← Chapters

ဘယ်သူ

Vol. 16 Ch. 236

ဘယ်သူ

Vol. 16 Ch. 236

ကျောက်တုံးကို သားရဲအိတ်ထဲထည့်ပြီးနောက် ရှောက်ရွှမ်က ဖူရှစ်ကိုကြည့်လိုက်ပြီး မေးလိုက်သည် ။

“ တစ်ခုခုဖြစ်လို့လား “

“ အိုး..ဟုတ်တယ် “

သူကမိကျောင်းက ရှောက်ရွှမ်ကို ကျောက်တုံးပေးနေတာကိုတွေ့သည့်အတွက် ထိုအပေါ်ကိုအာရုံရောက်သွားပြီး သူလာရသည့်အကြောင်းရင်း ဖြစ်သည့် နတ်ဆေးဆရာမှာလိုက်သည်ကို ပြောဖို့ပင် မေ့သွားသည် ။

ကူမျိုးနွယ်စုက အန္တရာယ်မရှိတော့ပေ ။ အနည်းဆုံး

တစ်နှစ်အတွင်းမှာ ဒီလိုမျိုးပြဿနာများ တွေ့ရတော့မည်မဟုတ်ပေ။ မီးတောက်ဦးချိုမျိုးနွယ်စုက ရက်အနည်းငယ်အတွင်း ထွက်သွားကြတော့မည်ကိုကြားရပြီး အကြီးအကဲ ဖန်းမုက မီးတောက်ဦးချိုမျိုးနွယ်စု၏အရေးကြီးသည့် လူတော်တော်များများကို ဧည့်ခံပွဲသို့ဖိတ်ကြားလိုသည် ။

ဒါက ကူမျိုးနွယ်စု၏ရိုးရာဖြစ်သည် ။ သူတို့၏အသိအမှတ်ပြုလက်မှတ်အနေနဲ့ သူတို့ကအရေးကြီးသည့်ဧည့်ပုဂ္ဂိုလ်များကို အကောင်းဆုံးအစားအစာများဖြင့် တည်ခင်းဧည့်ခံလေ့ရှိသည် ။

သို့သော်လည်း မီးတောက်ဦးချိုမျိုးနွယ်စုတွင် လူအများကြီးရှိရာ သူတို့ကအားလုံးကို ဖိတ်ခေါ်ဖို့တော့မဖြစ်လေသည့်အတွက် သူတို့က မီးတောက်ဦးချိုမျိုးနွယ်စု၏ အရေးကြီးသည့်ပုဂ္ဂိုလ်ဝင်များ ၊ အကြီးအကဲများကိုသာ ဖိတ်ကြားလိုသည် ။ အခြားသူများအတွက်ကတော့ သူတို့ကအဖိတ်မခံရလျှင်ပင် သူတို့က သူတို့ဆီကိုအစားအစာများပို့ပေးမည်ဖြစ်သည် ။

ရှောက်ရွှမ်က ဖူရှစ်ကို အော့နဲ့ နတ်ဆေးဆရာဆီတွေ့ဖို့ ဦးဆောင်ခေါ်သွားပြီး သူတို့ကဖိတ်ကြားချက်ကို လက်ခံလိုက်သည် ။ သူတို့က ကူမျိုးနွယ်စုရဲ့အလယ်ဒေသကို ယခုညသွားကြမည်ဖြစ်သည် ။

အခမ်းအနားကို နေ့ခင်းထက် ညများမှသာကျင်းပသည် ။ အကြောင်းမှာ ဖန်းမုက သူတို့၏အလေးအမြတ်ထားမှုကိုပြသသည့်အနေဖြင့် ရေလကျောက်များနှင့် အလှဆင်လိုသောကြောင့်ဖြစ်သည်။ ကျောက်တုံးများ၏အလှအပများကို နေ့ခင်းတွေမမြင်နိုင်ပါပေ ။

