ရှောင်ထုန် ရောက်ရှိလာခြင်း ၃
Vol. 30 Ch. 502
“ယွီအာ၊ ကြည့်စမ်း၊ ကလေးက တကယ်ချောပြီး ဉာဏ်ကောင်းတာပဲ!” အဒေါ်ရှောင်က ကလေးကိုချီပြီး ရှောင်လင်းယွီကို “ပုံမှန်အားဖြင့် ကလေးတွေက မွေးကင်းစဆို အရေလေးတွေတွန့်ပြီး နီရဲနေတတ်တယ်၊ ဒါပေမဲ့ ငါတို့ကလေးက ဖြူဖွေးပြီး နူးညံ့နေတာပဲ!”
ရှောင်လင်းယွီ၏ မျက်လုံးများက ဤကလေးကို မြင်သောအခါ အရောင်တောက်သွားသည်။ ထိုကောင်လေးသည် အလွန်လှပသည်။ သူသည် ဖြူဖွေး၊ နူးညံ့ပြီး ဝတုတ်လေးပင်။
သူမ ယခင်ဘဝက… ကလေးမွေးသောအခါ အမေရှောင်က ကလေးကို သူမဘေးသို့ ချီလာပြီး ကြည့်ခိုင်းခဲ့သည်ကို သူမမှတ်မိသည်။
သူမ ထိုစဉ်က အမှန်တကယ် တစ်ချက်ကြည့်ခဲ့သည်။ ရှောင်ထုန်သည် နီရဲပြီး တွန့်ကြရှုံ့တွနေနတာကြောင့် ရုပ်ဆိုးသည်ဟု သူမထင်ခဲ့သည်။ ဒီဘဝမှာတော့ ဘာကြောင့်များ ဒီလောက်တောင် ကွာခြားနေရတာလဲ။
ရှောင်လင်းယွီ အနည်းငယ် နားမလည်ဖြစ်သွားသည်။ သူတို့နှစ်ဦးစလုံးသည် တူညီသော သားအိမ်မှ ဖြစ်သော်လည်း အသွင်အပြင်တွင် ဘာကြောင့် ကွာခြားချက် ဒီလောက်ကြီးနေရတာလဲ။
သို့သော် နောက်တစ်ကြိမ် စဉ်းစားသောအခါ အကြောင်းရင်းကို သူမသိရှိသွားသည်။ ဤဘဝတွင် သူမသည် ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ခဲ့သည်။ ထို့အပြင် သူမတွင် စမ်းရေမှ အာဟာရဓာတ်များ ရရှိခဲ့သည်။ စမ်းရေသည် သန့်စင်ရာတွင် ကူညီပေး သူမကလည်း နေ့စဉ်သောက်သုံးခဲ့သည်။
“ဟုတ်တယ်၊ ဒီကလေးက တကယ်ကို အရမ်းလှတယ်” ဘေးနားက သူနာပြုက ပြုံးပြီး “ဒီလောက်ချစ်စရာကောင်းတဲ့ မွေးကင်းစကလေးကို ကျွန်မ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ” ဟု ပြောလိုက်သည်။
ထို့နောက် သူမက ဒေါက်တာချင်ကို “ဒေါက်တာချင်၊ ဒီလောက်လှပတဲ့ မွေးကင်းစကလေးမျိုး မြင်ဖူးလား?” ဟု မေးလိုက်သည်။
ဒေါက်တာချင်က ခေါင်းခါပြီး “ကျွန်မ ကလေးမွေးပေးတာ နှစ်နှစ်ဆယ်ကျော်ပြီ။ ဒါပေမဲ့ မွေးပြီးပြီးချင်းမှာ ဒီလောက်လှပပြီး ချစ်စရာကောင်းတဲ့ ကလေးကို ကျွန်မ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”
“တွေ့လား၊ ဒေါက်တာချင်အတွက်လည်း ပထမဆုံးအကြိမ်ပဲတဲ့” သူနာပြုများက ထိတ်လန့်သွားကြသည်။ “မဒမ်ကုန်း၊ သားလေးအတွက် ဂုဏ်ပြုပါတယ်!” အခြားသူနာပြုများက ပူးပေါင်းပြီး “မဒမ်ကုန်း၊ ဂုဏ်ပြုပါတယ်!”
