ဆုလာဘ်
Vol. 16 Ch. 237
ရှောက်ရွှမ်က ကူမျိုးနွယ်စုကသူများကို ထူးဆန်းသည့်လူတစ်ယောက်နှင့် ဆုံခဲ့ရသည့်အကြောင်းကိုပြောပြလိုက်ပြီး ထိုနေရာကိုသေချာစစ်ဆေး ပြီးကြသည့်နောက် သူတို့၏ရေလ ကျောက်များအခိုးခံရမလားဟူ၍ ရေလကျောက်များကို ရေတွက်နေသည်။ သူတို့ ပြီးခဲ့တဲ့နှစ်ကလည်း သူခိုးကိုတွေ့ခဲ့ကြသည်။
သူတို့က ထိုလူစိမ်းကို သူခိုးဟုယူဆလိုက်ကြပြီး သူတို့ကျောက်တုံးများကို ရေတွက်ကြည့်သည့်အခါ အခိုးမခံထားရသည်ကို တွေ့ရသည်။ သူတို့ အနည်းဆုံးတော့ စိတ်သက်သာရာရသွားသည်။
နှစ်စဉ်နှစ်တိုင်း ရေလကျောက်များမှာ အခိုးခံရတတ်သည် ။သို့ပေမယ့် သူတို့ သူခိုးကိုတော့ဖမ်းမမိခဲ့ပေ။ ဒါကသူတို့၏အထူးကျွမ်းကျင်မှုဖြစ်လေသည် ။ သူခိုးများမှလွဲရင် သူတို့ကထိုသို့လုပ်နိုင်သည့်သူကို မတွေ့ကြပေ။
သူခိုးများဟာ အလွန်ထူးခြားသောမျိုးနွယ်စုဖြစ်ပြီး သူတို့မျိုးနွယ်စုဝင်များကလည်း များသောအားဖြင့် အမှီအခိုကင်းမဲ့ကြသည်။ သူတို့က နှစ်အတော်များများမှာ အတူမနေကြသည်ကများလေသည် ။ ထိုမျိုးနွယ်စုက အလွန်ထူးဆန်းပြီး ကူမျိုးနွယ်စုသည်ပင် သူတို့အကြောင်းကို အနည်းငယ်သာသိသည် ။ ထို့ကြောင့် သူက သူတို့ဆီကနေ အချက်အလက်အများကြီးမရပါပေ။
“ ဘာမှအခိုးမခံရဘူး။ အဲဒီလူက သူခိုးမျိုးနွယ်စုကသူ မဖြစ်နိုင်ဘူးဟုတ်တယ်မလား “ ဖူရှစ်၏ဇနီးက ပြောလေသည် ။
“ ဘယ်သူသိမှာလဲ ၊ သူကဘယ်သူလဲဆိုတာ ဘယ်သူမှမသိဘူး။ ငါတို့လည်း သူ့ကိုရှာလို့မရဘူး “
ဖူရှစ်က သက်ပြင်းချလေသည် ။
အားလုံးက သူတို့အချင်းချင်းအတွေးများဖလှယ်ကြပြီးနောက် ရေလ ကျောက်များ တစ်တုံးမှ အခိုးမခံရသည့်အတွက် သူတို့အိမ်သို့ ပြန်လာကြသည်။
ရှောက်ရွှမ်လည်း ထိုနေရာမှာ မနေတော့ပေ။ ကူမျိုးနွယ်စုကလူများပြန်သွားကြပြီးတဲ့နောက် သူလည်းနှုတ်ဆက်ကာထွက်ခွာခဲ့သည် ။ သူက ကူမျိုးနွယ်စုကနတ်ဆေးဆရာ အတော်မျက်နှာသိပ်မကောင်းသည်ကို သတိထားလိုက်မိပေမယ့် သူဘာမှပြောသည့်အတွက် ဘာမှမမေးလိုက်ပါပေ ။ သူက ထိုလူဟာ သူခိုးမျိုးနွယ်စုဝင်ဖြစ်နိုင်သည်ဟု ခန့်မှန်းပြီး သူတစ်ခုခုမြိုသိပ်ထားပုံရလေသည် ။ ဒီတစ်ချိန်တော့ အခြားရေလကျောက်များအခိုးမခံရလေရာ ဖြစ်နိုင်တာက နတ်ဆေးဆရာ၏ပစ္စည်းများအခိုးခံရခြင်း ဖြစ်မည် ။
