← Chapters

အပိုင်း (၆၃၀)

Vol. 43 Ch. 630

အပိုင်း (၆၃၀)

Vol. 43 Ch. 630

ဤအတောအတွင်း နတ်ဘုရားလောက အတွင်းမှာတော့ လျှိုကလန်သည် ရှေးမိသားစုကြီး တစ်ခုဖြစ်ပြီး ၎င်းတို့၏ ဘိုးဘေးနယ်မြေ၌ အင်မော်တယ် စွမ်းအင်များ ရစ်သိုင်းလျက် ရှိနေလေ၏။

နတ်ဘုရားတောင်ထွတ်များ သည် မားမားမတ်မတ် တည်ရှိနေခဲ့ပြီး ထိုအရာများဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုအထဲတွင် ရှေးနတ်ဘုရားများ တည်ရှိ နေထိုင်နေသကဲ့သို့ပင်။ အလယ်ဗဟို တည်နေရာတွင် အလွန် မြင့်မားသည့် နတ်ဘုရားတောင်ထွတ်ကြီး တစ်ခုရှိ၏။ ထိုအရာသည် ပေတစ်ထောင်နီးပါးခန့်ပင် မြင့်မားသည်။

ကလန်ခေါင်းဆောင်လျှိုသည် တည်ကြည်လေးနက်စွာဖြင့် တည်နေရာ၌ ထိုင်လျက်ရှိ၏။ ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူ တစ်ခုကို ဆင်မြန်းထားခဲ့၏။ မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်ပြီးသည့်နောက် အေးစက်လွန်းသည့် အော်ရာများကို တည်နေရာတစ်ခုလုံးသို့ ထုတ်ဖော်လျက် ရှိနေ၏။

အားလုံးသောသူတို့၏ နှလုံးသားများသည် ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။ ၎င်း၏ အောက်ဘက်တွင်တော့ များပြားလှသည့် လျှိုကလန်၏ အကြီးအကဲများ တည်ရှိနေကြပြီး တစ်ယောက်ချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ကြ၏။ အပြင်ဘက် သေမျိုးလောက ထဲတွင် ဆိုပါက ၎င်းတို့သည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက် လောကကြီး တစ်ခုလုံး တုန်ခါလုနီးပါးပင်။

ကလန်ခေါင်းဆောင်လျှိုသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။ “ကျောက်စိမ်းပြားကနေ ပေးပို့လိုက်တဲ့ သတင်းအချက်အလက်တွေကို ခင်ဗျားတို့အားလုံး ဖတ်ရှုပြီး ဖြစ်လိမ့်မယ်။ အကြီးအကဲတွေ ခင်ဗျားတို့ရဲ့ အတွေးကို ပြောစမ်းပါအုံး”

၎င်းပြောဆိုလိုက်သည့် ကျောက်စိမ်းပြားဆိုသည်မှာ ကျန်းကျန့်ဖန်တို့ ပေးပို့လိုက်သည့် သတင်းအချက် အလက်များသာလျှင်ဖြစ်၏။ သတင်းအချက်အလက်သည် မပြည့်စုံချေ။ အစိတ်အပိုင်း အနည်းငယ်သာ ပါဝင်၏။ သို့ပေမဲ့ လုံလောက်နေပြီဖြစ်၏။

လျှိုချင်းယုသည် ထျန်းမင်တောင်နှင့် ပူးပေါင်းခဲ့သည်ဆိုသည့် သတင်းအချက်အလက်ပင်။ ပြန်လည် မမွေးဖွားခင်က လျှိုချင်းယုသည် လျှိုကလန်၏ အကြီးအကဲကြီး တစ်ယောက်ဖြစ်ပြီး မြင့်မားသည့် ရာထူးရာခံ နှင့် ချမ်းသာမှုများကို ပိုင်ဆိုင်ခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ခြားနားသွားခဲ့သည်။

လျှိုချင်းယုသည် မတူညီသည့် အသွင်သဏ္ဍာန်မျိုးနှင့် ထျန်းမင်တောင်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ လျှိုကလန်သည် ငရဲလောကနှင့် တိုက်ခိုက်သည့် လောကအသီးသီးတိုက်ပွဲကြီးတွင် အကောင်းဆုံး အတွေ့အကြုံ ရယူခဲ့သည့် ရှေးမိသားစုကြီးဖြစ်၏။ ၎င်းတို့သည် ငရဲလောက၏ အထောက်အပံ့ ဂိုဏ်းများကို ရင်ဆိုင်ခဲ့သည့် မှတ်တမ်း များလည်း ရှိခဲ့၏။

