← Chapters

ကုန်းကြောင်းခရီး

Vol. 16 Ch. 240

ကုန်းကြောင်းခရီး

Vol. 16 Ch. 240

တဲများထဲမှ လေလွင့်သူများနှင့် ဆူညံသံများကြားရ၍ ရောက်လာကြသော မီးတောက်ဦးချိုမျိုးနွယ်စုမှ စစ်သည်တော်များတွင် သူတို့ မြင်ရသည်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိကြသည် ။

ရုတ်တရက် သူတို့က မြေပေါ်ကိုပြုတ်ကျသွားသည့် ထိုနှစ်ယောက်ထံမှ အရိုးကျိုးပဲ့သံများကို ကြားရလေသည် ။

အသံမှာ သိပ်မကျယ်သော်လည်း အားလုံးတိတ်ဆိတ်နေသည့်အတွက် တဲထဲက လူတိုင်းကြားလိုက်လေသည် ။

တချိန်တည်းမှာ အားလုံးက ကြည့်နေလိုက်ကြပြီး သူတို့၏ခန္ဓာကိုယ်များ တဖြည်းဖြည်းပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ထိခိုက်

ဒဏ်ရာများ၊ ရောဂါများ နှင့် ခက်ခဲကြမ်းတမ်းသောဘဝကြောင့် အားနည်းပြီးပိန်သွယ်သည့်ပုံပေါက်ခဲ့ကြသည် ။ ယခု သူတို့ကိုယ်လုံးများက ဆန့်ထွက်လာကြပြီး ဖောင်းထွက်လာကြသည် ။ သူတို့က အလွန်အားကြီးသည့်ပုံမပေါက်သော်လည်း အရင်ကထက်ပိုပြီး အခြေအနေကောင်းလာပုံပေါက်သည် ။

ထိုနှစ်ယောက်ကို မြင်သောအခါ မီးတောက်ဦးချိုမျိုးနွယ်စုစစ်သည်တော်များက အန္တရာယ်ကို သတိထားလိုက်မိကြသည် ။ သူတို့က ထိုပြောင်းလဲမှုများကို မြင်သည့်အတွက် တဲထဲက လေလွင့်သူများကလည်း အံ့သြထိတ်လန့်သွားကြသည်။

လေလွင့်သူများအဖို့ ထိုသို့အပြောင်းအလဲမှာမဖြစ်နိုင်ပါပေ ။

“ အားရွှမ်..သူတို့ကဘယ်သူတွေလဲ “

မီးတောက်ဦးချိုမျိုးနွယ်စုက စစ်သည်တော်တစ်ယောက်ကမေးသည် ။

“ သူတို့က အခြားမျိုးနွယ်စုတစ်ခုက လာကြတာ “

ရှောက်ရွှမ်က ဘာမှထပ်မပြောပေ ။ သူက တဲထဲကသူတွေကို ဆေးတွေလာယူဖို့သတိပေးလိုက်သည်။ အဲဒီနောက် သူက ထိုအားမရှိ သောသူနှစ်ယောက်ကိုခေါ်ကာ သင်္ဘောပေါ်မှထွက်လာလေသည် ။

ရှောက်ရွှမ်ထွက်သွားပြီးသည့်နောက် တဲထဲကလေလွင့်သူများကစိတ်သက်သာရာရသွားသည် ။ သူကတခုခုမှားနေတာသိလိုက်သည့်အတွက်ကြောင့်သာ သူ ထိုကဲ့သို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကိုသဘောပေါက်သွားကြသည်။ သူတို့က သူတို့ကြားထဲမှာ အခြားမျိုးနွယ်စုတစ်ခုက မျိုးနွယ်စုစစ်သည်တော်တစ်ယောက် ပုန်းအောင်းနေမည်ဟု မထင်ထားကြပေ ။ သူတို့က ယခုသတိရှိပြီး သူတို့နှင့်ရင်းနှီးသူများနှင့်သာ အတူနေကာ သူတို့နှင့်မသိ

