← Chapters

သတိထားမိခြင်း

Vol. 16 Ch. 239

သတိထားမိခြင်း

Vol. 16 Ch. 239

ယန် ရှောသိသည့်လူများအပြင် မျိုးနွယ်စုက လမ်းတလျှောက်မှာ မီးမျိုးစေ့ကိုရှာဖွေနေကြသည့် အခြားသောလေလွင့်သူများနဲ့လည်းဆုံခဲ့သေးသည် ။

ရှောက်ရွှမ်က သူတို့ကို အရင်ကမမြင်ဘူးပါပေ ။ သို့ပါသော်လည်းသူတို့က မီးမျိုးစေ့ဒီနေရာကိုရောက်လာသည်ကို အာရုံခံစားမိကြသည့်အတွက် ကျိန်းသေပေါက် သူတို့ကမီးတောက်ဦးချိုများမျိုးနွယ်စု၏ မျိုးဆက်များဖြစ်ကြပေသည် ။ သူတို့ထဲကအများစုက သူတို့ကိုယ်ပေါ်မှာ ယန် ရှောကဲ့သို့နတ်စွမ်းအင်အမှတ်အသားများ ပေါ်နေသည် ။

ထိုလူများအကြားတွင် တချို့မှာအားနည်းကြပြီး တချို့မှာပိန်ပါးကာ အချို့မှာအာဟာရချို့တဲ့ကျပြီး အချို့ဆိုလျှင် ထိခိုက်ဒဏ်ရာများရထားကြသည်။ သူတို့ဟာ နေကောင်းပုံမရကြပေမယ့် သူတို့ကအရင်ကထက်ပိုပြီး နေလို့ကောင်းလာသည်ဟု ပြောကြလေ

သည် ။ ပြီးခဲ့သော၂နှစ်က သူတို့မှာ နတ်အမှတ်အသားများရုတ်တရက်ပေါ်လာခဲ့ပြီး သူတို့ ပိုကြီးသောစွမ်းအားကို ရလာခဲ့ကြသည် ။ ယနေ့ သူတို့နတ်အမှတ်သားများ နောက်တစ်ခေါက်ထပ်ပေါ်လာပြီးသူတို့တစ်ခုခုထူးဆန်းသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့ဒီနေရာကို အမြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

အော့က လှေနှစ်စင်းကိုပြင်လိုက်ပြီး တခုမှာမီးတောက်ဦးချိုမျိုးနွယ်စုက လေလွင့်သူများအတွက်ဖြစ်ပြီး အခြားတစ်ခုကိုတော့မျိုးသုဥ်းသွားသည့်မျိုးနွယ်စုများမှ လေလွင့်သူများကို ထားလေသည် ။ သူက သင်္ဘောတစ်စင်းချင်းစီတိုင်းကိုစောင့်ရှောက်ဖို့လူများလည်း ထား ထားပေးသည် ။ အော့ က ယန်ကျစ်နဲ့အခြားသူများ သစ္စာဖောက်ခံရဖူးသည့်အတွက် လေလွင့်သူများကို သတိနှင့် စောင့်ကြည့်လေသည် ။

သူက ဒီနေရာမှ လူအများအပြားဟာ မျိုးနွယ်စုထဲက သူများလောက်သစ္စာမရှိကြမည့်အကြောင်းကို

ရှင်းရှင်းလင်းလင်းသိလေသည် ။ အော့က သူတို့အကြောင်းကို သေချာမသိသေးသ၍ သူတို့ကိုယုံမည်မဟုတ်ပါပေ ။ အကယ်၍ သူတို့ကသာ ယုံ ကြည်စရာကောင်းကြမည်ဆိုလျှင် အော့က သူတို့ကို ပျော် ပျော်ရွှင်ရွှင်နှင့် လက်ခံလိုက်ပြီး ကြိုဆိုမည်ဖြစ်သည် ။ အကယ်၍သူတို့အထဲကအချို့သာ သစ္စာမရှိဘူးဆိုပါက သူတို့ကို ကွဲပြားစွာ ဆက်ဆံရမည်ဖြစ်သည်။

အလယ်သင်္ဘောကတဲထဲမှာတော့...