ထျန်းမင်တောင်သည် ငရဲလောက တစ်ခုလုံးအား ထောက်ပံ့ပေးခဲ့သည့် ဂိုဏ်းဂဏတစ်ခု ဖြစ်သည်သာမက ၎င်းတို့ ကိုယ်တိုင်ကပင်လျှင် ငရဲလောကကြီးကို ပျော်ပျော်ရွှင်ရွှင်နှင့် အလုပ်အကျွေး ပြုလျက်ရှိနေသည့် လူများဖြစ်သည်။

လျှိုချင်းယု ထျန်းမင်တောင်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်းမှာ မည်သည့် အဓိပ္ပာယ်နည်း။ ၎င်းသည် အညံ့ခံခြင်း သို့မဟုတ် အရှုံးပေးခဲ့ခြင်း ဤကဲ့သို့ပင် ဖြစ်နေနိုင်သည်။ သို့မဟုတ် ငရဲလောက၏ ဖိနှိပ်မှုကို မခံစားနိုင်သောကြောင့် ထျန်းမင်တောင်ဆီ ဝင်ရောက်ရန် သဘောတူညီခဲ့ရသည်လား။ မည်သို့ပင် ဆိုစေကာမူ ဤအရာကို သတိအပြည့်နှင့် ကိုင်တွယ်ရမည်ဟု သူတို့က သတ်မှတ်ထားခဲ့၏။

ပထမ အရေးအကြီးဆုံးကိစ္စသည် လျှိုချင်းယုကို ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး မိသားစု၏ စည်းမျဉ်း စည်းကမ်းများနှင့် အရေးယူရန်ဖြစ်၏။ ထိုကဲ့သို့သော အရေးမယူခင်၌ သတင်းအချက်အလက်များ ပျံ့နှံ့မသွားရန် အရင်ဆုံး ကြိုးစားရပေလိမ့်မည်။ မဟုတ်ပါက လျှိုကလန်၏ အကြီးအကဲကြီး ထျန်းမင်တောင်သို့ ဝင်ရောက်သွားခဲ့သည်ဆိုသော သတင်းသည်သာ အပြင်ဘက်လောကဆီသို့ ပျံ့နှံ့သွား သည်ဆိုပါက လျှိုကလန်၏ နှစ်ပေါင်းများစွာအတွင်း ထိန်းသိမ်းထားခဲ့သည့် ဂုဏ်သိက္ခာအားလုံး ပျက်စီးသွားပေလိမ့်မည်။

“ကလန်‌ခေါင်းဆောင်… အခု သတင်းကို ပို့လိုက်တဲ့လူက ကျေးကျွန်တစ်ယောက် သက်သက်ပါပဲ။ သူ့ရဲ့ သတင်းကို အတည် မပြုနိုင်သေးဘူး။ ပြီးတော့ အဆင်ခြင်မဲ့ပြုလုပ်တာက ကောင်းမွန်တဲ့ကိစ္စရပ် မဟုတ်ဘူးလို့ ကျုပ် ယုံကြည်မိတယ်။ တစ်စုံတစ်ယောက်ကို အရင်ဆုံး စေလွှတ် အတည်ပြုပြီးမှ ဆုံးဖြတ်ချက်ချတာ ပိုကောင်းမယ်” အကြီးအကဲ တစ်ယောက်သည် ရုတ်တရက် မတ်တပ် ထရပ်ကာဖြင့် သတိအပြည့်နှင့် အကြံပြုလိုက်၏။

သူထိုကဲ့သို့ ပြောလာချင်းချင်းမှာပဲ ကလန်ခေါင်းဆောင်သည် အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် လှမ်းကြည့် လိုက်၏။ ဤလူသည် ငရဲလောကနှင့် တိုက်ပွဲပြီးသည့်နောက် မွေးဖွားလာသည့် လျှိုချင်းယု၏ မျိုးဆက် တစ်ယောက်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် လျှိုချင်းယု၏ မျိုးဆက်များသည် လျှိုကလန်ထဲတွင် အခိုင်အမာနှင့် အခြေတည်နေပြီဖြစ်သည်။

လူတော်တော်များများတို့သည် ရာထူးအဆင့် မြင့်မြင့်မားမားတွင် တည်ရှိနေခဲ့ကြပြီး လျှိုချင်းယုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကြားရသည့်အချိန်တွင် ၎င်းတို့အားလုံးသည် လက်သင့် မခံနိုင်သလို ဖြစ်လို့နေခဲ့၏။

