← Chapters

ဓမ္မတာအိုကျောက်စာတိုင်

Vol. 173 Ch. 2589

ဓမ္မတာအိုကျောက်စာတိုင်

Vol. 173 Ch. 2589

လူတိုင်းက အဲဒါကို ကိုယ်တိုင်မြင်တွေ့ရလျှင်တောင် အဲဒါက အိမ်မက်ဆန်လွန်းသည်ဟု လူတိုင်းက ခံစားနေရဆဲဖြစ်သည်။

ဤဖြစ်ရပ်ကို ထူးခြားအံ့မခန်းဖြစ်စဉ်တစ်ခုဟု ဆိုနိုင်မလား။

လက်ရှိ ကောင်းကင်အင်မော်တယ်အများစုအတွက် သူတို့သည် ပါရမီရှင်များဖြစ်ကြသည်ဆိုလျှင်တောင် သူတို့သည် အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ကနေ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် တက်လှမ်းဖို့ နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းသောင်းချီ အချိန်ယူရပေလိမ့်မည်။

သူတို့ရှေ့မှလူက နှစ်နာရီပင် အချိန်မယူခဲ့ရပေ။

ဒါ့အပြင် ကျင့်ကြံသူများစွာက ဤနည်းလမ်းကို သိရှိထားသည်ဆိုလျှင်တောင် သူတို့က အဲဒါကို ကြိုးပမ်းမကြည့်ရဲပေ။

ပကတိအင်မော်တယ်များသာ စုပ်ယူသုံးစွဲနိုင်သော ဂမ္ဘီရဆီးနှင်းမက်မန်းများကို ခွင့်ပြုချက်ရထားသည်ဆိုလျှင်တောင် ဘယ်သူက စားသုံးရဲမှာလဲ။

ဒါ့အပြင် သူသည် အရေအတွက်များစွာကို တစ်ထိုင်တည်း စားသုံးခဲ့သည်။

အင်မော်တယ်ဘုရင်ချင်းယန်က အိုးတိုးအမ်းတမ်းအမူအရာဖြင့် ဆူဇီမိုကို ကြည့်ပြီး မျက်မှောင်ကြုတ်ထားသည်။

သူ၏ ဗဟုသုတနှင့် အတွေ့အကြုံအရပင်လျှင် သူသည် အကြောင်းရင်းကို ချက်ချင်းမရှာဖွေနိုင်ပေ။

ပုံမှန်အခြေအနေမှာ ကောင်းကင်အင်မော်တယ်များသည် ဂမ္ဘီရဆီးနှင်းမက်မန်းများကို တကယ်ပင် စုပ်ယူသန့်စင်နိုင်မည် မဟုတ်ပေ။

တကယ်တော့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးဖြင့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ စိမ့်စမ်းရေပူနေရာကို အစားထိုးအသုံးပြုခဲ့ခြင်းဖြစ်သည်။

အတိအကျဆိုရလျှင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ စိမ့်စမ်းရေပူထက်ပင် ပိုမိုသန်မာပေသည်။

ဆူဇီမိုသည် ထို့ကြောင့်ပင် ဂမ္ဘီရဆီးနှင်းမက်မန်းသီးများစွာကို စားသုံးပြီး အထဲမှာရှိသော စွမ်းအင်ကို ဘေးကင်းစွာ ချေဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဂမ္ဘီရဆီးနှင်းမက်မန်းလက်ဖက်ရည်သည် သူ၏ အဟန့်အတားကို ဖြေရှင်းပေးပြီး သူ့ကို အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းလာစေသည်။

ဓားအင်မော်တယ်ယွဲ့ဟွား၊ မုန့်ယောင်နှင့် အခြားသူများ၏ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပျော်ရွှင်မှုတို့က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

သူတို့အားလုံး၏ အမူအရာများက တည်တံ့သွားပြီး နှုတ်ဆိတ်နေကြ၏။ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကျင့်ကြံသူများစွာက အော်ဟစ်အားပေးလိုက်ကြသည်။