“ လေလွင့်သူတွေအားလုံးပေါင်းဘယ်နှယောက်ရှိလဲ “

နတ်ဆေးဆရာက ရှောက်ရွှမ်ကို မေးလေသည် ။

“ တခြားမျိုးနွယ်စုက လေလွင့်သူ၂၇ယောက်ရှိပြီး ကျွန်တော်တို့မျိုးနွယ်စုကတော့ ၄၉ယောက်ရှိပါတယ် “

ရှောက်ရွှမ်ကပြန်ဖြေသည် ။

အခြားမျိုးနွယ်စုများမှလေလွင့်သူများအကြားတွင် လုံကျိုးမျိုးနွယ်စုမှာ နေထိုင်ခဲ့သော ဟယ်အာနဲ့အခြားသူတို့ပါဝင်ခဲ့ပြီး ယန်ကျစ်က ဒီနေရာကိုခေါ်လာခဲ့ခြင်းဖြစ်သည်။

အော့က လုံကျိုးမျိုးနွယ်စုနှင့် အဆက်အသွယ်မပြုလုပ်လိုသည့်အတွက် မီးတောက်ဦးချိုမျိုးနွယ်စု၏ရေတပ်မှာ လုံကျိုးမျိုးနွယ်စုကို ဖြတ်မသွားပါပေ ။ ရေတပ်က အခြားရေလမ်းကြောင်းတစ်ခုကနေသွားလေသည် ။

“ ပြောရရင် လူနည်းစုတချို့ကပဲ မီးမျိုးစေ့ကို အာရုံခံနိုင်ကြတယ်ပေါ့ “

နတ်ဆေးဆရာက သက်ပြင်းချကာပြောလေသည် ။

“ သူတို့က အတိုင်းအတာတစ်ခုအထိ အာရုံခံနိုင်ကြတယ်။ဒါကလည်းသူတို့က ရွက်လွှင့်သွားတဲ့လမ်းကြောင်းနဲ့နီးနေကြလို့ ဖြစ်သည်။ မီးမျိုးစေ့က ယခုအချိန်အထိ ဘိုးဘွားပိုင်မြေမှာနေရာမချရသေးဘူး။ တကယ်လို့နေရာချပြီးသွားရင် ပိုပြီးတိတိကျကျခံစားနိုင်ကြမှာပါ “

ရှောက်ရွှမ်ကပြောလေသည် ။

“ ဟုတ်တယ်။ ရှောက်ရွှမ် မင်းမျက်စိရှင်ရှင်ထား ၊ ဒီမှာ ထူးခြားတာတစ်ခုခုဖြစ်သွားတယ်လို့ အာရုံခံမိတယ် “

အဖွဲ့ခေါင်းဆောင်နှစ်ယောက်အပါအဝင်အားလုံးထက် ရှောက်ရွှမ်က ပိုပြီးတော့ စွမ်းဆောင်နိုင်ကြောင်း ယုံကြည်လေသည် ။

“ ကျွန်တော်လည်း အာရုံခံမိတယ်။ အရှင်..ပထမဆုံးအနားယူလိုက်ပါ။ ကျွန်တော်အဲ့ဒီကိုပထမဆုံး အရင်သွားကြည့်လိုက်ပြီး ပုန်းကွယ်ဖို့ကြိုးစားနေတဲ့သူတချို့ကိုဖမ်းလာခဲ့ပါမယ် “

ရှောက်ရွှမ်က မြေပုံပေါ်မှာ လက်ထောက်လိုက်ပြီး ကွေ့ဇယ် သူ့ကိုပေးသည့် ဆေးအိတ်နှစ်အိတ်ကို ယူကာ တဲထဲမှာထွက်ခွာသွားသည် ။

ရှောက်ရွှမ်က သူ့မျိုးနွယ်စုက လေလွင့်သူများဆီသို့ ဆေးအိတ်တစ်အိတ်ကိုအရင်ယူသွားပြီး မိုင်ကသူတို့အတွက် ကျိုချက်ပြုတ်ပေးကာ တအိတ်ကို အခြားမျိုးနွယ်စုမှလေလွင့်သူများဆီသို့ ယူသွားလေသည် ။

မျိုးတုံးသွားသော မျိုးနွယ်စုများမှ အချို့သောလေလွင့်သူများသည် ဒီနေရာကိုလာဖို့ဆုံးဖြတ်ခဲ့ကြပေမယ့် သူတို့က ထူးဆန်းတဲ့မျိုးနွယ်စုစစ်သည်တော်များကို အနည်းငယ်တော့ကြောက်ရွံ့ကြသေးသည် ။ ရှောက်ရွှမ်မှာ လက်နက်ပါမလာသည်ကို မြင်သည့်အခါ သူတို့ကစိတ်သက်သာရာရသွားသည် ။ ဒီနေရာကို အချို့သော ကျောက်လက်နက်များယူလာကြ

