← Chapters

အခန်း (၁၃၃၉-၁၃၄၁)

Vol. 90 Ch. 1339-1341

အခန်း (၁၃၃၉-၁၃၄၁)

Vol. 90 Ch. 1339-1341

အခန်း(၁၃၃၉)

ဟောင်ထျန်း သူတော်စင်နယ်မြေ၏ မဟာအကြီးအကဲ ရှားချန်ခုန်း၏ ခွန်အားသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး လျှို့ဝှက်နယ်မြေ ရှစ်ခုမှ အားနည်းသော သူတော်စင်သခင်များထက်ပင် သာလွန်၏။

သို့သော်လည်း သူ၏ခွန်အားဖြင့်ပင် ကျန်းချန်၏ လက်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကနေ အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါကို ခံစားခဲ့ရသည်။

ထိုအတွက်ကြောင့် ရှားချန်ခုန်းသည် ကျန်းချန်ကို တားဆီးရန်ကလွဲ၍ ‌ရွေးချယ်စရာ မရှိတော့ပေ။

ထိုသို့မဟုတ်ဘဲ ကျန်းချန်ကို အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်အား ထုတ်ဖော်ခွင့်ပြုလိုက်လျှင် ရှားယွမ်ဟောင်က ခုခံနိုင်ခဲ့လျှင်ပင် ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည်မှာ သေချာသလောက်ပင်။

"အကြီးအကဲ ကျွန်တော်မရှုံးသေးပါဘူး.. ဒီကောင်နဲ့ ကျွန်တော်ဆက်ပြီး ယှဥ်ပြိုင်ဦးမယ်"

ရှားချန်ခုန်းက သူ့ကိုယ်စား အရှုံးပေးနေသည်ကို မြင်လျှင် ရှားယွမ်ဟောင်၏ မျက်နှာသည် ရုတ်တရက် မကြည်မလင် ဖြစ်သွားခဲ့သည်။

ကျန်းချန်က ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးနေရာကို ရောက်ရှိသွားပြီး ကတည်းကပင် ရှားယွမ်ဟောင်သည် သူ၏ နေရာကို အမြဲတစေ ပြန်ယူချင်နေခဲ့သည်။

ယနေ့ တိုက်ပွဲသည် သူ့အတွက် ကျန်းချန်ကို အနိုင်ယူကာ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ နံပါတ်(၁)နေရာကို ပြန်လည် ရယူနိုင်မည့် အကောင်းဆုံး အခွင့်အလမ်းပင် ဖြစ်သည် မဟုတ်ပါလော။

သူသာ အရှုံးပေးလိုက်မည် ဆိုလျှင် ကျန်းချန်၏ ခြေဖဝါးအောက်မှာပင် နေရတော့မည် ဖြစ်ပြီး ဘယ်သောအခါမှ ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။

"မင်းအရှုံးပေးလိုက်ပါ.. ဒါငါ့ရဲ့အမိန့်ပဲ"

ရှားချန်ခုန်းက အပေါ်ယံတွင် ထိုစကားကို ပြောလိုက်သော်လည်း ရှားယွမ်ဟောင်၏ စိတ်ထဲသို့ အသံလှိုင်း တစ်ခုကို တိုက်ရိုက်ပင် ပေးပို့လိုက်၏။

"သူတော်စင်သားတော်.. ကိစ္စတိုင်းကို ငါတို့တွေ သေချာစဥ်းစား ဆုံးဖြတ်မှရမယ်.. ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းက မနက်ဖြန်ဆို ဖွင့်လှစ်တော့မယ်.. သူတော်စင်သားတော်က တားမြစ်နည်းစနစ်ကို ထုတ်သုံးလိုက်ရင် ကျန်းချန်ကိုအနိုင်ယူနိုင်ခဲ့ရင်တောင် အချိန်တိုအတွင်း အထွတ်အထိပ်အခြေအနေကို ပြန်လည် ရောက်ရှိနိုင်မှာမဟုတ်ဘူး.. ဒီအခြေအနေနဲ့သာ ဆိုရင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ကျော်ဖြတ်ပြီး ကြယ်တာရာမြို့တော်ဆီ ဘယ်လိုလုပ်ပြီး ဝင်ရောက်နိုင်တော့မှာလဲ.. ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး ကြယ်တာရာမြို့တော်ထဲကို ဝင်ပြီးရင် ဘိုးဘေး ဟောင်ထျန်းရဲ့ အမွေအနှစ်ကို ရရှိလိမ့်မယ်.. အဲဒီအချိန်ကိုရောက်ရင် ကျန်းချန်ကို အနိုင်ယူဖို့က အလွယ်လေးပဲ မဟုတ်လား သူတော်စင် သားတော်"

ရှားယွမ်ဟောင်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် အဆုံးသတ်၌ သူ၏ ရင်ထဲမှ ဆန္ဒကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။

"ကျန်းချန် ဒီတိုက်ပွဲမှာ မင်းအနိုင်ရတယ်.. ဒါပေမဲ့ မင်းင့ါကိုစောင့်နေပါ.. သိပ်မကြာခင် ငါဒီနေ့ ဆုံးရှုံးခဲ့တာတွေ အားလုံးကို ပြန်အနိုင်ယူပြမယ်"

ရှားယွမ်ဟောင်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို စင်မြင့်ထက်ကနေ ဆင်းသွားခဲ့သည်။

ရှားယွမ်ဟောင် အရှုံးပေးလိုက်သည့် အချိန်မှာပင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ လေထုထဲရှိ ကြီးကျယ်ခမ်းနားသော လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သခင်များနှင့် အကြီးအကဲချန်းယန် အပါအဝင် အင်အားကြီးမားသော ကျင့်ကြံသူ များစွာ၏ မျက်ဝန်းထဲတွင် ကျန်းချန်ကို အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အကြီးအကဲချင်းယန်က တအံ့တသြဖြင့် ရေရွတ်လိုက်၏။

