← Chapters

အပိုင်း (၆၃၁)

Vol. 43 Ch. 631

အပိုင်း (၆၃၁)

Vol. 43 Ch. 631

ဆဋ္ဌမ အကြီးအကဲသည် တည်ငြိမ် အေးဆေးစွာဖြင့် ဆက်လက်ကာ ပြောလိုက်၏။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျုပ်တို့ လျှိုကလန် အနေနဲ့ ဒီအတိုင်း ထိုင်ပြီး ကြည့်နေလို့ မဖြစ်ဘူး။ အကြီးအကဲကြီးလျှို ရဲ့ ကိစ္စကို ဖြေရှင်းဖို့ သွားသင့်တယ်။ မဟုတ်ရင် သတင်းစကားတွေ အပြင်ဘက်ကို ထွက်သွားတာနဲ့ ကျုပ်တို့ လျှိုကလန်ရဲ့ ဂုဏ်သိက္ခာက ဆိုးဆိုးရွားရွား ထိခိုက်လိမ့်မယ်”

အကြီးအကဲ ဆိုသည်မှာ မြင့်မားသည့် ဂုဏ်ကျက်သရေနှင့် လွှမ်းမိုးနိုင်မှုကို ပိုင်ဆိုင်သည်။ အကြီးအကဲလျှိုသည် ပြန်လည် မွေးဖွားလာပြီးနောက် ရုတ်တရက် ငရဲလောကဆီသို့ ဝင်ရောက်သွားခဲ့၏။ ဤအရာသည် နတ်ဘုရား လောကထဲတွင် လျှိုကလန် ဆက်လက်နေထိုင်ရန် ဂုဏ်သိက္ခာ နှင့် သက်ဆိုင်လို့နေသည်။

နှစ်ပေါင်းများစွာအတွင်း လျှိုကလန်သည် ရန်သူအားလုံးကို တိုက်ခိုက် အနိုင်ယူခဲ့၏။ ၎င်းတို့ထဲမှ အကြီးအကဲ ကလန်သား တစ်ယောက်သည် ဤကဲ့သို့ ဂုဏ်ကျက်သရေ ကင်းမဲ့သည့် ကိစ္စရပ်မျိုးကို ပြုလုပ်ခဲ့ခဲ့ကြောင်းသာ ပေါ်ပေါက်သွားပါက အားလုံးတို့သည် သူတို့ကို ပစ်မှတ်ထားကြမှာ သေချာ၏။

လျှိုကလန်တစ်ခုလုံး၏ လုပ်ရပ် မမှားဘူးဆိုလျှင်တောင်မှ မပြေးသော် ကန်ရာရှိ၏။ သို့ပေမဲ့ တွေးကြည့်ရမည်ဆိုလျှင် လျှိုကလန်၏ ကံကြမ္မာသည် မတွေးဝံ့တော့ချေ။ ကလန်တစ်ခုလုံးသည် လျှိုချင်းယု ကြောင့် သုတ်သင်ရှင်းလင်းခြင်းကို ခံရပေလိမ့်မည်။ ဤကိစ္စသည် လျှိုချင်းယု တစ်ယောက်တည်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်မျိုး မဟုတ်တော့ချေ။ လျှိုကလန် တစ်ခုလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်မျိုး ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ငရဲလောကသည် ပြန်လည်‌ပေါ်ပေါက်လာခဲ့ပြီး လျှိုကလန်သည် နတ်ဘုရား လောကကြီးကို သစ္စာဖောက်ခဲ့၏။ သံသယရှိစရာ မလိုပါဘဲ အားလုံးသော သူတို့သည် ဤကိစ္စကို ငြိမ်ငြိမ်သက်သက်နှင့် ထိုင်နေလိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော အခြေအနေတွင် လျှိုကလန် တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ခြင်းသည် အကောင်းဆုံး အခြေအနေ ဖြစ်လာပေလိမ့်မည်။