ရှောက်ရွှမ်က သူမှန်သည်ဆိုတာကိုမသိပေ ။ ကူမျိုးနွယ်စုကလူများထွက်ခွာပြီးတဲ့နောက် နတ်ဆေးဆရာက အကြီးအကဲကိုခေါ်ကာ သူတို့ချင်းစကားပြောကြ
လေသည်။
“ ဒီနှစ်တော့ ရေလကျောက်ဘုရင် အခိုးခံလိုက်ရတယ် “
ဗလာဖြစ်နေသည့် သေတ္တာလေးကိုကြည့်ကာတည်ငြိမ်သည့်အကြည့်နဲ့ ကူမျိုးနွယ်စုက နတ်ဆေးဆရာကစကားပြောနေသည်။
နှစ်တိုင်း ရေလကျောက်များစုစည်းပြီးသည်နှင့် သူတို့က အကြီးဆုံးရေလကျောက်များကိုရွေးကာ နတ်ဆေးဆရာကိုဆက်သကြလေသည် ။ ထိုအထဲကမှ သူကအကြီးဆုံးနဲ့အတောက်ပဆုံး၊အရည်အသွေး အကောင်းဆုံး ဖြစ်သည့်ရေလကျောက်ဘုရင်ကိုရွေးခြယ်သည် ။ ထိုကျောက်တုံးကို အလဲအလှယ်လုပ်ဖို့အသုံးမပြုဘဲ နတ်ဆေးဆရာက ထိန်းသိမ်းထားသည် ။ ရိုးရာအခမ်းအနားရောက်လျှင် ဒါကို တင်ဆက်သည့်ပစ္စည်းအနေဖြင့်အသုံးပြုသည်။
သို့ပေမဲ့ ယခုတော့ ကျောက်တုံးကအခိုးခံလိုက်ရသည် ။ နတ်ဆေးဆရာ၏အခန်းမှာ အစောင့်အ ကြပ်အပြည့်ရှိလေသည် ။ အာဇာနည်မျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စုကသူများပင် အသံတိတ်ဝင်ရောက်ပြီး ခိုးသွားနိုင်မည်မဟုတ်ပေ။
“ ဒါ သူခိုးမျိုးနွယ်စုကလူဖြစ်နိုင်တာ သေချာတယ် ၊ ဒါပေမယ့် ဒီတစ်ကြိမ်က အဆင့်မြင့်တဲ့သူခိုးဖြစ်နိုင်တယ် “
ဖန်းမုက မထိန်းနိုင်ဘဲပြောမိသည် ။
အကယ်၍ ရှောက်ရွှမ်ကသာ တစ်ခုခုမူမမှန်တာကိုရှာမတွေ့ဘဲ သူတို့ကိုမပြောပြခဲ့လျှင် သူတို့ကရိုးရာအခမ်းအနားမတိုင်ခင်အထိ ရေလကျောက်ဘုရင် အခိုးခံရသည်ကိုသိမည်မဟုတ်ပေ။
“ နောက်ထပ်တစ်ခု တိတ်တဆိတ်ရွေးလိုက်ကြတာပေါ့ “
နတ်ဆေးဆရာကပြောသည် ။ သူတို့က အခိုးခံရတဲ့ရေလကျောက်တုံးကို အရင်တည်းက ပြန်မရတတ်ပေ။ ယခု အဆင့်မြင့်သူခိုးဆိုလျှင် ပိုပြီးတောင် ခက်ခဲသွားသည် ။ ထိုလူက မျိုးနွယ်စုကထွက်ပြေးသွားနိုင်ပြီးဖြစ်နိုင်သည် ။
“ ငါတို့ဘာမှမတတ်နိုင်ဘူး “