ညနေပိုင်းမှာတော့ အော့က သူနဲ့အတူ လူငါးဆယ်လောက်ကို ခေါ်လာခဲ့ပြီး နတ်ဆေးဆရာနဲ့ ရှောက်ရွှမ်လည်းပါဝင်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုအတွက် လမ်းကူရှာပေးရန်အတွက် သူတို့က ရေတပ်များဆီကနေ ပွဲတော်

ကျင်းပရာနေရာအထိ ရေလကျောက်တုံးများ စီထားလေသည် ။ ထိုနည်းလမ်းနဲ့ ကျောက်များက ထွက်လာသောအလင်းများဖြင့် သူတို့ကပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်လေသည် ။

လက်တလောမှာတော့ လရောင်ဟာ ကောင်းကောင်းသားးနေသော်လည်း ရေလကျောက်များ၏အလင်းရောင်က လရောင်ထက် မနည်းပါပေ ။ သစ်တောထဲမှာ လမ်းလျှောက်ရင်း ရှောက်ရွှမ်က လမ်းမီးများရှိသည်ဟုပင် ခံစားလိုက်ရသည်။

ဖန်းမု၏အိမ်ရှေ့တွင် ကျယ်ပြန့်သောနေရာအလွတ်ကြီးရှိပြီး မြေပေါ်တွင် မီးပုံ ပုံထားလေသည် ။ မီးပုံပေါ်မှာကင်ထားသောအသားများရှိနေပြီး ဟင်းချိုအိုးများလည်းဘေးတွင်ချက်ပြုတ်၍ ထားလေသည် ။

ရေလကျောက်များကို သစ်တိုင်များတွင် ချည်ထားကာ အလင်းပေးနေသည်။ ဒါကရိုးရှင်းသော ညစာ

စားပွဲဖြစ်သော်လည်း ဒီနေရာမှာတော့ အဆင့်အတန်းမြင့်လေသည် ။

မီးတောက်ဦးချိုမျိုးနွယ်စုကစစ်သည်တော်များက စိတ်မကွက်ကြပါပေ။ သူတို့ကမီးပုံဘေးမှာ စုဝေး၍နေကြသည် ။ စက်ဝိုင်းပုံ ထိုင်ကာစကားပြောကြပြီး အစားအစာများကိုကင်ကာပျော်ရွှင်နေကြသည် ။

ညစာစားပွဲက သူတို့၏အသိအမှတ်ပြုမှုကို ပြသခြင်းဖြစ်ပြီး ဖန်းမုက မီးတောက်ဦးချိုမျိုးနွယ်စုက ပုမျိုးနွယ်စုနှင့် အလဲအလှယ်လုပ်ဖို့ သွားရန်လိုသလားဟု မေးလေသည် ။

ရေလပွဲတော်ပြီးသည်နှင့်တပြိုင်နက် ဖန်းမုသည် ဗုံမျိုးနွယ်စုက ပုမျိုးနွယ်စုနှင့်တစ်ခုခု အလဲအလှယ်လုပ်ဖို့ရာ အလဲအလှယ်လုပ်မည့်အဖွဲ့ကို စေလွှတ်မည်ဖြစ်သည် ။

သူတို့ အခြားမျိုးနွယ်စုနှင့် အလဲအလှယ်ပြုလုပ်လို့ရသည်ကို ကြားရပြီးနောက် ဒီမှာလောလောဆယ်ရှိနေတဲ့ မီးတောက်ဦးချိုမျိုးနွယ်စုကလူများက အော့ကို အရောင်တောက်တောက်မျက်လုံးများနှင့်ကြည့်ကြပြီး သူ၏သဘောတူညီမှုကို မျှော်လင့်နေကြသည် ။

