← Chapters

အဆုံးစွန်ဓားတာအို

Vol. 173 Ch. 2582

အဆုံးစွန်ဓားတာအို

Vol. 173 Ch. 2582

ယွင်ထင်က ခဏမျှစဥ်းစားတွေးတောပြီးပြောလိုက်သည်။

“ငါမင်းကိုကျုံးဖေးယွီပေးမယ်... ချင်ကူကိုတော့ ငါပဲကိုင်လိုက်မယ်”

ကျုံးဖေးယွီသည် အင်မော်တယ်ပျံဂိုဏ်းမှဖြစ်လေသည်။ ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို အရင်းခံ၍ သူနှင့်ဆူဇီမိုကြား ကိစ္စများက ညှိုနှိုင်းဆွေးနွေး၍မရနိုင်တော့ပေ။

ဒါ့အပြင် သူတို့နှစ်ယောက်သည် အဆူရာတိုက်ပွဲမြေမှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ကြဖူးသည်။

ယွင်ထင်၏ ရွေးချယ်မှုသည် ဆူဇီမိုနှင့် ကျုံးဖေးယွီကြား ရန်ငြိုးရန်စကို ဖြေရှင်းရန် သူက ဆူဇီမိုကို အခွင့်အရေးတစ်ခု သက်သက်ပေးလိုခြင်းဖြစ်သည်။

တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှချင်ကူကတော့ သူသည် ဆူဇီမိုနှင့်နက်ရှိုင်းသော ရန်ငြိုးရန်စတစ်စုံတစ်ရာမရှိပေ။

သူသည် ဤတစ်ခေါက်ရှေ့သို့ထွက်လာခဲ့သည်မှာ သူသည် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာအတွက် စိန်ခေါ်ချင်သောကြောင့်ဖြစ်သည်။

သို့သော်လည်း ချင်ကူသည် ယွင်ထင်ကိုပင် အနိုင်မရနိုင်ဘူးဆိုလျှင် သူသည် ဆူဇီမိုကိုစိန်ခေါ်ဖို့ အဆင့်မမီနိုင်တော့ပေ။

ဆူဇီမိုနှင့် ယွင်ထင်သည် အနားမှာ မည်သူမှမရှိသည့်အလား ဧရာမကျောက်ဖျာတိုက်ပွဲ​မြေပေါ်မှာ သူတို့၏ ပြိုင်ဘက်များကို အေးအေးဆေးဆေးဆွေးနွေးကာ ရွေးချယ်နေကြသည်။

ချင်ကူနှင့် ကျုံးဖေးယွီ၏ မျက်နှာများက ပျက်ယွင်းသွားကြသည်။

ဤသည်က သူတို့ကို လုံးဝအရှက်ခွဲလိုက်ခြင်းဖြစ်သည်။

“အပိုတွေလျှောက်ပြောမနေနဲ့”

ကျုံးဖေးယွီက သူ၏ အပြုံးကိုရုပ်သိမ်းပြီး ဆူဇီမိုကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

“တိုက်ခိုက်ချင်တယ်ဆိုရင် မြန်မြန်လုပ်လေ... မင်းဘာလို့အချိန်ဆွဲနေတာလဲ”

ကျုံးဖေးယွီသည် ဆူဇီမိုကို ယခုအချိန်တွင် စိန်ခေါ်ရဲသည်မှာ ဆူဇီမိုနှင့်ယွင်ထင်သည် စောစောကတိုက်ပွဲမှာ စွမ်းအင်များစွာကိုသုံးစွဲခဲ့ပြီး သူတို့၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ကြသောကြောင့်ဖြစ်သည်။

ဆူဇီမိုသည် သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ကိုမပြောနှင့် သူက သူ့အထွတ်အထိပ်အခြေအနေ၏ တစ်ဝက်လောက်ကို ပြန်ရလာမည်ဆိုလျှင်တောင် ကျုံးဖေးယွီက စိန်ခေါ်ရဲတော့မည် မဟုတ်ပေ။

“ဒီလိုဆိုမှတော့လည်း... တစ်ချိန်တည်းမှာ နှစ်နေရာခွဲပြီးတိုက်ခိုက်ကြပေါ့”