သူများ၏အဝေးမှာနေကြလေသည် ။

ရှောက်ရွှမ်က ထိုနှစ်ယောက်ကို အော့နဲ့ခေါင်းဆောင်နှစ်ယောက်ရှိသည့် အခြားသင်္ဘောတစ်ခုစီသို့ ခေါ်လာပြီး အော့က ထိုအားနည်းနေသည့်နှစ်ယောက်ကို ကြည့်ကာမေးလိုက်သည်။

“ သူတို့က.. “

အခြားသောမျိုးနွယ်စုက လူတချို့က သူတို့ကြားမှာ နေသည်ဟု ရှောက်ရွှမ်က ပြောခဲ့သည့်အတွက် သူတို့က ဒီကိုရောက်နေခဲ့ခြင်းဖြစ်သည် ။ ဒါကိုကြားရတဲ့အခါ သူတို့က အချိန်မဆွဲဘဲ ချက်ချင်းပြေးလာခဲ့သည် ။

“ ဟုတ်တယ် ၊ ကျွန်တော်တို့ ကူမျိုးနွယ်စုမှာရှိကတည်းက ကျွန်တော်တို့ကို သူတို့က ပစ်မှတ်ထားနေတာဖြစ်နိုင်တယ် “

ရှောက်ရွှမ်ကပြောသည် ။

“ သူတို့ကဘယ်သူတွေလဲ “

ထာ့ကမေးသည် ။

“ သူတို့ကသူခိုးမျိုးနွယ်စုကထင်တယ် ၊ ကျွန်တော်တို့မထွက်လာခင်က ကူမျိုးနွယ်စုမှာ အရေးကြီးတာ တစ်ခုခု ပျောက်သွားသေးတယ် ၊ အဲ့ဒါက ကူမျိုးနွယ်စုက နတ်ဆေးဆရာ သိမ်းထားတာဖြစ်ပေမယ့် အခိုးခံလိုက်ရတယ် “

ရှောက်ရွှမ်က သူခန့်မှန်းမိတာကို ပြောပြသည် ။

အဲဒီညနေက ရှောက်ရွှမ်က တစ်ခုခုကို သတိထားလိုက်မိသည်ကိုအားလုံးကသိကြသည်။ သို့ပေမယ့် သူတို့က ကူမျိုးနွယ်စုက နတ် ဆေးဆရာ တစ်ခုခုပျောက်သွားသည်ကိုတော့ မသိကြပေ။

သူခိုးသည် မျိုးနွယ်စု၏နတ်ဆေးဆရာဆီမှ တခုခုခိုးနိုင်လောက်သည့်အထိ အလွန်လက်စွမ်းထက်လေသည် ။ အော့နဲ့အခြားသူများက ချက်ချင်းဆိုသလို အလေးအနက်ဖြစ်လာကြသည် ။

“ သူတို့ ခိုးခဲ့တာလား “

အော့က ထိုအားနည်းနေသောနှစ်ယောက်ကို လက်ညှိုးထိုးပြီးပြောလိုက်သည်။

“ မဟုတ်ဘူး ၊ သူခိုးကို အဲဒီညကဖမ်းမမိဘူး ၊ သူကလွတ်သွားတယ်၊ ဒီနှစ်ယောက်ကလည်း သူခိုးမျိုးနွယ်စုကဖြစ်နိုင်တယ် ၊ ဒါပေမဲ့ သူတို့က သူ့လောက်တော့ လက်စွမ်းမထက်ဘူး “

ရှောက်ရွှမ်က ပြောလေသည် ။

ကူမျိုးနွယ်စုထဲသို့ ခိုးဝင်သည့်သူခိုးနဲ့ယှဉ်လျှင် သူတို့က အတော်လေးအားနည်းသော်လည်း သူတို့ကအလွန်ဉာဏ်များသည့်သူများပင်ဖြစ်သည် ။ သူတို့က မီးတောက်ဦးချိုမျိုးနွယ်စုထဲမှာပင် သူတို့ကိုယ်သူတို့ ဝင်ပုန်းရဲသည် ။ မျိူးနွယ်စုထဲမှလည်း တန်ဖိုးရှိသည့်တစ်ခုခုကိုတော့ ခိုးချင်နေပုံရသည် ။

