← Chapters

ကြောက်စရာကောင်းသော ကိုယ်တော်

Vol. 173 Ch. 2594

ကြောက်စရာကောင်းသော ကိုယ်တော်

Vol. 173 Ch. 2594

ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် မော့ကြည့်လိုက်သည်။

မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ လူအုပ်ကြားထဲမှာ အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က အင်မော်တယ်ဘုရင်ပညာရှင်များ၏ နောက်ဘက် ပကတိအင်မော်တယ်များစွာ၏ ရှေ့မှာ မတ်တတ်ရပ်နေသည်။ သူက အရပ်အမောင်းမြင့်မားပြီး စွမ်းပကားကြီးမားကာ ပြင်းထန်ကြမ်းတမ်းသော အော်ရာတစ်ခုကို ထုတ်ဖော်ထားသည်။

အနက်ရောင်ဝတ်အမျိုးသားက တောင်လောင်ပြင်းပြသောအကြည့်ဖြင့် ဆူဇီမိုကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူက သွားဖြဲပြီး သူ့မျက်လုံးထဲရှိ ရန်လိုစိတ်ကို ဖုံးကွယ်မထားပေ။

ဤလူသည် သူနှင့် မရင်းနှီးသည့်ပုံဖြစ်ပြီး ပကတိဧကနယ်ပယ်မှာ ရှိနေသည်။

ဆူဇီမိုသည် ဤလူကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

ပြောရမည်ဆိုလျှင် သူသည် အခြားသော အင်မော်တယ်မဟာနယ်မြေများ၏ ပကတိအင်မော်တယ်များနှင့် ရန်ငြိုးရန်စတစ်စုံတစ်ရာ မရှိသင့်ပေ။

“အဲဒါ ဘယ်သူလဲ”

ဆူဇီမိုက မေးလိုက်သည်။

ယွင်ကျူးကလည်း ဆူဇီမိုအပေါ် အနက်ရောင်ဝတ်အမျိုးသား၏ ရန်လိုစိတ်ကို သတိထားမိပုံရသည်။

“သူက ချင်စဲပဲ… သူ့ရဲ့ခွန်အားက ထူးခြားအံ့မခန်းပဲ… သူက ဒီတစ်ခေါက် အန္တိမပကတိအင်မော်တယ်ဘွဲ့အတွက် ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲ”

“သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းထဲမှာ မဟာသူတော်စင်ကျောက်စိမ်းကျမ်းအကြောင်း ငါ နင့်ကိုပြောခဲ့တာ မှတ်မိသေးလား”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

“မဟာသူတော်စင်ကျောက်စိမ်းကျမ်းက မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ကောင်းကင်အင်မော်တယ်တစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေတယ်လို့ ခင်ဗျားပြောခဲ့တယ်”

ထိုနေရာရောက်တွင် ဆူဇီမိုက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး တီးတိုးရေရွတ်လိုက်၏။

“ဒါဆို သူက…”

ယွင်ကျူးက ပြောလိုက်သည်။

“မဟာသူတော်စင်ကျောက်စိမ်းကျမ်းက ချင်စဲရဲ့ လက်ထဲမှာပဲ… ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းချီကာလတုန်းက… အဲဒီအချိန်တုန်းက သူက ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ”

ကျွင်းယုက ပြောလိုက်သည်။

“ချင်စဲက နှစ်ပေါင်းသောင်းချီကာလအတွင်း သုခဘုံလေဟာနယ် ပကတိအင်မော်တယ်တစ်ယောက်ဖြစ်တဲ့အထိ ဒီလိုမျိုးကြောက်စရာကောင်းတဲ့ အလျင်အဟုန့်နဲ့ ကျင့်ကြံနိုင်ခဲ့တယ်ဆိုတာ အဲဒီမဟာသူတော်စင်ကျောက်စိမ်းကျမ်းကြောင့်ပဲ”

“တကယ်တော့ သူက အစကတည်းက မင်းသားတစ်ပါးဆိုတော့ သူ့မှာ လုံလောက်တဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေနဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းတစ်ခုက ရှိပြီးသားပဲ”