တချိန်တည်းမှာပဲ ကူမျိုးနွယ်စုကလူများ ရှာဖွေနေတဲ့နေရာကိုများကို ပုံရိပ်တခုကရှောင်ရှားထွက်လာကာ ထိုနေရာမှ ထွက်သွားလေသည် ။ ပိုင်နက်ထဲကထွက်ခွာပြီးသည့်နောက် သူကခဏလောက်ပြေးပြီး တောင်ခြေက ကျောက်တုံးတစ်တုံးပေါ်မှာထိုင်ချလိုက်သည်။
“ ဘာဖြစ်လို့လဲ ၊ ဘာတွေတွေ့ခဲ့တာလဲ “
သူ၏အနောက်ကနေ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အသံတစ်ခုထွက်ပေါ်လာသည် ။ ထိုအသံက မိန်းမ
တစ်ယောက်၏အသံဖြစ်ပြီး သူ့အသံကနေ သူ့အသက်အရွယ်ကို ခန့်မှန်းနိုင်မည်မဟုတ်ပေ။
ကျောက်တုံးပေါ်မှာ ထိုင်နေတဲ့သူက နောက်ကိုပြန်မကြည့်ဘဲ သူ့ပေါင်များကို ပုတ်လိုက်သည်။
“ အဲဒီအကြောင်း မေးမနေပါနဲ့ ၊ ငါကမီးတောက်ဦးချိုမျိုးနွယ်စုက ထူးဆန်းတဲ့လူတစ်ယောက်ကို ဆုံခဲ့ရတယ်။ မထင်ထားဘဲ အဲ့ဒီလူက ငါ့ကိုမြင်မြင်ချင်းမှာပဲ သတိထားမိတယ်။ ငါတို့ဓားသွားတွေနဲ့ အချင်းချင်း တိုက်ခိုက်ကြတော့မလိုဘဲ။ ဒါပေမယ့်ကံကောင်းစွာနဲ့ ငါကမြန်မြန်ပြေးလာခဲ့တယ်။ တကယ်လို့ငါသာတိုက်ခိုက်မယ်ဆိုရင် ဒီနေရာကိုလာတဲ့မီးတောက်ဦးချိုမျိုးနွယ်စုကလူတွေ ဖမ်းတာကိုခံရနိုင်တယ်။ အဲ့လိုဆို ငါလွတ်အောင် ပြန်ပြေးလာနိုင်မှာမဟုတ်ဘူး “
“ မီးတောက်ဦးချိုမျိုးနွယ်စုလား ၊ ပြီးတော့ ငါအရင်ကမကြားဖူးပါဘူး။ သူတို့ကရုတ်တရက်ပေါ်လာတာ
၊ သူတို့ကအားမနည်းဘူး၊ သူတို့ကဗဟိုဒေသကမျိုးနွယ်စုကြီးတွေနဲ့မယှဉ်နိုင်သေးပေမယ့် သူတို့ကို လျှော့တွက်လို့တော့ မရဘူး။ ထပ် ပြောရရင် သူတို့မှာအဆင့်မြင့်သားရဲတွေ အများကြီးလည်းရှိသေးတယ် “
မိန်းမ၏အသံမှာ သံသယများပြည့် ပြီး ခဏလောက်ရပ်ပြီးနောက်တခါထပ်မေးလေသည် ။
“ ရခဲ့လား “
ကျောက်တုံးပေါ်မှာထိုင်နေတဲ့လူက သားရေအိတ်ထဲက သားရေအိတ်အသေးလေးကိုထုတ်လိုက်ပြီး ထိုအိတ်ထဲကသားရေအိတ်ထဲမှာ အလွန်ကြီးသောမီးသီးလုံးကြီးကဲ့သို့ လင်းလတ်နေသော ကျောက်တုံးတစ်တုံးကို ထုတ်လိုက်သည် ။ ပတ်ဝန်းကျင်က တခဏချင်း လင်း၍သွားသည် ။
ဒါက ထိုမျိုးနွယ်စုက ရေလကျောက်ဘုရင်ဖြစ်သည် ။
“ ငါကမီးတောက်ဦးချိုမျိုးနွယ်စုက သင်္ဘောတွေပေါ်သွားဖို့လည်း တွေးထားသေးတယ် ၊ သူတို့ဆီမှာ ပစ္စည်းကောင်းတွေအများကြီးရှိနိုင်တယ်။ နှမြောစရာပဲ “