အော့နဲ့အခြားအဖွဲ့ခေါင်းဆောင်နှစ်ယောက်က သူတို့နဲ့အတူယူလာသည့် မီးလျှံသလင်းကျောက်များကို သူတို့ခိုးဖို့တွေးထားသည်ဟု တွေးလိုက်ကြသည်။ သူတို့၏မျက်လုံးများမှာ ခဏမျှအေးစက်သွားကြသည် ။

“ သူတို့ကို သတ်ပစ်လိုက် “

သုံးယောက်လုံးက တစ်ပြိုင်နက်တည်းပြောနေသည်။

“ ကျွန်တော်တို့ သူ့ကို သတ်ပစ်သင့်တယ်ဆိုတာကို

ကျနော်သိပါတယ် ၊ ဒါပေမဲ့ ကျွန်တော်က ကူမျိုးနွယ်စုထဲမှာ ပုန်းနေခဲ့တဲ့သူခိုးအကြောင်းကို ပိုပြီးသိချင်သေးတယ်။ ဒီသူခိုးက ကျွန်တော်တို့ကိုပစ်မှတ်ထားနေတာ ဖြစ်နိုင်ပြီး ကျွန်တော်တို့က သူ့ကို အခုထိရှာမတွေ့သေးဘူး “

သူက သူတို့ကို အဆိပ်သုတ်လိမ်းထားသည့် အပ်များဖြင့်ပစ်လိုက်ခြင်းဖြစ်သည် ။ ဒီအဆိပ်က သူ မြစ်တစ်ဖက်ကမ်းက အပင်ကနေယူလာခဲ့သော အဆိပ်ဖြစ်သည် ။ ဒီအပင်သည် အချိန်တိုအတွင်းသာ သက်ရောက်မှုရှိပြီး မျိုးနွယ်စုစစ်သည်တော်တစ်ယောက်ကို သတိမေ့ကာလဲကျသွားစေနိုင်သည် ။ သို့ပေမယ့် အဆိပ်က အကြာကြီးတော့ သက်ရောက်မှု မရှိပါပေ ။

၁နာရီကြာပြီးသည့်နောက် ထိုနှစ်ယောက်နိုးလာခဲ့သည် ။

အော့နဲ့အခြားသူများက မေးခွန်းများမေးကြပြီး သူ

တို့က ပြန်မ ဖြေ ကြဘဲ ရှောက်ရွှမ်က ထိုသူခိုးနှင့် ထိုညက ဆုံခဲ့ရသည့်အကြောင်းကိုပြောပြသည့်အခါမှ ထိုနှစ်ယောက်က တုံ့ပြန်လာကြသည် ။

“ သူက ဘယ်သူလဲ “

ရှောက်ရွှမ်က မေးလေသည် ။

“ ကျွန်မ မသိပါဘူး “

မိန်းကလေးက ပြောသည် ။

သူ့ရင်သားများက သူစကားပြောလိုက်တိုင်း မို့တက်လာသည် ။ သူမကို ဒီကိုခေါ်လာကတည်းက သူမ၏သားရေအပေါ်ထပ်မှာ ဆုတ်ပြဲနေလေသည့်အတွက် အမှောင်ထဲမှာပင် သူမရင်သားများကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နေရသည် ။

သူက သူနဲ့ခြေလှမ်းအတော်အကွာက အော့နဲ့အခြား

နှစ်ယောက်ကို ကြည့်နေလိုက်သည် ။ သူမ၏မျက်ဝန်းများက တောင်းပန်နေလေသည် ။

“ ကျွန်မကို ချမ်းသာပေးပါ ၊

ကျွန်မ ဒီကိုစပ်စုချင်လို့ လာတာပါ ၊

ကျွန်မ ဘာကိုမှ မခိုးပါဘူး “

သူတို့လက်နဲ့ခြေများကို ချည်နှောင်ထားပြီး သူတို့ကိုယ်ပေါ်တွင်လည်း အဆိပ်များသက်ရောက်၍ နေသေးသည် ။ ထို့ကြောင့် သူတို့က အနည်းငယ်သာ လှုပ်ရှားနိုင်လေသည် ။