သည့် ခက်ထန်သောစစ်သည်တော်များသည် သူတို့ကို ကြောက်လန့်စေသည် ။ နောက်ဆုံးမှာတော့ ကြင်နာတတ်ပုံရသည့် စစ်သည်တော်တစ်ယောက် ဒီနေရာကိုရောက်လာလေသည် ။

ထိုလေလွင့်သူများအကြားမှာ အချို့က ရှောက်ရွှမ်ကိုသိကြသည်။ ထို့ကြောင့် သူ့ကိုမြင်သောအခါ သူတို့က အရမ်းမကြောက်ကြပေ။ သူတို့က ရှောက်ရွှမ်ကိုအပြုံးနဲ့ နှုတ်ဆက်ကြမည်။ သူ့ကိုအနှောင့်အယှက်ဖြစ်စေမည့်စကားများကို သတိထားကာ ရှောင်ကြဉ်၍ ပြောကြသည် ။

“ ယန်ကျစ်နဲ့ ယန်ရှောလည်းဒီနေရာကို ရောက်ပြီးပြီလား “

ရှောက်ရွှမ်က တဲထဲကလူများကို ကြည့်ကာမေးလိုက်သည်။

“ ဟုတ်တယ် ၊ သူတို့ အခုလေးတင် ထွက်သွားကြ

တာ “

ပြီးခဲ့တဲ့နှစ်ရက်က လုံကျိုးမျိုးနွယ်စုကနေ ယန်ကျစ်နဲ့ ကျောက်ဝူခေါ်လာခဲ့သည့် ဟယ်အာက ပြောလိုက်သည်။

ရှောက်ရွှမ်က သူ့ကိုဆေးကိုကမ်းပေးလိုက်သည် ။

“ ဒါက မင်းအတွက်ဆေးပါ ၊ ဒါက မင်းကိုပို့ပြီး နေကောင်းတာမြန်အောင် လုပ်ပေးလိမ့်မယ် “

အပြင်တွင် ချက်ပြုတ်ရသည့်မီးဖိုရိုးရိုးတခုပြုလုပ်ထားသည် ။

ဟယ်အာက ရှောက်ရွှမ်ကိုကျေးဇူးတင်ပြီး ဆေးကိုကြိုချက်ဖို့ ထွက်သွားလေသည် ။

ရှောက်ရွှမ်က သူ့ကိုဆေးကို ပေးခဲ့သည် ။

ထို့နောက် သူ့ခြေထောက်ကိုမြှောက်ကာ ထွက်သွားချင်နေသည်။ သို့ပေမယ့်သူတစ်ဖက်ကိုလှည့်ကြည့်ပြီး အရှေ့က လေလွင့်သူများ၏ ဆံပင်များစွာကို ကျော်ဖြတ်ကာ ရှောက်ရွှမ်က အရာနှစ်ခုကိုပစ်လိုက်ပြီး ထောင့်နားက လှဲနေသည့် လူနှစ်ယောက်ကို ထိမိသွားသည် ။

သူတို့က ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ဖြစ်ပြီး သူတို့လမ်းမှာဆုံခဲ့ကြသည့် မီးတောက်ဦးချိုများမျိုးနွယ်စုကလူများ ကဲ့သို့ နှစ်ယောက်လုံးကငယ်ရွယ်လေသည် ။ သူတို့က အချင်းချင်းသိကြပြီး သူတို့ဒီနေရာကို ခေါ်လာတဲ့အခြားမျိုးနွယ်စုခုနှစ်ခုထဲက သူများဖြစ်သည်ဟု ပြောကြလေသည် ။

ထိုနေရာမှာ ယောက်ျားများနှင့်မိန်းမများကို သီးသန့်ခွဲမထားပေမယ့် ဘယ်သူကမှ ပြဿနာမရှာဝံ့ ကြပေ။ မီး တောက်ဦးချိုမျိုးနွယ်စုက လူအချို့က သူတို့ကိုစောင့်ကြည့်နေကြသည့်အတွက် ကောင်းကောင်းနေထိုင်ကြသည် ။ သူတို့ကဒီမှာ ပုံမှန်နေကြသည်။