လူတိုင်းသည် မီးဖွားခန်းအဝင်ဝတွင် စုရုံးပြီး ကလေးကိုကြည့်ကာ ရှောင်လင်းယွီကို ဂုဏ်ပြုကြသည်။ အလွန်စည်ကားနေသည်။
ကံကောင်းထောက်မစွာ၊ ဤဆေးရုံခန်းသည် ရှောင်လင်းယွီအတွက် အထူးသီးသန့်ထားခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် လူအုပ်ကို မောင်းထုတ်ပြီးလောက်ပြီ။
ထိုအချိန်တွင် အဖေရှောင်က ပတ်ပတ်လည်ကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် “ဒေါက်တာချင်၊ ထျန်းဟောက်က မွေးခန်းထဲဝင်သွားတယ်မဟုတ်ဘူးလား? ဘယ်ရောက်သွားတာလဲ?” ဟု မေးလိုက်သည်။
သူနာပြုသုံးဦးသည် ချက်ချင်း တိတ်တခိုး ရယ်မောကြသည်။
ဒေါက်တာချင်ပင် ရယ်မောခြင်းကို မထိန်းနိုင်။
ထို့နောက် သူနာပြုတစ်ဦးက ပြုံးပြီး “မစ္စတာကုန်း မွေးခန်းထဲကို ဝင်လာတာနဲ့ သူက မဒမ်ကုန်းဆီကို ပြေးသွားတာ။ မဒမ်ကုန်း အဆင်ပြေတာလဲသိရော သူလည်း သတိလစ်သွားရောပဲ။ ကျွန်မတို့ မိန်းကလေးသုံးယောက်က သူ့ကို ဆေးရုံကုတင်ပေါ်ကို သယ်သွားရတယ်!” ဟု ပြောလိုက်သည်။
“အာ?!”
ရှောင်မိသားစုဝင်များသည် ထိုစကားကို ကြားပြီးနောက် စကားမပြောနိုင် ဖြစ်သွားကြသည်။
ကုန်းထျန်းဟောက်က မွေးခန်းထဲမှာ သတိလစ်သွားတယ်!
သူတို့အားလုံး ဒီလိုအဖြစ်မျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်နိုင်ဖွယ်ရှိသည်!
ရှောင်လင်းယွီသည်လည်း စကားမပြောနိုင် ဖြစ်သွားသော်လည်း သူမသည် စိတ်လှုပ်ရှားနေသည်။ ကုန်းထျန်းဟောက်သည် သူမ လုံးဝဘေးကင်းကြောင်း အတည်ပြုပြီးမှသာ သတိလစ်သွားခြင်း ဖြစ်သည်။
ကလေးမှာမူ သူတစ်ချက်မျှပင် မကြည့်ခဲ့ပေ။
အမေရှောင်က ပြုံးပြီး “ထျန်းဟောက်လည်း ကုတင်ပေါ်ရောက်နေပြီဆိုမှတော့ သူ့ကို ခဏအိပ်ခိုင်းလိုက်ပါ။ ဒီရက်တွေအတွင်း သူလည်း စိတ်ကိုတော်တော်တင်းထားရတာလေ။ ကောင်းကောင်းတောင် အနားမယူခဲ့ရဘူး။ အမေရောကလေးပါနှစ်ယောက်လုံး ဘေးကင်းမှတော့ သူ့ကိုအနားယူခိုင်းလိုက်ပါ”
“ကောင်းပြီ၊ ကောင်းပြီ။ ထျန်းဟောက်ကို ကောင်းကောင်းအနားယူခိုင်းလိုက်!”