နတ်မိမယ်သုံးပါးကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဆူဇီမိုသည် အခြေအနေကနေ ရုန်းထွက်လာပြီး အင်မော်တယ်ဘုရင်ချင်းယန်ရှိရာဘက်သို့ အနည်းငယ်ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျုပ်က အခုလို ဒီအခွင့်အလမ်းကို ရရှိခဲ့တာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်နဲ့ အင်မော်တယ်ဘုရင်ချင်းယန်ရဲ့ ကျေးဇူးကြောင့်ပါပဲ”

ထိုစကားကို ကြားသောအခါ ယွင်ကျူးက သူမ၏ နှုတ်ခမ်းကို စေ့ပြီး ပြုံးနေ၏။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်နှင့် အင်မော်တယ်ဘုရင်ချင်းယန်၏ အဆင့်အတန်းအရ သူတို့အနေဖြင့် ဆူဇီမိုကို ထပ်မံ၍ ပြဿနာရှာဖို့က မသင့်လျော်တော့ပေ။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သော အဖြစ်အပျက်မျိုးက ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဖူးပေ။

သည့်ယခင်က လျှို့ဝှက်ကုန်းမြေထဲသို့ ဝင်ရောက်သော ကျင့်ကြံသူများကို ဂမ္ဘီရဆီးနှင်းမက်မန်းသီးများကို ခူးယူခြင်းကနေ တားဆီးပိတ်ပင်ထားသည်ဟူသော စည်းမျဉ်းစည်းကမ်းများ မရှိခဲ့ပေ။

အင်မော်တယ်ဘုရင်ချင်းယန်က ထိုစကားကို ကြားသောအခါ သူက တကယ်ပင် အခက်တွေ့အောင် မလုပ်နိုင်တော့ဘဲ သူ၏ ရင်ထဲရှိ အမျက်ဒေါသကိုသာ ဖိနှိမ်လိုက်ရသည်။ သူက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး ပြောလိုက်သည်။

“မင်းသိထားရင် ကောင်းတာပဲ… မင်းရခဲ့တဲ့ ဒီအခွင့်အရေးကို ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ပေးထားတယ်ဆိုတာ မမေ့လိုက်နဲ့”

“ကျုပ်ဘယ်မေ့ပါ့မလဲ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

အင်မော်တယ်ဘုရင်ချင်းယန်က နောက်ထပ်သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်သည်။

“ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ကျင့်ကြံသူတွေ ဂမ္ဘီရမိုးကောင်းကင်နန်းတော်ရဲ့ အလျင်လူတွေ ချန်ထားခဲ့တဲ့ ဓမ္မတာအိုအတွေ့အကြုံတွေကို လှန်လှောဖတ်ရှုဖို့ ဂမ္ဘီရမိုးကောင်းကင်နန်းတော်ရဲ့ ဉာဏ်အလင်းဖွင့်ကွင်းဆီ ငါ့နောက်ကနေ လိုက်ခဲ့ကြ”

ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ဉာဏ်အလင်းဖွင့်ကွင်းမှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ပကတိအင်မော်တယ်များ ချန်ထားခဲ့သည့် ဓမ္မတာအိုအတွေ့အကြုံများစွာ ရှိနေသည်။

ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ကျင့်ကြံသူများအားလုံးနီးပါးက အဆင့်-၉၏ အထွတ်အထိပ်မှာ ရှိကြသည်။

သူတို့သည် မကြာသေးခင်ကမှ အင်မော်တယ်လက်ဖက်ရည်ကို သောက်သုံးပြီး လျှို့ဝှက်ကုန်းမြေမှာ ကျင့်ကြံထားခဲ့ကြသည်။ သူတို့က အလျင်လူများ ချန်ထားခဲ့သည့် ဓမ္မတာအိုများကို လှန်လှောဖတ်ရှုနိုင်မည်ဆိုလျှင် သူတို့သည် ပကတိဧကနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းရန် တာအိုသစ်သီးတစ်လုံးကို စုဖွဲ့နိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို ရှာတွေ့နိုင်ဖို့ ဖြစ်နိုင်ခြေများလေသည်။

ကောင်းကင်အဆင့်သတ်မှတ်ချက်ကို တည်ထောင်ခဲ့ပြီးကတည်းက မျိုးဆက်တိုင်းမှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကနေ ပေးအပ်သည့် ဆုလာဘ်များကို အသုံးချပြီး ပကတိအင်မော်တယ်များဖြစ်လာခဲ့သည့် ကောင်းကင်အင်မော်တယ်များ အမြဲတမ်းရှိခဲ့လေသည်။

ဆူဇီမိုသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာခါစဖြစ်ပြီး အထွတ်အထိပ်ထိ ယခုအချိန်ထိ မကျင့်ကြံရသေးပေ။ ထို့ကြောင့် သူသည် ပကတိဧကနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်မည် မဟုတ်ပေ။

သို့သော်လည်း မိုးကောင်းကင်နန်းတော်၏ အရင်လူများ ချန်ထားခဲ့သည့် များစွာသော ဓမ္မတာအိုအတွေ့အကြုံများက သူ့အတွက် ကြီးမားစွာ အထောက်အကူဖြစ်စေပေလိမ့်မည်။

မည်သို့ပင်ဆိုစေ သိုင်းတာအိုပင်မခန္ဓာ လျှောက်လှမ်းနေသော လမ်းကြောင်းသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ လျှောက်လှမ်းနေသော လမ်းကြောင်းနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို စုဖွဲ့ထားသည်။ သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို တာအိုသစ်သီးတစ်လုံး စုဖွဲ့ပြီး ပကတိဧကနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းဖို့အတွက် အကူအညီများစွာ ပေးနိုင်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်မှာ ဆည်းဆာချိန်သို့ ရောက်ရှိလာခဲ့သည်။

ကျင့်ကြံသူများစွာသည် သူတို့၏ သက်ဆိုင်ရာဂိုဏ်းများနှင့် အဖွဲ့အစည်းများနောက်သို့ လိုက်ပြီး တဖြည်းဖြည်းလူစုခွဲကာ အနားယူရာ သူတို့၏ ဂေဟာများသို့ ပြန်သွားကြသည်။

ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲသည် နောက်ထပ်ရက်အနည်းငယ်ကြာ ဆက်ရှိနေမည်ဖြစ်ပြီး ကျင့်ကြံသူများစွာအနေဖြင့် ယခုအချိန်မှာ ဓမ္မတာအိုများအပေါ် သူတို့၏ အသိအမြင်များကို ဖလှယ်ဖို့ အကောင်းဆုံးအချိန်ဖြစ်လေသည်။

သို့သော်လည်း ကျင့်ကြံသူများစွာအတွက် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲက ဆက်လက်၍ စည်ကားခြင်းမရှိတော့ပေ။

ဆူဇီမိုသည် ကောင်းကင်အဆင့်သတ်မှတ်ချက်မှ လူတိုင်းနောက်သို့ လိုက်ပါသွားဖို့ အလောတကြီး ရှိမနေပေ။ ထိုအစား သူက မိုချင်၏ ဘေးသို့ ရောက်ရှိလာပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဂမ္ဘီရဆီးနှင်းမက်မန်းသီးနှစ်လုံးကို ထုတ်ယူကာ သူမ၏ လက်ထဲသို့ တိတ်တဆိတ် ထိုးထည့်ပေးလိုက်၏။

“အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

ဆူဇီမိုက ညင်သာစွာ ပြောလိုက်သည်။

ထို့နောက် သူက ယွင်ကျူး၏ ဘေးသို့ ရောက်ရှိလာပြီး ဂမ္ဘီရဆီးနှင်းမက်မန်းသီးနှစ်လုံးကို ထပ်မံ၍ ထုတ်ယူလိုက်သည်။ သူက သစ်သီးများကို တိတ်တဆိတ် ထိုးထည့်ပေးပြီး ကျေးဇူးတင်စကားပြောလိုက်၏။

ထို့နောက် ချက်ချင်းပင် သူက ကျွင်းယုကိုလည်း နောက်ထပ် ဂမ္ဘီရဆီးနှင်းမက်မန်းသီးနှစ်လုံး ပေးလိုက်လေသည်။

စောစောက လျှို့ဝှက်ကုန်းမြေမှာ အင်မော်တယ်ဘုရင်ချင်းယန်၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် သူက များစွာကို ခူးယူဖို့ အချိန်မရခဲ့ပေ။ ထို့ကြောင့် သူသည် သာမန်ကာလျှံကာ လက်တစ်ဆုပ်စာ ခူးယူပြီး သူတို့ကို သိုလှောင်အိတ်ထဲမှာ ဝှက်ယူလာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အရေအတွက်က ခြောက်လုံးဖြစ်နေသည်။

