စိန်ခေါ်ခြင်း
Vol. 173 Ch. 2581
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှာ...။
ချင်ကူက ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာရှိသော လူနှစ်ယောက်ကိုကြည့်ကာ သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်သည်။
“နင်ဘာလုပ်မလို့လဲ”
ချင်ကူက မတ်တတ်ထရပ်တော့မည့်ဆဲဆဲမှာပင် စစ်တုရင်အင်မော်တယ်ကျွင်းယုက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ရုတ်တရက်မေးလိုက်သည်။
ကျွင်းယုက သေချာလှည့်မကြည့်ဘဲ ဘေးတိုက်သာတစ်ချက်ကြည့်လိုက်သည်။ သူမက ချင်ကူ၏ စိတ်ကိုဖတ်မိနိုင်သည့်အလား မှင်သေသေဖြင့် မေးလိုက်သည်။
“နင်က သူတို့အပေါ် အမြတ်ထုတ်ချင်လို့လား”
သူမ၏ လေသံက တည်ငြိမ်နေသော်လည်း တင်းမာမှုတစ်စွန်းတစ်စပါဝင်နေသည်။
“ကျုပ်.. “
ချင်ကူက အနည်းငယ်တွေဝေတုံ့ဆိုင်းနေ၏။
သူက သာမန်ကောင်းကင်အင်မော်တယ်တစ်ယောက်သာဆိုလျှင် သူတို့သည် စစ်တုရင်အင်မော်တယ်၏ မေးခွန်းနှင့်ရင်ဆိုင်ရချိန်မှာ တခြားမည်သည့်အတွေးမှထားရဲလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ချင်ကူသည် မည်သို့ပင်ဆိုစေ ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးဖြစ်ခဲ့သည်။
သူပြန်ဝင်စားလာစဥ်က စစ်တုရင်အင်မော်တယ်ကျွင်းယုက ထင်ရှားကျော်ဇောခြင်း မရှိသေးပေ။
ထိုရှုထောင့်ကနေကြည့်မည်ဆိုလျှင် ကျွင်းယုသည် သူ့အတွက် ဂျူနီယာတစ်ယောက်မျှသာဖြစ်သည်။
ချင်ကူက ခဏမျှစဥ်းစားတွေးတောပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ခင်ဗျားပြောတာမှားတယ်... ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ စည်းမျဥ်းစည်းကမ်းအရဆို ကျုပ်က အစကတည်းက သူတို့ကို စိန်ခေါ်ဖို့အဆင့်မီတယ်... ဒါကို သူတို့အပေါ် အမြတ်ထုတ်တယ်လို့ မဆိုနိုင်ဘူး”
“ဒီအဆင့်ထိရောက်အောက်တိုက်ခိုက်ခဲ့ကြတာက သူတို့ရဲ့ရွေးချယ်မှုပဲ... အဲဒါက ကျုပ်နဲ့ဘာမှမဆိုင်ဘူး”
“ကျုပ်က ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကို ရယူချင်တယ်ဆိုတာ ကျုပ်ကိုယ်တိုင်အတွက်မဟုတ်ဘူး... အဲဒါက ဂိုဏ်းရဲ့ဂုဏ်သိက္ခာအတွက်လည်းပါတယ်”
ချင်ကူ၏ စကားလုံးများက အလွန်တရာ စွမ်းအားကြီးမားနေသည်။
သူသည် ကျွင်းယု၏ အမေးကို ဖြေရှင်းနိုင်ခဲ့ရုံသာမက သူသည် နောက်ထပ်တစ်ဆင့်မြှင့်ပြီး ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာကို ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် ချိတ်ဆက်ပေးလိုက်သည်။
စစ်တုရင်အင်မော်တယ်ကျွင်းယုသည် မည်သို့ပင်ဆိုစေ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်ဖြစ်လေသည်။
သူမသည် သူ့ကိုတားဆီးချင်သည်ဆိုလျှင်တောင် သူမက မည်သည့်စကားမှ ထပ်မံ၍ပြောနိုင်တော့မှာမဟုတ်ဘူးဆိုတာ ချင်ကူက သေချာလေသည်။
