← Chapters

အပိုင်း (၆၃၉)

Vol. 43 Ch. 639

အပိုင်း (၆၃၉)

Vol. 43 Ch. 639

ထျန်းမင်တောင်သခင်သည် နက်နဲလျှို့ဝှက်လောကကြီး တစ်ခုလုံးကို လွှမ်းမိုး သိမ်းပိုက်ခဲ့၏။ ရှိရှိသမျှသော စွမ်းအားမြင့် ဂိုဏ်းနှင့် ကလန်အားလုံးကို မီးမြှိုက် သင်္ဂြိုလ်ပစ်ခဲ့၏။ သို့ပေမဲ့ လျှိုချင်းယုနှင့် ပတ်သက်ဆက်နွယ်လျက် ရှိနေသော လျှိုကလန်သည် ဤကဲ့သို့သော ကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့၏။

လက်ရှိ အခြေအနေတွင် လျှိုကလန်၏ အဓိက ဟောခန်းကြီးထဲမှာတော့ ......

ကလန်ခေါင်းဆောင်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ဘေးတစ်ဖက်တွင် လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့က ဘေးချင်းယှဉ်ကာ ရှိနေ၏။ သူတို့သည် အဝေးတွင် ရှိနေသည့် လေဟာနယ်ထဲသို့ လှမ်းကြည့်နေကြပြီး ၎င်းတို့၏ အမူအရာများသည် အားလုံးသောသူတို့ကို အထင်အမြင်သေးသည့် အရိပ်အယောက်များနှင့် ပြည့်လို့နေသည်။

“အင်း.. နတ်ဘုရားလောကမှာရှိတဲ့ လျှိုကလန် က ခင်ဗျားတို့ နက်နဲလျှို့ဝှက်လောကမှာရှိတဲ့ လျှိုကလန်ကို လာပြီး ဆက်သွယ်ကြပြီလား။ နှစ်ပေါင်းများစွာကုန်လွန်ပြီးတဲ့နောက်မှာ ပတ်သက်ဆက်နွယ်မှုဆိုတာ မျိုးရိုး နာမည်ကို မျှဝေခံစားခွင့်ပဲ ရှိခဲ့တယ်” ထျန်းမင်တောင်သခင်သည် အမှတ်မထင်နှင့် မှတ်ချက်ပြုလိုက်၏။

သူသည် တုန်ယင်လျက် ရှိနေသည့် လျှိုကလန်၏ ခေါင်းဆောင်အား ထူးမခြားနားသလို လှမ်းကာ ကြည့်ရှုလိုက်သည်။

လျှိုကလန်ခေါင်းဆောင်သည် မူလအားဖြင့် မောက်မာလွန်းသူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ၎င်းထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည့် လူနှစ်ယောက် ရောက်ရှိလာချိန်မှာတော့ ကျိန်းသေပေါက် သိုသိုသိပ်သိပ် နေထိုင်ခြင်းကသာလျှင် အကောင်းဆုံးသော အခြေအနေ တစ်ခုဖြစ်ကြောင်း နားလည်မိ၏။

“ကပ်သပ်ပြီး ပြောရမယ်ဆိုရင် ကျုပ်က နက်နဲလျှို့ဝှက်လောကရဲ့ လောကသားတစ်ယောက်ပဲ”

လျှိုချင်းယုက တည်ငြိမ်စွာ ပြောလိုက်သည်။ “နက်နဲမီးတောက်လောကကြီး တစစီဖြစ်သွားချိန်မှာ လျှိုကလန်ကလည်း တဖြည်းဖြည်း အားအင်လျော့ပါးလာခဲ့တယ်။ နတ်ဘုရားလောကထဲမှာရှိတဲ့ မျိုးဆက်တွေကလည်း အတော်ကြီး ရုန်းကန်နေခဲ့ရတယ်။ ဒါကြောင့် ကလန်နှစ်ခုကြားမှာရှိတဲ့ ဆက်သွယ်မှု က ပြတ်တောက်လုနီးပါး ဖြစ်သွားခဲ့တာပဲ”

ဤစကားကို ကြားရချိန်မှာတော့ အနီးအနားတွင်ရှိနေသည့် လျှိုကလန်၏ ခေါင်းဆောင်သည် တုန်ယင်သွားခဲ့၏။ သူသည် အမှတ်မထင် ဆိုသလို လျှိုချင်းယုက လှမ်းကာ ကြည့်လိုက်မိ၏။ ပြီးနောက် ဦးခေါင်းကို မြန်မြန်ဆန်ဆန်နှင့် ပြန်ငုံ့လိုက်မိ၏။

လျှိုချင်းယုသည် နက်နဲလျှို့ဝှက်လောကထဲတွင် တည်ရှိနေသည့် အဖွဲ့ဝင်များနှင့် ပတ်သက်၍ သဘောတွေ့ လှသည် မဟုတ်ချေ။ ယနေ့အချိန်မှာတော့ သူသည် သေသေချာချာ ကြိုးစားပြီးနောက် ယခင်က ကျင့်ကြံခြင်း အဆင့်ကို ပြန်လည်ရရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