ကျောက်တုံးပေါ်မှာထိုင်နေတဲ့သူက သူ့ပေါင်ကိုပုတ်ရင်း နှမြောတသ ပြောသည် ။
“ မီးတောက်ဦးချိုမျိုးနွယ်စုက အတော်စိတ်ဝင်စားစရာကောင်းတာပဲ ၊ ငါတို့သူတို့နောက်ကိုလိုက်သင့်တယ်လေ “
ထိုမိန်းမက စိတ်ဝင်တစားပြောသည် ။
“ ဟုတ်တယ် ၊ ဒါပေမယ့် ငါတို့သူတို့ဆီကနေ ခပ်ခွာခွာနေသင့်တယ်။ နည်းလမ်းဟောင်းတွေက သိပ်
အလုပ်မဖြစ်တော့ဘူး ၊ ငါတို့အရင်တုန်းကလို အခြားမျိုးနွယ်စုထဲရောဝင်နေဖို့ဆိုရင် အဲဒီမျိုးနွယ်စုမှာဆို အလုပ်ဖြစ်မှာမဟုတ်ဘူး “
“ ငါသိသလောက်ပြောရရင် အဲဒီလိုပုံမှန်နည်းလမ်းအနေနဲ့ စလုပ်နေကြတဲ့ ငတုံးတော်တော်များများရှိနေလောက်ပြီ “
ထိုမိန်းမက အထင်သေးစွာ ပြောသည် ။
“ ထားလိုက်ပါတော့ ၊ သူတို့လည်း မကြာခင်ဒုက္ခခံရပြီးတော့ အခြားသူတွေနဲ့အစားထိုးခံရလိမ့်မယ် “
ကျောက်တုံးပေါ်မှာ ထိုင်နေတဲ့သူက ပြောလေသည်။
မီးတောက်ဦးချိုမျိုးနွယ်စုက သူတို့ကို မျက်စိကျနေသည်ကို မသိပေ ။ သူတို့သိကြလျှင်တောင် သူတို့ကကြောက်သွားမည်မဟုတ်ပေ ။
နောက်နှစ်ရက်ကြာသောအခါ ရှောက်ရွှမ်က ပုမျိုးနွယ်စုကို ကူမျိုးနွယ်စု အလဲအလှယ်လုပ်သည့်အဖွဲ့နဲ့အတူ မီးတောက်ဦးချိုမျိုးနွယ်စုက လူ၁၀ယောက်ကိုခေါ်ကာ သွားလေသည် ။ သူတို့ကပစ္စည်းအများအပြားလဲလှယ်ခဲ့ပြီး တချို့ပစ္စည်းများသည် သူတို့အတွက်မလိုသည့်တိုင် သူတို့မျိုးနွယ်စုကအခြားသူများအတွက်လိုအပ်လေသည် ။
နောက်ဆုံးမှာတော့ ပုမျိုးနွယ်စုကိုသွားဖို့ ခဲ့ခဲ့ကို အကြီးအကဲကခွင့်ပြုမိန့်ပေးလိုက်ရသည်။ သူ့အတွက်တော့ နေရာတိုင်းမှာခုန်နေသည့်ဖားများကလွဲလျှင် အခြားသူများအမြင်မှာ ရှားပါးပြီးတန်ဖိုးရှိသည့်အရာများသည် သူ့ကိုမဆွဲဆောင်နိုင်ပေ ။ သူက ရှောက်ရွှမ်စကားကိုနားထောင်မည်ဟု အော့ကိုကတိမပေးခဲ့သလို ပုမျိုးနွယ်စုက ဖားများကိုလည်း မစားရန်ကတိမပေးခဲ့ပေ ။ သူက ပုမျိုးနွယ်စုက ဖားဝဝများကို တိတ်တဆိတ်ယူကာ စားပစ်လိုက်သည် ။
ယခုအချိန်တွင် ပတ်ပတ်လည်ကမျိုးနွယ်စုများက ပဋိပက္ခနဲ့ပတ်သက်၍ သိကြလေသည် ။ မီး