"ရှန်းဝူတိုက်ကြီးမှာ ဒီလို အံ့ဩဖွယ်ကောင်းတဲ့ ပါရမီရှင် တစ်ဦး ထွက်ပေါ်လာလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး.. ဟောင်ထျန်း သူတော်စင်သားတော်ရဲ့ မရှုံးနိမ့်နိုင်တဲ့ ဒဏ္ဍာရီက အခုအချိန်ကစပြီး လုံးဝ ပျက်စီးသွားခဲ့ပြီ.. တောင်တစ်တောင်ထက် နောက်ထပ် တောင်တစ်တောင်က မြင့်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိသေးတာပဲ.. ရှားယွမ်ဟောင်က ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်(၁)ပါရမီရှင် ထာဝရ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ပါရမီရှင်တစ်ဦး ထွက်ပေါ်လာတာက ရှန်းဝူတိုက်ကြီး အတွက် ကောင်းမွန်တဲ့ကိစ္စပဲ.. နှစ်ပေါင်း (၁၀၀၀၀)ကြာပြီးတဲ့နောက်မှာ ရှန်းဝူတိုက်ကြီးက အပြောင်းအလဲ စတင်ဖြစ်လာတော့မယ်.. သွေးနတ်ဆိုးနန်းတော်ကလည်း လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေကြပြီ.. ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့ရဲ့အမြင်တွေရော ဘယ်လိုရှိလဲ"

ဟောင်ထျန်းသူတော်စင်နယ်မြေ၏ သူတော်စင်သခင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သူ၏မျက်နှာက အလွန်တရာပင် လေးနက်နေခဲ့၏။

ဟောင်ထျန်း သူတော်စင်နယ်မြေသခင်၏ စကားကိုကြားလျှင် လူတိုင်း၏ မျက်နှာအမူအရာသည် အလွန်တရာပင် လေးနက်သွားခဲ့ကြသည်။

"ကောင်းကင် သူတော်စင်နယ်မြေသခင်.. ရှန်းဝူတိုက်ကြီးရဲ့အနာဂတ် အခြေအနေကို မင်းဘယ်လိုမြင်လဲ"

ဟောင်ထျန်း သူတော်စင်နယ်မြေသခင်က ကောင်းကင်သူတော်စင်နယ်မြေသခင်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ကောင်းကင်လျှို့ဝှက်ချက်တွေက ခန့်မှန်းရခက်တယ်.. ဒီအဘိုးကြီးလည်း ခန့်မှန်းဖို့ မလွယ်ဘူး"

ကောင်းကင် သူတော်စင်နယ်မြေသခင်က မချိပြုံးပြုံး၍ ခေါင်းခါရမ်းလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်(၁၀၀၀၀)ကလို ကိစ္စတွေ ပြန်ဖြစ်နိုင်မလား ဆိုတာကတော့ ဘုရားသခင်ရဲ့ဆန္ဒပေါ်မှာပဲ မူတည်တယ်"

ထိုစကားကိုကြားလျှင် ဟောင်ထျန်း သူတော်စင်နယ်မြေသခင်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လူသတ်ချင်စိတ်လွှမ်းသော လေသံဖြင့် ပြောလိုက်သည်။

"အခုအချိန်မှာ ငါတို့ လုပ်သင့်တာက သွေးနတ်ဆိုး ကျင့်ကြံသူတွေကို အမြစ်ကနေ ရှင်းပစ်လိုက်ဖို့ပဲ.. သူတို့တွေကို ပြန်လည်ရှင်သန်ဖို့ အခွင့်အရေး လုံးဝ ပေးလို့မဖြစ်ဘူး"

သူ၏ စကားကိုကြားလျှင် အင်အားကြီးမားသော ကျင့်ကြံသူ များစွာသည် ခေါင်းကို တိတ်တဆိတ် ညိတ်လိုက်ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က သွေးနတ်ဆိုးနန်းတော်သည် ရှန်းဝူတိုက်ကြီးကို အကြီးအကျယ် ဒုက္ခပေးခဲ့သောအဖွဲ့အစည်း ဖြစ်သည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သူတို့သည် ဤတစ်ကြိမ်တွင် သွေးနတ်ဆိုးနန်းတော်ကို ရှန်းဝူတိုက်ကြီးအား ဖျက်ဆီးရန် အခွင့်အရေး ထပ်ပေး၍ မဖြစ်တော့ပေ။

အောက်ဘက်ရှိ ကျန်းချန်နှင့် တခြားသူများသည် တိမ်တိုက်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသလဲ ဆိုသည်ကို သိမနေကြပေ။

ရှားယွမ်ဟောင်ကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် စိန်ခေါ်မည့်သူ မရှိတော့သဖြင့် စင်အောက်သို့ ဆင်းကာ သူ၏ နေရာသို့ ပြန်သွားခဲ့သည်။

သူက ပြိုင်ပွဲများကို ဆက်တိုက် အနိုင်ရခဲ့၍ သူ၏ ကြယ်စင်ကျောက်တုံးမှ ကြယ်စွမ်းအားသည် တစ်ဆယ့်ငါးခုခွဲသို့ပင် ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းတွင် ၁၅၅ ရက် နေထိုင်ရန် အခွင့်အရေးရရှိသွားခဲ့သည်။

ကျန်းချန် သိထားသလောက် အင်ပါယာ ဟောင်ထျန်းသည် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဖန်တီးပြီးသည့်အချိန်ကစ၍ ရှေးဟောင်း ကြယ်တာရာလမ်းသည် အကြိမ်ပေါင်း ၁၀၀ နီးပါးခန့် ဖွင့်လှစ်ခဲ့ပြီး ပါရမီရှင် အများအပြားသည် အကြိမ်တိုင်းတွင် ဝင်ရောက်ခဲ့ကြသည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းထဲသို့ ဝင်ရောက်ခဲ့သော ပါရမီရှင်များသည် စမ်းသပ်မှုများမှ တစ်ဆင့် ကြယ်တာရာမြို့ ထဲသို့ ဝင်ရောက်နိုင်ကြပြီး အများစုမှာ ရက်ပေါင်း ၁၁၀မှ ၁၃၀ခန့် အချိန် ကုန်ဆုံးခဲ့ကြသည်။

ထို့ကြောင့် ၁၅၅ရက် ဟူသော အချိန်သည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဖြတ်သန်းရန်အတွက် လုံးဝလုံလောက်သည်ဟု ဆိုနိုင်ပေသည်။

ထို့နောက်တွင် ပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့ပြီး ရင်ပြင်ပေါ်ရှိ ပါရမီရှင်အားလုံး နီးပါးသည် တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ကာ စိန်ခေါ်ခဲ့ကြသည်။

သို့သော်လည်း ထိုစိန်ခေါ်မှုများသည် ကျန်းချန်နှင့် ရှထျန်းရီတို့၏ ယခင် စိန်ခေါ်မှုများကြောင့် မထင်မရှား ဖြစ်သွားခဲ့ကြသည်။