“အကြီးအကဲကြီး လျှိုချင်းယုက သတင်းပြန်မပို့သေးဘူး။ ဒီတော့ ခဏလောက် စောင့်လိုက်ကြရအောင်။ အခွင့်အရေး ရှိနိုင်ပါသေးတယ်” အဘိုးအို၏ အမူအရာသည် တည်ငြိမ် အေးစက်လျက် ရှိနေ၏။ ဤအရာသည် ၎င်း၏ နောက်ဆုံး အခွင့်အရေးသာလျှင်ဖြစ်၏။

ကလန်ခေါင်းဆောင် သူတို့အားလုံးကို စုစည်းရန် ခေါ်ဆောင်လိုက်တည်းက သူသည် လျှိုချင်းယုဆီသို့ သတင်းပေးပို့ခဲ့ပြီးဖြစ်၏။ ကံဆိုးစွာဖြင့် တုံ့ပြန်မှုမရသေးချေ။ လျှိုချင်းယုသည် ထိုအရာကို မသိခြင်းဖြစ်သည် ဆိုပါက တော်သေး၏။ သို့ပေမဲ့ သူတို့ ထင်မှတ်မထားသလို ဖြစ်လာမည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခများ ပေလိမ့်မည်။

“စာပြန်မပို့သေးဘူး ဟုတ်လား။ ဟမ့်”

နဝမ အကြီးအကဲက နှာခေါင်းရှုံ့လိုက်၏။ ရှေ့ဆီသို့ လှမ်းတက်ပြီး သည့်နောက် အဘိုးအိုအနားသို့ ချဉ်းကပ်သွား၏။ တိုက်ရိုက်ဆိုသလိုပဲ အေးစက်သည့် မျက်နှာသွင်ပြင်နှင့် ပြောလိုက်သည်။

“အကြီးအကဲကြီး လျှိုချင်းယုက ခင်ဗျားဆီကို စာပြန်မယ်လို့ ထင်နေတာလား။ တကယ်လို့ စာပြန်လာမယ် ဆိုရင်တောင်မှ သူပြောခဲ့တဲ့ စကားလုံးတွေက ဘယ်လောက်အထိ အာမခံချက် ရှိမှာလဲ။ သူ ငရဲလောကနဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့ ကိစ္စက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ။

ဒီတော့ ကျုပ်တို့ လျှိုကလန်က ဒီကိစ္စကို ယုံကြည်လား၊ မယုံကြည်လား ဆိုတာ အဓိကဖြစ်လာပြီ။ သူသာ ငရဲလောကကို မဝင်ရောက်ခဲ့ဘူးဆိုရင် အကောင်းဆုံးပဲ။ အများဆုံး အကြီးအကဲကြီးလျှိုက ပြစ်ဒဏ်ပေးခြင်းလောက်ပဲ ခံရမယ်။ ဒါပေမဲ့ သူသာ ငရဲလောကဆီ ဝင်ရောက်ခဲ့တယ်ဆိုရင်တော့ ......”

ထိုအချိန်မှာတော့ နဝမ အကြီးအကဲကြီးသည် မည်သည့်စကားမှ ဆက်မဆိုတော့ချေ။ သူ၏ စကားလုံးများထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပါဝင်လျက်ရှိနေသည်ကို အားလုံးက ခံစားမိကြ၏။ သူသည် ဆက်လက်ကာ မပြောဆိုတော့သော်လည်း အားလုံးသောသူတို့က နားလည်ပြီးသား ဖြစ်၏။ အကြီးအကဲကြီးများကို စေလွှတ်ကာဖြင့် ကျိန်းသေပေါက် သန့်ရှင်းရေး ပြုလုပ်ပေတော့မည်။

“ကလန်ခေါင်းဆောင်… ဒီကိစ္စမှာ ဖုံးကွယ်ထားတဲ့ ကိစ္စရပ်တွေ ရှိနေသေးတယ်လို့ထင်တယ်။ ကျုပ်တို့ သတိ အပြည့်ထားမှ ဖြစ်လိမ့်မယ်။ ကျေးကျွန်တွေရဲ့ စကားတစ်ခွန်းနဲ့ ပဋိပက္ခတွေ ဖြစ်လာတယ်ဆိုတာ မကောင်းဘူး။ အထူးသဖြင့် များပြားတဲ့ အထူးအကြီးအကဲတွေ ပါဝင် ပတ်သက်နေတယ်။ ကျုပ်တို့ လျှိုကလန်က အားလုံးသော လူတွေရဲ့ ရယ်ပွဲဖွဲ့စရာ ဖြစ်လာလိမ့်မယ်” အဘိုးအိုသည် မျှော်လင့်တကြီးနှင့် ထုတ်ဖော်‌ပြောဆိုလိုက်၏။