ထိုအမျိုးသမီးက သူ့ကိုယ်လုံးကို လိမ်ဖယ်လိုက်ရာ သူ့သားရေအပေါ်ရုံမှာ အောက်ကိုလျှောကျလာသည် ။ ၎င်းကိုမြင်ရသည့်အတွက် ရှောက်ရွှမ်က သူ့မျက်ခုံးကိုပင့်ကာ သူ့အနောက်က အော့နဲ့ အခြားနှစ်ယောက်ကို ကြည့်လိုက်သည် ။

ဒီအမျိုးသမီးက လှည့်စားနေလေသည် ။ သူမက ဒီလိုအတွေ့အကြုံမျိုး အများကြီးရှိပုံရပေမယ့် သူမက ယခု မီးတောက်ဦးချိုများမျိုးနွယ်စုက ယောက်ျားသားများနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည် ။

သူတို့က ကျောက်စိုင်ကျောက်သားများကဲ့သို့ဖြစ်ပြီး သူတို့၏ရန်သူဟု သတ်မှတ်ထားပြီဆိုလျှင် ကျား၊မ ၊ ကြီးသည်ငယ်သည်မရွေး သူတို့က ချမ်းသာပေးမည် မဟုတ်ပေ။

ထိုယောက်ျားသားမှာတော့ အသံတိတ်နေပြီးညသူကတစ်ခုကိုတွေးနေသည့်အလား သူ့ခေါင်းကိုငုံ့ထားလေသည်။ တစ်ခန်းလုံးတိတ်ဆိတ်သွားသောအချိန်တွင် သူကအကျယ်ကြီးထရယ်လေသည် ။

“ ငါတို့ကအရမ်း တုံးတာပဲ “

သူက သူ့ဘေးကအမျိုးသမီးကို စကားပြောလေ

သည် ။

“ ငါတို့က အစမ်းသပ်ခံတွေ ၊ အစမ်းသပ်ခံတွေ “

ထိုလူက သူနှာခေါင်းမှာ သွေးများစီးကျလာပြီး ပါးစပ်ထဲမှာ သွေးများစီးဆင်းလာပြီး ရယ်မော၍ နေသည် ။ သူ့သွားများသည်ပင်အနီရောင်ဆိုး၍သွားသည် ။ သူ့မျက်လုံးများက ရူးသွပ်သွားပုံပေါက်ပေသည် ။ ဖြစ်နိုင်လျှင် သူက သူ့ဒေါသတွေကြောင့် အနီးနားကလူကိုပင် ကိုက်ဆွဲပစ်နိုင်လေသည် ။

တောထဲမှာ အန္တရာယ်ရှိသည်ဟု အာရုံရလျှင် အန္တရာယ်ရှိမရှိကို ကျောက်တုံးတစ်တုံးပစ်ပြီးတော့ စမ်းသပ်ကြည့်နိုင်သည် ။ ဒါကအန္တရာယ်ရှိလျှင်လည်း ထိုအရာက ကျောက်တုံးတစ်တုံးသာဖြစ်သည် ။

ယခု ထိုရူးနေသောသူက အခြေအနေကို

ကောင်းကောင်းနားလည်လိုက်သည် ။ သူတို့ထက်အဆင့်မြင့်သည့် လူတယောက်က ဗုံမျိုးနွယ်စုထဲကို ရောက်ခဲ့လေရာ သူကမီးတောက်ဦးချိုများမျိုးနွယ်စုကို ပစ်မှတ်ထားခဲ့ဟန်တူသည် ။ သို့ပါသော်လည်း သူကအန္တရာယ်ရှိသည်ကို အာရုံခံမိသည့်အတွက် ထပ်ပေါ်မလာတော့ပေ ။ သူကသူတို့ကိုမပြောခဲ့ဘဲ ဒီနေရာကို လာခိုင်းလိုက်သည် ။ သူကရည်မှန်းချက်ရှိသော်လည်း ယခုနောက်ကွယ်က အကြောင်းအရာများကို တွေ့ရှိသွားပြီဖြစ်သည်။