ထို့အပြင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို မနက်ဖြန်တွင် ဖွင့်လှစ်တော့မည် ဖြစ်ရာ သူတို့၏ လုပ်ဆောင်ချက်များကို အလွန်အမင်း သတိထားနေခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် စင်ပေါ်သို့တက်ပြီးစိန်ခေါ်သည်မှာ ကြယ်စွမ်းအားများကို လုယူပြီး ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းတွင် အချိန်ပိုကြာကြာနေနိုင်ရန်သာ ဖြစ်သည်။

စင်ပေါ်သို့ တက်ပြီး မတော်တဆ ပြင်းထန်သော ဒဏ်ရာရရှိသွားခဲ့လျှင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဝင်ရောက်ခွင့်နှင့် လွဲချော်သွားနိုင်သည် မဟုတ်ပါလား။

လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သားတော်၊သမီးတော်များ အားလုံးသည်လည်း ကြယ်စွမ်းအားများ အတွက် တိုက်ပွဲဝင်ခဲ့ကြပြီး ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ စမ်းသပ်မှုကို ဖြတ်သန်းရန်အတွက် အချိန် အလုံအလောက်ရအောင် ကြိုးစားခဲ့ကြသည်။

ရှောင်တုလီ ကိုယ်တိုင်လည်း စင်ပေါ်သို့ တက်ပြီး နှစ်ပွဲစိန်ခေါ်ကာ ကြယ်စွမ်းအား နှစ်ခုခွဲကို လုယူခဲ့သည်။

နေ့တစ်ဝက်မျှ ကြာပြီးနောက်တွင် သိုင်းပြိုင်ပွဲသည် အဆုံးသတ်၌ ပြီးဆုံးသွားခဲ့သည်။

ပြိုင်ပွဲပြီးဆုံးပြီးနောက်တွင် ကျင့်ကြံသူများသည် ၎င်းတို့၏ နေအိမ်သို့ပြန်ကာ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ကျင့်ကြံရင်း ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ဖွင့်လှစ်မည့် အချိန်အခါကို စောင့်ဆိုင်းနေခဲ့ကြသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျင့်ကြံသူ အများအပြားသည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ဗဟိုရင်ပြင်တွင် ထပ်မံ စုရုံးခဲ့ကြပြီး ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ဖွင့်လှစ်မည့် အချိန်အခါကို စောင့်ဆိုင်းနေခဲ့ကြ၏။

သိပ်မကြာခင်မှာပင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ မဟာအကြီးအကဲ ရှားချန်ခုန်း၏ ပုံရိပ်သည် ရင်ပြင်အလယ်၏ လေထုထဲတွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။

ရှားချန်ခုန်းက အပိုစကားများ ပြောမနေဘဲ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို တိုက်ရိုက် ထုတ်ယူကာ အသက်စွမ်းအားများဖြင့် လှုံ့ဆော်လိုက်သည်။

ကျောက်စိမ်း တံဆိပ်ပြားထဲမှ တောက်ပသော အလင်းများ ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော အစီအရင် သင်္ကေတများနှင့် လျှို့ဝှက်ဆန်းကြယ်သော စာလုံးများသည် လေထဲတွင် ပျံဝဲကာ ရောနှောသွားခဲ့သည်။

ထို့နောက်တွင် ပေရာပေါင်းများစွာ ကျယ်ပြန့်သော ကြယ်တာရာ တံခါးကြီးသည် ကျန်းချန်တို့၏ မြင်ကွင်းတွင် လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။

ထိုကြယ်တာရာ တံခါးကြီးသည် လေထုထဲတွင် မျောလွင့်နေခဲ့ပြီး ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

ထိုကြယ်တာရာ တံခါး၏ အနောက်ဘက်တွင် ရှေးဟောင်းလမ်းတစ်ခု ရှိနေခဲ့၏။

ထိုရှေးဟောင်းလမ်းသည် ပေ၁၀၀ခန့် ကျယ်ဝန်းပြီး ကြယ်များဖြင့် ဝိုင်းရံထား၍ နတ်လမ်း တစ်ခုကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဖွင့်လှစ်ပြီးနောက်တွင် ရှားချန်ခုန်းသည် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူ အများအပြားကို ဝေ့ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ကျယ်လောင်သော အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်းပဲ့တင်ထပ်သွားခဲ့၏။

"ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဖွင့်လှစ်လိုက်ပြီ.. အားလုံးပဲ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဝင်ရောက်လို့ရပြီ"

အခန်း(၁၃၃၉)ပြီး၏။

အခန်း(၁၃၄၀)

ရှားချန်ခုန်း၏ စကားသံ အဆုံးသတ်သည်နှင့် ပါရမီရှင် အများအပြားသည် ကောင်းကင်ပေါ်သို့ ခုန်တက်ကာ လေထုအလယ်ရှိ ကြယ်တာရာတံခါး ဆီသို့ ပျံသန်းသွားခဲ့ကြသည်။

ကျန်းချန်နှင့် ရှောင်တုလီ တို့သည်လည်း တုံ့ဆိုင်းမနေဘဲ လူတိုင်းနှင့် အတူ ကြယ်တာရာတံခါးကို ဖြတ်ကျော်ကာ တံခါးနောက်ကွယ်ရှိ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းဆီသို့ ဆင်းသက်လိုက်ကြသည်။

ကျန်းချန်က ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း ဆီသို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဦးခေါင်းအထက်ရှိ အဆုံးမဲ့ ကြယ်တာရာကနေ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားတစ်ခုသည် ချက်ချင်းပင် သက်ရောက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏စိတ်ထဲတွင် စနစ်၏ သတိပေးချက်များသည် တစ်ခုပြီးတစ်ခု ဆက်တိုက် ဆိုသလို ထွက်ပေါ်လာခဲ့၏။

"ဒင်.. သင်က အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုကြောင့် ဓားနယ်မြေ အတွေ့အကြုံရမှတ်(၁၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုကြောင့် မိုးကြိုးနယ်မြေ အတွေ့အကြုံရမှတ်(၁၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုကြောင့် လေနယ်မြေ အတွေ့အကြုံရမှတ်(၁၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အင်ပါယာဥပဒေသရဲ့ ဖိနှိပ်မှုကြောင့် အချိန်ဆန္ဒကို နားလည်သွားခဲ့ပါပြီ"

သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်များကို ကြားလျှင် ကျန်းချန်သည် စိတ်လှုပ်ရှားသွားခဲ့သည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဓားနယ်မြေ၊ မိုးကြိုးနယ်မြေနှင့် လေနယ်မြေတို့တွင် အတွေ့အကြုံရမှတ်များ ရရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထို့အပြင် ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်အသစ် ဖြစ်သည့် အချိန်ဆန္ဒကိုလည်း နားလည်လာခဲ့သည်။

သိထားရမည့်အချက်မှာ အချိန်စွမ်းအားသည် ဤကမ္ဘာပေါ်တွင် နားလည်ရ အခက်ခဲဆုံး ခန့်မှန်းမရသည့် စွမ်းအား အမျိုးအစား ဖြစ်သည်။

အချိန်စွမ်းအားသည် ကျွမ်းကျင်ဖို့ အလွန်တရာ ခက်ခဲသလို ကြောက်မက်ဖွယ်ရာလည်း ကောင်းလှ၏။

ဥပမာအားဖြင့် ကျန်းချန်၏ အချိန်နှင့်အာကသ ဓားနယ်မြေသည် အချိန်ဥပဒေသများ ပါဝင်နေသည့် ကိုယ်ခံပညာဖြစ်ရုံဖြင့်ပင် အလွန်တရာ အစွမ်းထက်သွားခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် အချိန်ဆန္ဒကို စတင် နားလည်နေခဲ့ပြီ ဖြစ်ရာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အကူအညီဖြင့် အတွေ့အကြုံရမှတ်များကို ဆက်တိုက် ရရှိခဲ့လျှင် အဆုံးသတ်၌ အချိန်နယ်မြေ အဖြစ် ပြောင်းလဲနိုင်ပြီး အချိန်၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်၏။

"ဒီရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို အင်ပါယာဟောင်ထျန်းရဲ့ နတ်လက်နက်ဖြစ်တဲ့ ဟောင်ထျန်းမျှော်စင်ကနေ ဖန်တီးခဲ့တာ ဆိုတော့ ဒီနေရာမှာ သက်ရောက်နေတဲ့ ဥပဒေသ စွမ်းအားတွေက အင်ပါယာ‌ဟောင်ထျန်း ချန်ထားရစ်ခဲ့တဲ့ စွမ်းအားတွေ ဖြစ်နိုင်တယ်"

ကျန်းချန်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။၏

သူ၏ ရင်ထဲတွင် အင်ပါယာ ဟောင်ထျန်း အပေါ် ပိုမို၍ လေးစားမှုများ ဖြစ်ပေါ်လာခဲ့သည်။

"အင်ပါယာ ဟောင်ထျန်းက ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်(၁) ကျင့်ကြံသူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်.. သူ့ရဲ့ အင်ပါယာဥပဒေသ စွမ်းအားထဲမှာ မတူညီတဲ့ စွမ်းအားလေးမျိုး အမှန်တကယ် ပါဝင်နေတာပဲ"

ကျန်းချန်၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဤတစ်ကြိမ်ဝင်ရောက်ရာတွင် သူ့အတွက် မှန်ကန်ခဲ့သည်ဟု ဆိုရမည်။

သူက ဤရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် ရှိနေသရွေ့ အင်ပါယာဥပဒေသ စွမ်းအားသည် သူ့ကိုဆက်တိုက် ဖိနှိပ်ကာ မတူညီသည့် စွမ်းအားလေးမျိုးကို ရရှိပိုင်ဆိုင်စေလိမ့်မည် မဟုတ်ပါလား။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အကူအညီဖြင့် သူ၏ ဓားနယ်မြေက အဆင့်မြင့်နယ်မြေအထိ အောင်မြင်သွားပြီး ကျန်နယ်မြေများက အလယ်အလတ်နယ်မြေ အဆင့်ကို ရောက်ရှိကာ အချိန်ဆန္ဒကို အချိန်နယ်မြေ အဖြစ် အောင်မြင်စွာ ပြောင်းလဲသွားနိုင်ခဲ့လျှင် သူ၏ နယ်မြေငါးခု ထပ်ဆင့် စွမ်းအားသည် နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင် တားဆီးရန် ခက်ခဲသွားပေလိမ့်မည်။

"ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းမှာ အဆင့်ကိုးဆင့်ရှိပြီး အဆင့် တစ်ဆင့်ချင်းစီက တစ်ကီလိုမီတာစီပဲ ကွာဝေးကြတယ်.. အဆင့်ပိုမြင့်သွားလေ အင်ပါယာ ဥပဒေသရဲ့ ဖိနှိပ်မှုက ပိုပြီးတော့ အားကောင်းလေပဲ.. သတ္တမမြောက်အဆင့်ကနေစပြီး ခွန်အားနိမ့်ပါးတဲ့ သူတွေက အင်ပါယာဥပဒေသရဲ့ ဖိနှိပ်မှုအောက်မှာ လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘဲ ရွေ့လျားဖို့တောင် ခက်ခဲလိမ့်မယ်.. အဓိကအချက်က အဆင့် တစ်ဆင့်ချင်းစီရဲ့ အဆုံးသတ်မှာ စစ်ဆေးသူတွေကို ဖြတ်ကျော်ရတာပဲ"

ကျန်းချန်က လှမ်းကြည့်လိုက်ရာ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ တစ်ကီလိုမီတာ အဆုံးသတ်တွင် ပေ ၁၀၀၀ အကျယ်အဝန်း ရှိသည့် စစ်ဆေးရေးဂိတ် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

"ကျန်းချန် မင်းလွတ်လွတ်လပ်လပ် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဖြတ်ကျော်ပါ.. ငါ့ကို ဂရုစိုက်မနေနဲ့.. ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ နဝမအဆင့်ကို ဖြတ်ကျော်ပြီး ကြယ်တာရာမြို့တော်ထဲကို အမြန်ဆုံးဝင်ရောက်နိုင်ဖို့ ကြိုးစားပါ"

ရှောင်တုလီက ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်သို့ ခြေချလိုက်သည့် ပါရမီရှင် အများအပြားကို စိုက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လျင်မြန်စွာ ပြောလိုက်သည်။

"ဆရာ တစ်ယောက်တည်း အဆင်ပြေပါ့မလား"

ကျန်းချန်က အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

ယမန်နေ့က ကျန်းချန်သည် ပါရမီရှင် အများအပြားကို စော်ကားခဲ့သည်။

ထို့ကြောင့် ရှောင်တုလီကို တစ်ယောက်တည်း ထားခဲ့လျှင် ထိုကျင့်ကြံသူများ အနေဖြင့် ရှောင်တုလီကို ဒုက္ခမပေးနိုင်ဟု အာမ မခံနိုင်ပေ။