တဲထဲကို ဝင်လာပြီးသည့်နောက် ထိုယောက်ျားနှင့်မိန်းမက အ ချင်းချင်းစကားစတင်၍ ပြောလေသည် ။ သို့ပေမယ့် သူတို့ကအခြားသူများနဲ့ သိပ်စကားမပြောပါပေ။ အထူးသဖြင့် မီးတောက်ဦးချိုမျိုးနွယ်စုက စစ်သည်တော်များဝင်လာလျှင် သူတို့ကနှုတ်ဆိတ်နေကြသည်။

မီးတောက်ဦးချိုမျိုးနွယ်စုက စစ်သည်တော်အချို့လာကြသည်အကြိမ်တိုင်းတွင် သူတို့ကထိုမိန်းမငယ်လေးကို အကြိမ်များစွာစိုက်ကြည့်ကြသည် ။ အားလုံးက သူတို့သည် ထိုမိန်းကလေးကိုပစ်မှတ်ထားသည်ဟု ထင်နေကြပြီး သူတို့ကထွက်ခွာ သွားကြသည် ။

အားလုံးက ထိုမိန်းမငယ်လေး ထောင့်နားမှာ တုန်ရီနေသည်ကိုမြင်ကြပြီး စစ်သည်တော်များ သူ့ကိုလာကြည့်ကြသည့်အချိန်တိုင်း သူမကကြောက်ရွံ့ကာ ထောင့်နားမှာ ပုန်းနေကြသည့်အတွက် အားလုံးက

အကြောင်းအရင်းကို သိလိုနေကြသည် ။ ထို့အတွက်ကြောင့် သူမ၏အရှေ့တွင် သူ့ကိုကာကွယ်ပေးဖို့ လေလွင့်သူငယ်ကောင်လေးလည်း ရှိနေသေးသည် ။

ထိုအချိန်တွင် ရှောက်ရွှမ်ကလွဲလို့ တဲထဲကအခြားမည်သူကမှ ရုတ်တရက်တိုက်ခိုက်မည်ဟုမထင်ထားပေ ။

ထိုနှစ်ယောက်က ရှောက်ရွှမ်၏လှုပ်ရှားမှုကိုမြင်သည့်အခါ မျက်လုံးများပြူးကျယ်သွားပြီး သူတို့ကအလွန်အံ့သြ၍သွားကြသည် ။ သူတို့က ရှောင်ဖို့အချိန်မရလိုက်ပေ။ သူတို့၏လည်ပင်းမှာ ကျောက်အပ်ပူပူများစိုက်နေကြသည့်အတွက် သူတို့လည်ပင်းကနာကျင်မှုကိုတန်းပြီးခံစားကြရသည် ။

ထိုနာကျင်မှုသည် အလွန်စူးရှပြီးပြင်းထန်သည် ။ ထိုနာကျင်မှုက သူတို့တစ်ကိုယ်လုံးကို အလျင်အမြန်ပြန့်သွားလေသည် ။ မရေမတွက်နိုင်သော အပ်ပေါင်းများစွာက ခန္ဓာကိုယ်ပေါ်ကကြွက်သားတိုင်း ၊ ကိုယ်တွင်းအင်္ဂါတိုင်းကို ထိုးစိုက်သကဲ့သို့ ခံစားရလေ

သည် ။ ထိုအပ်များက အပင်များကဲ့သို့အမြစ်တွယ်နေပြီး ဆွဲထုတ်လို့မရနိုင်ဟူ၍ခံစားရသည်။

ထိုပြင်းထန်သော နာကျင်မှုက သူတို့ခန္ဓာကိုယ်တစ်ခုလုံးကို အချိန်တိုအတွင်းပျံ့နှံ့သွားသည်။ သူတို့ကိုအော်ဟစ်ကာ ထခုန်နေစေသည် ။ သူတို့က လှုပ်ရှားချင်ပေမယ့် သူတို့ကို အားကောင်းသော စွမ်းအားတခုကဖိနှိပ်ထားသည် ။