တခြားသော သတင်းအချက်အလက်သာ ဆိုပါက ၎င်းတို့အနေနှင့် စီမံခန့်ခွဲနိုင်စွမ်း ရှိကောင်း ရှိမည်။

သို့ပေမဲ့ လျှိုချင်းယု ထျန်းမင်တောင်ထဲသို့ ဝင်ရောက်သွားသည်ဆိုသည့် သတင်းအချက်အလက်မှာ လျှိုချင်းယု၏ ဂုဏ်သိက္ခာကို ပျက်စီးခဲ့ရုံသာမက ၎င်းတို့၏ မျိုးဆက်တစ်ခုလုံးကိုလည်း ထိခိုက်စေမည့် ကိစ္စရပ်မျိုးပင်။

“ဘာကိစ္စ အလုပ်ရှုပ်ခံပြီးတော့ စုံစမ်းနေရမှာလဲ”

ထိုအချိန်မှာပဲ ဂုဏ်သိက္ခာ မြင့်မားလွန်းလှသည့် လူတစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ၎င်းသည် အေးစက်သည့်အသံဖြင့် ပြောလိုက်သည်။ “အခု သတင်းအချက်အလက်ကို ပေးပို့လိုက်တဲ့ ကျေးကျွန်က သတင်းအချက်အလက်ကို ပေးပို့ပြီးပြီးချင်းမှာပဲ ဝိညာဉ်ကျောက်စိမ်းပြားတစ်ခုလုံး ကွဲကြေ ပျက်စီးသွားတယ်။ ဒါ သူ့ရဲ့ ကံကြမ္မာကို ပြနေတာပဲလေ။

အကြီးအကဲကြီး လျှိုချင်းယုသာ တိုက်ခိုက်ခဲ့ခြင်း မရှိဘူးဆိုရင် ဘယ်လိုဖြစ်ပြီး ဒီလို သတင်းအချက် အလက်က ဒီဘက်ကို အပိုင်းအစ တစ်ခုအနေနဲ့ ရောက်လာမှာလဲ။ ပြီးတော့ အဲလူတွေ အကုန်လုံးက အကြီးအကဲကြီး လျှိုချင်းယုရဲ့ သစ္စာရှိနောက်လိုက်တွေပဲ မဟုတ်ဘူးလား။ ဒီလူတွေ အကုန်လုံးက အကြီးအကဲကြီး လျှိုချင်းယုကို သွားပုတ်လေလွင့် ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြီးပြောမယ့် လူမျိုး မဟုတ်ဘူး”

သက်လတ်ပိုင်းလူသည် အစောဏတုန်းက ပြောဆိုခဲ့သည့် အကြီးအကဲကြီးကို လှမ်းကြည့်ကာဖြင့် တင်းမာ ခက်ထန်စွာ ပြောလိုက်၏။ “အကြီးအကဲကြီး လျှိုချင်းယုက ကျိန်းသေပေါက် လျှိုကလန်ကို သစ္စာဖောက်သွားပြီလို့ ကျုပ်ထင်တယ်။ ပြီးတော့ နတ်ဘုရားလောက တစ်ခုလုံးကိုပေါ့။ အခု သူက ငရဲလောကကို ဝင်ရောက်သွားခဲ့ပြီ”

နောက်ဆုံးစကားလုံးသည် မိုးကြိုးပစ်သံကဲ့သို့ပင် အားလုံးသောသူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။ နတ်ဘုရားလောကထဲတွင် ငရဲလောကဆိုသည့် စကားလုံးသည် တားမြစ်ထားသည့်အရာဖြစ်၏။ ငရဲလောကဆီ ဝင်ရောက်ဖို့ မဆိုနှင့် ထိုအကြောင်း နှစ်လိုဖွယ်ရာ ပြောဆိုခြင်းကပင်လျှင် ကြီးမားသည့် ပြစ်ဒဏ်ကြီး တစ်ခုပင်။

ထို့အပြင် နတ်ဘုရားလောကသည် တခြားသော လောကများနှင့် ခြားနားလို့နေ၏။ ငရဲလောကနှင့် တိုက်ပွဲတွင် များပြားသည့် လောကများသည် အသီးသီး ဒုက္ခရောက်ခဲ့ပြီး အမွေအနှစ်များ ပျက်စီးခဲ့၏။ ထို့ကြောင့် ငရဲလောက ဆိုသည့် စကားလုံးသည် တကယ်ပင် လောကအသီးသီးကို ပျက်စီးစေခဲ့သည့် အကြောင်းအရာအဖြစ် အားလုံးက သတ်မှတ်ထားခဲ့ကြ၏။