ချင်စဲက မင်းသားတစ်ပါးပင်ဖြစ်လေသည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ဤလူသည် ဤမျှအထိ စီးပိုးခြယ်လှယ်မှု ရှိနေသည်မှာ မထူးဆန်းတော့ပေ။ ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဖြစ်သည်ကို သူသိထားလျှင်တောင် သူက သူ၏ ရင်ထဲရှိ ရန်လိုစိတ်ကို ဖုံးကွယ်မထားပေ။

သူသာ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဆိုလျှင် ဤမင်းသားသည် လူအများ၏ ရှေ့မှာပင် သူ၏ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို နေ့ခင်းကြောင်တောင်လုယူရဲမည်ကို ဆူဇီမိုက သံသယမရှိပေ။

အထက်ဘုံလောကမှာ စွမ်းအားကြီးမားသော အဖွဲ့အစည်းတစ်ခု၏ နောက်ခံမရှိဘဲ ကျင့်ကြံဖို့နေနေသာ ရှင်သန်ဖို့ပင် အင်မတန်ခဲယဉ်းသည်။

မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ ရောက်ရှိလာပြီးနောက် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကလည်း ရောက်ရှိလာသည်။

အခြားသော အင်မော်တယ်မဟာနယ်မြေဒေသရှစ်ခုနှင့်မတူဘဲ ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အန္တိမအင်မော်တယ်ဘုရင်များနှင့် သာမန်အင်မော်တယ်ဘုရင်များ ပါလာသော်လည်း သူတို့၏ ပကတိအင်မော်တယ်အရေအတွက်က သိသိသာသာ များစွာလျော့ကျနေသည်။

ဒါ့အပြင် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဘက်မှာ ထိပ်သီးပကတိအင်မော်တယ်ပညာရှင်များ လစ်လပ်နေလေသည်။ သူတို့အများစုက ပေါင်းစည်းခြင်း သို့မဟုတ် အာကာသသက်ရှိနယ်ပယ်မှာသာ ရှိကြလေသည်။

“ဒီတစ်ခေါက် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက တကယ်ကို ဆိုးဆိုးဝါးဝါးဖြစ်နေတာပဲ…. သူတို့တွေက ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး”

“ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ကိုမပြောနဲ့… ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ပကတိအင်မော်တယ်တစ်ယောက်ယောက်က ဒီတစ်ခေါက် ထိပ်ဆုံးတစ်ရာထဲ ပါလာမယ်ဆိုရင်တောင် အရမ်းကိုကံကောင်းလှနေပြီ”

“ဘာပဲပြောပြော အရင်တုန်းက တိုက်ပွဲမှာ မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က အရမ်းကို စိုးမိုးဗိုလ်ကျခဲ့တာပဲ… သူက ပကတိအင်မော်တယ်ထောင်ချီနဲ့ အင်မော်တယ်မြို့တော်ငါးမြို့က မြို့တော်အရှင်တွေကိုတောင်မှ တစ်ယောက်တည်း သတ်ဖြတ်ခဲ့တယ်… အဲဒါက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ပကတိအင်မော်တယ်စက်ဝန်းပေါ် ပြင်းပြင်းထန်ထန် ပျက်စီးထိခိုက်သွားစေခဲ့တယ်… ကြည့်ရတာတော့ သူတို့တွေက အနည်းဆုံး နှစ်တစ်သိန်းလောက်အချိန်ယူပြီးမှ အဲဒါကို ပြန်လည်ဖြည့်တင်းနိုင်မယ်ထင်တယ်”

“စုန့်စွမ်နဲ့ တခြားသူတွေက အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးကိုမှ သွားပြီးဖမ်းဆီးခဲ့တာကိုး… အထီးကျန်သိုင်းသခင်က ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေထဲ တစ်ယောက်တည်းဝင်ရောက်ပြီး လန့်ဖုန်းမြို့တော်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ပြုလုပ်ခဲ့တယ်… သူက အဲ့လောက်ထိ စိုးမိုးဗိုလ်ကျတတ်လိမ့်မယ်လို့ ဘယ်သူက တွေးခဲ့မိမှာလဲ”

“ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ ဆင်းသက်ရောက်ရှိလာသည့်ခဏမှာပင် လူအုပ်ကြားထဲမှာ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာသည်။

ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဘုရင်များ၏ အမူအရာများက ပျက်ယွင်းသွားကြသည်။ သူတို့က သူတို့၏ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး အေးစက်စွာ နှာတစ်ချက်မှုတ်ကာ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို စဲသွားစေရန် စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်မဟာနယ်မြေဒေသကိုးခုစလုံး ရောက်ရှိလာပြီးနောက် သုခဘုံသန့်စင်ကုန်းမြေ၏ တိုက်ကြီးလေးတိုက်မှ ကိုယ်တော်ပေါင်းသောင်းချီက တစ်ချိန်တည်းမှာ ရောက်ရှိလာကြသည်။

“ဒီတစ်ခေါက် သုခဘုံသန့်စင်ကုန်းမြေမှာ ထူးခြားအံ့မခန်း ကိုယ်တော်တွေ ပါလာသေးလား”

ဆူဇီမိုက မေးလိုက်သည်။

ယွင်ကျူးက ပြောလိုက်သည်။

“သုခဘုံသန့်စင်ကုန်းမြေမှာ ပြောစမှတ်ပြုရလောက်တဲ့လူကတော့ ရှစ်ဝူနန်လို့အမည်ရတဲ့ သူတော်စင်တစ်ပါးပဲ”

(ဗုဒ္ဓကျောင်းတော်များမှာ သူတော်စင်ဘွဲ့ ခံယူထားသူများက အင်မော်တယ်မဟာနယ်မြေများမှ ပကတိအင်မော်တယ်များနှင့် ကျင့်ကြံမှုနယ်ပယ်တူ ဖြစ်ပါသည်။)

“တခြားသူတော်စင်ပညာရှင်အများစုက တိုက်ကြီးလေးတိုက်ကနေ လာတာပဲ… ဒါပေမဲ့ ရှစ်ဝူနန်ကတော့ သုခဘုံသန့်စင်ကုန်းမြေရဲ့ မြင်းမိုရ်တောင်ကနေလာတာ… သူက ဗုဒ္ဓဝါဒရဲ့ အန္တိမအစစ်အမှန်အမွေအနှစ်ကို ရရှိထားပြီလို့ ပြောကြတယ်”

“အမှားအယွင်းတစ်စုံတစ်ရာမရှိရင် ရှစ်ဝူနန်က ဒီနှစ်ရဲ့ အန္တိမသူတော်စင်ဖြစ်လာလိမ့်မယ်”

ယွင်ကျူး၏ အကြည့်နောက်သို့ လိုက်ပါပြီး ဆူဇီမို၏ အကြည့်က လူအုပ်ကြားထဲရှိ ကိုယ်တော်တစ်ပါးအပေါ် ဆင်းသက်ရောက်ရှိသွားသည်။

ထိုကိုယ်တော်က ငယ်ရွယ်ပြီး သူ့၏ ရှေ့မှာ ပုတီးကုံးတစ်ကုံးချိတ်ဆွဲထားသည့် လက်တစ်ဖက်ကို မတ်မတ်ထောင်ထားသည်။ သူက ဗုဒ္ဓကျောင်းတော်များမှ ကောင်းကင်ဘုရင်တစ်ပါး၏ နောက်ဘက်မှာ ခေါင်းငုံ့ကာ လိုက်ပါလာသည်။

အဝေးကနေကြည့်လျှင် ရှစ်ဝူနန်သည် အခြားသောကိုယ်တော်များနှင့် မကွာခြားဘဲ လူအုပ်ကြားထဲမှာ ရှာဖွေတွေ့ရှိဖို့ ခက်ခဲသောပုံစံမျိုးဖြစ်သည်။

သို့သော်လည်း ဆူဇီမို၏ အကြည့်က ထိုလူပေါ်သို့ ဆင်းသက်သွားသည့်ခဏမှာပင် ရှစ်ဝူနန်က ရုတ်တရက် သူ၏ ခေါင်းကို မော့လာခဲ့သည်။ သူ၏ မျက်လုံးထဲမှာ တစ်ဖျတ်ဖျတ်တလက်လက် ဂမ္ဘီရအလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမိုကို ကြည့်လိုက်လေသည်။