အသားကိုဝါးရင်း အော့ကခဏတိတ်နေပြီး ပြောလေသည် ။

“ အကုန်လုံးတော့မဟုတ်ဘူး ၊ ဒါပေမဲ့ ဆယ်ယောက်တော့ သွား “

ထို့နောက်မှာတော့ အော့က လူ၁၀ယောက်ကို ထိုနေရာကိုသွားဖို့အမိန့်ပေးလိုက်ပြီး ရှောက်ရွှမ်ပါ ပါဝင်လေသည် ။ သူက ထိုနေရာက အခြေအနေကိုပိုပြီးသိတဲ့သူဖြစ်သည့်အတွက် အော့ကိုစိတ်ချသွားစေသည် ။

“ အကြီးအကဲ၊ ကျွန်တော်..ကျွန်တော်.. “

ခဲ့ခဲ့က အမိန့်ပေးခြင်းမခံရလေရာ သူကအလျင်အမြန် သတိပေးလိုက်သည်။ အော့က သူ့ကိုကြည့်လိုက်ပေမယ့် ဘာမှမပြောပေ။ သူကစိတ်ချရမည့်သူမဟုတ်ဘူးဟု အော့က အမြဲထင်နေသည်။

ထိုတိုက်ပွဲတွင်ခဲ့ခဲ့ကအောင်ပွဲများစွာ ရရှိခဲ့ပြီး သူသတ်ခဲ့သည့်သားကောင်အရေအတွက်မှာ ထိပ်ဆုံးအဆင့်ငါးတွင်ရှိလေသည် ။ မီး တောက်ဦးချိုမျိုးနွယ်စုက လူများကသူတို့သတ်ခဲ့သည့်အရေအတွက်ကို အမှားလုပ်ပြီးမတင်ပြကြပါပေ ။ သူတို့ကဒီလိုလုပ်ဒီလို မလုပ်ရဲပါပေ ။

မည်သူကမှ အကြီးအကဲ၊ နတ်ဆေးဆရာ နှင့် အဖွဲ့ခေါင်းဆောင် တို့ကို ဘယ်လိုရေတွက်ရမလဲမသိသူများကလွဲလျှင် မလိမ်ညာ ကြသလို မှားယွင်းပြီးလည်း သတင်းမပို့ဖူးကြပေ ။ ယေဘုယျအားဖြင့် သူတို့သတင်းပို့သည့်အရေအတွက်မှာ အမှန်ဖြစ်ပြီး စိတ်ချရလေသည်။

ခဲ့ခဲ့က သူက အများကြီးအောင်မြင်မှုရခဲ့သော်လည်း အခြားသူများနဲ့အလဲအလှယ်လုပ်ရန် မလိုက်နိုင်သည့်အတွက် သူကစိတ်ပျက်သွားသည် ။ ညစာစားပွဲပြီးသွားသောအခါ မီး တောက်ဦးချိုမျိုးနွယ်စုကပြန်လာခဲ့ပြီး ခဲ့ခဲ့ကတော့ ခွင့်ပြုမိန့်အတွက် အော့ကိုဆက်လက်တောင်းခံနေသည် ။

သူတို့ထွက်မသွားခင် အော့နဲ့အခြားသူများနောက်မှ ရှောက်ရွှမ်ကထွက်သွားလိုက်သည်။ သူက ကူမျိုးနွယ်စုကအလဲအလှယ်လုပ်သည့်အဖွဲ့ခေါင်းဆောင်ဆီမှ ပုမျိုးနွယ်စု၏အခြေအနေများကို သိလိုလေသည် ။

ရှောက်ရွှမ် မေးပြီးသောအခါ ထွက်ခွာလာသည် ။

အော့နဲ့အခြားသူများက သူတို့အနားယူရသည့်နေရာကိုပြန်ပြီး အိပ်ဖို့ပင် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည် ။