နတ်ဘုရားလောကသည် အားကောင်းသည့် လောကတစ်ခုဖြစ်၏။ ၎င်းတို့သည် လောကအသီးသီး တိုက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် သာမက ထိုတိုက်ပွဲနှင့် သက်ဆိုင်သည့် အသေးစိတ် အချက်အလက် အားလုံးကိုလည်း မှတ်သားနိုင်ခဲ့၏။ သူတို့သည် ရှေ့ဆုံးမှ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ကြခြင်း မရှိဘူးဆိုလျှင်တောင်မှ ကျိန်းသေပေါက် တိုက်ပွဲတွင် အကောင်းမွန်ဆုံး ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည့် လူများပင်ဖြစ်သည်။

ငရဲလောက၏ ဆိုးယုတ်မှုအကြောင်းကို အားလုံးသောသူတို့က မှတ်တမ်းမှတ်ရာများနှင့် သိရှိကြ၏။ ထို့ကြောင့် လူပေါင်းများစွာတို့သည် ငရဲလောကကို မုန်းတီးကြ၏။ ငရဲလောကကြီးဆီသို့ ဝင်ရောက်သွားခဲ့သည့် တစ်စုံတစ်ယောက်ကို သိရှိသည်ဆိုပါက နတ်ဘုရားလောက တစ်ခုလုံးသည် ကျိန်းသေပေါက် လက်စားချေမှာ ဖြစ်၏။

“နဝမ အကြီးအကဲပြောတာ အမှန်ပဲ”

တခြားသောလူတစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်ပြီး ထပ်ပြောလိုက်၏။ “အခြေအနေက အရမ်းကို ရှင်းတယ်လေ။ ထျန်းမင်တောင်ဆီ ဝင်ရောက်သွားပြီဆိုမှတော့ လျှိုချင်းယုက သံသယရှိစရာ မလိုဘူး။ လျှိုကလန်နဲ့ နတ်ဘုရားလောကကြီး တစ်ခုလုံးကို သစ္စာဖောက်ခဲ့တာပဲ”

ထိုလူပေါ်လာသည့် အချိန်မှာတော့ စောဏတုန်းက ပြောဆိုခဲ့သည့် အကြီးအကဲကြီး၏ မျက်နှာတစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ ယနေ့ အဖြစ်အပျက်သည် အကောင်းမွန်ဆုံး အခြေအနေနှင့် အဆုံးသတ်တော့မည် မဟုတ်ကြောင်း သူ နားလည်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ဤလူများ၏ အဓိက ရည်ရွယ်ချက်သည် လျှိုချင်းယု ထျန်းမင်တောင်ဆီသို့ ဝင်ရောက်သွားခဲ့သည့် အကြောင်းအရာ မဟုတ်ချေ။ ၎င်း၏ ရည်ရွယ်ချက်သည် လျှိုချင်းယု၏ မျိုးဆက်များ အားလုံးကို သုတ်သင်ပစ်ရန်ပင် ဖြစ်၏။

လျှိုချင်းယု၏ မျိုးဆက်များ ဤကလန်ထဲ၌ ကြီးကြီးမားမား နေရာယူထားခြင်းအား ဖယ်ရှားပစ် နိုင်သည် ဆိုပါက ကလန်ထဲတွင် တည်ရှိနေသည့် အခွင့်အာဏာသည် ညီတူမျှတူ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် လူပေါင်းများစွာတို့သည် စိတ်သက်သာရာ ရမှာသေချာသည်။

“ဆဋ္ဌမ အကြီးအကဲ.. အဓိက အကြောင်းအရာတွေ ဖြစ်လာတဲ့အချိန်မှာ ကျေးကျွန် တစ်ယောက်ရဲ့ စကားက ယုံကြည်ဖို့ ထိုက်တန်လို့လား” အကြီးအကဲကြီး၏ မျက်နှာသွင်ပြင်သည် သုန်မှုန် ခက်ထန်လျက်ရှိ၏။

“ထင်တာပေါ့” ဆဋ္ဌမ အကြီးအကဲက ခေါင်းညိတ်လိုက်သည်။

All Chapters