“ဘယ်လောက်တောင် စူးရှလိုက်တဲ့ အာရုံခံစိတ်လဲ”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

ပို၍ပင် ထူးဆန်းသည့်အရာမှာ သုခဘုံသန့်စင်ကုန်းမြေမှ ကိုယ်တော်များ ဆင်းသက်လာပြီးနောက် မရေမတွက်နိုင်သော အကြည့်များက ရှစ်ဝူနန်အပေါ်မှာ ဆင်းသက်ရောက်ရှိနေကြသည်။

ရှစ်ဝူနန်သည် ထိုအကြည့်များအားလုံးမှာ လှုပ်ရှားယိမ်းယိုင်ခဲ့ခြင်း မရှိပေ။

ဆူဇီမိုက သူ့ကို ကြည့်လိုက်စဉ်မှာသာ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး လှည့်ကြည့်လာခဲ့သည်။

ဆူဇီမိုက စဉ်းစားရခက်နေစဉ်မှာပင် သူ၏ နားထဲမှာ မရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံက ဗုဒ္ဓကျမ်းစာများ၏ ဂါထာမန္တန်ရွတ်ဖတ်သံကဲ့သို့ နွေးထွေး၍ သင့်တင့်မျှတပြီး အလွန်တရာနာပျော်ဖွယ်ကောင်းနေ၏။ ထိုအသံက တစ်ဖက်လူကို အလိုလိုကြည်ညိုလေးစားလာစေနိုင်သည်။

“ဒကာ… သင်က ဗုဒ္ဓကျောင်းတော်တွေနှင့် အထုံရေစက်ပါတယ်… သင့်ရဲ့ဘေးပတ်လည်က ဗုဒ္ဓအော်ရာက အရမ်းကို ကြည်လင်သန့်စင်တယ်… ကျုပ်က သင်နဲ့ ဗုဒ္ဓဝါဒအကြောင်း ဆွေးနွေးဖို့ အခွင့်အရေးရှိမလား မသိဘူး”

ဆူဇီမိုသည် ကိုယ်တော်များကြားမှ ရှစ်ဝူနန်ကို ကြည့်နေ၏။

ရှစ်ဝူနန်က စေတနာထက်သန်စွာဖြင့် ပြုံးပြပြီး သူရှိရာဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ကိုယ်တော်လဲ”

ရှစ်ဝူနန်၏ အကြည့်က နွေးထွေးပြီး သူ၏ လေသံက အလွန်တရာယဉ်ကျေးပျူငှာနေပုံရသည်။ သို့သော်လည်း ဆူဇီမိုသည် ခေါင်းနားပန်းကြီး၍ ကြက်သီးမွေးညင်းများ ထလာသည်။

ရှစ်ဝူနန်က ဘာ့ကြောင့် သူ့ကိုသတိထားမိသလဲ သူက နောက်ဆုံးနားလည်သဘောပေါက်သွားသည်။

အကြောင်းမှာ ရှစ်ဝူနန်သည် အကြည့်တစ်ချက်မျှနှင့် သူ့ထံမှ ဗုဒ္ဓဝါဒ၏ အော်ရာကို အာရုံခံမိနိုင်ပြီး သူက အခြားသူများနှင့် မတူကွဲပြားနေသည်ကို ပြောနိုင်သောကြောင့်ဖြစ်သည်။

ရှစ်ဝူနန်သည် ယဉ်ကျေးပျူငှာစွာ ပြောဆိုနေသော်လည်း တကယ်တမ်းမှာတော့ သူသည် ဆူဇီမို၏ လျှို့ဝှက်ချက်များကို အကဲစမ်းလိုနေခြင်းဖြစ်သည်။

သူက ဗုဒ္ဓကျောင်းတော်များ၏ တဗူးဂမ္ဘီရကျင့်စဉ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံထားသည်ဆိုတာ ဤလူက သိရှိချင်မှသိရှိမည်ဖြစ်သော်လည်း သူက ဆူဇီမိုကို သိသိသာသာပစ်မှတ်ထားလာခဲ့လေပြီ။