ကျွင်းယုသည် ချင်ကူ၏ စိတ်ကိုဖတ်မိသည့်အလား သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုသောအကြည့်တစ်ခု ပေါ်ထွက်လာသည်။
“ရတယ်... နင့်သဘောပဲလေ... ကံကောင်းပါစေ”
တစ်ချိန်တည်းမှာပင် အင်မော်တယ်ပျံဂိုဏ်းဘက်မှာ...။
ကျုံးဖေးယွီက ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာရှိသော ဆူဇီမိုကို ရန်လိုခက်ထန်သော အော်ရာဖြင့် စိုက်ကြည့်ကာ ထသွားဖို့ပြင်လိုက်သည်။
“မုန့်ယောင်... ငါ ဒီကောင်လေးကို သေချာပေါက်သတ်ပြီး မင်းအတွက် လက်စားချေပေးမယ်”
ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးအဖြစ် သူ၏ အဆင့်အတန်းပေါ်မှီခိုပြီး ကျုံးဖေးယွီက မုန့်ယောင်ကို နာမည်တပ်ခေါ်လိုက်၏။
“အစ်ကိုကျုံး... ရှင့်ရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်”
မုန့်ယောင်က ညင်သာစွာခေါင်းညိတ်ပြီး သတိပေးလိုက်သည်။
“ဒါပေမဲ့ အစ်ကိုကျုံး... ရှင်သတိထားရမယ်.. ပေါ့ပေါ့ဆဆမလုပ်နဲ့... ဆူဇီမိုမှာ တခြားဝှက်ဖဲတွေ ရှိနေလောက်သေးတယ်”
“မပူပါနဲ့”
ကျုံးဖေးယွီက မကောင်းဆိုးဝါးဆန်ဆန် လှောင်ပြုံးပြုံးလိုက်သည်။
“ငါက... ပြင်ဆင်ထားပြီးသားပါ”
ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ...။
ယွင်ထင်က သူ၏ အသက်ရှုသံကို ထိန်းညှိပြီး အင်မော်တယ်ဆေးလုံးများစွာကို မျိုချနေ၏။ သူ၏ အသက်ရှုသံက တဖြည်းဖြည်းတည်ငြိမ်လာပြီ သူက ဝေခွဲမရအမူအရာဖြင့် ဆူဇီမိုကိုကြည့်လိုက်၏။
“ဒီတစ်ခေါက် မင်းအနိုင်ရသွားတယ်... ဒါပေမဲ့ ငါမကျေနပ်ဘူး”
“အို...”
ဆူဇီမိုက ယွင်ထင်သည် တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်ကြောင်း ပြောနိုင်ပြီး မျက်ခုံးအနည်းငယ်ပင့်ကြည့်လိုက်၏။
ယွင်ထင်က စကားပြောတော့မည့်ဆဲဆဲမှာပင် လူအုပ်ကြားထဲကနေ လူနှစ်ယောက်က တစ်ဘက်တစ်ချက်စီကနေထွက်လာကြ၏။
သူတို့သည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ချင်ကူနှင့် အင်မော်တယ်ပျံဂိုဏ်း၏ ကျုံးဖေးယွီဖြစ်လေသည်။
သူတို့နှစ်ယောက်သည် တိုက်ပွဲဝင်စိတ်ဝိညာဥ်ဖြင့် ပြည့်နှက်နေပြီး တောက်လောင်ပြင်းပြသောအကြည့်များနှင့် သိပ်သည်းပြင်းထန်သော အော်ရာများနှင့်အတူ သူတို့ကို စိုက်ကြည့်နေ၏။
“ဟမ့်”
ယွင်ထင်၏ အမူအရာက တည်တံ့သွား၏။ ရုတ်တရက် သူက မတ်တတ်ထရပ်ပြီး ချင်ကူနှင့်ကျုံးဖေးယွီကို ကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်သည်။
“မင်းတို့နှစ်ယောက်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“ဘာရယ်မဟုတ်ဘူး”
ချင်ကူက တည်တံ့စွာပြောလိုက်သည်။
“ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် စည်းမျဥ်းစည်းကမ်းတွေဆိုတာရှိတယ်... နံပါတ်တစ်နေရာဆိုတာ မင်းတို့နှစ်ယောက်ကြားက ရလဒ်တစ်ခုတည်းနဲ့ ဆုံးဖြတ်နိုင်တဲ့အရာမဟုတ်ဘူး”
“အဲဒါအမှန်ပဲ”
ကျုံးဖေးယွီက ဆူဇီမိုကို မကောင်းဆိုးဝါးဝါးဆန်ဆန်စိုက်ကြည့်ပြီး ရယ်မောလိုက်၏။
“မင်းက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကိုရယူချင်တယ်ဆိုရင် မင်းက ငါ့ရဲ့ ငါးပျံဓားကိုအရင်ခွင့်တောင်းရလိမ့်မယ်”
“အဓိပ္ပါယ်မရှိတာ”
ယွင်ထင်က စောစောကတင် ဆူဇီမိုကြောင့် စိတ်တိုနေခဲ့ရပြီး အဲဒါကို ဖွင့်ထုတ်စရာနေရာမရှိဖြစ်နေခဲ့၏။ သူသည် ကျုံးဖေးယွီနှင့် ချင်ကူ၏ အရှက်မဲ့ပုံကို တွေ့မြင်သောအခါ သူက ကျိန်ဆဲလိုက်လေသည်။
သူက သူတို့နှစ်ယောက်ကိုကြည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ပုံမှန်အခြေအနေမှာဆို မင်းတို့နှစ်ယောက်ပေါင်းတိုက်ရင်တောင် ငါ့ရဲ့ဂမ္ဘီရမိုးကောင်းကင်ဓားကို ခုခံနိုင်မှာမဟုတ်ဘူး”
“ဟမ့်...”
ကျုံးဖေးယွီက လှောင်ရယ်လိုက်သည်။
“ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ယှဥ်ပြိုင်မှုအတွက် စည်းမျှဥ်းစည်းကမ်းတွေက အရေးကြီးဆုံးပဲ... မင်းတို့နှစ်ယောက်ရဲ့ မဆင်မခြင်လုပ်တဲ့အပြုအမူအတွက် တခြားသူတွေကို အပြစ်မတင်နဲ့... မင်းက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကို ရယူချင်တယ်ဆိုရင် အများသူငှာကို ယုံကြည်လက်ခံစေနိုင်ရမယ်”
“မင်းတို့နှစ်ယောက်ကြား တိုက်ပွဲရလဒ်က ငါတို့နဲ့ဘာဆိုင်လို့လဲ”
ခဏမျှရပ်တန့်ပြီး ကျုံးဖေးယွီက သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုကာ ထုတ်ဖော်ကြေညာလိုက်သည်။
“အဲဒါက ငါတို့တင်မဟုတ်ဘူး... လက်ရှိပြိုင်စံရှားတွေကြားမှာလည်း အဲဒါကိုသဘောမတူတဲ့လူတွေ အများကြီးရှိတယ်”
တကယ်တော့... ယွင်ထင်ကို အနိုင်ရခြင်းဖြင့် ဆူဇီမိုသည် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အစစ်အမှန်နံပါတ်တစ်ဖြစ်လာခဲ့သည်ကို လူတိုင်းက ပြောနိုင်ကြသည်။
သို့သော်လည်း ကျင့်ကြံသူများစွာသည် မီးလောင်ရာလေပင့်ပေးဖို့ကို ဝန်လေးမနေကြပေ။
ယခု ချင်ကူနှင့် ကျုံးဖေးယွီက ရှေ့သို့ထွက်လာပြီး နောက်ထပ်ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ် ဖြစ်ပွားလာသည်။ ချက်ချင်းပင် လူတချို့က သူတို့လည်း မကျေနပ်ကြောင်း အော်ပြောလိုက်သည်။
ချက်ချင်းပင် လူအုပ်ကြီးက ကျယ်လောင်သောအသံများဖြင့် တစ်ယောက်တစ်ပေါက်ဝင်ရောက်ပြောဆိုလာကြသည်။
ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ ယွင်ထင်၏ အမူအရာက တည်တံ့လာပြီး သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာလေသည်။
အခြားတစ်ဘက်မှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်ပြီး နှုတ်ဆက်နေ၏။
“ဟားဟားဟားဟား...”