အင်မော်တယ်ဘုရင်ချင်းယန်က မတ်တတ်ထရပ်ပြီး သူ၏ ဝတ်ရုံစကို ဝေ့ယမ်းလိုက်၏။

ခန်းမ၏ အလယ်မှာ နောက်ထပ်ဧရာမကျောက်ဖျာတစ်ချပ်က လျင်မြန်စွာပေါ်ထွက်လာပြီး တိုက်ပွဲမြေတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ယွင်ထင်သည် ဆူဇီမိုကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်ရန်စလိုသောအမူအရာဖြင့် သူ၏ ခေါင်းကို အနည်းငယ်မော့လိုက်၏။

ထို့နောက်သူက ဒုတိယမြောက်ကျောက်ဖျာပေါ်သို့ ဖျတ်ခနဲရောက်ရှိသွားလေသည်။

ချင်ကူကလည်း ဒုတိယတိုက်ပွဲမြေသို့ ဝင်ရောက်လာခဲ့သည်။

ကျုံးဖေးယွီသည် ဆူဇီမိုနှင့်ရင်ဆိုင်ရန် ပထမတိုက်ပွဲကွင်းသို့ ရောက်ရှိလာသည်။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ထိပ်သီးပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားလေးယောက်က တိုက်ခိုက်ကြတော့မည်ဖြစ်ပြီး သူတို့၏ အဆင့်သတ်မှတ်ချက်များက မကြာခင်ထွက်ပေါ်လာပေတော့မည်။

“အဆုံးစွန်”

ယွင်ထင်က သူ၏ လျှာဖျားကို ညင်သာစွာကိုက်ပြီး အမြုတေသွေးတစ်လုတ်ကို ဂမ္ဘီရမိုးကောင်းကင်ဓားပေါ်သို့ ထွေးထုတ်လိုက်သည်။

လျှပ်စီးများက တဖျတ်ဖျတ်လက်၍ ဓားချီက သိပ်သည်းစုဖွဲ့လာခဲ့သည်။

ယွင်ထင်သည် ဆူဇီမိုနှင့် တိုက်ခိုက်ထားခါစဖြစ်ပြီး သူ၏ စွမ်းအင်မြောက်မြားစွာကို သုံးစွဲခဲ့ရသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက စိတ်အားမာန်ပြည့်ဝလာပြီး သူ၏ အော်ရာက လျင်မြန်စွာမြင့်တက်လာခဲ့သည်။ သူသည် အမှန်တကယ်ပင် လျင်မြန်စွာအားပြည့်လာပြီး သူသည် ဆူဇီမိုနှင့်တိုက်ခိုက်ခဲ့စဥ်ကထက်ပင် ပိုမိုသန်မာလာပုံရလေသည်။

ဤသည်က အဆုံးစွန်ဓားတာအိုဖြစ်လေသည်။

သူ့အမြုတေစိတ်ဝိညာဥ်ကိုလောင်ကျွမ်းစေခြင်းဖြင့် သူသည် အချိန်တိုအတွင်းမှာ သိပ်သည်းပြင်းထန်ကြီးမားသော အလားအလာကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ အလျင်အဟုန်၊ သတ်ဖြတ်ခြင်းစွမ်းအားနှင့် ဓားတာအိုနှင့်ပတ်သက်သည့် အခြားအရာရာတိုင်းက သူတို့၏ အကန့်အသတ်ထိ ရောက်ရှိလာပေလိမ့်မည်။

ဆူဇီမိုနှင့် တိုက်ခိုက်ခဲ့စဥ်က ယွင်ထင်သည် ဤဝှက်ဖဲကို အသုံးမပြုခဲ့ပေ။

အကြောင်းမှာ အဲဒါကို ထုတ်ဖော်သည်နှင့် အဆုံးစွန်းဓားတာအိုက ရှေ့သို့သာတက်လှမ်းပြီး နောက်ပြန်ဆုတ်လို့ရတော့မည် မဟုတ်ပေ။

တစ်ဘက်လူက သွေးသံရဲရဲနှင့် မရှုံးနိမ့်သရွေ့ သူ၏ အမြုတေသွေးမကုန်မဆုံးမချင်း သူ၏ တိုက်ခိုက်မှုများက ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

အဆုံးစွန်ဓားတာအိုမှာ ထွက်ပေါက်မရှိပေ။ သူတို့က အတူတကွသေကြေပျက်စီးရမည်ဆိုလျှင်တောင် သူက ရှေ့သို့သာ တက်လှမ်းရမည်ဖြစ်သည်။

ယွင်ထင်သည် ဆူဇီမိုနှင့် ဤမျှအတိုင်းအတာအထိ မတိုက်ခိုက်လိုခဲ့ပေ။ သို့သော်လည်း ချင်ကူနှင့် ရင်ဆိုင်ရချိန်မှာ သူ့မှာ ဤကဲ့သို့သော ငဲ့ကွက်ထိန်ချန်စရာများ မရှိပေ။

ရွှစ်...