အန္တိမသူတော်စင်ဖြစ်လာဖို့ အလားအလာရှိသည့် ဤကိုယ်တော်က တကယ်ပင် ထူးခြားသောအစွမ်းအစများကို ပိုင်ဆိုင်ထားသည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်တွေ့ဆုံပွဲ မစတင်ခင်မှာပင် ဆူဇီမိုသည် ကောင်းကင်အင်မော်တယ်များနှင့် ပကတိအင်မော်တယ်များအပါအဝင် ကျင့်ကြံသူများစွာ၏ ပစ်မှတ်ထားခြင်းကို ခံလာရလေပြီ။

သူတို့အားလုံးက ရန်လိုစိတ်ရှိနေကြသည်။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

လက်ရှိ သူ၏ ကျင့်ကြံမှုနယ်ပယ်အရ သူသည် ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိသော တခြားပညာရှင်များအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်သည်။

သူတို့က မင်းသားများ သို့မဟုတ် မင်းသမီးများဖြစ်လျှင်ပင် ကိစ္စမရှိပေ။ လူတိုင်းက သူ၏ ဖိနှိမ်ခြင်းကို ခံရပေလိမ့်မည်။

ချင်စဲနှင့် ရှစ်ဝူနန်ကဲ့သို့ ပကတိအင်မော်တယ်များက ပြဿနာလာရှာမည်ဆိုလျှင် ဆူဇီမိုသည် သူတို့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူ့မှာ သူတို့ကို ကိုင်တွယ်စရာနည်းလမ်း မရှိသည်တော့ မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက အဝီစိမှာ တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ပြီး သိုင်းတာအိုကို ကောက်ချက်ချရာမှာ အလွန်တရာ အရေးကြီးသော အခြေအနေမှာ ရောက်ရှိနေသည်။

သိုင်းတာအိုပင်မခန္ဓာက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသည်နှင့်အမျှ သူသည် သူရင်ဆိုင်နေရသည့် အန္တရာယ်များအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေ အဖွဲ့အစည်းများအားလုံးက ရောက်ရှိလာကြသည်။ သူတို့အားလုံးကို စုပေါင်းလိုက်မည်ဆိုလျှင် ကျင့်ကြံသူအရေအတွက် တစ်သိန်းကျော်က အင်အားကြီးမားသော စွမ်းပကားတစ်ခုနှင့်အတူ တည်ဆောက်သူသစ်ပင်တောင်ကြောရိုးမှာ စုဝေးရောက်ရှိနေကြသည်။

ထိုကျင့်ကြံသူအများစုသည် ပကတိအင်မော်တယ်နယ်ပယ်ပညာရှင်များဖြစ်ကြသည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေဘက်ခြမ်းမှာ အန္တိမအင်မော်တယ်ဘုရင် ဆယ့်သုံးပါးနှင့် သာမန်အင်မော်တယ်ဘုရင် တစ်ရာကျော် ရှိနေသည်။

သုခဘုံသန့်စင်ကုန်းမြေဘက်မှာတော့ အန္တိမအင်မော်တယ်ဘုရင် ၁၀ပါးနှင့် သာမန်ကောင်းကင်ဘုရင်များစွာ ရောက်ရှိလာကြသည်။

ဤသည်က မကြုံစဖူးထူးခြားသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေသည် ဤမိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို ဘယ်လောက်တောင် အလေးထားသလဲ သိသာလေသည်။

ဤမျှများပြားသော ကောင်းကင်အင်မော်တယ်ပညာရှင်များ ရောက်ရှိလာသည်မှာ ရုတ်တရက်ပေါ်ထွက်လာမည့် မည်သည့်အလှည့်အပြောင်းများ ရှိလာသည်ဖြစ်စေ… မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို ချောချောမွေ့မွေ့ကျင်းပနိုင်ဖို့ဖြစ်လေသည်။

အမျိုးမျိုးသော အဖွဲ့အစည်းများ စုဝေးရောက်ရှိလာပြီးနောက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို တရားဝင်စတင်လိုက်လေသည်။

All Chapters