"စိတ်မပူပါနဲ့. ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်ကို ရောက်လာတဲ့ လူတိုင်းရဲ့ ရည်ရွယ်ချက်က အတားအဆီးတွေကို ဖြတ်ကျော်ဖို့ပဲ.. ယေဘုယျအားဖြင့်တော့ ဘယ်သူမှ တိုက်ခိုက်ကြမှာ မဟုတ်ဘူး"

ရှောင်တုလီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဒါ့အပြင် ငါရှောင်တုလီက သူတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ ကျင့်ကြံသူမှမဟုတ်တာ.. ဒီရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းမှာ ငါ့ကို အနိုင်ယူနိုင်တဲ့သူက အနည်းငယ်လောက်ပဲ ရှိပါတယ်"

ရှောင်တုလီ၏ စကားဆုံးသည်နှင့် ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသည် အဆင့် ပိုမြင့်လာလေလေ အင်ပါယာဥပဒေသ၏ ဖိအားက ပိုအားကောင်းလာလေလေ ဖြစ်၍ သူ၏ နယ်မြေ အသီးသီးမှ အတွေ့အကြုံ ရမှတ်များသည် အဆပေါင်းများစွာ တိုးတက်လာမည်မှာ သေချာ၏။

ထို့ကြောင့် ကျန်းချန်သည် ပထမအဆင့်တွင် အချိန်အကြာကြီး ဖြုန်းမနေဘဲ တစ်ခါတည်း ကျော်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။

ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဝင်ရောက်ခဲ့သည့် ပါရမီရှင်များ အတွက် ပထမအဆင့်၏ ဖိနှိပ်မှုသည် သူတို့အတွက် ကြီးမားသော ဖိအားမျိုး မဖြစ်စေခဲ့ပေ။

တစ်ခဏအတွင်းမှာပင် ပါရမီရှင် အများအပြားသည် ပထမအဆင့်၏ အဆုံးသတ်ကို ရောက်ရှိသွားခဲ့ကြသည်။

သိပ်မကြာခင်မှာပင် ကျန်းချန်သည်လည်း ပထမအဆင့်၏ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီး စစ်ဆေးရေး ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် သာမန် ရုပ်ရည်သာရှိသည့် လူငယ်တစ်ယောက်သည် ကျန်းချန်၏ ရှေ့တွင် ရုတ်တရက်စုဖွဲ့လာခဲ့သည်။

ထိုလူငယ်က ကျန်းချန်ကို ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်၏။

"စမ်းသပ်သူ.. မင်းငါ့ကို အနိုင်ရရင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ ပထမအဆင့်ကို ဖြတ်ကျော်နိုင်ပြီး ဟောင်ထျန်း အရက်တစ်ခွက်ကို ဆုလာဘ်အဖြစ် ရရှိနိုင်တယ်"

"ဝုန်း.."

လူငယ်က စကားဆုံးသည်နှင့် ကျန်းချန်၏ တုံ့ပြန်မှုကိုပင် မစောင့်ဆိုင်းတော့ဘဲ ရုတ်တရက် အရိပ် ရာပေါင်းများစွာကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

"ပျက်စီးစမ်း"

ကျန်းချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ပတ်ဝန်းကျင်မှ အရိပ် ရာပေါင်းများစွာကို လက်သီးတစ်ချက်တည်းဖြင့်ပင် ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်တွင် လူငယ်၏ ပုံရိပ်သည် ကျန်းချန်၏ လက်သီးအောက်တွင် အစအနပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့၏။

ထိုလူငယ်၏ ခွန်အားသည် သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် ဒုတိယအဆင့်နှင့်သာ ညီမျှ၍ ကျန်းချန်အတွက် စာဖွဲ့နေစရာ မလိုအပ်ခဲ့ပေ။

စစ်ဆေးရေးဂိတ်တံခါးကို ဖြတ်ကျော်ပြီးနောက်တွင် ကျန်းချန်သည် စစ်ဆေးရေး ဂိတ်အတွင်းရှိ ကျယ်ဝန်းသော ရင်ပြင်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ရင်ပြင်အလယ်တွင် ရှေးဟောင်း ရေတွင်းတစ်ခု ရှိပြီး လန်းဆန်းသည့် အရက်နံ့များကို ထုတ်လွှတ်နေခဲ့ရာ တစ်ငုံသောက်ရုံဖြင့်ပင် လူအများကို စိတ်အပန်းပြေစေပြီး ပျော်ရွှင်စေမည်မှာ သေချာသလောက်ပင်။

ကျန်းချန်က မျက်လုံးများ လင်းလက်လာခဲ့ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒါက ဟောင်ထျန်းအရက်များလား"

"ဟုတ်တယ် ဒါက ဟောင်ထျန်းအရက်ပဲ.. အင်ပါယာ ဟောင်ထျန်းက အရက်ကို ကြိုက်နှစ်သက်တဲ့သူ တစ်ဦးလို့ ဆိုကြတယ်.. ဒါကြောင့် အလွန်အမင်း လျှို့ဝှက် ဆန်းကြယ်တဲ့ အရက်တစ်မျိုးကို တီထွင် ဖန်တီးခဲ့တယ်.. ဒီရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်က ‌ဟောင်ထျန်း အရက်က ပထမအဆင့် ဟောင်ထျန်းအရက်ပဲ.. ဒါက ပထမအဆင့် ဟောင်ထျန်းအရက် ဖြစ်နေရင်တောင် တစ်ကြိမ် သောက်ရုံနဲ့ ကျင့်ကြံခြင်းကို တိုးမြှင့်စေနိုင်တဲ့ အာနိသင်ရှိတယ်.. ဒီပထမအဆင့် ဟောင်ထျန်းအရက်က သာမန် အဋ္ဌမအဆင့် ဝိညာဥ်ဆေးလုံးထက် လုံးဝ မနိမ့်ကျဘူး"

ထိုအချိန်တွင် ကောင်းကင် သူတော်စင်နယ်မြေက သူတော်စင်သားတော် မိုကျိရွှယ်သည် ရင်ပြင်ဆီသို့ ရောက်ရှိလာခဲ့ပြီး ကျန်းချန်ကို ပေါ့ပါးစွာ ပြောလိုက်သည်။

