← Chapters

အပိုင်း (၆၄၀)

Vol. 43 Ch. 640

အပိုင်း (၆၄၀)

Vol. 43 Ch. 640

“ပြန်လာပြန်ပြီလား” လီယွင်သည် မျက်ခုံးကို ပင့်လိုက်မိ၏။ သူသည် မုန့်ရှင်းကျီကို တစ်ချက် လှမ်းကြည့်ကာဖြင့် တည်ငြိမ်စွာ မေးမြန်းလိုက်၏။

“စီနီယာရဲ့ ကာကွယ်ပေးမှုအတွက်ကို ကျေးဇူးတင်ပါတယ်။ ကောင်းကင်မူလလောကကြီးထဲကို ဘာဒုက္ခမှ မရှိဘဲ ချောချောမွေ့မွေ့နဲ့ ပြန်ရောက်နိုင်ခဲ့တယ်။” မုန့်ရှင်းကျီသည် သူ၏ ကျေးဇူးတင်မှုကို ထုတ်ဖော်ကာ ပြသလိုက်သည်။

နက်နဲအလင်းလောကကြီးဆီသို့ သွားရောက်လည်ပတ်ပြီးသည့်နောက် အင်ပါယာအဆင့် အားအင်ဆိုသည်မှာ မည်မျှ သေးကွေးသည်ဖြစ်ကြောင်း သူ သိရှိခဲ့၏။ နက်နဲအလင်းလောကကြီးသည် ငရဲလောကကြီးကြောင့် အားနည်းသွားခဲ့သည် ဆိုလျှင်တောင်မှ အင်ပါယာအများအပြား တည်ရှိနေ၏။ တစ်ယောက်ချင်းစီတိုင်း ကလည်း အလွန်အားကောင်း၏။

သေးငယ်သည့် အမှားအယွင်းတစ်ခုကို ပြုလုပ်လိုက်သည် ဆိုသည်နှင့် သူပင်လျှင် နက်နဲအလင်းလောက ဆီမှ ထွက်ပြေး၍ မရနိုင်သည့် အခြေအနေမျိုးသို ရောက်ရှိသွားနိုင်၏။ ထို့အပြင် သူသည် နက်နဲအလင်းလောကကြီး၊ ရောရုဝပြည်တွင် တည်ရှိနေသည့် အခြေခံများ အားလုံးကို သိမ်းဆည်း သယ်ဆောင် လာခဲ့၏။ လူများသည် ထိုအရာကို သိရှိသည် ဆိုသည်နှင့် သူ့ကို ဝိုင်းဝန်းကာ တိုက်ခိုက်မည် မဟုတ်ပါလား။

“အင်း... ခင်ဗျားက တိုင်ချူး၊ တခြားသူတွေနဲ့ ပြန်လာဖို့ ဘာလို့ မစဉ်းစားခဲ့တာလဲ။”

လီယွင်သည် အသာရယ်မောလိုက်သည်။ “ဒီနှစ်ယောက်က ခင်ဗျားလက်ထဲမှာ ရှိတဲ့အရာတွေကို စိတ်မဝင်စားဘူး”

“စီနီယာပြောတာ အမှန်ပါပဲ” မုန့်ရှင်းကျီသည် ကြောင်အအနှင့် ပြုံးလိုက်မိ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ့အား အစကတည်းက အာမခံထားသောကြောင့် တိုင်ချူးနှင့် တခြားသူများသည် သူနှင့်အတူ ပြန်လာမည် ဆိုလျှင်တောင်မှ ဘာတစ်ခုကိုမှ လုယူနိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ အာမခံမှုသာ မရှိသည်ဆိုပါက သတ္တိ အဆပေါင်း တစ်ရာလောက် တိုးတက်သွားမည် ဆိုလျှင်တောင်မှ သူ ရောရုဝပြည်ကို ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ချေ။

“စီနီယာ... ဒါတွေ အားလုံးက စီနီယာပေးတဲ့ သတင်းအချက်အလက်ကြောင့်ပါပဲ။ ကျုပ်က အကောင်း ပကတိအတိုင်း ပြန်လာနိုင်ခဲ့တာ။ ပြီးတော့ ပစ္စည်းတွေ အားလုံးကိုလည်း ယူဆောင်နိုင်ခဲ့တာပေါ့” မုန့်ရှင်းကျီသည် အစီအရင်ပြား တစ်ခုကို အသာကမ်းပေးလိုက်၏။ သူသည် တကယ်ပင် နှမျောတသတော့ ဖြစ်လို့နေ၏။