အစတုန်းက လျှိုချင်းယုသည် တချို့သော မွန်းစတားအိုကြီးများ၏ ခန္ဓာကိုယ် အပိုင်စီးခြင်းကို ခံယူထားရသည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု ကလန်ခေါင်းဆောင်က တွေးထင်ခဲ့၏။ သို့ပေမဲ့ ဤသို့ မဟုတ်ခဲ့ချေ။ တစ်ဖက်လူသည် ကျိန်းသေပေါက် ယခင်ဘဝမှ မှတ်ဉာဏ်များ အားလုံးကို သယ်ဆောင်လာခဲ့ ပြီး ပြန်လည်ဝင်စားခြင်းနည်းလမ်းကို အကောင်းဆုံး အကောင်အထည်ဖော်ကာဖြင့် အရှေ့ဆီသို့ လှမ်းတက်နိုင်ခဲ့သူပင်။

ကြောက်မက်ဖွယ်ရာကောင်းသည့် လောကကြီးတစ်ခုတွင် တခြားသော လျှိုကလန်တစ်ခု ရှိသည်ကိုလည်း ပြောဆိုခဲ့၏။ သူ၏ မှတ်ဉာဏ်များကို ပြန်လည်စစ်ဆေးပြီး ရှာဖွေကြည့်ခဲ့သော်လည်း လျှိုကလန်၏ ခေါင်းဆောင်သည် တခြားသောလောကတွင် ကလန်သားများ တည်ရှိနေသည် ဆိုသည့် အကြောင်းအရာကို တစ်ချက်ကလေးမှ မမှတ်မိခဲ့ချေ။

နက်နဲမီးတောက်လောကကြီး ပျက်စီးပျောက်ကွယ်သွားခြင်းကြောင့်လည်း ဖြစ်နိုင်၏။ နက်နဲမီးတောက် လောကကြီး ပျက်စီးသွားခဲ့ခြင်းကြောင့် ကလန်ထဲတွင် ရှိနေသည့် ရှေးမှတ်တမ်းအားလုံးကလည်း ပျောက်ဆုံးသွားခဲ့သည်။ လျှိုကလန်ခေါင်းဆောင်တစ်ယောက် နတ်ဘုရားလောကကြီး၏ လျှိုကလန်ကို မသိခြင်း ဆိုသည်မှာ ထို့ကြောင့်သာလျှင်ဖြစ်ပေမည်။

“အင်း... အခွင့်အရေးကို အရယူပြီးတော့ နတ်ဘုရားလောကနဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုတစ်ခုကို ဖန်တီး တည်ဆောက်ရင် ကောင်းမလား စဉ်းစားရမယ်” လျှိုကလန်၏ ခေါင်းဆောင်က စဉ်းစားလိုက်မိ၏။ သူ့အနေနှင့် ကြီးမားသည့် နောက်ခံကိုရရှိသည်ဆိုပါက ပိုမိုကောင်းမွန်သည့် အခြေအနေဆီသို့ ရောက်ရှိသွားနိုင်ကြောင်း ကောင်းကောင်း နားလည်ပြီးဖြစ်၏။

ထျန်းမင်တောင်သခင်သည် နှာခေါင်းရှုံ့ကာဖြင့် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ “လာမယ့်တိုက်ပွဲကြီး ပြီးသွားရင် ဒီလူတွေ ဘယ်လောက်များများ ကျန်မှာမို့လို့လဲ”

သိပ်မကြာခင်မှာပဲ လျှိုချင်းယုသည် ကိုယ်တိုင်ကိုယ်ကျ ဆိုသလိုပင် လျှိုကလန်မှ အင်မော်တယ်ဘုရင်များနှင့် ရင်ဆိုင်ရန်အတွက် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို သေချာ စီရင်လိုက်၏။ ထိုအရာကို အသက်သွင်း ပြီးနောက် အင်မော်တယ်ဘုရင်များပင် မြူများအဖြစ် ပြောင်းလဲ သေဆုံးသွားစေနိုင်သည့် အစီအရင်ကြီးများ ဖြစ်လာခဲ့၏။

“..........”

လျှိုကလန်၏ ခေါင်းဆောင်သည် ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်နေခဲ့၏။ သူက အရူး မဟုတ်ချေ။ ဤနှစ်ယောက် ပြောဆိုသည့် စကားများကို သူ နားမလည်ဘဲ မနေချေ။ အမှတ်မထင်နှင့် သိရှိခဲ့သည့် အကြောင်းအရာသည် ဤနေရာတွင် ကြီးမားလွန်းသည့် တိုက်ပွဲကြီး တစ်ခုကို ဖန်တီးတော့မည် ဆိုသည်ကိုပင်။