ယခု လူတိုင်းက ထွက်ခွာသွားကြပြီဖြစ်ပြီး သူက ဂမ္ဘီရဆီးနှင်းမက်မန်းသီးခြောက်လုံးကို နတ်မိမယ်သုံးပါးအား မျှဝေပေးလိုက်သည်။

သူသည် ဤတစ်ခေါက် ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲတွင် ရှင်သန်နိုင်ခဲ့သည့် အကြောင်းရင်းမှာ နတ်မိမယ်သုံးပါးက ဝင်ပါလာသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဂမ္ဘီရဆီးနှင်းမက်မန်းသီး ခြောက်လုံးကို ပေးရသည်က ပြောလောက်စရာမဟုတ်ပေ။

သို့သော်လည်း ဂမ္ဘီရဆီးနှင်းမက်မန်းသီးများကို ရရှိပြီးနောက် နတ်မိမယ်သုံးပါးမှာ မတူညီသော အတွေးများရှိနေကြသည်။

မှင်သေသေအမူအရာတစ်ခုနှင့်အတူ ကျွင်းယုက အဲဒါနှင့်ပတ်သက်ပြီး များစွာစဉ်းစားတွေးတောခြင်းမရှိဘဲ ကျေးဇူးတင်စကားသာ ပြောလိုက်သည်။

မိုချင်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သူမ၏ လက်ဖဝါးထဲရှိ ဂမ္ဘီရဆီးနှင်းမက်မန်းသီးနှစ်လုံးကို အတွေးနက်စွာဖြင့် ကြည့်နေသည်။

ယွင်ကျူးသည် ဆူဇီမို၏ အပြုအမူများကို တွေ့မြင်ထားသည်။ သူက သူမ၏ လက်ထဲသို့ မက်မန်းသီးနှစ်လုံး ထိုးထည့်ပေးကာ ကျေးဇူးတင်စကားပြောလိုက်သည်ကို တွေ့ရသောအခါ သူမသည် ဒေါသနှင့်သဘောကျမှု နှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။ သို့သော်လည်း သူမက တစ်စုံတစ်ရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ထုတ်ဖော်မပြောဆိုနိုင်ပေ။

ထိုသို့ပြုလုပ်ပြီးနောက် ဆူဇီမိုက ကောင်းကင်အဆင့်သတ်မှတ်ချက်မှ လူတိုင်းနောက်သို့ အမီလိုက်ပြီး ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ဉာဏ်အလင်းဖွင့်ကွင်းဆီသို့ အတူတကွ ဦးတည်လိုက်လေသည်။

ဉာဏ်အလင်းဖွင့်ကုန်းမြေမှာ ကြီးမားသော ကျောက်စာတိုင်များကို တစ်ခုပြီးတစ်ခု စိုက်ထူထားသည်။

ကျောက်စာတိုင်တစ်ခုချင်းစီမှာ သိပ်သည်းများပြားသော စာလုံးများကို ရေးထိုးထားလေသည်။

စာလုံးများ၏ နောက်ဆုံးမှာ အလျင်လူများ၏ နာမည်များ ရှိနေသည်။

ဆူဇီမိုသည် ကြုံရာကျပန်း ကျောက်စာတိုင်တစ်တိုင်ကို ရွေးချယ်ပြီး အထဲမှာပါဝင်သော အကြောင်းအရာများကို ဖတ်ရှုပြီးနောက် သူ့ဘာသာသူ အသိအမှတ်ပြုခေါင်းညိတ်လိုက်သည်။

တာအိုချင်ဟုအမည်ရသော ပကတိအင်မော်တယ်သည် သူ၏ တာအိုသစ်သီးကို မည်သို့မည်ပုံစုဖွဲ့ခဲ့ပုံ၊ သူက ပကတိဧကနယ်ပယ်သို့ မည်သို့မည်ပုံ ချိုးဖျက်တက်လှမ်းခဲ့ပုံနှင့် ကပ်ဘေးဖြတ်ကျော်ခြင်းဖြစ်စဉ်ကိုပင် ကျောက်စာတိုင်ပေါ်မှာ အသေးစိတ် မှတ်တမ်းတင်ပေးထားသည်။