အထူးအကြီးအကဲကြီးများ ထွက်လာသည်ဆိုပါက နားလည်မှုလွဲနေသည်ဆိုလျှင် တော်သေး၏။ သို့ပေမဲ့ လျှိုကလန်သည် ကျိန်းသေပေါက် မှန်ကန်နေသည်ကို သိရှိခဲ့ပါက မည်သို့ ဆက်လက်ပြုလုပ်မည်နည်း။

“ဒါဆိုရင် တတိယ အကြီးအကဲကြီးရဲ့ အထင်အရဆိုရင် ကျုပ်တို့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ကြမလဲ” ကလန်ခေါင်းဆောင် သည် မျက်ခုံးကို ပင့်ကာဖြင့် လှောင်ပြုံး ပြုံးကာ မေးမြန်းလိုက်သည်။

“ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်သင့်တယ်လို့ ကျုပ်ထင်တယ်။ အကောင်းဆုံးကတော့ ဘာဆုံးဖြတ်ချက်မှ မချသေးဘဲနဲ့ လူတချို့ကို စေလွှတ်ပြီးတော့ စုံစမ်းစစ်ဆေးရမယ်။ အဲစေလွှတ်လိုက်တဲ့လူတွေ ပြန်မလာဘူးဆိုရင် အကြီးအကဲကြီး လျှိုချင်းယုက ထျန်းမင်တောင်ကို ဝင်ရောက်သွားခဲ့ပြီပေါ့။ ဒါပေမဲ့ ဘာမှ မထိမခိုက်ဘဲ ပြန်လာခဲ့တယ်ဆိုရင် အထူးအကြီးအကဲကြီး လျှိုချင်းယုကို ရှင်းပြဖို့အတွက် အခွင့်အရေး ပေးရမယ်။ ဒါဆိုရင် ကျုပ်တို့ လျှိုကလန်အနေနဲ့ အားလုံးသော သူတွေရဲ့ရှေ့မှာ မျက်နှာပျက်စရာလည်း မရှိတော့ဘူး”

ပြောပြီးသည့်နောက် တတိယ အကြီးအကဲကြီးသည် တခြားသော သူနှစ်ယောက်ကို လှမ်းကြည့်ကာဖြင့် နှာခေါင်းရှုံ့ လိုက်၏။ သူ၏ အထင်အရဆိုလျှင် သူ၏ ချဉ်းကပ်မှုသည် အလွန်တရာ ကောင်းမွန်လွန်းပြီး လျှိုကလန်တစ်ခုလုံး နတ်ဘုရားလောကတစ်ခုလုံးရှေ့၌ ဂုဏ်သိက္ခာကျဆင်းမည့် အခြေအနေမျိုးကို ကာကွယ်သည့် နည်းလမ်းလည်း ဖြစ်၏။

“တတိယ အကြီးအကဲကြီး.. ဒီကိစ္စမှာ ငရဲလောက ပါဝင်ပတ်သက်နေတယ်ဆိုတာ ခင်ဗျား တကယ် မသိတာလား။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ လျှိုကလန်က မျက်ကန်းတောတိုး လုပ်လို့မရဘူး” ကလန်ခေါင်းဆောင်က ပြောဆိုလိုက်၏။ သူ၏ အမူအရာသည် ပိုမိုကာ အေးစက်လာခဲ့သည်။

“အကြီးအကဲကြီး လျှိုချင်းယုက သာမန်လူတစ်ယောက် မဟုတ်ဘူး။ သူက အင်မော်တယ်ဘုရင် တစ်ယောက်လေ။ အင်မော်တယ်ဘုရင်တစ်ယောက်ဆိုတော့ သူ့မှာ လုံလောက်တဲ့ ဂုဏ်သိက္ခာ ရှိမှဖြစ်မယ်။ ဒါပေမဲ့ ဂုဏ်သိက္ခာအကျခံပြီး တခြားဂိုဏ်းတစ်ခုခုကို ဝင်ရောက်သွားခဲ့တယ်ဆိုတော့ သာမန် ကိစ္စမျိုး မဟုတ်လောက်ဘူး”

“ဒါက ....”