ရှောက်ရွှမ်က သစ်တောထဲမှာ တစ်ယောက်တည်းလမ်းလျှောက်နေပြီး အနားကရေလကျောက်များကို မဖယ်ရသေးသည့်အတွက် လမ်းတစ်ဖက်ခြမ်းမှာ လမ်းမီးတိုင်များထွန်းထားသည်နှင့်တူနေသည် ။ သစ်ကိုင်းများမှ ထွက်လာသောအရိပ်များဟာလည်း မြေပေါ်မှာလှုပ်ရှား၍နေသည် ။

သူခေါင်းကိုမော့လိုက်ရင်း ရှောက်ရွှမ်က ညကောင်းကင်ကိုကြည့်လိုက်သည်။ ကောင်းကင်မဲမဲကြီးပေါ်တွင် လနှစ်စင်းသည် အနီးအနားမှာ ကြယ်များမရှိဘဲ စတင်၍ လဆုတ်စပြုလာသည် ။

လျှပ်စစ်မီး ရောင်များမရှိ၊ ညစ်ညမ်းမှုများမရှိ ၊ စက်ပစ္စည်းများမရှိ ၊ သက်တောင့်သက်သာ နေနိုင်သောဟိုတယ်များ မရှိပေ။ ရှောက်ရွှမ်က သစ်တောထဲက သန့်စင်တဲ့လေထုကိုရှူရှိုက်ရင်း သဘာဝရဲ့အလှတရားကို သူ့မျက်စိများနဲ့ခံစားနေလိုက်သည် ။

လေပြေညှင်းလေးတိုက်ခတ်သွားပြီး သစ်ပင်ပေါ်မှသစ်ရွက်များသည် တစ်ရွက်ချင်း တရှပ်ရှပ်ကြွေကျနေသည်။ လေဟာသစ်ပင်များကိုဖြတ်တိုက်သွားသောအခါ ရှောက်ရွှမ်သည် လေစီးကြောင်း အပြောင်းအလဲကိုခံစားလိုက်မိသည် ။

သူ့မျက်လုံးများ မှိတ်ထားလိုက်သည့်အချိန်တွင် သူဘာမှမမြင်ရသော်လည်း ပိုပြီး တိတိကျကျအာရုံခံနိုင်သည်။ သစ်ရွက်များပွတ်တိုက်နေသံ ၊ အဝေးကကူမျိုးနွယ်စုကလူများ၏ရယ်သံ ၊ ရေကန်ထဲမှာ မိကျောင်းများသွားနေကြသည့်အသံများကို သူကြားနိုင်လေသည် ။

လေအဟုန်ပြောင်းလဲမှု ၊ လေကြောင်းဦးတည်ရာပြောင်းမှု နှင့် တိကျသော အာရုံတို့က သစ်ပင်များကြောင့် အတားအဆီးများရှိသည့်နေရာများကို ရှောက်ရွှမ် သိရှိနိုင်သည် ။ သူ လမ်းမှန်ကိုရှာနိုင်ဖို့ မျက်လုံးဖွင့်ရန်ပင်မလိုပေ ။

သူက သစ်လုံးများကို ရှောင် ၊ ခြုံပုတ်များကို ခုန်ကျော်ကာ မြေပေါ်က ချိုင့်နက်နက်များကို ကျော်ဖြတ်၍သွားသည် ။

ရှောက်ရွှမ် လမ်းလျှောက်ခြင်းက ပိုပို မြန်လာပြီး ပိုမို၍ သိမ်မွေ့လာသည် ။ သူ့ပတ်ဝန်းကျင်ကအရာများကို သူ့စိတ်ထဲမှာ သုံးဖက်မြင်ပုံရိပ်နှင့် ပုံဖော်နိုင်လေသည် ။ ထိုပုံရိပ်ထဲတွင် သူက တည်နေရာများကို တိကျအောင် ခန့်မှန်းဆုံးဖြတ်နိုင်သည် ။