တောက်ဦးချိုမျိုးနွယ်စုဟုခေါ်သည့် အမည်မသိမျိုးနွယ်စုက ကူမျိုးနွယ်စုကိုကူညီခဲ့ကြောင်းသိကြလေသည် ။ သို့သော်လည်း ယခုအ ကြိမ်တွင် အာဇာနည်မျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စုက လွှတ်လိုက်သောလူအားလုံးနီးပါး အသတ်ခံလိုက်ရပြီး ငှက်သည်ပင်ပြန်မလာနိုင်ပေ ။
ထို့ကြောင့်အားလုံးက မီးတောက်ဦးချိုမျိုးနွယ်စုက ကူမျိုးနွယ်စုနဲ့လာသောအခါ အလွန်သိချင်စိတ်ဖြစ်သွားကြသည် ။
သို့ပေမယ့် မီးတောက်ဦးချိုမျိုးနွယ်စုကလူများက သူတို့ကို လူအုပ်ကြီးက စောင့်ကြည့်နေသည်ကို မသိကြပါပေ ။ သူတို့က သူတို့လုပ်စရာရှိတာကိုလုပ်ပြီး သိချင်သည်ကိုသာ မေးကြလေသည် ။ သူတို့ကတဖြည်းဖြည်းနဲ့ ဒီလို လုပ်ငန်းကိစ္စကို အသားကျလာသည် ။ အနာဂတ်မှာဆိုရင် သူတို့က ဒီလိုလုပ်ငန်းတွေမှာ အလွန်ကျွမ်းကျင်ပြီး ဆရာအဆင့်စွမ်းရည်များ ရှိလာကြမည်ဟုပင် အကြီးအကဲကပြောလေသည် ။
ယွီ နဲ့ ရှောက်ရွှမ် အလဲအလှယ်လုပ်ခဲ့သည့် ဖားအဆိပ်များနှင့်အခြားအရာများကလွဲလျှင် သူက ဖုမျိုးနွယ်စုနဲ့တစ်နေ့ထဲမှာအတူတူရောက်လာသည့် လော်မျိုးနွယ်စုနဲ့လည်း ပိုက်ကွန်များကိုအလဲအလှယ်လုပ်ခဲ့သည် ။ သူရွက်လွှင့်သောအခါ ငါးအချို့ကို ထိုပိုက်ကွန်များဖြင့် ဖမ်းနိုင်ခဲ့သည်။
ဒီနေရာဟာ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာရှာဖွေနိုင်သော အမဲလိုက်တောင်နဲ့ ကွာခြားလေသည် ။ ဒီနေရာမှာ လူသားမျိုးနွယ်စုပေါင်းများစွာ နေထိုင်ကြရာ ကုန်ပစ္စည်းအရင်းအမြစ်ပေါင်းများစွာကို အလဲအလှယ်ပြုလုပ်ပြီး သိမ်းဆည်းထားနိုင်သည် ။ လိုအပ်သည်ဆိုလျှင် ၎င်းတို့ကို အသုံးချလိုက်ရုံပင်ဖြစ်ပြီး အချိန်ကုန်သက်သာလေသည် ။
ပုမျိုးနွယ်စုကအပြန်မှာ မီးတောက်ဦးချိုမျိုးနွယ်စုကသူများက နောက်တခါထွက်ဖို့ အဆင်သင့်ဖြစ်နေကြသည် ။ ထွက်ခွာခြင်းနှင့်ပတ်သက်၍ ကူမျိုးနွယ်စုက
သူအများအ ပြားက သူတို့ကိုနှုတ်ဆက်ဖို့လာကြပြီး ဖန်းမုနဲ့နတ်ဆေးဆရာတို့က ဦးဆောင်၍လာခဲ့သည် ။