“ သင်္ဘောပေါ်မှာရှိတဲ့ မီးတောက်ဦးချိုမျိုးနွယ်စုက လေလွင့်သူ တယောက်က လမ်းမှာ အဖေနဲ့သားတစ်ယောက်၊ သမီးတစ်ယောက် သုံးယောက်သား လမ်းပျောက်သွားကြတယ်လို့ပြောတယ် သူတို့ကို ရှာလို့မတွေ့ဘူး ၊ မင်းသူတို့ကိုသတ်လိုက်တာလား “

ရှောက်ရွှမ်ကပြောသည် ။

သူက သူ၏ရူးသွပ်သည့်ရယ်မောခြင်းကို ရပ်လိုက်

လေသည် ။

“ မင်းက ကိုယ့်ကိုယ်ကိုယ် အဲဒီမောင်နှမအဖြစ် ရုပ်ဖျက်ခဲ့ပေမယ့် သူတို့အဖေက သတိထားမိသွားတယ်။ ဒီတော့ မင်း သူ့ကိုလည်းသတ်လိုက်တယ်ပေါ့။ ဒါပေမဲ့ ရုပ်ဖျက်ထားရင်တောင် မင်းကိုအလွယ်လေး သတိထားမိနိုင်မှာသိသွားတော့ မင်းက နောက်ဆုံး အခြားလေလွင့်သူတွေကြားထဲ ပုန်းနေဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့ “

ရှောက်ရွှမ်က ပြောလေသည် ။

ရှောက်ရွှမ်က အသံတိတ်သွားပြီး သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့တွန့်ဆုတ်နေကြသည့် ထိုနှစ်ယောက်ကိုကြည့်နေလိုက်သည် ။ သူကအော့ကို တိုးတိုးပြောကာ အခန်းထဲမှာထွက်လာခဲ့သည် ။

ဒီနှစ်ယောက်က မျိုးနွယ်စုကနတ်ဆေးဆရာဆီမှာ

ပစ္စည်းကိုခိုးသွားသည့်သူက မည်သူမှန်းသိကြပုံမရပေ။ သူတို့ တုံ့ပြန်ပုံအရဆိုလျှင် သူတို့က လေလွင့်သူများကို သတ်ခဲ့သည့်အတွက် အော့က သူတို့ကိုအသက်ချမ်းသာပေးမည်မဟုတ်ပေ။

ခဏကြာပြီးသည်နောက် တဲထဲမှအလောင်းနှစ်လောင်းကိုထုတ်ကာ မြစ်ထဲသို့ ပစ်ချလိုက်သည် ။ ချွန်ထွက်သည့် သွားများရှိကြသည့် အသားစားငါးပေါင်းများစွာ ရေထဲရှိနေကြလေသည် ။

ရေတပ်ဟာ အရှေ့ဆက်သွားနေပြီး မျိုးနွယ်စုဝင်များက ပျောက်ဆုံးသွားသည့်ထိုနှစ်ယောက်ကို အာရုံမထားကြပါပေ ။အများစုမှာ သူတို့နှစ်ယောက်ပျောက်ဆုံးသွားမှန်းပင်မသိကြပေ။

ကြည့်ရသည်မှာ ဘာမှမဖြစ်ခဲ့ပုံရလေသည် ။ သို့ပါသော်လည်း သေချာသာဂရုစိုက်ကြည့်လျှင် သင်္ဘောတစ်ခုချင်းစီတိုင်းက စစ်သည်တော်များက သူတို့ကိုအရင်ကထက်ပိုပြီး အာရုံထားကာစောင့်ကြည့်နေကြ