တတိယ အကြီးအကဲကြီး၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားခဲ့၏။ သူသည် မနှစ်မျို့စွာဖြင့် ပြောလိုက်၏။ “ဖြစ်နိုင်တာ အကြီးအကဲကြီး လျှိုချင်းယု ထျန်းမင်တောင်နဲ့ ပူးပေါင်းသွားခဲ့တယ် ဆိုတာကို ကလန်ခေါင်းဆောင်လည်း ယုံကြည်နေတာလား။ မှတ်ထားပါအုံး။ ဒါ အစေခံတစ်ယောက်ရဲ့ စကား သက်သက်ပါပဲ”

“ဪ”

ကလန်ခေါင်းဆောင်လျှိုသည် အေးစက်စက် တုံ့ပြန်လိုက်၏။ “ဒါဆိုရင် ဘာလို့ အကြီးအကဲကြီး လျှိုချင်းယုက စာမပြန်ရသေးတာလဲ။ သူက ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ လျှိုကလန်နဲ့ ဆက်သွယ်မှုနည်းလမ်းကို ကောင်းကောင်း သိရှိသေးတာပဲ။ သူ့အနေနဲ့ ကျေးကျွန်က သတင်းပေးပို့လိုက်တဲ့အချိန်အတွင်း တုံ့ပြန်မှု မလုပ်ဘူးဆိုတာ အဓိပ္ပာယ်မရှိဘူး”

“အကြီးအကဲကြီး လျှိုချင်းယုက ပြဿနာတချို့နဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်နိုင်တာပဲ” တတိယ အကြီးအကဲကြီးသည် ဝင်ရောက်ကာ ဖြန်ဖြေပေးလိုက်ပြန်သည်။

“အင်မော်တယ်ဘုရင်တစ်ယောက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ပြဿနာလား။ ပြောရမယ်ဆိုရင် အကြီးအကဲကြီးတွေ ဝင်ပြီးတော့ လှုပ်ရှားတိုက်ခိုက်တော့မှပဲ ဒါမျိုးကိစ္စ ဖြစ်လိမ့်မယ် ထင်တယ်” လျှိုကလန်မှ လူတစ်ဦးသည် အင်္ကျီလက်ကို ယမ်းခါကာဖြင့် အေးစက်စက် ပြောလိုက်၏။

“ကျုပ် ဆုံးဖြတ်ချက် ချပြီးသွားပြီ။ ဒီနေ့မှာ ကျုပ် အထူးအကြီးအကဲကြီးတွေနဲ့ တွေ့ဆုံပြီးတော့ အကြီးအကဲကြီး လျှိုချင်းယုကို ပြန်ခေါ်လာစေဖို့ တာဝန်ပေးရမယ်။ တကယ်လို့ နားလည်မှု လွဲသွားတယ် ဆိုရင် လျှိုကလန်အနေနဲ့ အကြီးအကဲကြီး လျှိုချင်းယုရဲ့ ပြန်လည်မွေးဖွားခြင်း လမ်းစဉ်နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ အနှောက်အယှက်ပေးမှာ မဟုတ်ဘူး။ တကယ်လို့ အခုဖြစ်နေတဲ့ ကိစ္စရပ်တွေကသာ အမှန်ဖြစ်မယ် ဆိုရင် ကျုပ်တို့ လျှိုကလန်က ကျိန်းသေပေါက် ငရဲလောကနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် လူမျိုးတွေ မဟုတ်ကြဘူး။ ဒီတော့ အထူးအကြီးအကဲကြီး လျှိုချင်းယုကို သတ်ဖြတ်ပစ်ရမှာပဲ”

All Chapters