ကျုံးဖေးယွီက ဟားတိုက်ရယ်မောပြီး ဘေးပတ်ဝန်းကျင်မှာရှိသော အသံဗလံများကို ဖိနှိမ်လိုက်သည်။
“ဆူဇီမို... မင်းလည်းအဲဒါကိုမြင်တယ်မလား... ဒါက ကျင့်ကြံသူတွေအားလုံးရဲ့ စိတ်သဘောထားပဲ... မင်းက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကို ရယူချင်တယ်ဆိုရင် အများသူငှာကို လက်ခံယုံကြည်စေနိုင်ရမယ်”
ချင်ကူကလည်း ခေါင်းညိတ်လိုက်သည်။ သူက အင်မော်တယ်ဘုရင်ချင်းယန်ကိုကြည့်ပြီး ပြောလိုက်သည်။
“ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ စည်းမျဥ်းစည်းကမ်းတွေအရဆို ကျုပ်တို့နှစ်ယောက်က ဆူဇီမိုနဲ့ ယွင်ထင်ကို သေချာပေါက်ရင်ဆိုင်ရလိမ့်မယ်... အဲဒါက စည်းမျဥ်းစည်းကမ်းအတွင်းမှာရှိတယ်”
“အင်း”
အင်မော်တယ်ဘုရင်ချင်းယန်က တည်တံ့စွာပြောလိုက်၏။
“အဲဒါတကယ်ပဲ ဟုတ်တယ်”
“ဘယ်လောက်တောင်အရှက်မဲ့လိုက်လဲ”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဘက်မှာ ကျင့်ကြံသူများစွာက မကျေမချမ်းဖြစ်နေကြသည်။
မိုချင်ကလည်း မျက်မှောင်အနည်းငယ်ကြုတ်ပြီး စိုးရိမ်ပူပန်သောအမူအရာဖြင့် ညင်သာစွာပြောလိုက်သည်။
“ငါတို့က ဂျူနီယာမောင်ဆူကို နောက်ဆုတ်ခိုင်ပြီး ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကို လက်လျှော့ခိုင်းရင်ကောင်းမလား”
“အင်း..”
ယန်လောရှုက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါက တကယ်ပဲဘေးကင်းစေလိမ့်မယ်... တကယ်ဆို လူတိုင်းရဲ့ရင်ထဲမှာ ညီကိုဆူက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကိုရယူပြီးသွားပြီ... ဘာမဟုတ်တဲ့ ဘွဲ့အတွက် သူက တိုက်ခိုက်နေစရာမလိုဘူး”
ယွင်ကျူး၏ အမူအရာက တည်ငြိမ်နေပြီး ညင်သာစွာပြုံးလိုက်သည်။
သူမက မိုချင်၏ သေးငယ်သောလက်ကို ညင်သာစွာဆုပ်ကိုင်ပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။
“မပူပါနဲ့... သူတို့နှစ်ယောက်က အဲဒါကို သူတို့ဘာသာသူတို့ ဖြေရှင်းပါစေ”
ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ...။
ယွင်ထင်က ဘေးတစ်ဘက်မှာရှိသော ဆူဇီမိုကို လှည့်ကြည့်ပြီး ရုတ်တရက်မေးလိုက်သည်။
“မင်းဘယ်လိုနေလဲ... တိုက်ခိုက်နိုင်သေးလား”
“ရတာပေါ့”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပြီလေ”
ယွင်ထင်၏ မျက်လုံးက ဝင်းလက်သွားသည်။
“ငါတို့ပြိုင်ဘက်တစ်ယောက်စီရွေးချယ်ပြီး ဘယ်သူအရင်အနိုင်ရမလဲ ကြည့်ရတာပေါ့”
