← Chapters

အပိုင်း (၆၃၃)

Vol. 43 Ch. 633

အပိုင်း (၆၃၃)

Vol. 43 Ch. 633

“ဂျူနီယာ လျှိုချင်းယု စီနီယာနန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”

“ဂျူနီယာ ဖန်းရှန် စီနီယာနန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့သည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်ကြ၏။

“ထိုင်ကြလေ” လီယွင်သည် ခေါင်းကိုမော့လိုက်၏။ ထိုနှစ်ယောက်ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ဘေးတစ်ဖက်တွင် ရှိနေသည့်ထိုင်ခုံများဆီသို့ လက်ညိုးညွှန်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ နှစ်ယောက်သားသည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိ၏။ တစ်ယောက်၏ အတွေးကို တစ်ယောက် နားလည်ကြ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ထိုစကားလုံးများကိုသာ ပြောဆိုခဲ့သည် ဆိုသော်လည်း ထိုစကားလုံးများထဲတွင် ၎င်း၏ စိတ်နေစိတ်ထားများ ပါဝင်လျက်ရှိ၏။

တစ်ဖက်လူသည် ငရဲလောကကြီးနှင့်ပတ်သက်၍ မကောင်းသော ခံစားချက်ဟူ၍ ရှိချေ။ အကယ်၍ ရှိသည်ဆိုပါက ကျိန်းသေပေါက် သူတို့ကိုထကာ သတ်ဖြတ်မှာ သေချာ၏။ အစောပိုင်းကလေးတင် သူတို့သည် တော်ဝင် သဲကန္တာရမြို့၏ အနီးအနား၌ ကျန်းကျန့်ဖန်နှင့် ဝမ်ချီတို့အား တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။

သူတို့၏ ရည်ရွယ်ချက်သည် ရှင်းလင်းလွန်း၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ စိတ်နေစိတ်ထားကို စမ်းသပ်ချင်သောကြောင့် ဤအနီးအနားတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။ နန်းဆောင်သခင်၏ အားအင်အဆင့် အနေနှင့် ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကို သေသေချာချာ သိရှိနေမှာ သေချာ၏။ နန်းဆောင်သခင်သည်သာ သူတို့နှင့် ဖက်ပြိုင်ရန် စဉ်းစားထားပါက သူတို့ ချက်ချင်း ထွက်ပြေးမိပေလိမ့်မည်။ သို့ပေမဲ့ နန်းဆောင်သခင် သည် ဝင်ရောက်ရှုပ်ထွေးရန် အစီအစဉ် ရှိပုံမပေါ်ချေ။

ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် ရှိနေသည့် သံသယများအားလုံးက ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့်ပင်လျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ဦးတည်ကာ ရောက်ရှိလာခဲ့ခြင်းပင်။

“စီနီယာ... ခုဏတုန်းက ကျုပ်တို့နှစ်ယောက်က အပြင်ဘက်မှာ တိုက်ခိုက်မှုတချို့ ပြုလုပ်ခဲ့ပါတယ်။ စီနီယာအနေနဲ့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်” လျှိုချင်းယုက အသာဦးညွတ်လိုက်၏။ သူ ယခင်က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအကြောင်း ဝန်ခံရင်း တောင်းပန်လိုက်ခြင်းဖြစ်သည်။

စီနီယာ နန်းဆောင်သခင်၏ သတိပြုမိမှုအောက်တွင် ဘာတစ်ခုမှ မလွတ်မြောက်နိုင်ကြောင်း သူက သိရှိပြီးဖြစ်၏။ သူတို့အနေနှင့် လှည့်ကွက် တချို့တလေကို ထုတ်ဖော်အသုံးပြုမည် ဆိုလျှင်တောင်မှ ထိုလှည့်ကွက်များသည် စီနီယာနန်းဆောင်သခင် သတိမပြုမိသည့်အရာမျိုး မဟုတ်နိုင်ချေ။ နန်းဆောင် သခင်သည် ဤကိစ္စကို ရှည်ရှည်ဝေးဝေး စဉ်းစားခြင်းမရှိဘဲနှင် မသိသလို နေထိုင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် နန်းဆောင်သခင်ကို တောင်းပန်ရပေလိမ့်မည်။

“ဪ”

လီယွင်က ရယ်မောလိုက်၏။ “ဝမ်ချီနဲ့ ကျန်းကျန့်ဖန်တို့လား”