သူက အချိန်သာ ရှိရင် သူ့အနားက ဘယ်နှပင် ဆယ်မီတာအထက်မြင့်သလဲ ၊ လက်မောင်းလုံးလောက်တုတ်တဲ့သစ်ကိုင်း ဘယ်လောက်ရှိသလဲ နှင့် သစ်ရွက်မည်မျှရှိသလဲ ရေတွက်နိုင်သည်ဟုပင် ခံစားမိသည် ။

မှန်၏ ။

ထိုခံစားချက်မှာ ပိုမိုထင်ရှားလာသည် ။

ထို အခြေအနေတွင် ရှောက်ရွှမ်က တဖြေးဖြေးချင်း သူ့ကိုယ်သူ သစ်တောကြားထဲတွင် နစ်ဝင်ခံစားမိသည် ။ သူနှင့် စိမ်းသက်သော သစ်တောကို မျက်လုံးများမှိတ်ပြီးပင် သူက လမ်းလျှောက်နေသည် ။

လမ်းလျှောက်နေရင်း ရှောက်ရွှမ်က သူ့စိတ်ထဲက သုံးဖက်မြင်ပုံရိပ်တွင် အလင်းစက်လေးများပေါ်လာလေသည် ။ အစက်အများစုမှာ သူနဲ့အတော်လေး ဝေးဝေးမှာ ရှိကြပြီး ရွေ့လျားနေသော အလင်းစက်များမှာ ရေလကျောက်ကဲ့သို့ဖြူလှသည် ။

ဒါ ကူမျိုးနွယ်စုက သူတွေလား ၊

ရှောက်ရွှမ် သေချာခံစားကြည့်လိုက်သောအခါ အချို့သူများဟာ ဖူရှစ် ၊ ချင်းယီ ၊ ဖန်းမုကဲ့သို့ သူနဲ့ရင်းနှီးသည့်သူများဖြစ်နေသည်ကိုတွေ့ရသည် ။

တချို့က ပွဲက မပြန်ကြပေးမဲ့ အချို့က တောထဲ ကင်းလှည့်နေသည် ။ တခုကသာ ပုံမှန်မဟုတ်ပေ ။

အရှေ့မှာတော့ သူတို့ဆီကိုဦးတည်လာနေတဲ့ အစက်အပျောက်ကလေးများရှိလေသည် ။ အစက်အပျောက်ကလေးဟာ ကူမျိုးနွယ်စုက လူများကဲ့သို့ အဖြူရောင်မဟုတ်ပါပေ ။ ၎င်းမှာ မီးခိုရောင်ခပ် ဖျော့ ဖျော့ဖြစ်လေသည် ။ အကယ်၍ သတိထားပြီးသာမကြည့်လျှင် ထိုအစက်လေးကို သတိထားမိမည်မဟုတ်ပေ ။

“ ကူမျိုးနွယ်စုကလူမဟုတ်ဘူးလား “

ထိုသူက အလွန်ထူးဆန်းသည် ။ ပြောရလျှင် သူက မီးတောက်ဦးချိုမျိုးနွယ်စုကလူလည်းမဟုတ်ပေ။ ဒါဖြင့်သူကဘယ်သူလဲ။ ရှောက်ရွှမ်ကမျက်လုံးကိုဖွင့်ကာ အရှေ့ကိုကြည့်လိုက်သည်။ ခြေသံများမကြားရသော်လည်း သူကတဖြည်းဖြည်းကပ်လာလေသည် ။

ရှောက်ရွှမ်က သူ့လက်ထဲမှာ ဓားကိုကိုင်ပြီး မတ်တပ်ရပ်နေဆဲဖြစ်ပြီး ထိုနေရာကိုတိတ်တဆိတ်ကြည့်နေလိုက်သည် ။ သူ့ကို ရှောက်ရွှမ်တွေ့သွားသည်ကို သတိထားမိသွားခြင်းဖြစ်နိုင်ကာ သူကသူ့ကိုယ်သူဆက်ပြီးပုန်းမနေတော့ပါပေ ။ သူ့ခြေသံများကကျယ်လောင်လာပြီး သူကခြေသံကို စည်းချက်ကျကျထိန်းထားသည် ။ ထိုအသံမှာ ကင်းလှည့်စစ်သည်တော်များ လမ်းအမြန်လျှောက်ရာတွင် ထွက်လာသည့်အသံများနဲ့ဆင်တူနေသည် ။