ထိုလူက သားရေအပေါ်ထပ်ထဲမှာဖွက်ထားသည့် ကျောက်ဓားအသေးလေးကို ထုတ်ချင်သည် ။ သို့ပေမဲ့ သူ့ကို ရှောက်ရွှမ်က မ ထားလိုက်သည်။ ထို့နောက် သူ့မျက်နှာမှာ မြေကြီးပေါ်က သင်္ဘောပေါ်ကစစ်သည်တော်များထားခဲ့သည့် သစ်သားဒိုင်းကို ရိုက်မိသွားလေသည် ။

သူက သတိလစ်နေပြီး မြေကြီးနှင့် သူ့မျက်နှာအရိုက်ခံလိုက်ရခြင်းကသူ့ကိုပိုပြီး နာကျင်သွားစေသည်။ အချိန်နည်းငယ်အတွင်းမှာ သူကလုံးဝကြောက်ရွံ့

သွားပြီး သူနှာခေါင်းက သွေးများထွက်လာသည် ။ မိန်းမငယ်လေးကလည်း ထိုခဏတွင် ချက်ချင်းကြောက်ရွံ့သွားသည် ။

တဲထဲက မည်သူကမှ ရှောက်ရွှမ်ရုတ်တရက်ဒီလိုတိုက်ခိုက်မည်ဟုထင်မထားကြသည့်အတွက် အားလုံးက ထိုခဏတွင်တိတ်ဆိတ်သွားကြသည် ။

သူတို့က အခြားရက်စက်သည့်ပုံပေါက်သည့် စစ်သည်တော်များနှင့်မတူဘဲ ကြင်နာမည့်သူဟု ယုံထားသော်လည်း သူကရုတ်တရက်တိုက်ခိုက်လိုက်လေသည် ။ မီးတောက်ဦးချိုများမျိုးနွယ်စုက သူများကလည်း အခြားမျိုးနွယ်စုကသူများနှင့်အတူတူပင်ဖြစ်သည်ဟု လေလွင့်သူအားလုံးက တွေးမိလိုက်ကြသည်။ သူတို့အားလုံးကလေလွင့်သူများကို အညှာတာမဲ့သတ်ဖြတ်တတ်ကြလေသည် ။

သူတို့က သူတို့မှာ ဘဝအသစ်တစ်ခု ရလာပြီဟု တွေးခဲ့ကြသည်။ သူတို့က ဒီမျိုးနွယ်စုက လူအချို့ကို သိ

ကြသည် ။ ထို့ကြောင့် သူတို့က ဒီမျိုးနွယ်စုမှာတော့ သူတို့ကို အနိုင်မကျင့်ခံရဘူး၊အနည်းဆုံးအသတ်မခံရနိုင်ဘူးဟု ယုံကြည်ထားကြသည် ။ ဒါပေမယ့် အခုတော့ သူတို့အထဲက နှစ်ယောက်မှာ ရုတ်တရက် ဤသို့ဆက်ဆံခံရလေရာ သူတို့ရှင်သန်နိုင်ပါ့မလားဟု မည်သူမှမသိကြတော့ပေ။

ထိုအခိုက်အတန့်တွင် တဲထဲက လေလွင့်သူများအားလုံးက စိတ်ခံစားချက်များရှုပ်ထွေးကုန်ကြသည် ။ လေလွင့်သူများပင် မဟုတ်ပဲ မီးတောက်ဦးချိုများ မျိုးနွယ်စုက စစ်သည်တော်များကလည်း ရှောက်ရွှမ် ဒီလိုလုပ်ရသည့်အကြောင်းရင်းကို မသိကြပါပေ။ သို့ပေမဲ့ သူတို့က ရှောက်ရွှမ်ကို အကြောင်းရင်းကိုတော့ မမေးကြပေ ။

သူတို့ အမြင်မှာ ရှောက်ရွှမ်က သူတို့မီးတောက်ဦးချိုမျိုးနွယ်စုအတွက် အများကြီးအကျိုးပြုဖူးသည့်အတွက် သူက မှန်ကန်သည့်အရာကိုသာ ပြုလုပ်မည်မှာသေချာလေသည် ။ သူတို့က လေလွင့်သူများအမြင်ကို ဂရုမစိုက်ပါပေ ။ သူတို့က သူတို့ကိုမသိ

သလို သူတို့မျိုးနွယ်စုဝင်လည်း မဟုတ်ကြပါပေ ။ သူတို့ မျက်လုံးထဲမှာ ရှောက်ရွှမ်က ပိုအရေးကြီးသည်မှာ သိသာပေသည် ။

All Chapters