“ဟုတ်ပါတယ်” လျှိုချင်းယုသည် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူတို့နှင့် ရင်ဆိုင်တိုက်ခိုက် သည့်အချိန်တွင် သူ၏ နောက်လိုက်ဟောင်း နှစ်ယောက်တို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားခဲ့သည်ဆိုသည့် အကြောင်းအရာကို ပြန်လည် ပြောဆိုခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် မည်သည့်အပေးအယူများ ပြုလုပ်ခဲ့မည်ဖြစ်ကြောင်း သူတို့ မသိရှိချေ။ နန်းဆောင်သခင်နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့သည်ဆိုပါက ရှုပ်ထွေးသည့် ကိစ္စရပ်မျိုး ဖြစ်ပေါ်လာနိုင်၏။ သို့ပေမဲ့ ဤကဲ့သို့ ဖြစ်နိုင်ချေသည် တကယ့်ကို နည်းပါးလွန်းသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ကဲ့သို့သော လူသည် ဝမ်ချီနှင့် ကျန်းကျန့်ဖန် ကဲ့သို့သော ကျင့်ကြံသူများလောက်ကို ခေါင်းထဲတွင် ထည့်နေလိမ့်မည် မဟုတ်ချေ။

“အင်း... ကျုပ် ဒီနှစ်ယောက်ကို လမ်းညွှန်ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့က ကျုပ်စကားကို စိတ်ထဲမှာ မထားခဲ့ကြဘူး။ ကြည့်ရတာ ဒါကလည်း သူတို့ရဲ့ကံတရား ဖြစ်လိမ့်မယ်” လီယွင်က တည်ငြိမ်စွာ ပြောလိုက်၏။ လိုအပ်သည်များကို သူပြောဆိုခဲ့ပြီးပြီဖြစ်၏။ သူ၏ မူလရည်မှန်းချက်သည် ဖြစ်နိုင်သမျှ ထိုစစ်တုရင် အရုပ်နှစ်ရုပ်ကို ထိန်းသိမ်းထားရန် ဖြစ်၏။ သို့ပေမဲ့ ဤစစ်တုရင်ရုပ် နှစ်ရုပ်သည် သူ၏ ကြိုးဆွဲရာသို့ မကချင်ပေ။ ထို့ကြောင့် ဘာမှမတတ်နိုင်ချေ။ စစ်တုရင်ရုပ်များသည် တစ်ဖက်လူများ၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

“သူတို့က တကယ်ကို အမြင်ကျဉ်းလွန်းတယ်လေ။ စီနီယာရဲ့ စကားလုံးတွေရဲ့ နက်နဲမှုအကြောင်းကို နားလည်နိုင်စွမ်း မရှိကြတာနေပါလိမ့်မယ်”

လျှိုချင်းယုက ဦးညွတ်လိုက်၏။ သူသည် လေးလေးနက်နက်နှင့် ပြောဆိုနေခြင်းပင်ဖြစ်၏။ သူ၏စိတ် တစ်ခုလုံးကလည်း လန်းဆန်းလို့နေ၏။ ထျန်းမင်တောင်သခင်ဆီသို့ အသာ လှမ်းကြည့်ပြီးသည့်နောက် ပြုံးကာ ပြောလိုက်သည်။ “စီနီယာကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ကျုပ်တို့ ဒီနေ့အရေးကြီးတဲ့ ကိစ္စတစ်ခုကို လာပြီးတော့ ဆွေးနွေးကြတာပါ”

“ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ဖို့လား” လီယွင်သည် လျှိုချင်းယုကို အဓိပ္ပါယ်ပါပါဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။

“အင်း... ခြေတစ်လှမ်းကြိုပြီး လှမ်းထားတာက ခင်ဗျား မဟုတ်ဘူး။ ခင်ဗျားဘေးကလူပဲ ဟုတ်တယ်မလား” ပြောပြီးသည့်နောက် လီယွင်သည် ထျန်းမင်တောင်သခင်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။

ထျန်းမင်တောင်သခင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပြီး အမှတ်မထင် မတ်တပ်ထရပ် လိုက်မိ၏။ လီယွင်သည် သူ၏ အ‌တွေးအားလုံးကို သိရှိနေသကဲ့သို့ပင်။ လီယွင်၏အကြည့်ကို သူ တည့်တည့် ပြန်မကြည့်ရဲချေ။ သူသည် ဦးကို ညွတ်ကာသာ ပြောလိုက်သည်။

“စီနီယာ တကယ့်ကို အမြင်စူးရှပါတယ်။ ကျုပ်ချီးကျူးမိပါတယ်”