သူက စကားပြောနေရင်း ရှေးဟောင်းရေတွင်းဘေးရှိ ဖန်ခွက်ကိုယူကာ ရေတွင်းထဲမှ ပထမအဆင့် ဟောင်ထျန်းအရက်ကို ခပ်ယူလိုက်ပြီး ကျောက်စိမ်းပုလင်းထဲကို လောင်းထည့်ကာ အဖုံးဖုံး၍ သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းထားလိုက်သည်။

မိုကျိရွှယ်၏ ရှင်းပြမှုကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် တလက်လက် တောက်ပသွားခဲ့သည်။

သူက သိချင်စိတ်ဖြင့် မိုကျိရွှယ်ကို မေးလိုက်သည်။

"ဒီဟောင်ထျန်းအရက်မှာ အဆင့်တွေ ခွဲထားသေးတယ်လား"

"ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းမှာ စုစုပေါင်းအဆင့်ကိုးဆင့် ရှိသလို ဟောင်ထျန်းအရက်မှာလည်း အဆင့်ကိုးဆင့် ရှိတယ်"

မိုကျိရွှယ်က ရှင်းပြလိုက်သည်။

"ကောလဟလ အရတော့ နဝမအဆင့် ဟောင်ထျန်းအရက်ကို တစ်ခွက် သောက်လိုက်ရုံနဲ့ နှစ်တစ်ရာလောက် ကျင့်ကြံမှုနဲ့ညီမျှတယ်လို့ ဆိုကြတယ်"

ထိုစကားကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

အဆုံးသတ်တွင် သူသည် ပါရမီရှင် အများအပြားက ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဝင်ရောက်ရန် အဘယ်ကြောင့် စိတ်အားထက်သန်နေကြသလဲ ဆိုသည်ကို နားလည်သွားခဲ့သည်။

အင်ပါယာများ၏ အမွေအနှစ်များ ရှိရာ ကြယ်တာရာမြို့ကို ထည့်မတွက်လျှင်ပင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းမှ နဝမအဆင့် ဟောင်ထျန်းအရက်ကို ‌သောက်ခြင်းသည် အနည်းဆုံး နှစ်(၁၀၀)ခန့် ကြိုးစားအားထုတ်မှုနှင့် ညီမျှသည် မဟုတ်ပါလား။

အခန်း(၁၃၄၀)ပြီး၏။

အခန်း(၁၃၄၁)

ကျန်းချန်က သက်ပြင်းချလိုက်ကာ ရှေးဟောင်းရေတွင်း ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ထို့နောက်တွင် ဖန်ခွက်ဖြင့် တစ်ခွက်ခပ်လိုက်ကာ သိမ်းဆည်းရန် မရည်ရွယ်ထားတော့ဘဲ တိုက်ရိုက်ပင် သောက်သုံးလိုက်သည်။

"ဒင်.. သင်က ဟောင်ထျန်း အရက်တစ်ခွက်ကို သောက်သုံးပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်(၈၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ဟောင်ထျန်း အရက်တစ်ခွက်ကို သောက်သုံးပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၈၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

ဟောင်ထျန်း အရက်တစ်ခွက်ကို သောက်လိုက်ရုံဖြင့် ကျန်းချန်၏ ကျင့်ကြံခြင်း အတွေ့အကြုံသည် ချက်ချင်းဆိုသလို များစွာ တိုးတက်လာခဲ့သည်။

"ဒီဟောင်ထျန်းအရက်က တကယ်ကို ပစ္စည်းကောင်းပဲ"

သူ၏ ရှေ့မှ ရေတွင်းထဲတွင် ပြည့်နှက်နေသည့် ဟောင်ထျန်း အရက်များကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဤဟောင်ထျန်း အရက်တစ်ခွက် သောက်လိုက်ခြင်းကနေ ရရှိခဲ့သည့် ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲမှ သတ္တမအဆင့် စွမ်းအင် အဆီအနှစ် ခရစ်စတယ် သုံး၊လေးခုနှင့်ပင် ညီမျှ၏။

ထို့အပြင် ဟောင်ထျန်း အရက်သည် ခန္ဓာကိုယ်ကိုပါ ကြံ့ခိုင်စေသည့် အာနိသင်လည်း ရှိပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကိုပင် တိုးတက်စေခဲ့သည်။

သူ၏ ရှေ့မှ ဟောင်ထျန်း အရက်အားလုံးကိုသာ သောက်နိုင်ခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် မည်မျှ အတိုင်းအတာအထိ တိုးတက်သွားနိုင်ပါသနည်း။

ထို့အပြင် ဤသည်မှာ ပထမအဆင့် ဟောင်ထျန်းအရက်သာ ရှိသေးသည်။

ထိုထက်ပို၍ အဆင့်မြင့်သော ဟောင်ထျန်းအရက်များသာဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

သူသာ ဟောင်ထျန်း အရက်အားလုံးကို သောက်သုံးခဲ့လျှင် နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကို တစ်ခါတည်း ရောက်ရှိသွားရန် လုံလောက်သည်ထက်ပင် ပိုလိမ့်မည် ဖြစ်၏။

"ဒီဟောင်ထျန်း အရက်ကို နောက်ထပ် အနည်းငယ်လောက် ထပ်သောက်လို့ မရဘူးလား"

ကျန်းချန်က သူ၏နှုတ်ခမ်းကို သပ်လိုက်ပြီး မိုကျိရွှယ်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို အင်ပါယာဟောင်ထျန်းရဲ့ နတ်လက်နက်ကနေတစ်ဆင့် ဖန်တီးခဲ့တာဖြစ်တယ်.. ဒါကြောင့် အင်ပါယာအဆင့်အောက်က ဘယ်သူကမှ အင်ပါယာဟောင်ထျန်း ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ချိုးဖောက်လို့မရဘူး.. တစ်စုံတစ်ယောက်က နောက်တစ်ခွက် သောက်ဖို့ ကြိုးစားခဲ့ဖူးတယ်.. အဲဒီနောက်မှတော့ သူ့ရဲ့ ကြယ်စင်ကျောက်တုံးမှာရှိတဲ့ ကြယ်စွမ်းအင်တွေက ပျက်စီးသွားခဲ့ပြီး ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကနေ တိုက်ရိုက် နှင်ထုတ်ခံခဲ့ရတယ်"

မိုကျိရွှယ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကနေ မထွက်သွားချင်ရင်တော့ မစမ်းသပ်တာ အကောင်းဆုံးပဲ"