မှန်း သိနိုင်လေသည် ။

ရေတပ်ဟာ စီစဉ်ထားသည့်လမ်းကြောင်းအတိုင်း ဘိုးဘွားပိုင်မြေသို့ ဆက်လက်သွားနေကြသည်။ သို့ပါသော်လည်း သူတို့က ဘိုးဘွားပိုင်မြေကို ဒီလမ်းကရောက်မည်မဟုတ်ဘဲ သူတို့ကုန်းပေါ်ကသွားရန်လည်းလိုအပ်သေးသည် ။

သူတို့က သင်္ဘောများကို သုံးစရာမလိုတော့ပေ။ သို့ပါသော်လည်းသူတို့မစွန့်ပစ်နိုင်ပေ ။

ရောင်းပစ်ဖို့ဆိုလျှင်လည်း ဒါကတော့မဖြစ်မနေမလိုအပ်ပေ။

ရှောက်ရွှမ်အကြံအရ သူတို့က၎င်းကို ပစ္စည်းသယ်ပို့ရန်ယာဥ်များအဖြစ် ပြောင်းလိုက်ကြသည် ။ သင်္ဘောများသည် အမဲလိုက်နယ်မြေက အရည်အသွေးကောင်းသည့်သစ်သားများဖြင့်ပြုလုပ်ထားလေရာ

ပြန်လည်အသုံးပြု၍ရပေသည် ။

သူတို့က သင်္ဘောပေါ်မှသစ်သားများကိုဖယ်ကာ ပစ္စည်းသယ်ပို့ရန်ယာဥ်အဖြစ် ပြောင်းလိုက်ကြသည် ။ သူတို့က အကောင်းဆုံးကို မလိုအပ်ဘဲ စိတ်ချရသည့်တစ်ခုသာလိုအပ်ပါသည်။ ထို့ပြင်အကောင်းဆုံးတစ်ခု ပြုလုပ်ရန်အတွက် အချိန်အများကြီးလိုအပ်လေရာ သူတို့က ဒီမှာအကြာကြီးမနေနိုင်ပါပေ ။

ရှောက်ရွှမ်က ထိုယာဥ်များအတွက် ပုံကြမ်းဆွဲပြီးသည့်နောက် သင်္ဘောဆောက်လုပ်ခဲ့သည့်သူများကို သူကအနားကို ယာဥ်များပြုလုပ်ဖို့ ခေါ်လိုက်လေသည် ။ သူတို့က သင်္ဘောဆောက်ရာတွင်အတူတကွ လုပ်ကိုင်ခဲ့ကြလေသည့်အတွက် သူတို့၏စွမ်းအင်များနှင့်ပိုပြီး ကောင်းကောင်းပူးပေါင်းလုပ်ဆောင်နိုင်ကြသည်။

သူတို့ထိုယာဥ်များမပြီးသရွေ့ သူတို့ရှေ့ဆက်သွားမည် မဟုတ်ပေ။ သူတို့က ရှောက်ရွှမ်ရွေးပေးထားသည့် မျိုးနွယ်စုအနည်းအကျဥ်းသာ တည်ရှိကြသော

တောင်များ ပတ်ပတ်လည်ဝန်းရံထားသည့်နေရာတွင်နေကြသည်။

အကယ်၍ ခရီးသွားအဖွဲ့ငယ်များနှင့် လေလွင့်သူအဖွဲ့ငယ်များ ဒီမှာနေကြလျှင် သူတို့က ဒီလိုသီးသန့်နေရာမှာနေရလျှင် ကြောက်ကြပေလိမ့်မည် ။

သို့သော်လည်း မီးတောက်ဦးချိုမျိုးနွယ်စုအတွက်တော့ ဘာမှအခက်အခဲမရှိကြပေ ။ သူတို့က ပတ်ပတ်လည်က သစ်တောများကပင် အထူးသဖြင့် သန်မာသော ဝဖြီးသည့်သားရဲများကို ရှာဖွေတတ်ကြသေးသည် ။

အဆင့်မြင့်သားရဲများကိုလည်း အစာရှာဖွေဖို့ လွှတ်ပေးထားသည့်အတွက် တောင်ပေါ်ကသားရဲများကြောက်ကာ အဝေးသို့ထွက်ပြေးကြသည် ။ ထို့အတွက်ကြောင့် စစ်သည်တော်များက အမဲလိုက်ဖို့ အတော်ဝေးဝေးသို့သွားကြရသည် ။