အားကောင်းသော ပုံရိပ်တစ်ခုထွက်လာပြီး သူ့အနေအထားကိုအကဲဖြတ်ကြည့်ရင် သူက ကူမျိုးနွယ်စုကလူများကဲ့သို့ဝတ်ဆင်၍ထားသည် ။

“ မင်းက မီးတောက်ဦးချိုမျိုးနွယ်စုဝင်လား “

ထိုလူ၏အရိုင်းဆန်သောအသံမှာ ရင်းနှီးနေပုံပေါက်ပြီး ကူမျိုးနွယ်စုကသူများက မီးတောက်ဦးချိုမျိုးနွယ်စုကသူများကို ပြောသည့်အသံနဲ့ဆင်တူနေသည်

။

ရှောက်ရွှမ်က ထိုလူ့ရဲ့အသွင်အပြင်ကိုမြင်သည်နှင့် ဖြည်းဖြည်းအနားကပ်လာသည် ။ သူကကူမျိုးနွယ်စုကလူနှင့် ဆင်တူလေသည်။

“ မင်းကကင်းလှည့်စစ်သည်တော်လား၊ မင်းနာမည်ဘယ်သူလဲ “

ရှောက်ရွှမ်ကမေးလိုက်သည်။

ထိုလူကပြုံးပြီး သူ့ကြည့်ရတာ ရှောက်ရွှမ်ကိုပြောပြဖို့ အနည်းငယ်ရှက်နေပုံ ပေါက်လေသည် ။

“ ငါကဒီတိုင်းပျင်းပြီးတော့ အနားယူနေတာပါ ၊ အခုပဲသွားမလို့..” ထိုလူက ဖြည်းဖြည်းချင်းပြောကာ သူစကားမဆုံးခင်တွင် ရပ်ပစ်လိုက်သည်။

“ တကယ်စိတ်ဝင်စားဖို့ကောင်းတာဘဲ”

ထိုလူက ရှောက်ရွှမ်လက်ထဲက ဓားကိုကြည့်လိုက်သည်။ သူက ရှောက်ရွှမ်တွေဝေမသွားတာကိုသတိထားမိသည့်အတွက် သူအသိအမှတ်ပြုသည်ကို သိလိုက်သည်။ သူက ဆင်ခြေတွေမပေးတော့ဘဲ သူ့အသံကိုပင် ပြောင်းလဲလိုက်သည်။

“ တကယ်တော့ငါက ပွဲကြည့်ပရိသတ်တဦးပါပဲ “

သူကပြောလေသည် ။ အသံက သူ့လိင်အမျိုးအစားနှင့်အသက်အရွယ်ကို ဖုံးကွယ်ထားပေသည် ။

အရိုးကျိုးသံများ အများပြားထွက်ပေါ်လာပြီး သူကထိုလူ၏အသွင်အပြင် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူက မူလက တုတ်ခိုင်သန်မာပုံပေါက်ပေမယ့် ယခုတဖြည်းဖြည်းပိန်သွယ်လာသည် ။ မျက်နှာဟာလည်းတဖြည်းဖြည်းပြောင်းလဲသွားပြီး သူက ကူမျိုးနွယ်စုကသူနှင့်မတူတော့ပါပေ ။