နက်နဲအလင်းလောက၊ ရောရုဝပြည်နှင့် တိုက်ပွဲတွင် ဤအစီအရင်ကြီးသည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည့်အရာဖြစ်ကြောင်း သူသိရှိပြီးဖြစ်၏။ ရောရုဝအရှင်ပင်လျှင် ထိုအစီအရင်ကြီးဆီမှ ချိုးဖြတ်နိုင်စွမ်း မရှိခဲ့ချေ။ အားလုံးသောသူတို့အား ပိတ်ပင်ထားနိုင်သည့် အစီအရင်မျိုးပင်။

ယနေ့ခေတ်တွင် အလွန် အားကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူများ ပေါ်ပေါက်လာကြ၏။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် ဤအစီအရင် တည်ရှိခြင်းသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနှင့် သူ့အတွက် ကောင်းချီးမင်္ဂလာ တစ်ခုကဲ့သို့ပင်။

“အင်း”

လီယွင်သည် အစီအရင်ပြားကို အသာလှမ်းယူပြီးသည့်နောက် မုန့်ရှင်းကျီကို ကြည့်ရှုလိုက်သည်။ “ခင်ဗျားရဲ့ ကျင့်ကြံခြင်းက နက်နဲအလင်းလောကကြီးဆီကို သွားရောက်ပြီးတဲ့နောက်မှာ အနည်းငယ် တိုးတက်လာခဲ့တာကိုး”

“ကျင့်ကြံခြင်းအဆင့်က စီနီယာကိုမှီဖို့ အဝေးကြီး အဝေးကြီး လိုပါသေးတယ်”

မုန့်ရှင်းကျီသည် ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်၏။ ခဏလောက် ရပ်တန့်ပြီးသည့်နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ ထို့ကြောင့် အသာမေးမြန်းလိုက်၏။ “စီနီယာ.. နက်နဲအလင်းလောကကြီးကို သွားပြီးတဲ့နောက်မှာ ငရဲလောကရဲ့ အမွေအနှစ်တွေက သာမန်ထက် ပိုပြီး ထူးခြားတယ်ဆိုတာ ကျုပ်ကြားခဲ့တယ်။ အဲတာ အမှန်လား”

နက်နဲအလင်းလောကကြီးထဲတွင် သူသည် ရောရုဝပြည်အရှင်၏ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းဆောင်ရည်များကို မြင်ခဲ့ရသည်။ နက်နဲအလင်းလောကကြီးထဲတွင် နေထိုင်သည့်အတောအတွင်း သက်ရှိ သတ္တဝါများအားလုံး ဆွေးနွေးလျက် ရှိနေသည့် ရောရုဝပြည်၏ မူလအရင်းအမြစ် ငရဲလောကကြီး အကြောင်းကို တော်တော်တန်တန် သိရှိနားလည်ခဲ့၏။ နက်နဲအလင်းလောကကြီးထဲ၌ အင်ပါယာများမှ သာမန်ကျင့်ကြံသူ တစ်ယောက်ချင်းစီထိ ငရဲလောကကို မကြောက်သူဟူ၍ မရှိချေ။

အထူးသဖြင့် ပြောရမည်ဆိုလျှင် ငရဲလောကကြီး၏ အမွေအနှစ် အားလုံးသည် အဆင့်တိုးတက်စေနိုင်သည့် အရာမျိုးပင် ဖြစ်၏။ ထိုအရာကြီးသည် အားလုံးသောသူတို့၏ လိုချင်လောဘကို တိုးမြှင့်လာအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည့် အရာလည်းဖြစ်၏။ ထိုအမွေအနှစ်များကို ရရှိသည် ဆိုသည်နှင့် သူသည် ကျိန်းသေပေါက် တိုးတက်သွားပေလိမ့်မည်။

“ဟုတ်တယ်။ ဒါအမှန်ပဲ”

လီယွင်သည် လက်ကို ယမ်းခါပြီးသည့်နောက် တစ်ဖက်လူကို စူးစူးစိုက်စိုက် ကြည့်ရှုကာ မေးမြန်းလိုက်၏။ “ခင်ဗျား ငရဲလောကရဲ့ အမွေအနှစ်ကို စိတ်ဝင်စားလိမ့်မယ်လို့ ကျုပ် မထင်မိခဲ့ဘူး”

“အဟမ့် အဟမ့်”

မုန့်ရှင်းကျီသည် လည်ချောင်းကို ဟမ့်လိုက်၏။ သူသည် ရှက်ရွံ့မှုကို ဖုံးကွယ်လိုက်ခြင်း ဖြစ်၏။ ပြီးနောက် လျင်လျင်မြန်မြန်ပဲ တောင်းပန်လိုက်သည်။ “စီနီယာ… ကျုပ်က မေးမြန်းလိုက် ရုံပါပဲ။ ဒီလောကကြီးထဲမှာ ငရဲလောကရဲ့ အမွေအနှစ်ကို စိတ်မဝင်စားတဲ့လူ ဘယ်လောက်များများရှိလို့လဲ”