ယွင်ထင်က သူ့​ဓားနောက်သို့လိုက်ပါပြီး ပျောက်ကွယ်သွားသည်။ သူသည် ဂမ္ဘီရမိုးကောင်းကင်ဓား၏ မျိုးဆက်သွေးနှင့် ချိတ်ဆက်သွားပြီး လုံးဝကို တစ်သားတည်းကျလာခဲ့သည်။

ဂမ္ဘီရမိုးကောင်းကင်ဓားက ချင်ကူရှေ့သို့ ရောက်ရှိလာပြီး တိုက်ခိုက်မှုများက တရစပ် ထွက်ပေါ်လာသည်။

ချင်ကူ၏ အမူအရာက သုန်မှုန်သွားပြီး ပေါ့ပေါ့ဆဆမပြုလုပ်ရဲပေ။ သူသည် အလွန်တရာသတိကြီးကြီးထားနေပြီး သူ၏ မူပိုင်ဓမ္မရတနာကို ဆင့်ခေါ်လိုက်သည်။ သူ၏ အစွမ်းကုန်ဖြင့် ခုခံရန် သူ၏ လက်ထဲမှာ ရှေးဟောင်းခေါင်းလောင်းတစ်လုံးကို ကိုင်ဆွဲထားလေသည်။

ချွင်... ချွင်...ချွင်...

ဂမ္ဘီရမိုးကောင်းကင်ဓားက ရှေးဟောင်းခေါင်းလောင်းပေါ်သို့ ကျဆင်းလာသည့်အခါ သတ္တုချင်းထိခတ်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် ယွင်ထင်၏ ပုံရိပ်က လုံးလုံးလျားလျားပျောက်ကွယ်သွားပြီး လေထဲမှာ မိုးကြိုးလျှပ်စီးများဖြင့် တဖျတ်ဖျတ်လက်နေသည့် ထက်ရှသောဂမ္ဘီရမိုးကောင်းကင်ဓားက ကျန်ရစ်ကာ ချင်ကူကို ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်လာလေသည်။

ချင်ကူက တစ်ချိန်လုံး တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း မရှိပေ။

သူက ထိုသို့မပြုလုပ်ချင်သောကြောင့်မဟုတ်ဘဲ သူ့မှာ အခွင့်အရေး လုံးဝမရှိသောကြောင့်ဖြစ်သည်။

ယွင်ထင်၏ တိုက်ခိုက်မှုများက အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်းသည်။

ဓားတာအို၏ သတ်ဖြတ်ခြင်းစွမ်းအားနှင့် အလျင်အဟုန်က သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူသည် အသက်ရှုဖို့ သို့မဟုတ် တုံ့ပြန်တိုက်ခိုက်ဖို့ပင် မည်သည့်အခွင့်အရေးမှမရပေ။

သူက တုံ့ပြန်တိုက်ခိုက်မည်ဆိုလျှင် သူသည် ဂမ္ဘီရမိုးကောင်းကင်ဓားချက်ဖြင့် သေချာပေါက်ဒဏ်ရာအပြင်းအထန်ရရှိသွားလိမ့်မည်ဖြစ်ပြီး သူက နေရာမှာပင် သေဆုံးသွားနိုင်သည်။

ဤသည်က အဆုံးစွန်ဓားတာအို၏ စွမ်းပကားဖြစ်သည်။

တကယ်တော့ ချင်ကူက အလျှော့မပေး​ပေ။

ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးအနေဖြင့် သူသည် အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝလေသည်။ အဆုံးစွန်ဓားတာအိုမှာ အားနည်းချက်မရှိခြင်းမဟုတ်သည်ကို သူပြောနိုင်သည်။ အဲဒါကို ထုတ်ဖော်ဖို့အတွက် လူတစ်ယောက်၏ အမြုတေသွေးကို လောင်ကျွမ်းစေထားရသည်။

သူသည် အချိန်ဆွဲခုခံပြီး ယွင်ထင်၏ အမြုတေသွေး လောင်ကျွမ်းကုန်ခန်းသည့်အထိ စောင့်ဆိုင်းနိုင်သည်နှင့် သူက တုံ့ပြန်တိုက်ခိုက်ခြင်းမရှိလျှင်တောင် ယွင်ထင်က သေချာပေါက်ရှုံးနိမ့်ရပေလိမ့်မည်။