အချိန်အများစုမှာ ဆူဇီမိုသည် ထိုကျောက်စာတိုင်များကို ကြည့်သည့်အခါ မည်သည့်အရာကိုမှ မခံစားရပေ။

သို့သော်လည်း ရှင်းလင်းချက်တချို့က သူ့အတွက် အလွန်တရာအကျိုးရှိလေသည်။

ဤတစ်ခေါက်မှာ ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာကို ဆင့်ခေါ်မနေတော့ပေ။

ကျောက်စာတိုင်များပေါ်မှာ ပါဝင်အကြောင်းအရာများသည် တာအိုသစ်သီးကို ဘယ်လိုစုဖွဲ့ရမလဲနှင့် ပကတိအင်မော်တယ်တစ်ယောက်၏ ဓမ္မတာအိုရရှိပုံကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိုအရာများက သိုင်းတာအိုပင်မခန္ဓာအတွက် အသုံးမဝင်ပေ။

ဆူဇီမိုသည် သူ၏ လက်ထဲမှာ ဗောဓိစေ့ကို တိတ်တဆိတ်ဆုပ်ကိုင်ထားပြီး အရာရာတိုင်းကို လေ့လာဖတ်ရှုနေသည်။

သူသည် ယခုအချိန်မှာ အဆင့်ချိုးဖျက်မတက်လှမ်းနိုင်သော်လည်း ဓမ္မတာအိုအတွေ့အကြုံများကို သူ၏ စိတ်ထဲမှာ မှတ်သားထားပြီး ထိုအရာများသည် နောက်ပိုင်း ပကတိအင်ဧကနယ်ပယ်သို့ သူအဆင့်ချိုးဖျက်တက်လှမ်းသည့်အခါ အလွန်တရာ အရေးပါလာပေလိမ့်မည်။

ဆူဇီမိုက သူ့အခြေအနေကိုသူ သိရှိထားသည်။

ပုံမှန်အခြေအနေမှာ ကျင့်ကြံသူများသည် တိကျသော ဓမ္မတာအိုလမ်းကြောင်းတစ်ခုအပေါ် သူတို့ကိုယ်ပိုင်တိမ်းညွတ်မှုများ ရှိတတ်ကြလေသည်။

ဥပမာအားဖြင့် ယွင်ထင်သည် ဓားတာအိုမှာ အထူးပြုသည်။

မိုချင်က ပန်းချီတာအိုမှာ စွဲလမ်းလေသည်။

ကျွင်းယုက စစ်တုရင်တာအိုမှာ အထူးပြုသည်။

သို့သော်လည်း ဆူဇီမို၏ အခြေအနေက အလွန်တရာထူးခြားလေသည်။

သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် ဖန်တီးခြင်းကြာပဒုမ္မာကို ပိုင်ဆိုင်ထားသည်။

သူကျင့်ကြံထားသော ဓမ္မတာအိုများမှာ သူသည် ဗုဒ္ဓကျောင်းတော်များ၏ တဗူးဂမ္ဘီရကျင့်စဉ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်နှင့်အတူ ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၊ ဗလာနယ်မိုးကြိုးကျင့်စဉ်နှင့် မဟာဓားပညာရပ်သုံးခုကဲ့သို့ အခြားသော တဗူးဂမ္ဘီရကျင့်စဉ်များကိုလည်း ပိုင်ဆိုင်ထားလေသည်။

မကြာသေးခင်နှစ်များမှာ သူသည် မိစ္ဆာဂိုဏ်းများ၏ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု ကောင်းကင်သင်္ချိုင်းသုတ္တန်ကိုပင် ကျင့်ကြံခဲ့လေသည်။

တကယ်ဆို သားရဲတာအိုမှာပင် သူသည် သူ့အတွက် တျဲယွဲ့ဖန်တီးပေးထားသည့် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင်ဆယ့်နှစ်ပါး၏ ဂမ္ဘီရကျင့်စဉ်ကိုပင် ကျင့်ကြံထားသည်။

ယခုအချိန်မှာ သူမှီခိုအားထားနေသည့် စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားများစွာသည် ထိုအန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကနေ လာခြင်းဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ဖို့က အလွန်တရာခက်ခဲပြီး ရှုပ်ထွေးနေပေလိမ့်မည်။

All Chapters