ရှောက်ရွှမ်က ရေထဲကမိကျောင်းကို ကြည့်လိုက်သည်။
သူနောက်တစ်ခါသာထပ်ပြီး ကိုက်ကာ ယမ်းခါလိုက်လျှင် သူ့ဘောင်းဘီက လုံးဝပျက်စီးသွားပေမည်။ သူ့ဘောင်းဘီကို လွှတ်လိုက်ပြီး ရှောက်ရွှမ်ကိုကြည့်ကာ ရေအနက်ထဲသို့ပြန်ကူးသွားသည်။
ရှောက်ရွှမ်က သင်္ဘောကုန်းပေါ်ကိုပြန်တက်လာပြီး လုပ်ငန်းစဉ်များကို နတ်ဆေးဆရာနဲ့ဆွေးနွေးနေသည် ။ ဆွေးနွေးပြီးတဲ့နောက် သူက သင်္ဘောပေါ်ကနေပြန်ဆင်းလာကာ သူ့ကိုကြည့်နေသည့် မျက်လုံးအရောင်ရင့်ရင့်မိကျောင်းကြီးက တားဆီးထားလေသည် ။ ဒီတစ်ချိန်မှာတော့ သူက သူ့ဘောင်းဘီကို
ကိုက်ပြီး ယမ်းခါမပစ်ပါပေ ။ အဲဒီအစား သူက သူ့ပါးစပ်ကို ရှောက်ရွှမ်ရှိရာသို့ဖွင့်ဟထားလိုက်သည် ။
“ မင်း သွားထဲမှာတစ်ခုခုရှိနေလို့လား “
ရှောက်ရွှမ်က သူ့ကို အကောင်ကြီးကိုက်မည်ကို မကြောက်ပေ။
ခဲ့ခဲ့နဲ့အခြားသူများက သူတို့ကို စိုးရိမ်ပူပန်စွာကြည့်နေကြသည် ။
သူက အနီးကပ်ကြည့်လိုက်သောအခါ ပန်းကန်လုံးလောက်ကြီးသော အသားမဟုတ်သည့် ကျောက်တုံးတစ်တုံးကိုတွေ့လိုက်ရသည် ။
ရွံ့ရောင်ပေါက်နေသော ကျောက်တုံးမှာ ကူမျိုးနွယ်စုရဲ့ မြစ်များအောက်ခြေများမှ ကျောက်တုံးများနဲ့ဆင်တူပြီး ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိကာ သာမန်ကျောက်တုံးဖြစ်ပုံရလေသည် ။
“ ကျောက်တုံး “
ရှောက်ရွှမ်ကနားမလည်တော့ပေ ။
“ ဒါ သူမင်းကိုပေးတဲ့လက်ဆောင်ပဲ “
ဖူရှစ်က ဒီနေရာကိုလာဖို့ အကြီးအကဲကအမိန့်ပေးလိုက်ရာ သူက ထိုမြင်ကွင်းကိုမြင်တော့ ရယ်မောရင်းပြောလေသည် ။
“ ငါ့ကိုပေးတာလား “
ရှောက်ရွှမ်ကတော့ အခြေအနေများကိုသိပ်နားမလည်ပေ ။
“ သူတို့ကိုကူညီတဲ့သူတွေကို သူတို့ကလက်ဆောင်အနေနဲ့ ပြန်ပေးတယ် ၊ အဲ့ဒီလက်ဆောင်တွေကလည်း သူတို့ပြန်ယူလာတဲ့ ကျောက်တုံးတွေပဲ ၊ မင်း
သိတဲ့အတိုင်းပဲ သူတို့ကမိုးရာသီဆိုရင် နှစ်တိုင်းထွက်ခွာသွားပြီး ရေတတ်တဲ့အချိန်ဆိုရင်သူတို့ကပြန်လာနေကျ ၊အဲဒီအချိန်ဆိုရင် လကလည်း လပြည့်သွားပြီ။
သူတို့ပြန်လာပြီဆိုရင် သူတို့ကတချို့ကျောက်တုံးတွေပြန်ယူလာပြီးစမ်းချောင်းအောက်ခြေထဲကိုထွေးထုတ်ထားတယ်၊ တချို့ကျတော့နောက်ပိုင်းမှာ ရေလကျောက်အဖြစ်ပြောင်းလဲသွားတယ်လို့ နတ်ဆေးဆရာကပြောတယ်။ အကယ်၍ မျိုးနွယ်စုထဲကတစ်ယောက်ယောက်က သူတို့ဆီကကျောက်တုံးတွေရရင် သူတို့ကရေလကျောက်စမ်းချောင်းထဲကို ထည့်ထားလို့ရတယ်။ လပြည့်ညရောက်ရင်တော့ ကျောက်တုံးတွေက ရေလကျောက်အဖြစ်ပြောင်းသွားလိမ့်မယ် “
ဖူရှစ်ကသူသိတာများကို ရှောက်ရွှမ်ကိုပြောပြသည် ။
ရှောက်ရွှမ်က မိကျောင်းပါးစပ်ထဲကနေ ကျောက်တုံးလေးကိုထုတ်လိုက်ပြီး မေးလိုက်သည် ။
“ ဒီကျောက်တုံးက ရေလကျောက်အဖြစ်ပြောင်းမှာလား “
“ သူတို့ ပေးတဲ့ကျောက်တုံးတွေက ရေလစမ်းချောင်းထဲမှာထည့်ထားရင် ရေလကျောက် အဖြစ်ပြောင်းသွားတယ်လို့ ငါကြားဖူးတယ် “
ဖူရှစ်က ဖြေလေသည် ။
တစ်နည်းပြောရရင် ဒီကျောက်တုံးကို ရေလကျောက် ဖြစ်လာစေချင်သည်ဆိုလျှင် ကူမျိုးနွယ်စုရဲ့ စမ်းချောင်းထဲမှာထည့်ထားဖို့လိုလေသည် ။ သို့ပေမယ့် လုံးဝပြောင်းလဲသွားမည်ဟုတော့ မကျိန်းသေပါပေ ။ ဘယ်အချိန်မှ ပြောင်းလဲသွားမလဲကိုလည်းမည်သူမှ တိတ်တိကျကျမသိပါပေ ။
သို့သော်လည်း ကျောက်တုံးများကိုရေလ ကျောက်ဖြစ်ပြောင်းလဲခြင်းကို ရှောက်ရွှမ်ကစွဲလမ်းမ
နေပေ ။ သူကဒီလိုလက်ဆောင်အသေးလေး ရသည့်အတွက်သာပျော်ရွှင်နေသည်။
“ မင်းထွက်သွားတဲ့နှစ်တုန်းက သူကလည်းအဖွဲ့နဲ့ ပထမဆုံးထွက်သွားတယ် ၊ သူပြန်လာတော့ မင်းကလည်းမျိုးနွယ်စုကိုပြန်လာပြီ”
ဖူရှစ်ကပြောလေသည် ။
“ ဒီတော့ သူကမင်းကို နောက်တခါထပ်တွေ့ဖို့ခက်ခဲတာကြောင့်မလို့သူက ဒီအခွင့်အရေးရတုန်း မင်းကိုလက်ဆောင်ပေးချင်တာနဲ့တူပါတယ် “
“ ကျေးဇူးတင်ပါတယ် ၊ ငါသိမ်းထားလိုက်ပါမယ် “
ရှောက်ရွှမ်ကပြောလေသည် ။