များပြားလှသည့် အနိမ့်အမြင့် အတက်အကျများကို ရင်ဆိုင်ကျော်လွှားခဲ့သည် ဆိုလျှင်တောင်မှ ထျန်းမင်တောင်သခင်သည် လက်ရှိ အခြေအနေ၌ တည်ငြိမ်နိုင်စွမ်း မရှိတော့ချေ။

လောက အသီးသီးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့စဉ်က ငရဲလောကအတွင်း နေထိုင်ရသည့် ခံစားချက်မျိုးကို သူက ပြန်လည်ကာ ရရှိလာခဲ့ကြ၏။ ငရဲလောကကြီး၏အရှင်ကို သွားရောက်ကာ ဂါရဝပြုသည့် အချိန်တိုင်း ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် ခံစားချက်ကို ရရှိခဲ့၏။

ယနေ့ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်နှင့် တွေ့ကြုံရသည့်အချိန်မျိုး၌ ဤကဲ့သို့သော ခံစားမှုများသည် သူ၏ နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

အလွန်အားကောင်းလွန်းသည့် စွမ်းအင်များကို ထုတ်ဖော်ထားခြင်း မရှိဘူးဆိုလျှင်တောင်မှ လေးစားလောက်ဖွယ်ရာ ဟန်ပန်အမူအရာများကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ တစ်စုံတစ်ယောက်၏ အတွေးသည် ထိုသူ၏မျက်လုံးအကြည့်အောက်တွင် လွတ်မြောက်သွားမည့်ပုံ မရှိချေ။

“ကွာစီအင်မော်တယ် အင်ပါယာလား” လီယွင်က အသာရယ်မောလိုက်၏။ ပြီးနောက် သူသည် စားပွဲခုံကို တတောက်တောက်နှင့် ခေါက်လျက်ရှိနေ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်တစ်ခုလုံးတွင် ထိုအသံ တစ်ခုတည်းသည်သာ ပဲ့တင်ထပ်လျက် ရှိနေပြီး ထိုအသံသည် စွမ်းအားမြင့်ကျင့်ကြံသူ နှစ်ယောက်တို့၏ နှလုံးသားများကို ဖိနှိပ်လျက် ရှိနေသည်။

“အင်း... ခင်ဗျားတို့သိလား။ အသင်္ချေများပြားတဲ့ လောကတွေကြားထဲမှာ ကွာစီ အင်မော်တယ် အင်ပါယာဆိုတာ တကယ့်ကို သာမန်ထက်ပိုပြီး ထူးချွန်တဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေပဲ။ ဒီလိုလူမျိုး ဖြစ်လာဖို့ ဆိုတာက ရိုးရှင်းတဲ့ကိစ္စရပ်မျိုး မဟုတ်ဘူး။ ငရဲလောကကြီး ကျဆုံးပြီးတည်းက ခင်ဗျားတို့အနေနဲ့ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကို မြင်ဖူးလား” လီယွင်က ဖြည်းညှင်းစွာ မေးမြန်းလိုက်၏။

ထိုစကားကို ကြားရချိန်မှာတော့ ထျန်းမင်တောင်သခင်သည် အတွေးနက်သွားမိ၏။ သူသည် အချိန် အတော်ကြာ စည်းခတ်ခြင်းကို ခံခဲ့ရသောကြောင့် တခြားသော လောကများကို မဆိုနှင့် နက်နဲလျှို့ဝှက် လောကအကြောင်း ကိုပင် ကောင်းကောင်းမွန်မွန် မသိချေ။

လျှိုချင်းယုသည် လေးနက်တည်ကြည်သည့် အသွင်အပြင် တည်ရှိလို့နေ၏။ သူသိသလောက်ဆိုလျှင် ခေတ်အဆက်ဆက်တွင် ကွာစီအင်မော်တယ် အင်ပါယာဟူ၍ ပေါ်မလာခဲ့ချေ။

ကျင့်ကြံသူပေါင်းများစွာသည် ကျင့်ကြံခြင်းအဆင့်၏ ထိပ်ဆုံးမှာ အင်မော်တယ်ဘုရင်အဆင့်ဟုသာ သတ်မှတ် ထားခဲ့ကြ၏။

လျှိုကလန်ထဲတွင် ရှိနေသည့် ရှေးမှတ်တမ်းများတွင် ရေးသားထားခဲ့သည့် အချက်အလက်များကြောင့်သာ မဟုတ်ပါက လောကကြီးများ၏အထက်တွင် အင်မော်တယ်ဘုရင်ထက် ပိုမိုကာ မြင့်မားသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ရှိလိမ့်မည်ဟု သူတို့သိရှိလိမ့်မည် မဟုတ်ချေ။

All Chapters