ထိုလူများအပြင် အားပေးဖို့အတွက် မိကျောင်းအုပ်စုများကလည်းဒီနေရာကို ရောက်လာကြသည် ။ ပြောရလျှင် သူတို့ကိုစိတ်အနှောင့်အယှက်ပေးနေသော သားရဲများမှာ ယခုထွက်ခွာသွားတော့မည်ဖြစ်သည်။
“ ငါတို့ကိုတားဖို့ မြားတွေနဲ့ပစ်နိုင်တဲ့မျိုးနွယ်စုအသေးလေးတွေလည်းရှိသေးတော့ သတိထားပါ “
ရှောက်ရွှမ်ကပြောလေသည်။
တဲများအပြင်ဘက်တွင်မတ်တပ်ရပ်နေကြသည့် မီးတောက်ဦးချို မျိုးနွယ်စုက စစ်သည်တော်များမှာ မြားများကို ခုခံကာကွယ်ဖို့အတွက် သစ်သားနှင့်ကျောက်ဒိုင်းများ ကိုင်ဆောင်ထားကြသည် ။ သို့ပေမယ့် သူတို့ဖြတ်သန်းလာသောအခါ သူတို့ကိုပစ်သောမြှားတစ်ခုမှ မတွေ့ရပါ။
ရှောက်ရွှမ်က အကြောင်းအရင်းကိုတွေးမိသောအခါ ရုတ်တရက်ရယ်ချင်သွားသည် ။ သူက သူ့အရင်ဘဝတုန်းက သူ့သူငယ်ချင်းပြောဖူးသည့်ဟာသတစ်ခုကို သူသတိရမိသွားသည် ။
“ ဖောင်ကလေးပေါ်မှာတုန်းက မင်းငါကိုတိုက်ခိုက်ရဲပေမယ့် သင်္ဘောပေါ်မှာဆိုရင်တော့ မင်းငါ့ကိုကြောက်သွားပြီပေါ့ “
ရှောက်ရွှမ်ဖောင်ပေါ်မှာတုန်းက သူ့ကိုတားဖို့ရန်အတွက် မြားပေါင်းများစွာက အဆက်မပြတ် ပစ်ခတ်ခဲ့ကြသည်။ သို့ပေမယ့် သူယခုသင်္ဘောပေါ်မှာ ရောက်နေသောအခါ မြားတစ်စင်းမှမတွေ့ရပေ ။ ကမ်းပါးတစ်လျှောက်က ချုံပုတ်များထဲမှာ ပုန်းအောင်းနေကြရင်း လူများက သတိကြီးကြီးထားပြီး သူတို့ကိုကြည့်နေကြသည်။ သူတို့ကငတုံးများ မဟုတ်ကြသည့်အတွက် သူတို့ကိုမြားနဲ့မပစ်ကြပေ ။ သူတို့က သူတို့ကိုရန်စလို့မရနိုင်မှန်း သိကြသည်။
မနက်စောစောမှာ လေထုဟာ အနည်းငယ်သိပ်သည်းနေသည် ။ကမ်းပါးတလျှောက်လုံးမှာ တောင်အနိမ့်၊အမြင့်များနှင့်အပင်ပေါင်းများစွာရှိလေသည် ။ သို့ပေမဲ့ သူတို့က အမဲလိုက်နယ်ပယ်ကလောက် မမြင့်မားကြပါပေ ။
အရင်တုန်းက သူတို့မြစ်တစ်ဖက်ခြမ်းမှာနေကြတုန်းက သူတို့ကအမဲလိုက်နယ်ပယ်မှာရှိသည့် မီတာတစ်ထောင်အမြင့်ရှိတောင်များကိုပင် တက်နိုင်ခဲ့လေသည် ။ နှင်းဖုံးနေသော တောင်အမြင့်များကိုတတ်နိုင်ခြင်းသည်ပင် ဆုလာဘ်တစ်ခုဖြစ်ပြီး ဒီကတောင်များကအမဲလိုက်နယ်ပယ်ကတောင်များကဲ့သို့မမြင့်ပေ။ သားရဲများဟာလည်းထိုမျှမသန်မာပါကြပေ။ သို့ပါသော်လည်း သူတို့ဟာ အခြားလူမျိုးစုများနဲ့အခြားသောစိန်ခေါ်မှုများဖြစ်ကြသည် ။ ဒီကလူများ၏စိန်ခေါ်မှုများမှာ ထိုတောင်များသားရဲများစိန်ခေါ်မှုများထက်အများကြီးပိုလေသည် ။