ငရဲလောကကြီး၏ အမွေအနှစ်များသည် သာမန်ထက်ပိုကာ ထူးခြားလွန်း၏။ ထိုအရာကို ထိန်းချုပ်နိုင်ရန် အရည်အသွေး ရှိသည်ဆိုပါက အားလုံးသော သူတို့သည် လိုချင်တပ်မက်မှုအပြည့်နှင့် ရယူကြမှာ သေချာ၏။ ထိုအရာကို ရရှိပြီးလျှင် ရေတွက်၍မရအောင် များပြားသည့် လောကအသီးသီးကို သိမ်းပိုက်နိုင်စွမ်း ရှိနေမည် မဟုတ်ပါလား။

“ဒါပေမဲ့ ခင်ဗျား သိရဲ့လား။ လက်ရှိ ငရဲလောကရဲ့ အမွေအနှစ်တွေကြားမှာ အင်မော်တယ်ဘုရင်တွေတောင် ဒုက္ခရောက်နေကြတယ်” လီယွင်က အသာပြောဆိုလိုက်၏။

“အင်မော်တယ်ဘုရင်တွေတောင် ဒုက္ခရောက်နေကြတယ် ဟုတ်လား” ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ မုန့်ရှင်းကျီ၏ မျက်လုံးထဲတွင် တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။

ငရဲလောက၏ အမွေအနှစ်များသည် တကယ့်ကို ကောင်းမွန်သည့် အရာဖြစ်ကြောင်း သူက သိရှိ၏။ သို့ပေမဲ့ ဤမျှ ခမ်းနားသည့်အရာမျိုး ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ အင်မော်တယ်ဘုရင်များပင်လျှင် ဒုက္ခရောက်နေသည်ဆိုတော့ မည်မျှ ကြောက်စရာကောင်းလိမ့်မည်နည်း။

အတိတ်တုန်းက အင်မော်တယ်ဘုရင်များ အကြောင်း သူ မသိရှိချေ။ အင်မော်တယ်ဘုရင်များ၏ အကြောင်း ကို အနည်းငယ် သိရှိပြီးသည့် အချိန်မှာတော့ ထိုသူများသည် အစစ်အမှန် ကြောက်မက်ဖွယ်ရာကောင်းသည့် လူများဖြစ်ကြောင်း နားလည်ခဲ့၏။ အန္တိမအဆင့် ကျင့်ကြံသူ ဆိုသည်မှာ ထိုသူများ၏ ရှေ့တွင် ပုရွက်ဆိတ်လေးများကဲ့သို့ပင်။

သူ၏ လက်ရှိ အားအင်အဆင့်ကို သူ ကောင်းကောင်းနားလည်၏။ သူသည် ထိုကဲ့သို့သော တိုက်ပွဲများတွင် ပါဝင် တိုက်ခိုက်နိုင်သည့် လူမျိုး မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် သည်သာ သူ၏နောက်ဘက်တွင် တည်ရှိနေပါက သူသည် ဂုဏ်ယူရလောက်သည့် စီနီယာနန်းဆောင်သခင်၏ အကူအညီကို ရယူပြီး ငရဲလောက၏ အမွေအနှစ် တစ်ခုလုံးကို ဝါးမျိုနိုင်ဖို့ ဆိုသည်မှာ ဖြစ်နိုင်သည့် အရာမျိုးပင်။

“ကြည့်ရတာ ငရဲလောကကြီးရဲ့ မူလအရင်းအမြစ်အကြောင်းကို ခင်ဗျား သိသေးပုံ မပေါ်ဘူး။ ခင်ဗျားရဲ့ ကိုယ်ပိုင် အားအင်အဆင့်ကိုလည်း မေ့လျော့နေပုံပဲ” လီယွင်က ရယ်မောလိုက်၏။

ငရဲလောက၏ အမွေအနှစ်သည် အားလုံးသောသူတို့အတွက် ဆွဲဆောင်စရာဖြစ်၏။ အတိတ်တုန်းကဆိုလျှင် ဤအရာသည် လက်သင့်ခံကောင်း လက်သင့်ခံနိုင်၏။ သို့ပေမဲ့ လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့ ပါဝင် ပတ်သက်နေပြီ ဖြစ်သောကြောင့် အင်ပါယာအဆင့် အားအင်ကိုသာ ပိုင်ဆိုင်သော မုန့်ရှင်းကျီအနေနှင့် ဝေစု ရရှိချင်သည်ဆိုပါက မနိုင်ဝန်ထမ်းခြင်းပင် ဖြစ်ပေမည်။

“အင်း… ကျုပ်ဆီမှာ စီနီယာ ရှိနေသေးတယ် မဟုတ်လား” မုန့်ရှင်းကျီသည် မြှောက်ပင့်ကာ ပြောဆိုလိုက်သည်။

All Chapters