တကယ်တော့ စောစောကတိုက်ပွဲမှာ သူထုတ်ဖော်အသုံးမပြုခဲ့သည့် ဝှက်ဖဲတချို့ရှိနေသေးလေသည်။
ထိုဝှက်ဖဲများအားလုံးက စွမ်းအားကြီးမားသော သတ်ဖြတ်ကွက်များဖြစ်လေသည်။ အဲဒါကိုထုတ်ဖော်သည်နှင့် သူပင်လျှင် ထိုစွမ်းအားများကို ထိန်းချုပ်နိုင်မည်မဟုတ်ဘဲ ဒဏ်ရာအပြင်းအထန်ရရှိစေသော သို့မဟုတ် သေကြေပျက်စီးထိခိုက်စေသောရလဒ်များ ထွက်ပေါ်လာလိမ့်မည်။
ယွင်ထင်က ဆူဇီမိုကို အနိုင်ရချင်သည်။ သို့သော်လည်း သူ၏ နှလုံးသားအရ သူသည် ဆူဇီမိုကို မသတ်ဖြတ်လိုပေ။ ဒါ့အပြင် ဆူဇီမိုနှင့် သူ့အစ်မက အရမ်းကိုရင်းနှီးနေသည်ကို သူက သတိထားမိနေသည်။
ယွင်ကျူး၏ မျက်နှာကို ထောက်ထားလျှင်ပင် သူသည် ဆူဇီမို၏ အသက်ကို ရန်မရှာလိုပေ။
ထို့ကြောင့်ပင် ဆူဇီမိုက ဤတစ်ခေါက်အနိုင်ရခဲ့သော်လည်း သူက မကျေနပ်ဟုပြောဆိုခဲ့ခြင်းဖြစ်သည်။
ယခု... သူတို့နှစ်ယောက်သည် ပြိုင်ဘက်တစ်ယောက်စီကို ရွေးချယ်ပြီး မည်သည့်ထိန်ချန်မှုမှမရှိဘဲ စိတ်လွတ်လက်လွတ်တိုက်ခိုက်နိုင်တော့မည်ဖြစ်သည်။
ထိုရှုထောင့်ကနေကြည့်လျှင် သူတို့နှစ်ယောက်ကြားယှဥ်ပြိုင်မှုက မပြီးဆုံးသေးပေ။
ယွင်ထင်သည် ဤနည်းလမ်းကိုအသုံးချပြီး သူ၏ စွမ်းအားကြီးမားသော ဝှက်ဖဲများကို ဆူဇီမိုကို ပြသပေးလိုသည်။ ထိုသို့ဖြင့် သူက ထိုသူနှင့်ဆက်လက်ယှဥ်ပြိုင်နိုင်မည်ဖြစ်သည်။
“ရတယ်လေ”
ဆူဇီမိုကလည်း ယွင်ထင်၏ စိတ်ကိုဖတ်မိပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။
“မင်းအရင်ဆုံးရွေးလိုက်... ဘယ်သူပဲဖြစ်ဖြစ် ငါက အဆင်ပြေတယ်”
တိုက်ပွဲမြေမှာ သူတို့နှစ်ယောက်ကြား အပြန်အလှန်ပြောဆိုစကားကို ဖုံးဖိထားခြင်းမရှိပေ။
ချင်ကူနှင့် ကျုံးဖေးယွီအပါအဝင် ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ကျင့်ကြံသူပေါင်းများစွာက အရာရာတိုင်းကို ရှင်းလင်းစွာ ကြားနေရသည်။
ကျင့်ကြံသူများက ကြက်သေသေနေကြလေသည်။
သူတို့နှစ်ယောက်က ဘာလုပ်နေကြတာလဲ။
သူတို့က စိုးရိမ်ပူပန်ရမည့်အစား သူတို့၏ ပြိုင်ဘက်များကိုပင် ရွေးချယ်နေကြသည်။
ဤသည်က ချင်ကူနှင့်ကျုံးဖေးယွီကို အထင်အမြင်သေးခြင်းမဟုတ်တော့ပေ။ ဤသည်က လုံးဝကိုမထီမဲ့မြင်ပြုခြင်းဖြစ်သည်။
ဆူဇီမိုနှင့် ယွင်ထင်ကြား အပြန်အလှန်ပြောဆိုစကားမှာ ပြန်ဝင်စားပကတိအင်မော်တယ်နှစ်ယောက် ချင်ကူနှင့် ကျုံးဖေးယွီသည် စဉ်းတီတုံးပေါ်ရောက်ရှိနေသော ငါးများကဲ့သို့ဖြစ်နေသည်။
သားသတ်သမားနှစ်ယောက်သည် ဘယ်သူပိုပြီးမြန်မြန်သတ်ဖြတ်နိုင်မလဲကို ဆွေးနွေးနေခြင်းမျှသာဖြစ်နေသည်။