ဤနှစ်ယောက်သည် သာမန်ကျင့်ကြံသူများ မဟုတ်ချေ။ ၎င်းတို့သာ အင်ပြည့်အားပြည့် တိုက်ခိုက်သည် ဆိုပါက သာမန်ကလန်အဖွဲ့သားများကို မဆိုနှင့် သူသည်ပင်လျှင် အသက်ရှင် ရပ်တည် ကျန်ရစ်နိုင်လိမ့်မည် မဟုတ်ချေ။ ဤနှစ်ယောက် ပေါ်ပေါက်လာခဲ့သည့်အချိန်တည်းက သူ့ကို မလှုပ်ရှားနိုင်အောင် ချုပ်ထားခဲ့ပြီး ဖြစ်၏။

သို့ပေမဲ့ တောင်းပန် ပြောဆိုရန် စဉ်းစားလိုက်သော်လည်း လျှိုချင်းယု၏ အကြည့်များသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသည်မို့ မည်သို့မှ မတတ်နိုင်ဘဲ ပခုံးကိုသာ တွန့်လိုက်မိသည်။

ထိုအချိန်မှာပဲ ရုတ်တရက် အသံကြီး တစ်ခုက ထွက်ပေါ်လာခဲ့လေ၏။ လျှိုကလန်ခေါင်းဆောင်သည် ဒူးထောက်ထိုင်ချလုမတတ်ပင် ဖြစ်လို့နေခဲ့၏။ ၎င်းကို ဗဟိုပြုပြီးသည့်နောက် ဟောခန်းကြီး တစ်ခုလုံးက ကွဲအက်သွားခဲ့၏။ တည်နေရာအနှံ့တွင် အက်ကွဲကြောင်းကြီးများ ပြည့်နှက်သွား၏။ ၎င်း၏ မျက်နှာ တစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေပြီး ရင်ဘတ်တစ်ခုလုံးသည်လည်း မို့ဖောင်းလျက် ရှိနေ၏။

လျှိုချင်းယုသည် အနည်းငယ်သော အားအင်ကိုသာ ထပ်မံ ထည့်သွင်းလိုက်သည်ဆိုပါက သူ့အနေနှင့် ကျိန်းသေပေါက် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားမှာ သေချာ၏။ သူသည် လာမည့်တိုက်ပွဲတွင် တခြားသော နေရာ၌ ပြောင်းလဲတိုက်ခိုက်ရန် အကြံပြုချင်မိခြင်းသာဖြစ်၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ထိုစကားကိုပင် မပြောရသေးချေ။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားဒဏ်ကြီးကို စတင်ကာ ခံစား နေရပြီ ဖြစ်သည်။

ဤနှစ်ယောက်၏ အရှေ့တွင်တော့ သူသည် သာမန် ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင်။ မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ချေ။

“ဒီနေရာမှာ ခင်ဗျားက ပြောရေးဆိုခွင့် ရှိတဲ့လူလား” လျှိုချင်းယုသည် ထူးမခြားနားသလို မေးမြန်းလိုက်၏။

ဤစကားစု နားထဲသို့ ဝင်ရောက်လာချိန်မှာတော့ လျှိုကလန်ခေါင်းဆောင်သည် သူ့အား အရှက်ခွဲနေသလိုပင် ခံစားမိနေ၏။ သို့ပေမဲ့ တခြားနည်းလမ်းလည်း မရှိချေ။ သူ၏ရှေ့တွင် ရှိနေသည့် လျှိုချင်းယုသည် သူ ရင်းနှီးခဲ့သည့် လျှိုချင်းယု မဟုတ်ချေ။ အလုံးစုံ မရင်းနှီးသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ လျှိုကလန်သည်လည်း ၎င်း၏ အသုံးချခံအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“တာအိုရောင်းရင်း... ဒီနေ့ ခင်ဗျားလုပ်ခဲ့တဲ့ ကိစ္စတွေ အကုန်လုံးက ကျုပ်အကြိုက်တွေကြီးပဲ။ ကျင့်ကြံသူတွေဆိုတာ လောကကြီးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေ ဖြေရှင်းတဲ့ နေရာမှာ အသေးစိတ်တွေကို လိုက်ကြည့်နေလို့ ဘယ်ဖြစ်မှာလဲ” ထျန်းမင်တောင်သခင်သည် အားရပါးရ ရယ်မောလိုက်၏။

ပြီးနောက် သူသည် လျှိုကလန်ခေါင်းဆောင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။ “အချိန်ကို တွက်ကြည့်မယ် ဆိုရင် နတ်ဘုရားလောကရဲ့ အင်မော်တယ်ဘုရင်တွေ မကြာခင် ရောက်လာတော့မှာ မဟုတ်လား”

..............

တစ်ချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် အထဲမှာတော့ ....

မုန့်ရှင်းကျီသည် ဖြည်းညှင်းစွာဖြင့် လှမ်းဝင်လာခဲ့၏။ အထဲဆီသို့ ကုတ်ချောင်းချောင်းနှင့် လှမ်းဝင်လိုက်ပြီးသည့်နောက် “ဂျူနီယာ မုန့်ရှင်းကျီက စီနီယာကို လာပြီးတော့ ဂါရဝပြုပါတယ်”

မုန့်ရှင်းကျီသည် မြန်မြန်ပဲ ဦးညွတ်လိုက်သည်။

All Chapters