ပထမတိုက်ပွဲကွင်းမှာ ကျုံးဖေးယွီက သူ၏ ငါးပျံဓားကိုဆင့်ခေါ်ပြီး ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်သည်။ သူက သွားဖြဲပြီး သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထုတ်ဖော်လိုက်လေသည်။

သူ၏ အကဲဖြတ်မှုက ရိုးရှင်းသည်။ ဆူဇီမိုသည် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်များစွာကို ယွင်ထင်နှင့် တိုက်ခိုက်ရသောတိုက်ပွဲမှာ ထုတ်ဖော်ခဲ့ပြီးပြီဖြစ်သည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က စွမ်းအင်မြောက်မြားစွာကို သုံးစွဲခဲ့ရပေလိမ့်မည်။

ဆူဇီမို၏ အနီးကပ်တိုက်ခိုက်ရည်ကို သူက ယခုတင် ကိုယ်တိုင်တွေ့မြင်ထားပြီး ယွင်ထင်ပင်လျှင် သူ့ကို မယှဥ်နိုင်ခဲ့ပေ။ မလိုအပ်သော အလှည့်အပြောင်းများ ပေါ်ထွက်မလာစေရန် သူက ဆူဇီမိုနှင့် အနီးကပ်တိုက်ခိုက်ခြင်းသို့ ရောက်ရှိမသွားလိုပေ။

သူသည် ဆူဇီမို၏ အားနည်းချက်ကို ရှာဖွေပြီး သူ့ကို တစ်ချက်တည်းနှင့် အပြီးသတ်ဖြတ်ချင်လေသည်။

ကျုံးဖေးယွီ၏ စိတ်ဝိညာဥ်အသိစိတ်က စုစည်းပြီး ပစ်လွင့်ထွက်ပေါ်လာသော ဓားချီတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပေ။ တကယ်ဆို သူက သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းပင် မရှိပေ။

ဓားချီက ဆူဇီမို၏ နှာရောင်ထဲသို့ ဝင်ရောက်လာပြီးနောက် အစိမ်းရောင်ကြာစေ့များကနေ စုဖွဲ့ထားသည့် အစိမ်းရောင်ကြာပန်းဓားကြောင့် ချက်ချင်းပင် ကြေမွသွားသည်။

အစိမ်းရောင်ကြာပန်း အမြူတေစိတ်ဝိညာဥ်က လုံးဝကို ထိခိုက်ခြင်းမရှိပေ။

ထို့နောက် ချက်ချင်းပင် ဆူဇီမို၏ နှာရောင်ထဲကနေ နဂါးကြေးခွံတစ်ခုက ပစ်လွင့်ထွက်ပေါ်လာသည်။

အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ် ဘက်ပြန်ကြေးခွံ။

ဤမြင်ကွင်းသည် အဆူရာတိုက်ပွဲမြေမှာတုန်းက သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့စဥ်နှင့် အလွန်တရာဆင်တူနေသည်။

ဤတစ်ခေါက်မှာ ကျုံးဖေးယွီက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဆူဇီမိုက ဘက်ပြန်ကြေးခွံကို ဆင့်ခေါ်လိုက်သောအခါ သူက ထိတ်ထိတ်ပျာပျာဖြစ်မသွားဘဲ သူ၏ ဒုတိယမြောက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်လွှတ်လိုက်သည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က ငွေဖြူရောင်ငါးတစ်ကောင်အဖြစ် အသွင်​ပြောင်းလဲပြီး ဘက်ပြန်ကြေးခွံရှိရာသို့ ပြေးဝင်သွားသည်။

စိတ်ဝိညာဥ်အသိစိတ်နှစ်ခုက ထိတွေ့ရိုက်ခတ်သွားကြလေသည်။

ကျုံးဖေးယွီ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေသည်။

ဖျက်ဆီးနိုင်လုနီးပါးစွမ်းအားတစ်ခုက သူ၏ အသိစိတ်ထဲသို့ ရုတ်တရက်ဆင်းသက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ် ရိုက်ခတ်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပြီး သူ့ဆရာထံမှ အမြုတေစိတ်ဝိညာဥ် ခုခံ​ရေး ဓမ္မရတနာတစ်ခုကို ရရှိထားခဲ့သည်။