အော့က သူ့ပန်းတိုင်ကို ရောက်အောင်သွားသည် ။
ကူမျိုးနွယ်စု၏ကျေးဇူးကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုကလူများမှာ ဒီနေရာကဘဝများအကြောင်းကိုနားလည်ခဲ့ကြသည် ။ သူတို့၏ ရည်မှန်းချက်များမှာပြောင်းလဲသွားသည် ။ သူတို့က ဒီမှာဘဝအသစ်တစ်ခုကို အသားကျအောင်နေပြီး စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်ရမည်ဖြစ်သည် ။
ရှောက်ရွှမ်က သင်္ဘော၏ထိပ်ဆုံးပိုင်းမှာ ရပ်နေပြီး သူ ပုမျိူးနွယ်စုကနေ သိခဲ့ရသည့်အရာများကို အော့နဲ့အဖွဲ့ခေါင်းဆောင်နှစ်ယောက်အားပြောပြနေသည် ။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ အချို့မျိုးနွယ်စုများပျောက်ကွယ်သွားပြီး အရင်ကမတည်ရှိခဲ့သော အချို့မျိုးနွယ်သူများမှာပေါ်ထွက်လာသည် ။
“ ကောင်းပြီ ၊ ယန်ရှောက သူ့ရဲ့လေလွင့်သူ မိတ်ဆွေသူငယ်ချင်းတွေကို ငါတို့နဲ့အတူခေါ်လာလို့ရမလားလို့မေးနေတယ်။ မင်းဘယ်လိုသဘောရလဲ ရှောက်ရွှမ် “
အော့ကမေးလေသည် ။
“ ယန်ကျစ်ရဲ့ လုံကျိုးမျိုးနွယ်စုက မိတ်ဆွေသူငယ်ချင်းတွေအပါအဝင် အားလုံး ခေါ်ခဲ့လိုက်ပါ။ သူတို့က သိပ်အားမကောင်းကြပေမယ့် တခြားနည်းလမ်းနဲ့ ကျွန်တော်တို့ကို အကူအညီပေးနိုင်ပါသေးတယ် “
အော့ကခေါင်းငြိမ့်လိုက်သည် ။
“ ကောင်းပြီ ၊ မင်းနဲ့ ယန်ရှောက သူတို့ကို ဒီခေါ်လာခဲ့ “
“ ကောင်းပါပြီ ၊ အကြီးအကဲ ၊ ကျွန်တော်တို့ဒီကိုရောက်ကတည်းကမီးတောက်ဦးချိုမျိုးနွယ်စုကလေလွင့်သူတွေ ခံစားလို့ရမှာပါ “ ရှောက်ရွှမ်ကပြောလေသည် ။
သူတို့မျိုးနွယ်စုက ယန်ကျစ်ကဲ့သို့လေလွင့်သူများကို
ပြောလိုက်ရင်း အော့က စိတ်ပါလက်ပါပြောလေသည် ။
“ အမှန်ပေါ့ “
သူတို့က ထိုနေရာကိုမရောက်သေးသလို မီးမျိုးစေ့ကိုလည်း နေရာမချရသေးသည့်တိုင် သူတို့မီးတောက်ဦးချိုမျိုးနွယ်စုက လေလွင့်သူအများအပြားနဲ့လမ်းတွင် ဆုံတွေ့ရနိုင်သည် ။