ထိုစကားကို ပြောနေရင်း မိုကျိရွှယ်၏ မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှလူသည် သူ့ဆရာနှင့် အကြီးအကဲများ ကြိုတင်ခန့်မှန်းထားသည့် ကံကြမ္မာပိုင်ရှင်ဟု ညွှန်းဆိုရလောက်အောင်ပင် သာမန်မဟုတ်သည့် လူသားတစ်ဦး ဖြစ်သည်။

သိထားရမည့်အချက်မှာ ဟောင်ထျန်း အရက်တစ်ခွက်သည် အဋ္ဌမအဆင့် ဆေးဝါးနှင့်ပင် နှိုင်းယှဥ်နိုင်၏။

သူတို့လို ကြီးကျယ်ခမ်းနားသော လျှို့ဝှက် နယ်မြေရှစ်ခုမှ ထိပ်တန်း ပါရမီရှင်များပင် အပြည့်အဝ သန့်စင်ရန်အတွက် အနည်းဆုံး သုံးရက်ကနေ ငါးရက်လောက်အထိ အချိန်ယူရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့မှ လူငယ်ကမူ မျိုချလိုက်ရုံဖြင့်ပင် လုပ်ငန်းစဥ်တစ်ခုလုံး ပြီးဆုံးသွားခဲ့သည်။

ထိုကောင်လေးသည် သွေးမျိုးဆက် စွမ်းအားတွင် ရှားယွမ်ဟောင်၏ အင်အား အကောင်းဆုံး အင်ပါယာ သွေးစွမ်းအားထက်ပင် ပိုမို နက်ရှိုင်းပြီး ဝိညာဥ်ဆေးဝါးများကို စုပ်ယူနိုင်မှုတွင်လည်း ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

ထို့ကြောင့် ဤကောင်လေး၏ ခန္ဓာကိုယ်သည် အလွန်တရာကြောက်မက်ဖွယ်ကောင်းသည့် သန္ဓေနတ်ခန္ဓာကိုယ် ဖြစ်မည်မှာ သေချာသလောက်ပင်။

မိုကျိရွှယ်၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်သည် သူ၏ လိုချင်တပ်မက်မှုကို ထိန်းချုပ်လိုက်သည်။

ဟောင်ထျန်းအရက်က သူ့အတွက် ကောင်းမွန်သောအကျိုး ရှိသော်လည်း နောက်ထပ်တစ်ခွက် ထပ်ယူလိုက်၍ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကနေ နှင်ထုတ်ခံရလျှင် သူ့အတွက် များစွာ နစ်နာသွားလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်တို့နှစ်ယောက် စကားကောင်းနေစဥ်မှာပင် နောက်ထပ် ပါရမီရှင်တစ်ဦးသည် သူတို့နားသို့ ရောက်ရှိလာခဲ့သည်။

ထိုပါရမီရှင်က ကျန်းချန်ကို ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ပြီးနောက်တွင် ရှေးဟောင်း ရေတွင်းထဲမှ ဟောင်ထျန်း အရက်တစ်ခွက်ကို ယူလိုက်သည်။

ထို့နောက်တွင် ထိုကျင့်ကြံသူက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး တစ်နေရာသို့ ပြေးသွားခဲ့ကာ ကျောက်တုံးဖြင့် ပြုလုပ်ထားသော အခန်းတစ်ခု ထဲသို့ ဝင်ရောက်၍ စတင် ကျင့်ကြံခဲ့သည်။

"ဒီနေရာမှာ ကျင့်ကြံနိုင်တဲ့ အခန်းတွေလည်း ရှိတယ်လား"

ထိုအချင်းအရာကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ရုတ်တရက် ပေါ်လာခဲ့သည်။

"ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ နောက်ထပ်အဆင့်တွေမှာ အခက်အခဲတွေက ပိုပြီး တိုးမြင့်လာလိမ့်မယ်.. ဒါကြောင့် ပါရမီရှင်အများစုက ဟောင်ထျန်းအရက်ကို ရယူပြီးတဲ့နောက်မှာ ဟောင်ထျန်းအရက်ရဲ့ စွမ်းအားတွေကို စုပ်ယူပြီး သူတို့ရဲ့ခွန်အားတွေကို တိုးတက်အောင် အရင်လုပ်ဆောင်လေ့ရှိတယ်.. ပြီးမှပဲ နောက်တစ်ဆင့်ကို ဝင်ရောက်ကြတယ်.. ဒါကြောင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ အဆင့်တိုင်းမှာ ကျင့်ကြံဖို့ အတွက် အခန်းတွေကို စီစဥ်ပေးထားတာပဲ.. ငါလည်း ဟောင်ထျန်းအရက်ကို သွားပြီး သန့်စင်လိုက်ဦးမယ်.. ကျေးဇူးပြုပြီး ငါ့ကို ခွင့်ပြုပါဦး"

မိုကျိရွှယ်က ကျန်းချန်ကို နှုတ်ဆက်လိုက်ပြီး အခန်းတစ်ခန်းကို ရွေးချယ်ကာ ဝင်ရောက်၍ စတင် ကျင့်ကြံလိုက်သည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ဖွင့်လှစ်သည့် အချိန်တိုင်းတွင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ စမ်းသပ်မှုကို ဖြတ်ကျော်ကာ ကြယ်တာရာ မြို့တော်သို့ အမှန်တကယ် ဝင်ရောက်နိုင်သူသည် တစ်ခါ ဖွင့်လှစ်တိုင်းတွင် သုံးလေးယောက်ထက် ပိုလေ့မရှိပေ။

ကောင်းကင်သူတော်စင်နယ်မြေ၏ သူတော်စင်သားတော် မိုကျိရွှယ်ပင်လျှင် ကြယ်တာရာမြို့တော်သို့ မုချ ဝင်ရောက်နိုင်မည်ကို သေချာမှု မရှိခဲ့ပေ။

ထို့ကြောင့် ပါရမီရှင် အများစုအတွက် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းသည် ဟောင်ထျန်းအရက်ကို ရယူပြီး သူတို့၏ ခွန်အားကို တိုးတက်အောင် လုပ်ကာ အင်ပါယာဥပဒေသ၏ ဖိနှိပ်မှုဖြင့် ကိုယ်ခံပညာရပ်တွင် တိုးတက်အောင် ကြိုးစားခြင်းသာ ဖြစ်သည်။

ယင်းမှာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို ဝင်ရောက်ကြသည့် သူတို့၏ အဓိက ရည်ရွယ်ချက်လည်း ဖြစ်သည်။

ထိုအချင်းအရာကိုမြင်လျှင် ကျန်းချန်သည် ဤနေရာတွင် ဆက်လက် မနေတော့ဘဲ နောက်တစ်ဆင့်ကို ကူးပြောင်းမည့်တံခါးပေါက် ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