ဗုန်း

အသံမှာ သစ်သားတိုင်ကြီးများလဲကျသွားသံနဲ့ဆင်တူလေသည် ။

ထိုလူက ရုတ်တရက် သူ့ခြေထောက်ကို ကန်လိုက်ပြီး သူ့ခြေထောက်များသည် သစ်သားအစိုများကဲ့သို့ ယိုင်သွားသည် ။ သို့သော်လည်း ၎င်းတို့က သံချောင်းများထက် သန်မာပုံပေါက်လေသည် ။ အားလှိုင်းလေးကပင် ထိုကဲ့သို့အားပြင်းသော အားများထွက်ပေါ်လာစေပြီး သူ့ခြေထောက်နဲ့ထိသမျှအရာအားလုံးကဘေးသို့ ပြန့်စင်ယူသွားသည် ။ မြေပြင်ပေါ်ကဂျုံပင်များမှာလည်းအပိုင်းပိုင်းအစစ ဖြဲခံလိုက်ရပြီး ချုံပုတ်များပေါ်က မြေမှုန်များမှာလည်း ဖုန်မှုန်များအဖြစ်သို့ ချေမွခံလိုက်ရသည်။

ထိုလူက ဆောင့်ကန်ကာ ၊ ခုန်လိုက်ပြီး သူ့ဆီ ပြေးဝင်လာသည် ။ သူ့ခြေထောက်တစ်ချောင်းလုံးကို ဓား

တစ်ချောင်းကဲ့သို့အေးစက်စက်ဖြင့် သူ့ဆီကိုပစ်လွဲလိုက်ပြီး သူ့ဒူးကိုလည်းလေထဲမှာလှည့်ကွေးလိုက်သည်။ သူက ရှောက်ရွှမ်ကို အားအများကြီးနှင့်တိုက်ခိုက်လိုက်သည် ။

ရှောက်ရွှမ်က ထိုတိုက်ခိုက်မှုကို တိုက်ရိုက်ခုခံမကာကွယ်လိုသည့်အတွက် သူကနောက်ပြန်ဆုတ်ကာ ရှောင်ရှားဖို့ရွေးချယ်လိုက်သည်။ ပစ်မှတ်လွဲချော်သွားသည့်အတွက် ထိုလူကမရပ်တန့်ပေ။ မြွေများဟာ အခြားသူကိုကိုက်သကဲ့သို့ ခြေကိုဆောင့်လိုက်ပြီးတစ်ခေါက် ကန်ပြန်သည် ။ သူကနောက်တခေါက်ထပ်ပြီး ကြိုးစားချင်ပုံရလေသည် ။

သို့သော်လည်း ရှောက်ရွှမ်အထင်ကိုကျော်လွန်ကာ ဒီတကြိမ် ခြေဆောင့်အပြီးမှာတော့ သူကပျောက်ကွယ်သွားသည်။ သူက သူ့ကိုယ်သူ ပုန်းမနေတော့ဘဲ ထွက်ပြေးသွားသည်။

ရှောက်ရွှမ် “...”

ဒီလူက သူရှာတွေ့ကတည်းက ခြေလှမ်းနှစ်လှမ်းသာလှမ်းရသေးသည် ။

ပထမခြေလှမ်းမှာ သူက ရှောက်ရွှမ်ကိုကန်ဖို့ကြိုးစားပြီး မြွေတို့၏အစွယ်များ ၊ သားရဲတို့၏လက်သည်းများကဲ့သို့ အားပြင်းပုံပေါက်သည်် ။ သူ့ပုံစံက ရှောက်ရွှမ်ကိုသတ်ချင်သည့်ပုံပင်ပေါက်နေလေသည် ။ သို့သော်လည်း ဒုတိယခြေလှမ်းမှာတော့ သူကသူ့ဗျူဟာကိုပြောင်းလဲကာ အဝေးသို့ထွက်ပြေးသွားသည် ။