“ မီးတောက်ဦးချိုမျိုးနွယ်စုက.. အတော်အံ့သြဖို့ကောင်းတာပဲ “

ဟယ်အာက လေလွင့်သူများနေကြသည့်နေရာမှာနေကာပြောလေသည် ။ သူက လူနှစ်ယောက်ပေါင်းထားသည့်အလားမြင့်သည့် တောင်ဝက်ဝံကြီးကိုလည်း တွေ့ရသည် ။ ထိုဝက်ဝံကြီးက အလွန်ခြောက်လှန့်ကာ ရန်သူများအဝေးသို့ပြေးစေဖို့ တောင်ပေါ်သို့ပြေးထွက်သွားသည် ။ သို့ပေမယ့် ဝံပုလွေ၏ ကိုက်ဆွဲခြင်းကိုခံလိုက်ရပြီး သူ့နောက်ဆုံးထွက်သက်ကို ရှူလိုက်ရလေသည် ။ ဝံပုလွေက ပြန်ဆွဲယူလာခဲ့ပြီး မျိုးနွယ်စုကလူများက စားပစ်ကြလေသည် ။

မီးတောက်ဦးချို မျိုးနွယ်စုကို လေလွင့်သူများက ယုံကြည်မှုလာလေသည် ။ မျိုးနွယ်စု အစွမ်းကြီးလာလေ သူတို့ကိုမှီခိုရသည့် လေလွင့်သူများပိုလုံခြုံလာလေဖြစ်သည် ။ အနည်းဆုံးတော့ မျိုးနွယ်စု၏ ဆာလောင်မှုကြောင့် သူတို့အစားခံရနိုင်ချေနည်းလေသည် ။

“ ဒီစစ်သည်တော်တွေက တောင်ကို ကျော်ပြီးအမဲလိုက်ကြတော့ သူတို့က အစာရေစာတော့ ပြတ်မှာမဟုတ်ပေ “

လေလွင့်သူများ ယုံကြည်ကြသည် ။

ယာဥ်များပြုလုပ်သည့်အစပိုင်းတွင် သူတို့က ပြုလုပ်ရာတွင်မတော်ကြသည့်အတွက် လက်သမားများကြောင့် သစ်သားများအတော် အလေအလွင့်များလေသည် ။ ကောင်းမွန်စွာညွှန်ကြားမှုတို့ကြောင့် သူတို့မကြာမှီ စွမ်းရည်ပြည့်ဝလာကြသည် ။

သူတို့က သင်္ဘောများလောက် မကြီးကြသည့်အပြင် အရေအတွက်လည်းနည်းလေသည် ။

သင်္ဘောကို လှည်းအဖြစ်ပြောင်းဖို့ သူတို့က သစ်သား

ပြားများကို တခုချင်း ဖယ်ကြရသည် ။ အစမှာတော့ သူတို့က လုပ်ချင်စိတ်မရှိကြသော်လည်း သူတို့ယာဥ်များကို မြင်သောအခါ ပိုပြီးတက်ကြွကာ အကောင်းမြင်လာကြသည် ။

ငါးရက်ကြာပြီးသည့်နောက် လေဒဏ် ၊ မိုးဒဏ်အကာအကွယ်ပေးနိုင်သည့် လှည်းယာဥ် ခုနှစ်စီး ပြုလုပ်ပြီးလေသည် ။ ထိုယာဥ်များက ဆယ်မီတာမှ မီတာနှစ်ဆယ်တပတ်လည်အထိ ရှည်ကြပြီး ဘတ်စ်ကားများနှင့်တူနေလေသည် ။

မြင်းများ မရှိကြလေရာ ချာချာနှင့် ကွေ့ဟယ်၏ ငှက်ဖြူကြီးမှလွဲရင် ကျန်သည့် အဆင့်မြင့်သားရဲများက ထိုယာဥ်များကို ဆွဲကြရသည် ။

All Chapters