"ကျန်းချန် ဒီတစ်ကြိမ် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းက မလွယ်ကူလောက်ဘူး.. နောက်ထပ် အဆင့်တွေမှာ ကြီးမားတဲ့ကိစ္စ တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်လို့ ငါခံစားမိတယ်.. မင်းသတိထားဖို့ မျှော်လင့်ပါတယ်"

ထိုအချိန်တွင် မိုကျိရွှယ်၏အသံသည် ကျန်းချန်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မိုကျိရွှယ်၏ စကားကိုကြားလျှင် ကျန်းချန်သည် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းကို သတ်မှတ်သော ကောင်းကင် သူတော်စင်နယ်မြေသည် အမြဲတစေ ခန့်မှန်း၍ မရသည့် မယုံကြည်နိုင်စရာ စွမ်းရည်အချို့ကို ပိုင်ဆိုင်ထားသောနယ်မြေ ဖြစ်သည်။

ယခု ကောင်းကင်သူတော်စင်နယ်မြေ၏ သူတော်စင်သားတော်က ထိုစကားကို ပြောလိုက်ခြင်း ဖြစ်ရာ တစ်စုံတစ်ရာကို ကြိုတင် ခန့်မှန်းမိသည်မှာ သေချာသလောက်ပင်။

ဤတစ်ကြိမ် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းတွင် တကယ်ကို တစ်စုံတစ်ရာ ဖြစ်လာလိမ့်မည်ဟု ထင်ရသည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျန်းချန်က တစ်ဖက်သို့ လှည့်လိုက်ပြီး လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက်တွင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ ဒုတိယအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။

ဒုတိယအဆင့်သို့ စတင် ဝင်ရောက်သည်နှင့် တစ်ကီလိုမီတာရှည်လျားသည့် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ဤဒုတိယအဆင့်တွင် အင်ပါယာဥပဒေသ၏ ဖိအားသည် ပထမအဆင့်၏ ဖိအားထက် သိသိသာသာပင် ပိုမိုအားကောင်းသည်ကို ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

သူဖိနှိပ်ခံရသည့် အကြိမ်တိုင်းတွင် ကိုယ်ခံပညာ လေးမျိုးကနေ ရရှိသည့် အတွေ့အကြုံ ရမှတ်များသည်လည်း ၁၀၀ကနေ၂၀၀ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ ပထမအဆင့်နှင့် နှိုင်းယှဥ်လျှင် ပထမအဆင့်သည် အလွန်တရာပင် ရိုးရှင်းသည်။

ပါရမီရှင်တစ်ယောက်သည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ခြေချလိုက်သည်နှင့် ဖြတ်ကျော်နိုင်ရန် ၁၀၀ ရာခိုင်နှုန်းနီးပါး သေချာပြီး ဟောင်ထျန်း အရက်တစ်ခွက်ကို သေချာပေါက် ရရှိနိုင်မည် ဖြစ်သည်။

ဆိုရလျှင် ပထမအဆင့်သည် အင်ပါယာ ဟောင်ထျန်း၏ လက်ဆောင်ဟုပင် ဆို၍ရသည်။

သို့သော် ဒုတိယအဆင့်တွင်မူ အခက်အခဲသည် သိသိသာသာပင် တိုးမြှင့်လာခဲ့သည်။

ကျန်းချန်သည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် လျှောက်လမ်းနေသည့် ပါရမီရှင် တချို့က အနည်းငယ် ပင်ပန်းလာသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။

ထိုပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင် သူသည် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း၏ ဒုတိယအဆင့် အခက်အခဲကို လျစ်လျူရှုနိုင်ခဲ့၏။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း၏ ဒုတိယအဆင့် အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီး ဂိတ်တံခါးစောင့်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူကာ ဒုတိယအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကို ရရှိခဲ့သည်။

"ဒင်.. သင်က ဒုတိယအဆင့် ဟောင်ထျန်းအရက်တစ်ခွက်ကို သောက်သုံးပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၁၆၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ဒုတိယအဆင့် ဟောင်ထျန်းအရက်တစ်ခွက်ကို သောက်သုံးပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၁၆၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

ဤဒုတိယအဆင့် ဟောင်ထျန်း အရက်တစ်ခွက်ကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ အတွေ့အကြုံရမှတ်သည် ကောင်းကင်သို့တိုင် ထိုးတက်လာခဲ့ပြီး အဆင့်တက်တော့မည့် လက္ခဏာရပ်များပင် ပေါ်ပေါက်လာခဲ့သည်။

သူသာ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ တတိယအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေ အင်ပါယာနယ်ပယ် စတုတ္ထအဆင့် အစောပိုင်းကနေ အလယ်ပိုင်း အဆင့်ထိ အဆင့်တက်နိုင်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် ကျန်းချန်က ဒုတိယအဆင့်တွင် အချိန်ဖြုန်းမနေဘဲ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ တတိယအဆင့်ကို ဝင်ရောက်လာခဲ့သည်။

တတိယအဆင့်တွင် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်ရှိ အင်ပါယာဥပဒေသ ဖိအားသည် ယခင်ထက် များစွာ တိုးမြင့်လာသော်လည်း ကျန်းချန်အတွက်မူ မည်သည့်အတားအဆီးမှ မဖြစ်စေခဲ့ပေ။

သိပ်မကြာခင်မှာပင် ကျန်းချန်သည် တတိယအဆင့် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ အဆုံးကို ရောက်ရှိလာခဲ့သည်။

ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းထဲကို ဝင်ရောက်ပြီး နာရီဝက် မပြည့်မီမှာပင် ကျန်းချန်သည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း၏ တတိယအဆင့်ကိုပင် ရောက်ရှိလာခဲ့ပြီး သူ၏ အမြန်နှုန်းသည် အားလုံးထဲတွင် အမြင့်ဆုံးဟုပင် ဆို၍ရသည်။

ကျန်းချန်က တတိယအဆင့် ဂိတ်တံခါးစောင့်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်ပြီးနောက်တွင် စစ်ဆေးရေးဂိတ်တံခါး ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ရင်ပြင်ဆီသို့ ရောက်ရှိပြီးနောက်တွင် ရှေးဟောင်း ရေတွင်းဘေးရှိ အခြေအနေကို မြင်လိုက်ရလျှင် သူ၏ မျက်လုံးများသည် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

အခန်း(၁၃၄၁)ပြီး၏။

All Chapters