ထိုလူက ထူးထူးဆန်းဆန်းများပြုလုပ်နေသည့်အတွက် ရှောက်ရွှမ်က သူ့နောက်ကိုလိုက်မသွားပါပေ ။ သူကအလွန်လျှင်မြန်စွာ ပြေးနိုင်သည့်အတွက် သူ့ကိုဖမ်းဖို့လည်း မလွယ်ကူလှပေ ။ ထို့ပြင် သူကအလွန်စွမ်းအားကြီးလေရာ ထပ်ပြောရလျှင် သူကအားပြင်းပြင်းနှင့်ကန်ပြီးမအောင်မြင်ခဲ့ပေမယ့်လည်း ထိုလူက ရှောက်ရွှမ်ကိုသတ်ဖို့ကြိုးစား

နေသည်ဟု မခံစားရခဲ့ရပေ။ သူက သူ့ကိုခြောက်လန့်ဖို့၊ချက်ချင်းပြန်ဆုတ်သွားဖို့သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပုံရသည် ။

ရှောက်ရွှမ်က အကွာအဝေးတခုမှာ ပျောက်ကွယ်သွားတဲ့ထိုလူကိုကြည့်ပြီး ထိုသူက ကမ္ဘာပေါ်ကဘယ်လိုလူစားလို့မျိုးလဲဟူ၍ သိချင်မိသွားသည် ။

သူ ကူမျိုးနွယ်စုမှာအရင်တုန်းက နေတုန်းက ကိုယ်ယောင်ဖျောက်တော်သည့်သူတချို့တလေနှင့် သူဆုံတွေ့ခဲ့ဖူးသည် ။ သူကအာဇာနည်မျိုးနွယ်စုကသူ မဟုတ်ပါပေ ။ ဒါဆိုရင် ကူမျိုးနွယ်စုက လူတွေခေါ်ကြတဲ့ သူခိုးဆိုတဲ့သူများ ဖြစ်နိုင်မလား ။

သူ့ရည်ရွယ်ချက်က ရေလကျောက်တွေကိုခိုးဖို့လား၊သို့ပေမယ့် သူက မဖြစ်နိုင်ပေ ။ လမ်းတစ်လျှောက်မှာ ရေလကျောက်ပေါင်းများစွာရှိနေပြီး တစ်ခုမှအခိုးခံမထားရပေ ။ ဒီတော့ သူပြောခဲ့သလို သူက ပွဲကြည့်ပရိသတ်လား ။

လူထူးဆန်းတစ်ယောက်နှင့်ရင်ဆိုင်ရရင်း ရှောက်ရွှမ်က ဒါကိုလျှို့ဝှက်ချက်တစ်ခုအနေနဲ့ထိန်းသိမ်းမထားပါပေ ။ သူကသစ်သားဝီစီလေးကိုထုတ်ကာ မှုတ်လိုက်လေသည် ။ လေချွန်သံကြားရသည့် သူနဲ့နီးကပ်နေသော ကင်းလှည့်စစ်သည်တော်များက သူ့ဆီကိုလာကြပြီး ထွက်မလာသူများကတော့ ဖန်းမုအနား နေကြသည် ။

သူတို့က မီး တောက်ဦးချိုမျိုးနွယ်စု၏လေချွန်သံအဓိပ္ပါယ်ကို မသိပေမယ့် သူတို့က ရှောက်ရွှမ်အကြောင်းမဲ့သက်သက် လေချွန်ခြင်းမဟုတ်သည်ကိုတော့သိကြသည်။

ကူမျိုးနွယ်စုကသူများတင်မဟုတ်ပဲ သူတို့၏ယာယီအမိုးအကာကို ပြန်နေကြတဲ့ မီးတောက်ဦးချိုမျိုးနွယ်စုကသူများကလည်း လေချွန်သံ၏အဓိပ္ပာယ်ကို သိကြသည်အတွက် ချက်ချင်းမော့ကြည့်လာကြသည် ။ သူတို့ ထိုနေရာကိုသွားဖို့ထက် သတိကြီးကြီးထားဖို့လိုအပ်သည် ။

All Chapters