ထိုသို့ဆိုလျှင်တောင် သူ့အမြုတေစိတ်ဝိညာဥ်က လှုပ်ခါသွားလေသည်။

ဒါ့အပြင် သူ၏ အမြုတေစိတ်ဝိညာဥ်ဓမ္မရတနာပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး ၎င်း၏ အရောင်အဝါက မှေးမှိန်သွားလေသည်။

အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များ၏ တိုက်ခိုက်ဖလှယ်မှုတစ်ခုမှာ ခုခံရေးအမြုတေစိတ်ဝိညာဥ်ဓမ္မရတနာက လုံးဝကို ချို့ယွင်းပျက်စီးသွားပြီဖြစ်သည်။

အဆူရာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်ခဲ့သည်။

ယခုအချိန်မှာ သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၈ ကောင်းကင်အမြုတေနယ်ပယ်သို့ ရောက်ရှိနေသည်။

အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားမရှိလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဥ်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။

အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ အားဖြည့်မှုနှင့်အတူ သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားသည် ပကတိဧကနယ်ပယ်၏ ကနဦးပုံစံနှင့် ထိတွေ့မိနေပြီဖြစ်သည်။

ဤကဲ့သို့သောအခြေအနေတစ်ရပ်က သမိုင်းတစ်လျှောက်မှာတောင် ရှားရှားပါးပါးဖြစ်သည်။

ကောင်းကင်အမြုတေနယ်ပယ်နှင့် ပကတိဧကနယ်ပယ်ကြားမှာ အရမ်းကိုကြီးမားသည့် ကွာဟချက်တစ်ခုရှိလေသည်။

ကောင်းကင်အမြုတေနယ်ပယ်၏ အထွတ်အထိပ်မှာ သူတို့၏ တာအိုသစ်သီးများကို စုဖွဲ့ရန် ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ရပေလိမ့်မည်။ သူတို့က ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာသည်နှင့် သူတို့၏ ခွန်အားက အလွန်တရာကြီးမားစွာမြင့်တက်လာပေလိမ့်မည်။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ကတော့ သူ၏ အခြေခံအုတ်မြစ်အဖြစ် တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို အသုံးပြုထားသည်။ သူသည် ကျင့်ကြံမှုနယ်ပယ်ကြီးနှစ်ခုကြား ကြီးမားသည့်ကွာဟချက်ကို ဖာထေးရန် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်နှင့် နဂါးဖီးနစ်အမြူတေစိတ်ဝိညာဥ်ကို အတူတကွပေါင်းစည်းထားပြီး အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား ပင်ကိုနတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံနိုင်သည်နှင့် သူ့အမြုတေစိတ်ဝိညာဥ်နယ်ပယ်သည် ကောင်းကင်အမြုတေနယ်ပယ်ကိုချိုးဖျက်ကာ ပကတိဧကပေါင်းစည်းခြင်းနယ်ပယ်၏ ခွန်အားသို့ ရောက်ရှိလာလိမ့်မည်ဟု ဆူဇီမိုက ခန့်မှန်းထားသည်။

ဤကဲ့သို့သော စိတ်ဝိညာဥ်အသိစိတ်တစ်ခု၏ ခွန်အားနှင့်အတူ ထုတ်ဖော်လိုက်သည့် ဘက်ပြန်ကြေးခွံ၏ သေစေနိုင်စွမ်းအားကို စဥ်းစားကြည့်နိုင်သည်။

ကျုံးဖေးယွီမှာ ခုခံရေးအမြုတေစိတ်ဝိညာဥ်ဓမ္မရတနာမရှိလျှင် သူသည် ဘက်ပြန်ကြေးခွံထံမှ ဤလှုပ်ရှားကွက်တစ်ကွက်နှင့်ပင် သတ်ဖြတ်ခံရပေလိမ့်မည်။

ကျုံးဖေးယွီက ရင်တစ်ချက်ထိတ်သွားပြီး တုန်လှုပ်ချောက်ချားကာ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာသည်။

အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

‘ယွင်ထင်နဲ့ ဒီလောက်ကြာအောင် တိုက်ခိုက်ပြီးတာတောင် ဒီလူက အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်နိုင်နေသေးတာလား။’

ဒါ့အပြင် ထိုအရာသည် ဤမျှအထိကြောက်စရာကောင်းသော စွမ်းအားတစ်ခုကိုပိုင်ဆိုင်ထားသည့် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခု ဖြစ်နေသည်။

All Chapters