လူတိုင်းသည် စကားမပြောနိုင်ဘဲ ကူကယ်ရာမဲ့ ဖြစ်နေကြသည်။
ကုန်းထျန်းဟောက်သည် မီးဖွားခန်းသို့ ပြေးဝင်ပြီး သတိလစ်သွားသော ပထမဆုံးလူ ဖြစ်နိုင်ဖွယ်ရှိသည်။
ရှောင်လင်းယွီကို VIP ဆေးရုံခန်းသို့ ပြန်တွန်းပို့လိုက်သည်။ VIP ဆေးရုံခန်းသည် ဆိုဖာနှင့် အသုံးအဆောင်ပစ္စည်းအားလုံးပါသော သီးခြားဆေးရုံခန်းတစ်ခု ဖြစ်သည်။
“လာ၊ ကလေးကို သူ့အမေဆီ ပြန်ပေးလိုက်” အဘွားရှောင်က ပြုံးပြီး ပြောလိုက်သည်။
သူ့မြစ်ကို ခုလေးတင် ချီထားခဲ့သော အဘိုးရှောင်သည် အနည်းငယ် မကျေမနပ်ဖြစ်နေသည်။ “ငါ့ကို ခဏလောက် ထပ်ချီခွင့်ပေးပါဦး။ ခုလေးတင်မှ ငါ့လက်ထဲရောက်တာလေ။”
အဘွားရှောင်က ပြုံးပြီး “အရင်က ကလေးတွေ လုံလုံလောက်လောက် မချီခဲ့ရလို့လား?” အဘိုးရှောင်သည် ကလေးများစွာ၏ ဖခင်နှင့် အဘိုးဖြစ်ခဲ့ပြီးဖြစ်သည်။
အဘိုးရှောင်က ခေါင်းခါပြီး “မတူဘူးလေ။ ဒါက ငါတို့ရှောင်မိသားစုရဲ့ ပထမဆုံးမြစ်ပဲ”
အဘွားရှောင်က ပြုံးပြီး “ဟဟ၊ ရှင်ကတော့ အမြဲတမ်း ဒီလိုပဲ ပြောတယ်။ ကျွန်မတို့အကြီးဆုံးသား မွေးတုန်းက ဒါက ရှင့်ရဲ့ ပထမဆုံးကလေးဆိုပြီးတော့ ရှင်က သူ့ကို အဆက်မပြတ် ချီထားခဲ့တယ်။ ရှင့်ရဲ့ ပထမဆုံးမြေးမလေး မွေးတုန်းကလည်း အတူတူပဲ ပြောခဲ့တယ်။ အခု ရှင့်ရဲ့ မြစ်မွေးတော့ ရှင့်ရဲ့ဇာတ်ညွှန်းက မပြောင်းဘူး”
“ဒါပေမဲ့ ငါသူတို့အားလုံးကို ချစ်တယ်၊ ငါသူတို့ကို လက်မလွှတ်နိုင်ဘူး!” သူသည် သူ၏ ကလေးများနှင့် မြေးများကို သူတို့၏ လိင်အပေါ် မခွဲခြားဘဲ တန်းတူချစ်ခင်သည်။ သူတို့အားလုံးကို ဂရုစိုက်ပြီး ပျော်ရွှင်သော ကလေးဘဝ ရှိစေရန် သေချာစေခဲ့သည်။
“ဟုတ်ပါပြီ၊ ကလေးကို ယွီအာဘေးမှာ ထားလိုက်ကြရအောင်။ ယွီအာလည်း သူ့ကို နို့တိုက်ရတော့မယ်”
အဘွားရှောင်က ထိုသို့ပြောခဲ့သောကြောင့် အဘိုးရှောင်သည် ရှောင်ထုန်ကို သူ့အမေထံသို့ ပြန်ပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့။ အဘိုးရှောင်သည် အလွန်သတိထားသည်။ သူသည် မွေးကင်းစကလေးများကို ကိုင်တွယ်ရာတွင်လည်း အလွန်အတွေ့အကြုံရှိသည်။
ကလေး ကုတင်ပေါ်သို့ ပြန်ရောက်သည်နှင့် သူသည် သူ့အမေဘက်သို့ လျှောသွားသည်။
“အိုး၊ ဒီကလေးက တကယ်ကို လိမ္မာတာပဲ။”
“ဟုတ်တယ်၊ ဘယ်သူချီချီ သူက မငိုဘူး။”
အဒေါ်ကြီးရှောင်က “ညဘက်အတွက် မျက်ရည်တွေကို ချုပ်တည်းထားတာ မဟုတ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်”
လူတိုင်း၊ “…”
မျှော်လင့်ပါတယ်။
***